Mizzima
✔
47.6K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
People on a boat make their way through floodwater in Bago, Myanmar, 11 August 2023. Thousands of people have been affected in Myanmar as heavy rains continue to cause flooding in Kayin, Rakhine, Mon and Bago areas. EPA-EFE/NYEIN CHAN NAING
🔥3
Residents wade through a flooded street following monsoon rains in Bago township, Bago region, on August 11, 2023. Floods and landslides caused by monsoon rains have killed five people and forced the evacuation of around 40,000 others in Myanmar, officials said on August 11. (Photo by Sai Aung Main / AFP)

Hauses are seen partially submerged in a flooded area following monsoon rains in Bago township, Bago region, on August 11, 2023. Floods and landslides caused by monsoon rains have killed five people and forced the evacuation of around 40,000 others in Myanmar, officials said on August 11. (Photo by Sai Aung Main / AFP)

A man sits on the his wooden boat on a flooded street in Bilin township, in Myanmar's Mon state, on August 11, 2023. Floods and landslides caused by monsoon rains have killed five people and forced the evacuation of around 40,000 others in Myanmar, officials said on August 11, 2023. (Photo by SAI Aung MAIN / AFP)
👍5🔥2
​​တလိုင်းကံဦးဘုန်းကြီးကျောင်းကို တိုက်လေယာဉ်ဖြင့်ပစ်ခတ်မှု သံဃာ ၁ ပါး အပါအဝင် ၄ ဦးသေဆုံး
=====================

MTO
(မဇ္ဈိမ)။ ။ စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ် မြောက်ခြမ်း ၊ တလိုင်းကျေးရွာရှိ တလိုင်းကံဦး ဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ်ဖွဲ့က တိုက်လေယာဉ်ဖြင့်လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်ခဲ့သည့်အတွက် သံဃာတော် တပါး ၊ ရှစ်လသား အရွယ်ကလေး တဦးနှင့် အမျိုးသမီး နှစ်ဦးတို့ သေဆုံးသွားကြောင်း ဒေသခံများထံက သိရသည်။

ယမန်နေ့ ဩဂုတ်လ ၁၁ ရက် နံနက်အစောပိုင်းအချိန်တွင် စစ်ကောင်စီတပ်ဖွဲ့က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဂျက်တိုက်လေယာဉ်ဖြင့် လာရောက်ပစ်ခတ်သွားခြင်းဖြစ်ကြောင်း Sagaing District Medical Team မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“လက်ရှိမှာ နယ်မြေရှင်းလင်းရေးလုပ်ဆောင်နေဆဲဖြစ်ပါတယ်” ဟု ၎င်းကပြောသည်။

စစ်ကောင်စီတပ်ဖွဲ့သည် လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်ပြီးနောက် ခြေလျင်စစ် ကြောင်းဖြင့်ပါ ကျေးရွာအတွင်းသို့ ဝင်ရောက်ခဲ့ပြီး ပြည်သူအချို့ကို ဖမ်းဆီးခဲ့ရာ ရွာသားတစ်ဦး သေဆုံးသွားကြောင်း ဒေသခံများထံက သိရသည်။

“မြေပြင်စစ်ကြောင်းက ဖမ်းသွားတာ‌ကြောင့် နောက်ထပ် တလိုင်းရွာသားတစ်ဦး သေဆုံးပါတယ်။ နောက်ထပ် ဆယ်ယောက်ကျော်ဖမ်းပြီး ၀က်လက်မြို့နယ်ဘက်ကို ထွက်သွားပါတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

တလိုင်းကျေးရွာ မှ ဒေသခံများကို ဖမ်းဆီးသွားသော စစ်ကောင်စီတပ်ဖွဲ့ စစ်ကြောင်းသည် ဝက်လက်မြို့နယ် အရှေ့တောင်ခြမ်းရှိ ကျေးရွာများကို စစ်ကြောင်းထိုးနေကြောင်း Wetlet Information Network က ဖော်ပြထားသည်။

စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး

#စစ်ကိုင်းတိုင်း
#စစ်ကိုင်းမြို့နယ်
#ဘုန်းကြီးကျောင်း
#လေကြောင်းတိုက်ခိုက်

ဓါတ်ပုံ-Wetlet Information Network

-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
😢6👍4❤1😁1🤬1
​​ရည်မှန်းချက် အောင်မြင်ရေးအတွက် ကရင်အဖွဲ့များ စည်းလုံးရန်လိုအပ်ကြောင်း KNU ဥက္ကဌပြော 
================

YT 

(မဇ္ဈိမ)။    á‹ ကရင် တစ်မျိုးသားလုံး၏ ရည်မှန်းချက်ပန်းတိုင် ပြီးမြောက်အောင်မြင်စေရန် ကရင်အမျိုးသား အဖွဲ့အစည်းများအနေဖြင့် ၁၉၄၇ ခုနှစ် ကဲ့သို့သော စုစည်းမှုမျိုးဖြင့် KNU၏ ဦးဆောင်မှုအောက်တွင် တစုတစည်းတည်း ပူးပေါင်းကြိုးပမ်း အားထုတ်ကြရန် ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဌ ပဒိုစောကွယ်ထူးဝင်းက ပြောသည်။ 

ယနေ့ ဩဂုတ်လ ၁၂ ရက်နေ့တွင် ကျရောက်သော (၇၃) ကြိမ်မြောက် ကရင့်အာဇာနည်နေ့ အတွက် ပေးပို့သည့် သဝဏ်လွှာတွင် KNU ဥက္ကဌ ပဒိုစောကွယ်ထူးဝင်းက ထိုကဲ့သို့ ထည့်သွင်းပြောဆိုလိုက်ခြင်းဖြစ်သည်။ 

" လက်ရှိအခြေအနေတွင် ကရင့်အမျိုးသားရေးအတွက် တိုက်ပွဲဝင်နေပါသည်ဟု ကြွေးကြော်နေကြသည့် ကရင့်အမျိုးသားတော်လှန်ရေး အဖွဲ့အစည်းများနှင့် ကရင့်လက်နက်ကိုင် အစုအဖွဲ့ အားလုံးအနေဖြင့် မိမိတို့၏အစုအဖွဲ့ ရပ်တည်နိုင်ရေး တခုတည်းနှင့် မိမိတို့၏ ကိုယ်ကျိုးကိုသာ ရှာကြံ နေကြသူများ မဖြစ်စေရန် မိမိတို့၏ အမှန်တကယ် လုပ်ရပ်များနှင့် အကျိုးသက်ရောက်မှုများကို ပြန်လည်ဆန်းစစ်ရန် လိုအပ်ပါသည်" ဟု ပဒိုစောကွယ်ထူးဝင်းက ပြောဆိုထားသည်။ 

ထိုကဲ့သို့ ပေါင်းစည်းကြရာတွင်လည်း မတူညီ ကွဲပြားမှုများ၊ မတူညီသော အတွေးအမြင်များအား ဘေးဖယ်ထားပြီး ကရင့်အမျိုးသားအလံတော်အောက်တွင် ကျရာတာဝန်ကို ထမ်းဆောင်ကြရမည်ဖြစ်ကြောင်း၊ အားနည်းချက်များအား ရှာဖွေဖော်ထုတ်ခြင်းအား ရှောင်၍ အပြန်အလှန်နားလည်မှုဖြင့် ပူးပေါင်းဆောင်ရွက်၍ စစ်ရေးနိုင်ငံရေးလုပ်ငန်းများတွင် အတူတကွဆောင်ရွက်သင့်ကြောင်း ပြောဆိုသည်။ 

ထို့အပြင် ကရင်တစ်မျိုးသားလုံးအနေဖြင့် ရန်သူနှင့် မိတ်ဆွေ၊ မဟာမိတ်အင်အားစုများအား ကွဲကွဲပြားပြားသိရန် လိုအပ်ပြီး စစ်အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ခိုက်နေကြသည့် ဒီမိုကရေစီ အစုအဖွဲ့များ၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ၊ လူထုအခြေပြု အဖွဲ့အစည်းများနှင့် လက်တွဲလုပ်ဆောင်ရန် လိုအပ်ကြောင်း ဆိုသည်။ 

ထို့အတူ ကရင့် တော်လှန်ရေးခေါင်းဆောင်များ၊ ရဲဘော်များအနေဖြင့် ပြည်သူလူထု၏ ထောက်ခံအားပေးမှု ဆက်လက်ရရှိနေစေရန် လူထုနှင့် ဆန့်ကျင်သည့် လုပ်ရပ်များကို ရှောင်ရှားသင့်ကြောင်း KNLA ကလည်း ၎င်း၏ ကရင့်အာဇာနည်နေ့အတွက် ပေးပို့သော သဝဏ်လွှာတွင် ထည့်သွင်းပြောကြားထားသည်။ 

KNU ဥက္ကဌကြီး စောဘဦးကြီး၊ ဗိုလ်ချုပ်စိုင်းကေနှင့် ခေါင်းဆောင်၊ ရဲဘော်အချို့ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ထို့ကော်ကိုးတွင် ရန်သူအား ခုခံတိုက်ခိုက်ရာခဲ့မှ အသတ်ပေးခဲ့ရသည့်နေ့ ၁၉၅၀ခုနှစ်၊ ဩဂုတ်လ ၁၂ ရက်နေ့အား ကရင့်အာဇာနည်နေ့၊ ထိုနေ့တွင် ကျဆုံးခဲ့ရာသည့် သူရဲကောင်းများအား ကရင့်အမျိုးသားအာဇာနည်များအဖြစ် ဂုဏ်ပြုသတ်မှတ်ခဲ့ခြင်းဖြစ်သည်။ 

လက်ရှိတွင် ကရင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအနေဖြင့် (၁) ကရင်အမျိုးသားအစည်းအရုံး( KNU)၊ (၂) ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA)၊ (၃) ကရင်နယ်ခြားစောင့်တပ် (BGF)၊ (၄) ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU၊ KNLA- PC)၊ (၅) ကော်သူးလေတပ်မတော် (KTLA) ဟူ၍ ငါးဖွဲ့ရှိသည်။

စာတည်း။ ။အောင်ကျော်ဖြိုး
ဓါတ်ပုံ- KNU ဥက္ကဌ ပဒိုစောကွယ်ထူးဝင်း

#Mizzima
#KNU
#ကရင်အမျိုးသား အဖွဲ့အစည်းများ
-----------------------------------------
@MizzimaTV 
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် á€á€­á€Żá€„á€şá€¸á€á€”á€şá€¸á€€á€°á€Šá€Žá€–á€­á€Żá€ˇ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍17❤3😁1🤮1
​​နိုင်ငံရေးပါတီအဖြစ် ခူမီးအမျိုးသားပါတီလျှောက်ထားမှု စစ်ကောင်စီ UEC á€œá€€á€şá€á€ś
===============

ကိုခင်မောင်

(မဇ္စျိမ) ။    á‹ ပလက်ဝမြို့အခြေစိုက် á€á€°á€™á€Žá€¸á€Ąá€™á€ťá€­á€Żá€¸á€žá€Źá€¸á€•ဍတဎကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုလိုက်ကြောင်းယမန်နေ့ သြဂုတ်လ ၁၁ ရက်တွင် စစ်ကောင်စီလက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်( UEC)က á€€á€źá€ąá€Šá€Źá€œá€­á€Żá€€á€şá€žá€Šá€şá‹

ချင်းပြည်နယ်၊ ပလက်ဝမြို့၊ ရိက္ခာရပ်ကွက်၊ အောင်စောင်လမ်း၊ အိမ်အမှတ် (၆)တွင် ပါတီရုံးချုပ် ဖွင့်လှစ်ထားရှိသော ခူမီးအမျိုးသားပါတီကို ၂၀၂၃ ခုနှစ် သြဂုတ်လ ၁၁ ရက်နေ့မှစ၍ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ (၉) နှင့်အညီ မှတ်ပုံတင်ခွင့်ပြုလိုက်သည်ဟု á€€á€źá€ąá€Šá€Źá€á€ťá€€á€şá€á€˝á€„် ဖော်ပြထားသည်။

“ခူမီးအမျိုးသားပါတီရဲ့ မှတ်ပုံတင်အမှတ်မှာ (၃၆) ဖြစ်ပါတယ်” ဟု á€‘ုတ်ပဟန်ခဝက်တွင် ဖော်ပြထားသည်။

ခူမီးအမျိုးသားပါတီသည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ á€”ိုင်ငလရ္းပဍတဎမဝဏးမသတ်ပုလတင်ခဟင်း ဥပဒေပုဒ်မ (၅)အရ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုရန် á€•ဟဎးခဲအသညအ် á€‡á€°á€œá€­á€Żá€„á€şá€œ á‡ ရက်တွင် လျှောက်ထားခဲ့ခြင်း ဖြစ်သည်။

ချင်းပြည်နယ်တွင် ခူမီးအမျိုးသားပါတီ၊ ချင်းပြည်သူ့ပါတီ၊ á€‡á€­á€Żá€™á€Žá€¸á€’ဎမိုကရ္စဎဥဖွဲအခဝုပ် ZCD တို့က နိုင်ငံရေး ပါတီမှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ (၃) အရ ပါတီတည်ထောင်ခွင့် လျှောက်ထားသည်ဟု သိရသည်။

စစ်ကောင်စီလက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီ မှတ်ပုံတင်ခွင့် မလျှောက်ထားသော ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ချင်းတိုင်းရင်းသားပါတီ၊ ဇိုတိုင်းရင်းသား ဒေသဖွံ့ဖြိုးတိုးတတ်ရေးပါတီ၊ ခူမီး(ခမီး) အမျိုးသားပါတီ၊ အရှိုချင်းအမျိုးသားပါတီတို့ကို ဖျက်သိမ်းလိုက်ကြောင်း ၂၀၂၃ခုနှစ် မတ်လ ၂၈ရက်တွင် ကြေညာထားပြီးဖြစ်သည်။

ယခု နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုလိုက်သော ခူမီးအမျိုးသားပါတီသည် ယခင် ခူမီး(ခမီး)အမျိုးသားပါတီအား ဖျက်သိမ်းပြီး ၎င်းပါတီရှိ လူကြီးများက ပါတီအမည်သစ်ဖြင့် စစ်ကောင်စီ လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်ထံ ပါတီတည်ထောင်ခွင့် လျှောက်ထားခြင်း ဖြစ်သည်ဟု ဒေသတွင်းမီဒီယာများတွင် ရေးသားခဲ့ကြသော်လည်း မဇ္စျိမ အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

စာတည်း။    á‹ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး

#ချင်းပြည်နယ်
#ပလက်ဝမြို့နယ်
#ခူမီးအမျိုးသားပါတီ
#ပါတီတည်ထောင်ခွင့်
-----------------------------------------
@MizzimaTV 
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် á€á€­á€Żá€„á€şá€¸á€á€”á€şá€¸á€€á€°á€Šá€Žá€–á€­á€Żá€ˇ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍8👎6😁4🥰3🤮1
​​အာဏာသိမ်းစစ်တပ်က သမင်အင်းကုန်း ကျေးရွာကို လေကြောင်းတိုက်ခိုက်
======================

ရွှေနွယ်
(မဇ္ဈိမ) ။ ။ ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ သမင်အင်းကုန်းကျေးရွာ တိုက်ပွဲတွင် အထိနာခဲ့သော စစ်ကောင်စီတပ်က ယနေ့ဩဂုတ်လ ၁၂ ရက်နေ့ နံနက်ပိုင်းတွင် ကျေးရွာကို လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း မြေပြင်သတင်းရင်းမြစ်များက မဇ္ဈိမကို အတည်ပြုသည်။

နံနက် ၉ နာရီ ၂၀ မိနစ်အချိန်ခန့်တွင် သမင်အင်းကုန်းကျေးရွာကို ဦးတည်ကာ လေယာဉ်နှစ်စီးဖြင့် လာရောက်ပစ်ခတ်ခဲ့ပြီး မွန်းလွဲ ၁ နာရီ ၅၀ မိနစ်အချိန် ခန့်တွင်မူ ဒုတိယအကြိမ်ထပ်မံလာရောက်ကာ ဗုံးကြဲသွားကြောင်း ဆိုသည်။

"မနက်ပိုင်း ၈ နာရီလောက်ကလည်း ကျောက်တံခါးမြို့ သူဌေးကုန်းဘက်ကနေ သမင်အင်းကုန်းဘက်ကို လက်နက်ကြီးတွေနဲ့ ပစ်နေပါတယ်၊ ရွာမှာတော့ ရွာသားတွေ မရှိသလောက် စစ်ဘေးရှောင်နေကြရပါတယ်" ဟု မြေပြင် သတင်းရင်းမြစ်တစ်ဦးက မဇ္ဈိမကို ပြောသည်။

စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးမှု အခြေအနေ အသေးစိတ်ကိုမူ မသိရသေးပေ။
ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ သမင်အင်းကုန်းကျေးရွာတွင် ဩဂုတ်လ ၉ ရက်နေ့က စစ်ကောင်စီတပ်၏ အင်အား ၆၀ ခန့်ပါ ခမရ (၅၈၉) စစ်ကြောင်းနှင့် KNLA၊ ရိုးမစစ်ကြောင်း-၂၊ တပ်ခွဲ(၂) ပူးပေါင်းတပ်ဖွဲ့တို့ အချိန် ၉ နာရီခန့် ကြာမြင့်အောင် တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့သည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်မှ ၃၀ ကျော်သေဆုံးပြီး လက်နက်ခဲယမ်း အများအပြားသိမ်းဆည်းရရှိခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ဩဂုတ်လ ၁၀ ရက်ညတွင် ထုတ်ပြန်ထားသည်။

ယခု လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခံရသော သမင်အင်းကုန်းကျေးရွာသည် ရန်ကုန်− မန္တလေးလမ်းဟောင်းပေါ်ရှိ ကျောက်တံခါးမြို့၏ အရှေ့ဘက် သုံးမိုင်ခန့် အကွာတွင် တည်ရှိသည်။
ပဲခူးတိုင်းအတွင်း စစ်ရေးအရှိန် တိုးမြှင့်လုပ်ဆောင်လာပြီးနောက် ယခု ၂၀၂၃ ခုနှစ် အတွင်းတွင် တိုက်ပွဲများ ပိုမိုပြင်းထန်လာသကဲ့သို့ စစ်ကောင်စီတပ်၏ နေအိမ်မီးရှို့ဖျက်ဆီးမှုနှင့် လေကြောင်းသုံး တိုက်ခိုက်မှုများပါ ရှိလာနေသည်။

ပြီးခဲ့သည့် ဇူလိုင်လအတွင်းကလည်း ကျောက်တံခါးမြို့နယ်၊ နံဇကျေးရွာကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးပြီး စိတ်ကျန်းမာရေး မကောင်းသူအပါအဝင် အရပ်သား အနည်းဆုံး သုံးဦး သတ်ဖြတ်ခံခဲ့ရသည်။

စာတည်း။ ။ နောင်နောင်
ဓာတ်ပုံ- ပုံဟောင်း

#ပဲခူး
#သမင်အင်းကုန်း
#Mizzima
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U"
👍11🔥4👎1👏1🤬1
Cele City - Episode 31
===============

🔈 Mizzima +TV မှ နိုင်ငံတကာနောက်ဆုံးရ ဖျော်ဖြေရေးသတင်းများနဲ့အတူ Cele City အစီအစဉ်လေးရောက်ရှိလာပါပြီ.. ဒီအပတ်မှာဆိုရင် 👉 ဒုတိယမြောက်ရင်သွေးလေး ရရှိနေပြီဖြစ်တဲ့ ကိုရီးယား မင်းသား Lee Byunghunနဲ့ မင်သမီး LeeMinjung 👉 ဖိလစ်ပိုင်မင်းသမီးနဲ့အတူတွေ့ရမဲ့ထိုင်းမင်းသား Win Metawin 👉 ဘော်လီဝုဒ် ထိပ်တန်းစရင်းဝင်ဖြစ်လာတဲ့ အိန္ဒိယ တောင်ပိုင်း မင်းသမီး Rashmika Mandanna အပြင် တခြားဖျော်ဖြေရေးနှင့်ဆိုင်တဲ့သတင်းများပါ တင်ဆက်ပေးသွားမှာမို့ အပတ်စဉ် စနေနေ့ Mizzima + TV channel မှာ ညနေ ၄ ခွဲ အချိန်မှာ စောင့်မျှော်ကြည့်ရှုနိုင်ပါပြီ။ Mizzima + TV မှာ မကြည့်လိုက်ရတဲ့ ပရိသတ်တွေကတော့ Mizzima TV App မှာ ပြန်လည် ကြည့်ရှုနိုင်ပါပြီ။

App ဒေါင်းလုတ်ရယူရန် http://onelink.to/jnuwak (Mizzima Media ကနေ သတင်းချန်နယ် သီးသန့် အဖြစ် Mizzima TV အပြင်၊ သတင်း နှင့် ဖျော်ဖြေရေး ချန်နယ် အဖြစ် Mizzima + တို့အား PSI စလောင်းများ၊ နှစ်ပေ စလောင်းများ နှင့် ရှစ်ပေ စလောင်း များမှ တစ်ဆင့် နေ့စဉ် နံနက် ၆ နာရီ မှ ည ၁၂ နာရီအထိ ထုတ်လွှင့်ပြသနေပါသည်)။

https://youtu.be/qYq6wkdU9xk

-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U
👍8😁3
​​တရုတ်တွင် မုန်တိုင်း ချည်းကပ်လာစဉ် မိုးသည်းထန်မှုကြောင့် သေဆုံးသူ ၇၈ ဦး ရှိ 
======================

တရုတ်နိုင်ငံတွင် ရေကြီးရေလွှမ်းမှုများ ပို၍ ဖြစ်ပွားမည်နှင့် နောက်ထပ် မုန်တိုင်းတစ်ခု ချည်းကပ်လာနေသည်ဟု အာဏာပိုင်များက သတိပေးထားချိန် မြောက်ပိုင်းနယ်မြေတစ်လွှား၌ စံချိန်ချိုးအောင် မိုးရွာသွန်းမှုများကြောင့် သောကြာနေ့အထိ သေဆုံးသူ အနည်းဆုံး ၇၈ ဦး ရှိသွားပြီ ဖြစ်သည်။
 
လွန်ခဲ့သော သီတင်းနှစ်ပတ်က တရုတ်ပြည်မကြီးသို့ ဝင်ရောက်တိုက်ခတ်သည့် ဒေါ့ဆူရီတိုင်ဖုန်းမုန်တိုင်းအပြီး ဟီဘေးပြည်နယ်၌ ရေကြီးမှုများကြောင့် သေဆုံးသူ ၂၉ ဦးအထိ မြင့်တက်ရောက်ရှိကြောင်း နိုင်ငံပိုင်မီဒီယာက သောကြာနေ့တွင် ဖော်ပြသည်။ 
အဆိုပါ မုန်တိုင်းအပြီး၌ မိုးရွာသွန်းမှုသည် လွန်ခဲ့သော နှစ်ပေါင်း ၁၄၀ က စံချိန်စမှတ်ချိန်မှစကာ အဆိုးဝါးဆုံးပဲ ဖြစ်သည်။ 

သီတင်းပတ်ကုန်ခန့်တွင် နောက်ထပ် ခန်နန်မုန်တိုင်း ချည်းကပ်လာချိန်၌ ရေကြီးမှုအတွင်း မျောပါသူများကို ကယ်ဆယ်ရေးသမားများက ဆက်လက်ရှာဖွေနေကြသည်။ 

ယခုကဲ့သို့ မိုးကြီးသည်းထန်စွာ မရွာသွန်းခင်က သီတင်းပတ်များစွာ သမိုင်းတွင် အပူချိန်မြင့်မားခဲ့ခြင်းလည်း ဖြစ်ပြီး ရာသီဥတုပြောင်းလဲမှုကြောင့် ယခုကဲ့သို့သော ဆိုးဝါးပြင်းထန်သည့် ရာသီဥတုဖြစ်စဉ်များ ဖြစ်ပွားရသည်ဟု သိပ္ပံပညာရှင်များက ပြောသည်။ 

မြို့တော်နှင့် ထိပ်စပ်နေသည့် ဟီဘေးပြည်နယ်ရှိ အချို့သော လမ်းများတွင် ရွံ့နွံများ ဖုံးလွှမ်းနေသည်ကို ဗုဒ္ဓဟူးနေ့က အေအက်ဖ်ပီအဖွဲ့ ရောက်ရှိသွားချိန်၌ မြင်တွေ့ရသည်။ 

ဒေသခံများမှာ á€›á€ąá€™á€ťá€ąá€Źá€žá€ąá€Ź ပစ္စည်းပစ္စယများကို လိုက်လံရှာဖွေနေကြသကဲ့သို့ ပျက်စီးသွားသော အိမ်များကိုလည်း သန့်ရှင်းနေကြရသည်။ 

ပြီးခဲ့သည့် သီတင်းပတ်က ရေကြီးရေလွှမ်းရာ ဒေသများသို့ ရောက်ရှိချိန်၌ ယခုအရပ်၌ ရေကြီးခြင်းသည် ပေကျင်းမြို့တော် ရေလွှမ်းမိုးမှု ထိန်းချုပ်ခြင်းအပေါ်က ဖိစီးမှုများကို လျှော့ချစေနိုင်ကြောင်း၊ မြို့တော်အတွက် ကျုံးသဖွယ် ဖြစ်နေ၍ ဖြစ်ကြောင်း ဟီဘေးပြည်နယ် ပါတီအကြီးအကဲ နီယွဲ့ဖန်က ပြောသည်။ 

ကြာသပတေးနေ့အထိ ပြည်နယ်အနှံ့ မိုးရွာသွန်းမှုကြောင့် သေဆုံးသူ ၂၉ ဦး ရှိပြီး ယင်းတို့အနက် ခြောက်ဦးမှာ ယခင်က ပျောက်ဆုံးသူများအဖြစ် စာရင်းသွင်းထားခြင်း ဖြစ်ကြောင်း နိုင်ငံပိုင် CCTV ရုပ်သံက သောကြာနေ့တွင် ထုတ်လွှင့်သည်။ 

လူ ၁၆ ဦး ပျောက်ဆုံးနေသေးဆဲ ဖြစ်ကြောင်း သိရသည်။ 
ပေကျင်းတွင် ကယ်ဆယ်ရေးသမား နှစ်ဦးအပါအဝင် လူပေါင်း ၃၃ ဦး သေဆုံးသည်ဟု အာဏပိုင်များက ယခုသီတင်းပတ်တွင် ပြောသည်။ 

အရှေ့မြောက်ပိုင်း ကျိလင်းပြည်နယ်တွင်လည်း ပြီးခဲ့သည့်အပတ် သည်းထန်စွာ မိုးရွာသွန်းမှုများနောက် လူတစ်ဒါဇင်ထက်မနည်း သေဆုံးထားသည်။ 

အိမ်နီးချင်း လျောင်နင်းပြည်နယ်တွင် ဇူလိုင်နှောင်းပိုင်း မိုးသည်းထန်သည့် ပထမရက်အနည်းငယ်အတွင်း သေဆုံးသူ နှစ်ဦးရှိခဲ့သည်။ 
ရေကြီးမှုဘေး ရင်ဆိုင်နေရဆဲ အဆိုပါ ပြည်နယ်သို့ နောက်ထပ် ရေဘေးထိန်းချုပ်ရေးအဖွဲ့တစ်ရပ်ကို စေလွှတ်ထားသည်ဟု နိုင်ငံပိုင် ရှင်ဟွာသတင်းက သောကြာနေ့တွင် ပြောသည်။ 

တိုင်ဖုန်းမုန်တိုင်း ဖွဲ့တည်သော အပူပိုင် လေဖိအားနည်းရပ်ဝန်း ခန်နန်သည် တရုတ်သို့ ချည်းကပ်လျက် ရှိ၍ သီတင်းပတ်ကုန်၌ မိုးသည်းထန်စွာ ထပ်မံ ရွာသွန်းမည်ဟု မျှော်လင့်ရသည်။ 
မြောက်ပိုင်းဒေသအနှံ့တွင် အရေးပေါ် တပ်လှန့်အဆင့်ကို နှိုးဆော်ထားကြောင်း ရှင်ဟွာသတင်းက ဖော်ပြထားသည်။ 

(မိုးသဲ ဘာသာပြန်သည်။)
👍7😁2
This media is not supported in your browser
VIEW IN TELEGRAM
👉 ငယ်ငယ်ရွယ်ရွယ်နဲ့ ကြွေလွင့်ခဲ့တဲ့ အမေရိကန်မင်းသား Angus Cloud

Full Video Link - https://youtu.be/qYq6wkdU9xk

#entertainmentnews #celecity #mizzimaplus #internationalnews #reels #shorts
😁3👍2
​​Cobra စစ်ကြောင်းမှူး ဗိုလ်တာဘော သေဆုံးသည်မှာ အမှန်မဟုတ်
=====================

JC
(မဇ္ဈိမ)။ ။ Cobra column စစ်ကြောင်းမှူး ဗိုလ်တာဘော လက်ပစ်ဗုံးထိမှန် သေဆုံးခဲ့ကြောင်း လူမှုကွန်ရက်တွင် ပျံ့နှံ့နေသည်။ ယင်းမှာ မှားယွင်းနေသည်။

Saw Kang Zaung အမည်ရှိ ဖေ့စ်ဘုတ်အကောင့်တစ်ခုမှ “R.I.P ပါကိုကြီးရေ ပြောစရာစကားမရှိတော့ပါဘူး။ ပေးဆပ်မှုကြီးလွန်းပါတယ်” ဟု ဗိုလ်တာဘော၏ ဓါတ်ပုံတစ်ပုံဖြင့် တင်ထားသည့် Screenshot သည် ဩဂုတ်လ ၈ ရက်နေ့မှစတင်ကာ လူမှုကွန်ရက်တွင် ပျံ့နှံ့လာခဲ့သည်။ ထို့နောက် Thruth Media တယ်လီဂရမ်ချန်နယ်မှ “စောတာပေါ၊ ငါတို့ကလည်းRIPပါတယ်ကွာ။ ပေးဆပ်မှုကြီးတာကတော့ခွက်ခေါက်မရနိုင်တော့ဘူးပေါ့။ လက်ပစ်ဗုံးနဲ့ပစ်ထည့်ခိုင်းလို့ပစ်လိုက်ရတာနားလည်ပေးပါကွာ” ဟု (မူရင်းအရေးအသားအတိုင်း) ရုပ်သံဖိုင်တစ်ဖိုင်နှင့်အတူ ဩဂုတ်လ ၈ ရက်နေ့တွင် ဖြန့်ဝေခဲ့သည်။ ယင်းအကြောင်းအရာကို တယ်လီဂရမ် ချန်နယ် ၁၃ တွင်ပျံ့နှံ့နေပြီး ကြည့်ရှုသူ ဦးရေ ၃၀,၀၀၀ ကျော်နေပြီဖြစ်သည်။ အလားတူ ဖေ့ဘုတ်လူမှုကွန်ရက် စာမျက်နှာတွင်လည်း ပျံ့နှံ့လျက်ရှိသည်။

မဇ္ဈိမ မှထိုအကြောင်းအရာအား အချက်အလက်စစ်ဆေးခဲ့ရာ Cobra Column မှ စစ်ကြောင်းမှူး ဗိုလ်တာဘော သေဆုံးသည်မှာ အမှန်မဟုတ်ကြောင်း တွေ့ရသည်။

ဗိုလ်တာဘော သေဆုံးကြောင်း မူရင်းဖြန့်ဝေသူဖြစ်သည့် Saw Kang Zaung ဖေ့စ်ဘုတ်အကောင့် နှင့် မူရင်းပို့စ် ရှာဖွေခဲ့ရာ ထိုအကောင့်နှင့် ပို့စ်ကို ရှာမတွေ့ဘဲ ပြန်လည်ဖြန့်ဝေထားကြသည့် Screenshot များသာ တွေ့ရသည်။

ထို့အပြင် Truth Media မှဖော်ပြထားသည့် ဗီဒီယိုဖိုင်သည် Saw Kaw ဖေ့စ်ဘုတ်အကောင့်မှ ဇူလိုင် ၂၄ ရက်နေ့တွင် ဖော်ပြခဲ့သည့် ဗီဒီယိုဖိုင်မှ နောက်ပိုင်း ကိုးစက္ကန့်ကို ဖြတ်ယူထားခြင်းဖြစ်သည်။ မူရင်းဖော်ပြထားသည့် ဗီဒီယိုဖိုင်တွင် ၁မိနစ်နှင့် ၃၁စက္ကန့် ပါရှိပြီး ဗိုလ်တာဘောက ကလေးအရုပ်ကားပေါ်မှ စစ်ရေးညွှန်ကြားနေသည်ကို စနောက်ကာ ရိုက်ကူးထားခြင်းဖြစ်သည်။

လင့် - t.ly/xaI8T
စစ်ကောင်စီတပ်မှ တပ်သားနှစ်ဦး လက်နက်ခဲယမ်းများနှင့်အတူ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ထံသို့ ပူးပေါင်းခဲ့၍ Cobar Column စစ်ကြောင်းမှူးဗိုလ်တာဘောက အလင်းဝင်စစ်သားနှစ်ဦးအား ဆုချီးမြှင့်နေသည့် ဓါတ်ပုံဖြင့် ဩဂုတ်လ ၁၀ ရက်နေ့တွင် KNLA ဒူးပလာယာခရိုင်မှ ထုတ်ပြန်လာသည်။ ဗိုလ်တာဘောသေဆုံးကြောင်း သတင်းစတင်ပျံ့နှံ့ခဲ့သည်မှာ ဩဂုတ်လ ၈ ရက်နေ့ဖြစ်သည်။

လင့် - t.ly/4CfAO
အလားတူ ကရင်အမျိုးသားအစည်းအရုံး KNU ၏ တရားဝင်ဖေ့စ်ဘုတ်စာမျက်နှာတွင်လည်း Cobar Column စစ်ကြောင်းမှူးဗိုလ်တာဘောက အလင်းဝင်စစ်သားနှစ်ဦးအား ဆုချီးမြှင့်နေသည့် ဓါတ်ပုံဖြင့် အလင်းဝင်လာသည့် စစ်ကောင်စီတပ်သားနှစ်ဦးအကြောင်း ယမန်နေ့ ဩဂုတ်လ ၁၁ ရက်နေ့တွင် ဖော်ပြထားသည်။

လင့် - t.ly/oZLFp
ထိုဆုချီးမြှင့်နေသည့် ပုံသည် ဩဂုတ်လ ၁၀ ရက်နေ့က ရိုက်ကူးထားသည့် ပုံများဖြစ်ပြီး လက်ရှိအချိန်အထိ ကရင်ပြည်နယ် မြဝတီမြို့အနီး လက်ခတ်တောင်စခန်းတွင် တိုက်ပွဲဝင်နေခြင်းဖြစ်ကြောင်း Corbar Column မှ ရဲဘော်တစ်ဦးက ပြောသည်။

“ခုထိ တူတူ ရှိနေတယ်။ ဗိုလ်ကြီးနဲ့ ခုထိ တူတူ ရှိနေတယ်။ (စစ်ကောင်စီတပ်သားနှစ်ဦး) အလင်းဝင်တာက နှစ်ရက်ရှိပြီ။ ပုံကတော့ ဒီနေ့(ဩဂုတ် ၁၀) မှရိုက်တာ။ လက်ခပ်တောင်ကို ငါတို့ အခုထိ ထိန်းချုပ်ထားတုန်းပဲ” ဟု ဗိုလ်တာဘောနှင့် အတူရှိနေသည့် ရဲဘော်တစ်ဦးက မဇ္ဈိမ ကို ဩဂုတ်လ ၁၀ ရက်နေ့ ညတွင် ပြောသည်။
ထို့ကြောင့် Cobra Column မှ စစ်ကြောင်းမှူးဗိုလ်တာဘောသည် လက်ပစ်ဗုံးကြောင့် သေဆုံးခဲ့သည်ဟု ပျံ့နှံ့နေသည်မှာ အမှန်မဟုတ်ဘဲ သတင်းအမှားသာဖြစ်သည်။

မဇ္ဈိမ၏သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟုသံသယရှိသည့် အချက်အလက်များ၊ သတင်းဆောင်း ပါးများ၊ သတင်းမှားများကို ယခုလင့် - https://bit.ly/3x5qnf5 သို့ ဝင်ရောက်ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါသည်။

စာတည်း။ ။စောဖေ

#Misinformation_Buster
#Fake_News
#ဗိုလ်တာဘော
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U"
👍10😁3❤1
ဖြူးမြို့ အောက်ကြာအင်းရွာက လူနေအိမ် ၂၄ လုံးကိုစစ်ကောင်စီတပ်ဖွဲ့ မီးရှို့ဖျက်ဆီး
🤬4🔥3