၈၇၅ ရက်မြောက် စစ်အာဏာရှင်ဆန့်ကျင်ရေး ချီတက်ခဲ့သည့် ကျေးရွာပေါင်းစုံသပိတ်
====================
ပါခွီး
(မဇ္စျိမ)။ ။စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်နှင့် ဆားလင်းကြီးမြို့နယ်အတွင်းရှိ ကျေးရွာများစုပေါင်း၍ စစ် အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲကို ဩဂုတ်လ ၁၄ ရက် ယနေ့တွင် ချီတက်ဆန္ဒပြကြပြသည်။
လူထုသပိတ်စစ်ကြောင်းသည် “ဖက်ဆစ်ဝင်ငွေ ဖြတ်တောက် ပြည်သူ့ဘဏ္ဍာ တည်ဆောက်” စာတမ်း ကိုင်ဆောင်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ကြွေးကြော်သံများ ဟစ်ကြွေးချီတက်ခဲ့သည်။
ယင်းနောက် ကျဆုံးခဲ့သော အာဇာနည်အပေါင်းကို ဦးညွှတ်အလေးပြုခဲ့ကြပြီး သွေးမော်ကွန်းတေးသီချင်း ကိုသံပြိုင်သီဆိုကာ ကြွေးကြော်သံများဖြင့် ဆန္ဒပြပွဲကို ရုပ်သိမ်းခဲ့ကြသည်။
ယနေ့ဆန္ဒပြပွဲသည် ကျေးရွာပေါင်းစုံသပိတ်စစ်ကြောင်း၏ စစ်အာဏာရှင်ဆန့်ကျင်ရေး ၈၇၅ ရက်မြောက် ဖြစ်ကြောင်း သိရသည်။
ယင်းမာပင်မြို့နယ်နှင့် ဆားလင်းကြီးမြို့နယ်တို့မှ ကျေးရွာပေါင်းစုံသပိတ်စစ်ကြောင်းသည် ၂၀၂၁ ခုနှစ် မတ်လ ၉ ရက်နေ့မှ စတင်ကာ စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြခဲ့ခြင်းဖြစ်သည်။
#စစ်ကိုင်းတိုင်း
#ကျေးရွာပေါင်းစုံသပိတ်စစ်ကြောင်း
#စစ်အာဏာရှင်ဆန့်ကျင်ရေး
Website Link - http://www.mizzimaburmese.com/article/132067

👍10❤7🔥1😁1🤔1
ဖမ်းဆီးခံရတဲ့ မြန်မာ ၅၀ ကျော်မှာ PDF တွေ မဟုတ်တဲ့အကြောင်း | Misinformation Buster S3| Ep.78
===================
မဇ္ဈိပရိသတ်များအားလုံး မင်္ဂလာပါ။ သတင်းတု/မှား များကို တိုက်ဖျက်ခြင်း (Misinformation Buster) အစီအစဉ်ကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ်။
ဒီတပတ်မှာတော့
-KBZ Bank နာမည်နဲ့ ဘဏ်အကောင့်လုံခြုံရေး အန္တရာယ်ရှိနေတယ်လို့ ဖုန်းကနေ SMS စာတို ပေးပို့တာတွေ ရှိနေတဲ့အကြောင်း
-ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှာ ဖမ်းဆီးခံရတဲ့ မြန်မာ ၅၀ ကျော်မှာ PDF တွေ မဟုတ်တဲ့အကြောင်း
-Cobra စစ်ကြောင်းမှူး ဗိုလ်တာဘော သေဆုံးတာဟာ အမှန်မဟုတ်တဲ့အကြောင်း စတဲ့ တစ်ပါတ်အတွင်းမှာ ပျံ့နှံ့နေခဲ့တဲ့ သတင်းတုသတင်းမှားတွေကို စုစည်းတင်ဆက်ပေးမှာပါ။
https://www.youtube.com/watch?v=0iFUcKMpqkA

YouTube
ဖမ်းဆီးခံရတဲ့ မြန်မာ ၅၀ ကျော်မှာ PDF တွေ မဟုတ်တဲ့အကြောင်း | Misinformation Buster S3| Ep.78
မဇ္ဈိပရိသတ်များအားလုံး မင်္ဂလာပါ။ သတင်းတု/မှား များကို တိုက်ဖျက်ခြင်း (Misinformation Buster) အစီအစဉ်ကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ်။
ဒီတပတ်မှာတော့
-KBZ Bank နာမည်နဲ့ ဘဏ်အကောင့်လုံခြုံရေး အန္တရာယ်ရှိနေတယ်လို့ ဖုန်းကနေ SMS စာတို ပေးပို့တာတွေ ရှိနေတဲ့အကြောင်း…

👍12😁1🍌1
သြဂုတ်လ ၁၄ ရက်နေ့ ညနေ ၅ နာရီထိ နောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေး၊ စားအုန်းဆီစျေး
=================
https://youtu.be/3VjCM9d_mF8

-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို…

👍6🔥3
ဖရူဆိုတိုက်ပွဲအတွင်း ကျဆုံးသွားသည့် KNDF ရဲဘော်ဝင်းမောင်၏ စျာပန
===================
ကိုဇာနည်
(မဇ္စျိမ)။ ။ကရင်နီပြည်၊ ဖရူဆိုမြို့နယ်၊ကဒါလားရွာတွင် ပြီးခဲ့သည့် သြဂုတ်လ ၉ ရက်နေ့က စစ်ကောင်စီတပ်နှင့် ကရင်နီပူးပေါင်းတပ်ဖွဲ့တိုက်ပွဲ အပြင်းအထန်ဖြစ်ခဲ့ပြီး ကရင်နီအမျိုးသားများကာကွယ်ရေးတပ်၊ တပ်ရင်းအမှတ်(၄)၊ KNDF B-04 မှ ရဲဘော်၀င်းမောင်ကျဆုံးခဲ့သည်။
ရဲဘော်၀င်းမောင်(ခ)ဆီမိုးနယ်သည် စစ်ကောင်စီတပ်ကိုခုခံတိုက်ခိုက်ရင်းမြင့်မြတ်စွာကျဆုံးသွားသည်ဟု KNDF B-04 က ယမန်နေ့ ဩဂုတ်လ ၁၃ရက်က ထုတ်ပြန်ထားသည်။
ရဲဘော်၀င်းမောင်(ခ)ဆီမိုးနယ်၏ကျဆုံးမှုအတွက် ကျန်ရစ်သူ မိသားစုနှင့်အတူထပ်တူ၀မ်းနည်းရပြီး အာဇာနည် သူရဲကောင်းအဖြစ် မှတ်တမ်းတင် အလေးပြုပါသည်ဟု KNDF B-04 က ထုတ်ပြန်သည်။
" ကြယ်တပွင့် ကြွေလွင့်ခြင်း "ဟု KNDF B-04 ၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ရဲဘော် ဝင်းမောင် (ခ)ဆီမိုးနယ်သည် KNDF B-04 တွင်၂၀၂၁၊ဇွန်လ(၂၇)ရက်နေ့မှစ၍တာ၀န်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။ ၎င်း၏ စျာပနအခမ်းအနားကရင်နီပြည်နယ်တနေရာတွင် ယခုရက်ပိုင်း ပြုလုပ်ခဲ့သည်။
ကဒါလားရွာတိုက်ပွဲတွင် စစ်ကောင်စီဘက်မှထိခိုက်မှုကို KNDF B-04က ယနေ့ ဩဂုတ်လ ၁၄ရက်အထိ သတင်းထုတ်ပြန်ခြင်းမရှိသေးပေ။ ကဒါလားရွာတွင် တိုက်ပွဲဖြစ်သည့်နေ့က လွိုင်ကော်မြို့ပတ်လမ်း ၊နမ့်ကွန်ရေစီးကွေ့ တလျှောက်တွင်လည်း စစ်ကောင်စီတပ်နှင့် ကရင်နီပူးပေါင်းတပ်ဖွဲ့တို့တိုက်ပွဲဖြစ်ခဲ့သည်။ ထိုတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်သုံးဦးထက်မနည်းသေဆုံးခဲ့ပြီး ခုနစ်ဦးဒဏ်ရာရသွားကာ စစ်ကားတစီးကို ဖျက်ဆီးနိုင်ခဲ့သည်ဟု KNDF က သတင်းထုတ်ပြန်ထားသည်။
စာတည်း - မောင်ကြီး
#mizzima
#ဖရူဆိုမြို့နယ်
#ကရင်နီပူးပေါင်းတပ်ဖွဲ့တိုက်ပွဲ
#KNDF B-04
#ရဲဘော်၀င်းမောင်
Photo - KNDF B-04
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

😢13❤3👍2🥰1😁1
မြန်မာနိုင်ငံရှိ လက်နက်ကိုင်ဆန့်ကျင်တော်လှန်မှုကို အနောက်အုပ်စု ထောက်လှမ်းရေး အေဂျင်စီများက လောင်စာဖြည့်ပေးနေသလား
=======================
မြန်မာစစ်တပ်၏ ဗိုလ်ချုပ်ကြီးများသည် ၎င်းတို့ကို ပြည်ပ ထောက်လှမ်းရေး အေဂျင်စီများက ထိုးနှက်လျက် ရှိသည် ဆိုပြီး ဆယ်စုနှစ်များကြာ အခိုင်အမာ ယုံကြည်ခဲ့ကြသည်။ စစ်တပ်အုပ်ချုပ်မှုကို တိုက်စားလျော့ပါးစေရန်၊ ပြည်တွင်း မတည်မငြိမ်မှုတို့ကို အားပေးအားမြှောက်ပြုရန်နှင့် ပြည်သူထုအကြား ဇဝေဇဝါ ဖြစ်စေရေး သွေးထိုးရန် ထို ပြည်ပ ထောက်လှမ်းရေးအေဂျင်စီများသည် နိုင်ငံအတွင်းနှင့် နိုင်ငံ၏ နယ်စပ်များအနှံ့တွင် လျှို့ဝှက်လှုပ်ရှားကြသည်ဟု မြန်မာစစ်ဗိုလ်ချုပ်ကြီးများက ထင်မြင်ယူဆသည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
=======================
မြန်မာစစ်တပ်၏ ဗိုလ်ချုပ်ကြီးများသည် ၎င်းတို့ကို ပြည်ပ ထောက်လှမ်းရေး အေဂျင်စီများက ထိုးနှက်လျက် ရှိသည် ဆိုပြီး ဆယ်စုနှစ်များကြာ အခိုင်အမာ ယုံကြည်ခဲ့ကြသည်။ စစ်တပ်အုပ်ချုပ်မှုကို တိုက်စားလျော့ပါးစေရန်၊ ပြည်တွင်း မတည်မငြိမ်မှုတို့ကို အားပေးအားမြှောက်ပြုရန်နှင့် ပြည်သူထုအကြား ဇဝေဇဝါ ဖြစ်စေရေး သွေးထိုးရန် ထို ပြည်ပ ထောက်လှမ်းရေးအေဂျင်စီများသည် နိုင်ငံအတွင်းနှင့် နိုင်ငံ၏ နယ်စပ်များအနှံ့တွင် လျှို့ဝှက်လှုပ်ရှားကြသည်ဟု မြန်မာစစ်ဗိုလ်ချုပ်ကြီးများက ထင်မြင်ယူဆသည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍11😁5👏1🤔1
ဘုတလင်မြို့နယ် သခွတ္တနယ်ကျေးရွာတွင် နေအိမ် ၄၀ ကျော်ကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီး
🤬12❤1😁1😢1
ဘုတလင်မြို့နယ် သခွတ္တနယ်ကျေးရွာတွင် နေအိမ် ၄၀ ကျော်ကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီး
==================
လွှမ်းမိုး
(မဇ္ဈိမ)။ ။စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်အနောက်ခြမ်းတွင် စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ် က ဩဂုတ်လ ၁၂ ရက်နေ့ ညနေ ၄ နာရီတွင် သခွတ္တနယ်ကျေးရွာမှ နေအိမ် ၄၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ ကြောင်း ဒေသခံများထံမှ သိရသည်။
သခွတ္တနယ်ကျေးရွာသို့ စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာစဉ် ထွက်ပြေးတိမ်းရှောင်ခဲ့ရသော ရွာသူရွာ သားများမှာလည်း လက်ရှိအချိန်ထိ အိမ်မပြန်ရဲကြသေးကြောင်း မီးလောင်အိမ်ခြေစာရင်း ပြုစုနေသည့် ဒေသခံတဦးက မဇ္ဈိမကို ပြောသည်။
“အခုမှ ရှင်းလင်းရေးတွေ လုပ်နေကြရတာ ဖြစ်ပါတယ်။ တချို့ဒေသခံတွေဆို ရွာတောင် ပြန်မကပ်ဝံ့ကြ သေးပါဘူး။ သိရသလောက် မီးရှို့ခံရတဲ့ အိမ်ခြေ ၄၀ ကျော်နဲ့ ဆိုင်ခန်း ၁၁ ခန်းရှိမယ်” ဟု အဆိုပါ ဒေသခံ က မဇ္ဈိမကို ပြောသည်။
ထို့အပြင် ၎င်းစစ်ကောင်စီစစ်ကြောင်းသည် ဩဂုတ်လ ၁၁ ရက်နေ့ နံနက် ၈ နာရီက သစ်ခဲကျေးရွာကို စစ် ကြောင်းသုံးကြောင်းခွဲပြီး သေနတ်များပစ်ဖောက်ဝင်ရောက်ကာ နေအိမ်နှစ်လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း လည်း ဒေသခံများက ပြောသည်။
လက်ရှိတွင် အဆိုပါ စစ်ကောင်စီစစ်ကြောင်းသည် ဘုတလင်မြို့နယ် ညောင်ကန်ကျေးရွာသို့ ရောက်ရှိ နေသည့်အတွက် မောင်းထောင်၊ လည်တီ၊ ချောင်းဆုံ၊ လက်ယက်တွင်း၊ ရွာသာ၊ ဂွေးပင် စသည့် ကျေးရွာ များမှ လူဦးရေ ၁၀,၀၀၀ ကျော် စစ်ရှောင်နေကြရကြောင်း သိရသည်။
ဓာတ်ပုံ- မီးရှို့ခံရပြီးနောက် သခွတ္တနယ်ကျေးရွာ မြင်ကွင်း (CJ)
စာတည်း။ ။ နောင်နောင်
စာမူတည်းဖြတ်။ ။စောဖေ
#ဘုတလင်
#တခွတ္တနယ်ကျေးရွာ
#Mizzima
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
==================
လွှမ်းမိုး
(မဇ္ဈိမ)။ ။စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်အနောက်ခြမ်းတွင် စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ် က ဩဂုတ်လ ၁၂ ရက်နေ့ ညနေ ၄ နာရီတွင် သခွတ္တနယ်ကျေးရွာမှ နေအိမ် ၄၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ ကြောင်း ဒေသခံများထံမှ သိရသည်။
သခွတ္တနယ်ကျေးရွာသို့ စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာစဉ် ထွက်ပြေးတိမ်းရှောင်ခဲ့ရသော ရွာသူရွာ သားများမှာလည်း လက်ရှိအချိန်ထိ အိမ်မပြန်ရဲကြသေးကြောင်း မီးလောင်အိမ်ခြေစာရင်း ပြုစုနေသည့် ဒေသခံတဦးက မဇ္ဈိမကို ပြောသည်။
“အခုမှ ရှင်းလင်းရေးတွေ လုပ်နေကြရတာ ဖြစ်ပါတယ်။ တချို့ဒေသခံတွေဆို ရွာတောင် ပြန်မကပ်ဝံ့ကြ သေးပါဘူး။ သိရသလောက် မီးရှို့ခံရတဲ့ အိမ်ခြေ ၄၀ ကျော်နဲ့ ဆိုင်ခန်း ၁၁ ခန်းရှိမယ်” ဟု အဆိုပါ ဒေသခံ က မဇ္ဈိမကို ပြောသည်။
ထို့အပြင် ၎င်းစစ်ကောင်စီစစ်ကြောင်းသည် ဩဂုတ်လ ၁၁ ရက်နေ့ နံနက် ၈ နာရီက သစ်ခဲကျေးရွာကို စစ် ကြောင်းသုံးကြောင်းခွဲပြီး သေနတ်များပစ်ဖောက်ဝင်ရောက်ကာ နေအိမ်နှစ်လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း လည်း ဒေသခံများက ပြောသည်။
လက်ရှိတွင် အဆိုပါ စစ်ကောင်စီစစ်ကြောင်းသည် ဘုတလင်မြို့နယ် ညောင်ကန်ကျေးရွာသို့ ရောက်ရှိ နေသည့်အတွက် မောင်းထောင်၊ လည်တီ၊ ချောင်းဆုံ၊ လက်ယက်တွင်း၊ ရွာသာ၊ ဂွေးပင် စသည့် ကျေးရွာ များမှ လူဦးရေ ၁၀,၀၀၀ ကျော် စစ်ရှောင်နေကြရကြောင်း သိရသည်။
ဓာတ်ပုံ- မီးရှို့ခံရပြီးနောက် သခွတ္တနယ်ကျေးရွာ မြင်ကွင်း (CJ)
စာတည်း။ ။ နောင်နောင်
စာမူတည်းဖြတ်။ ။စောဖေ
#ဘုတလင်
#တခွတ္တနယ်ကျေးရွာ
#Mizzima
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤬5👍4😢2❤1😁1
မုံရွာမြို့၊ တောပုရွာမှ ပျူစောထီးများက လက်နက်ကြီးနှင့်ပစ်၍ အရပ်သား ၂ဦး သေဆုံး
====================
ပါခွီး
မဇ္စျိမ ။ ။ စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ တောပုကျေးရွာမှ ပျူစောထီးများက လက်နက်ကြီးနှင့်ပစ်ခတ်ရာ ကြာပိုင်ကျေးရွာအတွင်းကျရောက်ပေါက်ကွဲပြီး ဒေသခံနှစ်ဦးသေဆုံးသွားကြောင်း သိရသည်။
တောပုကျေးရွာမှ ပျူစောထီးများသည် ဩဂုတ်လ ၁၃ရက် ညနေ ၆နာရီ ၃၀မိနစ်ခန့်တွင် ကြာပိုင်ကျေးရွာသို့ ၆၀မမ ဖြင့်ငါးချက်ပစ်ခတ်ခဲ့ခြင်းဟု သိရသည်။
"တောပုနဲ့ ကြာပိုင်က ရွာချင်းဆက်နေတာဗျ။ စောစောပိုင်းက သေနတ်သံတွေ ကြားလိုက်ရသေးတယ်။ပြီးတော့ ရွာဖက်ကို လက်နက်ကြီးနဲ့ပစ်တော့တာပဲ” ဟု ဒေသခံတဦးက မဇ္စျိမ ကိုပြောသည်။
ပစ်ခတ်မှုကြောင့် အသက်(၄၅)နှစ်အရွယ် အမျိုးသားနှင့် အသက်(၃၂) နှစ်အရွယ်အမျိုးသမီးသေဆုံးပြီး အမျိုးသမီးနှစ်ဦး၊ အမျိုးသားနှစ်ဦး ဒဏ်ရာရခဲ့ကြောင်းသိရသည်။ထို့အပြင် နွားနှစ်ကောင်သေဆုံးပြီး နှစ်ကောင်ဒဏ်ရာရခဲ့သည်။
သေဆုံးသွားခဲ့သူများကို ယမန်နေ့ညပိုင်းတွင် သင်္ဂြိုလ်ခဲ့ကြသည်။
တောပုကျေးရွာမှ ဒေသခံများကို စစ်ကောင်စီတပ်က စစ်သင်တန်းပေးပြီး လက်နက်တပ်ဆင်ပေးထားသောကြောင့် ပျုစောထီးအမာခံကျေးရွာအဖြစ် ဒေသတွင်း လူသိများသည်။ ထိုရွာမှပျူစောထီးများသည် ရွာအတွင်း အခိုင်အမာတပ်စွဲထားပြီး စစ်ကောင်စီစစ်ကြောင်းများတွင်လိုက်ပါခြင်းနှင့် လမ်းမများပေါ်စစ်ဆေးရေးလုပ်ရာတွင်ပါဝင်လေ့ရှိကြောင်းသိရသည်။
ကြာပိုင်ရွာအတွင်း ကျရောက်ပေါက်ကွဲသည့် လက်နက်ကြီးကျည်
စာတည်း - မောင်ကြီး
#mizzima
#မုံရွာမြို့နယ်
#တောပုကျေးရွာ
#ပျူစောထီး

😢7🤬4👍3😁2❤1
ဝက်လက်မြို့နယ်တွင် စစ်ကောင်စီတပ်က တိုက်ပွဲမရှိဘဲ လက်နက်ကြီးဖြင့်ပစ်ခတ်သည့်အပြင် လေကြောင်းမှပါ တိုက်ခိုက်
😢4👍3🔥1👏1