Mizzima
✔
47.6K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
This media is not supported in your browser
VIEW IN TELEGRAM
အိန္ဒိယပါလီမန်မှာ မိုဒီအစိုးရကို အယုံအကြည်မရှိကြောင်း အဆိုတင်သွင်းမှု ရှုံးနိမ့်

#InternationalNews #reels #shorts #india #Mizzima
🤬5🔥2
အိန္ဒိယပါလီမန်မှာ မိုဒီအစိုးရကို အယုံအကြည်မရှိကြောင်းအဆိုတင်သွင်းမှုရှုံးနိမ့်
=======================

https://youtu.be/IEbXl62L4rI

#InternationalNews
#Mizzima
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🔥3
This media is not supported in your browser
VIEW IN TELEGRAM
Aug - 14 [12 Pm] Mizzima News Hour

Mizzima Headline News

#12pmnews #mizzimanewshour #reels #shorts
👍4🔥1😁1
အာဆီယံပါလီမန်များညီလာခံ AIPA အဖွဲ့ မြန်မာနိုင်ငံကိုသွားဖို့ ပြင်ဆင်နေ
=====================

အာဆီယံပါလီမန်များညီလာခံ AIPA အဖွဲ့ရဲ့ နိုင်ငံရေးဆိုင်ရာ ကော်မီတီအနေနဲ့ စစ်အာဏာသိမ်းပြီးတဲ့နောက် ပြည်သူတွေရဲ့အခြေအနေကို သိရှိနိုင်ဖို့ မြန်မာနိုင်ငံကို သွားရောက်လေ့လာဖို့ စီစဉ်နေတယ်လို့ AIPA နဲ့ ပူးပေါင်းဆောင်ရွက်ရေး အင်ဒိုနီးရှားလွှတ်တော်အမတ်များအဖွဲ့ ဥက္ကဋ္ဌ Fadli Zon က ပြောပါတယ်။
ဒေသတွင်းက လွှတ်တော် အသီးသီးကို ကိုယ်စားပြုတဲ့ အထူးသံတမန်အဖွဲ့ တစ်ဖွဲ့အဖြစ်နဲ့ မြန်မာနိုင်ငံကို လူကိုယ်တိုင်သွားရောက်ပြီး အခြေအနေ ဘယ်လို ရှိတယ်ဆိုတာ ကြည့်ရှုသင့်တယ်လို့ Fadli Zon က ပြောကြားကြောင်း ဩဂုတ်လ ၁၁ ရက်၊ သောကြာနေ့က ထုတ်ပြန်တဲ့ AIPA ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အခုလ အစောပိုင်းက အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပတဲ့ ၄၄ ကြိမ်မြောက် အာဆီယံ လွှတ်တော်များညီလာခံမှာ အာဏာသိမ်း စစ်ကောင်စီက အာဆီယံနဲ့ ရထားတဲ့ ဘုံသဘောတူညီချက် ငါးချက်ကို အကောင်အထည် ဖော်တဲ့ အခြေအနေနဲ့ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးရဖို့ ကြိုးပမ်းအားထုတ်မှုတွေကို စောင့်ကြည့်မယ့် ကော်မတီ ဖွဲ့စည်းဖို့ သဘောတူခဲ့ပြီး၊ မြန်မာနိုင်ငံကို AIPA ရဲ့ အထူးသံတမန်အဖွဲ့ စေလွှတ်ဖို့အတွက်ကိုတော့ ဆုံးဖြတ်ချက် မချရသေးဘဲ ဆွေးနွေးနေဆဲ ဖြစ်တယ်လို့ သူက ပြောပါတယ်။

ဒါပေမဲ့ မြန်မာပြည်ခရီးစဉ်နဲ့ပတ်သက်လို့ အာဆီယံလွှတ်တော်အမတ်များကြား သဘောထားကွဲလွဲမှုအချို့ရှိနေလို့ ဒါကို ဆွေး‌နွေးနေဆဲလို့ လည်း ဂျာကာတာက လာတဲ့ သတင်းတွေကဖော်ပြပါတယ်။

ဂျာကာတာမြို့မှာ ကျင်းပခဲ့တဲ့ အာဆီယံပါလီမန်များညီလာခံ AIPA က မြန်မာပြည်သူတွေအတွက် လူသားချင်းစာနာမှု အကူအညီပေးရေးအတွက် အာဆီယံ လွှတ်တော်အမတ်တွေနဲ့ လေ့လာသူတွေ သဘောတူခဲ့ကြပါတယ်။

မြန်မာနိုင်ငံအကျပ်အတည်းရဲ့ ထိခိုက်မှုတွေကို လူကိုယ်တိုင်မြင်တွေ့ရပြီး၊ ပြဿနာ ဖြေရှင်းဖို့ အဖြေရှာတဲ့နေရာမှာ ပါဝင်ကူညီနိုင်ဖို့နဲ့ မြန်မာနိုင်ငံမှာ အမျိုးသားပြန်လည် ရင်ကြားစေ့ရေး အတွက် အားလုံး ပါဝင်တဲ့ တွေ့ဆုံဆွေးနွေးမှုတွေ ပေါ်ပေါက်လာအောင် ကြိုးပမ်းတဲ့နေရာမှာ အာဆီယံ လွှတ်တော် အမတ်တွေက အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်နိုင်ဖို့လည်း ရည်ရွယ်တာ ဖြစ်တယ်လို့ Fadli Zon က ပြောပါတယ်။

အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့မှာ ဩဂုတ်လ ၅ ရက်ကနေ ၁၁ ရက်နေ့အထိ ကျင်းပခဲ့တဲ့ ၄၄ ကြိမ်မြောက် အာဆီယံ ပါလီမန်များညီလာခံက မြန်မာစစ်ကောင်စီဘက်က အာဆီယံရဲ့ ဘုံသဘောတူညီချက် (၅) ချက်ကို အကောင်အထည် ဖော်ဆောင်ခြင်း ရှိမရှိဆိုတာနဲ့ မြန်မာနိုင်ငံက ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို စောင့်ကြည့်မယ့် ကော်မီတီတရပ် ဖွဲ့စည်းခဲ့တဲ့အကြောင်းလည်း Fadli Zon ရဲ့ ကြေညာချက်မှာ ထည့်သွင်းဖော်ပြထားပါတယ်။
AIPA ညီလာခံမှာ မြန်မာ့အရေး အချက် ၂ ချက်ကို အဓိကချမှတ်ခဲ့ပြီး တွေ့ဆုံဆွေးနွေး ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ဒေသတွင်း ငြိမ်းချမ်းရေး၊ လုံခြုံရေး နဲ့ တည်ငြိမ်ရေး ကို ထိန်းသိမ်းရန် နဲ့ မြန်မာနိုင်ငံမှာ ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးကို ပံ့ပိုးပေးဖို့တို့ဖြစ်တယ်လို့ သိရပါတယ်။

https://youtu.be/fmqNoDL7L8w
 
#PoliticalNews
#Mizzima
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U
👍6😁3
This media is not supported in your browser
VIEW IN TELEGRAM
မလေးရှားနိုင်ငံရဲ့ လက်ရှိအာဏာရညွန့်ပေါင်းအစိုးရက ပြည်နယ်ရွေးကောက်ပွဲတွေမှာ အတိုက်အခံတွေကို အနိုင်ယူခဲ့

#InternationalNews #reels #shorts #Malaysia #Mizzima
👏6🔥1
အာရှစီးပွားရေး | VOA on Mizzima
==============

ဒီတပတ် အာရှစီးပွားရေးကဏ္ဍမှာတော့ တရုတ်ရဲ့ ပိုးခါးပတ်လမ်း စီမံကိန်း တစိတ်တဒေသဖြစ်တဲ့ တရုတ်နဲ့ လာအိုကြား ဖေါက်လုပ်ထားတဲ့ ရထားလမ်းခရီးစဉ်တွေ အပြန်အလှန် ပြေးဆွဲနေတဲ့အကြောင်းနဲ့ တောင်ကိုရီးယားနိုင်ငံထဲမှာ လျှပ်စစ်ကားထုတ်ဖို့ (ဟွန်ဒေး)ကုမ္ပဏီက ဒေါ်လာဘီလျံ(၂၀)နီးပါးရင်းနှီးမြှုပ်နှံမယ့်အကြောင်း ကိုဉာဏ်ဝင်းအောင် တင်ပြထားပါတယ်။

https://youtu.be/12eKkqng0pA

#VOA
#MizzimaTv
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
🔥2
Media is too big
VIEW IN TELEGRAM
အာဆီယံပါလီမန်များညီလာခံ AIPA အဖွဲ့ မြန်မာနိုင်ငံကိုသွားဖို့ ပြင်ဆင်နေ


Watch more detail - https://youtu.be/fmqNoDL7L8w

#PoliticalNews #reels #shorts #MizzimaTV
❤1
သြဂုတ်လ (၁၄)ရက်၊ မွန်းတည့် ၁၂ နာရီ Mizzima News Hour မဇ္စျိမသတင်းအစီအစဥ်
=======================

00:59 - စစ်ကောင်စီရဲ့ထိုးစစ်တွေကြောင့် မြန်မာ့သမိုင်းမှာ စစ်ဘေးရှောင်အရေအတွက် အများဆုံးဖြစ်လာတဲ့ သတင်း

04:47 - လက်ခတ်တောင်စခန်းကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သား၂ဦး တော်လှန်ရေးတပ်ဖွဲ့ဆီ လာရောက်ပူးပေါင်းတဲ့သတင်း

08:14 - ထိုင်ဝမ်ဒုသမ္မတက ပါရာဂွေးခရီးစဉ်နဲ့တစ်ဆက်တည်း အမေရိကန်သို့ဝင်ရောက်ဖို့ရှိသတင်းနဲ့

09:43 - မနက် ၁၁ နာရီအထိ ရရှိထားတဲ့ ငွေလဲနှုန်း၊ ရွှေစျေး၊ စက်သုံးဆီစျေး နဲ့ စားအုန်းဆီစျေးတွေအပါအဝင် တခြား အရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်း တွေကို တင်ဆက်ပေးသွားမှာပါ။

https://youtu.be/_J50WwSR8zk

#12pmnews
#Mizzimanewshour
#mizzimatv
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍7😁2
Media is too big
VIEW IN TELEGRAM
အာဏာရှင်စနစ် အဆုံးသတ်နိုင်ရေး အဖွဲ့အစည်း အားလုံးနဲ့လက်တွဲလုပ်ဆောင်မယ်လို့ KNU ဥက္ကဌပြော


Watch more detail - https://youtu.be/OJRcPTX0-jw

#PoliticalNews #reels #shorts #MizzimaTV
👍11😁1🤮1
မြန်မာနိုင်ငံနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် အင်ဒိုနီးရှားကိုဆက်ထားဖို့ အမေရိကန်တိုက်တွန်း
=================

အာဆီယံ အရှေ့တောင်အာရှနိုင်ငံများအသင်းရဲ့ အလှည့်ကျ ဥက္ကဋ္ဌအဖြစ် အင်ဒိုနီးရှားနိုင်ငံရဲ့ သက်တမ်း ရှေ့နှစ်ကုန်ဆုံးသွားခဲ့ရင်လည်း မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်ရုံး တာဝန်တွေကိုတော့ ဆက်လက် ထမ်းဆောင်သင့်တဲ့အကြောင်း အမေရိကန် အယ်လီနိုးစ်ပြည်နယ် အထက်လွှတ် တော်အမတ် Tammy Duckworth တမ်မီဒက်ဝါ့ထ်က ဂျကာတာမှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာပြောခဲ့ပါတယ်။

လာမယ့်နှစ်မှာ အရှေ့တောင်အာရှနိုင်ငံများအသင်း(အာဆီယံ)ရဲ့ အလှည့်ကျဥက္ကဋ္ဌအဖြစ် လာအို နိုင်ငံက တာဝန်ယူမှာဖြစ်ပြီး လုပ်ထုံးလုပ်နည်းတွေအတိုင်း နိုင်ငံခြားရေးဝန်ကြီးဟာ မြန်မာနိုင်ငံ ဆိုင်ရာ အထူးကိုယ်စားလှယ်ဖြစ်လာမှာပါ။

အာဆီယံရဲ့ လုပ်ထုံးလုပ်နည်းအရ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ အထူးကိုယ်စားလှယ်ကို အလှည့်ကျ ဥက္ကဋ္ဌက ခန့်အပ်လေ့ရှိပါတယ်။
အင်ဒိုနီးရှားနိုင်ငံရဲ့ ဒီနှစ် ဖွင့်လှစ်ခဲ့တဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်ရုံးရဲ့ အကြီးအကဲအဖြစ် အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Retno Marsudi က ဦးဆောင်ပါတယ်။

မြန်မာ့အရေး အင်ဒီုနီးရှားနိုင်ငံကပဲ ဆက်လက်ဦးဆောင်လုပ်ကိုင်သွားဖို့ ဂျာကာတာကို ရောက်နေတဲ့ အမေရိကန်ပြည်ထောင်စု Illinois ပြည်နယ် အထက်လွှတ်တော်အမတ် Tammy Duckworth က သတင်းစာ ရှင်းလင်းပွဲမှာ အကြံပေး ပြောဆိုသွားတာပါ။
ဒက်ဝါ့ထ်က အာဆီယံပါလီမန်များညီလာခံ(AIPA) ကိုတက်ရောက်ဖို့ ဂျကာတာကို သွားရောက် ခဲ့တာဖြစ်ပြီး ယူအက်စ်ဟာ AIPA မှာလေ့လာစောင့်ကြည့်နေတဲ့ နိုင်ငံတစ်နိုင်ငံလည်းဖြစ်ပါ တယ်။
အဲဒီအစည်းအဝေးမှာ အာဆီယံနိုင်ငံတွေနဲ့ တခြားလေ့လာသူနိုင်ငံတွေရဲ့ ကိုယ်စားလှယ်တွေ ဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံရေးကို အဓိကထားဆွေးနွေးခဲ့ကြတယ်လို့ သူမက ပြောပါတယ်။

အင်ဒိုနီးရှားဟာ တူညီတဲ့အားထုတ်မှုကို လူတိုင်းအတူတကွ ပူးပေါင်းပါဝင်ကာ တွန်းအားပေးဖို့ အတွက် ခိုင်မာတဲ့ခေါင်းဆောင်မှု အခန်းကဏ္ဍမှာပါဝင်နေတယ်လို့ ကန်လွှတ်တော်အမတ်ကဆို ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံမှာ ရိုဟင်ဂျာတွေရဲ့ လူ့အခွင့်အရေးချိုးဖောက်ခံနေရတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး အမေရိကန်က အလွန်စိုးရိမ်နေတယ်လို့လည်း ပြောပါတယ်။
မြန်မာ့အရေး ဖြေရှင်းဖို့အတွက် ပါဝင်တဲ့ အဖွဲ့အစည်းတွေနဲ့ ၆ လတာကာလအတွင်း အကြိမ် ၇ဝ ကျော် တွေ့ဆုံဆွေးနွေးထားတယ်လို့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး Retno Marsudi ကပြီးခဲ့တဲ့ ဇွန်လအတွင်းက ပြောကြားခဲ့ပါတယ်။

အဲဒီလိုမျိုးတွေ့ဆုံဆွေးနွေးတဲ့အခါမှာတော့ ဘုံသဘောတူညီချက်   ၅ ချက်အပြင် အားလုံးပါတဲ့ တွေ့ဆုံဆွေးနွေးပွဲတွေဖြစ်ပေါ်လာဖို့ ဆွေးနွေးခဲ့ပြီး သက်ဆိုင်ရာအဖွဲ့အစည်းတွေရဲ့ ယုံကြည်လက်ခံမှုကို ရရှိခဲ့တယ်လို့လည်း ယင်းက ပြောကြားထားပါတယ်။

https://youtu.be/8UcXIuGeTOs
 

#PoliticalNews
#Mizzima
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U
👍13🔥1😁1
Media is too big
VIEW IN TELEGRAM
မြန်မာနိုင်ငံနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် အင်ဒိုနီးရှားကိုဆက်ထားဖို့ အမေရိကန်တိုက်တွန်း


Watch more detail - https://youtu.be/OJRcPTX0-jw

#PoliticalNews
#reels
#shorts
#MizzimaTV
👍8🔥1😁1
ဖရူဆိုတိုက်ပွဲတွင် စစ်ကောင်စီတပ်ထံမှ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိကြောင်း KNDF ပြော
👏8😁2
ဖရူဆိုတိုက်ပွဲတွင် စစ်ကောင်စီတပ်ထံမှ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိကြောင်း KNDF ပြော
=================

ဂျူချန်း
(မဇ္ဈိမ)။ ။ ကရင်နီပြည်၊ ဖရူဆိုမြို့နယ်၊ ထီးသော်ကူးကျေးရွာရှိ စစ်ကောင်စီတပ်စခန်းတခုအား ကရင်နီ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ် အကျအဆုံး၊ အထိအခိုက် များပြားပြီး လက်နက်ခဲယမ်းများသိမ်းဆည်းရရှိကြောင်း KNDF ဗဟိုသတင်းနှင့် ပြန်ကြားရေးတာဝန်ခံက မဇ္ဈိမကို အတည်ပြုပြောကြားသည်။

ထီးသော်ကူးကျေးရွာအတွင်း အင်အား ၅၀ ခန့်ဖြင့် တပ်စွဲထားသည့် တပ်မ(၅၅) လက်အောက်ခံ ခမရ (၁၁၂)မှ စစ်ကောင်စီတပ်သားများကို ဩဂုတ်လ ၁၂ ရက်နေ့ ညနေပိုင်းတွင် ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ထိုနေရာတဝိုက်တွင် လက်ရှိအချိန်ထိ နှစ်ဘက်စစ်ရေးတင်းမာကာ တိုက်ပွဲများ ဖြစ်ပွားနေဆဲဟု KNDF က ပြောသည်။
“စစ်ရေးက မပြီးပြတ်သေးဘူးပေါ့လေ၊ ခုချိန်အထိ နေ့ရော၊ ညရော ထိတွေ့တိုက်ပွဲတွေဖြစ်နေတော့ အခြေအနေငြိမ်မှပဲ တိတိကျကျ ထုတ်ပေးပါမယ်၊ အဲ့ဒီရက်မှာတော့ ကျနော်တို့ ကာကွယ်ရေးဘက်က ဒဏ်ရာအနည်းငယ်ရတာ ရှိတာပေါ့” ဟု KNDF ဗဟိုသတင်းနှင့်ပြန်ကြားရေးမှ တာဝန်ရှိသူတဦးက မဇ္ဈိမ ကို ပြောသည်။

သိမ်းဆည်းရမိသည့် လက်နက်များမှာ MA-1 လေးလက်၊ MA-4 တလက်၊ MA-3 တလက်၊ အီနာဂါဗုံးသီး ၂၃ ခု၊ ၆၀ မမ ဗုံးသီး ရှစ်လုံး၊ လက်ပစ်ဗုံး ငါးလုံး၊ M- 14 နင်းမိုင်း နှစ်လုံး၊ ၄၀ မမ ဗုံးသီး ခြောက်လုံး၊ RPG ထိပ်ဖူး ကိုးခု၊ MA magazine ၁၃ ခု၊ ပို့ယမ်း ငါးချောင်းနှင့် ကျည်ဆံများဖြစ်ကြောင်း KNDF က ပြောသည်။
ထို့ပြင် စစ်ကောင်စီတပ်သားများလွယ်သည့် ခြင်းကျား ကိုးလုံးကိုလည်း သိမ်းဆည်းရမိထားကြောင်း ဆိုသည်။

ဩဂုတ်လ ၁၂ ရက်နေ့ ဖရူဆိုတိုက်ပွဲအတွင်း သေဆုံးသူများအနက် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စစ်မှုထမ်းကောင်းတံဆိပ်ချီးမြှင့်ထားသည့် ဒုတပ်ကြပ်အောင်နိုင်ဝင်းလည်း ပါဝင် ကြောင်း KNDF ဒု-စစ်ဦးစီးချုပ်မာဝီက ၎င်း၏ ဖေစ်ဘွတ်တွင် ဓာတ်ပုံနှင့်တကွ ဖော်ပြထားသည်။

ဒီးမော့ဆို-ဖရူဆို လမ်းပိုင်းတွင် စစ်ကောင်စီတပ်နှင့် ကရင်နီတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များကြား ပြီးခဲ့သည့် ဩဂုတ်လ ၂ ရက်နေ့မှ စတင်ကာ လက်ရှိအချိန်အထိ တိုက်ပွဲပြင်းထန်နေဆဲဖြစ်သည်။

စာတည်း။ ။ နောင်နောင်
စာမူတည်းဖြတ်။ ။စောဖေ

#ဖရူဆိုတိုက်ပွဲ
#ဒီးမော့ဆို
#စစ်ကောင်စီတပ်
#Mizzima

ဓါတ်ပုံ-ဩဂုတ် ၁၂ ရက်နေ့ ဖရူဆိုတိုက်ပွဲတွင် သိမ်းဆည်းရမိထားသည့် လက်နက်ခဲယမ်းများ

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍8❤3👏2🥴2
အာဏာရှင်စနစ် အဆုံးသတ်နိုင်ရေး အဖွဲ့အစည်း အားလုံးနဲ့လက်တွဲလုပ်ဆောင်မယ်လို့ KNU ဥက္ကဌပြော
=================

အာဏာရှင်စနစ်ရဲ့ လမ်းစဉ်နဲ့ လုပ်ငန်းအားလုံး အဆုံးသတ်ရေးအတွက် စစ်အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ခိုက်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ၊ ဒီမိုကရေစီအင်အားစုတွေ အပါအဝင် လူထုအခြေပြု အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်မည်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။

ဩဂုတ်လ ၁၂ ရက်နေ့မှာ ကျရောက်ခဲ့တဲ့  ၇၃ နှစ်မြောက် “ကရင့်အမျိုးသား အာဇာနည်နေ့” မိန့်ခွန်းမှာ KNU ဥက္ကဌ ပဒိုစောကွယ်ထူးဝင်းက ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ တိုင်းရင်းသားလူမျိုးပေါင်းစုံ နေထိုင်ကြပြီး စစ်အုပ်စုဟာ မဟာလူမျိုးကြီး ဝါဒကို အသုံးချကာ အာဏာရှင်စနစ်ကို တည်ဆောက်ပြီး ကိုယ်ကျိုးရှာနေကြောင်း၊ အာဏာရှင် စနစ် အပြင် အာဏာရှင်စနစ်ရဲ့ လမ်းစဉ်နဲ့ အုပ်ချုပ်ရေး လုပ်ငန်းအားလုံး အဆုံးသတ်နိုင်ရေးအတွက် အာ ဏာရှင်စနစ်နဲ့ အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ခိုက်နေကြတဲ့ တိုင်းရင်းသားတော်လှန်ရေး အဖွဲ့ အစည်းများ၊ ဒီမိုကရေစီအင်အားစုများ၊ လူထုအခြေပြုအဖွဲ့အစည်းများနဲ့လက်တွဲ လုပ်ဆောင် ကြရ မည် ဖြစ်ကြောင်း KNU ဥက္ကဌပဒိုစောကွယ်ထူးဝင်းက ပြောဆိုခဲ့တာဖြစ်ပါတယ်။

၁၉၆၂ ခုနှစ်မှစကာ မဟာလူမျိုးကြီးဝါဒကို ကိုင်စွဲပြီး နိုင်ငံရဲ့ အာဏာကို အတင်းအဓမ္မ ရယူကာ စစ် အုပ်ချုပ်ရေးစနစ်ကို ပုံစံအမျိုးမျိုးဖြင့် ကျင့်သုံးနေကြောင်း၊ အာဏာရှင်အုပ်စုသည် စစ်တပ်ကို အသုံးချ ပြီး ပြည်သူလူထုနဲ့ တိုင်းရင်းသား လူမျိုးများရဲ့ ဆန္ဒကို ဆန့်ကျင်ကာ ဖိနှိပ်အုပ်ချုပ်လျက်ရှိကြောင်း၊ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှစပြီး နိုင်ငံရဲ့ အာဏာကို နောက်ထပ်တစ်ဖန် အတင်းအဓမ္မ ရယူခဲ့ရာ ပြည်သူလူထုမှ လုံးဝလက်ခံနိုင်ခြင်းမရှိသဖြင့် နည်းလမ်းမျိုးစုံဖြင့် ဆန့်ကျင်လျက်ရှိပြီး လက်နက်ကိုင်တော်လှန်ရတဲ့ အဆင့်သို့ ရောက်ရှိခဲ့ရာ အာဏာရှင်အုပ်စုမှလည်း စစ်တပ်ကို အသုံးချ ကာ စစ်ရေးအရ အကြမ်းဖက်တဲ့ နည်းလမ်းများကို ဆိုးဆိုးရွားရွား လုပ်ဆောင်နေကြောင်း ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။

စစ်ရေးဖြင့် အကြမ်းဖက်မှုဟာ  မြန်မာလူမျိုးအမားစုနေထိုင်တဲ့နေရာ၊ ဒေသများသို့ပင် ပြန့်နှံ့သက်ရောက်လျက်ရှိပြီး စစ်အုပ်စုမှ လက်နက်ကြီးများ၊ အမြောက်ကြီးများအပြင် တိုက်လေ ယာဉ် များပါ အသုံးပြုတိုက်ခိုက်နေပေမယ့်လည်း တိုင်းရင်သားပြည်သူလူထုနေအဖြင့် အညံ့မခံပဲ အာဏာရှင်အုပ်စုအား နိုင်ငံရေး၊ စစ်ရေးအပြင် သံတမန်နည်းလမ်း စတဲ့နည်းလမ်းအမျိုးမျိုးဖြင့် တော်လှန်နေကြောင်း ဆိုထားပါတယ်။

အစုအဖွဲ့အားလုံးကို စုစည်းပြီး စစ်တပ်ရဲ့ ကံကြမ္မာဟာ လူထုလက်ထဲကို ပြန်လည်ရောက်ရှိတဲ့အထိ ဆောင်ရွက်ရမယ်လို့လည်း ပဒိုစောကွယ်ထူးဝင်းက ပြောကြားခဲ့ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတ ဒူဝါလရှီးလကလည်း  အမျိုးသားတန်းတူညီမျှရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ထောင်နိုင်ရေးအတွက် ကရင်တိုင်းရင်းသားများနဲ့ အတူတကွရပ်တည်ပြီး ရန်သူဖက်ဆစ်စစ်တပ်ကို အပြီးတိုင်ချေမှုန်းသွားမှာဖြစ်ကြောင်း (၇၃)နှစ်မြောက် ကရင့်အာဇာနည်နေ့ဂုဏ်ပြုစကား ပြောကြားရာမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ကိုလက်မှတ် ရေးထိုးခဲ့ပေမယ့် စစ်အာဏာသိမ်းပြီးကတည်းက NCA ဟာ ပျက်စီးသွားပြီလို့ KNU ကထုတ်ဖော် ပြောဆိုထားပါတယ်။

https://youtu.be/OJRcPTX0-jw

#PoliticalNews
#Mizzima
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U
❤8👍4😁2
​​ကျိုက်မရောနှင့် ကျုံဒိုးမှ စစ်ကောင်စီစခန်းများ ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်ခံရ၍ ၆ ဦးသေ၊ ၇ ဦး ဒဏ်ရာရ
==================

ဂျူချန်း
(မဇ္ဈိမ)။ ။မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ချောင်းနှစ်ခွစစ်ဆေးရေးဂိတ်နှင့် ကရင်ပြည်နယ် ကော့ကရိတ် မြို့နယ် ကျုံဒိုးမြို့ရှိ ဂျိုင်းမြစ်ကူးတံတားအနီးမှ စစ်ကောင်စီစခန်းတို့ကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ ကြောင်း Alpha Bats Drone တပ်ဖွဲ့မှ တာဝန်ရှိသူတဦးက ပြောသည်။

ဩဂုတ်လ ၁၁ ရက်နေ့ ညနေ ၆ နာရီခန့်တွင် စစ်ကောင်စီတပ်မှအင်အား ၃၀ ခန့် အထိုင်ချလေ့ရှိသည့် ကျိုက်မရောမြို့နယ် အတ္ထရံတံတား (ချောင်းနှစ်ခွ) စစ်ဆေးရေးဂိတ်ကို KNDO တပ်ရင်း(၆)၊ Alpha Bats ဒရုန်းတပ်ဖွဲ့တို့ ပူးပေါင်းကာ fixed wing အမျိုးအစားဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ် သား ခြောက်ဦးသေဆုံးကာ လေးဦး အပြင်းအထန်ဒဏ်ရာသွားကြောင်း သိရသည်။
“ခြောက်ယောက်သေ၊ လေးယောက်ထိတယ်။ ကျနော်တို့ နယ်မြေခံသတင်းရင်းမြစ်ကလည်း အတည်ပြု ထားပါတယ်။ ရင်း(၆) က အဲဒီအထိ ပေါက်တယ်လေ” ဟု Alpha Bats ဒရုန်းတပ်ဖွဲ့တာဝန်ရှိသူတဦးက မဇ္ဈိမကိုပြောသည်။

ကျုံဒိုးမြို့ ဂျိုင်းတံတားထိပ်ရှိစစ်ကောင်စီစခန်းသို့ အရှေ့တောင်တိုင်းစစ်ဌာနချုပ်မှ ဒုတိုင်းမှူးလာမည်ဟု သတင်းရရှိသောကြောင့် ဩဂုတ်လ ၁၂ ရက်နေ့ နံနက် ၈ နာရီခွဲခန့်တွင် ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့ရာ နားနေဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲပြီး အရာရှိအဆင့်သုံးဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဆိုသည်။

“အဲဒီစစ်ကောင်စီစခန်းမှာ နားနေဆောင်အကြီးကြီးရှိတယ်။ အဲဒီမှာဝင်နားမယ်လို့ သတင်းရတယ်။ သူတို့ ဘက်က သတင်းအရမ်းဖုံးထားတော့ အရာရှိထိတယ်လို့ပဲ သိရတယ်။ ဘယ်ရာထူးအဆင့်လဲ တိတိကျကျ မသိရဘူး။ ဒါပေမယ့် ထိသွားတဲ့ အရာရှိသုံးယောက်ထဲက တယောက်ကတော့ ပြင်းပြင်းထန်ထန် ဒဏ်ရာ ရတယ်လို့ သိရတယ်” ဟု Alpha Bats ဒရုန်းတပ်ဖွဲ့တာဝန်ရှိသူက ပြောသည်။
ဒရုန်းဖြင့် ပစ်ခတ်တိုက်ခိုက်ခံရပြီးနောက် ကျုံဒိုးမြို့အခြေစိုက် ခမရ(၅၄၆) မှ လက်နက်ကြီးဖြင့် ပစ်ခတ် ခဲ့ကြောင်းလည်း သိရသည်။

ပြီးခဲ့သည့် ဇွန်လ ၂၇ ရက်နေ့ကလည်း ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွကျေးရွာ ရဲစခန်းအား KNDO တပ်ရင်း (၆)၊ Alpha Bats Fixed Wings Drone တပ်ဖွဲ့နှင့် PDF ပူးပေါင်းအဖွဲ့က ဒရုန်းဖြင့် ဗုံးသီးငါးလုံးချ တိုက်ခိုက်ခဲ့ရာ ရဲလေးဦးသေဆုံးခဲ့သည်။

စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ

#ချောင်းနှစ်ခွစစ်ဆေးရေးဂိတ်
#ကျုံဒိုးမြို့
#ဒရုန်းဖြင့်ဗုံးကြဲ

ဓါတ်ပုံ- Alpha Bats တပ်ဖွဲ့ဝင်များ

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍9👏4😁2
မြဝတီ-ကော့ကရိတ် လမ်းဟောင်းကို အတက် ၁ ရက်၊ အဆင်း ၁ ရက် အသွားအလာပြုလုပ်ရန် သတ်မှတ်
👍1🔥1