"ပြည်သူတွေ ဝန်ထုတ်ဝန်ပိုး မဖြစ်စေဖို့ စိုက်ပျိုးရေးတပ်စု ဖွဲ့လိုက်တာပါ"
====================
KMN
(မဇ္ဈိမ)။ ။ စစ်ကိုင်းတိုင်း၊ယင်းမာပင်ခရိုင်မှာ စစ်ရေးလူပ်ရှားနေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်တဲ့ ကျားသစ်နက်တပ်မတော်ကနေ စိုက်ပျိုးရေးတပ်စု တစ်စုဖွဲ့ပြီး ကိုယ်တိုင် စိုက်ပျိုးမှုတွေလုပ်ဆောင်နေပါတယ်။
ပြည်သူတွေအနေနဲ့ တော်လှန်ရေးမှာ ကျည်ဖိုး ယမ်းဖိုးလှူဒါန်းနေရပြီး စားနပ်ရိက္ခာအတွက် ထပ်မံငွေကြေးကုန်ကျမှုတွေ မဖြစ်စေဖို့ ဝန်ထုတ်ဝန်ပိုးလျှော့ချတဲ့ အနေနဲ့ စိုက်ပျိုးခြင်းဖြစ်တယ်လို့ ကျားသစ်နက်တပ်မတော် တာဝန်ခံကပြောပါတယ်။
စိုက်ပျိုးရေးတပ်စု မှာပါဝင်တဲ့ အမျိုးသမီး တပ်ဖွဲ့ဝင်တစ်ဦး ကလည်း စားနပ်ရိက္ခာဖူလုံဖို့ အတွက် စပါး၊နှမ်း၊ခဝဲသီး၊ပဲ နဲ့ ကန်စွန်းခင်းစတဲ့ သီးနှံမျိုးစုံ စိုက်ဧကတွေ စိုက်ပျိုးနေတယ်လို့ ပြောပါတယ်။
တင်ဆက်၊တည်းဖြတ် - KMN
https://youtu.be/E-dGhV5W-70
#Mizzima
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U

YouTube
"ပြည်သူတွေ ဝန်ထုတ်ဝန်ပိုး မဖြစ်စေဖို့ စိုက်ပျိုးရေးတပ်စု ဖွဲ့လိုက်တာပါ"
KMN (မဇ္ဈိမ)။ ။ စစ်ကိုင်းတိုင်း၊ယင်းမာပင်ခရိုင်မှာ စစ်ရေးလူပ်ရှားနေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်တဲ့ ကျားသစ်နက်တပ်မတော်ကနေ စိုက်ပျိုးရေးတပ်စု တစ်စုဖွဲ့ပြီး ကိုယ်တိုင် စိုက်ပျိုးမှုတွေလုပ်ဆောင်နေပါတယ်။
ပြည်သူတွေအနေနဲ့ တော်လှန်ရေးမှာ ကျည်ဖိုး ယ…

❤10👍7😁2
စစ်ကောင်စီသည် လက်ရှိစစ်ရေးတွင် ခံစစ်ဘက် ရောက်ရှိဟု KNLA သုံးသပ်
======================
YT
(မဇ္ဈိမ)။ ။ စစ်ရေးအနေအထားအရ ကြည့်မည်ဆိုပါက စစ်ကောင်စီတပ်၏ လက်ရှိစစ်ရေးအခြေအနေသည် ထိုးစစ်ဆင်နိုင်ခြင်းမရှိဘဲ ခံစစ်ကိုသာ ပြုလုပ်နေရကြောင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ စစ်ဦးစီး ပထမတန်း ဗိုလ်မှူးချုပ် စောတာမလာသောက ပြောဆိုလိုက်သည်။
ပြီးခဲ့သည့် ဩဂုတ်လ ၁၀ ရက်နေ့က ပြုလုပ်ခဲ့သည့် "First 100 Days: KNU In New Era" သတင်းစာရှင်းလင်းပွဲ၌ စစ်ရေးအခြေအနေများ ရှင်းလင်းတင်ပြချက်တွင် ၎င်းက ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။
" စစ်ကောင်စီရဲ့ လက်ရှိအနေအထားက သေနင်္ဂဗျူဟာအရဆို ခံစစ်အနေအထားကို ရောက်နေပြီလို့ပြောလို့ရပါတယ်။ နည်းဗျူဟာအရရော၊ နည်းပရိယာယ်အရရော ထိုးစစ်ကိုမလုပ်နိုင်ဘဲနဲ့ အဲ့ဒီအစား လေယာဉ်နဲ့လက်နက်ကြီးကို အစားထိုးအသုံးပြုနေရပါတယ်။ အဲ့ဒီလိုပစ်ခတ်တာမှာလည်း ပြည်သူလူထုကို အဓိကပစ်မှတ်ထားတာ တွေ့ရပါတယ်" ဟု ဗိုလ်မှူးချုပ် စောတာမလာသောက ပြောသည်။
လက်ရှိအနေအထားအရ စစ်ကောင်စီသည် ထိုးစစ်မပြုလုပ်နိုင်သည့်အပြင် ၎င်းတို့၏ ခြေကုတ်တပ်စခန်းများကိုသာ ကာကွယ်နေရကြောင်း၊ နယ်မြေရှင်းလင်းရေးကိုလည်း အင်အားအနည်းငယ်ဖြင့်သာ ပြုလုပ်နေရပြီး တပ်လဲလှယ်ရေးများလည်း မလုပ်နိုင်တော့ဘဲ တပ်တွင်းထောက်ပို့ရေးကိုပင် လေကြောင်းမှပြုလုပ်နေရကြောင်း သိရသည်။
" နောက်တစ်ခုက မြို့နဲ့မဝေးတဲ့နေရာမှာ လုံခြုံရေးအရ ခြိမ်းခြောက်ခံနေရတဲ့အတွက်ကြောင့် မြို့အဝင်လမ်းမှာ ဆိုင်ကယ်တို့ကားတို့ မသွားနိုင်အောင် လမ်းကို ဘက်ဟိုးနဲ့ ဖြတ်တောက်ထားတာ တွေ့ရပါတယ်" ဟု ဗိုလ်မှူးချုပ် စောတာမလာသောက ဆက်လက်ပြောဆိုသည်။
ထို့အပြင် စစ်ကောင်စီတပ်သည် လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုကို အများအပြား ပြုလုပ်လာပြီး ထိုသို့ပစ်ခတ်ရာတွင်လည်း အဓိကအားဖြင့် ပြည်သူကို ပစ်မှတ်ထားလေ့ရှိပြီး ထိုသို့ပစ်ခတ်ခံရမှုကြောင့် KNU နယ်မြေများတွင် စစ်ဘေးရှောင်ဦးရေ ၆၀၀,၀၀၀ ကျော်ရှိနေပြီဖြစ်ကြောင်း သိရသည်။
သို့ဖြစ်ပါ၍ စစ်ကောင်စီတပ်တွင် တာဝန်ထမ်းဆောင်နေဆဲဖြစ်သည့် စစ်သားများအား တိုင်းရင်းသားပြည်သူလူထုနှင့်အတူ ရပ်တည်၍ ပြည်သူနှင့်အတူ ပူးပေါင်းဆောင်ရွက်မှုပြုလုပ်ရန် KNLA က ဖိတ်ခေါ်ကြောင်း ပြောဆိုခဲ့သည်။
သတင်းစာရှင်းလင်းပွဲတွင် စစ်ကောင်စီ၏ စစ်ရေးအခြေအနေအပြင် KNU၊ KNLA ၏ နယ်မြေများသည် စစ်ရေးအရ အရေးပါသော နယ်မြေများဖြစ်ကြောင်းနှင့် ၎င်းတို့၏ထိန်းချုပ်နိုင်ပုံများကိုလည်း ဗိုလ်မှူးချုပ် စောတာမလာသောက ဆက်လက်တင်ပြခဲ့သည်။
" လက်ရှိစစ်ရေးအခြေအနေကတော့ KNU ရဲ့ နယ်မြေဒေသမြောက်ဘက်မှာဆိုရင် စစ်တောင်းမြစ်အနောက်ဘက်ကမ်းကို စစ်ရေးဆင်နိုင်သလို တောင်ဘက်မှာဆိုလည်း ရေး၊ ထားဝယ်ကားလမ်းဘက်မှာလည်း စစ်ဆင်ရေးတွေ လုပ်နိုင်ပါတယ်။ အဲ့ဒီလိုပဲ တပ်မဟာ ၁ သထုံ၊ ဘီးလင်း၊ ကျိူက်ထို ကားလမ်းမကြီးမှာလည်း စစ်ဆင်ရေးလုပ်နိုင်ပါတယ်။ KNLA က နယ်မြေ ပိုမိုထိန်းချုပ်လာနိုင်တယ်" ဟု ပြောသည်။
ထို့အပြင် တော်လှန်ရေးအဆုံးသတ်ကောင်းရေးအတွက် တော်လှန်ရေးပြီးပါက လက်နက်ပြန့်ကြဲမှု၊ တပ်ဖွဲ့များ ပြန်ကြဲနေမှု အခြေအနေများအား ထိန်းချုပ်ရန်လိုအပ်ကြောင်း တင်ပြခဲ့သည်။
KNU အုပ်ချုပ်နယ်မြေများတွင် KNLA ပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်အကြား ဖြစ်ပွားခဲ့သော တိုက်ပွဲများနှင့် စစ်ကောင်စီတပ်၏ လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် KNU နယ်မြေများတွင် စစ်ဘေးရှောင်ဦးရေ ၆၀၀,၀၀၀ ကျော်ရှိပြီး ဒေသခံသေဆုံးထိခိုက်ဒဏ်ရာရမှုများအပြင် ဘာသာရေးအဆောက်အအုံ၊ နေအိမ် ပျက်စီးမှုများလည်း အများအပြားရှိကြောင်း သိရသည်။
စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima
#KNLA
#စစ်ရေးအခြေအနေ

👍15👏4😁2
Mizzima Weekly Sports အစီအစဉ်
=================
တပတ်အတွင်း အားကစားလောကရဲ့ထူးခြားတဲ့ သတင်းအကြောင်းအရာတွေကို ပရိသတ်တွေအတွက် စုစည်းတင်ဆက်ပေးသွားမယ့် Mizzima ရဲ့ Weekly Sports အစီအစဉ် ဖြစ်ပါတယ်။
-------------
ဒီတပတ်မှာတော့ .....
- ဆော်ဒီလိဂ် စပြီ။
- မန်ချက်စတာစီးတီး - ဖလားသုံးလုံး အောင်မြင်မှုကို ထပ်ခါတလဲလဲလုပ်ဖို့ 'မဖြစ်နိုင်ဘူး'လို့ ပက်ဂွာဒီယိုလာ ပြော
- ဥရောပပွဲမစခင် ရိုမေးနီးယားနိုင်ငံသား ၇ ဦးကို လက်နက်လက်ဝယ်ထားရှိမှုဖြင့် ဖမ်းဆီးခဲ့
- တော့တင်ဟမ်နဲ့ အင်္ဂလန်တိုက်စစ်မှူး ဟယ်ရီကိန်း ဘိုင်ယန်မြူးနစ်မှာ ဆေးစစ်မှုခံယူဖို့ ရှိနေ စတဲ့အကြောင်းအရာတွေအပါအဝင် စိတ်ဝင်စားဖွယ် အားကစားသတင်းတွေကို တင်ဆက်ပေးမှာပါ။
https://youtu.be/o9WJjGx1dMA
#weeklysports
#mizzima

- မန်ချက်စတာစီးတီး - ဖလားသုံးလုံး အောင်မြင်မှုကို ထ…

👍3😁2
People on a boat make their way through floodwater in Bago, Myanmar, 11 August 2023. Thousands of people have been affected in Myanmar as heavy rains continue to cause flooding in Kayin, Rakhine, Mon and Bago areas. EPA-EFE/NYEIN CHAN NAING
🔥3
Residents wade through a flooded street following monsoon rains in Bago township, Bago region, on August 11, 2023. Floods and landslides caused by monsoon rains have killed five people and forced the evacuation of around 40,000 others in Myanmar, officials said on August 11. (Photo by Sai Aung Main / AFP)
Hauses are seen partially submerged in a flooded area following monsoon rains in Bago township, Bago region, on August 11, 2023. Floods and landslides caused by monsoon rains have killed five people and forced the evacuation of around 40,000 others in Myanmar, officials said on August 11. (Photo by Sai Aung Main / AFP)
A man sits on the his wooden boat on a flooded street in Bilin township, in Myanmar's Mon state, on August 11, 2023. Floods and landslides caused by monsoon rains have killed five people and forced the evacuation of around 40,000 others in Myanmar, officials said on August 11, 2023. (Photo by SAI Aung MAIN / AFP)

👍5🔥2
တလိုင်းကံဦးဘုန်းကြီးကျောင်းကို တိုက်လေယာဉ်ဖြင့်ပစ်ခတ်မှု သံဃာ ၁ ပါး အပါအဝင် ၄ ဦးသေဆုံး
=====================
MTO
(မဇ္ဈိမ)။ ။ စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ် မြောက်ခြမ်း ၊ တလိုင်းကျေးရွာရှိ တလိုင်းကံဦး ဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ်ဖွဲ့က တိုက်လေယာဉ်ဖြင့်လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်ခဲ့သည့်အတွက် သံဃာတော် တပါး ၊ ရှစ်လသား အရွယ်ကလေး တဦးနှင့် အမျိုးသမီး နှစ်ဦးတို့ သေဆုံးသွားကြောင်း ဒေသခံများထံက သိရသည်။
ယမန်နေ့ ဩဂုတ်လ ၁၁ ရက် နံနက်အစောပိုင်းအချိန်တွင် စစ်ကောင်စီတပ်ဖွဲ့က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဂျက်တိုက်လေယာဉ်ဖြင့် လာရောက်ပစ်ခတ်သွားခြင်းဖြစ်ကြောင်း Sagaing District Medical Team မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“လက်ရှိမှာ နယ်မြေရှင်းလင်းရေးလုပ်ဆောင်နေဆဲဖြစ်ပါတယ်” ဟု ၎င်းကပြောသည်။
စစ်ကောင်စီတပ်ဖွဲ့သည် လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်ပြီးနောက် ခြေလျင်စစ် ကြောင်းဖြင့်ပါ ကျေးရွာအတွင်းသို့ ဝင်ရောက်ခဲ့ပြီး ပြည်သူအချို့ကို ဖမ်းဆီးခဲ့ရာ ရွာသားတစ်ဦး သေဆုံးသွားကြောင်း ဒေသခံများထံက သိရသည်။
“မြေပြင်စစ်ကြောင်းက ဖမ်းသွားတာကြောင့် နောက်ထပ် တလိုင်းရွာသားတစ်ဦး သေဆုံးပါတယ်။ နောက်ထပ် ဆယ်ယောက်ကျော်ဖမ်းပြီး ၀က်လက်မြို့နယ်ဘက်ကို ထွက်သွားပါတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။
တလိုင်းကျေးရွာ မှ ဒေသခံများကို ဖမ်းဆီးသွားသော စစ်ကောင်စီတပ်ဖွဲ့ စစ်ကြောင်းသည် ဝက်လက်မြို့နယ် အရှေ့တောင်ခြမ်းရှိ ကျေးရွာများကို စစ်ကြောင်းထိုးနေကြောင်း Wetlet Information Network က ဖော်ပြထားသည်။
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး
#စစ်ကိုင်းတိုင်း
#စစ်ကိုင်းမြို့နယ်
#ဘုန်းကြီးကျောင်း
#လေကြောင်းတိုက်ခိုက်
ဓါတ်ပုံ-Wetlet Information Network
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
=====================
MTO
(မဇ္ဈိမ)။ ။ စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ် မြောက်ခြမ်း ၊ တလိုင်းကျေးရွာရှိ တလိုင်းကံဦး ဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ်ဖွဲ့က တိုက်လေယာဉ်ဖြင့်လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်ခဲ့သည့်အတွက် သံဃာတော် တပါး ၊ ရှစ်လသား အရွယ်ကလေး တဦးနှင့် အမျိုးသမီး နှစ်ဦးတို့ သေဆုံးသွားကြောင်း ဒေသခံများထံက သိရသည်။
ယမန်နေ့ ဩဂုတ်လ ၁၁ ရက် နံနက်အစောပိုင်းအချိန်တွင် စစ်ကောင်စီတပ်ဖွဲ့က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဂျက်တိုက်လေယာဉ်ဖြင့် လာရောက်ပစ်ခတ်သွားခြင်းဖြစ်ကြောင်း Sagaing District Medical Team မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“လက်ရှိမှာ နယ်မြေရှင်းလင်းရေးလုပ်ဆောင်နေဆဲဖြစ်ပါတယ်” ဟု ၎င်းကပြောသည်။
စစ်ကောင်စီတပ်ဖွဲ့သည် လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်ပြီးနောက် ခြေလျင်စစ် ကြောင်းဖြင့်ပါ ကျေးရွာအတွင်းသို့ ဝင်ရောက်ခဲ့ပြီး ပြည်သူအချို့ကို ဖမ်းဆီးခဲ့ရာ ရွာသားတစ်ဦး သေဆုံးသွားကြောင်း ဒေသခံများထံက သိရသည်။
“မြေပြင်စစ်ကြောင်းက ဖမ်းသွားတာကြောင့် နောက်ထပ် တလိုင်းရွာသားတစ်ဦး သေဆုံးပါတယ်။ နောက်ထပ် ဆယ်ယောက်ကျော်ဖမ်းပြီး ၀က်လက်မြို့နယ်ဘက်ကို ထွက်သွားပါတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။
တလိုင်းကျေးရွာ မှ ဒေသခံများကို ဖမ်းဆီးသွားသော စစ်ကောင်စီတပ်ဖွဲ့ စစ်ကြောင်းသည် ဝက်လက်မြို့နယ် အရှေ့တောင်ခြမ်းရှိ ကျေးရွာများကို စစ်ကြောင်းထိုးနေကြောင်း Wetlet Information Network က ဖော်ပြထားသည်။
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး
#စစ်ကိုင်းတိုင်း
#စစ်ကိုင်းမြို့နယ်
#ဘုန်းကြီးကျောင်း
#လေကြောင်းတိုက်ခိုက်
ဓါတ်ပုံ-Wetlet Information Network
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
😢6👍4❤1😁1🤬1
ရည်မှန်းချက် အောင်မြင်ရေးအတွက် ကရင်အဖွဲ့များ စည်းလုံးရန်လိုအပ်ကြောင်း KNU ဥက္ကဌပြော
================
YT
(မဇ္ဈိမ)။ ။ ကရင် တစ်မျိုးသားလုံး၏ ရည်မှန်းချက်ပန်းတိုင် ပြီးမြောက်အောင်မြင်စေရန် ကရင်အမျိုးသား အဖွဲ့အစည်းများအနေဖြင့် ၁၉၄၇ ခုနှစ် ကဲ့သို့သော စုစည်းမှုမျိုးဖြင့် KNU၏ ဦးဆောင်မှုအောက်တွင် တစုတစည်းတည်း ပူးပေါင်းကြိုးပမ်း အားထုတ်ကြရန် ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဌ ပဒိုစောကွယ်ထူးဝင်းက ပြောသည်။
ယနေ့ ဩဂုတ်လ ၁၂ ရက်နေ့တွင် ကျရောက်သော (၇၃) ကြိမ်မြောက် ကရင့်အာဇာနည်နေ့ အတွက် ပေးပို့သည့် သဝဏ်လွှာတွင် KNU ဥက္ကဌ ပဒိုစောကွယ်ထူးဝင်းက ထိုကဲ့သို့ ထည့်သွင်းပြောဆိုလိုက်ခြင်းဖြစ်သည်။
" လက်ရှိအခြေအနေတွင် ကရင့်အမျိုးသားရေးအတွက် တိုက်ပွဲဝင်နေပါသည်ဟု ကြွေးကြော်နေကြသည့် ကရင့်အမျိုးသားတော်လှန်ရေး အဖွဲ့အစည်းများနှင့် ကရင့်လက်နက်ကိုင် အစုအဖွဲ့ အားလုံးအနေဖြင့် မိမိတို့၏အစုအဖွဲ့ ရပ်တည်နိုင်ရေး တခုတည်းနှင့် မိမိတို့၏ ကိုယ်ကျိုးကိုသာ ရှာကြံ နေကြသူများ မဖြစ်စေရန် မိမိတို့၏ အမှန်တကယ် လုပ်ရပ်များနှင့် အကျိုးသက်ရောက်မှုများကို ပြန်လည်ဆန်းစစ်ရန် လိုအပ်ပါသည်" ဟု ပဒိုစောကွယ်ထူးဝင်းက ပြောဆိုထားသည်။
ထိုကဲ့သို့ ပေါင်းစည်းကြရာတွင်လည်း မတူညီ ကွဲပြားမှုများ၊ မတူညီသော အတွေးအမြင်များအား ဘေးဖယ်ထားပြီး ကရင့်အမျိုးသားအလံတော်အောက်တွင် ကျရာတာဝန်ကို ထမ်းဆောင်ကြရမည်ဖြစ်ကြောင်း၊ အားနည်းချက်များအား ရှာဖွေဖော်ထုတ်ခြင်းအား ရှောင်၍ အပြန်အလှန်နားလည်မှုဖြင့် ပူးပေါင်းဆောင်ရွက်၍ စစ်ရေးနိုင်ငံရေးလုပ်ငန်းများတွင် အတူတကွဆောင်ရွက်သင့်ကြောင်း ပြောဆိုသည်။
ထို့အပြင် ကရင်တစ်မျိုးသားလုံးအနေဖြင့် ရန်သူနှင့် မိတ်ဆွေ၊ မဟာမိတ်အင်အားစုများအား ကွဲကွဲပြားပြားသိရန် လိုအပ်ပြီး စစ်အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ခိုက်နေကြသည့် ဒီမိုကရေစီ အစုအဖွဲ့များ၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ၊ လူထုအခြေပြု အဖွဲ့အစည်းများနှင့် လက်တွဲလုပ်ဆောင်ရန် လိုအပ်ကြောင်း ဆိုသည်။
ထို့အတူ ကရင့် တော်လှန်ရေးခေါင်းဆောင်များ၊ ရဲဘော်များအနေဖြင့် ပြည်သူလူထု၏ ထောက်ခံအားပေးမှု ဆက်လက်ရရှိနေစေရန် လူထုနှင့် ဆန့်ကျင်သည့် လုပ်ရပ်များကို ရှောင်ရှားသင့်ကြောင်း KNLA ကလည်း ၎င်း၏ ကရင့်အာဇာနည်နေ့အတွက် ပေးပို့သော သဝဏ်လွှာတွင် ထည့်သွင်းပြောကြားထားသည်။
KNU ဥက္ကဌကြီး စောဘဦးကြီး၊ ဗိုလ်ချုပ်စိုင်းကေနှင့် ခေါင်းဆောင်၊ ရဲဘော်အချို့ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ထို့ကော်ကိုးတွင် ရန်သူအား ခုခံတိုက်ခိုက်ရာခဲ့မှ အသတ်ပေးခဲ့ရသည့်နေ့ ၁၉၅၀ခုနှစ်၊ ဩဂုတ်လ ၁၂ ရက်နေ့အား ကရင့်အာဇာနည်နေ့၊ ထိုနေ့တွင် ကျဆုံးခဲ့ရာသည့် သူရဲကောင်းများအား ကရင့်အမျိုးသားအာဇာနည်များအဖြစ် ဂုဏ်ပြုသတ်မှတ်ခဲ့ခြင်းဖြစ်သည်။
လက်ရှိတွင် ကရင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအနေဖြင့် (၁) ကရင်အမျိုးသားအစည်းအရုံး( KNU)၊ (၂) ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA)၊ (၃) ကရင်နယ်ခြားစောင့်တပ် (BGF)၊ (၄) ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU၊ KNLA- PC)၊ (၅) ကော်သူးလေတပ်မတော် (KTLA) ဟူ၍ ငါးဖွဲ့ရှိသည်။
စာတည်း။ ။အောင်ကျော်ဖြိုး
ဓါတ်ပုံ- KNU ဥက္ကဌ ပဒိုစောကွယ်ထူးဝင်း
#Mizzima
#KNU
#ကရင်အမျိုးသား အဖွဲ့အစည်းများ

👍17❤3😁1🤮1
နိုင်ငံရေးပါတီအဖြစ် ခူမီးအမျိုးသားပါတီလျှောက်ထားမှု စစ်ကောင်စီ UEC လက်ခံ
===============
ကိုခင်မောင်
(မဇ္စျိမ) ။ ။ ပလက်ဝမြို့အခြေစိုက် ခူမီးအမျိုးသားပါတီကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုလိုက်ကြောင်းယမန်နေ့ သြဂုတ်လ ၁၁ ရက်တွင် စစ်ကောင်စီလက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်( UEC)က ကြေညာလိုက်သည်။
ချင်းပြည်နယ်၊ ပလက်ဝမြို့၊ ရိက္ခာရပ်ကွက်၊ အောင်စောင်လမ်း၊ အိမ်အမှတ် (၆)တွင် ပါတီရုံးချုပ် ဖွင့်လှစ်ထားရှိသော ခူမီးအမျိုးသားပါတီကို ၂၀၂၃ ခုနှစ် သြဂုတ်လ ၁၁ ရက်နေ့မှစ၍ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ (၉) နှင့်အညီ မှတ်ပုံတင်ခွင့်ပြုလိုက်သည်ဟု ကြေညာချက်တွင် ဖော်ပြထားသည်။
“ခူမီးအမျိုးသားပါတီရဲ့ မှတ်ပုံတင်အမှတ်မှာ (၃၆) ဖြစ်ပါတယ်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ခူမီးအမျိုးသားပါတီသည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ (၅)အရ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုရန် ပြီးခဲ့သည့် ဇူလိုင်လ ၇ ရက်တွင် လျှောက်ထားခဲ့ခြင်း ဖြစ်သည်။
ချင်းပြည်နယ်တွင် ခူမီးအမျိုးသားပါတီ၊ ချင်းပြည်သူ့ပါတီ၊ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ် ZCD တို့က နိုင်ငံရေး ပါတီမှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ (၃) အရ ပါတီတည်ထောင်ခွင့် လျှောက်ထားသည်ဟု သိရသည်။
စစ်ကောင်စီလက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီ မှတ်ပုံတင်ခွင့် မလျှောက်ထားသော ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ချင်းတိုင်းရင်းသားပါတီ၊ ဇိုတိုင်းရင်းသား ဒေသဖွံ့ဖြိုးတိုးတတ်ရေးပါတီ၊ ခူမီး(ခမီး) အမျိုးသားပါတီ၊ အရှိုချင်းအမျိုးသားပါတီတို့ကို ဖျက်သိမ်းလိုက်ကြောင်း ၂၀၂၃ခုနှစ် မတ်လ ၂၈ရက်တွင် ကြေညာထားပြီးဖြစ်သည်။
ယခု နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုလိုက်သော ခူမီးအမျိုးသားပါတီသည် ယခင် ခူမီး(ခမီး)အမျိုးသားပါတီအား ဖျက်သိမ်းပြီး ၎င်းပါတီရှိ လူကြီးများက ပါတီအမည်သစ်ဖြင့် စစ်ကောင်စီ လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်ထံ ပါတီတည်ထောင်ခွင့် လျှောက်ထားခြင်း ဖြစ်သည်ဟု ဒေသတွင်းမီဒီယာများတွင် ရေးသားခဲ့ကြသော်လည်း မဇ္စျိမ အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး
#ချင်းပြည်နယ်
#ပလက်ဝမြို့နယ်
#ခူမီးအမျိုးသားပါတီ
#ပါတီတည်ထောင်ခွင့်

👍8👎6😁4🥰3🤮1
အာဏာသိမ်းစစ်တပ်က သမင်အင်းကုန်း ကျေးရွာကို လေကြောင်းတိုက်ခိုက်
======================
ရွှေနွယ်
(မဇ္ဈိမ) ။ ။ ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ သမင်အင်းကုန်းကျေးရွာ တိုက်ပွဲတွင် အထိနာခဲ့သော စစ်ကောင်စီတပ်က ယနေ့ဩဂုတ်လ ၁၂ ရက်နေ့ နံနက်ပိုင်းတွင် ကျေးရွာကို လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း မြေပြင်သတင်းရင်းမြစ်များက မဇ္ဈိမကို အတည်ပြုသည်။
နံနက် ၉ နာရီ ၂၀ မိနစ်အချိန်ခန့်တွင် သမင်အင်းကုန်းကျေးရွာကို ဦးတည်ကာ လေယာဉ်နှစ်စီးဖြင့် လာရောက်ပစ်ခတ်ခဲ့ပြီး မွန်းလွဲ ၁ နာရီ ၅၀ မိနစ်အချိန် ခန့်တွင်မူ ဒုတိယအကြိမ်ထပ်မံလာရောက်ကာ ဗုံးကြဲသွားကြောင်း ဆိုသည်။
"မနက်ပိုင်း ၈ နာရီလောက်ကလည်း ကျောက်တံခါးမြို့ သူဌေးကုန်းဘက်ကနေ သမင်အင်းကုန်းဘက်ကို လက်နက်ကြီးတွေနဲ့ ပစ်နေပါတယ်၊ ရွာမှာတော့ ရွာသားတွေ မရှိသလောက် စစ်ဘေးရှောင်နေကြရပါတယ်" ဟု မြေပြင် သတင်းရင်းမြစ်တစ်ဦးက မဇ္ဈိမကို ပြောသည်။
စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးမှု အခြေအနေ အသေးစိတ်ကိုမူ မသိရသေးပေ။
ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ သမင်အင်းကုန်းကျေးရွာတွင် ဩဂုတ်လ ၉ ရက်နေ့က စစ်ကောင်စီတပ်၏ အင်အား ၆၀ ခန့်ပါ ခမရ (၅၈၉) စစ်ကြောင်းနှင့် KNLA၊ ရိုးမစစ်ကြောင်း-၂၊ တပ်ခွဲ(၂) ပူးပေါင်းတပ်ဖွဲ့တို့ အချိန် ၉ နာရီခန့် ကြာမြင့်အောင် တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့သည်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်မှ ၃၀ ကျော်သေဆုံးပြီး လက်နက်ခဲယမ်း အများအပြားသိမ်းဆည်းရရှိခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ဩဂုတ်လ ၁၀ ရက်ညတွင် ထုတ်ပြန်ထားသည်။
ယခု လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခံရသော သမင်အင်းကုန်းကျေးရွာသည် ရန်ကုန်− မန္တလေးလမ်းဟောင်းပေါ်ရှိ ကျောက်တံခါးမြို့၏ အရှေ့ဘက် သုံးမိုင်ခန့် အကွာတွင် တည်ရှိသည်။
ပဲခူးတိုင်းအတွင်း စစ်ရေးအရှိန် တိုးမြှင့်လုပ်ဆောင်လာပြီးနောက် ယခု ၂၀၂၃ ခုနှစ် အတွင်းတွင် တိုက်ပွဲများ ပိုမိုပြင်းထန်လာသကဲ့သို့ စစ်ကောင်စီတပ်၏ နေအိမ်မီးရှို့ဖျက်ဆီးမှုနှင့် လေကြောင်းသုံး တိုက်ခိုက်မှုများပါ ရှိလာနေသည်။
ပြီးခဲ့သည့် ဇူလိုင်လအတွင်းကလည်း ကျောက်တံခါးမြို့နယ်၊ နံဇကျေးရွာကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးပြီး စိတ်ကျန်းမာရေး မကောင်းသူအပါအဝင် အရပ်သား အနည်းဆုံး သုံးဦး သတ်ဖြတ်ခံခဲ့ရသည်။
စာတည်း။ ။ နောင်နောင်
ဓာတ်ပုံ- ပုံဟောင်း
#ပဲခူး
#သမင်အင်းကုန်း
#Mizzima
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U"

👍11🔥4👎1👏1🤬1