Mizzima
✔
47.7K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
သြဂုတ်လ (၁၅)ရက်၊ ညနေ ၄ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
========================

00:59 - ရွှေတုံး၊ ရွှေခဲများကို အွန်လိုင်းမှ ဝယ်ရောင်းကြရန် စစ်ကောင်စီ ဗဟိုဘဏ်ဥက္ကဋ္ဌ တိုက်တွန်းတဲ့သတင်း

03:13 - ရခိုင်မှာ မုန်တိုင်းဒဏ်အပြင် ရေဘေးကြောင့် အရေးပေါ်အကူအညီလိုနေ တဲ့သတင်း

07:44 - ပေါ်ဆန်းဆန်တစ်အိတ် ကျပ်တစ်သိန်းကျော်အထိဖြစ်လာ တဲ့သတင်းတွေအပါအဝင် တခြားစိတ်ဝင်စားဖွယ်နဲ့ အရေးကြီးသတင်းတွေ

09:55 - သမ္မတလောင်းလုပ်ကြံခံရမှုကို စုံစမ်းစစ်ဆေးဖို့အတွက် အီကွေဒေါက FBI ကိုအကူအညီတောင်းခံတဲ့သတင်း ကို တင်ဆက် ပေးပါတော့မယ်။

https://youtu.be/rStJ9nUyvwE

#4pmnews
#Mizzimanewshour
#mizzimatv
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍7🍌2
Media is too big
VIEW IN TELEGRAM
နိုင်ဂျာအာဏာသိမ်းစစ်ခေါင်းဆောင်တွေက ဖြုတ်ချခံသမ္မတကို နိုင်ငံတော်သစ္စာဖောက်မှုနဲ့ တရားစွဲမယ်လို့ပြော

#internationalnews #reels #shorts #Mizzima
❤2😱1
​​စစ်တပ်စစ်ကြောင်းနှင့် ထိပ်တိုက်တိုးသော ငါန်းဇွန်က စစ်ရှောင် ၄ ဦး ပစ်သတ်ခံရ
====================

007
(မဇ္ဈိမ) ။ ။ မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်မှ စစ်ဘေးရှောင် ဒေသခံအရပ်သား ခြောက်ဦးသည် ယမန်နေ့ သြဂုတ်လ ၁၄ ရက်နေ့က စစ်ကောင်စီတပ်၏ စစ်ကြောင်းတခုနှင့် တည့်တည့်တိုးရာမှ ပစ်ခတ်ခံရပြီး လေးဦးသေဆုံးသွားကြောင်း ဒေသခံများက မဇ္ဈိမကို ပြောသည်။

ကျန်နှစ်ဦးမှာ ဒဏ်ရာများဖြင့် ထွက်ပြေးလွတ်မြောက်သွားကြောင်း မြင်းမူဒေသခံ တဦးက ပြောသည်။

“သူတို့ဘက်မှာ နေ့စဉ်ရက်ဆက် စစ်ကြောင်းထိုးခံနေရလို့ ဒီဘက်ကို ပြေးလာကြတာ၊ အဲဒီမှာ ခြောက်ယောက်က စကစတွေနဲ့ တည့်တည့်တိုးပြီး၊ ပစ်ခံလိုက်ရတယ်၊ လေးယောက်ကသေတယ်၊ နှစ်ယောက်က ဒဏ်ရာရတယ်၊ ခြောက်ယောက်စလုံး ငါန်းဇွန်သားတွေ ” ဟု မြင်းမူဒေသခံတဦးက ပြောသည်။

အဆိုပါ ပစ်သတ်ခံရသူ အရပ်သား စစ်ဘေးရှောင် လေးဦးသည် ငါန်းဇွန်မြို့နယ် မည်သည့်ကျေးရွာကဖြစ်သည်ကို လုံခြုံရေးအရ ပြောပြ၍ မရကြောင်း ၎င်းက ပြောသည်။

ဒေသအတွင်းသို့ စစ်ကောင်စီတပ်၏ စစ်ကြောင်းများ ဆက်တိုက်ထိုးဝင်လာသဖြင့် ကျေးရွာအများအပြားက အရပ်သားပြည်သူ ၂,၅၀၀ ကျော် ထွက်ပြေးတိမ်းရှောင်ခဲ့ကြရာ မြင်းမူမြို့ဘက်ထွက်ပြေးကြသူများအနက် လေးဦး ပစ်သတ်ခံလိုက်ရခြင်း ဖြစ်သည်။

“ဒီလဆန်းပိုင်းကစပြီး စစ်ကြောင်းတွေ ထိုးလာတာဆက်တိုက်ပဲ၊ အများစုကတော့ ဧရာဝတီထဲ ဆင်းပြေးကြတယ်၊ တဖက်ကမ်းကူးကြတယ်၊ မြင်းမူနဲ့ ငါန်းဇွန်က မြစ်ပဲ ခြားတာဆိုတော့၊ နီးစပ်ရာ ထွက်ပြေးရင် မြင်းမူဘက်က ပိုနီးတာကိုး၊ မနေ့ကဖြစ်စဉ်က မြင်းမူဘက်ထွက်ပြေးရင်း စကစနဲ့ဝင်တိုးပြီးအပစ်ခံလိုက်ရတာ၊ လူနှစ်ရာလောက်ထွက်ပြေးကြတာ၊ အဲဒီခြောက်ယောက်က စကစနဲ့ ထိပ်တိုက်သွားတိုးတာပဲ” ဟု ငါန်းဇွန် ဒေသခံတစ်ဦးက ပြောသည်။

မန္တလေးတိုင်း ငါန်းဇွန်မြို့နယ်၊ မြို့သာစက်မှုဇုန်တွင် တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့ အင်အား ၁၅၀ ကျော်သည် ကံသာ၊ လင်္ကာဒီပ၊ ယက္ခဒီပ၊ ရေလယ်သောင်၊ နဘဲပင်၊ ထန်းတပင်၊ အောင်သုခ၊ လက်ပံသာ(ဒေသအခေါ်အားဖြင့် တလင်းကုန်း) စသည့်ဒေသတွင်း ကျေးရွာများသို့ စစ်ကြောင်းထိုးလာသဖြင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေကြရခြင်း ဖြစ်သည်။

“ဂျပန်တွေ၊ နယ်ချဲ့အင်္ဂလိပ်တွေထက်ကို ပိုဆိုးတယ်ဗျ” ဟု စစ်ဘေးရှောင်များအား ကူညီပေးနေသူတဦးက မဇ္ဈိမကို ပြောသည်။
သြဂုတ်လ ၅ ရက်နေ့ကလည်း ရေလယ်သောင်ကျေးရွာ စစ်ကောင်စီတပ်၏ စီးနင်းမှုကို ခံရပြီး အသက် ၆၀ ကျော်အရွယ် အငြိမ်းစားကျောင်းဆရာတစ်ဦး ကျည်ဆန်မှန်ပြီး သေဆုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။

လက်ရှိတွင် အင်အား ၁၅၀ ခန့်ရှိသော စစ်ကောင်စီတပ်ဖွဲ့သည် မြို့သာစက်မှုဇုန်နှင့် သာကျင်းကျေးရွာဘုန်းကြီးကျောင်းတွင် တပ်စွဲထားပြီး ကျေးရွာများအား ဆက်လက်စစ်ကြောင်းထိုးရန် ပြင်ဆင်နေကြောင်း သိရသည်။

စာတည်း။ ။ နောင်နောင်
စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)

#ငါန်းဇွန်
#စစ်ရှောင်၄ဦးပစ်သတ်ခံရ
#Mizzima

ဓာတ်ပုံ- ပုံဟောင်း

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😢8👏2🤬2👍1
​​ရေးမြို့တွင် တည်းခိုခန်းအပါအဝင် နေအိမ်နှင့်ဆိုင်ခန်းများ ဖယ်ရှားခံရ
===================

ဂျူချန်း
(မဇ္ဈိမ)။ ။ မွန်ပြည်နယ်၊ ရေးမြို့နယ်အထွက်ရှိ တည်းခိုခန်းအပါအဝင် နေအိမ်နှင့်ဆိုင်ခန်းများ ဖယ်ရှားပေးရန် ဌာနဆိုင်ရာမှ လာရောက်ပြောကြားသွားကြောင်း ဒေသခံများထံမှ သိရသည်။
“ပေ ၅၀ နောက်ဆုတ်ခိုင်းတယ်။ မြေစာရင်းက လာပြောတာ နှစ်ရက်သုံးရက်ရှိပြီ” ဟု ဒေသခံအမျိုးသမီးတဦးက မဇ္ဈိမ ကို ပြောသည်။

ရေးမြို့ ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးရုံး တည်ဆောက်မည်ဖြစ်သောကြောင့် ရေးမြို့ အနောက်ဘက်ခြမ်း မီးရထားလမ်းအကျော် အဘော်ကျေးရွာသို့ သွားသည့် လမ်းမပေါ်ရှိ အဆောက်အဦများအား ဩဂုတ်လ ၁၂ ရက်နေ့မှ စတင်ကာ ဌာနဆိုင်ရာမှ ဖယ်ရှားခိုင်းခြင်းဖြစ်ကြောင်း သိရသည်။

“လယ်မြေတော့မဟုတ်ဘူး၊ အဲ့နားမှာ တည်းခိုခန်းရှိတယ်။ ကုန်ခြောက်ရောင်းတဲ့ ဆိုင်ရှိတယ်။ ပြီးတော့ ကားဝေါ့ရှော့တခုရှိတယ်။ နောက်ဟိုဘက်ခြမ်းမှာ ဘဲဥဆိုင်ရယ်၊ ပြီးတော့ စားသောက်ဆိုင်ရယ်ရှိတယ်။ စာကပ်ထားတာတော့ သုံးလေးလရှိပြီ” ဟု အခြားဒေသခံတဦးက မဇ္ဈိမ ကို ပြောသည်။

ရေးမြို့အနောက်ဘက်ခြမ်း မီးရထားလမ်းအကျော်ရှိ အဆောက်အဦများသည် လမ်းနယ်နိမိတ်နှင့် မလွတ်သဖြင့် ပေ ၅၀ ခန့် နောက်ဆုတ်ကာ ဖယ်ရှားပေးရန် ပြီးခဲ့သည့် ဇွန်လဒုတိယအပတ်ခန့်က “ဆန်းမြတ်ထွန်း” တည်းခိုခန့်အရှေ့တွင် ဆိုင်းဘုတ်အနီရောင် လာရောက်စိုက်ထူထားခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

လက်ရှိတွင် ရေးမြို့နယ်၊ လမိုင်းမြို့နှင့် ခေါဇာမြို့များရှိ ထွေအုပ်ရုံးများအပါအဝင် စစ်ကောင်စီလက်အောက်ခံ အစိုးရရုံးအများစုကို ပိတ်ထားရပြီး စစ်ကောင်စီလက်အောက်ခံ ထွေအုပ်ရုံးဝန်ထမ်းများသည်လည်း ရေးမြို့နယ်သို့ အရပ်ဝတ်ဖြင့် ရုံးတက်နေရခြင်းများရှိသဖြင့် ရေးမြို့နယ်တွင် အစိုးရရုံးများ တိုးချဲ့တည်ဆောက်ရခြင်းဖြစ်ကြောင်း တော်လှန်ရေးအင်အားစုများက ပြောသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#ရေးမြို့နယ်
#ထွေအုပ်ရုံး
#တည်းခိုခန်း

ဓါတ်ပုံ-ဖယ်ရှားခံရမည့် အဆောက်အဦးများ

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😢3🔥1😁1
​​PDF များ လူသတ် မုဒိမ်းမှုများ ပြုလုပ်နေသည်ဟု စစ်ကောင်စီတပ်မှ ဒေသခံများအား အစည်းအဝေးခေါ်ပြီး မဟုတ်မမှန်ပြောဆို
=====================

မင်းထက်
(မဇ္စျိမ)။ ။ဧရာဝတီတိုင်း၊ မြန်အောင်မြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့များ၊ရဲများနှင့် အုပ်ချုပ်ရေးမှူးများက ဒေသခံများအား အစည်းအဝေးခေါ်ကာ PDF များက အကြမ်းဖက်လူသတ်၊ မုဒိမ်းမှုများပြုလုပ်နေသည်ဟု မဟုတ်မမှန်ပြောဆိုမှုများပြုလုပ်နေကြောင်း ဒေသခံများကပြောသည်။

ယမန့်နေ့ သြဂုတ်လ ၁၅ ရက်နေ့ နေလယ်ပိုင်းအချိန်က မြန်အောင်မြို့နယ် ငှက်ကြီးကွင်းအုပ်စု၊ ပေါက်အိုင်ရွာဘုန်းကြီးကျောင်းသို့ တအိမ်တယောက် မလာမနေရဟုဆိုကာ အစည်းအဝေးခေါ်ပြီး ထိုသို့ပြောဆိုခဲ့ခြင်းဖြစ်သည်ဟု ဒေသခံတဦးကပြောသည်။

"PDF တွေက လူတွေကိုဖမ်းတယ်၊ ဖမ်းပြီးရင်လည်း တာဝန်မယူဘူး၊ ဆရာမတွေဆိုလည်း မုဒိမ်းကျင့်တယ်၊ ဘုန်းကြီးတွေဆို သတ်တယ်၊ အကြမ်းဖက်တာတွေလုပ်တယ်။ ဒါကြောင့် PDF တွေ့ရင်အကြောင်းကြားပေးဆိုပြီး ခေါ်ပြောတာပါ။ ရွာသားတွေအကုန်လုံးက အရူးတွေမှမဟုတ်တာ။ ဒါမျိုးလုပ်တာ စစ်တပ်ပဲဆိုတာ သိတာပေါ့"ဟု ဒေသခံကပြောသည်။

PDF များမှာ အနည်းစုသာဖြစ်ပြီး ၎င်းတို့မှာ အင်အားကြီးသောအဖွဲ့အစည်းဖြစ်၍ မတွန်းလှန်နိုင်ကြောင်း၊ ရွာသူရွာသားများ ဆီလျှော့စားရန်လိုအပ်ကြောင်း၊ အုပ်ချုပ်ရေးမှူးများအနေဖြင့် လုံခြုံရေးအဖွဲ့များဖွဲ့စည်းထားရန် လိုအပ်ကြောင်း စစ်ကောင်စီတပ်ဖွဲ့များကပြောဆိုခဲ့သည်ဟု ဆက်လက်ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့များနှင့် ရဲများက မြန်အောင်မြို့နယ်အတွင်းရှိ အခြားကျေးရွာအုပ်စုများတွင်လည်း ထိုသို့ မလာမနေရ အစည်းအဝေးများခေါ်ယူကာ မဟုတ်မမှန်ပြောဆိုမှုများ ပြုလုပ်နေသည်ဟု ဒေသခံများကပြောသည်။

ယမန်နေ့ နေ့လယ်ပိုင်းက ပေါက်အိုင်ရွာဘုန်းကြီးကျောင်းတွင် အစည်းအဝေးပြုလုပ်ပြီးနောက် အဆိုပါကျေးရွာ ဘေးဝန်းကျင်တွင်ရှိသည့် ကျေးရွာများတွင်လည်း အစည်းအဝေးပြုလုပ်ခဲ့သည်ဟု သိရသည်။

ယင်းပြင် စစ်ကောင်စီတပ်ဖွဲ့များက မြန်အောင်မြို့နယ်အတွင်း ကျေးရွာများရှိ ဒေသခံများအား မတရားဖမ်းဆီးမှုများပြုလုပ်နေသည်ဟုသိရပြီး၊ ဒေသခံများထံမှ ရိက္ခာတောင်းယူခြင်းများကိုလည်း မကြာခဏပြုလုပ်နေသည်ဟု ဒေသခံအမျိုးအမီးတဦးကပြောသည်။

"စစ်တပ်က အရှက်မရှိတာ သိသာတယ် ။ ဘာလို့လဲဆို မြန်အောင်မြို့နယ်ထဲကရွာတွေမှာ ကျန်ခဲ့တဲ့ ၁၅ ရက်လောက်အတွင်း ပတ်ဖမ်းနေတာ ၁၅ ယောက်လောက် အဖမ်းခံထားရပြီ။ ပိုက်ဆံရှိတဲ့လူတွေကို ရွေးဖမ်းနေတာ။ အဲ့တာကို PDF က လူတွေကိုဖမ်းတယ်ဆိုပြီး လျှောက်ပြောနေတယ်"ဟု ၎င်းအမျိုးသမီးကပြောသည်။

လက်ရှိတွင် မြန်အောင်မြို့နယ်နှင့် ကြံခင်းမြို့နယ်အတွင်းရှိ တောင်ခြေကျေးရွာများ၌ စစ်ကောင်စီတပ်ဖွဲ့များ အထိုင်ချတပ်စွဲထားသည်ဟုသိရပြီး တောအုပ်များအတွင်းသို့ စစ်ကြောင်းထိုးမှုများပြုလုပ်နေသည်ဟု သိရသည်။

စာတည်း- သန့်ဇော်(သန်လျင်)

#mizzima
#မြန်အောင်မြို့နယ်
#PDF
#လူသတ်
#မုဒိမ်းမှု

“Supported by the Staying Resilient Amidst Multiple Crises in Southeast Asia initiative of SEA Junction in partnership with CMB Foundation”

ဓာတ်ပုံ - မြန်အောင်မြို့နယ်အတွင်း တနေရာ

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😁10👍2
​​ကလပ်အသင်းနဲ့ ၂၀၂၈ အထိ ၅ နှစ်စာချုပ်သစ် ချုပ်ဆိုတဲ့ မန်စီးတီးဆယ်ကျော်သက်နောက်ခံလူ ရီကိုလူးဝစ်

စွယ်စုံရနောက်ခံလူ ရီကိုလူးဝစ်ဟာ မန်ချက်စတာစီးတီးနဲ့ ၅ နှစ်သက်တမ်းရှိ စာချုပ်သစ်တစ်ရပ် ချုပ်ဆိုလိုက်ပြီဖြစ်ပါတယ်။

Bury မွေးဖွားတဲ့ အသက် ၁၈ နှစ်အရွယ် ကစားသမားဟာ ပြီးခဲ့တဲ့ ရာသီက သူ့ရဲ့ ပထမဆုံးပွဲဦးထွက်ကစားခဲ့ပြီး ၁၆ ပွဲထိ ပဲထွက်ခဲ့ကာ တစ်ဂိုးသွင်းနိုင်ခဲ့သလို စီးတီးကလည်း ဖလားသုံလုံး ဆွတ်ခူးနိုင်ခဲ့ပါတယ်။

အကယ်ဒမီထွက် ကစားသမားဟာ သူ့ရဲ့လက်ရှိစာချုပ်မှာ တစ်နှစ်ကျန်ရှိတော့ပြီး ၂၀၂၈ အထိ ကလပ်မှာ သူ့ကိုယ်သူ ပုံအပ်ထားလိုက်ပြီဖြစ်ပါတယ်။

Photo: Man City/Twitter

#ricolewis
#mancity
#Mizzima
😁2
​​ကမ္ဘောဒီးယားတွင် အထက်တန်းကျောင်း၌ စစ်လက်ကျန် ဖောက်ခွဲရေးပစ္စည်း ၂,၀၀၀ ကျော် တွေ့ရှိ 
======================

မ္ဘောဒီးယားနိုင်ငံ ကရာတိုင်းပြည်နယ်က အထက်တန်းကျောင်းဝင်းအတွင်း မြုပ်နှံထားသည့် စစ်လက်ကျန်ဖောက်ခွဲရေးပစ္စည်း ၂,၀၀၀ ကျော်ကို ပညာရှင်များက ရှာဖွေတွေ့ရှိကြောင်း ကမ္ဘောဒီးယား မိုင်းရှင်းလင်းရေးစင်တာ CMAC က ဩဂုတ် ၁၄ ရက်တွင် ကြေညာသည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12
👍3👏2🥰1
​​မြန်မာတွင် မိုခါမုန်တိုင်းကြောင့် ဒေါ်လာ ၂ ဒသမ ၂၄ ဘီလီယံတန်ဖိုး ထိခိုက်ဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ဟု ကမ္ဘာ့ဘဏ် ပြော
=====================

ကမ္ဘာ့ဘဏ်သည် မေလ ၁၄ ရက်က မြန်မာနိုင်ငံ၊ အထူးသဖြင့် ရခိုင်ပြည်နယ်ကို ဝင်ရောက်တိုက်ခတ်သွားခဲ့သည့် ဆိုင်ကလုန်း မိုခါမုန်တိုင်းကြောင့် ဖြစ်ပေါ်သော ထိခိုက်ဆုံးရှုံးမှုများကို အကဲဖြတ်ရန် ဆန်းစစ်လေ့လာချက်တရပ်ကို ပြုလုပ်ခဲ့သည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🔥3
​​Bhoothnath
===========

မစ္စတာဘွက်နပ်ခ် သူရဲ့ နေအိမ်မှာ သားကို အစွဲပြုပြီးသေသွားခဲ့တဲ့ သရဲတစ်ကောင်ပါ။

သူဟာ သရဲ အဖြစ်နဲ့ ကမ္ဘာမြေပေါ်မှာ နေထိုင်တဲ့သူပါ။

သူ့ရဲ့အိမ်ကို အိမ်ငှားအနေနဲ့ လာနေတဲ့ သူတွေအကုန်လုံးကို မနေနိုင်အောင် နည်းမျိုးစုံနဲ့ ကြောက်အောင် ခြောက်လှန့်ပြီး အိမ်ကထွက်သွားအောင် လုပ်ပါတော့တယ် ။

ကြာလာတော့ အဲ့အိမ်မှာ သရဲရှိတယ်ဆိုပြီး နာမည်ကြီးလာတာကြောင့် အဲ့မြို့က လူတွေ အကုန်လုံးကလည်း ကြောက်လှန့်ပြီး ဘယ်သူမှ အဲ့အိမ်နား မသွားရဲတော့ပါဘူး ။

တနေ့ သင်္ဘောသား တို့ မိသားစု က တခြားမြို့ကနေ အိမ်ပြောင်းလာပါတော့တယ်။

ထုံးစံအတိုင်း " Nath " တစ်ယောက် သူ့အိမ်မှာ မနေနိုင်ဖို့ အတွက် စခြောက်လှန့်ပါတော့တယ်။

ဖြစ်ချင်တော့ အဲ့မိသားစုမှာ "ဘန်ကူ" လို့ ခေါ်တဲ့ ကလေးတစ်ယောက်ပါပါတယ် ။

အဲ့ဒီကလေးက သရဲဆိုတာ မရှိဘဲ နတ်သား ပဲရှိတယ်လို့ သိထားတာကြောင့် " Nath " ကိုတွေ့တဲ့ အခါမှာ နတ်သားလေးဆိုပြီး ထင်သွားပါတော့တယ် ။

သရဲ"Nath" ကလည်း သူ့ကို မကြောက်ဘဲ ခင်နေတဲ့ ဒီထူးဆန်းတဲ့ ကလေး " ဘန်ကူ" ကို သံယောဇဉ်တွယ်ပြီး မခြောက်လှန့်တော့တဲ့ အပြင် ကလေးရဲ့ အလိုကို လိုက်ပေးတာတွေကို ဟာသဆန်ဆန်နဲ့ တွေ့မြင်ရမှာပါ ။

ပေါ့ပေါ့ပါးပါးနဲ့ စိတ်ဝင်စားဖို့ ကောင်းတဲ့ ဒီဇာတ်လမ်းလေးကိုတော့ Mizzima + မှာ စောင့်မျှော် ကြည့်ရူနိုင်ပါပြီ။
Mizzima + တွင် ပြသနေသည့် ည (၈) နာရီအချိန်မှာပဲ Mizzima App တွင်လည်း live stream ကြည့်ရှုနိုင်ပါသည်။

#New ပြသမည့်ရက် ။ ။ 15.8.2023
ပြသမည့်အချိန်။ ။ ည (၈:၀၀) နာရီ
#Replay ပြန်လည်ပြသမည့်အချိန် ။ ။ 16.8.2023
ပြသမည့်အချိန်။ ။နေ့လည် (၂:၀၀) နာရီ

(Mizzima Media ကနေ သတင်းချန်နယ် သီးသန့် အဖြစ် Mizzima TV အပြင်၊ သတင်း နှင့် ဖျော်ဖြေရေး ချန်နယ် အဖြစ် Mizzima + တို့အား PSI စလောင်းများ၊ နှစ်ပေ စလောင်းများ နှင့် ရှစ်ပေ စလောင်း များမှ တစ်ဆင့် နေ့စဉ် နံနက် ၆ နာရီ မှ ည ၁၂ နာရီအထိ ထုတ်လွှင့်ပြသနေပါသည်)။
👍3😁2
​​မန္တလေး - မုံရွာ လမ်းပိုင်းတွင် စစ်ကောင်စီတပ်ယာဥ်တန်းကို ၂ရက်ဆက်မိုင်းဆွဲတိုက်ခိုက်
======================

ပါခွီး
(မဇ္စျိမ) ။ ။ စစ်ကိုင်းမှ ထွက်လာသော စစ်ကောင်စီတပ်ယာဉ်တန်းကို မုံရွာ - မန္တလေးလမ်းပိုင်းတွင် မိုင်းများဖြင့် နှစ်ရက်ဆက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ယာဥ် ငါးစီးထိမှန်ခဲ့ကြောင်း မြင်းမူ လင်းယုန်နက် ကာကွယ်ရေးအဖွဲ့ (Black Eagle Defefnce Force – MMU) က ဩဂုတ်လ ၁၅ရက်နေ့တွင် ထုတ်ပြန်သည်။

စစ်ကိုင်းမှ မုံရွာသို့ ထွက်လာသော စစ်ကောင်စီတပ်ထောက်ပို့ ၁၆စီးပါ ယာဥ်တန်းကို မြင်းမူမြို့နယ် အလ္လကပ္ပနှင့် ဝမ်းပြည့်ကျေးရွာအကြားတွင် ဩဂုတ်လ ၁၄ရက် ညနေ ၄နာရီ ၃၅မိနစ်အချိန်တွင် ပဒေသာမိုင်း ၊ တဖက်ပွင့်ပြောင်းတို့ဖြင့် တိုက်ခိုက်ခဲ့ကြောင်း ဆိုသည်။

ယင်းသို့တိုက်ခိုက်မှုကြောင့် ယာဉ်တန်းမှ ၁၂စီးမြောက်ကားကို ထိမှန်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြသည်။
အဆိုပါယာဉ်တန်းကိုပင် ညနေ ၄နာရီ ၃၈မိနစ်အချိန်တွင် အလ္လကပ္ပနှင့် ဝမ်းပြည့်အကြား ပဒေသာမိုင်း လေးလုံးဖြင့် နှစ်ကြိမ်ခွဲတိုက်ခိုက်ခဲ့ရာ ၁၁စီးမြောက် ကားကို ထိမှန်ခဲ့ကြောင်းသိရသည်။

တဖန် ယင်းနေ့ညနေပိုင်းတွင် စစ်ကိုင်းမှ မုံရွာဖက်သို့ ထပ်မံထွက်လာသည့် လိုက်ထရပ်ကားတစီး ၊ တွဲကားအတိုနှစ်စီးနှင့် ဆီကားတစီးတို့ပါသော ယာဥ်တန်း ကို အလ္လကပ္ပနှင့် ဝမ်းပြည့်ကြားအတွင် ည ၁၀နာရီ ၃၀မိနစ်အချိန်တွင် ၆၀မမ နှစ်လုံး တပွိုင့် ပဒေသာမိုင်းနှစ်လုံးတပွိုင့်တို့ဖြင့် နှစ်ကြိမ်တိုက်ခိုက်ခဲ့ရာ သုံးစီးမြောက်ကား ထိမှန်ခဲ့ကြောင်းဆိုသည်။

ယင်းယာဥ်တန်းကို ပင် ည ၁၀နာရီ ၃၃မိနစ်အချိန်တွင် အလ္လကပ္ပနှင့် ဘိုးမင်းကြီးကင်းအကြား ပဒေသာမိုင်း လေးလုံးဖြင့်တိုက်ခိုက်ခဲ့ရာ လေးစီးကားအားထိမှန်သည်။

“ကျနော်တို့ စခ (စစ်ကောင်စီတပ်) ကင်းပုန်းတွေချထားတဲ့ကြားက မိုင်းနဲ့ တဖက်ပွင့် ပြောင်း ၆၀မမ တို့နဲ့ တိုက်ခိုက်ခဲ့တာ ကားငါးစီးကို ထိမှန်အောင်တိုက်ခိုက်နိုင်ခဲ့ပါတယ်” ဟု မြင်းမူ လင်းယုန်နက် ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက မဇ္စျိမ ကို ပြောသည်။

ဩဂုတ်လ ၁၅ရက် ယနေ့နံနက် ၁၀နာရီ ၅၀မိနစ်အချိန်တွင် စစ်ကိုင်းမှ မုံရွာဖက်သို့ ထွက်လာသည့် စစ်ကောင်စီတပ်၏ မိုးကာအုပ်ထားသည့် ဖောကားလေးစီးကို အလ္လကပ္ပနှင့် ဘိုးမင်းကြီးကင်းအကြားအတွင် မိုင်တဲလ် မိုင်းကြီး နှစ်လုံးဖြင့် တိုက်ခိုက်ခဲ့ရာ သုံးစီးမြောက်ကားကို ထိမှန်ခဲ့ကြောင်း ဆိုသည်။

အဆိုပါတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များသေဆုံးဒဏ်ရာရသည့်အခြေအနေကို သိရှိရခြင်းမရှိသော်လည်း ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ကြောင်းအသိပေးထားသည်။

အဆိုပါ တိုက်ခိုက်မှုများကို လင်းယုန်နက် ကာကွယ်ရေးတပ်ဖွဲ့ နှင့်အတူ မြင်းမူ မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တို့မှ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#လင်းယုန်နက်
#ကာကွယ်ရေးတပ်ဖွဲ့
#စစ်ကိုင်း
#စစ်ကောင်စီတပ်ယာဉ်တန်း
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍10❤5😁1🥱1
Media is too big
VIEW IN TELEGRAM
ရွှေတုံး၊ ရွှေခဲများကို အွန်လိုင်းမှ ဝယ်ရောင်းကြရန် စစ်ကောင်စီ ဗဟိုဘဏ်ဥက္ကဋ္ဌ တိုက်တွန်း

Watch more detail - https://youtu.be/mVgQMF_RTiE

#reels #shorts #BusinessRoundUp #MizzimaTV
🤯2❤1👍1
This media is not supported in your browser
VIEW IN TELEGRAM
ပေါ်ဆန်းဆန်တစ်အိတ် ကျပ်တစ်သိန်းကျော်အထိ ဖြစ်လာ

Watch more detail - https://youtu.be/mVgQMF_RTiE

#reels #shorts #BusinessRoundUp #MizzimaTV
🔥2❤1
​​မိုးခေါင်ခြောက်သွေ့မှုနှင့် အလွန်အကျွံထုတ်ယူသုံးစွဲမှုကြောင့် ခြောက်သွေ့လာသည့် စပိန်နိုင်ငံမှ ထုံးအိုင်ကြီး
=================

#MizzimaTV
#hightech&gadget
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍4🔥1
​​Bhoothnath
============

မစ္စတာဘွက်နပ်ခ် သူရဲ့ နေအိမ်မှာ သားကို အစွဲပြုပြီးသေသွားခဲ့တဲ့ သရဲတစ်ကောင်ပါ။

သူဟာ သရဲ အဖြစ်နဲ့ ကမ္ဘာမြေပေါ်မှာ နေထိုင်တဲ့သူပါ။
သူ့ရဲ့အိမ်ကို အိမ်ငှားအနေနဲ့ လာနေတဲ့ သူတွေအကုန်လုံးကို မနေနိုင်အောင် နည်းမျိုးစုံနဲ့ ကြောက်အောင် ခြောက်လှန့်ပြီး အိမ်ကထွက်သွားအောင် လုပ်ပါတော့တယ် ။

ကြာလာတော့ အဲ့အိမ်မှာ သရဲရှိတယ်ဆိုပြီး နာမည်ကြီးလာတာကြောင့် အဲ့မြို့က လူတွေ အကုန်လုံးကလည်း ကြောက်လှန့်ပြီး ဘယ်သူမှ အဲ့အိမ်နား မသွားရဲတော့ပါဘူး ။
တနေ့ သင်္ဘောသား တို့ မိသားစု က တခြားမြို့ကနေ အိမ်ပြောင်းလာပါတော့တယ်။

ထုံးစံအတိုင်း " Nath " တစ်ယောက် သူ့အိမ်မှာ မနေနိုင်ဖို့ အတွက် စခြောက်လှန့်ပါတော့တယ်။
ဖြစ်ချင်တော့ အဲ့မိသားစုမှာ "ဘန်ကူ" လို့ ခေါ်တဲ့ ကလေးတစ်ယောက်ပါပါတယ် ။

အဲ့ဒီကလေးက သရဲဆိုတာ မရှိဘဲ နတ်သား ပဲရှိတယ်လို့ သိထားတာကြောင့် " Nath " ကိုတွေ့တဲ့ အခါမှာ နတ်သားလေးဆိုပြီး ထင်သွားပါတော့တယ် ။

သရဲ"Nath" ကလည်း သူ့ကို မကြောက်ဘဲ ခင်နေတဲ့ ဒီထူးဆန်းတဲ့ ကလေး " ဘန်ကူ" ကို သံယောဇဉ်တွယ်ပြီး မခြောက်လှန့်တော့တဲ့ အပြင် ကလေးရဲ့ အလိုကို လိုက်ပေးတာတွေကို ဟာသဆန်ဆန်နဲ့ တွေ့မြင်ရမှာပါ ။

ပေါ့ပေါ့ပါးပါးနဲ့ စိတ်ဝင်စားဖို့ ကောင်းတဲ့ ဒီဇာတ်လမ်းလေးကိုတော့ Mizzima + မှာ စောင့်မျှော် ကြည့်ရူနိုင်ပါပြီ။
Mizzima+ Channel တွင် ပြသနေသည့်အချိန်မှာပဲ Mizzima TV App တွင်လည်း Live stream တိုက်ရိုက်ကြည့်ရှုနိုင်တာမို့MizzimaTV Application လေးကို download လုပ်ပြီးကြည့်လိုက်ကြရအောင်

App ဒေါင်းလော့လုပ်ရန် - http://onelink.to/jnuwak
#New ပြသမည့်ရက်။ ။၁၅.၈.၂၀၂၃
ပြသမည့် အချိန် ။ ။ ည (၈:၀၀)နာရီ
ပြန်လည်ပြသမည့်ရက်။ ။ ၁၆.၈.၂၀၂၃
အချိန်။ ။ နေ့လည် (၂:၀၀) နာရီ

(Mizzima Media ကနေ သတင်းချန်နယ် သီးသန့် အဖြစ် Mizzima TV အပြင်၊ သတင်း နှင့် ဖျော်ဖြေရေး ချန်နယ် အဖြစ် Mizzima + တို့အား PSI စလောင်းများ၊ နှစ်ပေ စလောင်းများ နှင့် ရှစ်ပေ စလောင်း များမှ တစ်ဆင့် နေ့စဉ် နံနက် ၆ နာရီ မှ ည ၁၂ နာရီအထိ ထုတ်လွှင့်ပြသနေပါသည်)။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U"
👍1💩1
​​ပင်လယ်ကြမ်းပြင်အောက်၌ ရှင်သန်နေသည့် ဂေဟစနစ်သစ်တစ်ခုအား ရှာဖွေတွေ့ရှိ
=====================

#MizzimaTV
#hightech&gadget
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍1🤣1
This media is not supported in your browser
VIEW IN TELEGRAM
မြန်မာနိုင်ငံကို ဝင်ရောက်ခဲ့တဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ထက်ဝက်ကျော် ကျဆင်းသွား

Watch more detail - https://youtu.be/mVgQMF_RTiE

#reels #shorts #BusinessRoundUp #MizzimaTV
❤2🔥1