Mizzima
✔
47.6K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
မြိတ်တွင် ယာဉ်ထိန်းရဲတပ်ဖွဲ့က ပျူစောထီးများကိုနေ့တွက်ပေးပြီး အရပ်ဝတ်ဖြင့် ဆိုင်ကယ်ဖမ်းခိုင်း
👍5😁5🤬2❤1
မြိတ်တွင် ယာဉ်ထိန်းရဲတပ်ဖွဲ့က ပျူစောထီးများကိုနေ့တွက်ပေးပြီး အရပ်ဝတ်ဖြင့် ဆိုင်ကယ်ဖမ်းခိုင်း
==================

ကိုရွှေမြိတ်
(မဇ္ဈိမ)။ ။တနင်္သာရီတိုင်း၊ မြိတ်မြို့ရှိ မြို့ပေါ်ရပ်ကွက်များတွင် စစ်ကောင်စီလက်အောက်ခံ ယာဉ်ထိန်းရဲ တပ်ဖွဲ့က ပျူစောထီးများကို နေ့တွက် ၂၀,၀၀၀ ကျပ်ပေးပြီး အရပ်ဝတ်ဖြင့် ဆိုင်ကယ်ဖမ်းခိုင်းနေကြောင်း မြို့ခံများက ပြောသည်။

ယခင်က မြိတ်မြို့တွင် ယာဉ်ထိန်းရဲတပ်ဖွဲ့မှ အင်အားအများအပြားဖြင့် လမ်းဆုံ၊ လမ်းခွများတွင် ဂိတ်ချ ဖမ်းဆီးလေ့ရှိသော်လည်း ယခုအခါ မြို့ပေါ်ရပ်ကွက်များရှိ လမ်းကြားများအတွင်းထိ ဝင်ရောက်ဖမ်းဆီး နေခြင်းဖြစ်သည်။

“ညက အလုပ်ကပြန်လာတဲ့ကလေးတွေ စက်ဝင်းကနေတရုတ်တန်းဖက်ကိုအတက်မှာ အရပ်ဝတ်နဲ့ ပျူ တွေက ပိတ်ဖမ်းလိုက်လို့ ဖမ်းခံလိုက်ရတယ်” ဟု မြိတ်တောင်နယ်မြေမှ ဒေသခံအမျိုးသမီးက ပြော သည်။

အကယ်၍ ဆိုင်ကယ်ဖမ်းဆီးခံရပါက တစီးလျှင် ဒဏ်ငွေ ၁၅၀,၀၀၀ ကျပ်အထိ ဒဏ်ရိုက်နေကြောင်း ဒေသခံတဦးကလည်းဆိုသည်။
ပျူစောထီးဆိုသူများက ဆိုင်ကယ်လေးငါးစီးဖြင့် ဦးထုပ်မဆောင်းဘဲ မြို့ပေါ်ရပ်ကွက် နေရာအချို့တွင် အသွား၊ အပြန်မောင်းနင်းပြပြီး ရောနှောလိုက်ပါလာသောအရပ်သားဆိုင်ကယ်များကို ပိတ်ဖမ်းခြင်းမျိုး လည်းပြုလုပ်ကြောင်း ဒေသခံများကပြောသည်။

အလုပ်အကိုင်ရှားပါးမှုကြောင့် ဝင်ငွေနည်းပါးနေသောအခြေခံလုပ်သားအများစုသည် ယခုကဲ့သို့ ရပ်ကွက် အတွင်း လမ်းကြားအထိ လိုက်လံဖမ်းဆီးနေခြင်းကြောင့် ဒဏ်ငွေပေးဆောင်ရန် အခက်အခဲဖြစ်နေ ကြောင်းလည်း ဆိုသည်။

စာတည်း ။။ Alden
စာမူတည်းဖြတ်။ ။စောဖေ

#မြိတ်မြို့
#ဆိုင်ကယ်ဖမ်း
#ရပ်ကွက်
#ပျူစောထီး
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤬15👍4❤2😁2😱2
သြဂုတ်လ (၁၄)ရက်၊ ညနေ ၄ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
=======================

00:59 - အာဏာရှင်စနစ် အဆုံးသတ်နိုင်ရေး အဖွဲ့အစည်း အားလုံးနဲ့လက်တွဲလုပ်ဆောင်မယ်လို့ KNU ဥက္ကဌပြောတဲ့သတင်း

04:15 - မြဝတီ-ကော့ကရိတ် လမ်းဟောင်းကို အတက် ၁ ရက်၊ အဆင်း ၁ ရက် အသွားအလာပြုလုပ်ဖို့ သတ်မှတ်တဲ့ သတင်း

05:14 - မြန်မာနိုင်ငံနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် အင်ဒိုနီးရှားကိုဆက်ထားဖို့ အမေရိကန်တိုက်တွန်းတဲ့ သတင်းနဲ့

10:00 - မလေးရှားနိုင်ငံရဲ့ လက်ရှိအာဏာရညွန့်ပေါင်းအစိုးရက ပြည်နယ်ရွေးကောက်ပွဲတွေမှာ အတိုက်အခံတွေကို အနိုင်ယူခဲ့တဲ့

သတင်း အပါအဝင် တခြား အရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်း တွေကို တင်ဆက်ပေးသွားမှာပါ။

https://youtu.be/uZSvPqaaxRc

#4pmnews
#Mizzimanewshour
#mizzimatv
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍9😁2❤1
Media is too big
VIEW IN TELEGRAM
ရုရှားကာကွယ်ရေးဝန်ကြီးက အာတိတ်စစ်ရေးစခန်းတွေကို ကြည့်ရှုစစ်ဆေး

#InternationalNews #reels #shorts #Russia #Mizzima
❤2👍1
ဂန့်ဂေါတွင် စစ်ကောင်စီတပ်မှပစ်ခတ်သော လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ၍ အရပ်သား ၂ ဦး သေဆုံးပြီး ၄ ဦးဒဏ်ရာရ
🤬4🔥3😢2👍1😁1
ဂန့်ဂေါတွင် စစ်ကောင်စီတပ်မှပစ်ခတ်သော လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ၍ အရပ်သား ၂ ဦး သေဆုံးပြီး ၄ ဦးဒဏ်ရာရ
=====================

ပါခွီး
(မဇ္စျိမ)။ ။မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်အတွင်းတပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ပစ်ခတ်သည့် လက်နက် ကြီးကျည် ကျရောက်ပေါက်ကွဲ၍ ဒေသခံ အရပ်သားနှစ်ဦးသေဆုံးပြီး လေးဦးဒဏ်ရာရရှိသွားကြောင်း ဂန့်ဂေါမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)က ယမန်နေ့ ဩဂုတ်လ ၁၃ ရက်က ထုတ်ပြန်သည်။

ဂန့်ဂေါမြို့နယ်၊ မြောက်ခင်ရန်းကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့သည် စစ်ရေးပစ်မှတ် မဟုတ်သည့် ကျေးရွာများအတွင်းသို့ ၁၂၀ မမဖြင့် ပစ်ခတ်ခဲ့ရာ ဩဂုတ်လ ၈ ရက်နေ့တွင် ရေသာကျေးရွာ သို့ ကျရောက်ပေါက်ကွဲခဲ့ပြီး အသက် ၃၄ နှစ်အရွယ် အမျိုးသမီးတဦး၏ ဦးခေါင်းကိုလက်နက်ကြီးကျည် စထိမှန်ကာ ပြင်းထန်ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။

ဩဂုတ်လ ၁၁ရက်နေ့တွင်လည်း အဆိုပါ မြောက်ခင်ရန်းကျေးရွာမှ စစ်ကောင်စီတပ်ဖွဲ့က လက်နက်ကြီး ဖြင့်ပစ်ခတ်ရာ ဂန့်ဂေါမြို့နယ် မြင်သားရွာသို့ ကျည်နှစ်လုံးကျရောက်ပေါက်ကွဲခဲ့ပြီး အသက် ၅၈ နှစ် အရွယ်အမျိုးသမီးတဦးနှင့် အသက် ၃၃ နှစ်အရွယ် အမျိုးသားတဦး လက်နက်ကြီးကျည်စ ထိမှန် သေဆုံးခဲ့ ကြောင်း သိရသည်။
ထို့ပြင် အသက် ၁၂ နှစ်အရွယ် ကလေးငယ်တဦး၊ အသက် ၂၈ နှစ်အရွယ်အမျိုးသား တဦးနှင့် အသက် ၆၃ နှစ်အရွယ် အမျိုးသမီးတဦးတို့ လက်နက်ကြီးကျည်စ ထိမှန်ဒဏ်ရာများ ရရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်ကောင်စီ၏ အဆိုပါလုပ်ရပ်များသည် ရာဇဝတ်မှုမြောက်သည့် အကြမ်းဖက်လုပ်ရပ်များဖြစ်သည်ဟု လည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဂန့်ဂေါမြို့နယ် တောင်ခင်ရန်းကျေးရွာ နယ်မြေရဲစခန်းမှ စစ်ကောင်စီတပ်ဖွဲ့ များသည် ဩဂုတ်လ ၁၃ ရက် နေ့ နံနက် ၉ နာရီမှစ၍ ကျေးရွာအတွင်းရှိ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ်ခုနစ်လုံး မီးလောင် ပျက်စီးခဲ့ပြီး ယင်းတပ်ဖွဲ့၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့်နေအိမ်နှစ်လုံး ပျက်စီးခဲ့ရကြောင်း သိရသည်။
ယင်းနေ့တွင်ပင် မြောက်ခင်ရန်းကျေးရွာရှိ စစ်ကောင်စီတပ်ဖွဲ့က ၁၂၀ မမ လက်နက်ကြီးဖြင့် မြင်သား ကျေးရွာသို့ပစ်ခတ်ခဲ့ရာ ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့သော်လည်း အထိအခိုက်မရှိကြောင်း ဂန့်ဂေါမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ

#မကွေးတိုင်း
#ဂန့်ဂေါမြို့နယ်
#စစ်ကောင်စီတပ်
#လက်နက်ကြီးပစ်ခတ်မှု

ဓါတ်ပုံ - ဂန်ဂေါမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🔥4🤬4👍2😢2😁1
This media is not supported in your browser
VIEW IN TELEGRAM
စစ်ပွဲကြားမှာအသက်ရှင်ရပ်တည်နိုင်ဖို့ အသေးစားစီးပွားရေးလုပ်ငန်းတွေ ဆူဒန်ပြည်သူတွေ စတင်လုပ်ကိုင်လာကြ

#InternationalNews #reels #shorts #Business #Mizzima
🔥2👍1
စစ်ကောင်စီနှင့်နီးစပ်တဲ့ရွှေဗျိုင်းဖြူကုမ္ပဏီဖျက်သိမ်းကြောင်းကြေညာ| Business Round Up (14.8.2023)
===================

- စစ်ကောင်စီနှင့် နီးစပ်တဲ့ ရွှေဗျိုင်းဖြူစက်သုံးဆီကုမ္ပဏီ ဖျက်သိမ်းလိုက်ကြောင်း ကြေညာ

- မူးယစ်ဆေးဝါးပြဿနာကိုဖြေရှင်းဖို့ အာဆီယံနိုင်ငံအချင်းချင်း နိုင်ငံရေးရောယှက်မှုကင်းစွာ သတင်းဖလှယ်ရန်လိုအပ်ဟုဆို

- လပိုင်းအတွင်း ပြည်တွင်းဘဏ်များက အမေရိကန်ဒေါ်လာ(၈)သိန်းနီးပါးကို အသေးသုံးအဖြစ် ရောင်းချခဲ့

- ထိုင်းထုတ်ကုန်တချို့(၂ဝ) ရာခိုင်နုန်းခန့် ဈေးတက်လာ

https://youtu.be/NJ6f-CkJXHI
 
#BusinessRoundUp
#mizzimatv
👍9😁2
This media is not supported in your browser
VIEW IN TELEGRAM
တပတ်အတွင်း ဖော်ထုတ်ထားတဲ့ သတင်းတု/မှား တွေကို ဂျူချန်းက တင်ဆက်ထားပါတယ်။

အပြည့်အစုံကြည့်ရန် - https://youtu.be/0iFUcKMpqkA

#Misinformation_Buster #Fake_News #reels #shorts #package
🔥4👍2
၈၇၅ ရက်မြောက် စစ်အာဏာရှင်ဆန့်ကျင်ရေး ချီတက်ခဲ့သည့် ကျေးရွာပေါင်းစုံသပိတ်
====================

ပါခွီး
(မဇ္စျိမ)။ ။စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်နှင့် ဆားလင်းကြီးမြို့နယ်အတွင်းရှိ ကျေးရွာများစုပေါင်း၍ စစ် အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲကို ဩဂုတ်လ ၁၄ ရက် ယနေ့တွင် ချီတက်ဆန္ဒပြကြပြသည်။

လူထုသပိတ်စစ်ကြောင်းသည် “ဖက်ဆစ်ဝင်ငွေ ဖြတ်တောက် ပြည်သူ့ဘဏ္ဍာ တည်ဆောက်” စာတမ်း ကိုင်ဆောင်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ကြွေးကြော်သံများ ဟစ်ကြွေးချီတက်ခဲ့သည်။
ယင်းနောက် ကျဆုံးခဲ့သော အာဇာနည်အပေါင်းကို ဦးညွှတ်အလေးပြုခဲ့ကြပြီး သွေးမော်ကွန်းတေးသီချင်း ကိုသံပြိုင်သီဆိုကာ ကြွေးကြော်သံများဖြင့် ဆန္ဒပြပွဲကို ရုပ်သိမ်းခဲ့ကြသည်။

ယနေ့ဆန္ဒပြပွဲသည် ကျေးရွာပေါင်းစုံသပိတ်စစ်ကြောင်း၏ စစ်အာဏာရှင်ဆန့်ကျင်ရေး ၈၇၅ ရက်မြောက် ဖြစ်ကြောင်း သိရသည်။
ယင်းမာပင်မြို့နယ်နှင့် ဆားလင်းကြီးမြို့နယ်တို့မှ ကျေးရွာပေါင်းစုံသပိတ်စစ်ကြောင်းသည် ၂၀၂၁ ခုနှစ် မတ်လ ၉ ရက်နေ့မှ စတင်ကာ စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြခဲ့ခြင်းဖြစ်သည်။

#စစ်ကိုင်းတိုင်း
#ကျေးရွာပေါင်းစုံသပိတ်စစ်ကြောင်း
#စစ်အာဏာရှင်ဆန့်ကျင်ရေး

Website Link - http://www.mizzimaburmese.com/article/132067
👍10❤7🔥1😁1🤔1
ဖမ်းဆီးခံရတဲ့ မြန်မာ ၅၀ ကျော်မှာ PDF တွေ မဟုတ်တဲ့အကြောင်း | Misinformation Buster S3| Ep.78
===================

မဇ္ဈိပရိသတ်များအားလုံး မင်္ဂလာပါ။ သတင်းတု/မှား များကို တိုက်ဖျက်ခြင်း (Misinformation Buster) အစီအစဉ်ကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ်။

ဒီတပတ်မှာတော့
-KBZ Bank နာမည်နဲ့ ဘဏ်အကောင့်လုံခြုံရေး အန္တရာယ်ရှိနေတယ်လို့ ဖုန်းကနေ SMS စာတို ပေးပို့တာတွေ ရှိနေတဲ့အကြောင်း

-ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှာ ဖမ်းဆီးခံရတဲ့ မြန်မာ ၅၀ ကျော်မှာ PDF တွေ မဟုတ်တဲ့အကြောင်း

-Cobra စစ်ကြောင်းမှူး ဗိုလ်တာဘော သေဆုံးတာဟာ အမှန်မဟုတ်တဲ့အကြောင်း စတဲ့ တစ်ပါတ်အတွင်းမှာ ပျံ့နှံ့နေခဲ့တဲ့ သတင်းတုသတင်းမှားတွေကို စုစည်းတင်ဆက်ပေးမှာပါ။

https://www.youtube.com/watch?v=0iFUcKMpqkA
👍12😁1🍌1