Mizzima
✔
47.7K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
ချင်းပြည်နယ်တွင် စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုများကြောင့် ၁ လအတွင်း ခရစ်ယာန်ဘုရားကျောင်း ၄ ကျောင်း ပျက်စီး
🤬7🔥2😁1
ချင်းပြည်နယ်တွင် စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုများကြောင့် ၁ လအတွင်း ခရစ်ယာန်ဘုရားကျောင်း ၄ ကျောင်း ပျက်စီး
======================

ယောလင်းထန်း
(မဇ္စိုမ)။ ။ချင်းပြည်နယ်အတွင်း စစ်ကောင်စီတပ်၏ လေကြောင်းမှပစ်ခတ်မှု၊ လက်နက်ကြီးဖြင့်ပစ်ခတ် မှုများကြောင့် တလအတွင်း ခရစ်ယာန်ဘုရားကျောင်း လေးကျောင်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

ပြီးခဲ့သော ဇူလိုင်လ ၁၆ ရက်နေ့က မင်းတပ်မြို့အခြေစိုက် ခလရ(၂၇၄) တပ်ရင်းမှ စစ်ကောင်စီတပ်သား များက မြို့ပေါ်ဘုရားကျောင်းတွင်ဖွင့်လှစ်ထားရှိသည့် စစ်ဘေးရှောင်စခန်း၌ခိုလှုံနေသော သင်းထောက် လူကြီးသုံးဦးကိုသတ်ဖြတ်ခဲ့ပြီး သင်းအုပ်ဆရာတော်ကိုလည်း ညှဉ်းပမ်းနှိပ်စက်ခဲ့ကြောင်း သိရသည်။

အလားတူ ချင်းပြည်နယ်တောင်ပိုင်း၊ ကန်ပက်လက်မြို့နယ်၊ မဆာတွီကျေးရွာတွင် ဇူလိုင် ၁၈ ရက်နေ့က ဂျက်လေယာဉ်သုံးစီးဖြင့် လေကြောင်းမှပစ်ခတ်ခဲ့သဖြင့် Believer's Church Myanmar အပါအဝင် အဆောက်အအုံအများအပြား ထိခိုက်ခဲ့ကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့(ကန်ပက်လက်) ခေါနူးတပ်ရင်း က သတင်းထုတ်ပြန်ထားသည်။

လွန်ခဲ့သည့် သြဂုတ်လ ၁၂ ရက်နေ့ကလည်း ဖလမ်းမြို့နယ် ရမ်ထလိုကျေးရွာ၌ လေကြောင်းမှ တိုက်ခိုက် ခံရသဖြင့် ခရစ်ယာန်ဘုရားကျောင်းနှင့် အဆောက်အအုံများထိခိုက်ပျက်စီးခဲ့ပြီး အရပ်သားခုနစ်ဦးထိ ခိုက်ဒဏ်ရာရခဲ့သည်။

ယမန်နေ့ ဩဂုတ်လ ၁၄ ရက်က စစ်ကောင်စီတပ်မှပစ်ခတ်သည့် လက်နက်ကြီးကျည်နှစ်လုံး ဟားခါး မြို့အတွင်း ကျရောက်ပေါက်ကွဲသဖြင့် ခရစ်ယာန်ဘုရားကျောင်းနှင့် သင်းအုပ်ဆရာတော်နေအိမ် ထိခိုက် ပျက်စီးခဲ့သည်။

အဆိုပါ သြဂုတ်လ ၁၄ ရက်နေ့တွင်ပင် စစ်ကောင်စီတပ်ကလေကြောင်းမှ ဗုံးကြဲတိုက်ခိုက်သည့်အတွက် ထန်တလန်မြို့နှင့် ငါးမိုင်ခန့်ဝေးသည့် ခွါဖိုကျေးရွာမှ ခရစ်ယာန်ဘုရားကျောင်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇူလိုင် ၁၃ ရက်နေ့က စစ်ကောင်စီဥက္ကဋ္ဌမှ ပြည်ထောင်စုဝန်ကြီးများကိုခေါ်ယူတွေ့ဆုံပြီး စစ် ကိုင်းတိုင်း၊ ချင်းပြည်နယ်နှင့် ကယားပြည်နယ်တို့ကို ပြင်းပြင်းထန်ထန် နှိမ်နင်းရမည်ဟုပြောဆိုပြီးနောက် ချင်းပြည်နယ်အတွင်း လေကြောင်းမှတိုက်ခိုက်မှု ပိုမိုများပြားလာကြောင်း သိရသည်။

စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ

#ချင်းပြည်နယ်
#လေကြောင်းတိုက်ခိုက်မှု
#ခရစ်ယာန်ဘုရားကျောင်း

“Supported by the Staying Resilient Amidst Multiple Crises in Southeast Asia initiative of SEA Junction in partnership with CMB Foundation”
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤬6👍4🔥2😁1🕊1
​​ရေဖြူမြို့နယ် ဧကနိကျေးရွာကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးပြီး နေအိမ် ၄၀ ကျော် မီးရှို့ဖျက်ဆီး
====================

ကိုရွှေမြိတ်
(မဇ္ဈိမ)။ ။တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြု့နယ် ဧကနိကျေးရွာကို စစ်ကောင်စီတပ်က ဩဂုတ်လ ၁၄ ရက်နေ့ မွန်းလွဲပိုင်းတွင် စစ်ကြောင်းထိုးဝင်ရောက်ပြီး နေအိမ် ၄၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါ စစ်ကောင်စီစစ်ကြောင်းသည် ရေဖြူမြို့နယ်အတွင်းမှကျေးရွာများအား စစ်ကြောင်းထိုးနေသည် မှာ ငါးရက်ခန့်ရှိနေပြီးဖြစ်ပြီး ဧကနိကျေးရွာသို့ ဩဂုတ်လ ၁၄ ရက်နေ့က ဝင်ရောက်မီးရှို့ခြင်းဖြစ်ကြောင်း ဒေသခံများကပြောသည်။

“စစ်တပ်က ၁၄ ရက်နေ့မှ ရွာထဲစဝင်လာပြီး မီးရှို့တာ။ ညပိုင်းအထိမီးလောင်နေတော့ ရွာသားတွေ ကြောက်လို့ အကုန်ထွက်ပြေးနေရတယ်”ဟု ရေဖြူမြို့ခံတဦးကပြောသည်။

စစ်ကောင်စီတပ်က အရပ်သားနေအိမ်များကိုပစ်မှတ်ထားပြီး အကြောင်းမဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် ည ၈ နာရီအထိ မီးလောင်ကျွမ်းခဲ့ပြီး နေအိမ် ၄၀ ခန့် မီးလောင်ပြာကျသွားသည်ဟု ဒေသခံများက ပြောသည်။

“နှစ်ဖက်တိုက်ပွဲဖြစ်နေတော့ ဘယ်သူမှရွာကိုမပြန်ရဲသေးဘူး။ စစ်တပ်က လူတွေတွေ့ရင် ဖမ်းတာရှိနေ တော့ ကြောက်နေရတယ်” ဟု ဧကနိကျေးရွာမှ စစ်ရှောင်တဦးက ပြောသည်။

စစ်ကောင်စီတပ်က ဩဂုတ်လ ၁၅ ရက်နေ့ နံနက်ပိုင်းတွင် ဧကနိကျေးရွာအနီး တောအတွင်း၌ စစ်ဘေး ရှောင်ဘုန်းကြီးတပါးနှင့် အရပ်သားတဦးကိုဖမ်းဆီးပြီး ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း ပြောဆိုမှုရှိသော် လည်း မဇ္ဈိမအနေဖြင့် အတည်မပြုနိုင်သေးပေး။

စစ်ကောင်စီတပ်သည် ဧကနိကျေးရွာတဝိုက်တွင် အင်အား ၂၀၀ ကျော်ဖြင့် စစ်ကြောင်းနှစ်ခုခွဲကာ စစ် ကြောင်းထိုးခဲ့ပြီး ယခုအခါ နေအိမ်များကိုဖောက်ထွင်း၍ တန်ဖိုးကြီးပစ္စည်းများခိုးယူနေကြောင်းသိရ သည်။

အဆိုပါ စစ်ကောင်စီစစ်ကြောင်းကြောင့် ဧကနိနှင့် ဝဇွမ်းတောအပါအဝင် ကျေးရွာရှစ်ရွာခန့်မှ ဒေသခံ အများအပြား စစ်ဘေးရှောင်နေရပြီး တောထဲတွင် စားရေးသောက်ရေးနှင့် နေထိုင်ရေးအခက်အခဲဖြစ်ပေါ် နေကြောင်း သိရသည်။

စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ

#တနင်္သာရီတိုင်း
#ရေဖြူမြို့နယ်
#စစ်ဘေးရှောင်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤬8🔥2😁1😢1
သြဂုတ်လ ၁၆ ရက်၊ မွန်းလွဲ ၂ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
======================

01:03-ထားဝယ်ထောင်ဒုထောင်မှူးအိမ်မှာ ဌာနဆိုင်ရာအရာရှိတွေပိုင်တဲ့ မူးယစ်ဆေးဝါးတွေ တွေ့ရှိတဲ့သတင်း

02:53-အစိုးရအဖွဲ့အနေနဲ့ လက်နက်ခဲယမ်းမီးကျောက်တွေ လုံလောက်စွာရရှိရေး အထူးအာရုံစိုက်ဖို့ လိုအပ်ကြောင်း NUG ယာယီသမ္မတပြောတဲ့သတင်း

05:33-ကျောက်တံခါးမှာ လူနေကျေးရွာတွေကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်‌နေတဲ့သတင်း

06:55-အာဏာသိမ်းပြီးနောက်ပိုင်း အရပ်သားသေဆုံးမှု ၃၉၀၀ ကျော်လာတဲ့သတင်းအပါအဝင်

တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးမှာဖြစ်ပါတယ်။

https://youtu.be/YGzNZONCGR8

#2pmnews
#Mizzimanewshour
#MizzimaTV
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U
👍3🤯3😁1
ယင်းမာပင်တွင် စစ်တပ်လက်နက်ကြီးကြောင့် ကလေး ၁ ဦးသေဆုံး၊ ၇ ဦးဒဏ်ရာရ
🔥5😢3😁1
ယင်းမာပင်တွင် စစ်တပ်လက်နက်ကြီးကြောင့် ကလေး ၁ ဦးသေဆုံး၊ ၇ ဦးဒဏ်ရာရ
======================

လွှမ်းမိုး
(မဇ္ဈိမ)။ ။စစ်ကိုင်းတိုင်း ၊ ယင်းမာပင်မြို့နယ် ၊ ဝမ်ပေါင်ကုမ္ပဏီတွင် တပ်စွဲနေသည့် စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်မှုကြောင့် ပေကုန်းကျေးရွာမှ အသက်ရှစ်နှစ်အရွယ်ကလေးငယ် တဦးသေဆုံးပြီး ပြည်သူ ခုနစ်ဦးဒဏ်ရာအပြင်းအထန် ရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ယမန်နေ့ဩဂုတ်လ ၁၅ ရက် နေ့လယ် ၁၂ နာရီခန့်တွင် ပေကုန်းရွာကို စစ်ကောင်စီတပ်က ပစ်ခတ်ခြင်းဖြစ်ပြီး နေအိမ် နှစ်လုံးလည်း မီးလောင်ပျက်စီးခဲ့ကြောင်း ဒေသခံတဦးကပြောသည်။
“စစ်ကောင်စီတပ်က ၁၂၀ မမ လက်နက်ကြီးတွေနဲ့ အကြိမ်ပေါင်းများစွာ ရွာတွေဘက်ကို ဦးတည်ပြီး ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်"ဟု အဆိုပါ ဒေသခံကပြောသည်။

သေဆုံးသွားသောကလေးငယ်၏ နာရေးကို ယနေ့ဩဂုတ်လ ၁၆ရက် ပြုလုပ်ခဲ့ပြီး ဒဏ်ရာရသူများသည် ဆေးကုသမှုခံယူနေရဆဲဖြစ်သည်။

ယင်းမာပင်မြို့နယ်တွင် ယခုရက်ပိုင်း၌ ဝမ်ပေါင်ကုမ္ပဏီနှင့် အမှတ်-၂၈ ရဲတပ်ရင်းမှ လက်နက်ကြီး ပစ်ခတ်မှုများကြောင့် ဒေသခံများ ဘေးလွတ်ရာ ထွက်ပြေးနေရကြောင်း သိရသည်။
“ လက်နက်ကြီးတွေနဲ့ နေရော ညပါ ပစ်ခတ်နေတာကြောင့် ကိုယ့်အိမ်မှာကိုယ်နေရတာ ကျီးလန့်စာစား ဖြစ်နေရတာ။ ရွာတွေဘက်ကို ဦးတည်ပြီး ပစ်ခတ်တာတွေ ဆက်တိုက်လုပ်လာတာကြောင့် ဘေးလွတ်ရာ ထွက်ပြေးနေရတာ ဖြစ်တယ်" ဟု ဒေသခံတဦးက‌ ပြောသည်။

စစ်ကောင်စီတပ်က လက်နက်ကြီးရန်‌ကြောင့် ယင်းမာပင်မြို့နယ် ကံ့ကုန်း၊ ဒုံးတော၊ ဂုဏ်တော၊ ကျေးစာကျ၊ ရွှေပေကုန်းနှင့်ဘိန်းနွယ်ချောင်ကျေးရွာများမှ ဒေသခံ ၆,၀၀၀ ကျော် နေရပ်စွန့်ခွာ စစ်ရှောင်နေရသည်။

စာတည်း - မောင်ကြီး

#mizzima
#ယင်းမာပင်မြို့နယ်
#ဝမ်ပေါင်ကုမ္ပဏီ
#ပေကုန်း‌ကျေးရွာ
#စစ်ကောင်စီလက်နက်ကြီးရန်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤬5🔥3😢3👍2😁1
​​ဝန်ထမ်းလိုအပ်ချက်ကြုံနေသော စစ်ကောင်စီက အသက်ကန့်သတ်ချက်လျှော့ပေါ့ပြီး အင်အားဖြည့်နေ
===================

(မဇ္ဈိမ)။ ။အသက်ကန့်သတ်ချက်များလျှော့ပေါ့ပြီး ဝန်ကြီးဌာနခြောက်ခုက လစ်လပ်နေသည့် ရာထူးနေရာ ၇၀၀ နီးပါးအတွက် အလုပ်လျှောက်လွှာများခေါ်ယူကာ ဝန်ထမ်းအင်အားဖြည့်တင်းရန် စစ်ကောင်စီက ကြိုးပမ်းနေကြောင်း CDM အသိုင်းအဝိုင်းက မဇ္ဈိမကို ပြောသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ဌာနဆိုင်ရာဝန်ထမ်းအများအပြား CDM လုပ်ရှားမှုတွင် ပါဝင်ခဲ့ကြ သဖြင့် ရာထူးနေရာများလစ်လပ်ခဲ့ရပြီး ယနေ့အချိန်ထိ ဌာနဆိုင်ရာယန္တယားများ လည်ပတ်နိုင်ခြင်း မရှိ သည့်အတွက် စစ်ကောင်စီက ၎င်းတို့ထိန်းချုပ်ရာ သတင်းစာမှတဆင့် အသက်ကန့်သတ်ချက်လျှော့ပေါ့ ပြီး ခေါ်ယူနေခြင်း ဖြစ်သည်။

ခေါ်ယူနေသည့်ဌာနများမှာ ပညာရေးဝန်ကြီးဌာန၏ ဆရာအတတ်ပညာဦးစီးဌာနက နည်းပြ/သရုပ်ပြ၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၏ ပြည်တွင်းအခွန်များဦးစီးဌာနက ၂၅၀ နေရာ၊ သမဝါယမနှင့် ကျေး လက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနတွင် ၃၁၉ နေရာ ခေါ်ယူနေသည်။

အလားတူ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ၄၅ နေရာ၊ စိုက်ပျိုး ရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၏ မွေးမြူရေးသုတေသနဦးစီးဌာနအတွက် ၁၉ နေရာနှင့် အလုပ်သမားဝန်ကြီးဌာနအတွက် ၂၆ နေရာကို ခေါ်ယူနေခြင်း ဖြစ်သည်။

ဝန်ကြီးဌာနများတွင် ထိုကဲ့သို့ အသက်ကန့်သတ်ချက်ကို လျှော့ပေါ့ပြီး အလုပ်ခေါ်ယူသည့် အစဉ်အလာကို ယခင်ကတခါမှမကြုံခဲ့ဖူးကြောင်း အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM)ဆရာမတဦးက မဇ္ဈိမ ကို ပြောသည်။

“အခုခေါ်ယူနေတဲ့ ပညာရေးမှာဆိုရင် တခါမှအစဉ်အလာမရှိခဲ့ဖူးဘူး ပြောရမယ်။ မဟာဘွဲ့၊ ပညာရေးဘွဲ့ ရရှိပြီးသူဖြစ်ပါက အသက် ၃၈ နှစ်ထက်မကျော်လွန်သူဖြစ်ရမယ်ဆိုတာလေ၊ အရင်ကဆိုရင် မဟာဘွဲ့ တွေကို ခေါ်တာ၊ အသက် ၃၅ နှစ်၊ တနှစ်ကဆိုရင် မဟာဘွဲ့တွေကို အသက် ၃၀ နှစ်နဲ့ခေါ်တဲ့ နှစ်ရှိတယ်၊ ပြီးတော့ ဒုဦးစီးမှူးတွေဆိုရင်လည်း အရင်ကဆိုရင် ၂၅ နှစ်၊ ၂၇ နှစ်ဆိုပြီးခေါ်ကြတာ၊ အခုတော့ ဒုဦးစီးမှူး တွေကိုလည်း အသက် ၃၀ နှစ်ထိခေါ်နေတယ်ဆိုတော့ ဝန်ထမ်းအင်အား မလောက်တော့လို့ ဖြေလျှော့ ပေးတာထင်တယ်” ဟု CDM ဆရာမတဦးက ပြောသည်။

လက်ရှိ ပညာရေးဌာနမှခေါ်ယူနေသည့် ရာထူးများတွင် ဘာသာရပ်အလိုက် ပါရဂူဘွဲ့ရရှိပြီးသူဖြစ်ပါက အသက် ၄၀ နှစ်ထက် မကျော်လွန်သူ၊ မဟာသုတေသနဘွဲ့၊ မဟာပညာရေးဘွဲ့၊ မဟာဘွဲ့၊ ပညာရေးဘွဲ့ ရရှိပြီးသူဖြစ်ပါက အသက် ၃၈ နှစ်ထက်မကျော်လွန်သူ၊ သက်ဆိုင်ရာ ဖွံ့ဖြိုးရေးဘာသာရပ်ဘွဲ့ရရှိပြီးသူ ဖြစ်ပါက အသက် ၃၅ နှစ်ထက် မကျော်လွန်သူဖြစ်ရမည်ဟု သိရသည်။

“ဒီလိုဖြစ်စဉ်မျိုးက တက္ကသိုလ်လောကထဲမှာ ၁၉၉၈ ခုနှစ်၊ ၂၀၀၂ ခုနှစ်တွေ အချိန်တုန်းကလည်း ဒီလိုဖြစ် ခဲ့ဖူးတယ်၊ နီးစပ်ရာတွေ ဆွဲခန့်၊ ဆွဲခေါ်တဲ့အခါမှာ တက္ကသိုလ်လောကကြီးတခုလုံး တော်တော်ပျက်စီး သွားခဲ့ရတယ်” ဟု တက္ကသိုလ်ဆရာတဦးက ပြောသည်။
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် တိုင်းပြည်၏ နိုင်ငံရေး၊ စီးပွားရေး ကသောင်းကနင်း ဖြစ်နေသကဲ့သို့ တဘက်မှာလည်း ဝန်ထမ်းအများအပြား အာဏာသိမ်းမှုကို ဆန့်ကျင်ပြီး CDM လှုပ်ရှားမှု တွင် ပါဝင်နေသည့်အတွက် ကျန်းမာရေး၊ ပညာရေးမှစပြီး စစ်ကောင်စီ၏ ဝန်ကြီးဌာနအများအပြားတွင် ဝန်ထမ်းအင်အားလိုအပ်ချက် စိန်ခေါ်မှုများနှင့် ကြုံနေရသည်။

စာတည်း။ ။ နောင်နောင်
စာမူတည်းဖြတ်။ ။စောဖေ
ဓာတ်ပုံ- စစ်အာဏာသိမ်းမှုကို ဆန္ဒပြနေသော ပညာရေး သပိတ်စစ်ကြောင်းတခုကို တွေ့ရစဉ်

#ဌာနဆိုင်ရာ
#ဝန်ထမ်းလိုအပ်ချက်
#အသက်ကန့်သတ်ချက်
#Mizzima

“Supported by the Staying Resilient Amidst Multiple Crises in Southeast Asia initiative of SEA Junction in partnership with CMB Foundation”

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍8😁6❤3🔥1
This media is not supported in your browser
VIEW IN TELEGRAM
August - 16 [2 Pm] Mizzima News Hour

Mizzima Headline News

#2pmnews #mizzimanewshour #reels #shorts
👍3🍌2😁1
UNOCHA အကြီးအကဲနှင့် မြန်မာ စစ်ခေါင်းဆောင်တို့တွေ့ဆုံ | Business Round Up (16.8.2023)
==============

- UNOCHA အကြီးအကဲနှင့် မြန်မာ စစ်ခေါင်းဆောင်တို့တွေ့ဆုံ

- စစ်ကောင်စီက Money changer များပိတ်သိမ်းခြင်းကြောင့် ဒေါ်လာအရောင်းအဝယ်ခက်ခဲလာ

- ပြည်တွင်း ပဲဈေးနှုန်းများ ဆက်တိုက်ပြန်လည်မြင့်တက်လာ

- ကမ္ဘာ့ဆေးလိပ်သောက်နှုန်းအများဆုံး နိုင်ငံစာရင်းမှာ မြန်မာ ပါဝင်

https://youtu.be/sPTBn_a-DoI

#BusinessRoundUp
#mizzimatv
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍5🔥2🥰1👏1
​​စက်လှေနစ်မြုပ်မှုတွင် ပျောက်ဆုံးနေသည့် ရိုဟင်ဂျာ ၃၃ ဦးအား ပင်လယ်ပြင်ရှာဖွေမှုရပ်နား
=======================

ရောင်နီ
(မဇ္စျိမ)။ ။ ရခိုင်ပြည်နယ်၊စစ်တွေမြို့အနီးပင်လယ်ပြင်တွင် သြဂုတ်လ ၇ ရက်နေ့က ဖြစ်ပွားခဲ့သည့် စက်လှေနစ်မြုပ်မှုမှပျောက်ဆုံးနေသည့် ရိုဟင်ဂျာ ၃၃ ဦးကို ပင်လယ်ပြင်အတွင်း ရှာဖွေမှုရပ်နားလိုက်ပြီဖြစ်သည်။

မလေးရှားနိုင်ငံသို့သွားရောက်ရန် ရသေ့တောင်မြို့နယ်မှ ထွက်ခွာလာသည့် ရိုဟင်ဂျာ ၅၀ ဦး ထက်မနည်း လိုက်ပါလာသည့် စက်လှေသည် သြဂုတ်လ ၇ ရက်နံနက်တွင် စစ်တွေမြို့၊ဘာဆာရာကျေးရွာအနီး ပင်လယ်ပြင်တွင် လှိုင်းကြီးမှုကြောင့် နစ်မြုပ်ခဲ့သည်။ယင်းနေ့ ညနေတွင် အသက်ရှင်လျက် မျောပါလာသည့် အမျိုးသား ရှစ်ဦးနှင့် သေဆုံးနေသည့် အမျိုးသမီးနှစ်ဦး၏ ရုပ်အလောင်းကို ဘာဆာရာကျေးရွာကမ်းစပ်၌ ဒေသခံများက တွေ့ရှိခဲ့သည်။ ထို့နောက်ပိုင်းတွင် အမျိုးသမီး ရှစ်ဦး၊ အမျိုးသားခုနစ်ဦး၏ ရုပ်အလောင်းများ ထပ်မံရှာဖွေတွေ့ရှိခဲ့သည်။

ပျောက်ဆုံးနေသူများကို ရက်သတ္တပတ် တပတ်ကျော်ကြာ ရှာဖွေခဲ့ပြီးနောက် သြဂုတ်လ ၁၅ ရက်မှစတင်ကာ ပင်လယ်ပြင်အတွင်း ရှာဖွေရေး ရပ်နားလိုက်သည်ဟု ဒေသအခြေစိုက် ရွှေရောင်မေတ္တာဖောင်ဒေးရှင်းမှ အထွေထွေအတွင်းရေးမှုး ကိုဗျာလက မဇ္စျိမကို ပြောသည်။

“ အရင်တုန်းကတော့ ပင်လယ်ပြင်မှာ Speed Boat တွေနဲ့ ရှာတာရှိတယ်။ အခုတော့ နားလိုက်ပြီ။ အလောင်းတွေတော့ ဆက်မတွေ့ဘူး။ ရပ်နားထားတယ်ဆိုပေမယ့် ဒုံးခနဲရပ်နားလိုက်တာမျိုးတော့ မဟုတ်ပါဘူး။ အခွင့်ကြုံရင် ကြုံသလို ၀င်ရှာမှာပါ။လတ်တလောမှာတော့ ကမ်းခြေတဝိုက်မှာ ကားနဲ့ ပတ်ရှာတာရှိတယ်။ အခုလည်း ပထမလူတွေ ပေါ်ခဲ့တဲ့ နေရာတွေမှာ ရှာဖွေမှုတွေ လုပ်နေတာရှိပါတယ်” ဟု ကိုဗျာလက ပြောသည်။

စက်လှေနစ်မြုပ်မှုကြောင့် ယနေ့ ဩဂုတ်လ ၁၆ရက် နံနက်အထိ ရုပ်အလောင်းစုစုပေါင်း ၁၇လောင်း ပြန်တွေ့ထားသလို ပျောက်ဆုံးနေသည့် ရိုဟင်ဂျာ ၃၃ ဦး ရှိနေဆဲဟု သိရသည်။ အသက်ရှင်လျက် ပြန်တွေ့သူ ရိုဟင်ဂျာ အမျိုးသားရှစ်ဦးကိုလည်း စစ်ကောင်စီတပ်နှင့်ရဲများက ခေါ်ဆောင်သွားကာ စစ်ဆေးမေးမြန်းမှုများ လုပ်ဆောင်နေကြောင်း သိရသည်။

ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာများသည် စား၀တ်နေရေးအခက်အခဲကြောင့် ပြည်ပ အိမ်နီးချင်းနိုင်ငံများသို့ ပင်လယ်ရေလမ်းမှတဆင့် စက်လှေများဖြင့် တရားမဝင်သွားရောက်လေ့ရှိပြီး ပင်လယ်လှိုင်းဒဏ်ကြောင့် စက်လှေနစ်မြုပ်မှုများအတွင်း အသက်ဆုံးရှုံးမှုများနှင့်ဖမ်းဆီးခံရမှုများမကြာခဏကြုံတွေ့နေကြရကြောင်း သိရသည်။

စာတည်း - မောင်ကြီး

#mizzima
#ရခိုင်ပြည်နယ်
#စစ်တွေအနီးပင်လယ်ပြင်
#စက်လှေနစ်မြုပ်မှု
#ရိုဟင်ဂျာ

ပုံအညွှန်း - သြဂုတ်လ ၉ ရက်နေ့က စစ်တွေမြို့ ဘု​မေအုပ်စုနှင့် ဘာဆာရွာအရှေ့ဘက်ကမ်းခြေသဲသောင်ပြင်တွင် တွေ့ရှိသည့် ရိုဟင်ဂျာရုပ်အလောင်းတလောင်းကို သယ်ယူနေစဥ်။ (ပုံ - ရွှေရောင်မေတ္တာဖောင်ဒေးရှင်း)

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍5🔥3😁1
​​၂၀၂၆ အာဆီယံ ဥက္ကဋ္ဌအဖြစ်မှ စစ်ကောင်စီ နုတ်ထွက်လိမ့်မည် 
=======================

ဒေသတွင်း အာဆီယံအုပ်စုအတွက် မြန်မာနိုင်ငံက ရှည်ကြာသည့် နိုင်ငံရေး ပဋိပက္ခသည် ဝန်ပိနေစေလျက် ရှိကာ မြန်မာစစ်ကောင်စီအနေဖြင့် ၂၀၂၆ အာဆီယံဥက္ကဋ္ဌ တာဝန်မှ နုတ်ထွက်လိမ့်မည်ဖြစ်ကြောင်း အာဆီယံအဖွဲ့ရှိ သံတမန်သတင်းရင်းမြစ်အရ သိရသည်။

---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
❤7👍4
ဘိုကလေး မြို့မရဲစခန်း ခြံစည်းရိုးတွင် နို့ဆီခွက်များ ချည်ထား
😁4❤3🔥2
ဘိုကလေး မြို့မရဲစခန်း ခြံစည်းရိုးတွင် နို့ဆီခွက်များ ချည်ထား
====================

မင်းထက်
(မဇ္စျိမ)။ ။ ဧရာဝတီတိုင်း၊ ဘိုကလေးမြို့မ ရဲစခန်းတွင် အနီးသို့ကပ်ပါက အသံမြည်စေရန် စခန်းခြံစည်းရိုးအောက်ခြေ၌ နို့ဆီခွက်များအား ကြိုးဖြင့်ချည်ထားကြောင်း ဒေသခံများကပြောသည်။
ထိုသို့ ချည်ထားခြင်းကို ပြီးခဲ့သည့် သြဂုတ်လ ပထမပတ်အတွင်းမှ စတင်ပြုလုပ်ထားခြင်းဖြစ်ကြောင်း သိရသည်။

"နို့ဆီခွက်တွေကို ကြိုးနဲ့သီပြီးခြံစည်းရိုးမှာချည်ထားတာပါ ။ ခြံစည်းရိုးနားကပ်ရင် ခလုတ်တိုက်ပြီးအသံမြည်အောင်ထင်တယ်။ နို့ဆီခွက်မှာချည်ထားတဲ့ကြိုးကို ကင်းတဲအထိဆွဲပြီး ခေါင်းလောင်းတပ်ထားတဲ့သဘောလို့် ယူဆရတယ်။ အဓိကကတော့ PDF ကိုကြောက်လို့ လုပ်တာပေါ့" ဟု ဒေသခံအမျိုးသားတစ်ဦးကပြောသည်။

ယင်းပြင် ဘိုကလေးမြို့မ ရဲစခန်းစခန်းသို့ စခန်းမှူး ဒုရဲမှူးညွန့်လှိုင်ပြောင်းရွှေ့ရောက်ရှိလာသည့် ၂၀၂၂ ခုနှစ် အစောပိုင်းလများမှစတင်ကာ ဘိုကလေးရဲစခန်းပတ်လည်တွင် ဝါးခြံစည်းရိုးများကာထားကြောင်း၊ ရဲစခန်းရှိရာ အမှတ် (၅)ရပ်ကွက်၊ ကမ်းနားလမ်းမကြီးအား ဘယ်ရီဂိတ်များချကာ ပိတ်ဆို့ထားကြောင်း သိရသည်။

"စခန်းမှူး ညွန့်လှိုင်ဟာ ဒေသခံပြည်သူတွေကို အမြဲလိုလို ဖမ်းဆီးပြီးငွေညှစ်နေတဲ့လူပါ။ အဖမ်းခံရတဲ့လူတွေကိုလည်း လိင်ပိုင်းဆိုင်ရာစော်ကားမှုတွေ လုပ်နေတယ်လို့ သိရတယ်။ ဒါတွေကိုစစ်တပ်ကလည်း သိသိကြီးနဲ့လွှတ်ပေးထားတာပါ။ သူ့ကိုလုပ်မှာ PDF ပဲ ရှိတာဆိုတော့ သူ့လုံခြုံရေးကို တော်တော်ပြင်ဆင်ထားပုံရတယ်" ဒေသခံ နိုင်ငံရေးတက်ကြွ လှုပ်ရှားသူတစ်ဦးကဆိုသည်။

လက်ရှိတွင် စစ်ကောင်စီလက်အောက်ခံ ရဲများက ဘိုကလေးမြို့၊ အမှတ် (၅)ရပ်ကွက်၊ ကမ်းနားလမ်းမကြီးအား ဘယ်ရီဂိတ်များချကာပိတ်ဆို့ထားသည့်အတွက် ဒေသခံများ သွားရေးလာရေး အခက်တွေ့နေကြောင်း၊ စခန်းမှူး ဒုရဲမှုးညွန့်လှိုင် ဦးဆောင်ကာ ဒေသခံများအား မတရားဖမ်းဆီးမှုများ မကြာခဏပြုလုပ်နေကြောင်း ဒေသခံများကပြောသည်။

ပြီးခဲ့သည့် မေလ ၆ ရက်နေ့ ည ၇ နာရီ ၃၀ မိနစ်ခန့်က ဒေသကာကွယ်ရေးအဖွဲ့များစုပေါင်းကာ ဘိုကလေးမြို့မရဲ စခန်းအား လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သေးသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima
#ဘိုကလေးမြို့ရဲစခန်း
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😁13👍5🤬3❤1🔥1
​​ယင်းမာပင်မြို့နယ်တွင် လူသားဒိုင်းအဖြစ်ဖမ်းဆီးလာသော ဒေသခံ ၇ ဦးကို စစ်ကောင်စီတပ်က သေနတ်ဖြင့် ပစ်သတ်
====================

လွှမ်းမိုး
(မဇ္ဈိမ)။ ။စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့ ယမားတံတားအနီးနှင့် ဝါဒိုင်စိုက်ပျိုးရေးရုံးအနီးတွင် စစ်ကောင်စီစစ်ကြောင်းက လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်လာသူခုနစ်ဦးကို သေနတ်ဖြင့်ပစ်သတ် ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ယနေ့ ဩဂုတ်လ ၁၆ ရက်နေ့ နံနက်ပိုင်းကဖြစ်ပွားခဲ့ခြင်းပြီး သေဆုံးသူများ၏ ရုပ်အလောင်းများကို ဆက် လက်ရှာဖွေနေဆဲဖြစ်ကြောင်း ဒေသခံတဦးက ပြောသည်။

“နံနက်ပိုင်းကနေအခုထိ စစ်တပ်ကပစ်သတ်လို့ သေဆုံးနေတဲ့ ရုပ်အလောင်း ခုနစ်လောင်းတွေ့ရှိထားပါ တယ်။ အလောင်းခြောက်လောင်းကိုတော့ရထားပြီးပါပြီ။ ကျန်တဲ့အလောင်းတလောင်းက ယမားချောင်း ထဲမှာ ရေစီးလျော့သွားတာနဲ့ ဆယ်ယူဖို့ ကျနော်တို့ လုပ်နေတယ်”ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ဒေသခံတဦးက ဆိုသည်။

စစ်ကောင်စီစစ်ကြောင်းက လူသားဒိုင်းအဖြင့်ဖမ်းဆီးခေါ်ဆောင်လာပြီး သတ်ဖြတ်ခံရသူများအနက်မှ စိစစ်အတည်ပြုထားနိုင်သူများမှာ ပုလဲမြို့ နယ် လည်ငေါက်ကျေးရွာမှ ဦးဖိုးဉာဏ် ( ၄၈ နှစ်) ၊ ဦးသိန်းငွေ (၄၄ နှစ်) ၊ ဦးဇော်မြင့်ဌေး (၃၄ နှစ်)၊ ဦးဇော်မျိုးခိုင် (၂၂ နှစ်)နှင့် ငှက်ပျောတောကျေးရွာမှ ဦးဝင်းဇော်ဦး (၄၅ နှစ်)၊ ဦးကျော်မျိုးဝင်း (၃၈ နှစ်)တို့ဖြစ်ကြောင်း ကူညီရှာဖွေရေးဆောင်ရွက်နေသည့် ဒေသခံတဦးထံမှ သိရသည်။

ပုလဲမြို့နယ်မှထွက်ခွာလာသည့် အင်အား ၁၀၀ ခန့်ပါ စစ်ကောင်စီစစ်ကြောင်းသည် ယခုအခါ ဝမ်ပေါင်-ယန်စီကုမ္မဏီတွင်ရောက်ရှိနေပြီး ကြေးနီသယ်ဆောင်ရေးအတွက် လုံခြုံရေးယူပေးနေကြောင်းသိရ သည်။

ယင်းမာပင်မြို့နယ်တွင် ပြီးခဲ့သော ဇူလိုင်လ ၂၁ ရက်နေ့ကလည်း အင်အား ၁၀၀ ခန့်ပါ စစ်ကောင်စီစစ် ကြောင်းက စုန်းချောင်းကျေးရွာ၌ ဒေသခံ ၁၁ ဦးအား ဖမ်းဆီးသတ်ဖြတ်ခဲ့သည်။

စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ

#စစ်ကိုင်းတိုင်း
#ယင်းမာပင်မြို့နယ်
#လူသားဒိုင်း
#စစ်ကောင်စီစစ်ကြောင်း
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤬10👍4😁2
သြဂုတ်လ ၁၆ ရက်၊ ညနေ ၄ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
======================

01:03- ချင်းပြည်နယ်မှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် ၁ လအတွင်း ခရစ်ယာန်ဘုရားကျောင်း ၄ကျောင်း ပျက်စီးတဲ့သတင်း

02:32-အမေရိကန်လွှတ်တော်ကိုယ်စားလှယ်အဖွဲ့ ရိုဟင်ဂျာဒုက္ခသည်စခန်းသို့ သွားရောက်တဲ့သတင်း

05:05-သာယာဝတီထောင်မှာ နိုင်ငံရေးကျဉ်းသား ၅ ဦး ရိုက်နှက် တိုက်ပိတ်ခံရတဲ့သတင်း

06:27-ဝန်ထမ်းလိုအပ်ချက် ကြုံနေတဲ့ စစ်ကောင်စီက အသက်ကန့်သတ်ချက် လျော့ပေါ့ပြီး အင်အားဖြည့်နေတဲ့သတင်း အပါအဝင်တခြားရေးကြီးသတင်းတွေနဲ့
စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးမှာဖြစ်ပါတယ်။

https://youtu.be/lksMk9Hf55Y

#4pmnews
#Mizzimanewshour
#MizzimaTV
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍3😁2
​​ရွှေဘိုမြို့အထွက် မုခ်ဦးအနီးတပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ကို မိုင်းဆွဲတိုက်ခိုက်
=======================

မောင်ခက်နွေ
(မဇ္ဈိမ)။ ။စစ်ကိုင်းတိုင်း၊ ရွှေဘို - မန္တလေးလမ်းပိုင်း ရွှေဘိုမြို့တောင်ဘက်အထွက် မုခ်ဦးအနီးတပ်စွဲထား သည့် စစ်ကောင်စီတပ်ဖွဲ့ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း Buffalo Soldiers Freedom Force မှ ထုတ် ပြန်သည်။

ပြီးခဲ့သည့် ဩဂုတ် ၁၄ ရက်နေ့ ညနေ ၆ နာရီဝန်းကျင်က လက်နက်ကြီးအလုံး ၃၀ ခန့်ဖြင့် သွားရောက် ပစ်ခတ်ခဲ့ရာ စစ်ကောင်စီတပ်သားခြောက်ဦးသေဆုံးခဲ့ကြောင်း တာဝန်ခံဗိုလ်ကျွဲကြီးက ပြောသည်။

တိုက်ပွဲဖြစ်ပွားနေချိန်တွင် စစ်ကောင်စီတပ်သား ၁၅ ဦး မိုင်းကွင်းအတွင်းရောက်လာသောကြောင့် မိုင်းငါး လုံးဆွဲတိုက်ခိုက်ခဲ့ကြောင်း ၎င်းက ဆိုသည်။

“ ၁၁ ရက်နေ့ကစပြီး အဲဒီနားမှာ မစ်ရှင်ဖော်ဆောင်တာ နှစ်ကြိမ်ရှိပြီ။ အဲဒါကြောင့် ဒီကောင်တွေ မုခ် ပေါက်တောင်ဘက်မှာ တပ်စွဲအထိုင်လာချတာ ” ဟု ဗိုလ်ကျွဲကြီးက ပြောသည်။

တိုက်ပွဲဖြစ်ပွားရာနေရာသည် ရွှေဘိုမြို့သို့ ဝင်၊ထွက်ရန် အကောင်းဆုံးနေရာတခုဖြစ်သည့်အတွက် အရေး ပါသည့်နေရာဖြစ်ကြောင်း ဆိုသည်။

လက်နက်ကြီးများဖြင့် ပစ်ခတ်မှုတွင် စစ်ကောင်စီတပ်သား သေဆုံးခြင်းမရှိသော်လည်း မိုင်းဆွဲခံရ၍ ခြောက်ဦးသေဆုံးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ထိုတိုက်ခိုက်မှုကို Buffalo Soldiers Freedom Force အဖွဲ့၊ တောကျီးကန်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ဒေါင်းမင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ SBDF စခန်း(၁)၊ တပ်ခွဲ(၁၁)တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။စောဖေ

#ရွှေဘိုမြို့
#မိုင်းဆွဲ
#လက်နက်ကြီး
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👏9😁3❤1
​​Bhoothnath Returns
============

သရဲတစ်ကောင်က နိုင်ငံအတွက် ရွေးကောက်ပွဲမှာ ဝင်အရွေးခံမယ်....ဟုတ်ပါတယ်...သရဲတစ်ကောင်က အိန္ဒိယနိုင်ငံရဲ့ ပျက်ပြားနေတဲ့အုပ်ချုပ်ရေးစနစ်ကို ပြန်ပြုပြင်ပေးဖို့အတွက် ရွေးကောက်ပွဲမှာ ဝင်အရွေးခံမှာပါ...

"ဘုထ်နာ့သ်"ဆိုတဲ့သရဲတစ်ကောင်ဟာ လူ့ပြည်မှာ ကလေးတွေကို ခြောက်လှန့်ဖို့ကြိုးစားရာကနေ "အာဖရော့"ဆိုတဲ့ကလေးလေးနဲ့ခင်မင်သွားခဲ့ပါတယ်...

"အာဖရော့"လေးက အောက်ခြေလူတန်းစားဖြစ်တာမို့ သူ့ကို သရဲ"ဘုထ်နာ့သ်" ကပိုက်ဆံရအောင် လိုက်ကူညီပေးရင်း "အာဖရော့"က "ခင်ဗျားလို သရဲလူကောင်းတစ်ယောက်က တိုင်းပြည်ကိုအုပ်ချုပ်ပြီး လူတွေကို ဆင်းရဲတွင်းကနေကယ်ထုတ်ပေးနိုင်ရင်သိပ်ကောင်းမှာပဲ "လို့စနောက်ပြီးပြောရာကနေ သရဲ"ဘုထ်နာ့သ်"ရဲ့ အိန္ဒိယနိုင်ငံရဲ့ အကျင့်ပျက်ချစားမှုတွေနဲ့ပြည့်နှက်နေတဲ့ အုပ်ချုပ်ရေးစနစ်ကို ပြောင်းလဲပေးချင်တဲ့စိတ်ကြောင့် ရွေးကောက်ပွဲမှာ ရဲတစ်ကောင်အနေနဲ့ပါဝင်ယှဉ်ပြိုင်ဖို့ဖြစ်လာပါတော့တယ်..

သူ့ရဲ့ပြိုင်ဘက်ကတော့ မွန်ဘိုင်းမှာ အကြီးအကဲတွေကို လာဘ်ထိုးပြီး ရွေးကောက်ပွဲမှာ၃နှစ်ဆက်တိုက်အနိုင်ရခဲ့တဲ့ "ဘာဟူ"ပါ...
သူကလည်း ခေသူတော့မဟုတ်ပါဘူး... သူအာဏာရဖို့အတွက် လူသတ်ဖို့တောင်ဝန်မလေးတဲ့သူမို့ သရဲ"ဘုထ်နာ့သ်"အတွက်တော့ ရွေးကောက်ပွဲမှာ အနိုင်ရဖို့ဆိုတာ လွယ်ကူတဲ့ကိစ္စတော့မဟုတ်တဲ့အတွက် သူတို့နှစ်ယောက်ကြားဘာတွေဆက်ဖြစ်လာမှာလဲဆိုတာကိုတော့ Mizzima+ Channel မှာထုတ်လွှင့်ပြသသွားမယ့် "Bhoothnath Returns"ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကောင်းလေးမှာ ပရိသတ်တွေကစောင့်မျှော်ကြည့်ရှုနိုင်ပါပြီ..

ဒီဇာတ်ကားလေးဟာ အိန္ဒိယနိုင်ငံရဲ့ အုပ်ချုပ်ရေးစနစ်ပျက်ပြားမှုတွေကို သရော်လှောင်ပြောင်ထားပြီး အောက်ခြေလူတန်းစားတွေရဲ့ ကြုံတွေ့နေရတဲ့ ဘဝအခက်အခဲဒုက္ခတွေကို ပရိသတ်တွေတွေ့မြင်နိုင်အောင် ရိုက်ကူးတင်ဆက်ထားတာဖြစ်တဲ့အတွက် ဇာတ်ကားပြီးဆုံးသွားတဲ့အချိန်မှာ ကြည့်ရှုသူပရိသတ်တွေရဲ့ရင်ထဲ တစ်ခုခုထင်ကျန်ခဲ့လိမ့်မယ်လို့ယုံကြည်ပါတယ်...

Mizzima + တွင် ပြသနေသည့် ည (၈) နာရီအချိန်မှာပဲ Mizzima App တွင်လည်း live stream ကြည့်ရှုနိုင်ပါသည်။

#New ပြသမည့်ရက် ။ ။ 16.8.2023
ပြသမည့်အချိန်။ ။ ည (၈:၀၀) နာရီ
#Replay ပြန်လည်ပြသမည့်အချိန် ။ ။ 17.8.2023
ပြသမည့်အချိန်။ ။နေ့လည် (၂:၀၀) နာရီ

(Mizzima Media ကနေ သတင်းချန်နယ် သီးသန့် အဖြစ် Mizzima TV အပြင်၊ သတင်း နှင့် ဖျော်ဖြေရေး ချန်နယ် အဖြစ် Mizzima + တို့အား PSI စလောင်းများ၊ နှစ်ပေ စလောင်းများ နှင့် ရှစ်ပေ စလောင်း များမှ တစ်ဆင့် နေ့စဉ် နံနက် ၆ နာရီ မှ ည ၁၂ နာရီအထိ ထုတ်လွှင့်ပြသနေပါသည်)။

#bollwood #indiamoviees
👍6🔥2