နွေရာသီအပူလိုင်းဒဏ်ကြောင့် အီရတ် စီးပွားရေး ခက်ခဲ | VOA On Mizzima
=======================
အီရတ်နိုင်ငံမှာ အပူချိန်က ၄၅ ဒီဂရီအထက်မှာ ပုံမှန် ရှိနေတာကြောင့် ခြစ်ခြစ်တောက်ပူတဲ့ နွေရာသီ အပူလိုင်းကြား ဘဂ္ဂဒက်မြို့ခံတွေ စီးပွားရှာဖို့ ခက်နေပါတယ်။ အီရတ်နိုင်ငံတောင်ပိုင်းမှာ အပူချိန်က ၅၀ ဒီဂရီ စင်တီဂရိတ်ဝန်းကျင်မှာ ပုံမှန်လို ရှိနေတာကြောင့် ပေါင်မုန့်ဖုတ်တဲ့ မီးဖိုနားမှာ အလုပ်လုပ်တဲ့သူတွေ အခက်ကြုံနေပါတယ်။ အေပီသတင်းဆောင်းပါးတပုဒ်ကို မအိသန့်စင် တင်ဆက်ထားပါတယ်။
https://youtu.be/SMhUSmj1VTA
#မဇ္ဈိမအတွက်ဗွီအိုအေ
#MizzimaTV
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U

YouTube
နွေရာသီအပူလိုင်းဒဏ်ကြောင့် အီရတ် စီးပွားရေး ခက်ခဲ | VOA On Mizzima
အီရတ်နိုင်ငံမှာ အပူချိန်က ၄၅ ဒီဂရီအထက်မှာ ပုံမှန် ရှိနေတာကြောင့် ခြစ်ခြစ်တောက်ပူတဲ့ နွေရာသီ အပူလိုင်းကြား ဘဂ္ဂဒက်မြို့ခံတွေ စီးပွားရှာဖို့ ခက်နေပါတယ်။ အီရတ်နိုင်ငံတောင်ပိုင်းမှာ အပူချိန်က ၅၀ ဒီဂရီ စင်တီဂရိတ်ဝန်းကျင်မှာ ပုံမှန်လို ရှိနေတာကြောင့် ပေါင်မုန့်ဖုတ်တဲ့…
👍4🔥2👏1
သြဂုတ်လ ၁၆ ရက်နေ့ မနက်ပိုင်း ၁၁ နာရီထိ နောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေး၊ စားအုန်းဆီစျေး
=====================
https://youtu.be/v1YFP69QjoE
=====================
https://youtu.be/v1YFP69QjoE
YouTube
သြဂုတ်လ ၁၆ ရက်နေ့ မနက်ပိုင်း ၁၁ နာရီထိ နောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေး၊ စားအုန်းဆီစျေး
သြဂုတ်လ ၁၆ ရက်နေ့ မနက်ပိုင်း ၁၁ နာရီထိ နောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေး၊ စားအုန်းဆီစျေး
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင…

👍6🔥3
ကျောက်တံခါးတွင် လူနေကျေးရွာများကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်နေ
=====================
ရွှေနွယ်
(မဇ္ဈိမ)။ ။ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အရပ်သားများနေထိုင်ရာကျေးရွာများကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများပြုလုပ်နေသည်ဟု ဒေသတွင်းသတင်းရင်းမြစ်များထံမှသိရသည်။
ယမန်နေ့ ဩဂုတ်လ ၁၅ ရက်နေ့လယ်တွင် ကျောက်တံခါးမြို့နယ်၊ နံဇကျေးရွာနှင့် တလိုင်းခင်ကျေးရွာကို စစ်ကောင်စီက Mi 35 တိုက်ခိုက်ရေးရဟတ်ယာဉ်သုံးစီးဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းဟု သိရသည်။
" နံဇရွာကအိမ်တွေကို မီးရှို့ထားပြီးသားကို အခုထပ်ပြီး လေကြောင်းနဲ့ပါဗုံးကြဲဖျက်ဆီးနေတာပါ” ဟု ကျောက်တံခါးမြို့နယ် မြေပြင်သတင်းရင်းမြစ်က ပြောသည်။
ယမန်နေ့က လေကြောင်းတိုက်ခိုက်မှုမှာ မွန်းလွဲ ၂နာရီခွဲမှ ၃ နာရီ ၂၃ မိနစ်အထိ ကြာခဲ့ပြီး ယင်းနောက်ပိုင်းတွင် ဒရုန်းဖြင့် ထပ်မံ ဗုံးကြဲချသွားသည်ဟု ဒေသခံများကပြောသည်။
အိမ်ခြေ ၂၀၀ ခန့်ရှိသော နံဇကျေးရွာတွင် ဩဂုတ်လ ၁၄ ရက်နေ့အထိ အိမ် ၁၁၉ လုံးကို စစ်ကောင်စီက မီးရှို့ဖျက်ဆီးခဲ့ပြီးနောက် ယခုအခါ လေကြောင်းမှ ထပ်မံဗုံးကြဲချပြီး ကျန်အိမ်များကိုဖျက်ဆီးနေခြင်းဟု သတင်းရင်းမြစ်ကဆိုသည်။
စစ်ကောင်စီသည် ကျောက်တံခါးမြို့နယ်အတွင်း၌ လေကြောင်းတိုက်ခိုက်မှုအပြင် လက်နက်ကြီးပစ်ခတ်မှုများကိုလည်း နေ့စဉ်ပြုလုပ်နေကြောင်း သိရသည်။ ဩဂုတ်လ ၁၄ ရက်နေ့ ညပိုင်းက စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဖျံတလင်းကျေးရွာမှ ပြည်သူနှစ်ဦးထိခိုက်ဒဏ်ရာရခဲ့သည်။
ကျောက်တံခါးမြို့နယ်အတွင်း ပြီးခဲ့သည့် ဇူလိုင်လ နှင့် ယခု ဩဂုတ်လအတွင်း စစ်ကောင်စီတပ်နှင့် ဒေသတွင်းမဟာမိတ်ပူးပေါင်းတပ်များကြား ရင်ဆိုင်တိုက်ပွဲများ ပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်တွင် အထိအခိုက်အကျအဆုံးများခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။အဆိုပါ တိုက်ပွဲများနှင့်ပတ်သက်၍ စစ်ကောင်စီဘက်မှ သတင်းထုတ်ပြန်ခြင်းမရှိသေးပေ။
လက်ရှိတွင် ကျောက်တံခါးမြို့နယ်အတွင်း စစ်ရေးတင်းမာနေခြင်းနှင့် စစ်ကောင်စီတပ်၏ ပစ်ခတ်မှုများကြောင့် နံဇကျေးရွာအုပ်စု၊ သမင်အင်းကုန်းကျေးရွာအုပ်စု၊ တောင်ခင်ကျေးရွာအုပ်စု၊ ကညင်ကျိုးကျေးရွာအုပ်စု၊ ဗောဓိကွင်းကျေးရွာအုပ်စုတို့မှ ပျမ်းမျှ ဒေသခံပြည်သူ ၁၀,၀၀၀ ခန့်သည် စစ်ဘေးရှောင်နေကြရကြောင်း ကျောက်တံခါးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှသိရသည်။
စာတည်း - မောင်ကြီး
#mizzima
#ကျောက်တံခါးမြို့နယ်
#စစ်ကောင်စီ
#လေကြောင်းတိုက်ခိုက်မှု
ပုံအညွှန်း - နံဇရွာကို စစ်ကောင်စီက ပြီးခဲ့သည့် ဇူလိုင်လအတွင်း မီးရှို့ဖျက်ဆီးခဲ့စဉ်
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

🤬9❤2🔥2👍1😁1
စီးပွားရေးအညွှန်းကိန်းတွေ စိတ်ပျက်ဖွယ်ဖြစ်နေချိန် လူငယ်တွေရဲ့အလုပ်အကိုင်အချက်အလက်များ ထုတ်ပြန်မှုကို တရုတ်ရပ်တန့်ထား
========================
https://youtu.be/Qy1jxMr2ah4
#InternationalNews
#Mizzima
------------------------

စီးပွားရေးအညွှန်းကိန်းတွေစိတ်ပျက်ဖွယ်ဖြစ်နေချိန်လူငယ်တွေရဲ့အလုပ်အကိုင်ထုတ်ပြန်မှုကို တရုတ်ရပ်တန့်ထား
စီးပွားရေးအညွှန်းကိန်းတွေ စိတ်ပျက်ဖွယ်ဖြစ်နေချိန် လူငယ်တွေရဲ့အလုပ်အကိုင်အချက်အလက်များ ထုတ်ပြန်မှုကို တရုတ်ရပ်တန့်ထား
#InternationalNews
#Mizzima
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့…

🔥3😁2
ဂျပန်နိုင်ငံက အင်းဆက်ပိုးမွှား ဟင်းလျာများ | VOA On Mizzima
====================
ဂျပန်နိုင်ငံ တိုကျိုမြို့တော်မှာ အင်းဆက်ပိုးမွှားတွေကို မှာယူစားသုံးလို့ ရတဲ့ ကော်ဖီ ကဖေးဆိုင်တခုရှိပါတယ်။ ဒီဆိုင်လေးက အင်းဆက်ပိုးမွှားတွေကို ပုံမှန် နေ့တိုင်း စားနေကျ ဟင်းတွေလိုမျိုး စားသုံးနိုင်အောင် ရည်ရွယ်ထားတာပါ။ ရိုက်တာသတင်းဆောင်းပါးကို အခြေခံပြီး အလိမ္မာ တင်ဆက်ထားပါတယ်။
https://youtu.be/nSzX5sPSofw
#မဇ္ဈိမအတွက်ဗွီအိုအေ
#MizzimaTV
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
====================
ဂျပန်နိုင်ငံ တိုကျိုမြို့တော်မှာ အင်းဆက်ပိုးမွှားတွေကို မှာယူစားသုံးလို့ ရတဲ့ ကော်ဖီ ကဖေးဆိုင်တခုရှိပါတယ်။ ဒီဆိုင်လေးက အင်းဆက်ပိုးမွှားတွေကို ပုံမှန် နေ့တိုင်း စားနေကျ ဟင်းတွေလိုမျိုး စားသုံးနိုင်အောင် ရည်ရွယ်ထားတာပါ။ ရိုက်တာသတင်းဆောင်းပါးကို အခြေခံပြီး အလိမ္မာ တင်ဆက်ထားပါတယ်။
https://youtu.be/nSzX5sPSofw
#မဇ္ဈိမအတွက်ဗွီအိုအေ
#MizzimaTV
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
YouTube
ဂျပန်နိုင်ငံက အင်းဆက်ပိုးမွှား ဟင်းလျာများ | VOA On Mizzima
ဂျပန်နိုင်ငံ တိုကျိုမြို့တော်မှာ အင်းဆက်ပိုးမွှားတွေကို မှာယူစားသုံးလို့ ရတဲ့ ကော်ဖီ ကဖေးဆိုင်တခုရှိပါတယ်။ ဒီဆိုင်လေးက အင်းဆက်ပိုးမွှားတွေကို ပုံမှန် နေ့တိုင်း စားနေကျ ဟင်းတွေလိုမျိုး စားသုံးနိုင်အောင် ရည်ရွယ်ထားတာပါ။ ရိုက်တာသတင်းဆောင်းပါးကို အခြေခံပြီး…
😁3🔥2
ရိုဟင်ဂျာ ၁၅၀ နီးပါး မွန်ပြည်နယ်တွင် ဖမ်းဆီးခံရ
=========================
နိုင်ငံမှ ထွက်ပြေးရန် ကြိုးပမ်းသည်ဟု ယူဆရသည့် ရိုဟင်ဂျာ ၁၅၀ ဦးနီးပါးကို မြန်မာစစ်ကောင်စီ အာဏာပိုင်တို့က ဖမ်းဆီးခဲ့ကြောင်း တာဝန်ရှိသူတဦးက ဩဂုတ် ၁၅ ရက်တွင် အေအက်ဖ်ပီကို ပြောသည်။
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
=========================
နိုင်ငံမှ ထွက်ပြေးရန် ကြိုးပမ်းသည်ဟု ယူဆရသည့် ရိုဟင်ဂျာ ၁၅၀ ဦးနီးပါးကို မြန်မာစစ်ကောင်စီ အာဏာပိုင်တို့က ဖမ်းဆီးခဲ့ကြောင်း တာဝန်ရှိသူတဦးက ဩဂုတ် ၁၅ ရက်တွင် အေအက်ဖ်ပီကို ပြောသည်။
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🔥5👍3👏1
အာဏာသိမ်းပြီးနောက်ပိုင်း အရပ်သားသေဆုံးမှု ၃၉၀၀ ကျော်လာ
======================
(မဇ္ဈိမ) ။။ အာဏာသိမ်းပြီးနောက် ယခုဩဂုတ်လ လလယ် အထိ အရပ်သားသေဆုံးမှု ၃၉၂၇ ဦးခဲ့ပြီဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ထုတ်ပြန်ထားပါတယ်။
၂၀၂၁ခုနှစ်ဖေဖော်ဝါရီလကနေ့ကစပြီး ဒီမိုကရေစီရေးလှုပ်ရှားသူတွေနဲ့ အရပ်သားပြည်သူများတွေအပေါ် တရားလက်လွတ်သတ်ဖြတ်မှုတွေနဲ့ပတ်သက်ပြီး အချက်အလက်တွေကောက်ထားတာဖြစ်တယ်လို့ AAPP ရဲ့ တာဝန်ရှိသူတစ်ဦးက မဇ္ဈိမကိုပြောပါတယ်။
ဒီစာရင်းတွေထဲမှာ ဒလန်ဆိုပြီးသတ်ဖြတ်ခံရသူတွေမပါဝင်ပေမယ့် သူတို့ရဲ့စာရင်းတွေကို သီးခြားပြုစုထားတယ်လို့သိရပါတယ်။
တည်းဖြတ်၊ တင်ဆက် ။ ။ မိုးသောက်
စာတည်း ။ ။ Alden
https://youtu.be/Ccd90-axuNw
#အရပ်သားသေဆုံးမှု
#AAPP
#အာဏာသိမ်း

၂၀၂၁ခုနှစ်ဖေဖော်ဝါရီလကနေ့ကစပြီး ဒီမိုကရေစီရေးလှုပ်ရှားသူတွေနဲ့ အရပ်သားပြည်သူများတွေအပေါ်…

❤4🔥3😢2👍1
လာမယ့် ၂ဝ၂၆ ခုနစ် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌတာဝန် မြန်မာမယူနိုင်သေး
=====================
၂၀၂၆ ခုနှစ် အာဆီယံဥက္ကဋ္ဌနေရာမှာ မြန်မာနိုင်ငံက အလှည့်ကျတာဝန်ယူမယ့် အစီအစဉ်ကို တစ်နှစ်ရွှေ့ဆိုင်းလိုက်တယ်လို့ သံတမန်သတင်းရင်းမြစ်တွေကို ကိုးကားပြီး ထိုင်းအခြေစိုက် PBS သတင်းဌာနက ဩဂုတ်လ ၁၅ ရက်နေ့မှာ ဖော်ပြလိုက်ပါတယ်။
နိုင်ငံတွင်းအခြေအနေနဲ့ ကြိုတင်ပြင်ဆင်မှုတွေ လိုအပ်နေသေးတဲ့အတွက် အလှည့်ကျဥက္ကဋ္ဌနေရာကို မြန်မာနိုင်ငံက ရှောင်ပေးလိမ့်မယ်လို့ သံတမန်အသိုက်အဝန်းမှာ ပြောနေကြကြောင်း ထိုင်း PBS သတင်း က ဆိုပါတယ်။
ဒါကြောင့် အဲဒီနှစ်အတွက် ဥက္ကဋ္ဌတာဝန်ကို ဖိလစ်ပိုင်ကယူပြီး မြန်မာနိုင်ငံက ၂၀၂၇ ခုနှစ်မှ ယူမယ်လို့လည်း ဆိုပါတယ်။
နေပြည်တော်မှာ ဖြစ်ပျက်နေတာတွေအရ မြန်မာနိုင်ငံတွင်းက လက်ရှိအခြေအနေနဲ့ အနာဂတ် မရေရာမှုတွေကို ဖော်ပြနေတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက် စစ်တပ်က အာဏာသိမ်းပြီးကတည်းက မြန်မာစစ်ကောင်စီဟာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးပြဿနာ အများအပြားနဲ့ ရင်ဆိုင်နေရပြီး၊ အထူးသဖြင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ PDF တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ အပါအဝင် တိုးပွားလာနေတဲ့ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေနဲ့ ရင်ဆိုင်တိုက်ခိုက်နေရတယ်လို့ ဖော်ပြထားပါတယ်။
လွန်ခဲ့တဲ့ ၂၀၀၆ တုန်းကလည်း မြန်မာနိုင်ငံဟာ ရွေးကောက်ပွဲအတွက် ပြင်ဆင်နေတာနဲ့ ပြည်တွင်းပြဿနာတွေကြောင့် အာဆီယံအလှည့်ကျဥက္ကဋ္ဌတာဝန်ကို ရွှေ့ဆိုင်းခဲ့ရပါသေးတယ်။
အဲ့ဒီတုန်းက လာအိုနိုင်ငံက အစားထိုး တာဝန်ယူခဲ့ရပါတယ်။
အာဆီယံအဖွဲ့ထဲမှာ ဥက္ကဋ္ဌတာဝန်ကို တိုင်းပြည် နာမည် အင်္ဂလိပ်အက္ခရာစဉ်အလိုက် ထမ်းဆောင်ကြရတာပါ။
လာမဲ့ ၂၀၂၄ ခုနှစ်အတွက် လာအိုနိုင်ငံက အာဆီယံဥက္ကဋ္ဌတာဝန် ယူမှာဖြစ်ပြီး ၂၀၂၅ ခုနှစ်မှာ မလေးရှားနိုင်ငံက တာဝန်ယူမှာဖြစ်ပါတယ်။
အလှည့်ကျ ဥက္ကဋ္ဌ ဟာ အာဆီယံထိပ်သီးအစည်းအဝေးနဲ့ သက်ဆိုင်ရာ ထိပ်သီးအစည်းအဝေးတွေ၊ အာဆီယံပေါင်းစပ်ညှိနှိုင်းရေးကောင်စီ၊ အာဆီယံအသိုက်အဝန်း ကောင်စီ သုံးရပ် နဲ့ဆိုင်ရာကဏ္ဍအလိုက် ဝန်ကြီးအဆင့်အစည်းအဝေးတွေကျင်းပဖို့ တာဝန်ယူရပါတယ်။
အာဆီယံဘုံသဘောတူညီချက်ငါးရပ်ကို အကောင်အထည်မဖော်နိုင်တာကြောင့် စစ်ကောင်စီခေါင်းဆောင်တွေကို နိုင်ငံရေးအဆင့် အာဆီယံထိပ်သီး အစည်းအဝေးတွေမှာ တက်ရောက်ခွင့်မပေးဖို့ အာဆီယံက ဆုံးဖြတ်ထားတာပါ။
လွန်ခဲ့တဲ့လများအတွင်း အင်ဒိုနီးရှားဟာ ASEAN ဥက္ကဌအနေနဲ့ မြန်မာမှ သက်ဆိုင်သူအားလုံးနဲ့ထိတွေ့ ဆက်ဆံဖို့ ကြိုးစားခဲ့ပါတယ်။
ဇူလိုင်လအစောပိုင်းအထိ အင်ဒိုနီးရှားဟာ စစ်ကောင်စီနဲ့ အမျိုးသားညီညွတ်ရေး အစိုးရ အပါအဝင် မြန်မာမှ အဓိကပတ်သက်သူတွေနဲ့ အကြိမ် ၁၁၀ ကျော် ထိတွေ့ဆက်ဆံခဲ့ကြောင်း ပြောကြားထားပါတယ်။
မြန်မာနိုင်ငံအနေနဲ့ ၁၉၉၇ ခုနှစ်မှာ အဖွဲ့ဝင်အဖြစ် ဝင်ရောက်လာခဲ့သလို စစ်ခေါင်းဆောင်တွေရဲ့ လုပ်ရပ်တွေဟာလည်း အာဆီယံအနေနဲ့ ခေါင်းကိုက်စရာ ဖြစ်လာနေတာပါ။
အာဆီယံအနေနဲ့ ထိရောက်တဲ့ ဆောင်ရွက်ချက်တွေ လုပ်ဆောင်ဖို့ ကြိုးပမ်းခဲ့ပေမယ့် လက်တွေ့မှာတော့ ကြေညာချက်တွေ ထက်ပိုမလာသေးပါဘူး။
https://youtu.be/LOkfhXH-SW0
#PoliticalNews

နိုင်ငံတွင်းအခြေအနေနဲ့ ကြိုတင်ပြင်ဆင်မှုတွေ…

👍9👎2🔥1
ရေဘဝဲ မြေပြင်သပိတ်အဖွဲ့အစည်းက ခေတ်လူငယ်သင်တန်း (၅) ကြိမ်မြောက် ဖွင့်လှစ်
========================
ဂန္ဒမာ
(မဇ္ဈိမ)။ ။ အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသမီး၊လူငယ် နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာန နှင့် ရေဘဝဲ ပြည်သူ့အကျိုးပြုလူငယ်အဖွဲ့အစည်းတို့ ပူးပေါင်းကာ ( ၅ ) ကြိမ်မြောက် ခေတ်လူငယ်သင်တန်း ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။
"နေဝင်းလက်ထက်ကစလို့ ဒါကျက်၊ဒါဖြေ ကျောင်းသူကျောင်းသားတွေ လွတ်လပ်စွာ တွေးခေါ်လုပ်ဆောင်နိုင်စွမ်း မရှိတဲ့ မျက်စိပိတ်၊နားပိတ်ခေတ်ကို နွေဦးတော်လှန်ရေးမှာ တပါတည်းရိုက်ချိုးဖျက်ဆီးပစ်နေပါပြီ။ ဒီခေတ်လူငယ် နောင်လူကြီးဖြစ်လာလို့ ကိုယ့်သားသမီး၊မြေးတွေကို ကြီးလာရင် အင်ဂျင်နီယာလုပ်၊ ဆရာဝန်လုပ်ဆိုတဲ့ ပုံသေနံရံကြီးတွေကို ဖြိုချဖို့ လူ့အခွင့်အရေး၊ ဒီမိုကရေစီ စတဲ့ ဘာသာရပ်အခြေခံတွေကို လေ့လာ၊ လေ့လာပြီးမျှဝေ၊ မျှဝေရင် တည်ဆောက်ကြဖို့ ရည်ရွယ်ပါတယ်" ဟု ရေဘဝဲ ပြည်သူ့အကျိုးပြုလူငယ်အဖွဲ့ ဥက္ကဋ္ဌက မဇ္ဈိမကို ပြောသည်။
ထိုသင်တန်းမှာ ရေဘဝဲအဖွဲ့ ၏ တော်လှန်ရေးလုပ်ငန်းစဥ် လေးခုအနက် တခုဖြစ်ပြီး အခမဲ့ ဖွင့်လှစ်ခြင်းဖြစ်ကာ နိုင်ငံသားများနေဖြင့် သိထားသင့်သည့် ပြည်သူ့နီတိ၊ ဟစ်အော်ကြွေးကြော်နေကြသော လူ့အခွင့်အရေး၊ လူငယ်များကြား ရေပန်းစားနေသည့် ကျားမတန်းတူညီမျှမှု၊ ခေတ်ပြောင်း၊ စနစ်ပြောင်း တော်လှန်ရေးတွင် သိထားသင့်သည့် နိုင်ငံရေးပညာမိတ်ဆက်၊ လူနေမှုဘဝတွင် ကြုံတွေ့နေရသော စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး စသည့် နိုင်ငံသားတိုင်း လေ့လာသင့်သည့် ဘာသာရပ်အခြေခံများကို မျှဝေသင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။
သင်တန်းအမှတ်စဥ် တစ်ခုလျှင် တက်ရောက်သူဦးရေ ၃၀ ရှိခဲ့ပြီး အသက်အရွယ်အားဖြင့် ၁၆ နှစ်မှ ၂၅ နှစ်အထိ ကန့်သတ်ထားသော်လည်း သင်ယူလေ့လာလိုသူတိုင်းကို ကြိုဆိုလက်ခံနေကြောင်း ၎င်းကဆိုသည်။
ရန်ကုန်သပိတ် ရေဘဝဲလူငယ်များ မြေပြင်လုံခြုံရေးအရ နှင့် အဖွဲ့ အတွင်းစည်း ခိုင်မာရေးတည်ဆောက်ကာ အင်အားပြန်ယူရသည့် အချိန်အခါမျိုးတွင် အနားမယူဘဲ အခြားသော တော်လှန်ရေးတာဝန်တစ်ခု ထမ်းရွက်နေသည့် သဘောဖြင့် ထိုသင်တန်းကို ဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရသည်။
စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima
#ခေတ်လူငယ်သင်တန်း
#ရေဘဝဲအဖွဲ့
#Hard news , ethnic
ပုံအညွှန်း သင်တန်းကြော်ငြာစာ( ဓာတ်ပုံ-ရေဘဝဲ အဖွဲ့အစည်း)

👍13😁3❤1
သာယာဝတီထောင်တွင် နိုင်ငံရေးကျဉ်းသား ၅ ဦး ရိုက်နှက် တိုက်ပိတ်ခံရ
=====================
001
(မဇ္စျိမ)။ ။ပဲခူးတိုင်း၊ သာယာဝတီထောင်တွင် ပြီးခဲ့သည့် ၈၈၈၈ အရေးတော်ပုံအထိမ်းအမှတ်နေ့ မတိုင်မီ က စစ်ကားကိုးစီးဖြင့် စစ်ကောင်စီတပ်သားများ ဝင်ရောက်လာပြီးနောက် ဩဂုတ်လ ၇ ရက်နေ့က နိုင်ငံရေးအကျဉ်းသား အနည်းဆုံး ငါးဦး ရိုက်နှက်တိုက်ပိတ်ခံရကြောင်း အကျဉ်းထောင်နှင့် နီးစပ်သော ယုံကြည်ရသည့် သတင်းရင်းမြစ်က မဇ္ဈိမကို ပြောသည်။
အဆိုပါ နိုင်ငံရေးအကျဉ်းသားငါးဦးသည် အကျဉ်းထောင်တွင် တန်းထုတ်သည့်အချိန် စကားပြောနေသည့် အတွက်ဟုဆိုကာ စစ်ကောင်စီတပ်သားများက ရိုက်နှက် တိုက်ပိတ်ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။
“တန်းထုတ်တဲ့အချိန် ကလေးငါးယောက်က စကားပြောလို့တဲ့။ အဲဒီငါးယောက်ပဲလား၊ ငါးယောက်ထက် ပိုလားတော့မသိဘူး၊ ဆန္ဒပြဖို့တိုင်ပင်နေတယ်ဆိုပြီးတော့ ဖမ်းပြီးတိုက်ပိတ်လိုက်တယ်”ဟု အကျဉ်း ထောင်နှင့်နီးစပ်သူ သတင်းရင်းမြစ်က ပြောသည်။
အဆိုပါ နိုင်ငံရေးအကျဉ်းသားငါးဦး၏ အမည်များနှင့် နောက်ဆက်တွဲအခြေအနေများကို မဇ္ဈိမက ဆက် လက်စုံစမ်းနေသည်။
စစ်ကောင်စီတပ်သားများ တင်ဆောင်လာသည့် ကားကိုးစီးသည် ဩဂုတ်လ ၆ ရက်နေ့ ညနေပိုင်းတွင် အကျဉ်းထောင်သို့ရောက်ရှိလာခြင်းဖြစ်ပြီး ဩဂုတ်လ ၉ ရက်နေ့တွင် ပြန်လည်ထွက်ခွာသွားသော်လည်း စစ်သားများ ပြန်ပါသွားခြင်းမရှိကြောင်း အကျဉ်းထောင်နှင့် နီးစပ်သူက ဆိုသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၁၉ ရက်၊ အာဇာနည်နေ့ကလည်း သာယာဝတီထောင်တွင် နိုင်ငံရေးအကျဉ်းသားများ စုပေါင်းပြီး အာဇာနည်နေ့အထိမ်းအမှတ် အလေးပြုခြင်းနှင့် ဖဲကြိုးအနက်ရောင် ရင်ဘတ်တွင် တပ်ဆင် ခြင်းကြောင့် ထောင်ဝန်ထမ်းများက နိုင်ငံရေး အကျဉ်းသူ၊ အကျဉ်းသား ၃၁ ဦးကို ရိုက်နှက်တိုက်ပိတ်ခဲ့ သည်။
ထိုသို့ ရိုက်နှက်ခံရမှုကြောင့် နိုင်ငံရေးအကျဉ်းသားလေးဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ပြီး ယင်းအနက် ကိုသန်းတိုးအောင်မှာ ဦးခေါင်းသွေးခဲမှုကြောင့် သေဆုံးသွားပြီဟု သတင်းများထွက်နေသော်လည်း သီးခြား အတည် မပြုနိုင်သေးပေ။
“၃၁ ဦးထဲမှာ အမျိုးသမီးတွေကတော့ တော်တော်များများကိုတိုက်ဖွင့်ပေးလိုက်ပြီ၊ ပြီးတော့ မရွှန်းအိဖြူ လား၊ အဲဒီတဦးတော့ကျန်သေးတယ်၊ သူ့ကိုတော့ ချန်ထားတယ်၊ ကျန်တဲ့သူတွေကိုတော့ တိုက်ဖွင့်ပေး လိုက်ပြီဗျ” ဟု မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPN)၏ တာဝန်ရှိသူ ကိုသိုက် ထွန်းဦးက မဇ္ဈိမကို ပြောသည်။
အလားတူ ပဲခူးတိုင်း၊ ဒိုက်ဦးထောင်တွင်လည်း နိုင်ငံရေးအကျဉ်းသားရှစ်ဦး ပြီးခဲ့သည့် ဇူလိုင်လ ၂၅ ရက်နေ့ကစပြီး ဩဂုတ်လ ၁၅ ရက်နေ့အထိ တိုက်ပိတ်ခံထားရဆဲဖြစ်ကြောင်း မဇ္ဈိမက စုံစမ်းသိရသည်။
ထို့ပြင် ဒိုက်ဦးထောင်တွင် ပြီးခဲ့သည့်ရက်ပိုင်းက စစ်ကောင်စီလက်အောက်ခံ ရဲများပါဝင်သည့် အထူးရှာ ဖွေရေးအဖွဲ့များ ဝင်ရောက်လာပြီး အကျဥ်းသားများထံမှ စာရွက်၊ ဘောပင်၊ ခဲတံကအစ သိမ်းဆည်း သွားကြောင်း နိုင်ငံရေးအကျဉ်းသားများကွန်ရက်မှ ကိုသိုက်ထွန်းဦးက ပြောသည်။
လက်ရှိတွင် ဒိုက်ဦးထောင်နှင့် သာယာဝတီထောင်တို့တွင် နိုင်ငံရေးအကျဉ်းသားများ နှိပ်စက်ခံနေရမှု များရှိပြီး ထောင်အာဏာပိုင်များက ထောင်တွင်းသတင်းများကို အမှောင်ချထားကြောင်း အကျဉ်းထောင် နှင့် နီးစပ်သူများက ဆိုသည်။
ယခုလို နိုင်ငံရေးအကျဉ်းသားများ ထောင်တွင်းနှိပ်စက်ခံနေရမှုအပေါ် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ ကော်မတီ(ICRC)ကဲ့သို့ နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့် ကူညီပေးစေလိုကြောင်း နိုင်ငံရေး အကျဉ်း သားတဦး၏ မိသားစုဝင်က တောင်းဆိုသည်။
၂၀၂၁ ခုနှစ် အာဏာသိမ်းချိန်မှ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၁၅ ရက်နေ့ထိ နိုင်ငံတဝန်း ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း ၂၄,၂၆၅ ဦးရှိပြီး ထိုအထဲမှ ၁၉,၇၅၈ ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကြောင်း နိုင်ငံရေး အကျဥ်း သားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။
စာတည်း။ ။ နောင်နောင်
စာမူတည်းဖြတ်။ ။စောဖေ
#သာယာဝတီထောင်
#တိုက်ပိတ်ခံရ
#Mizzima
သာယာဝတီအကျဉ်းထောင် ကျောင်းသားများကို လက်ပံတန်းတရားရုံးတွင် ၂၀၁၅ ခုနှစ် မတ်လအတွင်းက ရုံးထုတ်စဉ်။ (ဓာတ်ပုံ-EPA)

👍6🤬3😢2❤1🔥1
သြဂုတ်လ ၁၆ ရက်၊ မွန်းတည့် ၁၂ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
======================
01:04-နေပြည်တော်နယ်မြေအတွင်း စစ်ကောင်စီတပ် အထိအနာဆုံး ဘို့မသံတောင် စခန်းသိမ်း တိုက်ပွဲအကြောင်း
03:41-လာမယ့် ၂ဝ၂၆ ခုနစ် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌတာဝန် မြန်မာမယူနိုင်သေးတဲ့သတင်း
06:32-မြိတ် ဆန္ဒပြမှုကို အကြမ်းဖက်နှိမ်နင်းသူ စစ်အရာရှိ ရာထူးဖယ်ရှားခံရတဲ့သတင်း
08:07-လက်ခတ်တောင်စခန်းကုန်းကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ် အများအပြား ထိခိုက် သေဆုံးပြီး ဆုတ်ခွာထွက်ပြေးတဲ့သတင်း အပါအဝင် တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးမှာဖြစ်ပါတယ်။
https://youtu.be/2gK3QS83SNI
#12pmnews
#Mizzimanewshour
#MizzimaTV
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
======================
01:04-နေပြည်တော်နယ်မြေအတွင်း စစ်ကောင်စီတပ် အထိအနာဆုံး ဘို့မသံတောင် စခန်းသိမ်း တိုက်ပွဲအကြောင်း
03:41-လာမယ့် ၂ဝ၂၆ ခုနစ် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌတာဝန် မြန်မာမယူနိုင်သေးတဲ့သတင်း
06:32-မြိတ် ဆန္ဒပြမှုကို အကြမ်းဖက်နှိမ်နင်းသူ စစ်အရာရှိ ရာထူးဖယ်ရှားခံရတဲ့သတင်း
08:07-လက်ခတ်တောင်စခန်းကုန်းကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ် အများအပြား ထိခိုက် သေဆုံးပြီး ဆုတ်ခွာထွက်ပြေးတဲ့သတင်း အပါအဝင် တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးမှာဖြစ်ပါတယ်။
https://youtu.be/2gK3QS83SNI
#12pmnews
#Mizzimanewshour
#MizzimaTV
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
YouTube
သြဂုတ်လ ၁၆ ရက်၊ မွန်းတည့် ၁၂ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
01:04-နေပြည်တော်နယ်မြေအတွင်း စစ်ကောင်စီတပ် အထိအနာဆုံး ဘို့မသံတောင် စခန်းသိမ်း တိုက်ပွဲအကြောင်း
03:41-လာမယ့် ၂ဝ၂၆ ခုနစ် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌတာဝန် မြန်မာမယူနိုင်သေးတဲ့သတင်း
06:32-မြိတ် ဆန္ဒပြမှုကို အကြမ်းဖက်နှိမ်နင်းသူ စစ်အရာရှိ ရာထူးဖယ်ရှားခံရတဲ့သတင်း…

👍6🔥2😁1
မဏိပူရမှာ လူမျိုးရေးအကြမ်းဖက်မှုတွေအဆုံးသတ်ရေး လုပ်ဆောင်နေတယ်လို့ အိန္ဒိယဝန်ကြီးချုပ်ပြော
==================
https://youtu.be/dP6n-3-PDXs
==================
https://youtu.be/dP6n-3-PDXs
YouTube
မဏိပူရမှာ လူမျိုးရေးအကြမ်းဖက်မှုတွေအဆုံးသတ်ရေး လုပ်ဆောင်နေတယ်လို့ အိန္ဒိယဝန်ကြီးချုပ်ပြော
မဏိပူရမှာ လူမျိုးရေးအကြမ်းဖက်မှုတွေအဆုံးသတ်ရေး လုပ်ဆောင်နေတယ်လို့ အိန္ဒိယဝန်ကြီးချုပ်ပြော
#InternationalNews
#Mizzima
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို…

🔥4👍3
This media is not supported in your browser
VIEW IN TELEGRAM
August - 16 [12 Pm] Mizzima News Hour
Mizzima Headline News
#12pmnews #mizzimanewshour #reels #shorts

🍌3👍1😁1
ပေါ့လျော့မှုအနည်းငယ်ကြောင့် ပြည်သူများဒုက္ခပိုစေမည်ကို အထူးသတိပြုရန် NUGယာယီသမ္မတသတိပေး
====================
002
(မဇ္ဈိမ)။ ။ပေါ့လျော့မှုအနည်းငယ်ကြောင့် ပြည်သူများ ဒုက္ခဆင်းရဲ ပိုဖြစ်စေနိုင်သည့် အခြေအနေမျိုးအား အထူးသတိပြုရှောင်ကြဉ်ရန် အမျိုးသားညီညွတ်ရေးအစိုးရ NUGယာယီသမ္မတဒူဝါလရှီးလက အစိုးရအဖွဲ့ဝင်များအား သတိပေးပြောကြားသည်။
သြဂုတ် ၁၅ ရက်က ပြုလုပ်သည့် အစိုးရအဖွဲ့ အစည်းအဝေးတွင် ယင်းကဲ့သို့ သတိပေးခြင်းဖြစ်သည်။
" ပြည်သူ့အသက်နဲ့ ရင်းနှီးပေးဆပ်ရတဲ့ ခုခံတော်လှန်စစ်ရဲ့ တာဝန်ဝတ္တရားတွေကို အမြဲတမ်းအလေးအနက်ထား ထမ်းဆောင်ကြဖို့ တိုက်တွန်းချင်ပါတယ်။ ကျွန်တော်တို့ရဲ့ သတိလက်လွတ် ပေါ့လျော့မှု အနည်းငယ်ဟာ ရာနဲ့ချီ၊ထောင်နဲ့ချီသော ပြည်သူလူထုကို ဒုက္ခဆင်းရဲတွေကို ပိုမိုစေပါလိမ့်မယ်။ ဒါကို အထူးသတိပြုရှောင်ကြဉ်နိုင်ဖို့ ကျွန်တော့အနေနဲ့ သတိပေးချင်ပါတယ်" ဟု NUGယာယီသမ္မတက ပြောသည်။
စစ်အာဏာရှင်စနစ် အမြစ်ပြတ် ချေမှုန်းရေးအတွက် ခုခံတော်လှန်စစ်ကို ဆင်နွှဲနေရချိန်တွင် စစ်ကောင်စီ၏ ထိုးစစ်ကြောင့် စစ်ဘေးရှောင်လူထု အရေအတွက် ပိုများပြားလာကြောင်းလည်း အသိပေးထားသည်။ ထို့ကြောင့် ပြည်သူ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ခြင်းနှင့် စစ်ကောင်စီထိုးစစ်ကြောင့် ဒုက္ခရောက်နေသော ပြည်သူလူထုကို ကူညီကယ်ဆယ်ရခြင်းကို တပြိုင်နက်လုပ်ဆောင်နေရပြီး ပေါ့ပေါ့လျော့လျော့မလုပ်ရန် ယာယီသမ္မတက တိုက်တွန်းထားသည်။
ထို့အပြင် လက်ရှိ၌ အစိုးရအဖွဲ့က ထမ်းဆောင်နေသည့် တာဝန်များမှာ ပြည်သူများခံစားရသည့် ဒုက္ခနှင့် နှိုင်းယှဉ်ပါက အသေးအဖွဲမျှသာဖြစ်သည်ဟု ဆိုသည်။
" ကျွန်တော့အနေနဲ့ ပြည်သူတွေရဲ့ ဒုက္ခဆင်းရဲကို နေ့စဉ်နဲ့အမျှ မြင်တွေ့နေရတာကို အတော်ကြီး စိတ်မကောင်းဖြစ်မိပါတယ်။ ကျွန်တော်တို့တတွေဟာ ယခု လုံ့လထုတ်ကြိုးစားသည်ထက် နှစ်ဆ၊သုံးဆ လောက် အားထုတ်ကြဖို့ လိုပါတယ်။ ဒုက္ခရောက်နေတဲ့ ပြည်သူလူထုကို တွေ့ဆုံတဲ့အခါ ကျွန်တော်တို့ စိတ်လုံချင်ပါတယ်" ဟု ပြောကြားသည်။
တဆက်တည်းတွင် " တော်လှန်ရေးကာလမှာ ခုခံတော်လှန်စစ်ရဲ့ တာဝန်တွေကို နေ့စဉ်နဲ့အမျှ အချိန်ပြည့် ထမ်းဆောင်နေရတာဟာ မလွယ်ကူမှန်း ကျွန်တော် နားလည်ပါတယ်။ ဒါပေမယ့် အိုးပစ်အိမ်ပစ် အသက်လုပြီး စွန့်ခွာထွက်ပြေးနေရတဲ့ ပြည်သူလူထုရဲ့ ဒုက္ခနဲ့ယှဉ်ရင် ကျွန်တော်တို့ရဲ့ ကြီးလေးတဲ့ တာဝန်ဟာ အသေးအဖွဲမျှသာ ဖြစ်တယ်လို့ ယူဆပါတယ်" ဟု ယာယီသမ္မတက ပြောသည်။
စစ်ကောင်စီသည် ယခုအခါ အင်အားချိနဲ့ကာ လုံးဝပြိုလဲလုနီးဖြစ်နေသောကြောင့် တော်လှန်ရေးအင်အားစုများအကြား သွေးခွဲမှုများ ပိုမိုလုပ်ဆောင်လာကြောင်း၊ ရည်မှန်းချက်ပန်းတိုင်ကို မျက်ခြေမပြတ် တစိုက်မတ်မတ် လုပ်ဆောင်ကြရန် လိုအပ်ကြောင်း အစိုးရအဖွဲ့ကို သတိပေးသည်။
စစ်ကောင်စီက အရပ်သားပြည်သူများကို စစ်ရေး ပစ်မှတ်ထားကာ ထိုးစစ်ဆင်နေသည်ကို နိုင်ငံတကာကသိရှိ အောင် လုပ်ဆောင်ရန်လည်း အစိုးရအဖွဲ့ဝင်များအား တိုက်တွန်းထားသည်။
ထို့အပြင် PDF များ၏ တဦးချင်းစွမ်းရည်များ မြှင့်တင်ပေးရန် လိုအပ်ပြီး လက်နက်ခဲယမ်းလုံ လောက်စွာရရှိရန်လည်း အာရုံစိုက်ရမည်ဖြစ်ကြောင်း၊ PDF များ၏ စွမ်းရည်များ မြင့်တက်မှ ပြည်သူများကို ကာကွယ်ပေးနိုင်မည်ဖြစ်ကြောင်း ယာယီသမ္မတက ပြောထားသည်။
စာတည်း - မောင်ကြီး
#mizzima
#NUGယာယီသမ္မတ
#အစိုးရအဖွဲ့အစည်းအဝေး
#Hard News
ပုံအညွှန်း-NUGယာယီသမ္မတဒူဝါလရှီးလ
“Supported by the Staying Resilient Amidst Multiple Crises in Southeast Asia initiative of SEA Junction in partnership with CMB Foundation”

👍12😁4❤3
အစိုးရအနေဖြင့် လက်နက်ခဲယမ်းမီးကျောက်များလုံလောက်ာရရှိရေးအာရုံစိုက်ရန်လိုအပ်ကြောင်း NUG ယာယီသမ္မတပြော
=====================
NUGအစိုးရအဖွဲ့အနေနဲ့ လက်နက်ခဲယမ်းမီးကျောက် လုံလောက်စွာရရှိရေးကို အထူးအာရုံစိုက်ဖို့ လိုအပ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလကပြောသည်။
လက်ရှိ ကြိုးစားအားထုတ်မှုထက် နှစ်ဆ၊ သုံးဆ ပိုအားထုတ်ရန်လည်း ယာယီသမ္မတက တိုက်တွန်းထားသည်။
ဩဂုတ်လ ၁၅ ရက်နေ့ တွင် ကျင်းပခဲ့သည့် အမျိုးသားညီညွတ်ရေးအစိုးရ၏ ၂၇ / ၂၀၂၃ အစိုးရ အဖွဲ့အစည်းအဝေးတွင် ယာယီသမ္မတ ဒူဝါလရှီးလက အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။
လက်ရှိတွင် အားလုံး၏ ဝိုင်းဝန်းကြိုးပမ်းမှုကြောင့် အကြမ်းဖက်စစ်တပ် လုံးဝပြိုလဲလုနီးဖြစ်နေပြီး ထိန်းမရ၊သိမ်းမရ အခြေအနေကို ရောက်နေပြီဖြစ်သည်ဟုလည်း ပြောကြားသည်။
ယခုလိုဖြစ်လာချိန်မှာ တစ်ဖက်ကလည်း မိမိတို့ တော်လှန်ရေးအဖွဲ့များ အင်အားယုတ်လျှော့စေရန် စိတ်ဓာတ်စစ်ဆင်ရေး ပိုမိုလုပ်ဆောင်လာကြောင်း ယာယီသမ္မတက သတိပေးထားသည်။
ညီညွတ်မှုပျက်ပြားအောင် PDF အချင်းချင်းကြား သွေးကွဲမှုတွေလုပ်ဆောင်လာတာ တွေ့ရမှာဖြစ်ပြီး NUG အစိုးရနှင့် ပြည်သူကြား အထင်လွဲမှုဖြစ်အောင်အကွက်ဆင်လုပ်ဆောင်လာနေတာမျိုးလည်း တွေ့ရကြောင်း ပြောကြားထားသည်။
ထို့ကြောင့် မိမိတို့ ရည်မှန်းချက်ပန်းတိုင်ဖြစ်သည့် စစ်အာဏာရှင်နှင့် အာဏာရှင်ဟူသမျှကို အဆုံးသတ်ဖျက်သိမ်းရေး၊ အနာဂတ်ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံ ထူထောင်ရေးတို့ကို မျက်ခြေမပြတ် တစိုက်မတ်မတ် လုပ်ဆောင်ဖို့လိုကြောင်း သမ္မတ ဒူဝါလရှီးလက ပြောကြားခဲ့ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ပြည်သူ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက် ရန်နှင့် စစ်ကောင်စီ၏ ထိုးစစ်ကြောင့် ဒုက္ခခံစားနေရသည့် ပြည်သူလူထုကို ကူညီကယ်ဆယ်ရေး လုပ်ဆောင်ရမည်ဖြစ်ကြောင်း သမ္မတက မှာကြားထားသည်။
စစ်အာဏာရှင်စနစ်အမြစ်ပြတ် ချေမှုန်းရေးအတွက် ခုခံတော်လှန်စစ် ဆင်နွှဲနေရသကဲ့သို့ တစ်ဖက်တွင်လည်း စစ်ကောင်စီ၏ ထိုးစစ်ကြောင့် နေ့စဉ်နီးပါး စစ်ဘေးရှောင်လူထု အရေ အတွက် များပြားလာနေသည်ဟု ယာယီသမ္မတက ပြောသည်။
ပြည်သူ့ကာကွယ်ရေးအလုပ်များ ဖိဖိစီးစီးမလုပ်နိုင်လေ ပြည်သူဒုက္ခ ပိုကြီးမားလာလေလေဖြစ်ပြီး လူသားချင်းစာနာထောက်ထားမှုအကူအညီပေးရေး လုပ်ငန်းစဉ်များလည်း ပိုမိုလိုအပ်လာကြောင်း ပြောသည်။
ထို့ကြောင့် ပြည်သူ့ ကာကွယ်ရေး အဖွဲ့တွေ ပိုမို စွမ်းရည်မြှင့်တက်လာမှသာ ပြည်သူတို့ရဲ့ ဒုက္ခ၊သုက္ခတွေကို လျော့ပါးအောင် ကာကွယ်ပေးထားနိုင်မှာဖြစ်ကြောင်း ယာယီသမ္မတက ပြောသည်။
စစ်ကောင်စီက အရပ်သားပြည်သူလူထုကို စစ်ရေးပစ်မှတ်အဖြစ် ထိုးစစ်ဆင်နေခြင်းအား နိုင်ငံတကာ အသိုင်းအဝန်းက အသေအချာ နားလည်ရန်အထူးလိုအပ်လျက်ရှိကြောင်း ယာယီသမ္မတက ပြောကြားပြီး နည်းနာပေါင်းစုံသုံးပြီး နိုင်ငံတကာနှင့် ကျယ်ကျယ်ပြန့်ပြန့် ချိတ်ဆက်ဆောင်ရွက်ရန်လည်း ယာယီသမ္မတက မှာကြားခဲ့သည်။
https://youtu.be/f8kIUVXc2OM

ဩဂုတ်လ ၁၅ ရက်နေ့…

👍15😁3❤2👏1
ကျိုက်ထိုမြို့နယ်တွင် စစ်ကောင်စီယာဉ်တန်း ကြားဖြတ်တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုများ
===================
YT
(မဇ္ဈိမ)။ ။ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သရက်ကုန်းကျေးရွာအနီးတွင် ယာဥ်ခြောက်စီးပါ စစ်ကောင်စီယာဉ်တန်းအား တပ်မဟာ (၁) ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ PDF ပူးပေါင်းတပ်ဖွဲ့နှင့် သူရိယ စစ်ကြောင်းတို့က ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း သထုံခရိုင် PDF တာဝန်ခံထံက သိရသည်။
ယမန်နေ့ ဩဂုတ်လ ၁၅ ရက်နေ့၊ နံနက် ၉ နာရီ ၃၀ မိနစ်အချိန်တွင် ကျိုက်ထိုမြို့ဘက်မှ ဘီးလင်းမြို့နယ်ဘက်သို့ လာသည့် ထိုယာဉ်တန်းကို ကျိုက်ထိုမြို့နယ်၊ သရက်ကုန်းကျေးရွာအနီးတွင် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
" မနေ့ကတော့ ၉ နာရီနဲ့ ၃၀ မိနစ်လောက်မှာ စဖြစ်တယ် ၁၀ နာရီနဲ့ ၁၀ မိနစ်လောက်ထိ။ ကျွန်တော်တို့ တော်လှန်ရေးဘက်ကတော့ ထိခိုက်မှုမရှိဘူး။ ရန်သူဘက်ကတော့ အယောက် ၂၀ နီးပါး ထိခိုက်သေဆုံးတယ်။ ဒဏ်ရာရတာတွေရော သေတာတွေရော အယောက် ၂၀ နီးပါးရှိတယ်” ဟု သထုံခရိုင် PDF တာဝန်ခံ ကိုအေးမင်းထွန်းက မဇ္ဈိမကိုပြောသည်။
အဆိုပါ ကြားဖြတ်တိုက်ခိုက်မှုအတွင်း စစ်ကောင်စီယာဉ်တန်းက တန်ပြန်ပစ်ခတ်မှုပြုလုပ်ခဲ့သဖြင့် မိနစ် ၄၀ ကြာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး နံနက် ၁၀ နာရီ ၁၀ မိနစ်တွင်မှ ရပ်တန့်သွားခဲ့ကြောင်း၊ စစ်ကောင်စီယာဉ်တန်းပါ ကားနှစ်စီး ပျက်စီးကြောင်း သိရသည်။
တိုက်ခိုက်မှုအပြီးတွင် အဆိုပါ စစ်ယာဉ်တန်းသည် ဘီးလင်းမြို့နယ်ဘက်သို့ ဆက်လက်မောင်းနှင်သွားပြီး ရန်ကုန်- မော်လမြိုင်ကားလမ်းမတစ်လျှောက်နှင့် ကျေးရွာများအတွင်းသို့ လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်ခဲ့ကြောင်း သိရသည်။
" နောက်ပိုင်းမှာတော့ လက်နက်ကြီးတွေပစ်ခတ်တာ များတယ်။ ရွာတွေထဲ လက်နက်ကြီးတွေနဲ့ ပစ်ထည့်တာတွေတော့ များတယ်။ ရွာထဲ အိမ်တွေထိတယ်၊ ပြည်သူလူထုကို ထိခိုက်တာမျိုးတော့ ရှိတယ်" ဟု သထုံခရိုင် PDF တာဝန်ခံက ဆက်လက်ပြောဆိုသည်။
စစ်ကောင်စီတပ်၏ ပစ်ခတ်မှုများကြောင့် နေအိမ်ပျက်စီးမှုနှင့် ဒေသခံထိခိုက်ဒဏ်ရာရမှုအား မဇ္ဈိမအနေဖြင့် ဆက်လက်အတည်ပြုနေဆဲဖြစ်သည်။
ပြီးခဲ့သည့် ဩဂုတ်လ ၁၃ ရက်နေ့ကလည်း ကျိုက်ထိုမြို့နယ်၊ ကင်မွန်းချောင်းကျေးရွာရှိ ကင်မွန်းချောင်းနယ်မြေရဲစခန်းကို တပ်မဟာ (၁) KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့က ဒရုန်းဖြင့် သွားရောက်တိုက်ခိုက်ခဲ့ပြီး အပျက်အစီး အထိအခိုက်များအား စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။
စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima
#စစ်ကောင်စီ ယာဥ်တန်း
#သရက်ကုန်းကျေးရွာ

👍13👏6❤2🔥1😁1
အကျဉ်းချခံထားရတဲ့ အစ္စလာမ္မစ်ခေါင်းဆောင် ကွယ်လွန်မှုအတွက် ဘင်္ဂလားဒေ့ရှ်မှာ ဆန္ဒပြပွဲတွေ ပေါ်ပေါက်လာ
====================
https://youtu.be/RHYSHg2g-g0
====================
https://youtu.be/RHYSHg2g-g0
YouTube
အကျဉ်းချခံထားရတဲ့ အစ္စလာမ္မစ်ခေါင်းဆောင် ကွယ်လွန်မှုအတွက် ဘင်္ဂလားဒေ့ရှ်မှာ ဆန္ဒပြပွဲတွေ ပေါ်ပေါက်လာ
အကျဉ်းချခံထားရတဲ့ အစ္စလာမ္မစ်ခေါင်းဆောင် ကွယ်လွန်မှုအတွက် ဘင်္ဂလားဒေ့ရှ်မှာ ဆန္ဒပြပွဲတွေ ပေါ်ပေါက်လာ
#InternationalNews
#Mizzima
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ.…

👍3🔥3👏3
Media is too big
VIEW IN TELEGRAM
လာမယ့် ၂ဝ၂၆ ခုနစ် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌတာဝန် မြန်မာမယူနိုင်သေး
Watch more detail - https://youtu.be/LOkfhXH-SW0
#PoliticalNews #reels #shorts #MizzimaTV

😁9🔥1🤯1