Mizzima
✔
47.6K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
တိုက်ပွဲနှင့် မိုင် ၂၀ ခန့်ဝေးသည့်ကျေးရွာများအား စစ်ကောင်စီတပ်ကဗုံးကြဲမှု စစ်ရာဇဝတ်မှု ကျူးလွန်ခြင်းဖြစ်ကြောင်း CNA ပြော
👍10🔥1😁1
တိုက်ပွဲနှင့် မိုင် ၂၀ ခန့်ဝေးသည့်ကျေးရွာများအား စစ်ကောင်စီတပ်ကဗုံးကြဲမှု စစ်ရာဇဝတ်မှု ကျူးလွန်ခြင်းဖြစ်ကြောင်း CNA ပြော
===============

ပါခွီး

(မဇ္စျိမ)။ ။ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်အတွင်း တိုက်ပွဲဧရိယာနှင့် အလှမ်းဝေးသော ကျေးရွာနှစ်ရွာကို စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်သဖြင့် ဒေသခံ ၁၄ ဦး ဒဏ်ရာရရှိသွားကြောင်း ချင်း အမျိုးသားတပ်မတော်(CNA) ပြောခွင့်ရသူက မဇ္ဈိမကိုပြောသည်။

ဖလမ်းမြို့အခြေစိုက် စစ်ကောင်စီတပ်စခန်းကို ချင်းအမျိုးသားတပ်မတော်(CNA)နှင့် မဟာမိတ်များဝင် ရောက်တိုက်ခိုက်ပြီးနောက် တိုက်ပွဲနေရာနှင့် မိုင် ၂၀ ခန့်ကွာဝေးသည့် ရမ်ထလိုကျေးရွာနှင့် ဆွန်ထလာ ကျေးရွာတို့ကို စစ်ကောင်စီတပ်ကလေကြောင်းမှ ဗုံးကြဲခဲ့ခြင်းဖြစ်သည်။ 

ဒေသခံပြည်သူများအပေါ် အကြမ်းဖက်ဗုံးကြဲမှုသည် စက်ဆုပ်ဖွယ်လုပ်ရပ်ဖြစ်ပြီး လိုက်နာကျင့်သုံးရမည့် ကျင့်ဝတ်များကို ချိုးဖောက်ကာစစ်ရာဇဝတ်မှုကိုကျူးလွန်ခြင်းဖြစ်ကြောင်း CNA ပြောခွင့်ရသူ ဆလိုင်း ထက်နီက မဇ္ဈိမကို ပြောသည်။

“စကစရဲ့ စစ်ရာဇဝတ်မှုကျူးလွန်နေတာ အားလုံးအသိပါ။ CNF/CNA အနေနဲ့ လေယာဉ်မပျံသန်းရဇုန် အထိ တောင်းဆိုခဲ့ဖူးပြီ။ စကစအမြစ်ပြတ် ဖြုတ်ချရေးကလွဲလို့ ရွေးစရာမရှိဘူး” ဟု ဆလိုင်းထက်နီက မဇ္စျိမကိုပြောသည်။

အဆိုပါတိုက်ခိုက်မှုကြောင့် ဖလမ်းမြို့နယ် ရမ်ထလိုကျေးရွာတွင် ခုနစ်ဦးနှင့် ဆွန်ထလာကျေးရွာမှ ခုနစ် ဦး၊ စုစုပေါင်း ၁၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ထို့ပြင် ခရစ်ယာန်ဘုရားကျောင်းနှင့် လူနေအိမ်အနည်းဆုံး နှစ်လုံး မီးလောင်ပျက်စီးခဲ့ကြောင်းလည်း သိရ သည်။

ကျေးရွာအပေါ် ဗုံးကြဲတိုက်ခိုက်မှုသည် စစ်ရာဇဝတ်မှုကို ကျူးလွန်ခြင်းဖြစ်ပြီး အစုလိုက်အပြုံလိုက် သေ စေနိုင်သည့် ဗုံးကြဲတိုက်ခိုက်သောလုပ်ရပ်ကို အပြင်းအထန်ရှုတ်ချကြောင်းလည်း ဆိုသည်။

စစ်ကောင်စီတပ်၏ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် ထိခိုက်နစ်နာခဲ့ရသည့် ပြည်သူများနှင့်မိသားစုဝင် များကို ပံ့ပိုးကူညီမှုများပြုလုပ်ပေးကြရန်နှင့် စစ်ကောင်စီကို အမြန်ဆုံးအရေးယူရန်လိုအပ်ကြောင်းလည်း CNF က ထုတ်ပြန်ထားသည်။

ဖလမ်းမြို့အခြေစိုက် ခလရ (၂၆၈) တပ်ရင်းကို ချင်းပူးပေါင်းတပ်ဖွဲ့ဖြစ်သော CNA ၊ CDF – KKG နှင့် CDF – Hualngoram တို့မှ ဩဂုတ်လ ၁၂ ရက် နံနက် ၁ နာရီခွဲမှ ၄ နာရီခွဲထိ သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ခြောက်ဦးသေဆုံးပြီး ကိုးဦး ဒဏ်ရာရရှိသွားကြောင်း သိရသည်။
ထိုတိုက်ပွဲတွင် ချင်းပူးပေါင်းတပ်ဖွဲ့မှလည်း CDF – KKG တပ်ဖွဲ့ဝင်တဦး ကျဆုံးခဲ့သည်။

စာတည်း။  ။ နောင်နောင်
စာမူတည်းဖြတ်။ ။စောဖေ

#ဖလမ်း
# ခလရ(၂၆၈)
#CNA
#Mizzima

ဓာတ်ပုံ- စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးမှုများအား တွေ့ရစဉ် (The Chin Journal)

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍14🔥2😁1🤬1😢1
သြဂုတ်လ (၁၄)ရက်၊ မွန်းလွဲ ၂ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
==============

− ဖားကန့် မြေစာပုံပြိုကျမှု ၃၄ ဦးထက်မနည်း ပျောက်ဆုံးနေတဲ့သတင်း

− အာဆီယံပါလီမန်များညီလာခံ AIPA အဖွဲ့ မြန်မာနိုင်ငံကိုသွားဖို့ ပြင်ဆင်နေတဲ့သတင်း

− မြန်မာနိုင်ငံနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်အဖြစ် အင်ဒိုနီးရှားကိုဆက်ထားဖို့ အမေရိကန်တိုက်တွန်းလိုက်တဲ့သတင်းနဲ့
 
− ဖရူဆိုတိုက်ပွဲမှာ စစ်ကောင်စီတပ်ထံမှ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိကြောင်း KNDF ပြောတဲ့သတင်းအပါအဝင် တခြား အရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်း တွေကို တင်ဆက်ပေးသွားမှာပါ။

https://youtu.be/N9aS5FI-3xY

#2pmnews
#Mizzimanewshour
#mizzimatv
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍11🔥1🍌1
​​တိုင်းနှင့်ပြည်နယ် ၅ ခု ထပ်မံ မိုးကြီးနိုင်
===============

ရောင်နီ
(မဇ္စျိမ)။ ။ ပဲခူးတိုင်းအပါအ၀င် တိုင်းနှင့်ပြည်နယ် ငါးခုတွင် ထပ်မံ မိုးကြီးနိုင်သည့်အတွက် သတိပြုကြရန် အမျိုးသားညီညွတ်ရေးအစိုးရ၊လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး၀န်ကြီးဌာန (MOHADM)က သတင်းထုတ်ပြန်သည်။
ယနေ့ သြဂုတ်လ ၁၄ ရက်နေ့မှ ဩဂုတ်လ ၂၀ ရက်နေ့အထိ မိုးလေ၀သအခြေအနေကို MOHADM က သတိပေးထားရာ၌ ပဲခူးတိုင်း၊ စစ်ကိုင်းတိုင်း အထက်ပိုင်း၊ ကချင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းတွင် နောက်တကြိမ်ထပ်မံမိုး ကြီးနိုင်ကြောင်း သတိပေးထားသည်။ မိုးများမှုကြောင့် ဖြစ်ပေါ်လာနိုင်သည့် နောက်ဆက်တွဲ ရေကြီး၊ရေလျှံမှုနှင့် မြေပြိုမှုဘေးများအတွက် အထူးသတိထား ပြင်ဆင်နေထိုင်ရန်လည်း MOHADM ကအသိပေးထားသည်။

ဩဂုတ်လဆန်းမှစတင်ကာ မြန်မာနိုင်ငံအနှံအပြားတွင် မိုးကောင်းနေပြီး မြစ်ချောင်းများတွင်လည်း စိုးရိမ်ရေမှတ်အထက်သို့ မြင့်တက်ခဲ့သည်။ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ပဲခူးတိုင်းမှ မြို့နယ်အချို့တွင် ရေကြီးနစ် မြုပ်မှုကို ရင်ဆိုင်ခဲ့ရပြီး ထိခိုက်ပျက်စီးမှုများ ရှိခဲ့သည်။ ကရင်ပြည်နယ်မှ အာရှလမ်းမကြီး၊ မြဝတီ-ကော့ကရိတ်လမ်းပိုင်း နှစ်နေရာ၌မြေပြိုကျခဲ့ပြီး ယနေ့အထိ ပြန်လည်ပြင်ဆင်နိုင်ခြင်းမရှိသေးပေ။ ဩဂုတ်လ ပထမလပတ်အတွင်း ရေဘေးကြောင့် သေဆုံးသူ ၅ ဦးထက်မနည်းရှိခဲ့ပြီး လူဦးရေ ၄၀,၀၀၀ခန့် ရေဘေးရင်ဆိုင်ခဲ့ရသည်။

စစ်ကောင်စီမိုးဇလဌာနက တနင်္သာရီတိုင်းနှင့်ကချင်ပြည်နယ်တွင် မိုးပိုလာနိုင်ကြောင်းနှင့် စစ်ကိုင်းတိုင်းအတွင်း ချင်းတင်းမြစ်ရေသည် ဟုမ္မလင်းနှင့် ဖောင်းပြင်မြို့၊ ပဲခူးတိုင်းအတွင်း စစ်တောင်းမြစ်ရေသည် မဒေါက်မြို့၊ ကရင်ပြည်နယ်အတွင်း သံလွင်မြစ်ရေသည် ဘားအံမြို့များတွင် စိုးရိမ်ရေအထက်သို့ ရောက်ရှိနေကြောင်း ယနေ့ သြဂုတ်လ ၁၄ ရက်တွင် ထုတ်ပြန်ထားသည်။

စာတည်း - မောင်ကြီး

#mizzima
#ပဲခူးတိုင်း
#တိုင်းနှင့်ပြည်နယ်ငါးခု
#မိုးသတိပေးချက်
#MOHADM

ပုံစာ - ကရင်ပြည်နယ်တွင် မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေတိုက်စားမှုကြောင့် သြဂုတ်လ ၇ ရက်နေ့က ပြိုကျပျက်စီးခဲ့သည့် အာရှလမ်းပိုင်းတစ်နေရာ။ (ပုံ - CJ)

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍12🔥1😁1
​​မြောင်မြို့ရှိ ရဲစခန်းနှင့် ထွေအုပ်ရုံးကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ ပစ်ခတ်တိုက်ခိုက်
======================

MTO
(မဇ္ဈိမ)။ ။စစ်ကိုင်းတိုင်း၊ မြောင်မြို့ရှိ ရဲစခန်းနှင့် အထွေထွေအုပ်ချုပ်‌‌ရေးမှူးရုံးကို ဩဂုတ်လ ၁၃ ရက်နေ့ နံနက်အစောပိုင်းက တပြိုင်တည်းတိုက်ခိုက်ခဲ့ကြောင်း မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေး အဖွဲ့(CDSOM)ထံမှ သိရသည်။

ဒရုန်းတပ်ဖွဲ့နှင့်မြေပြင်တပ်ဖွဲ့များပူးပေါင်းကာ မြေပြင်နှင့်ဝေဟင်မှ တစ်ပြိုင်တည်းတိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်း CDSOM အဖွဲ့ ခေါင်းဆောင် ကိုနွေဦးက ပြောသည်။

“ဒရုန်းအဖွဲ့က သူတို့ဘက်က ကောင်တာပြန်ပစ်နိုင်တဲ့ နေရာတွေ၊ လက်နက်ကြီးထားတဲ့ နေရာတွေကို ဒရုန်းနဲ့တောက်လျှောက်ပစ်တယ်။ မြေပြင်က လက်နက်ကြီးတွေအားပြုပစ်ခတ်ပြီး အနီးကပ်လည်း ဝင် ပစ်တယ်” ဟု ၎င်းကဆိုသည်။

တိုက်ပွဲဖော်ဆောင်ချိန် နှစ်နာရီခန့် ကြာမြင့်ခဲ့ပြီး အပြန်အလှန်ပစ်ခတ်မှု မိနစ် ၃၀ ခန့် ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

ပုံမှန်အားဖြင့် စစ်ကောင်စီတပ်ဖွဲ့ဘက်က အပြင်းအထန် ပြန်လည်ပစ်ခတ်ခြင်း၊ ဆုတ်ခွာချိန်တွင် လိုက်လံ ပစ်ခတ်ခြင်းမျိုး ပြုလုပ်လေ့ရှိသော်လည်း ယခုတိုက်ပွဲတွင် ထိုကဲ့သို့ လုပ်ဆောင်ခြင်းမရှိကြောင်း ကိုနွေဦး က ပြောသည်။

“ကျနော်တို့ဘက်က လက်နက်ကြီးပစ်ခတ်မှုတွေဟာ ပစ်မှတ်ကိုထိမှန်မှုတွေရှိခဲ့တယ်။ ခါတိုင်းဆို အခုလို တိုက်ပွဲပြီးသွားရင် အနီးအနား နေအိမ်တွေကို ဝင်စစ်တာ၊ မသင်္ကာတဲ့ လူငယ်တွေဆို ဖမ်းဆီးတာမျိုး ရှိ တယ်။ အခုတခေါက်မှာတော့ အဲ့လိုမျိုးတွေ လုပ်နိုင်တာမတွေ့ဘူး။ အထဲမှာ ထိခိုက်ဒဏ်ရာရတာတွေ များလို့ထင်တယ်” ဟု ဆိုသည်။

ယခုတိုက်ခိုက်မှုကို ဒရုန်းအဖွဲ့သုံးဖွဲ့နှင့် မြေပြင်မဟာမိတ်အဖွဲ့ ၁၈ ဖွဲ့ တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်း မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့(CDSOM) က ထုတ်ပြန်ထားသည်။

စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ

#စစ်ကိုင်းတိုင်း
#မြောင်မြို့
#စစ်ကောင်စီတပ်
#တိုက်ခိုက်မှု

ပုံအညွှန်း - ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်မှုပြုလုပ်သည့် မှတ်တမ်း။(ဓာတ်ပုံ-CDSOM)

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
❤9👏5👍2😁2
​​ငါန်းဇွန်တွင် ကြံ့ခိုင်ရေးပါတီဝင် အပါအဝင် လူ ၄ ဦး ပစ်သတ်ခံရ
===================

007
(မဇ္ဈိမ)။ ။မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ် သာကျင်းကျေးရွာတွင် ဩဂုတ်လ ၁၃ ရက်နေ့၊ မွန်းလွဲ ၃ နာရီ က ကြံ့ခိုင်ရေးပါတီဝင်တဦးအပါအဝင် လူလေးဦး သေနတ်ဖြင့်ပစ်ခတ်သတ် ခံခဲ့ရကြောင်း ဒေသခံများက မဇ္ဈိမကို ပြောသည်။

“ကြံ့/ဖွံ့ တယောက်ပါတယ်၊ နောက်ပြီးတော့ အုပ်ကြီးယောက်ဖနဲ့ အုပ်ကြီးရဲ့ ဆွေမကင်း၊ မျိုးမကင်းထဲက အမျိုးသမီးနှစ်ယောက်ပါတယ်၊ စုစုပေါင်းလေးယောက်ပါ။ သေနတ်သမားက အားလုံးပေါင်း ၁၀ ယောက် ကျော်တယ်လို့ ပြောတယ်။ ဆိုင်ကယ်တွေနဲ့ ဝင်လာပြီး တနေရာစီမှာ သတ်ပြီး ပြန်ထွက်သွားကြတာလို့ သိရတယ်” ဟု ငါန်းဇွန်ဒေသခံတဦးက မဇ္ဈိမကို ‌ပြောသည်။

စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့နှင့်နီးစပ်သူတဦး၏အဆိုအရ အမည်မသိ လူ ၁၂ ဦးခန့်သည် ဆိုင် ကယ်ခြောက်စီးဖြင့် ရောက်ရှိလာပြီး သာကျင်းကျေးရွာအဝင် တောစပ်အနီးတွင် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီဝင် အသက် ၂၀ အရွယ် ကိုဖုန်းတင့်အား ပစ်သတ်ခဲ့ကြောင်း သိရသည်။

ယင်းနောက် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး၏ နေအိမ်သို့သွားရောက်ကာ ပစ်ခတ်မှုများပြုလုပ်ခဲ့ရာ အုပ်ချုပ်ရေးမှူး၏ ယောက်ဖဖြစ်သူ အသက် ၅၄ နှစ်အရွယ် ဦးဟန်လင်း ကျည်ဆန်ငါးချက် ထိမှန်ကာ သေဆုံး သွားသည်။

ဆက်လက်ပြီး ကျေးရွာအရှေ့ဘက်ရှိ ဈေးဆိုင်တဆိုင်တွင်ရောက်ရှိနေသော အသက် ၄၈ နှစ်အရွယ် ဒေါ်လှလှနှင့် အသက် ၂၅ နှစ်အရွယ် မယဉ်မွန်ဇော်တို့လည်း ပစ်သတ်ခံရပြီး သေဆုံးသွားကြောင်း ခရိုင် ရဲတပ်ဖွဲ့နှင့် နီးစပ်သူတဦးက ပြောသည်။

“လေးယောက်စလုံး ဦးခေါင်းပွင့်ထွက်ဒဏ်ရာတွေနဲ့ချည်း ပွဲချင်းပြီး သေတယ်”ဟု ရဲနှင့် နီးစပ်သူတဦးက ပြောသည်။
၎င်းတို့ကို မည်သည့်အဖွဲ့၊ မည်သူတို့က ပစ်ခတ်ခဲ့သည်ကို မသိရသေးပေ။

ထို့ပြင် အသတ်ခံရသူလေးဦးသည် အာဏာသိမ်းစစ်ကောင်စီတပ်ကို သတင်းပေးနေသူများဖြစ်ကြောင်း ပြောဆိုကြသော်လည်း မဇ္ဈိမအနေဖြင့် သီးခြားအတည် မပြုနိုင် သေးပေ။

မန္တလေးတိုင်း၊ မြင်းခြံခရိုင်တွင် သြဂုတ်လ ၁၁ ရက်နေ့ ညကလည်း နွားထိုးကြီးမြို့နယ် မင်းရွာ စာသင် ကျောင်းအတွင်း ပုန်းအောင်းနေသော ကြောင်နံကျေးရွာအုပ်ချုပ်ရေးမှူးလင်မယား အပါအဝင် လူလေးဦး ပစ်သတ်ခံခဲ့ရသည်။

စာတည်း။ ။ နောင်နောင်
စာမူတည်းဖြတ်။ ။စောဖေ

#ငါန်းဇွန်
#Mizzima
#ကြံ့ခိုင်ရေးပါတီဝင်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍12❤1👏1😁1🤮1
ဆောက်သမ်တန်ကွင်းလယ်လူ ဝဒ်-ပရောက်စ်ကို ဝက်စ်ဟမ်းအသင်း ခေါ်ယူ
===================

ဝက်စ်ဟမ်းအသင်းဟာ တနင်္လာနေ့မှာ ဆောက်သမ်တန်အသင်းမှ အင်္ဂလန်ကွင်းလယ်လူ ဂျိမ်းစ်ဝဒ်-ပရောက်စ်ကို ပေါင်သန်း ၃၀ (ဒေါ်လာ ၃၈ သန်း) ဖြင့် စာချုပ်ခဲ့ပါတယ်။

ဝဒ်-ပရောက်စ်ဟာ ဆောက်သမ်တန်မှ တန်းဆင်းသွားပြီးနောက် ပရီးမီးယားလိဂ်သို့ အမြန်ပြန်လာနိုင်တာကြောင့် Hammersတို့နဲ့ လေးနှစ်စာချုပ်ချုပ်ဆိုဖို့ သဘောတူညီပါတယ်။

အသက် ၂၈ နှစ်အရွယ် ကစားသမားဟာ ဆောက်သမ်တန်အသင်းအတွက် ပွဲပေါင်း ၄၁၀ ကစားပေးခဲ့ပြီး အသင်းခေါင်းဆောင်လည်းဖြစ်ခဲ့ပါတယ်။ သူတို့ဟာ ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်ကနေ တန်းဆင်းခဲ့ရပါတယ်။

Photos: West Ham/Twitter

#jameswardprowse
#WestHam
#southampton
#Mizzima
👍9🔥1
This media is not supported in your browser
VIEW IN TELEGRAM
လက်တင်အမေရိကမှာ ငြိမ်းချမ်းတဲ့နိုင်ငံအဖြစ်ကနေ အဆိုးရွားဆုံးဖြစ်လာတဲ့ အီကွေဒေါ

#InternationalNews #reels #shorts #Mizzima
👍6🔥2
This media is not supported in your browser
VIEW IN TELEGRAM
ဟာဝိုင်အီမှာ သေဆုံးသူ ၉၃ ဦးထိမြင့်တက်လာတဲ့ မီးလောင်ကျွမ်းမှုအတွက် တရားဝင်သတိပေးချက်တွေ မရရှိခဲ့ကြောင်း ဒေသခံတွေပြော

#InternationalNews #reels #shorts #Mizzima
👍7❤1
နေ့မြင်ညပျောက် မသေချာမရေရာနဲ့ စစ်ဗိုလ်ချုပ်တွေ ဘဝ
=====================

တပ်ပျက်နေပြီပြောတော့လည်း သေလောက်အောင် နာတတ်ကြတယ်။ မဟုတ်ဘူးလားဆိုတော့လည်း ဟုတ်နေ တာပဲ။ စစ်တိုက်ထွက်ရမှာစိုးလို့ လာဘ်ပေးပြီး ရှောင်သူကရှောင်၊ ထွက်ပြေးသူကပြေးနဲ့ ဖြစ်ချင်တိုင်းဖြစ်နေတာ ကို တပ်ပျက်တာလို့မပြောရင် ဘယ်လိုပြောပေးရမလဲ။

တချို့မြို့နဲ့အလှမ်းဝေးတဲ့ နယ်စပ်မြို့နယ်တွေက တပ်တွေ ဆိုရင် တော်လှန်ရေးအင်အားစုတွေကို လက်နက်ချသွားတာမနည်းတော့ပါဘူး။ ဒါကို စစ်ကောင်စီက မဟုတ်မမှန် သတင်းတွေနဲ့ နောက်ကလိုက်ပြီး မနည်းဖုံးဖိနေရတာဖြစ်ပါတယ်။ အခုနောက်ပိုင်း တိုင်းမှူးနဲ့ စစ်ဒေသမှူးတွေ အထိတပ်တွင်းအမိန့်ဖီဆန်မှုတွေလုပ်လာတာကို စစ်ကောင်စီ ကြုံနေရပြီး ဖမ်းဆီးစစ်ဆေးတာတွေလုပ်နေရတာ ဖြစ်ပါတယ်။

https://youtu.be/kb0nJsobJyo

#Newsfeature
#Mizzima
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U
👍13😁4❤2
မြိတ်တွင် ယာဉ်ထိန်းရဲတပ်ဖွဲ့က ပျူစောထီးများကိုနေ့တွက်ပေးပြီး အရပ်ဝတ်ဖြင့် ဆိုင်ကယ်ဖမ်းခိုင်း
👍5😁5🤬2❤1
မြိတ်တွင် ယာဉ်ထိန်းရဲတပ်ဖွဲ့က ပျူစောထီးများကိုနေ့တွက်ပေးပြီး အရပ်ဝတ်ဖြင့် ဆိုင်ကယ်ဖမ်းခိုင်း
==================

ကိုရွှေမြိတ်
(မဇ္ဈိမ)။ ။တနင်္သာရီတိုင်း၊ မြိတ်မြို့ရှိ မြို့ပေါ်ရပ်ကွက်များတွင် စစ်ကောင်စီလက်အောက်ခံ ယာဉ်ထိန်းရဲ တပ်ဖွဲ့က ပျူစောထီးများကို နေ့တွက် ၂၀,၀၀၀ ကျပ်ပေးပြီး အရပ်ဝတ်ဖြင့် ဆိုင်ကယ်ဖမ်းခိုင်းနေကြောင်း မြို့ခံများက ပြောသည်။

ယခင်က မြိတ်မြို့တွင် ယာဉ်ထိန်းရဲတပ်ဖွဲ့မှ အင်အားအများအပြားဖြင့် လမ်းဆုံ၊ လမ်းခွများတွင် ဂိတ်ချ ဖမ်းဆီးလေ့ရှိသော်လည်း ယခုအခါ မြို့ပေါ်ရပ်ကွက်များရှိ လမ်းကြားများအတွင်းထိ ဝင်ရောက်ဖမ်းဆီး နေခြင်းဖြစ်သည်။

“ညက အလုပ်ကပြန်လာတဲ့ကလေးတွေ စက်ဝင်းကနေတရုတ်တန်းဖက်ကိုအတက်မှာ အရပ်ဝတ်နဲ့ ပျူ တွေက ပိတ်ဖမ်းလိုက်လို့ ဖမ်းခံလိုက်ရတယ်” ဟု မြိတ်တောင်နယ်မြေမှ ဒေသခံအမျိုးသမီးက ပြော သည်။

အကယ်၍ ဆိုင်ကယ်ဖမ်းဆီးခံရပါက တစီးလျှင် ဒဏ်ငွေ ၁၅၀,၀၀၀ ကျပ်အထိ ဒဏ်ရိုက်နေကြောင်း ဒေသခံတဦးကလည်းဆိုသည်။
ပျူစောထီးဆိုသူများက ဆိုင်ကယ်လေးငါးစီးဖြင့် ဦးထုပ်မဆောင်းဘဲ မြို့ပေါ်ရပ်ကွက် နေရာအချို့တွင် အသွား၊ အပြန်မောင်းနင်းပြပြီး ရောနှောလိုက်ပါလာသောအရပ်သားဆိုင်ကယ်များကို ပိတ်ဖမ်းခြင်းမျိုး လည်းပြုလုပ်ကြောင်း ဒေသခံများကပြောသည်။

အလုပ်အကိုင်ရှားပါးမှုကြောင့် ဝင်ငွေနည်းပါးနေသောအခြေခံလုပ်သားအများစုသည် ယခုကဲ့သို့ ရပ်ကွက် အတွင်း လမ်းကြားအထိ လိုက်လံဖမ်းဆီးနေခြင်းကြောင့် ဒဏ်ငွေပေးဆောင်ရန် အခက်အခဲဖြစ်နေ ကြောင်းလည်း ဆိုသည်။

စာတည်း ။။ Alden
စာမူတည်းဖြတ်။ ။စောဖေ

#မြိတ်မြို့
#ဆိုင်ကယ်ဖမ်း
#ရပ်ကွက်
#ပျူစောထီး
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤬15👍4❤2😁2😱2
သြဂုတ်လ (၁၄)ရက်၊ ညနေ ၄ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
=======================

00:59 - အာဏာရှင်စနစ် အဆုံးသတ်နိုင်ရေး အဖွဲ့အစည်း အားလုံးနဲ့လက်တွဲလုပ်ဆောင်မယ်လို့ KNU ဥက္ကဌပြောတဲ့သတင်း

04:15 - မြဝတီ-ကော့ကရိတ် လမ်းဟောင်းကို အတက် ၁ ရက်၊ အဆင်း ၁ ရက် အသွားအလာပြုလုပ်ဖို့ သတ်မှတ်တဲ့ သတင်း

05:14 - မြန်မာနိုင်ငံနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် အင်ဒိုနီးရှားကိုဆက်ထားဖို့ အမေရိကန်တိုက်တွန်းတဲ့ သတင်းနဲ့

10:00 - မလေးရှားနိုင်ငံရဲ့ လက်ရှိအာဏာရညွန့်ပေါင်းအစိုးရက ပြည်နယ်ရွေးကောက်ပွဲတွေမှာ အတိုက်အခံတွေကို အနိုင်ယူခဲ့တဲ့

သတင်း အပါအဝင် တခြား အရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်း တွေကို တင်ဆက်ပေးသွားမှာပါ။

https://youtu.be/uZSvPqaaxRc

#4pmnews
#Mizzimanewshour
#mizzimatv
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍9😁2❤1
Media is too big
VIEW IN TELEGRAM
ရုရှားကာကွယ်ရေးဝန်ကြီးက အာတိတ်စစ်ရေးစခန်းတွေကို ကြည့်ရှုစစ်ဆေး

#InternationalNews #reels #shorts #Russia #Mizzima
❤2👍1