Mizzima
✔
47.7K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
မတူပီ-ဟားခါးလမ်းပိုင်း မြေပြို၍ ခရီးသွားလာခြင်းမပြုလုပ်ကြရန် CDF-Matupi အသိပေး
🔥2👍1😁1😢1
မတူပီ-ဟားခါးလမ်းပိုင်း မြေပြို၍ ခရီးသွားလာခြင်းမပြုလုပ်ကြရန် CDF-Matupi အသိပေး
========================

ကိုခင်မောင်
(မဇ္စျိမ)။ ။ ချင်းပြည်နယ်၊ မတူပီမြို့နယ်တွင် မတူပီ-ဟားခါးလမ်းပိုင်းတနေရာ မြေပြိုနေ၍ ခရီးသွားလာခြင်းမပြုလုပ်ကြရန် ချင်းလဲန်ကာကွယ်ရေးတပ်ဖွဲ့ (မတူပီ) CDF-Matupiမှ ယမန်နေ့သြဂုတ်လ ၁၄ရက်တွင် အသိပေးထုတ်ပြန်ထားသည်။

မတူပီ-ဟားခါးလမ်းမပေါ်ရှိ လုံလှော်ရွာ-ဇကမ်းရွာကားလမ်းပိုင်းတွင် ပေ ၄၀ ခန့်ရှည်သော လမ်းသားပဲ့ကျနေပြီး တခြားနေရာတော်တော်များများတွင်လည်း မြေပြိုမှုများ ဖြစ်ပွားနေ၍ ကား၊ ဆိုင်ကယ်များ ဖြတ်သန်းသွားလားခြင်းမပြုလုပ်ရန် အသိပေးထားခြင်းဖြစ်သည်။

“ဆက်ဖြစ်နိုင်မယ့်နေရာတွေ အများကြီးရှိသေးတယ်၊ နေရာသုံးနေရာလောက်မှာ တောင်ကျရေတွေကြောင့် လမ်းသားပဲ့ကျပြိုကျမှုတွေ ထပ်ဖြစ်လာနိုင်ပါတယ်။ အခုဆိုးဆိုးရွားရွားဖြစ်တာက လုံလှော်ရွာနဲ့ ဇကမ်းရွာက ကားလမ်းမှာလမ်းသားမြေပြိုသွားတာပါ။ ပေ ၄၀ လောက်ရှိပါတယ်။ ” ဟု ချင်းလဲန်ကာကွယ်ရေးတပ်ဖွဲ့ (မတူပီ)မှ တာဝန်ရှိသူ နိုင်ဂျွန်ကိမ်း က မဇ္စျိမသို့ပြောသည်။

ယခု ဩဂုတ်လအတွင်း အဆက်မပြတ်မိုးရွာသွန်းမှုကြောင့် ချင်းပြည်နယ်၊ မတူမြို့နယ်၊ မတူပီ-ဟားခါးလမ်းပိုင်းမှာ ရေကြီးမှုနဲ့ မြေပြိုမှုတွေ ဖြစ်ပွားနေပြီး ခရီးသွားလာရေးအတွက် အခက်အခဲများစွာ ကြုံတွေ့နေရကြောင်း ၎င်းထံမှ သိရသည်။

မတူပီ- ဟားခါးလမ်း ပျက်စီးမှုကြောင့် မတူပီမြို့နယ်တွင် စားသောက်ကုန်များနှင့် ကုန်ပစ္စည်းများ စျေးနှုန်းမြင့်တက်လာနိုင်ပြီး စားသောက်ကုန်များ ပြတ်လပ်သွားမည်ကို စိုးရိမ်နေရကြောင်းလည်း သူကဆိုသည်။

“မတူပီ-ခါးဟားလမ်းဆိုတာက တော်လှန်ရေးဒီလိုဖြစ်ပြီးနောက်ပိုင်း မင်းတပ်လမ်းကို အသုံးပြုမှုနည်းပြီးမှ ဒီဟားခါးလမ်းကို အဓိက သုံးတာများပါတယ်။ အဓိကတော့ ခရီးသည်တွေက မင်းတပ်လမ်းကနေ သွားတာများတယ်။ စားသောက်ကုန်တွေကတော့ ဟားခါးလမ်းကနေ လာတာများတယ်၊ လမ်းပိုင်းက ဒီလိုပျက်စီးသွားတော့ မြို့ပေါ်နေပြည်သူတွေအတွက်က ဒုက္ခတွေ၊ အခက်အခဲတွေကြုံနိုင်တဲ့ အခြေအနေမျိုးမှာရှိတယ်။ ကုန်စျေးနှုန်းတက်တာတွေလည်းရှိမယ်။ စားသောက်ကုန်ပစ္စည်းတွေမြို့ထဲကို ပို့နိုင်ဖို့ ခက်ခဲလာမယ်။ အခုဒီလမ်းကနေပဲ ဆီ၊ ဆား၊ ငါးပိ ၊ ဓာတ်ဆီ၊ ဒီဇယ်ကအစ ဝင်တာဆိုတော့ မြို့နေပြည်သူတွေက ဒုက္ခတွေ တော်တော်ကြုံနေရမှာပါ” ဟု ကိုနိုင်ဂျွန်ကိမ်းက ဆိုသည်။

ထိုသို့ မတူပီ-ဟားခါးကားလမ်းတွင် လမ်းသားပြတ်ကျခြင်းသည် မိုးများသည့်အခါ တောင်ကျရေများလာပြီး ကားလမ်းဘေးတွင် မြောင်းကောင်းကောင်း တူးဖော်ထားခြင်းမရှိသောကြောင့် တောင်ကျရေတိုက်စား၍ မြေပြိုပြီးလမ်းသားပဲ့ကျမှုများဖြစ်ပွားနေခြင်းဖြစ်သည်ဟု ၎င်းကပြောသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#မတူပီမြို့နယ်
#ဟားခါး
#မြေပြို
#ခရီးသွား

ပုံအညွှန်း။ ။ မတူပီ - ဟားခါးလမ်းပေါ်တွင် လမ်းသားပြတ်ကျပြိုကျမှုမြင်ကွင်းများ (ဓာတ်ပုံ- CDF- Matupi)

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍6🔥2😁1😢1
​​စစ်ကောင်စီ၏ သွေးခွဲလုပ်ကြံမှုများ အလုပ်မဖြစ်ဟု NUG ကာကွယ်ရေးဌာနပြော
=======================

001
(မဇ္စျိမ) ။ ။ စစ်ကောင်စီက တော်လှန်ရေးအင်အားစုများအား သွေးခွဲရန် လုပ်ဆောင်မှုများကို ယခုရက်ပိုင်းအတွင်း ခပ်စိတ်စိတ်တွေ့လာရသော်လည်း အလုပ်ဖြစ်မည် မဟုတ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနက ဩဂုတ်လ ၁၄ ရက်နေ့တွင် ပြောသည်။

NUG ကာကွယ်ရေးဝန်ကြီးဌာန၏ ဒုအတွင်းဝန်နှင့် ပြောရေးဆိုခွင့်ရှိသူ ဦးမောင်မောင်ဆွေက နှစ်ပတ်တကြိမ် ပြည်သူလူထုထံ အစီရင်ခံတင်ပြနေသည့် ဩဂုတ်လ ၁၄ ရက်နေ့ မိန့်ခွန်းမှာ ထိုသို့ ထည့်သွင်းပြောဆိုသွားခြင်း ဖြစ်သည်။
စစ်ကောင်စီအနေဖြင့် ကဏ္ဍပေါင်းစုံသာမက မြေပြင်တိုက်ပွဲများတွင်ပါ အထိနာနေသည့်အတွက် တော်လှန်ရေးအင်အားစုများဘက်ကို သပ်လျှိုသွေးခွဲရန် ကြံစည်လာခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

စစ်ကောင်စီဘက်က သွေးခွဲသပ်လျှိုသည့် လုပ်ငန်းများ လုပ်နေသော်လည်း တော်လှန်ရေး အဖွဲ့အစည်းအသီးသီးက စစ်ကောင်စီ၏ သွေးခွဲသပ်လျှိုမှုကို လက်မခံဘဲ အာဏာရှင်စနစ်ကျဆုံးရေးဆိုသည့် အဓိကမူကို ကိုင်ဆွဲပြီး နွေဦးတော်လှန်ရေးမှာ ပူးပေါင်းတော်လှန်နေကြကြောင်း ဦးမောင်မောင်ဆွေက ထောက်ပြ ပြောဆိုသည်။

၇၅ နှစ်မြောက် ကရင်နီအမျိုးသား ခုခံတော်လှန်ရေး အခမ်းအနားသို့ ပေးပို့သည့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ၏ သဝဏ်လွှာ၊ ဩဂုတ်လ ၁၀ ရက်နေ့ ကချင်အာဇာနည်နေ့ အခမ်းအနားတွင် KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ၏ ပြောဆိုချက်နှင့် သြဂုတ်လ ၁၂ ရက် ကရင်အာဇာနည်နေ့ အခမ်းအနားတွင် KNU ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းတို့၏ ပြောဆိုချက်များကို ကြည့်ပါက သိနိုင်ကြောင်းလည်း ၎င်းက ဆိုသည်။

“တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံးနဲ့တကွ အတွေ့အကြုံမြင့်တဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေကလည်း ဒီသွေးခွဲမှုကို လုံးဝလက်မခံဘဲနဲ့ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေးမူကိုပဲ လက်ကိုင်ထားပြီး ခိုင်ခိုင်မာမာရပ်တည်နေကြတယ်ဆိုတာလည်း ကျွန်တော်တို့ပြည်သူလူထုကို ထပ်လောင်းပြီးတင်ပြချင်ပါတယ်”ဟု ၎င်းက ဆိုသည်။

လက်ရှိတွင် ကာကွယ်ရေးဝန်ကြီးဌာန အနေဖြင့် ပြည်သူလူထု၏ ထောက်ပို့အားဖြင့် မြေပြင်တိုက်ပွဲများတွင် အောင်မြင်စွာတိုက်ခိုက်နိုင်နေပြီဖြစ်ပြီး ကွက်ပြည့်နင်းသည့်ဗျူဟာဖြင့် အချိတ်ဆက်မိမိ ဆောင်ရွက်နေပြီဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။
NUG အနေဖြင့် စစ်ကောင်စီအား စစ်ရေးသာမက ပြည်တွင်းတွင် ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုဖြင့် ဘဏ္ဍာငွေ ဖြတ်တောက်ရေးလုပ်ငန်းကိုလည်း လုပ်ဆောင်နေကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ဆိုသည်။

ထို့ပြင် ၂၀၂၃ ခုနှစ် ပထမခြောက်လအတွင်း စစ်ကောင်စီတပ်စခန်း သိမ်းပိုက်ရရှိမှု အနေဖြင့် ကရင်နီဒေသတွင် ၁၀ ကြိမ်၊ စစ်ကိုင်းတိုင်းတွင် ခြောက်ကြိမ်နှင့် တောင်ပိုင်းတိုင်းစစ်ဒေသတွင် ၁၄ ကြိမ် ရှိခဲ့သည့်အပြင် ရဲစခန်း ၁၅ ခု၊ နယ်ခြားစောင့်တပ် ၁၀ ခုနှင့် ပျူစခန်း ၁၄ ခုကိုလည်း သိမ်းပိုက်နိုင်ခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ဩဂုတ်လ ၇ ရက်နေ့တွင် ပြောဆိုထားသည်။

စာတည်း။ ။ နောင်နောင်
စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)

#ကာကွယ်ရေးဌာန
#သွေးခွဲမှု
#Mizzima

ဓာတ်ပုံ- NUG ကာကွယ်ရေးဌာန ဒုအတွင်းဝန် ဦးမောင်မောင်ဆွေ

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍15❤3😁1🥱1
​​အိန္ဒိယမြောက်ပိုင်းတွင် ရေကြီးမြေပြိုမှုများကြောင့် သေဆုံးသူဦးရေ ၆၀ နီးပါးအထိ မြင့်တက်
=======================

အိန္ဒိယတွင် မိုးသည်းထန်စွာ ရွာပြီး ရေကြီး၊ မြေပြိုမှုများ ဖြစ်ပေါ်ပြီးနောက် လူ ၅၈ ဦးထက်မနည်း သေဆုံးပြီး အခြားလူအများအပြား ပျောက်ဆုံးနေဖွယ် ရှိကြောင်း တာဝန်ရှိသူများက ဩဂုတ် ၁၄ ရက်တွင် ပြောသည်။ သေဆုံးသူများအနက် ကိုးဦးသည် ဘုရားကျောင်း ပြိုကျမှုတစ်ခုကြောင့် သေဆုံးရခြင်း ဖြစ်သည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍2👏2❤1🔥1
​​ဒုတိယအကြိမ် အထူးမွမ်းမံသင်တန်း အောင်မြင်စွာ ပြီးစီးသည့် မိုးဗြဲ PDF
====================

မောင်ခက်နွေ
(မဇ္ဈိမ)။ ။ ရှမ်းပြည်နယ်တောင်ပိုင်း အခြေစိုက် မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့သည် ဒုတိယအကြိမ်‌မြောက် အထူးမွမ်းမံသင်တန်းကို အောင်မြင်စွာ ပြီးစီးကြောင်း ယနေ့ ဩဂုတ်လ ၁၅ရက်တွင် ထုတ်ပြန်ထားသည်။

အဆိုပါ သင်တန်းကို ဇူလိုင်လ ၂၂ ရက်မှ ဩဂုတ်လ ၁၂ ရက်အထိ ၂၂ ရက်ကြာ သင်ကြားပို့ချပေးခြင်းဖြစ်ပြီး သင်တန်းသား ၃၂ ဦးဖြင့်ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

အထူးမွမ်းမံသင်တန်းတွင် ကိုယ်ခံပညာနှင့် စိတ်ဓာတ် ကြံ့ခိုင်မှုကို အဓိက သင်ကြားပေးခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မိုးဗြဲ PDF အနေဖြင့် နောက်ထပ် အထူးမွမ်းမံသင်တန်း ပြုလုပ်ရန်နှင့် စစ်လက်နက်အချို့ ဝယ်ယူနိုင်ရန် ပြည်သူများအနေဖြင့် ဆက်လက်ကူညီ ထောက်ပံ့ပေးကြပါရန်လည်း မေတ္တာရပ်ခံထားသည်။

“အဓိကကတော့ ဘတ်ဂျက်ပေါ့နော် ငွေကြေး အခက်အခဲရှိပါတယ်”ဟု မိုးဗြဲ PDF ပြန်ကြားရေးတာဝန်ရှိသူတဦးက ပြောသည်။
ပထမအကြိမ် မွမ်းမံသင်တန်းကို ပြီးခဲ့သည့် ဇူလိုင်လအတွင်းက ပြုလုပ်ခဲ့ပြီး ၁၆ ရက်ကြာ သင်ကြားပို့ချခဲ့ခြင်းဖြစ်သည်ဟု ၎င်းကဆက်ပြောသည်။

လက်ရှိတွင်အမှတ် (၁၀၀၁)၊ မိုးဗြဲ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (MBPDF)၏ အဓိကစစ်ရေးလှုပ်ရှားနေရသည့် မိုးဗြဲမြို့အတွင်းတွင် စစ်ကောာင်စီတပ်များနှင့် တိုက်ပွဲဖော်ဆောင်မှုများ မပြုနိုင်သေးသော်လည်း အသေးစားစစ်ဆင်ရေးတို့ဖြင့် စစ်ကောင်စီတပ်ဖွဲ့ကို တိုက်ခိုက်နေရသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)

#ရှမ်းပြည်နယ်
#မိုးဗြဲမြို့နယ်
#မွမ်းမံသင်တန်း

ပုံအညွှန်း-အထူးမွမ်းမံသင်တန်းက မိုးဗြဲ PDF တပ်ဖွဲ့ဝင်များ။(ဓာတ်ပုံ-MBPDF)

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
❤14👍7😁3
သြဂုတ်လ (၁၅) ရက်နေ့၊ ည ၇ နာရီ၊ The Mizzima Primetime မဇ္စျိမ ပင်မသတင်းအစီအစဥ်
=======================

-မြန်မာ စစ်ဘေးဒုက္ခသည်တွေအတွက် အန္တရာယ်ကင်းဇုန်အဖြစ် လူသားချင်းစာနာထောက်ထားမှု စင်္ကြန်တစ်ခုဖွင့်ဖို့ ထိုင်းလွှတ်တော်မှာ တင်ပြ ဆွေးနွေးတဲ့သတင်း

-စစ်အုပ်ချုပ်ရေးကြေညာပြီးနောက် မြို့နယ် ၄၀ တွင် လေကြောင်းတိုက်ခိုက်ခံရမှု စံချိန်တင်မြင့်မားခဲ့တဲ့သတင်း

-လက်ခတ်တောင်စခန်းကုန်း တဝိုက်တွင် တိုက်ပွဲပြင်းထန်တဲ့သတင်း

-ထန်တလန်မှ စစ်တပ်စခန်းကို ချင်းကာကွယ်‌ရေးပူးပေါင်းအဖွဲ့ စီးနင်းတိုက်ခိုက်တဲ့သတင်း

-ညနေ ၅ နာရီအထိ ရရှိထားတဲ့ငွေလဲနှုန်း၊ ရွှေစျေး၊ စက်သုံးဆီစျေး နဲ့ စားအုန်းဆီစျေးတွေအပါအဝင် အခြားစိတ်ဝင်စားဖွယ် သတင်းတွေနဲ့ အရေးကြီး သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။

https://www.youtube.com/live/rkyNSKfHQm8?feature=share

#7pmnews
#themizzimaprimetime
#MizzimaTV
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍8🤣2🌭1
​​လက်ခတ်တောင်စခန်းကုန်းကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ် အများအပြား ထိခိုက် သေဆုံး၍ ဆုတ်ခွာထွက်ပြေး
======================

သွင်ထူးဈာန်
ကော်သူးလေ(မဇ္ဈိမ)။ ။ ကရင်ပြည်နယ်၊ မြဝတီမြို့အနီးရှိ လက်ခတ်တောင်စခန်းကုန်းကို စစ်ကောင်စီတပ်မှ ယနေ့ ဩဂုတ်လ ၁၅ရက်နေ့ နံနက် ၄နာရီဝန်းကျင်တွင် အင်အားအများအပြားဖြင့် စစ်ကြောင်းထိုးခဲ့ကြောင်း ကော်ဘရာစစ်ကြောင်းထံမှ သိရသည်။
စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်သည် လက်ခတ်တောင် တောင်ခြေအနီးတွင် လုံခြုံရေးယူထားသည့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့နှင့် ထိတွေ့တိုက်ပွဲဖြစ်ကာ ထိခိုက်သေဆုံးမှုများပြီး နောက်ဆုတ်ထွက်ပြေးခဲ့ရကြောင်း သိရသည်။

“ရန်သူ့ဘက်က ခွေးသေဝက်သေပဲ၊ တော်တော်များတယ်၊ နယ်မြေမရှင်းရသေးတော့ အရေအတွက်အတိအကျမသိသေးဘူး၊ အနီးအနားမှာတင် လက်နက် ၁၀ လက်ရထားတယ်”ဟုကော်ဘရာစစ်ကြောင်း(၁) တပ်ခွဲ(၅)မှ တပ်ခွဲမှူးရဲဘော်ကိုရှိုင်းမှ ပြောသည်။

ယနေ့နံနက် တိုက်ပွဲတွင် စစ်ကောင်စီတပ်နှင့် ကရင်နယ်ခြားစောင့်တပ် BGFတို့ ၃၀ ကျော်သေဆုံးခဲ့ပြီး ၄၀ ကျော်ဒဏ်ရာရရှိခဲ့ကြောင်း တပ်တွင်းသတင်းအရင်းအမြစ်ထံမှသိရသည်။
“မနက်ကတိုက်ပွဲမှာ တပ်နဲ့ BGFဘက်က ၃၀ကျော်သေတယ်၊ အလောင်းပြန်ပါတာ ၁၀ကျော်ပဲ၊ ထိခိုက်ကလည်း များတယ်၊ မေတ္တာလင်းမြိုင်ရွာကနေ BGFကားနဲ့ တပ်ဆေးရုံးကို ပို့ထားရတယ်”ဟု တပ်တွင်းသတင်းအရင်းအမြစ်မှ ပြောသည်။

တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ ရဲဘော်နှစ်ဦး လက်နက်ကြီးစ ထိမှန်ကာ သေဆုံးခဲ့ပြီး ရဲဘော်အချို့ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကော်ဘရာစစ်ကြောင်းထံမှ သိရသည်။ လက်ခတ်တောင် အနီးရှိ မေတ္တာလင်းမြိုင်ကျေးရွာကိုလည်း စစ်ကောင်စီတပ်မှ ပိတ်ဆို့ထားပြီး ကျေးရွာသားများကို အဝင်မခံခဲ့ကြောင်း ဒေသခံများမှပြောသည်။
“ လက်ခတ်တောင်စခန်း သိမ်းခံရတော့ စစ်သားတွေ အမိုးတို့ ရွာထဲရောက်ကြတယ်၊ နောက်တော့ ရွာခံတွေကို ရွာဝင်ရွာထွက် ကဒ်လုပ်ပေးတယ်၊ ကဒ်ပြမှ ဝင်လို့ရတယ်ပေါ့၊ အခုတော့ ရွာမှာ မနေခိုင်းတော့ဘူး၊ အမိုးတို့ အိမ်တွေမှာ စစ်သားတွေ နေနေကြတယ်၊ ရွာက ဘုန်းကြီးကျောင်းမှာလည်း အမြောက်တွေထောင်ပြီး ပစ်နေတာရှိတယ်”ဟု မေတ္တာလင်းမြိုင် ဒေသခံတဦးမှ ပြောသည်။

မြဝတီ- မေတ္တာလင်းမြိုင်လမ်းဆုံတွင် စစ်ကောင်စီတပ်နှင့် BGFတို့မှ ပိတ်ဆို့ စစ်ဆေးမှုများပြုလုပ်နေပြီး ငွေကြေးတောင်းယူမှုများရှိနေကြောင်းသိရသည်။ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ လုံခြုံရေးယူထားသည့်နေရာများကို စွယ်တော်ကုန်း၊ ကြက်ကင်ကုန်း၊ ခမရ(၃၅၅)၊ ခလရ(၂၇၅)နှင့် မြဝတီမြို့အနီးရှိ ထိုင်တော်မူဘုရားကုန်းဘက်မှ လက်နက်ကြီး ၆၀ မမ၊ ၈၁ မမ၊ ၁၂၀မမ၊ ဟောက်ဝစ်ဇာ၊ အတွဲလိုက်ပစ် မစ်ဇိုင်းများဖြင့် အကြိမ်ရေ ၁၀၀နီးပါး နံနက် ၁၁နာရီထိ ပစ်ခတ်ခဲ့ကြောင်းသိရသည်။

စစ်ကောင်စီတပ်မှ လက်နက်ကြီးများ အများအပြား ပစ်ကူပေးနေသည့်အပြင် နံနက် ၁၀နာရီဝန်းကျင်တွင် လက်ခတ်တောင်အနီးတဝိုက်ကို ဂျက်ဖိုက်တာဖြင့် လေးကြိမ်ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ၁၀နာရီခွဲ ဝန်းကျင်တွင် Mi35တိုက်ခိုက်ရေး ရဟတ်ယာဉ်ဖြင့် သုံးကြိမ်ပစ်ခတ်ခဲ့ကြောင်း သိရသည်။

အဆိုပါပြင်းထန်တိုက်ပွဲသည် နေ့လယ် ၁၁နာရီဝန်းကျင်တွင် ငြိမ်သက်သွားကာ စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် ယခုညနေအချိန်အထိ ရမ်းသန်းပစ်ခတ်မှုများရှိနေသည်။

ယင်း လက်ခတ်တောင်စခန်းကုန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဖြစ်သည့် ကော်ဘရာစစ်ကြောင်းနှင့် ကျားသစ်နက်စစ်ကြောင်းတို့မှ ဇူလှိုင်လ ၂၁ရက်နေ့တွင် တိုက်ခိုက်သိမ်းယူခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ ပြန်လည်သိမ်းယူနိုင်ရန် ၁၀ကြိမ်ကျော် ထိုးစစ်ဆင်ခဲ့သော်လည်း အကျအဆုံးများကာ တပ်ဆုတ်ခဲ့ရသည်။

စာတည်း- သန့်ဇော်(သန်လျင်)

#mizzima
#လက်ခတ်တောင်စခန်းကုန်း
#ကော်ဘရာစစ်ကြောင်း
#ကျားသစ်နက်စစ်ကြောင်း
#မြဝတီမြို့
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတ
👍19👏4🍌3❤2🥱1
​​နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၁၅ ဩဂုတ် ၂၀၂၃) 
====================

ဒေါ်လာငွေရရှိမှု နည်းပါးလာပြီး ပြည်တွင်းဒေါ်လာမြင့်တက်နေသည်ကို မထိန်းချုပ်နိုင်သည့် စစ်ကောင်စီသည် ပြည်တွင်းငွေလဲကောင်တာများကို ညွှန်ကြားချက်များ လိုက်နာမှု မရှိဟု အကြောင်းပြချက်ဖြင့် လိုင်စင်ရုပ်သိမ်းမှုများ ပြုလုပ်နေသည်ကို တွေ့ရသည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍7🔥2😁2❤1
နေပြည်တော်နယ်မြေအတွင်း စစ်ကောင်စီတပ် အထိအနာဆုံး ဘို့မသံတောင် စခန်းသိမ်း တိုက်ပွဲ
=========================

ရွှေနွယ် (မဇ္ဈိမ)။ ။ နေပြည်တော်ကောင်စီနယ်မြေ ပျဉ်းမနားမြို့နယ်ရဲ့ အရှေ့ဘက်က ဘို့မသံတောင် စခန်းသိမ်း တိုက်ပွဲဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကောင်စီနယ်မြေအတွင်း တိုက်ပွဲတွေထဲမှာ စစ်ကောင်စီတပ် အထိနာဆုံး တိုက်ပွဲဖြစ်တယ်လို့ ဒေသတွင်း ကာကွယ်ရေး တပ်ဖွဲ့တွေက ပြောပါတယ်။

စစ်ကောင်စီတပ်ဘက်က ၁၇ ဦးခန့်သေဆုံးပြီး ၃ ဦးထွက်ပြေးလွတ်မြောက်ကာ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ နေပြည်တောင်ကောင်စီနယ်မြေ အတွင်း စစ်ရေးလှုပ်ရှားနေတဲ့ တပ်ပေါင်းစုကော်မတီတာဝန်ရှိသူက မဇ္ဈိမကို ပြောပါတယ်။

သိမ်းဆည်းရရှိတဲ့ စစ်ကောင်စီတပ်စခန်းကိုတော့ မီးရှို့ဖျက်ဆီးခဲ့တယ်လို့လည်း ဆိုပါတယ်။

စာတည်း။ ။ နောင်နောင်
သတင်းနှင့် တင်ဆက် − ရွှေနွယ်
ရုပ်သံတည်းဖြတ် − ဂျူချန်း

https://youtu.be/C5zL0iFBtF0

#နေပြည်တော်
#ဘို့မသံတောင်
#၆၀၆
#Mizzima
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍16❤3👏3🤣3
ဩဂုတ်လ (၁၅) ရက်၊အင်္ဂါနေ့ ညပိုင်း ရေဒီယို အစီအစဉ်
=====================

စစ်ကောင်စီတပ်က အခုရက်ပိုင်းအတွင်း လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်တာတွေ ပိုပြီးလုပ်ဆောင်လာနေတယ်ဆိုတဲ့

သတင်းအပါအဝင် နေပြည်တော်ကောင်စီနယ်မြေမှာ စစ်ကောင်စီတပ် အထိအနာဆုံး ဘို့မသံတောင်စခန်းသိမ်းတိုက်ပွဲအကြောင်း ပါဝင်တဲ့

ပြည်တွင်းသတင်းတွေကိုနားဆင်ရမှာဖြစ်ပြီး နိုင်ငံတကာဘက်မှာတော့

တရုတ်အိမ်ခြံမြေကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ ကန်းထရီးဂါးဒင်းရဲ့ ရှယ်ယာတွေ သိသိသာသာကျဆင်းသွား တယ်ဆိုတဲ့ နောက်ဆုံးရနိုင်ငံတကာသတင်းတွေအတူ စီးပွားရေးသတင်းတွေနဲ့အားကစားကဏ္ဍကိုလည်းနားဆင်ရမှာပါ။

သတင်းတွေအပြီးမှာတော့ ဒီနေ့အတွက် သတင်းသုံးသပ်ချက်၊ဒီညနေထိ နောက်ဆုံးရ ကုန်ဈေးနှုန်းတွေကိုလည်း တင်ပြပေးမှာပါ။

အဲဒါပြီးရင်တော့ အပတ်စဉ် ကဏ္ဍတွေအဖြစ် “မရွှေမိုးရဲ့လေးညှို့သံ” ဆောင်းပါး အစီအစဉ်နဲ့

“ သဘာဝရဲ့လက်ဆောင်” အစီအစဉ်တွေကိုလည်း နားဆင်ရမှာဖြစ်ပြီးတော့ တိုင်းရင်းသားတွေရဲ့အသံနဲ့အမြင်တွေကို စုစည်းတင်ဆက်ပေးနေတဲ့ BNI ရေဒီယိုအစီအစဉ်တွေကိုလည်း ထုတ်လွှင့်သွားဖို့ရှိပါတယ်။

https://youtu.be/SibMwN69Ltw

#Eveningradio
#Mizzimaradio
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍10🍌2😁1
Media is too big
VIEW IN TELEGRAM
Aug - 15 [ 7 Pm ] The Mizzima Primetime

Mizzima Headline News

#7pmnews #themizzimaprimetime #reels #shorts
👍2
​​သောကြာနေ့၌ လကမ္ဘာမစ်ရှင်ကို လွှတ်တင်သွားမည့် ရုရှားနိုင်ငံ။ နှစ် ၅၀ အတွင်း ပထမဆုံးအကြိမ် ပြန်လည်လွှတ်တင်ခြင်းဖြစ်
==================

#MizzimaTV
#hightech&gadget
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍1
​​အပြီးသတ်လုနီးပါးရှိပြီဖြစ်သည့် ဖင်လန်နိုင်ငံမှ ကမ္ဘာ့အကြီးဆုံး အပျော်စီးသင်္ဘောကြီး
====================

#MizzimaTV
#hightech&gadget
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍3❤2
​​"Iris: The Movie"
===========

တောင်ကိုရီးယား အမျိုးသား လုံခြုံရေးဌာန NSS ရဲ့ လျိုဝှက်အေးဂျင့် "ယောင်းဂျွန်နဲ့ ဆွန်းဟီ" ...

သူတို့နှစ်ဦးဟာ သိပ်ချစ်ကြတဲ့ ချစ်သူတွေဆိုရင်လည်း မမှားပါဘူး....

သူတို့တာဝန်က နိုင်ငံရေး ခိုလှုခွင့် တောင်းခံလာတဲ့ မြောက်ကိုရီးယားရဲ့ နျူလက်နက် ဖွံဖြိုးရေး တာဝန်ရှိသူ ဟုန်ဆွန်ယောင်းကို စောင့်ရှောက်ပြီး၊ တောင်ကိုရီးယားကို လွှတ်ပေးဖို့ပါ..

မထင်မှတ်ဘဲ လမ်းခုလတ်မှာတင် ဟုန်ဆွန်ယောင်း အသတ်ခံလိုက်ရချိန်မှာတော့ NSS ရဲ့ ဒါရိုက်တာဘယ်ဆန်က ယောင်းဂျွန်ကို စစ်ဆင်ရေးတစ်ခု ထပ်ပေးခဲ့ပါတယ်....

စစ်ဆင်ရေး အောင်မြင်ခဲ့သလို ယောင်းဂျွန်လည်း ပြင်းပြင်းထန်ထန် ဒဏ်ရာရခဲ့ပေမဲ့၊ ဒါရိုက်တာဘယ်ဆန်ကတော့ ယောင်းဂျွန်ကို မကယ်တဲ့အပြင် ယောင်းဂျွန်ရဲ့ သူငယ်ချင်း ဆောဝူကိုလွှတ်ပြီး နှုတ်ပိတ်ခိုင်းခဲ့ပါတယ်…

မြောက်ကိုရီးယား အေးဂျင့်တွေ ရောက်အလာနဲ့ တိုက်ဆိုင်သွားလို သူ ထွက်ပြေးချိန် ရခဲ့တာပါ။ယောင်းဂျွန်တစ်ယောက် ဆွန်းဟီဆီ ပြန်အရောက်မှာ အဖြစ်မှန်တွေ ပြောပြပြီး၊ မြောက်ကိုရီးယား အေးဂျင့်တွေရဲ့လက်က သူတိုနှစ်ဦး ထွက်ပြေးလွတ်မြောက်ဖို ကြိုးစားစဉ်မှာပဲ၊ ဆွန်းဟီ ရှိနေတဲ့ကား ပေါက်ကွဲသွားတာကို သူ မြင်လိုက်ရပါတယ်....

သေလိုမဖြစ်သေးတဲ့ သူ... အားတင်းပြီး ထွက်အပြေးမှာ ဆောဝူရဲ့လက်ချက်နဲ့ လေယာဉ်ပျက်ကျခဲ့‌ပေမဲ့၊ တစ်စုံတစ်ယောက်က သူ့ကို ကယ်တင်ထားခဲ့ပါတယ်….

ချစ်သူကို ဆုံးရှုးလိုက်ရတဲ့ ယောင်းဂျွန်၊ သူ အကွက်ဆင်ခံလိုက်ရတဲ့ နောက်ကွယ်မှာ "IRIS" ဆိုတဲ့ အဖွဲအစည်းတစ်ခု ရှိနေမှန်း သိလိုက်ရချိန်မှာတော့.....

ဟုန်ဆွန်ယောင်း မသေခင်မှာ ပေးသွားခဲ့တဲ့ USB ထဲက IRIS အဖွဲဝင်စာရင်းဟာ သူ့အတွက် တစ်ခုတည်းသော လက်နက် ဖြစ်လာခဲ့ပါပြီ….အခု သူ လက်စားချေတော့မှာပါ.....

မင်းသားချော Lee Byung-hun နဲ့ ကိုရီးယားရဲ့ အသဲနှလုံးလို တင်စားကြတဲ့ မင်းသမီးချောလေး Kim Tae-hee တိုရဲ့ အက်ရှင်/အချစ်ဇာတ်ကား "IRIS" ဟာ အက်ရှင်ချစ်သူတွေရော၊ ဒရမ်မာချစ်သူတွေပါ ကြိုက်နှစ်သက်မဲ့ ဇာတ်ကားလေး ဖြစ်တာကြောင့် ချစ်ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်နော်...

Mizzima + တွင် ပြသနေသည့်အချိန်မှာပဲ Mizzima App တွင်လည်း live stream ကြည့်ရှုနိုင်ပါသည်။

ပြသမည့်ရက်။ ။ 15.8.2023
#New ပြသမည့် အချိန် ။ ။ မနက် (၁၀:၀၀ )နာရီ
#Replay ပြန်လည်ပြသမည့်အချိန်။ ။ည (၁၀:၃၀ ) နာရီ

(Mizzima Media ကနေ သတင်းချန်နယ် သီးသန့် အဖြစ် Mizzima TV အပြင်၊ သတင်း နှင့် ဖျော်ဖြေရေး ချန်နယ် အဖြစ် Mizzima + တို့အား PSI စလောင်းများ၊ နှစ်ပေ စလောင်းများ နှင့် ရှစ်ပေ စလောင်း များမှ တစ်ဆင့် နေ့စဉ် နံနက် ၆ နာရီ မှ ည ၁၂ နာရီအထိ ထုတ်လွှင့်ပြသနေပါသည်)။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U #koreamkv
👍1🔥1
​​ထိုင်ဝမ်ဒုသမ္မတ အမေရိကန်တစ်ထောက်နားခရီးအတွင်း ဘေ့စ်ဘောပွဲ သွားရောက်ကြည့်ရှု
=========================

ထိုင်ဝမ် ဒုသမ္မတ ဝီလီယံ လိုင်သည် ပါရာဂွေး ရွေးကောက်ခံသမ္မတ ဆန်တီယာဂို ပီနာ၏ ကျမ်းကျိန်ပွဲ တက်ရန် ပါရာဂွေးသို့ သွားရာ လမ်းခရီးတွင် နယူးယော့ခ်၌ ခရီးတစ်ထောက်နားစဉ်အတွင်း အမေရိကန် ဘေ့စ်ဘောအသင်း Mets ၏ ဘေ့စ်ဘောပွဲတစ်ပွဲကို ကြည့်ရှုခဲ့သည်။

ဘေ့စ်ဘော အားပေးသူ ပရိသတ်တစ်ဦးဖြစ်သည့် လိုင်ကို Mets ၏ ဝန်ထမ်းများက အားကစားကွင်းတွင် လှည့်လည်ပြသခဲ့ပြီး ယင်းနောက် လိုင်သည် အိမ်ရှင် Mets အသင်းနှင့် ဧည့်သည် Atlanta Braves အသင်းတို့၏ ဘေ့စ်ဘောပွဲကို ကြည့်ရှုခဲ့သည်။

Mets အသင်းသည် ထိုင်ဝမ် ယဉ်ကျေးမှုကို အားပေးရန် နယူးယော့ခ်ရှိ ထိုင်ဝမ် ကိုယ်စားလှယ်ရုံး၏ ထောက်ပံ့မှုနှင့်အတူ ၂၀၀၅ ခုနှစ်ကတည်းက ထိုင်ဝမ် အမွေအနှစ်ဆိုင်ရာ နေ့ကို နှစ်စဉ် ကျင်းပလာခဲ့သည်။

လိုင်၏ အမေရိကန် တစ်ထောက်နားခရီးအပေါ် အမျက်ဒေါသထွက်ကြောင်း ထုတ်ဖော်ထားသည့် တရုတ်ကို တည်တည်ငြိမ်ငြိမ် ရှိရန် အမေရိကန်က တိုက်တွန်းထားသည်။ ထို ခရီးစဉ်က ပုံမှန် လုပ်ရိုးလုပ်စဉ် ဖြစ်ကြောင်း ဝါရှင်တန်က ပြောသည်။

ဇန်နဝါရီ ရွေးကောက်ပွဲများတွင် ထိုင်ဝမ်သမ္မတ ဖြစ်လာရန် တစ်ပြေးနေသည့် လိုင်သည် ပါရာဂွေးသို့ သွားရာလမ်းခရီးစဉ်တွင် စနေနေ့က နယူးယော့ခ်ကို ရောက်ရှိခဲ့သည်။ လိုင်သည် ဩဂုတ် ၁၅ ရက်တွင် ပါရာဂွေး ရွေးကောက်ခံသမ္မတ ဆန်တီယေဂို ပီနာ၏ ကျမ်းကျိန်ပွဲကို တက်ရောက်မည် ဖြစ်သည်။ ပါရာဂွေးသည် တောင်အမေရိကတွင် ထိုင်ဝမ်၏ တစ်ခုတည်းသော သံတမန် မဟာမိတ်ဖြစ်သည်။

လိုင်သည် ထိုင်ဝမ်သို့ မပြန်ခင် ဗုဒ္ဓဟူးနေ့တွင် ဆန်ဖရန်စစ္စကို၌ ထပ်မံ ခရီးတစ်ထောက်နားမည်ဖြစ်သည်။
👍1🔥1
​​ထားဝယ်ထောင်ဒုထောင်မှူးအိမ်တွင် ဌာနဆိုင်ရာအရာရှိများပိုင် မူးယစ်ဆေးဝါးများတွေ့ရှိဟု ဆို
======================

ကိုရွှေမြိတ်
မဇ္ဈိမ။ ။ထားဝယ်အကျဉ်းထောင်ဒုထောင်မှူး၏ နေအိမ်တွင် ဌာနဆိုင်ရာအရာရှိများ ပိုင်ဆိုင်သော မူးယစ်ဆေးဝါး အများအပြားတွေ့ရှိခဲ့ကြောင်း စစ်ကောင်စီနှင့် နီးစပ်သည့် သတင်းအရင်းမြစ်အချို့က ပြောသည်။

တနင်္သာရီတိုင်း၊ ထားဝယ်မြို့မှ ထားဝယ်အကျဉ်းထောင်ဒုထောင်မှူး ဦးသူရိန်ထွန်း၏ အိမ်ကို ဩဂုတ်လ ၁၄ ရက်နေ့ နေ့လယ်ပိုင်းတွင် အကျဉ်းသားများ၏ ပါဆယ်ထုပ်များ ပို့ဆောင်စဉ် စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့က ဝင်ရောက် စစ်ဆေးခဲ့သည်။ ထိုအိမ်အတွင်း စိတ်ကြွဆေးပြားများနှင့်ဆေးခြောက်အပါအဝင် မူးယစ်ဆေးဝါးများနှင့် ဆပ်စပ်ပစ္စည်းများ တွေ့ရှိခြင်းဟု သိရသည်။

ထိုမူးယစ်ဆေးဝါးများသည် ထားဝယ်မြို့မှ စရဖ၊ ရဲတပ်ဖွဲ့၊ ထွေအုပ်၊အကျဥ်းဦးစီးဌာန အရာရှိများ၊ တရားသူကြီးနှင့် မြို့ခံလုပ်ငန်းရှင်အချို့က ပိုင်ဆိုင်ကြောင်း စစ်ကောင်စီနှင့် နီးစပ်သည့် သတင်းအရင်းမြစ်က ဆိုသည်။

“မူးယစ်ဆေးဝါးက ဆယ်ဘီးကားနဲ့ တောင် ဝင်ထားတာ အများကြီးပါပဲ။ အဓိကဖြန့်ဖြူးနေကြတာက ရဲတွေ၊ စရဖတွေ။ သူတို့ပါပဲ။ ထားဝယ်ထောင်ထဲမှာ မူးယစ်ဆေးဝါး အချိန်မရွေးဝယ်လို့ရတယ်။ အပေါဆုံးက မူးယစ်ဆေးဝါးတွေပဲဖြစ်တယ်”ဟု ထားဝယ်အကျဉ်းထောင်နှင့် နီးစပ်သည့်သတင်း အရင်းမြစ်က ပြောသည်။

ဦးသူရိန်ထွန်း၏နေအိမ်အတွင်း မူးယစ်ဆေးဝါးများအပြင် ဖုန်းမျိုးစုံ ၄၉ လုံး၊ လက်တော့အလုံး၃၀နှင့် ဆက်စပ်စ္စည်းအချို့ တွေ့ရှိခဲ့ပြီး စရဖက သိမ်းဆည်းသွားကြောင်း သတင်းရရှိသည်။ ထောင်အရာရှိအိမ်တွင် တွေ့ရှိခဲ့သည့် မူးယစ်ဆေးဝါးအရေအတွက်ကို အသေးစိတ်မသိရှိရသေးပေ။ ထို့အပြင် ဖြစ်စဉ်နှင့် ပတ်သက်၍ တိုင်းအဆင့် ဌာနဆိုင်ရာအရာရှိများ စစ်ဆေးခံနေရကြောင်းသတင်းထွက်‌ပေါ်နေသော်လည်း သီးခြားအတည်မပြုနိုင်ပေ။ ယခုသတင်းနှင့်ပတ်သက်၍ ထားဝယ်အကျဉ်းထောင်တာဝန်ရှိသူများအား ဖုန်းဆက်သွယ်မေးမြန်းရန်ကြိုးစားသော်လည်း မရခဲ့ပေ။

တနင်္သာရီတိုင်းတွင် စစ်ကောင်စီတပ်နှင့် ကာကွယ်ရေးပူးပေါင်းတပ်များ စစ်ရေးတင်းမာနေပြီး ဒေသတွင်း မတည်ငြိမ်မှုကိုအခွင့်‌ကောင်းယူကာစစ်ကောင်စီအသိုင်းအဝိုင်းက မူးယစ်ဆေးဝါးရောင်းဝယ်မှုများ၊ လောင်းကစားလုပ်ငန်းများတွင် ပါဝင်ပတ်သက်နေကြောင်း တော်လှန်ရေးအင်အားစုများကပြောသည်။

" မူးယစ်ဆေးဝါးလုပ်ငန်းတွေ၊ လောင်းကစားနဲ့ဖျော်ဖြေရေး လုပ်ငန်းတွေမှာ စစ်ကောင်စီအရာရှိကြီးတွေ ပါဝင်ပတ်သက်နေတယ်လို့ သတင်းတွေရထားတယ်။ မြိတ်က KTV တစ်ခုကို ရဲက ဝင်ဖမ်းတာမှာ အဲ့ဒီ KTV က တိုင်းမှူးကတော် ရှယ်ယာပါနေတာတွေ့ရတယ်။ အဲ့သတင်းလည်း ဖုံးဖိလိုက်ကြတယ်" ဟု တနင်္သာရီစစ်ဒေသခွဲမှ တာဝန်ရှိသူတဦးကပြောသည်။

ထားဝယ်အကျဥ်းထောင်တွင် ပြီးခဲ့သည့် ဇူလိုင်လကလည်း ထောင်ဝန်ထမ်းအချို့ ပါဝင်ပတ်သက်နေသော မူးယစ်ဆေးဝါးမှု ဖြစ်ခဲ့သည်။ထားဝယ်ထောင်တွင် အကျဥ်းသား၊ အကျဥ်းသူ စုစုပေါင်း ၁,၀၀၀ကျော်ရှိပြီး ယင်းတို့အနက် ၄၀၀ ခန့်သည် နိုင်ငံရေးအကျဥ်းသားများ ဖြစ်ကြောင်း သိရသည်။

တနင်္သာရီတိုင်းအတွင်း တော်လှန်ရေးအင်အားစုများကို မထိန်းချုပ်နိုင်သည့် စစ်ကောင်စီတပ်က ပြီးခဲ့သည့် ဇူလိုင်လကုန်တွင် ကမ်းရိုးတန်းတိုင်း စစ်ဌာနချုပ်မှ ဒုတိုင်းမှူး ဗိုလ်မှူးချုပ် သစ်လွင်ထူး၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သိန်းလင်းအပါအဝင် တိုင်းအဆင့် စစ်ဖက်ဆိုင်ရာ အရာရှိအချို့ကို အဂတိမှုဖြင့် နေပြည်တော်သို့ ခေါ်ယူ စစ်ဆေးခဲ့ကြောင်း သတင်းများထွက်ပေါ်ခဲ့သည်။

စာတည်း - မောင်ကြီး

#mizzima
#ထားဝယ်အကျဉ်းထောင်
#ဒုထောင်မှူး
#မူးယစ်ဆေးဝါး

ပုံအညွှန်း-ထားဝယ်အကျဉ်းထောင်(ပုံဟောင်း)

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍11🔥2😁1