Mizzima
✔
47.7K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
​​"Iris: The Movie"
==============

တောင်ကိုရီးယား အမျိုးသား လုံခြုံရေးဌာန NSS ရဲ့ လျိုဝှက်အေးဂျင့် "ယောင်းဂျွန်နဲ့ ဆွန်းဟီ" ...

သူတို့နှစ်ဦးဟာ သိပ်ချစ်ကြတဲ့ ချစ်သူတွေဆိုရင်လည်း မမှားပါဘူး....

သူတို့တာဝန်က နိုင်ငံရေး ခိုလှုခွင့် တောင်းခံလာတဲ့ မြောက်ကိုရီးယားရဲ့ နျူလက်နက် ဖွံဖြိုးရေး တာဝန်ရှိသူ ဟုန်ဆွန်ယောင်းကို စောင့်ရှောက်ပြီး၊ တောင်ကိုရီးယားကို လွှတ်ပေးဖို့ပါ..

မထင်မှတ်ဘဲ လမ်းခုလတ်မှာတင် ဟုန်ဆွန်ယောင်း အသတ်ခံလိုက်ရချိန်မှာတော့ NSS ရဲ့ ဒါရိုက်တာဘယ်ဆန်က ယောင်းဂျွန်ကို စစ်ဆင်ရေးတစ်ခု ထပ်ပေးခဲ့ပါတယ်....

စစ်ဆင်ရေး အောင်မြင်ခဲ့သလို ယောင်းဂျွန်လည်း ပြင်းပြင်းထန်ထန် ဒဏ်ရာရခဲ့ပေမဲ့၊ ဒါရိုက်တာဘယ်ဆန်ကတော့ ယောင်းဂျွန်ကို မကယ်တဲ့အပြင် ယောင်းဂျွန်ရဲ့ သူငယ်ချင်း ဆောဝူကိုလွှတ်ပြီး နှုတ်ပိတ်ခိုင်းခဲ့ပါတယ်…

မြောက်ကိုရီးယား အေးဂျင့်တွေ ရောက်အလာနဲ့ တိုက်ဆိုင်သွားလို သူ ထွက်ပြေးချိန် ရခဲ့တာပါ။ယောင်းဂျွန်တစ်ယောက် ဆွန်းဟီဆီ ပြန်အရောက်မှာ အဖြစ်မှန်တွေ ပြောပြပြီး၊ မြောက်ကိုရီးယား အေးဂျင့်တွေရဲ့လက်က သူတိုနှစ်ဦး ထွက်ပြေးလွတ်မြောက်ဖို ကြိုးစားစဉ်မှာပဲ၊ ဆွန်းဟီ ရှိနေတဲ့ကား ပေါက်ကွဲသွားတာကို သူ မြင်လိုက်ရပါတယ်....

သေလိုမဖြစ်သေးတဲ့ သူ... အားတင်းပြီး ထွက်အပြေးမှာ ဆောဝူရဲ့လက်ချက်နဲ့ လေယာဉ်ပျက်ကျခဲ့‌ပေမဲ့၊ တစ်စုံတစ်ယောက်က သူ့ကို ကယ်တင်ထားခဲ့ပါတယ်….

ချစ်သူကို ဆုံးရှုးလိုက်ရတဲ့ ယောင်းဂျွန်၊ သူ အကွက်ဆင်ခံလိုက်ရတဲ့ နောက်ကွယ်မှာ "IRIS" ဆိုတဲ့ အဖွဲအစည်းတစ်ခု ရှိနေမှန်း သိလိုက်ရချိန်မှာတော့.....

ဟုန်ဆွန်ယောင်း မသေခင်မှာ ပေးသွားခဲ့တဲ့ USB ထဲက IRIS အဖွဲဝင်စာရင်းဟာ သူ့အတွက် တစ်ခုတည်းသော လက်နက် ဖြစ်လာခဲ့ပါပြီ….အခု သူ လက်စားချေတော့မှာပါ.....

မင်းသားချော Lee Byung-hun နဲ့ ကိုရီးယားရဲ့ အသဲနှလုံးလို တင်စားကြတဲ့ မင်းသမီးချောလေး Kim Tae-hee တိုရဲ့ အက်ရှင်/အချစ်ဇာတ်ကား "IRIS" ဟာ အက်ရှင်ချစ်သူတွေရော၊ ဒရမ်မာချစ်သူတွေပါ ကြိုက်နှစ်သက်မဲ့ ဇာတ်ကားလေး ဖြစ်တာကြောင့် ချစ်ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်နော်...
ဒီဇာတ်ကားလေးကို Mizzima + Channel မှာ စောင့်မျှော်ကြည့်နိုင်ပါပြီ။

Mizzima+ Channel တွင် ပြသနေသည့်အချိန်မှာပဲ Mizzima TV App တွင်လည်း Live stream တိုက်ရိုက်ကြည့်ရှုနိုင်တာမို့ Mizzima TV Application လေးကို download လုပ်ပြီးကြည့်လိုက်ကြရအောင်

App ဒေါင်းလော့လုပ်ရန် - http://onelink.to/jnuwak

#New ပြသမည့်ရက်။ ။ ၁၅.၈.၂၀၂၃
ပြသမည့် အချိန် ။ ။ မနက် (၁၀:၀၀)နာရီ
ပြန်လည်ပြသမည့်အချိန်။ ။ ည (၁၀:၃၀) နာရီ

(Mizzima Media ကနေ သတင်းချန်နယ် သီးသန့် အဖြစ် Mizzima TV အပြင်၊ သတင်း နှင့် ဖျော်ဖြေရေး ချန်နယ် အဖြစ် Mizzima + တို့အား PSI စလောင်းများ၊ နှစ်ပေ စလောင်းများ နှင့် ရှစ်ပေ စလောင်း များမှ တစ်ဆင့် နေ့စဉ် နံနက် ၆ နာရီ မှ ည ၁၂ နာရီအထိ ထုတ်လွှင့်ပြသနေပါသည်)။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U”
👍11🔥1
ပဲနံ့သာစေ့ရဲ့အကျိုးကျေးဇူးများ
=============

-ပဲနံ့သာစေ့က သင့်ကျန်းမာရေးအတွက် ဘာတွေအကျိုးပြုမလဲ ?

-ပဲနံ့သာစေ့မှာ ပါဝင်တဲ့ အစွမ်းသတ္တိတွေက ဘာတွေလဲ ?

-ပဲနံ့သာစေ့မှာရှိတဲ့ လျှို့ဝှက်ချက် အကျိုးအာနိသင်တွေက ဘာတွေလဲ ?

အစရှိတဲ့ အကြောင်းအရာတွေကို ဒီအစီအစဉ်ကနေ တင်ဆက်ပေးသွားမှာပါ ......

https://youtu.be/-TDUtzgqwL8

#naturearticle
#videonews
#mizzimatv
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
🔥3🌭1
အပူပေးစက်ကြီးလိုအသွင်ပြောင်းလာတဲ့အန္တာတိက | VOA On Mizzima
======================

ကမ္ဘာမှာ အပူအအေးမျှတဖို့ ထိန်းညှိပေးနေတဲ့ အန္တာတိကဒေသဟာ အအေးပေးစက်လိုမဟုတ်ပဲ အပူပေးစက်လိုအသွင်ပြောင်းလာတာ အလွန်စိုးရိမ်စရာကောင်းနေပြီလို့ သိပ္ပံပညာရှင်တွေက ပြောပါတယ်။ ကမ္ဘာမှာ ခုလိုမျိုး အပူချိန်တွေ ဆက်ပြီးမြင့်တက်နေမယ် ဆိုရင်တော့ ထိခိုက်ပျက်စီးလွယ်လှတဲ့ ဇီဝဂေဟစနစ်တွေလည်း နောက်ပြန်လှည့်လို့မရလောက်အောင် ပျက်စီးသွားလိမ့်မယ်လို့လည်း သတိပေးပါတယ်။ AP သတင်းတပုဒ်ကို နန်းလောင်ဝ် တင်ပြထားပါတယ်။

https://youtu.be/05BYDJ7jhkM

#မဇ္ဈိမအတွက်ဗွီအိုအေ
#MizzimaTV
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍6🔥1
သြဂုတ်လ (၁၅) ရက်၊ အင်္ဂါနေ့ မနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
========================

ဒီကနေ့ မနက် နားဆင်ရမယ့် အစီစဉ်တွေကတော့ ...

ကရင်ပြည်နယ်၊ မြဝတီ-ကော့ကရိတ်လမ်းဟောင်းမှာ အတက်တစ်ရက်၊ အဆင်းတစ်ရက်နဲ့ ယာဉ်တွေအသွား အလာပြုလုပ်ဖို့ သတ်မှတ်လိုက်တဲ့သတင်းနဲ့အတူ ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ် နံဇကျေးရွာမှာ စစ်ကောင်စီတပ်ရဲ့ မီးရှို့ဖျက်ဆီးတာတွေကြောင့် နေအိမ် ၁၀၃ လုံး မီးလောင်ဆုံးရှုံးခဲ့ရတဲ့သတင်း အပါအဝင် တခြား စိတ်ဝင်စားဖွယ် ပြည်တွင်းသတင်းတွေနဲ့ နောက်ဆုံးရ နိုင်ငံတကာသတင်းတွေကို နားဆင်ကြရမှာပါ။

သတင်းတွေအပြီးမှာတော့ အပတ်စဉ်ကဏ္ဍအဖြစ် “Mizzima Editorial Tlak” အစီအစဉ်ကို နားဆင်ကြရမှာပါ။

https://youtu.be/OLslTXTfldI

#morningradio
#mizzimaradio
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍5😁2
ဥရောပထိပ်တန်းလိဂ်ပွဲစဉ်များရဲ့ ရလဒ်များ
====================

ရီးမီးယားလိဂ်ပွဲစဉ်(၁)

Man United 1-0 Wolves (FT)
Varane 76'

လာလီဂါပွဲစဉ်(၁)

Cadiz 1-0 Deportivo Alaves
Emeterio 7'

Atl Madrid 3-1 Granada (FT)
Morata 45+4'
Omorodion 63'
Depay 68'
Llorente 90+9'
👍6🔥2
ယူကရိန်းအတွက် အမြောက်ကားများ အပါအဝင် ဆိုရှယ်မီဒီယာသတင်းတို | VOA On Mizzima
=======================

ရက်ပိုင်းတွေအတွင်းဆိုရှယ်မီဒီယာပေါ်မှာလူကြည့်များတဲ့တမိနစ်ဗွီဒီယိုသတင်းတွေထဲမှာတော့ ရုရှားရဲ့ ကျူးကျော်စစ်နဲ့ရင်ဆိုင်နေရတဲ့ယူကရိန်းအတွက်ဥရောပနိုင်ငံတနိုင်ငံကဂျာမန်အမြောက်ကားတွေအများကြီးဝယ်ပေးလိုက်ပါတယ်။အမေရိကားကမြို့တမြို့မှာတော့ပစ္စည်းခိုးတဲ့သူခိုးကိုအိမ်ကခွေးလေးကသေချာဧည့်ခံလိုက်တာလုံခြုံရေးကင်မရာမှာတွေ့ရပါတယ်။ ဒီလိုဆိုရှယ်မီဒီယာပေါ်မှာလူကြည့်များတဲ့တမိနစ်သတင်းတိုလေးတွေကိုမအေးသန္တာကျော်စုစည်းတင်ဆက်ထားပါတယ်

https://youtu.be/ag4OGw5haQg

#မဇ္ဈိမအတွက်ဗွီအိုအေ
#MizzimaTV
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
❤4😁2
မဇ္ဈိမအတွက် ဗွီအိုအေ သတင်းလွှာ၊ ဩဂုတ် ၁၅ ရက်၊ ၂၀၂၃ | VOA On Mizzima
======================

ကမ္ဘာ့ရာသီဥတုကို ထိန်းညှိဖို့ အအေးတွေထုတ်ပေးနေတဲ့ အန္တာတိကဒေသ အအေးတွေမထုတ်နိုင်တော့ရင် ကမ္ဘာကို ဘယ်လို ရိုက်ခတ်မှုရှိမလဲ၊ သတင်းဆောင်းပါးနဲ့အတူ၊ ယူကရိန်းအတွက် ဝယ်ပေးတဲ့ သံခြပ်ကာ အမြောက်ကားတွေ၊ အိမ်လာတဲ့ သူခိုးကို ဖော်ဖော်ရွေရွေ ဧည့်ဝတ်ကျေတဲ့ ခွေးလေး၊ ဒီလို လူကြည့်များတဲ့ ဆိုရှယ်မီဒီယာသတင်းတိုတွေ၊ နောက်ဆုံးရ ငွေကြေးဈေးကွက် သတင်းတွေကို ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၁၅ ရက်၊ အင်္ဂါမနက် မဇ္ဈိမအတွက် ဗွီအိုအေ အစီအစဉ်မှာ ကြည့်ရှုနိုင်ပါတယ်။

https://youtu.be/1DkioZFLkRs

#မဇ္ဈိမအတွက်ဗွီအိုအေ
#MizzimaTV
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍4🔥1
ဌာနဆိုင်ရာ ထိပ်တန်းအရာရှိတွေကို ခေါ်ဆူရတဲ့ဘဝ ရောက်နေတဲ့ အကြမ်းဖက် စစ်ကောင်စီခေါင်းဆောင်
=====================

အကြမ်းဖက် စစ်ကောင်စီ မင်းအောင်လှိုင်ဟာ ပြီးခဲ့တဲ့ အင်္ဂါနေ့က နေပြည်တော်မှာ နာရီနဲ့ ချီတဲ့ အစည်းအဝေး တစ်ရပ် ကျင်းပခဲ့ပြီး ဌာနဆိုင်ရာ အရာရှိတွေကို ခေါ်ဆူပူခဲ့တယ်ဆိုတဲ့ ဘီဘီစီ သတင်းတစ်ပုဒ် တွေ့ရပါတယ်။

သမ္မတအိမ်တော်မှာကျင်းပတဲ့ အဲဒီအစည်းအဝေးကို စစ်ကောင်စီရဲ့ ထိပ်တန်းအရာရှိ ၄၀၀ နီးပါးအထိ တက်ရောက်ခဲ့လို့ စစ်ကောင်စီအာဏာသိမ်းပြီး နောက်ပိုင်းကျင်းပတဲ့ အစည်းအဝေးတွေထဲမှာ အကြီးဆုံး ဖြစ်တယ်လို့လည်း သတင်းက ဆိုပါတယ်။

စစ်ကောင်စီ စစ်တပ်၊ စစ်ကောင်စီအစိုးရအဖွဲ့တွေတင် မကဘဲ တိုင်းဒေသကြီးနဲ့ ပြည်နယ် ဝန်ကြီးချုပ်တွေ၊ ညွှန်ကြားရေးမှူးချုပ်တွေကိုပါ စစ်ကောင်စီခေါင်းဆောင်က နေပြည်တော်ကို ဆင့်ခေါ်ပြီး အစည်းအဝေး ကျင်းပတယ်ဆိုပေမယ့် အစည်းအဝေးတောက်လျှောက် စစ်ကောင်စီ ခေါင်းဆောင်ရဲ့ ဆူပူသံတွေသာ ဖုံးလွှမ်းနေတယ်လို့ သိရပါတယ်။

https://youtu.be/7srVjDra6MM

#politics
#newsfeature
#mizzima
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
😁12👍7❤1🔥1
သြဂုတ်လ ၁၅ ရက်နေ့ မနက်ပိုင်း ၁၁ နာရီထိ နောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေး၊ စားအုန်းဆီစျေး
====================

https://youtu.be/rxLNWCrVAl0

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😱3🔥2