Mizzima
✔
47.7K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
This media is not supported in your browser
VIEW IN TELEGRAM
အီကိုဝက်စ်ရဲ့ပိတ်ဆို့အရေးယူမှုတွေဟာ ရှက်ဖွယ်ရာ လူမဆန်တဲ့ တရားမဝင်လုပ်ရပ်ဖြစ်ကြောင်း နိုင်ဂျာအာဏာသိမ်းစစ်အုပ်စုကပြော

#internationalnews #reels #shorts #Mizzima
❤2
ကလေးမြို့နယ်တွင် အမျိုးသမီးအပါအဝင် ဒေသခံ ၃ဦး မီးရှို့သတ်ဖြတ်ခံရ
😢2❤1
ကလေးမြို့နယ်တွင် အမျိုးသမီးအပါအဝင် ဒေသခံ ၃ဦး မီးရှို့သတ်ဖြတ်ခံရ
======================

ကိုခင်မောင်
(မဇ္စျိမ)။ ။ စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ မြို့လှရပ်ကွက်နှင့် စက္ကန့်ရွာဘက်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့က အမျိုးသမီးအပါအဝင် ဒေသခံသုံးဦးကို သတ်ဖြတ်မီးရှို့သွားကြောင်း ချင်းအမျိုးသားအဖွဲ့ချုပ် အထက်ချင်းတွင်းဒေသအဖွဲ့က သြဂုတ်လ ၁၄ရက်တွင် သတင်းထုတ်ပြန်သည်။

“ကျွန်းချောင်းကျေးရွာက သားအမိကိုသတ်ဖြတ်ပြီး အလောင်းကိုမီးရှို့ထားတဲ့ပြာ တွေ့တယ်၊ဆိုင်ကယ်တစီး မီးရှို့ထားတာလည်း တွေ့ရပါတယ်”ဟု ချင်းအမျိုးသားအဖွဲ့ချုပ် အထက်ချင်းတွင်းဒေသအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းလျန်ပီးက မဇ္စျိမသို့ပြောသည်။
မြို့လှရပ်ကွက်နှင့် စက္ကန့်ကျေးရွာကြားရှိ ကျောက်ခွဲစက်၊ အိမ်တလုံး၊ စက်ကြီးနှစ်စီးနှင့် ကားတစီးတို့ကို စစ်ကောင်စီတပ်ဖွဲ့က မီးရှို့ဖျက်ဆီးသွားကြသည်ဟု ၎င်းကဆိုသည်။

“ကျောက်ခွဲစက်အနီးမှာလည်း အသက် ၃၀အရွယ် အမည်မသိအမျိုးသားအလောင်းလည်း တွေ့ပါတယ်” ဟု ချင်းအမျိုးသားအဖွဲ့ချုပ် အထက်ချင်းတွင်းဒေသအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းလျန်ပီးက မဇ္စျိမသို့ပြောသည်။

မီးရှို့သတ်ဖြတ်ခံရသည့် သားအမိနှစ်ဦးမှာ အသက် ၅၀နှစ်အရွယ် ဒေါ်ဟွေးအီယာန်နှင့် အသက် ၃၀နှစ်အရွယ် ကိုစမူအဲလ်တို့ဖြစ်ပြီး သြဂုတ်လ ၁၂ရက်က ကျွန်းချောင်းကျေးရွာမှ ကလေးမြို့ဘက်သို့ ဆေးခန်းပြရန် သွားနေစဥ် ထိုသို့ဖြစ်ပွားရခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကလေးမြို့နယ် မြို့လှရပ်ကွက်နှင့် စက္ကန့်ရွာကြားတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့အကြား သြဂုတ်လ ၁၀ရက် ညနေ ၃နာရီအချိန်မှစ၍ တိုက်ပွဲဖြစ်ပွားခဲ့ရာ သြဂုတ်လ ၁၂ရက်အထိ သုံးရက်ဆက်တိုက် ပြင်းထန်တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဘက်မှ ၁၀ဦးသေဆုံးပြီး သေနတ်တလက် သိမ်းဆည်းရရှိကာ ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များမှ အထိအခိုက်မရှိကြောင်း ထုတ်ပြန်ချက်အရ သိသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ထိခိုက်သေဆုံးမှုနှင့် ပတ်သက်ပြီး မဇ္စျိမအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။
တိုက်ပွဲအပြီး သြဂုတ်လ ၁၃ရက်တွင် ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက နယ်မြေရှင်းလင်းရေးပြုလုပ်ခဲ့ရာ စက္ကန့်ကျေးရွာအတွင်း စစ်ကောင်စီတပ်ဖွဲ့ ထောင်ထားသော နင်းမိုင်း ၁၀ လုံးကိုလည်း အထိအခိုက်မရှိ ပြန်ဖြုတ်နိုင်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်ကောင်စီတပ်ဖွဲ့သည် အရပ်သားများအား အကြောင်းမဲ့သတ်ဖြတ်၊ ပြည်သူပိုင်ပစ္စည်းများ ခိုးယူပြီး လက်နက်အားကိုးပြီး သောင်းကျန်းနေသော တရားမဝင်လက်နက်ကိုင်အဖွဲ့ဖြစ်သည်ဟု ချင်းအမျိုးသားအဖွဲ့ချုပ် အထက်ချင်းတွင်းဒေသအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းလျန်ပီးက‌ ပြောသည်။

စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)

#စစ်ကိုင်းတိုင်း
#ကလေးမြို့နယ်
#စစ်ကောင်စီတပ်
#မီးရှို့သတ်ဖြတ်

ပုံ -CNO Upper Chindwin Region (UCR)

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😁3👍2🤬1😢1
Media is too big
VIEW IN TELEGRAM
အိုဒက်ဆာမြို့ကိုပစ်မှတ်ထားတဲ့ ရုရှားရဲ့ဒုံးကျည်တွေနဲ့ ဒရုန်းတွေကို ပစ်ချခဲ့ရကြောင်း ယူကရိန်းပြော

#internationalnews #reels #shorts #Russia #Ukraine #Mizzima
👍3😁1
သြဂုတ်လ (၁၅)ရက်၊ ညနေ ၄ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
========================

00:59 - ရွှေတုံး၊ ရွှေခဲများကို အွန်လိုင်းမှ ဝယ်ရောင်းကြရန် စစ်ကောင်စီ ဗဟိုဘဏ်ဥက္ကဋ္ဌ တိုက်တွန်းတဲ့သတင်း

03:13 - ရခိုင်မှာ မုန်တိုင်းဒဏ်အပြင် ရေဘေးကြောင့် အရေးပေါ်အကူအညီလိုနေ တဲ့သတင်း

07:44 - ပေါ်ဆန်းဆန်တစ်အိတ် ကျပ်တစ်သိန်းကျော်အထိဖြစ်လာ တဲ့သတင်းတွေအပါအဝင် တခြားစိတ်ဝင်စားဖွယ်နဲ့ အရေးကြီးသတင်းတွေ

09:55 - သမ္မတလောင်းလုပ်ကြံခံရမှုကို စုံစမ်းစစ်ဆေးဖို့အတွက် အီကွေဒေါက FBI ကိုအကူအညီတောင်းခံတဲ့သတင်း ကို တင်ဆက် ပေးပါတော့မယ်။

https://youtu.be/rStJ9nUyvwE

#4pmnews
#Mizzimanewshour
#mizzimatv
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍7🍌2
Media is too big
VIEW IN TELEGRAM
နိုင်ဂျာအာဏာသိမ်းစစ်ခေါင်းဆောင်တွေက ဖြုတ်ချခံသမ္မတကို နိုင်ငံတော်သစ္စာဖောက်မှုနဲ့ တရားစွဲမယ်လို့ပြော

#internationalnews #reels #shorts #Mizzima
❤2😱1
​​စစ်တပ်စစ်ကြောင်းနှင့် ထိပ်တိုက်တိုးသော ငါန်းဇွန်က စစ်ရှောင် ၄ ဦး ပစ်သတ်ခံရ
====================

007
(မဇ္ဈိမ) ။ ။ မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်မှ စစ်ဘေးရှောင် ဒေသခံအရပ်သား ခြောက်ဦးသည် ယမန်နေ့ သြဂုတ်လ ၁၄ ရက်နေ့က စစ်ကောင်စီတပ်၏ စစ်ကြောင်းတခုနှင့် တည့်တည့်တိုးရာမှ ပစ်ခတ်ခံရပြီး လေးဦးသေဆုံးသွားကြောင်း ဒေသခံများက မဇ္ဈိမကို ပြောသည်။

ကျန်နှစ်ဦးမှာ ဒဏ်ရာများဖြင့် ထွက်ပြေးလွတ်မြောက်သွားကြောင်း မြင်းမူဒေသခံ တဦးက ပြောသည်။

“သူတို့ဘက်မှာ နေ့စဉ်ရက်ဆက် စစ်ကြောင်းထိုးခံနေရလို့ ဒီဘက်ကို ပြေးလာကြတာ၊ အဲဒီမှာ ခြောက်ယောက်က စကစတွေနဲ့ တည့်တည့်တိုးပြီး၊ ပစ်ခံလိုက်ရတယ်၊ လေးယောက်ကသေတယ်၊ နှစ်ယောက်က ဒဏ်ရာရတယ်၊ ခြောက်ယောက်စလုံး ငါန်းဇွန်သားတွေ ” ဟု မြင်းမူဒေသခံတဦးက ပြောသည်။

အဆိုပါ ပစ်သတ်ခံရသူ အရပ်သား စစ်ဘေးရှောင် လေးဦးသည် ငါန်းဇွန်မြို့နယ် မည်သည့်ကျေးရွာကဖြစ်သည်ကို လုံခြုံရေးအရ ပြောပြ၍ မရကြောင်း ၎င်းက ပြောသည်။

ဒေသအတွင်းသို့ စစ်ကောင်စီတပ်၏ စစ်ကြောင်းများ ဆက်တိုက်ထိုးဝင်လာသဖြင့် ကျေးရွာအများအပြားက အရပ်သားပြည်သူ ၂,၅၀၀ ကျော် ထွက်ပြေးတိမ်းရှောင်ခဲ့ကြရာ မြင်းမူမြို့ဘက်ထွက်ပြေးကြသူများအနက် လေးဦး ပစ်သတ်ခံလိုက်ရခြင်း ဖြစ်သည်။

“ဒီလဆန်းပိုင်းကစပြီး စစ်ကြောင်းတွေ ထိုးလာတာဆက်တိုက်ပဲ၊ အများစုကတော့ ဧရာဝတီထဲ ဆင်းပြေးကြတယ်၊ တဖက်ကမ်းကူးကြတယ်၊ မြင်းမူနဲ့ ငါန်းဇွန်က မြစ်ပဲ ခြားတာဆိုတော့၊ နီးစပ်ရာ ထွက်ပြေးရင် မြင်းမူဘက်က ပိုနီးတာကိုး၊ မနေ့ကဖြစ်စဉ်က မြင်းမူဘက်ထွက်ပြေးရင်း စကစနဲ့ဝင်တိုးပြီးအပစ်ခံလိုက်ရတာ၊ လူနှစ်ရာလောက်ထွက်ပြေးကြတာ၊ အဲဒီခြောက်ယောက်က စကစနဲ့ ထိပ်တိုက်သွားတိုးတာပဲ” ဟု ငါန်းဇွန် ဒေသခံတစ်ဦးက ပြောသည်။

မန္တလေးတိုင်း ငါန်းဇွန်မြို့နယ်၊ မြို့သာစက်မှုဇုန်တွင် တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့ အင်အား ၁၅၀ ကျော်သည် ကံသာ၊ လင်္ကာဒီပ၊ ယက္ခဒီပ၊ ရေလယ်သောင်၊ နဘဲပင်၊ ထန်းတပင်၊ အောင်သုခ၊ လက်ပံသာ(ဒေသအခေါ်အားဖြင့် တလင်းကုန်း) စသည့်ဒေသတွင်း ကျေးရွာများသို့ စစ်ကြောင်းထိုးလာသဖြင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေကြရခြင်း ဖြစ်သည်။

“ဂျပန်တွေ၊ နယ်ချဲ့အင်္ဂလိပ်တွေထက်ကို ပိုဆိုးတယ်ဗျ” ဟု စစ်ဘေးရှောင်များအား ကူညီပေးနေသူတဦးက မဇ္ဈိမကို ပြောသည်။
သြဂုတ်လ ၅ ရက်နေ့ကလည်း ရေလယ်သောင်ကျေးရွာ စစ်ကောင်စီတပ်၏ စီးနင်းမှုကို ခံရပြီး အသက် ၆၀ ကျော်အရွယ် အငြိမ်းစားကျောင်းဆရာတစ်ဦး ကျည်ဆန်မှန်ပြီး သေဆုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။

လက်ရှိတွင် အင်အား ၁၅၀ ခန့်ရှိသော စစ်ကောင်စီတပ်ဖွဲ့သည် မြို့သာစက်မှုဇုန်နှင့် သာကျင်းကျေးရွာဘုန်းကြီးကျောင်းတွင် တပ်စွဲထားပြီး ကျေးရွာများအား ဆက်လက်စစ်ကြောင်းထိုးရန် ပြင်ဆင်နေကြောင်း သိရသည်။

စာတည်း။ ။ နောင်နောင်
စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)

#ငါန်းဇွန်
#စစ်ရှောင်၄ဦးပစ်သတ်ခံရ
#Mizzima

ဓာတ်ပုံ- ပုံဟောင်း

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😢8👏2🤬2👍1
​​ရေးမြို့တွင် တည်းခိုခန်းအပါအဝင် နေအိမ်နှင့်ဆိုင်ခန်းများ ဖယ်ရှားခံရ
===================

ဂျူချန်း
(မဇ္ဈိမ)။ ။ မွန်ပြည်နယ်၊ ရေးမြို့နယ်အထွက်ရှိ တည်းခိုခန်းအပါအဝင် နေအိမ်နှင့်ဆိုင်ခန်းများ ဖယ်ရှားပေးရန် ဌာနဆိုင်ရာမှ လာရောက်ပြောကြားသွားကြောင်း ဒေသခံများထံမှ သိရသည်။
“ပေ ၅၀ နောက်ဆုတ်ခိုင်းတယ်။ မြေစာရင်းက လာပြောတာ နှစ်ရက်သုံးရက်ရှိပြီ” ဟု ဒေသခံအမျိုးသမီးတဦးက မဇ္ဈိမ ကို ပြောသည်။

ရေးမြို့ ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးရုံး တည်ဆောက်မည်ဖြစ်သောကြောင့် ရေးမြို့ အနောက်ဘက်ခြမ်း မီးရထားလမ်းအကျော် အဘော်ကျေးရွာသို့ သွားသည့် လမ်းမပေါ်ရှိ အဆောက်အဦများအား ဩဂုတ်လ ၁၂ ရက်နေ့မှ စတင်ကာ ဌာနဆိုင်ရာမှ ဖယ်ရှားခိုင်းခြင်းဖြစ်ကြောင်း သိရသည်။

“လယ်မြေတော့မဟုတ်ဘူး၊ အဲ့နားမှာ တည်းခိုခန်းရှိတယ်။ ကုန်ခြောက်ရောင်းတဲ့ ဆိုင်ရှိတယ်။ ပြီးတော့ ကားဝေါ့ရှော့တခုရှိတယ်။ နောက်ဟိုဘက်ခြမ်းမှာ ဘဲဥဆိုင်ရယ်၊ ပြီးတော့ စားသောက်ဆိုင်ရယ်ရှိတယ်။ စာကပ်ထားတာတော့ သုံးလေးလရှိပြီ” ဟု အခြားဒေသခံတဦးက မဇ္ဈိမ ကို ပြောသည်။

ရေးမြို့အနောက်ဘက်ခြမ်း မီးရထားလမ်းအကျော်ရှိ အဆောက်အဦများသည် လမ်းနယ်နိမိတ်နှင့် မလွတ်သဖြင့် ပေ ၅၀ ခန့် နောက်ဆုတ်ကာ ဖယ်ရှားပေးရန် ပြီးခဲ့သည့် ဇွန်လဒုတိယအပတ်ခန့်က “ဆန်းမြတ်ထွန်း” တည်းခိုခန့်အရှေ့တွင် ဆိုင်းဘုတ်အနီရောင် လာရောက်စိုက်ထူထားခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

လက်ရှိတွင် ရေးမြို့နယ်၊ လမိုင်းမြို့နှင့် ခေါဇာမြို့များရှိ ထွေအုပ်ရုံးများအပါအဝင် စစ်ကောင်စီလက်အောက်ခံ အစိုးရရုံးအများစုကို ပိတ်ထားရပြီး စစ်ကောင်စီလက်အောက်ခံ ထွေအုပ်ရုံးဝန်ထမ်းများသည်လည်း ရေးမြို့နယ်သို့ အရပ်ဝတ်ဖြင့် ရုံးတက်နေရခြင်းများရှိသဖြင့် ရေးမြို့နယ်တွင် အစိုးရရုံးများ တိုးချဲ့တည်ဆောက်ရခြင်းဖြစ်ကြောင်း တော်လှန်ရေးအင်အားစုများက ပြောသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#ရေးမြို့နယ်
#ထွေအုပ်ရုံး
#တည်းခိုခန်း

ဓါတ်ပုံ-ဖယ်ရှားခံရမည့် အဆောက်အဦးများ

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😢3🔥1😁1
​​PDF များ လူသတ် မုဒိမ်းမှုများ ပြုလုပ်နေသည်ဟု စစ်ကောင်စီတပ်မှ ဒေသခံများအား အစည်းအဝေးခေါ်ပြီး မဟုတ်မမှန်ပြောဆို
=====================

မင်းထက်
(မဇ္စျိမ)။ ။ဧရာဝတီတိုင်း၊ မြန်အောင်မြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့များ၊ရဲများနှင့် အုပ်ချုပ်ရေးမှူးများက ဒေသခံများအား အစည်းအဝေးခေါ်ကာ PDF များက အကြမ်းဖက်လူသတ်၊ မုဒိမ်းမှုများပြုလုပ်နေသည်ဟု မဟုတ်မမှန်ပြောဆိုမှုများပြုလုပ်နေကြောင်း ဒေသခံများကပြောသည်။

ယမန့်နေ့ သြဂုတ်လ ၁၅ ရက်နေ့ နေလယ်ပိုင်းအချိန်က မြန်အောင်မြို့နယ် ငှက်ကြီးကွင်းအုပ်စု၊ ပေါက်အိုင်ရွာဘုန်းကြီးကျောင်းသို့ တအိမ်တယောက် မလာမနေရဟုဆိုကာ အစည်းအဝေးခေါ်ပြီး ထိုသို့ပြောဆိုခဲ့ခြင်းဖြစ်သည်ဟု ဒေသခံတဦးကပြောသည်။

"PDF တွေက လူတွေကိုဖမ်းတယ်၊ ဖမ်းပြီးရင်လည်း တာဝန်မယူဘူး၊ ဆရာမတွေဆိုလည်း မုဒိမ်းကျင့်တယ်၊ ဘုန်းကြီးတွေဆို သတ်တယ်၊ အကြမ်းဖက်တာတွေလုပ်တယ်။ ဒါကြောင့် PDF တွေ့ရင်အကြောင်းကြားပေးဆိုပြီး ခေါ်ပြောတာပါ။ ရွာသားတွေအကုန်လုံးက အရူးတွေမှမဟုတ်တာ။ ဒါမျိုးလုပ်တာ စစ်တပ်ပဲဆိုတာ သိတာပေါ့"ဟု ဒေသခံကပြောသည်။

PDF များမှာ အနည်းစုသာဖြစ်ပြီး ၎င်းတို့မှာ အင်အားကြီးသောအဖွဲ့အစည်းဖြစ်၍ မတွန်းလှန်နိုင်ကြောင်း၊ ရွာသူရွာသားများ ဆီလျှော့စားရန်လိုအပ်ကြောင်း၊ အုပ်ချုပ်ရေးမှူးများအနေဖြင့် လုံခြုံရေးအဖွဲ့များဖွဲ့စည်းထားရန် လိုအပ်ကြောင်း စစ်ကောင်စီတပ်ဖွဲ့များကပြောဆိုခဲ့သည်ဟု ဆက်လက်ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့များနှင့် ရဲများက မြန်အောင်မြို့နယ်အတွင်းရှိ အခြားကျေးရွာအုပ်စုများတွင်လည်း ထိုသို့ မလာမနေရ အစည်းအဝေးများခေါ်ယူကာ မဟုတ်မမှန်ပြောဆိုမှုများ ပြုလုပ်နေသည်ဟု ဒေသခံများကပြောသည်။

ယမန်နေ့ နေ့လယ်ပိုင်းက ပေါက်အိုင်ရွာဘုန်းကြီးကျောင်းတွင် အစည်းအဝေးပြုလုပ်ပြီးနောက် အဆိုပါကျေးရွာ ဘေးဝန်းကျင်တွင်ရှိသည့် ကျေးရွာများတွင်လည်း အစည်းအဝေးပြုလုပ်ခဲ့သည်ဟု သိရသည်။

ယင်းပြင် စစ်ကောင်စီတပ်ဖွဲ့များက မြန်အောင်မြို့နယ်အတွင်း ကျေးရွာများရှိ ဒေသခံများအား မတရားဖမ်းဆီးမှုများပြုလုပ်နေသည်ဟုသိရပြီး၊ ဒေသခံများထံမှ ရိက္ခာတောင်းယူခြင်းများကိုလည်း မကြာခဏပြုလုပ်နေသည်ဟု ဒေသခံအမျိုးအမီးတဦးကပြောသည်။

"စစ်တပ်က အရှက်မရှိတာ သိသာတယ် ။ ဘာလို့လဲဆို မြန်အောင်မြို့နယ်ထဲကရွာတွေမှာ ကျန်ခဲ့တဲ့ ၁၅ ရက်လောက်အတွင်း ပတ်ဖမ်းနေတာ ၁၅ ယောက်လောက် အဖမ်းခံထားရပြီ။ ပိုက်ဆံရှိတဲ့လူတွေကို ရွေးဖမ်းနေတာ။ အဲ့တာကို PDF က လူတွေကိုဖမ်းတယ်ဆိုပြီး လျှောက်ပြောနေတယ်"ဟု ၎င်းအမျိုးသမီးကပြောသည်။

လက်ရှိတွင် မြန်အောင်မြို့နယ်နှင့် ကြံခင်းမြို့နယ်အတွင်းရှိ တောင်ခြေကျေးရွာများ၌ စစ်ကောင်စီတပ်ဖွဲ့များ အထိုင်ချတပ်စွဲထားသည်ဟုသိရပြီး တောအုပ်များအတွင်းသို့ စစ်ကြောင်းထိုးမှုများပြုလုပ်နေသည်ဟု သိရသည်။

စာတည်း- သန့်ဇော်(သန်လျင်)

#mizzima
#မြန်အောင်မြို့နယ်
#PDF
#လူသတ်
#မုဒိမ်းမှု

“Supported by the Staying Resilient Amidst Multiple Crises in Southeast Asia initiative of SEA Junction in partnership with CMB Foundation”

ဓာတ်ပုံ - မြန်အောင်မြို့နယ်အတွင်း တနေရာ

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😁10👍2
​​ကလပ်အသင်းနဲ့ ၂၀၂၈ အထိ ၅ နှစ်စာချုပ်သစ် ချုပ်ဆိုတဲ့ မန်စီးတီးဆယ်ကျော်သက်နောက်ခံလူ ရီကိုလူးဝစ်

စွယ်စုံရနောက်ခံလူ ရီကိုလူးဝစ်ဟာ မန်ချက်စတာစီးတီးနဲ့ ၅ နှစ်သက်တမ်းရှိ စာချုပ်သစ်တစ်ရပ် ချုပ်ဆိုလိုက်ပြီဖြစ်ပါတယ်။

Bury မွေးဖွားတဲ့ အသက် ၁၈ နှစ်အရွယ် ကစားသမားဟာ ပြီးခဲ့တဲ့ ရာသီက သူ့ရဲ့ ပထမဆုံးပွဲဦးထွက်ကစားခဲ့ပြီး ၁၆ ပွဲထိ ပဲထွက်ခဲ့ကာ တစ်ဂိုးသွင်းနိုင်ခဲ့သလို စီးတီးကလည်း ဖလားသုံလုံး ဆွတ်ခူးနိုင်ခဲ့ပါတယ်။

အကယ်ဒမီထွက် ကစားသမားဟာ သူ့ရဲ့လက်ရှိစာချုပ်မှာ တစ်နှစ်ကျန်ရှိတော့ပြီး ၂၀၂၈ အထိ ကလပ်မှာ သူ့ကိုယ်သူ ပုံအပ်ထားလိုက်ပြီဖြစ်ပါတယ်။

Photo: Man City/Twitter

#ricolewis
#mancity
#Mizzima
😁2