Media is too big
VIEW IN TELEGRAM
စစ်ကောင်စီတပ်က ယခုရက်ပိုင်းအတွင်း လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုများ ပိုမိုလုပ်ဆောင်လာနေ
#reels #shorts #politicalnews #Mizzima
#reels #shorts #politicalnews #Mizzima
👎3👍2❤1👏1🤬1
လက်ခတ်တောင်စခန်းကုန်း တဝိုက်တွင် တိုက်ပွဲပြင်းထန်
==================
မဇ္ဈိမ ။ ။ ကရင်ပြည်နယ်၊ မြဝတီမြို့အနီးရှိ လက်ခတ်တောင်စခန်းကုန်းကို စစ်ကောင်စီတပ်မှ ယနေ့ ဩဂုတ်လ ၁၅ ရက်နေ့ နံနက် ၄ နာရီဝန်းကျင်တွင် အင်အားအများအပြားဖြင့် စစ်ကြောင်းထိုး၍ တိုက်ပွဲပြင်းထန်နေကြောင်း မြေပြင်စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။
တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ လုံခြုံရေးယူထားသည့်နေရာများကို စွယ်တော်ကုန်း၊ ကြက်ကင်ကုန်း၊ ခမရ (၃၅၅)၊ ခလရ (၂၇၅) နှင့် မြဝတီမြို့အနီးရှိ ထိုင်တော်မူဘုရားကုန်းဘက်မှ လက်နက်ကြီး ၆၀ မမ၊ ၈၁ မမ၊ ၁၂၀ မမ၊ ဟောက်ဝစ်ဇာ၊ အတွဲလိုက်ပစ်မစ်ဇိုင်းများဖြင့် အကြိမ်ရေ ၁၀၀ နီးပါးပစ်ခတ်နေကြောင်း ရှေ့တန်းရဲဘော်များထံမှ သိရသည်။
" လတ်ခတ်တောင်အောက်ခြေကို တက်လာတာဗျ။ တာဝေးပစ်တွေကော လေယာဉ်တွေကော သုံးနေတယ်ဗျ။ ၄ နာရီထိုး ဝန်းကျင်လောက်ပဲ၊ လက်နက်ကြီး တောက်လျောက်ထုပြီး ကျားထိုးတက်လာကြတာ။ လက်ခတ်တောင်ကို ပြန်လိုချင်နေကြတာ” ဟု မြေပြင်ရဲဘော်တစ်ဦးက ပြောသည်။
စစ်ကောင်စီတပ်မှ လက်နက်ကြီးများ အများအပြား ပစ်ကူပေးနေသည့်အပြင် နံနက် ၁၀ နာရီ ဝန်းကျင်တွင် လက်ခတ်တောင်အနီးတဝိုက်ကို ဂျက်ဖိုက်တာဖြင့် လေးကြိမ်ဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
သို့သော် အဆိုပါတိုက်ပွဲအတွင်း နှစ်ဖက်အထိအခိုက်အကျအဆုံး အတိအကျကို မဇ္ဈိမအနေဖြင့် အတည်မပြုနိုင်သေးပေ။
နံနက် ၁၀ နာရီ ၅၀ မိနစ်တွင် မေးမြန်းချက်အရ လက်ရှိအချိန်တွင် လက်ခတ်တောင်တဝိုက်ဒေသ၌ ခေတ္တငြိမ်နေသော်လည်း တိုက်ပွဲပြန်လည်ဖြစ်ပွားနိုင်ကြောင်း မဇ္ဈိမ၏မြေပြင်သတင်းရင်းမြစ်က ဆိုသည်။
ထိုင်းနိုင်ငံ၊ မဲဆောက်မြို့တွင် နေထိုင်သည့် ဒေသခံတစ်ဦးကလည်း ယနေ့ ဩဂုတ်လ ၁၅ ရက်နေ့တွင် ဖြစ်ပွားခဲ့သော လက်ခတ်တောင်တိုက်ပွဲမှပစ်ခတ်သံများကို မြဝတီမြို့နယ်တဖက်ကမ်း၊ မဲဆောက်မြို့အထိ အတိုင်းသား ကြားနေရကြောင်း ဆိုသည်။
" လက်ခတ်တောင်ဘက်ကနေကြားရတာ။ အကြီးအကျယ်ကိုဖြစ်နေတာ။ ညကလည်း တညလုံးပဲ။ အခုချိန်ထိလည်း ကြားနေရတုန်းပဲ။ လေယာဉ်ကတော့ လာပစ်ချသွားပြီ။ အခုလည်း အဆက်မပြတ်ဘဲ ဝဲနေတယ်" ဟု မြဝတီမြို့နယ် ဒေသခံတစ်ဦးက မဇ္ဈိမကိုပြောသည်။
တပ်မဟာ (၆) KNLA၊ PDF ပူးပေါင်းစစ်ကြောင်းများက လက်ခတ်တောင်စခန်းကုန်းကို သိမ်းပိုက်ပြီးချိန်မှစ၍ အဆိုပါစခန်းကုန်းအားပြန်လည်ရယူရန် ဩဂုတ်လ ၁၃ ရက်နေ့အထိ စစ်ကောင်စီတပ်က အင်အားအလုံးအရင်းဖြင့် ၁၀ ကြိမ်ထက်မနည်း စစ်ကြောင်းထိုးနေကြောင်း KNU ဗဟိုကလည်း ယနေ့ ဩဂုတ်လ ၁၅ ရက်နေ့တွင်ထုတ်ပြန်ထားသည်။
စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)
#လက်ခတ်တောင်
#စခန်းကုန်း
#မြဝတီ
#တိုက်ပွဲပြင်းထန်
ဓာတ်ပုံ- လက်ခတ်တောင်စခန်းကုန်းရှိ စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်သည့် နေရာကို ညွှန်ပြနေပုံ။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

👍5🔥3🤬3🥰1👏1
လယ်များအတွင်း ရွှေခရုဝင်ရောက်မျိုးပွားမှုမြန်ဆန်နေ၍ ပျက်စီးဆုံးရှုံးမှုများပြား
🔥1😁1

=====================
ရွှေနွယ်
(မဇ္ဈိမ)။ ။ ပဲခူးတိုင်း၊ သာယာဝတီခရိုင်အတွင်း မြို့နယ်များတွင် မိုးစပါးစိုက်ပျိုးနေသည့် လယ်ယာမြေများအတွင်း ရွှေခရုများဝင်ရောက်၍ မျိုးပွားနှုန်းမြန်ဆန်နေသည့်အတွက် အဖျက်အားကောင်းကာ ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်နေသည်ဟု ဒေသခံလယ်သမားများထံမှသိရသည်။
ယခင်ကလည်း လယ်များအတွင်း ရွှေခရုဝင်ရောက်ဖျက်ဆီးမှုများရှိခဲ့သော်လည်း လက်ရှိတွင် မျိုးပွားနှုန်းမြန်ဆန်ကာ အဖျက်အားကောင်းနေသည့်အတွက် ဆေးဖြန်း၍ပင်မနိုင်အောင် ဖြစ်နေသည်ဟု သိရသည်။
“ခရုပြဿနာကို ဒီလောက်တခါမှမကြုံဖူးဘူး။ တော်တော်ဆိုးနေတယ်။ ဆေးလည်းမနိုင်ဘူး။ တချို့လယ်တွေဆို စိုက်လိုက် ကိုက်ဖျက်လိုက်နဲ့ဖြစ်နေလို့ ပြန်မစိုက်တော့ဘူး အလွတ်ထားတဲ့လယ်တွေတင် မနည်းတော့ဘူး” ဟု မင်းလှမြိို့နယ်မှ လယ်သမားတစ်ဦးကပြောသည်။
လက်ရှိတွင် ရွှေခရုပြဿနာကို ကြီးကြီးမားမားရင်ဆိုင်နေရသော လယ်များသည် ဆည်ရေကိုအသုံးပြုရသည့်လယ်များဖြစ်ပြီး ရေကြောအရ ထိုသို့ဖြစ်ပွားလာသည်ဟု ယူဆကြောင်းနှင့် မျိုးကြဲစိုက်ပျိုးသော လယ်များတွင် အပင်စထွက်လာသည့်အချိန်တိုင်း ဖျက်ဆီးခံနေရသဖြင့် ပျိုးထောင်ကာ ပြန်ချနေကြရကြောင်း သို့သော်လည်း ဖျက်ဆီးခံနေရဆဲဖြစ်ကြောင်း ၎င်းမှပြောသည်။
မင်းလှမြို့နယ်အတွင်း လှည်းပြင်တင်ရွာ၊ ကြံတိုင်းအောင်ရွာ၊ လက်ဆက်ရွာ၊ တယ်ပင်ကုန်း၊ တယ်ပင်ကျော၊ စိန်ကန့်လန့်၊ ရှမ်းစု၊ သရက်တပင်၊ ဆင်ပချပ်၊ ကုလားကုန်းအပါအဝင် ကျေးရွာအများအပြား ကြုံတွေ့နေကြရကြောင်းသိရသည်။
“ငွေတတ်နိုင်တဲ့သူတွေ လယ်ဧက လေးငါးဆယ်ပိုင်သူတွေက အခု ခရုအကောက်ငှားပြီး ကောက်နေကြတယ်။ ဒါပေမယ့် မနိုင်ပါဘူးဗျာ။ စရိတ်ကလည်းမသေးဘူး၊ တမနက် ကောက်ရင် တစ်ယောက်ကို သုံးထောင်လောက်ပေးရတယ်။ ကျွန်တော်တို့ရွာနားတင် ပြန်မစိုက်တော့ဘူး အလွတ်ထားထားတဲ့လယ် ဧကရာချီနေပြီ” ဟု မင်းလှဒေသခံ လယ်သမားမှပြောသည်။
ထို့ပြင် လက်ပံတန်းမြို့နယ်တွင်လည်း မိုးကြီး၍ ရေဝင်ထားသည့်လယ်များတွင် အဆိုပါ ရွှေခရုအန္တရာယ်ကို ကြီးကြီးမားမားကြုံတွေ့နေကြရကြောင်း လက်ပံတန်းဒေသခံ လယ်သမားတစ်ဦးကလည်း ပြောသည်။
“လယ်ထဲရေမဝင်ခင်ကလည်း ရှိနေတယ်။ လယ်ထဲရေဝင်ပြီးတဲ့နောက်မှာ တော်တော်ကိုပိုများလာတာ ပျက်တာမှနည်းတာမဟုတ်ဘူး၊ ဧကတွေ ရာနဲ့ချီတယ်။ ပျက်လို့ မျိုးပြန်ချ ပြန်စိုက်ဆို တဧက လေးငါးသိန်းပြန်ထွက်တာပေါ့ဗျာ” ဟု လက်ပံတန်းမြို့ဒေသခံလယ်သမားမှပြောသည်။
လယ်အတွင်းရေဝင်ရောက်မှုများသည့် ရွာများဖြစ်သည့် ရင်းတိုက်ကွင်းရွာနှင့် ညောင်ဝိုင်းရွာအပါအဝင် ကျေးရွာအများအပြားရှိ လယ်ပိုင်ရှင်များ အဆိုပါ ပြဿနာကိုကြုံတွေ့နေကြရသည်ဟု ဆိုသည်။
အလားတူ နတ်လင်းမြို့နယ်၊ အုတ်ဖိုမြို့နယ်နှင့် သာယာဝတီခရိုင်အတွင်းမြို့နယ်များမှ လယ်ပိုင်ရှင်များလည်း လူမှုကွန်ရက်စာမျက်နှာတွင် ရွှေခရုပြဿနာနှင့်ပတ်သက်၍ စာများပုံများ မျှဝေထားကြသည်ကို တွေ့ရသည်။
“အစပိုင်းတော့ ခရုကောက်ကြပြုတ်စားကြပေါ့။ အခုက ကောက်မနိုင် စားမနိုင် ကောက်ရောင်းတဲ့သူတောင် လာမကောက်နိုင်တော့ဘူး” ဟု နတ်တလင်းဒေသခံမှလည်း ဆိုသည်။
အဆိုပါ ရွှေခရုအန္တရာယ်သည် မြန်မာနိုင်ငံအောက်ပိုင်းဒေသများတွင် ပိုမိုကြုံတွေ့ရလေ့ရှိသော်လည်း ယခုနှစ်တွင် ပဲခူးတိုင်းအတွင်း၌ပါ ကြီးကြီးမားမားကြုံတွေ့နေကြရခြင်းဖြစ်သည်။
ရွှေခရုနှိမ်နင်းရေးတွင် လယ်အတွင်း ဝင်ရောက်နေသည့်ခရုအရေအတွက်၊ ပျိုးပင်သက်တမ်းများနှင့်နှိုင်းယှဉ်လျှင် လယ်မြေအတွင်း ရေဝင်ရောက်မှုအနည်းအများသည် ပိုမိုအရေးကြီးကြောင်း၊ ရွှေခရုသည် နွေစပါးကာလနှင့်နှိုင်းယှဉ်လျင် မိုးကာလ၌ ပို၍ မျိုးပွားမှု ဖျက်ဆီးမှုအား ပိုမိုကောင်းမွန်ကြောင်း၊ စိုက်ခင်းအတွင်း ရေပိုများနေလျှင် မျိုးပွားမှု ဖျက်ဆီးမှုအား ပိုကောင်းကြောင်း ၂၀၂၁ ခုနှစ်အတွင်း အစိမ်းရောင်လမ်းမှရေးသားတင်ဆက်သည့် ရွှေခရုကာကွယ်နှိမ်နင်းရေးအစီအစဉ်အတွင်း ရွှေခရုနှင့်ပတ်သက်၍သုတေသနများစွာပြုလုပ်ခဲ့သည့် ရွှေခရုပညာရှင်မှပြောကြားခဲ့ဖူးသည်။
ရွှေခရုနှိမ်နင်းရန် ထုံးကိုအသုံးပြုခြင်း၊ လယ်မြေအတွင်း ဘဲကျောင်းခြင်း၊ ခရုစုပ်ငှက်များကို ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ လက်ဖြင့်ကောက်ခြင်း၊ မျှားစာချခြင်း၊ ဥမျှားတိုင်ထောင်ခြင်းနှင့် ရေထွက်ပေါက်တွင် ပိုက်များဖြင့်တားခြင်းများ လုပ်ဆောင်နိုင်သည်ဟု အဆိုပါပညာရှင်မှပြောကြားထားသည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#ရွှေခရု
#သာယာဝတီခရိုင်
#မျိုးပွား
#သုတေသန
ပုံအညွှန်း - လယ်အတွင်းမှကောက်ယူထားသည့်ရွှေခရုများ

👍8🔥3
ချင်းတွင်းမြစ်ကြောင်းတွင် ဖလက်ရေယာဉ်များ တိုက်ခိုက်ခံရပြီး ၅ ဦး သေဆုံးကြောင်း MRDA ပြော
=====================
လွှမ်းမိုး
(မဇ္ဈိမ)။ ။ စစ်ကိုင်းတိုင်း ၊ မင်းကင်းမြို့အနီး ၊ ချင်းတွင်းမြစ်ကြောင်းတွင် ဖလက်ရေယာဉ် ခုနစ်စီးပါ စစ်ကောင်စီတပ် ရေယာဉ်အုပ်စု တိုက်ခိုက်ခံရပြီး စစ်သား ငါးဦး သေဆုံးသွားကြောင်း မြန်မာ့တော်ဝင်နဂါးတပ်တော် (MRDA) တပ်ဖွဲ့က မဇ္ဈိမကို ပြောသည်။
အဆိုပါ စစ်ကောင်စီရေယာဉ်အုပ်စုသည် ဩဂုတ်လ ၁၃ ရက် နံနက် ၁၁ နာရီတွင် တိုက်ခိုက်ခံခဲ့ရခြင်း ဖြစ်သည်။
ကာကွယ်ရေးတပ်ဖွဲ့များ၏ ပစ်ခတ်မှုကြောင့် ခုနစ်စီးမြောက် ဖလပ်ရေယာဉ်၏ စက်ခန်းကို RPG ထိမှန်ပြီး ပျက်စီးသွားကြောင်း MRDA က ပြောသည်။
“ စစ်ရေယာဉ်အုပ်စုကို RPG ၊ 79 Panding ၊ 80 mm လိုမျိုး လက်နက်ကြီးတွေနဲ့ ထိထိရောက်ရောက် ပစ်ခတ်နိုင်ခဲ့ပါတယ်၊ စစ်တပ်ရေယာဉ်အုပ်စု ခုနစ်စီးမြောက် ဖလက်ခွံကတော့ စက်ခန်းကို RPG ထိမှန် ပျက်စီးသွားပြီး အခြားသင်္ဘော တစ်စီးနဲ့ မင်းကင်းမြို့ပေါ်ကို ဆွဲယူသွားတယ်” ဟု MRDA ပြန်ကြားရေး တာဝန်ရှိသူက မဇ္ဈိမကို ပြောသည်။
ထို့အပြင် ကာကွယ်ရေးတပ်ဖွဲ့၏ စနိုက်ပါ လက်ချက်ဖြင့် ခုနစ်စီးမြောက် ဖလက်ပေါ်ရှိ စစ်သားသုံးဦး သေဆုံးသွားသည့်အပြင် လက်နက်ကြီး ထိမှန်မှုကြောင့် နောက်ထပ် စစ်သားနှစ်ဦး ထပ်မံ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။ မဇ္ဈိမ အနေဖြင့် သီးခြားအတည်ပြုချက် မရသေးပေ။
အဆိုပါ တိုက်ခိုက်မှုကို မြန်မာ့တော်ဝင်နဂါးတပ်တော်( MRDA )၊ MPDF ၊ ယင်းမာပင်ခရိုင် တပ်ရင်း (၂၅) ၊ ဘာမထီ (သလင်း) နှင့် ဒေသခံမဟာမိတ်တပ်များ ပူးပေါင်း၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဒေသကာကွယ်ရေး ရဲဘော်များဘက်မှ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
အလားတူ ဩဂုတ်လ ၈ ရက်နေ့ ချင်းတွင်းမြစ်ကြောင်း တိုက်ပွဲတွင်လည်း စစ်ကောင်စီတပ်၏ ဖလက်ရေယာဉ် တစ်စီးပျက်စီးခဲ့သည်။
လက်ရှိမှာ ထိုတိုက်ခိုက်ခံရသော ဖလက်ခွံ ခုနစ်စီးပါ စစ်တပ်ရေယာဉ်အုပ်စုသည် မင်းကင်းမြို့ပေါ်သို့ ရောက်ရှိနေကြောင်း စုံစမ်းသိရှိရသည်။
စာတည်း။ ။ နောင်နောင်
စာမူတည်းဖြတ်။ ။ သန့်ဇော်(သန်လျင်)
#ချင်းတွင်းမြစ်ကြောင်း
#ဖလပ်ရေယာဉ်
#Mizzima

👍11❤3😁2
Media is too big
VIEW IN TELEGRAM
တရုတ်အိမ်ခြံမြေကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ ကန်းထရီးဂါးဒင်းရဲ့ ရှယ်ယာတွေ သိသိသာသာကျဆင်းသွား
#internationalnews #reels #shorts #China #Mizzima

👍2😁1
ထန်တလန်မှ စစ်တပ်စခန်းကို ချင်းကာကွယ်ရေးပူးပေါင်းအဖွဲ့ စီးနင်းတိုက်ခိုက်
👍11🔥1😁1

=======================
ပါခွီး
(မဇ္စျိမ)။ ။ထန်တလန်မြို့ရှိ စစ်တပ်စခန်းကို စီးနင်းတိုက်ခိုက်ခဲ့သည့် တိုက်ပွဲ၌ ချင်းကာကွယ်ရေးပူးပေါင်းအဖွဲ့ဘက်တွင် ထိခိုက်မှုရှိခဲ့သလို စစ်ကောင်စီတပ်သား နှစ်ဦးအရှင်ဖမ်းမိပြီး သေနတ် ခြောက်လက်သိမ်းဆည်းနိုင်ခဲ့ကြောင်း သိရသည်။
ထန်တလန်မြို့အခြေစိုက် ခလရ (၂၆၉) တပ်ရင်းဌာနချုပ်အနီးရှိ စစ်ကောင်စီစခန်းတခုကိုချင်းကာကွယ်ရေးပူးပေါင်းအဖွဲ့က ဩဂုတ်လ ၁၄ရက် နံနက် ၅နာရီခန့်တွင်စီးနင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
“တပ်စခန်းခွဲကိုသိမ်းပြီး ဌာနချုပ်ထဲကို တဝက်ဝင်ခဲ့နိုင်ပေမဲ့ ဂျက်ဖိုက်တာဝင်မွှေလို့ ပြန်ဆုတ်ခဲ့ရတယ်။ ကျနော်တို့ဘက်က ကျဆုံးထိခိုက်မှုတချို့ရှိတယ်” ဟု ချင်းအမျိုးသားတပ်မတော် - CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက မဇ္စျိမ ကိုပြောသည်။
အဆိုပါတိုက်ပွဲကိုCNA နှင့်အတူ ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ (ဇိုဖေး)/CDF-ZoPhei နှင့် ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့(ထန်တလန်) တို့ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ သေဆုံးသူများရှိနိုင်သော်လည်း အရေအတွက်ကို အတည်မပြုနိုင်သေးကြောင်း၊ နှစ်ဦးအရှင်ဖမ်းမိပြီး သေနတ်ခြောက်လက် သိမ်းဆည်းနိုင်ခဲ့သည်ဟု ဆလိုင်းထက်နီက ပြောသည်။ ထို့အပြင် CDF – ZoPhei တပ်ရင်း (၂)မှ ရဲဘော်နှစ်ဦးနှင့် CDF – Thantlang မှ ရဲဘော်တဦးကျဆုံးပြီး ဒဏ်ရာရသူအချို့ရှိခဲ့သည်ဟုဆိုသည်။
ဖမ်းမိထားသော စစ်ကောင်စီတပ်သားနှစ်ဦးကို စစ်သုံ့ပန်းဥပဒေအရ ထိန်းသိမ်းသွားမည်ဟု ဆလိုင်းထက်နီက အသိပေးသည်။
ထန်တလန်မြို့တွင် စစ်ကောင်စီတပ်ရင်း ခလရ (၂၆၉) ၊ ခလရ (၂၇၄) ၊ ခလရ (၂၆၆) နှင့် ခရလ (၂၆၈)တို့ အလှည့်ကျ တပ်စွဲထားသည်။ဩဂုတ်လ ၁၄ရက်က တိုက်ပွဲအတွင်း အထိနာခဲ့သည့် စစ်ကောင်စီတပ်သည် ထန်တလန်မြို့နှင့် ငါးမိုင်အကွာရှိ ခွာဖိုကျေးရွာကို ဂျက်လေယာဉ်ဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့သည်။ ခွာဖ်ိုရွာ၌ တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ လေကြောင်းမှ တိုက်ခိုက်ခြင်းဖြစ်ပြီး ခွာဖိုနှစ်ခြင်းဘုရားကျောင်းနှင့်လူနေအိမ် အချို့ပျက်စီးခဲ့ကြောင်း သိရသည်။ ဒေသခံများမှာ တိမ်းရှောင်နေသောကြောင့် အထိအခိုက်မရှိခဲ့ပေ။
ဩဂုတ်လ ၁၂ရက်နံနက်ကလည်း ဖလမ်းမြို့အခြေစိုက်စစ်ကောင်စီတပ်ရင်းကို ချင်းကာကွယ်ရေးပူးပေါင်းအဖွဲ့က တိုက်ခိုက်ခဲ့သည်။ ထိုတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ခြောက်ဦးသေဆုံးပြီး လက်နက်ခဲယမ်းအမြောက်အများသိမ်းဆည်းရမိခဲ့ကြောင်းသိရသည်။
စာတည်း - မောင်ကြီး
#mizzima
#ထန်တလန်မြို့
#စစ်တပ်စခန်း
#ချင်းကာကွယ်ရေးပူးပေါင်းအဖွဲ့
#စီးနင်းတိုက်ခိုက်
Photo - ဖမ်းမိထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦး

👍11👏7🔥1😁1
သြဂုတ်လ (၁၅)ရက်၊ မွန်းလွဲ ၂ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
====================
- စစ်ကောင်စီတပ်က ယခုရက်ပိုင်းအတွင်း လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုများ ပိုမိုလုပ်ဆောင်လာနေတဲ့ သတင်း
- လက်ခတ်တောင်စခန်းကုန်းကို စစ်ကောင်စီတပ်မှ လက်နက်ကြီးပစ်ကူအပြင် လေကြောင်းကပါ ဗုံးကျဲတိုက်ခိုက်နေတဲ့ သတင်း
- ရခိုင်မှာ မုန်တိုင်းဒဏ်အပြင် ရေဘေးကြောင့် အရေးပေါ်အကူအညီလိုနေတဲ့ သတင်းနဲ့
- တရုတ်နိုင်ငံမြောက်ပိုင်းမှာ မြေပြိုကျမှုကြောင့် သေဆုံးသူ ၂၁ ဦးအထိမြင့်တက်လာတဲ့ သတင်း အပါအဝင် နောက်ဆုံးရ ပြည်တွင်းသတင်းတွေနဲ့ နိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးသွားမှာပါ။
https://youtu.be/IHV_lnh42kM
#2pmnews
#Mizzimanewshour
#mizzimatv
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U

YouTube
သြဂုတ်လ (၁၅)ရက်၊ မွန်းလွဲ ၂ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
- စစ်ကောင်စီတပ်က ယခုရက်ပိုင်းအတွင်း လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုများ ပိုမိုလုပ်ဆောင်လာနေတဲ့ သတင်း
- လက်ခတ်တောင်စခန်းကုန်းကို စစ်ကောင်စီတပ်မှ လက်နက်ကြီးပစ်ကူအပြင် လေကြောင်းကပါ ဗုံးကျဲတိုက်ခိုက်နေတဲ့ သတင်း
- ရခိုင်မှာ မုန်တိုင်းဒဏ်အပြင် ရေဘေးကြောင့်…

👍7😁2
Media is too big
VIEW IN TELEGRAM
လူသိနည်းတဲ့ အထက်လွှတ်တော်အမတ် ကာကာက ပါကစ္စတန်ဝန်ကြီးချုပ်အသစ်အဖြစ် ကျမ်းသစ္စာကျိန်ဆို
#internationalnews #reels #shorts #Pakistan #Mizzima

👍5🔥1
စစ်အုပ်ချုပ်ရေးကြေညာပြီးနောက် မြို့နယ် ၄၀ တွင် လေကြောင်းတိုက်ခိုက်ခံရမှု စံချိန်တင်မြင့်မားခဲ့
=================
001
(မဇ္စျိမ)။ ။ ၂၀၂၃ခုနှစ် ဖေဖော်ဝါရီလအတွင်း စစ်အုပ်ချုပ်ရေးကြေညာခံရသည့် မြို့နယ် ၄၀ တွင် ပြီးခဲ့သည့် မတ်လမှ မေလအတွင်း လေကြောင်းတိုက်ခိုက်ခံရမှု စံချိန်တင်မြင့်မားခဲ့ကြောင်း မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP Myanmar) က ဩဂုတ်လ ၁၃ ရက်နေ့တွင် ထုတ်ပြန်သည်။
အဆိုပါ မြို့နယ် ၄၀ တွင် နှစ်နှစ်ကျော်(၂၀၂၁ ဖေဖော်ဝါရီမှ ၂၀၂၃ ဇွန်လကုန်)အတွင်း ဖြစ်ပွားခဲ့သည့် စစ်ရေးအခြေအနေများနှင့် ပတ်သက်ပြီး ထုတ်ပြန်ရာတွင် အထက်ပါအတိုင်း ထည့်သွင်းဖော်ပြထားခြင်းဖြစ်သည်။
စစ်အုပ်ချုပ်ရေးကြေညာခံရပြီးနောက် အဆိုပါ မြို့နယ်များတွင် မတ်လမှ မေလအတွင်း တိုက်ပွဲဖြစ်ပွားမှုနှင့် နေအိမ်အဆောက်အအုံမီးရှို့ခံရမှုများလျော့ကျခဲ့သော်လည်း ဇွန်လတွင် ပြန်လည်မြင့်တက်လာသည်ကို တွေ့ရကြောင်းလည်း ISP Myanmar ကဆိုထားသည်။
စစ်ကောင်စီက အာဏာသိမ်းပြီးနောက် စစ်အုပ်ချုပ်ရေးကြေညာခဲ့သည့်မြို့နယ် ခုနစ်မြို့နယ်ရှိပြီး ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလအတွင်း စစ်ကိုင်း၊ ကယား(ကရင်နီ)၊ ချင်း၊ ပဲခူး၊ မကွေး၊ ကရင်၊ မွန် နှင့် တနင်္သာရီတို့ရှိ မြို့နယ်ပေါင်း ၄၀ ကို စစ်အုပ်ချုပ်ရေးမြို့နယ်များအဖြစ် ထပ်တိုးကြေညာခဲ့ခြင်းဖြစ်သည်။
လက်ရှိတွင် စစ်ကောင်စီတပ်နှင့် တိုက်ပွဲများ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပွားနေသည့် ကရင်နီပြည်နယ်တွင်လည်း ဒီးမော့ဆို၊ ဖရူဆို၊ ရှားတောနှင့် ဘော်လခဲမြို့နယ်တို့တွင် ဖေဖော်ဝါရီလကစပြီး စစ်အုပ်ချုပ်ရေးကြေညာခံထားရသည်။
အဆိုပါ စစ်အုပ်ချုပ်ရေးကြေညာသည့်မြို့နယ်များတွင် တိုက်ပွဲပိုမိုဖြစ်ပွားမှုရှိသကဲ့သို့ စစ်အုပ်ချုပ်ရေးမထုတ်ပြန်သော်လည်း ကရင်နီပြည်နယ်ရှိ နေရာအများစုတွင် တိုက်ပွဲများဖြစ်ပွားနေကြောင်း ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KnHRG) တည်ထောင်သူ ကိုဗညားကပြောသည်။
“အထူးသဖြင့် စစ်ဘေးရှောင်ရွာတွေကို လေကြောင်းတိုက်ခိုက်မှုပိုလုပ်ခဲ့တာကတော့ ဖရူဆိုမြို့နယ်ထဲမှာ ပိုလုပ်သွားတယ်လို့ပြောလို့ရတယ်။ အဲ့ဒီမှာ သုံးကြိမ်၊ လေးကြိမ်အထိ ရွာနှစ်ရွာ သုံးရွာကို ဗုံးကြဲတိုက်ခိုက်မှုတွေလုပ်ခဲ့တယ်။ အသေအပျောက်လည်းရှိခဲ့တယ်။ မာရှယ်လော ကြေညာတဲ့မြို့နယ်ထဲမှာဆိုရင် ဖရူဆိုကတော့ တကယ့်ကို လူထုတွေရှိတဲ့ရွာတွေ တခါမှလည်း စစ်မဖြစ်တဲ့ရွာတွေကို ဗုံးကြဲတာကတော့ ဖရူဆိုမြို့နယ်ထဲမှာဖြစ်တယ်။ နောက်ပြီးတော့မှ ဘော်လခဲမှာ တိုက်ပွဲဖြစ်တယ်။ နောက်ပိုင်းမှာတော့ ဒီဖားဆောင်းရွာတွေမှာ ဗုံးကြဲတိုက်ခိုက်လို့ လူ သုံးလေးယောက်ပေါ့နော်။ တပြိုင်တည်းဆုံးတဲ့ဟာတွေလည်း ရှိခဲ့ဖူးပါတယ်”ဟု ဆိုသည်။
ထို့ပြင် ယခု ဩဂုတ်လ ၁၀ ရက်နေ့မှ ၁၄ ရက်နေ့အထိ ကရင်နီပြည်နယ်အတွင်း လေကြောင်းတိုက်ခိုက်ခံရမှုများ နေ့စဉ်ရှိနေပြီး ဩဂုတ်လ ၁၄ ရက်နေ့တွင်လည်း ဖရူဆိုမြို့နယ် ထီးသော်ကူးကျေးရွာတွင် လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ကတ်သလစ်ဘုရားကျောင်းအပါအဝင် နေအိမ်အများစုပျက်စီးသွားခဲ့ကြောင်း သိရသည်။
ယခုဩဂုတ်လအတွင်း စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုများ ပြန်လည်ပြုလုပ်လာနေခြင်းဖြစ်ပြီး ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းတို့တွင်လည်း လေကြောင်းတိုက်ခိုက်ခံရမှုများကြောင့် ကလေးသူငယ်အပါအဝင် အရပ်သားအချို့ သေဆုံးဒဏ်ရာရမှုများရှိခဲ့သည်။
လက်ရှိတွင် စစ်ကောင်စီအုပ်ချုပ်မှု သက်တမ်းကို ထပ်တိုးထားသည့်အတွက် တိုက်ခိုက်မှုများ ပိုမိုမြင့်မားလာနိုင်ချေရှိနေကြောင်း ISP Myanmar ကသုံးသပ်ထားသည်။
စစ်တပ်က အာဏာသိမ်းချိန်မှစ၍ နှစ်နှစ်နှင့် လေးလအတွင်း သုံးရက်တွင် တရက်နှုန်း လေကြောင်းတိုက်ခိုက်မှုပြုလုပ်နေကြောင်း ဥာဏ်လင်းသစ်သုတေသနအဖွဲ့ကလည်း ပြီးခဲ့သည့် မေလအတွင်းက ထုတ်ပြန်ခဲ့ဖူးသည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#စစ်အုပ်ချုပ်ရေး
#စစ်ကောင်စီတပ်
#လေကြောင်းတိုက်ခိုက်မှု
#ISPMyanmar
ဓာတ်ပုံ- တိုက်လေယာဉ် နှစ်စီးကိုတွေ့ရစဉ်

😢5👍4❤1🔥1👏1
ထိုင်းဘုရင့် သားများ၏ ၂၇ နှစ်အတွင်း ပထမဆုံး ပြည်တော်ပြန် အလည်ခရီး အဆုံးသတ်
=========================
ထိုင်းဘုရင်၏ ကွဲကွာနေသော သားတစ်ဦးဖြစ်သည့် အသက် ၄၂ နှစ်ရှိ ဗတ်ချာရေဆွန် ဗစ်ဗတ်ချရာဝေါင်သည် ပြီးခဲ့သည့် သီတင်းပတ်က ထိုင်းသို့ ရောက်ရှိပြီး ကလေး ပြုစုစောင့်ရှောက်ရေး စင်တာတစ်ခုသို့ သွားရောက်ခဲ့သလို ဘန်ကောက် ဘုရားကျောင်းတစ်ခုရှိ ဘာသာရေးပွဲအခမ်းအနားများ၌ ပါဝင်ခဲ့သည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
=========================
ထိုင်းဘုရင်၏ ကွဲကွာနေသော သားတစ်ဦးဖြစ်သည့် အသက် ၄၂ နှစ်ရှိ ဗတ်ချာရေဆွန် ဗစ်ဗတ်ချရာဝေါင်သည် ပြီးခဲ့သည့် သီတင်းပတ်က ထိုင်းသို့ ရောက်ရှိပြီး ကလေး ပြုစုစောင့်ရှောက်ရေး စင်တာတစ်ခုသို့ သွားရောက်ခဲ့သလို ဘန်ကောက် ဘုရားကျောင်းတစ်ခုရှိ ဘာသာရေးပွဲအခမ်းအနားများ၌ ပါဝင်ခဲ့သည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍7😁2
This media is not supported in your browser
VIEW IN TELEGRAM
အိန္ဒိယမှာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လူ ၂၄ ဦးထက်မနည်းသေဆုံး
#internationalnews #reels #shorts #India #Mizzima

👍2🔥1😁1
ဘာတစ်ခုမှ မထိန်းချုပ်နိုင်ဘဲ ပြည်သူကို အကြမ်းဖက်ဖို့သာ တတ်တဲ့ စစ်ကောင်စီ | သတင်းသုံးသပ်ချက်
===============
လက်ရှိအချိန် မြန်မာပြည်ရဲ့ အဓိက စားကုန်ဖြစ်တဲ့ ဆန်ဈေးဟာ စိုးရိမ်စရာကောင်းလောက်အောင် အဆမတန်မြင့်တက်နေပါတယ်။
ရက်ပိုင်းအတွင်းမှာ တရိပ်ရိပ်ထိုးတက်တာဖြစ်ပြီး ရွှေဘိုထိပ်စ တစ်ပြည်ကို ၇၀၀၀ ကျပ်နီးပါးအထိ ဖြစ်လာပြီး ဧည့်မထလို ဆန်ကြမ်းတွေတောင် တစ်ပြည်ကို ကျပ် ၅၀၀၀ နီးပါး ရှိနေပါပြီ။
အရင်က ကုန်ဈေးနှုန်းတက်တာမျိုးဟာ လခြားပြီး ရာဂဏန်းလောက် တက်တာပေမယ့် အခုရက်ပိုင်းအတွင်း မှာတော့ ဒီနေ့နဲ့မနက်ဖြန် မတူဘဲ ထောင်ဂဏန်းအထိ ထိုးတက်လာတာ တွေ့ရပါတယ်။ အဲဒီလို ဈေးအမြန်တက်တာမှာ ဆန်ဈေးက အဆိုးဆုံးဖြစ်နေတာပါ။
မိုးများပြီး ရေကြီးရေလျှံမှုတွေဖြစ်လို့ စပါးခင်းတွေ ရေမြုပ်ကုန်တာ၊ စစ်ကိုင်းတိုင်းထဲမှာ စစ်ကောင်စီ တပ်တွေရဲ့ ထိုးစစ်တွေကြောင့် လယ်သမားတွေ စပါးမစိုက်နိုင်ပဲ ထွက်ပြေးနေရတာတွေကြောင့် ဆန်ဈေးဟာ ရှေ့လျှောက် ဒီထက်ပို တက်ဖို့ပဲ ရှိပါတယ်။
ဆန်ဈေးတက်ရတဲ့ အထဲမှာ စက်သုံးဆီ ဈေးတွေမြင့်တက်လို့ သယ်ယူပို့ဆောင်စားရိတ်တွေ ထောင်းတာ ကြောင့်လည်း ပါပါတယ်။
ရခိုင်ပြည်နယ်မှာ မိုခါဆိုင်ကလုံးကြောင့် မျိုးစပါးတွေ ပျက်စီးခဲ့ရလို့ စစ်ကောင်စီက မျိုးစပါးတင်းပေါင်း ၇ သောင်း ချပေးပေမယ့် ပြန်စိုက်ထားတဲ့ စပါးပင်တွေ တစ်ပတ်ကျော် ရေမြုပ်နွံဖုံးကုန်လို့ စိုက်ဧက ငါးသောင်းလောက် ဆုံးရှုံးခဲ့ရပါတယ်။
ရခိုင်ပြည်နယ်ရဲ့ မြို့နယ် ၁၇ မြို့နယ်မှာ ၈ မြို့နယ် ရေကြီးပြီး တစ်ပတ်ကျော်ကြာမှ ရေပြန်ကျခဲ့တာ ဖြစ်ပါတယ်။ ပဲခူးမှာလည်း ဒီရက်ပိုင်းအတွင်း ရေကြီးလို့ လူသောင်းနဲ့ချီပြီး ရေဘေးလွတ်ရာကို ရှောင်တိမ်းခဲ့ရပါတယ်။
ကချင်၊ ကရင်၊ ချင်း၊ ရခိုင်၊ မွန် စတဲ့ပြည်နယ်တွေ အပါအဝင် တနင်္သာရီ၊ ပဲခူး၊ မကွေး၊ ရန်ကုန်လို တိုင်းဒေသကြီးတွေမှာပါ သြဂုတ်လ ပထမအပတ်အတွင်း မိုးများပြီး ရေကြီးခဲ့တာကြောင့် လူဦးရေ ခြောက်သောင်းကျော် အပေါ် ထိခိုက်မှုတွေ ရှိတယ်လို့ ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံးက ပြောထားပါတယ်။
ဒီနှစ်မှာ စပါးစိုက်ပျိုးမှုက အကြောင်းအမျိုးမျိုးကြောင့် တော်တော်လေး လျော့ကျနေတဲ့အတွက် မြန်မာပြည်ရဲ့ အဓိက အားထားရတဲ့ ဆန်ဈေးဟာ လာမယ့်နှစ်မှာ ကြောက်စရာကောင်းလောက်အောင် ကြီးမြင့်လာမလား ဆိုတဲ့ စိုးရိမ်မှုတွေ ရှိနေပါတယ်။
စစ်ကောင်စီ အာဏာသိမ်းထားတဲ့ ဒီနှစ်နှစ်ခွဲအတွင်းမှာ ငွေကြေးဖောင်းပွမှုတွေ အဆမတန်ဖြစ်ပြီး မြန်မာကျပ်ငွေ တန်ဖိုးက လျော့ကျလာနေတဲ့အတွက် အခြေခံလူတန်းစားတွေရဲ့ စားဝတ်နေရေးက တော်တော်လေးကို အဆင်မပြေ ဖြစ်နေပါပြီ။
မနှစ်က ဒီလိုအချိန်က ရွှေဘိုထိပ်စ ဆန်တစ်အိတ်ကို ကျပ် ၇ သောင်းခွဲ ရှိခဲ့ပေမယ့် အခု တစ်နှစ်အကြာမှာ အဲဒီဆန် တစ်အိတ်ကို ၁ သိန်းခွဲ ဖြစ်နေတာကို နှိုင်းယှဉ်ကြည့်ရင် တစ်နှစ်အတွင်း ဈေးနှစ်ဆတက်သွားတယ်လို့ ဆိုရမှာပါ။
မြန်မာပြည်ရဲ့ အခြေခံလုပ်ခလစာက တစ်ရက်ကို ကျပ် ၅ ထောင် မပြည့်ပါဘူး။ အနိမ့်ဆုံးဆန် ဝယ်စားမယ် ဆိုရင်တောင် ဆန်ဝယ်ပြီးရင် တခြားဘာမှ ဝယ်လို့မရတော့ပါဘူး။
အခြေခံလူတန်းစားတွေ အနေနဲ့ စားဝတ်နေရေးမှာ စားတစ်ခုတည်းတောင် အပြည့်အဝ မဖြေရှင်းနိုင်တဲ့ အနေအထားမှာ တခြား ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး စတဲ့ ဗာရီဟ ကိစ္စဆိုတာ ဘေးချိတ်ထားရတော့မှာ ဖြစ်ပါတယ်။
စစ်ကောင်စီ လက်ထက်မှာ အလုပ်အကိုင်အခွင့်အလမ်းတွေ ရှားပါးလာလို့ အလုပ်လက်မဲ့ ဦးရေလည်း တိုးလာနေတယ်ဆိုတာ သတင်းတွေမှာ မကြာခဏ မြင်တွေ့ရမှာ ဖြစ်ပါတယ်။
ဒါကြောင့်လည်း ရန်ကုန်လို၊ မန္တလေးလို မြို့ကြီးတွေမှာ လုယက်မှုတွေ၊ ဓားပြမှုတွေ၊ ခိုးမှုတွေ၊ လိမ်လည်မှုတွေ အခုရက်ပိုင်း အတွင်း ပိုပြီး ထူပြောလာပါတယ်။
အကြမ်းဖက် စစ်ကောင်စီ အဓမ္မ အုပ်ချုပ်နေတဲ့ကာလတလျှောက်လုံး မြန်မာပြည်သူတွေရဲ့ လူမှုစီးပွားဘဝတွေ အဖက်ဖက်က ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရပြီး စိတ်ဓာတ်တွေပါ ပျက်စီးလာတာလည်း မြင်တွေ့နေရပါတယ်။
တချို့လည်း နှစ်လုံး၊ သုံးလုံး၊ ဘောလုံး လောင်းကစားနွံထဲမှာ နစ်၊ လူငယ်တွေလည်း မူးယစ်ဆေးနွံထဲမှာနစ်ပြီး ဘဝပျက်ရသူတွေ ဒုနဲ့ဒေး ဖြစ်နေပါတယ်။ စစ်ကောင်စီကတော့ ဒုစရိုက်မှုတွေ၊ လောင်းကစားနဲ့ မူးယစ်ဆေး ကိစ္စတွေကို မျက်ကွယ်ပြုထားပါတယ်။
စစ်ကောင်စီဟာ တိုင်းပြည်ရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး ဘာတစ်ခုမှ မထိန်းချုပ်နိုင်ဘဲ အဓမ္မအာဏာယူပြီး ပြည်သူကို လက်နက်အားကိုးနဲ့ အနိုင်ကျင့် နှိပ်စက်ဖို့သာ အာရုံစိုက်ထားတဲ့ ဒုစရိုက် ဂိုဏ်းကြီးတစ်ခုသာ ဖြစ်ကြောင်း ဖော်ပြလိုက်ပါတယ်။

👍13❤3💩1
This media is not supported in your browser
VIEW IN TELEGRAM
တရုတ်နိုင်ငံမြောက်ပိုင်းမှာ မြေပြိုကျမှုကြောင့် သေဆုံးသူ ၂၁ ဦးအထိမြင့်တက်လာ

😢2👍1👏1