ငါန်းဇွန်တွင် စစ်ဘေးရှောင်နေရသဖြင့် လူမရှိသောကျေးရွာကို စစ်ကောင်စီတပ် မီးရှို့
=======================
MTO
(မဇ္ဈိမ)။ ။မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်တွင် စစ်ဘေးတိမ်းရှောင်နေရသဖြင့် လူနေထိုင်ခြင်းမရှိသော အောင်သုခကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကုန်းလမ်း၊ ရေလမ်းမှဝင်ရောက်ပြီး မီးရှို့ခဲ့ကြောင်း ဒေသခံများက မဇ္ဈိမကို ပြောသည်။
ဩဂုတ်လ ၁၆ ရက်နေ့က ငါန်းဇွန်မြို့နယ် ရဲပဒိုင်းကျေးရွာဆိပ်ကမ်းမှ သင်္ဘောနှစ်စီး၊ စက်လှေခြောက်စီး ဖြင့် ဧရာ၀တီမြစ်အတိုင်း စုန်လာသည့် စစ်ကောင်စီတပ်ဖွဲ့သည် အောင်သုခကျေးရွာကို လက်နက်ကြီးဖြင့် ပစ်ခတ်ဝင်ရောက်ပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးသွားခြင်းဖြစ်သည်။
စစ်ကောင်စီတပ်သည် ရေဆင်းနှင့် လင်္ကာဒီပကျေးရွာများဘက်မှလည်း ခြေလျင်စစ်ကြောင်းထိုးကာ အောင်သုခကျေးရွာကို ကုန်းလမ်း၊ ရေလမ်း နှစ်ဘက်ညှပ်ဝင်ရောက်ပြီး မီးရှို့ဖျက်ဆီးသွားခြင်းဖြစ် ကြောင်း ငါန်းဇွန်ဒေသခံတဦးက မဇ္ဈိမကို ပြောသည်။
“တိုက်ပွဲမဖြစ်ဘဲ သက်သက်ကြီးဝင်မီးရှို့သွားတာ။ မီးမရှို့ခင်မှာလည်း ပြည်သူတွေထွက်ပြေးနေရလို့ မယူ နိုင်တဲ့ ဆန်၊ ဆီ၊ ဆား၊ ရွှေငွေရတနာ ပစ္စည်းပစ္စယ အကုန်ယူပြီးတော့မှ မီးရှို့တာ” ဟု ငါန်းဇွန်ဒေသခံတဦး က ပြောသည်။
မီးရှို့ခံရမှုကြောင့် အောင်သုခရွာတွင် နေအိမ် ၆၀ ခန့် မီးလောင်ပျက်စီးသွားကြောင်းသိရသည်။
အောင်သုခကျေးရွာသည် ငါန်းဇွန်မြို့နယ် ရေလည်သောင်ကျေးရွာအုပ်စုတွင်ပါဝင်ပြီး အဆိုပါကျေးရွာ အုပ်စုမှ လင်္ကာဒီပနှင့်ရက္ခဒီပကျေးရွာတို့ကိုလည်း စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံ များက ပြောသည်။ ထိုကျေးရွာနှစ်ရွာ မီးရှို့ဖျက်ဆီးခံရမှု အခြေအနေ အသေးစိတ်ကို မသိရသေးပေ။
အောင်သုခကျေးရွာကိုမီးရှို့ခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့သည် ဩဂုတ်လ ၁၆ ရက်နေ့ ညပိုင်းက ရေလမ်း၊ ကုန်းလမ်းများမှ ပြန်လည်ဆုတ်ခွာသွားပြီး ကုန်လမ်းမှပြန်လည်ထွက်ခွာသည့် စစ်ကောင်စီတပ်၏ ထွေလာဂျီတစီး ချောင်းကူးတံတားပေါ်မှ ပြုတ်ကျ၍ စစ်ကောင်စီတပ်ဖွဲ့ဝင်တဦးသေဆုံးသွားကြောင်း ငါန်းဇွန် ပကဖထံမှ သိရသည်။
စာတည်း။ ။ နောင်နောင်
စာမူတည်းဖြတ်။ ။စောဖေ
#ငါန်းဇွန်
#အောင်သုခ
#Mizzima
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

🤬8❤2👍2🔥1😁1
ပြည်မြို့သို့ စစ်ကောင်စီရာထူးအကြီးပိုင်း လာရန်ရှိသဖြင့် လုံခြုံရေးတင်းကျပ်
========================
ရွှေနွယ်
(မဇ္ဈိမ)။ ။ ပဲခူးတိုင်း ၊ ပြည်မြို့သို့ စစ်ကောင်စီ၏ ရာထူးအကြီးပိုင်းလာရန်ရှိ၍ လုံခြုံရေးများတင်းကျပ်ချထားပြီး ဆိုင်ကယ်များကိုလည်း အစစ်အဆေးတင်းကျပ်နေကြောင်း ဒေသခံများမှ မဇ္ဈိမကိုပြောသည်။
ထိုသို့ စစ်ဆေးရေးတင်းကျပ်နေခြင်းမှာ ယနေ့ ဩဂုတ်လ ၁၇ ရက်နေ့တွင် ပြည်မြို့သို့ စစ်ခေါင်းဆောင်မင်းအောင်လှိုင် လာရန်ရှိသောကြောင့်ဟု သတင်းရရှိထားကြောင်း ပြည်ခရိုင်တော်လှန်ရေးအင်အားစုနှင့် Pyay Undergroung News - PUGN အဖွဲ့မှ မဇ္ဈိမကိုပြောသည်။
"ကျွန်တော်တို့ကြားထားတာတော့ ဒီနေ့ မင်းအောင်လှိုင်လာဖို့ရှိလို့ တင်းကျပ်ထားတယ်ကြားတယ်။ သေချာတာတော့ ရာထူးအကြီးပိုင်းတစ်ယောက်လာဖို့ရှိတယ်။ မင်းအောင်လှိုင် ဟုတ်မဟုတ်ကို အတည်ပြုနေဆဲပါ။ သတင်းလည်း ဖုံးထားတော့" ဟု Pyay Undergroung News - PUGN အဖွဲ့ တာဝန်ရှိသူက မဇ္ဈိမကို ပြောသည်။
ယနေ့ နံနက်ပိုင်းတွင် ဝက်ထီးကန်မြို့ ရဲသင်တန်းကျောင်းမှ သင်တန်းသားများကို အဝေးပြေးကား ငါးစီးဖြင့် လာရောက်ခေါ်ဆောင်သွားကာ ပြည်ဘက်သို့ထွက်ခွာသွားကြောင်း ဝက်ထီးကန်မြို့ဒေသခံဆီမှ သိရသည်။
“Express ကား( အဝေးပြေးကား) ငါးစီးချောဆွဲလာပုံပဲ။ ရဲပေါက်စတွေနေမယ်။ ပွိုင့်ကားက ရှေ့ကပြေးလို့ အပြေးမောင်းသွားတယ်” ဟု ဝက်ထီးကန်မြို့ဒေသခံထံမှ သိရသည်။
ပြည်မြို့တွင်လည်း ဆိုင်ကယ်များအား းရှောင်တခင်ဖမ်းဆီးစစ်ဆေးခြင်းနှင့် ဒဏ်ငွေရိုက်ခြင်းများ ယခုရက်ပိုင်းအတွင်းပိုမိုပြုလုပ်လာကြောင်းလည်းပြည်မြို့ဒေသခံများထံမှ သိရသည်။
“ ပြည်မြို့ပေါ်က နေရာတော်တော်များများတွင် ရဲ၊ စစ်သား၊ မော်တော်ပီကယ်ပေါင်းပြီး ဆိုင်ကယ်လိုင်စင်၊ ဦးထုတ်၊ ဘက်မှန်အကြောင်းပြ မတရားဖမ်းဆီးမှုတွေ ပြုလုပ်နေပါတယ်။ အပြည့်အစုံပါတဲ့ ဆိုင်ကယ်ဆိုရင်လည်း ယာဉ်စည်းကမ်း လမ်းစည်းကမ်းနဲ့မညီလို့ဆိုပြီး အကြောင်းမဲ့ သော့ဖြုတ်ယူကာ နီးစပ်ရာရဲစခန်းတွင် ဒဏ်ငွေ ၁၀,၀၀၀ ကျပ်ဆောင်ပြီးမှ ဆိုင်ကယ်ပြန်ရပါတယ်” ဟု Pyay Undergroung News - PUGN အဖွဲ့မှလည်း ထုတ်ပြန်ထားသည်။
ထို့ပြင် ပြည်မြို့အဝင်အထွက်ဂိတ်များတွင်လည်း အစစ်အဆေးတင်းကျပ်ထားပြီး ရွှေတောင်မြို့ဘက်မှ ပြည်မြို့သို့ဝင်သည့် ဆင်မကြပ်စစ်ဆေးရေးဂိတ်တွင် ပိုမိုတင်းကျပ်စစ်ဆေးနေကြောင်း ပြည်မြို့ဒေသခံမှပြောသည်။
"မနေ့ညနေက ပေါက်ခေါင်းမှာ အုပ်ချုပ်ရေးမှူးတစ်ယောက်တော့ ပစ်ခံရတယ်။ အဲ့တာနဲ့ဆက်စပ်လားဘာလားတော့မသိဘူး၊ အဝင်အထွက်အကုန်တင်းကျပ်ထားတယ်။ ဆင်မကြပ်ယာဉ်တန်းက ပိုဆိုးနေတယ်” ဟု ပြည်မြို့ဒေသခံတစ်ဦးမှ ပြောသည်။
ယနေ့ မွန်းလွဲ ၁နာရီ ၅၅ မိနစ်အချိန်ခန့်တွင် ပြည်မြို့ပေါ်၌ ဟယ်လီကော်ပတာတစီး ၁၅ မိနစ်ခန့်ပတ်၍ ပျံသန်းနေကြောင်းနှင့် ၂ နာရီ ၁၅ မိနစ်ခန့်တွင်လည်း ထပ်မံပျံဝဲနေသံကြားကြောင်း ပြည်မြို့ခံများထံမှ သိရသည်။
ပြီးခဲ့သည့် နှစ်ရက်ခန့်ကလည်း ပြည်မြို့သို့ လူကြီးလမ်းကြောင်းရှိ၍ဟုဆိုကာ ပြည်တမြို့လုံးကို အချိန်ပြည့်မီးပေးထားခဲ့ပြီး ယနေ့တွင်မူ တစ်မြို့လုံး မီးပျက်နေသည်ဟုလည်း ပြည်မြို့ဒေသခံတချို့မှ ဆိုသည်။
“တယောက်ယောက်တော့ ပြည်ရောက်နေတာသေချာတယ်။ သတင်းဖုံးထားလို့မသိရဘူး။ လာသလားပြန်သလားပေါ့ ထူးခြားနေတယ်။ မင်းအောင်လှိုင် ပြည်ဝင်ပြည်ထွက် ယတြာလာလုပ်ပြန်ပြီလားမသိ” ဟု ပြည်မြို့ခံတစ်ဦးမှဆိုသည်။
ထိုသို့ ပြည်မြို့တွင် အစစ်အဆေးနှင့် လုံခြုံရေးတင်းကျပ်နေခြင်းတို့နှင့်ပတ်သက်၍ အကြောင်းအရင်းအတိအကျကိုမူ မဇ္ဈိမအနေဖြင့် ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#ပြည်မြို့
#အစစ်အဆေး
#လုံခြုံရေးတင်းကျပ်
ပုံအညွှန်း - ပြည်မြို့တစ်နေရာ (ပုံဟောင်း)

❤4😁3💩2👍1
ဖမ်းဆီးခံရကြောင်း သတင်းထွက်နေသည့် တနင်္သာရီတိုင်းနယ်လုံဝန်ကြီးနေရာ၌ ဝန်ကြီးအသစ် စစ်ကောင်စီခန့်
😁8🔥1

===================
ကိုရွှေမြိတ်
(မဇ္ဈိမ)။ ။ အဂတိမှုနှင့် ဖမ်းဆီးစစ်ဆေးနေကြောင်း သတင်းများထွက်ပေါ် နေသည့် တနင်္သာရီတိုင်း နယ်လုံဝန်ကြီးဗိုလ်မှူးကြီး သိန်းလင်းနေရာ၌ ဗိုလ်မှူးကြီး မင်းမင်းလတ်ကို စစ်ကောင်စီကအစားထိုးလိုက်သည်။
ထိုရာထူးအပြောင်းအလဲကို စစ်ကောင်စီက ဩဂုတ်လ ၁၅ ရက်တွင် ထုတ်ပြန်ထားခြင်းဖြစ်သည်။
“တနင်္သာရီတိုင်းထဲမှာ စစ်တပ်က အရာရှိအကြီးပိုင်းသုံးဦးကို ဖမ်းဆီးစစ်ဆေး၊ရာထူးကဖယ်ရှားပြီးသုံးပတ်လောက်အကြာမှာ အခုလို နယ်လုံဝန်ကြီး အသစ်ကို အစားထိုး ခန့်လိုက်တာဖြစ်တယ်”ဟုတိုင်းအစိုးရအဖွဲ့နှင့်နီးစပ်သူတဦးက ပြောသည်။
ဗိုလ်မှူးကြီးမင်းမင်းလတ်သည် တနင်္သာရီတိုင်း နယ်လုံ ဝန်ကြီးအဖြစ် ဩဂုတ်လ ၁၅ ရက်မတိုင်မီ ကတည်းက တာဝန်ထမ်းဆောင်နေခြင်းဖြစ်ကြောင်း စစ်တပ်နှင့်နီးစပ်သည့် အသိုင်းဝိုင်းမှ သိရသည်။
ဗိုလ်မှူးကြီး သိန်းလင်းနှင့်အတူ ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ်ဒုတိုင်းမှူး ဗိုလ်မှူးချုပ် သစ်လွင်ထူး၊ အမှတ် (၂၀)စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်မှူး ဗိုလ်မှူးချုပ်ဝင်းကျော်သူတို့ကို စစ်ကောင်စီက ပြီးခဲ့သည့် ဇူလိုင်လ ၂၆ ရက်နေ့တွင် ဖမ်းဆီးခဲ့ကြောင်း သတင်းများထွက်ပေါ်ခဲ့သည်။ ယခုအခါ ဗိုလ်မှူးကြီး သိန်းလင်း၏ နေအိမ်နှင့်ပိုင်ဆိုင်မှုများကိုပါ ချိတ်ပိတ်ထားကြောင်း စစ်တပ်သတင်းအရင်းမြစ်များထံမှ သိရသည်။
ဗိုလ်မှူးကြီး သိန်းလင်း၊ဗိုလ်မှူးချုပ် သစ်လွင်ထူး၊ ဗိုလ်မှူးချုပ်ဝင်းကျော်သူတို့ကို အဂတိမှုဖြင့် ဖမ်းဆီးစစ်ဆေးနေသည့် သတင်းများ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်နေသော်လည်း စစ်ကောင်စီက ယနေ့အထိ သတင်းထုတ်ပြန်ခြင်းမရှိသေးပေ။ ၎င်းတို့နှင့်အတူ မြိတ်နှင့် ကော့သောင်းမြို့နယ်မှ လုပ်ငန်းရှင် ကိုးဦးကိုလည်း စစ်ကောင်စီကစစ်ဆေးနေကြောင်း သိရသည်။
စာတည်း - မောင်ကြီး
#mizzima
#တနင်္သာရီတိုင်း
#နယ်လုံဝန်ကြီး
#ဗိုလ်မှူးကြီးသိန်းလင်း
#ဗိုလ်မှူးကြီးမင်းမင်းလတ်

😁7👍2❤1🔥1
သဲကုန်း၌ နေအိမ်တွင် ဖမ်းဆီးခံရသည့် လူငယ် ၂ ဦး သတ်ဖြတ်ခံရ၊ မိုင်းထောင်စဉ် ပစ်ခတ်ဖမ်းဆီးဟု စစ်ကောင်စီ ဝါဒဖြန့်
=====================
ရွှေနွယ်
(မဇ္ဈိမ)။ ။ ပဲခူးတိုင်း ၊ သဲကုန်းမြို့နယ်တွင် လူငယ်နှစ်ဦးကို ၎င်းတို့နေထိုင်ရာနေအိမ်များ၌ စစ်ကောင်စီတပ်မှ လာရောက်ဖမ်းဆီးသွားပြီးနောက် နှစ်ရက်အကြာတွင် မိုင်းထောင်နေသည့် PDF နှစ်ဦးအား ပစ်ခတ်ဖမ်းဆီး၊ အသေဖမ်းဆီးရမိဟု စစ်ကောင်စီ၏ ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်များတွင် ဖြန့်ဝေထားသည်။
ထိုလူငယ်များသည် ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင် ဖော်ပြထားသကဲ့သို့ မဟုတ်ဘဲ ပြီးခဲ့သည့် သြဂုတ်လ ၁၀ ရက် ညနေပိုင်းက စစ်ကောင်စီတပ်က လာရောက်ဖမ်းဆီးသွားခြင်းဖြစ်ပြီး
ဖမ်းဆီးခံရစဉ်က အကောင်းပကတိအတိုင်းသာ လိုက်ပါသွားရခြင်းဖြစ်ကြောင်း သဲကုန်းမြို့ဒေသခံတဦးက မဇ္ဈိမကိုပြောသည်။
" သဲပုံစေတီကတစ်ယောက် တာဂွက တစ်ယောက်ပါ။ အိမ်မှာပဲဖမ်းသွားတာ ခေါ်သွားပြီးမှ ပစ်သတ်တာ။ ပြီးတော့မှ လက်နက်တွေဘာတွေ ဘေးမှာ ချထားပြပြီး ဝါဒဖြန့်တာပါ။ ညပိုင်းဝင်ဖမ်းသွားတာ။ ဘာမှမိုင်းထောင်ရင်း ဖမ်းမိတာမဟုတ်ပါဘူး” ဟု သဲကုန်းမြို့ဒေသခံက မဇ္ဈိမကိုပြောသည်။
ဖမ်းဆီးခံရသူလူငယ်နှစ်ဦးမှာ အသက် ၂၂ နှစ်အရွယ် မောင်မျိုးထက်အောင် နှင့် အသက် ၂၃ နှစ်အရွယ် မောင်နေသူလွင်တို့ဖြစ်ပြီး ၎င်းတို့သည် သဲကုန်းမြို့နယ် အပိုင် ဝက်ပုတ်မြို့ ဒေသခံဖြစ်ကြောင်း သိရသည်။
"အိမ်ကို ညဦးပိုင်း စစ်တော့ သူတို့ အပြင်သွားနေလို့ မတွေ့သွားဘူး။ ညနက်ပိုင်း မနက် ၃၊ ၄ နာရီလောက်ဖြစ်မယ် ထင်တယ်။ တခေါက်ပြန်လာတော့ သူတို့လည်းအိမ်မှာပြန်ရောက်နေတာနဲ့ ဖမ်းသွားတာပါ။ ပြောရရင် ဖမ်းခံရစဉ်က ဘာအပြစ်မှ ကျူးလွန်နေတာမဟုတ်ပါဘူး ကိုယ့်အိမ်ကိုယ်နေနေကြတာပါ။ ပါသွားတုန်းကလည်း အကောင်းအတိုင်းပဲ" ဟု ဝက်ပုတ်မြို့ ဒေသခံတဦးကလည်း ပြောသည်။
စစ်ကောင်စီ၏ ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်ဖြစ်သည့် တပ်ကြပ်ကြီးဖိုးစည်တွင်မူ ပြီးခဲ့သည့် ဩဂုတ်လ ၁၂ ရက်နေ့က "အများသူငါ သွားလာနေတဲ့ အကြမ်းဖက်သမား နှစ်ဦးကို အသေဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ အကြမ်းဖက်သမားများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက လက်ဦးမှုရယူ၍ နှိမ်နင်းနိုင်ခဲ့” ဟု ရေးသားဖော်ပြထားသည်။
သို့သော် မည်သည့်လမ်းပိုင်းတွင် မည်သည့်အချိန်က မိုင်းထောင်ခြင်းဖြစ်သည်ကို ထည့်သွင်းဖော်ပြထားခြင်းမရှိပေ။ထို့ပြင် အဆိုပါ လူငယ်နှစ်ဦးထံမှ UZ၊ 9MM သေနတ် တလက်၊ ကျည်အိမ် တခု၊ ကျည် ၃၀ တောင့်၊ လက်လုပ်မိုင်း နှစ်ခု၊ keypad ဖုန်း လေးလုံး၊ ဝါယာကြိုးခွေ နှစ်ခွေတို့ကို သိမ်းဆည်းရှိခဲ့သည်ဟုလည်း ဆိုသည်။
သဲကုန်းမြို့နယ်တွင် ယခု ဩဂုတ်လအတွင်း လူငယ် ၁၀ ဦးခန့် ဖမ်းဆီးခံထားရပြီးဖြစ်ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ၏ ပြောဆိုချက်အရသိရသည်။ဖမ်းဆီးခံရသူများ၏ အသေးစိတ်အချက်အလက်များနှင့် နောက်ဆက်တွဲဖြစ်စဉ်များကိုမူ မဇ္ဈိမအနေဖြင့် ဆက်လက်အတည်ပြုစုံစမ်းနေဆဲဖြစ်သည်။
စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima
#ဝက်ပုတ်မြို့
#သဲကုန်းမြို့နယ်
ပုံအညွှန်း - စစ်ကောင်စီ၏ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်များတွင်ဖော်ပြထားသည့် သိမ်းဆည်းရမိဟုဆိုသည့်လက်နက်များ

🤬6😁3
လောင်းလုံးတွင် တော်လှန်ရေးအင်အားစုများက ပြည်သူများထံမှဆက်ကြေးကောက်ဟု သတင်းမှားဖြန့်
===================
JC
မဇ္ဈိမ။ ။တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်ရှိ ကျေးရွာများတွင် တော်လှန်ရေးအင်အားစုများက ပြည်သူ များအား စစ်တပ်ထုတ်ကုန်များမသုံးစွဲရန်အကြောင်းပြကာ ဆက်ကြေးကောက်ခံနေကြောင်း ဖြန့်ဝေထား ကြသည်။ ယင်းမှာ မှားယွင်းနေသည်။
“အမဲလိုက်မုဆိုးကြီးသတင်းမှန်” တယ်လီဂရမ်ချန်နယ်က ဩဂုတ်လ ၇ ရက်နေ့တွင် “တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင် လောင်းလုံမြို့နယ်ထဲကကျေးရွာတွေမှာ အကြမ်းဖက်တွေက အကြမ်းဖက်လှုံ့ဆော်စာ တွေ၊ တပ်မတော်ထုတ်ကုန်တွေမသုံးဖို့ဟူသော အကြောင်းပြချက်နဲ့ ဆက်ကြေးလိုက်လံကောက်ခံနေ ကြောင်းသိရ” ဟု (မူရင်းအရေးအသားအတိုင်း) ဓါတ်ပုံ ၁၀ ပုံဖြင့် ဖြန့်ဝေထားသည်။
ထိုအကြောင်းသည် တယ်လီဂရမ်ချန်နယ်နှင့် ဂရု(ပ်) ရှစ်ခုတွင်ပျံ့နှံ့နေပြီး ကြည့်ရှုသူ ၃၀,၀၀၀ ကျော်နေပြီ ဖြစ်သည်။ အလားတူ ဖေ့စ်ဘုတ်တွင်လည်း ဖြန့်ဝေထားကြသည်။
မဇ္ဈိမ၏အချက်အလက်စစ်ဆေးသူများမှ ထိုအကြောင်းကို အချက်အလက် စစ်ဆေးခဲ့ရာတွင် စစ်ကောင်စီ ထောက်ခံသူများဖြန့်ဝေထားသည့် သတင်းမှားဖြစ်ကြောင်း တွေ့ရသည်။
သတင်းမှားတွင်ဖော်ပြထားသည့် ဓါတ်ပုံ ၁၀ ပုံသည် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ (ထားဝယ်ခရိုင်) DDMSC မှ ဩဂုတ်လ ၇ ရက်နေ့တွင် “စစ်တပ်ထုတ်ကုန် အရက်၊ ဘီယာ၊ အချိုရည်၊ စီးကရက်များ ဝယ်ယူသုံးစွဲခြင်း/ရောင်းချခြင်းနဲ့ သယ်ယူပို့ဆောင်ခြင်း မပြုလုပ်ကြဖို့ လှုပ်ရှားမှုပြုလုပ်” ဟူသည့် ပို့စ်မှ ဓါတ်ပုံများအား အသုံးပြုထားခြင်းဖြစ်သည်။
ထိုအကြောင်းကို ထားဝယ်သပိတ်ကော်မတီဝင် ကိုမင်းလွင်ဦးအား မေးမြန်းရာတွင် စစ်တပ်ထုတ်ကုန် အမှတ်တံဆိပ် အရက်ဘီယာ၊ ဆေးလိပ်များအား သုံးစွဲခြင်း၊ သယ်ဆောင်ခြင်း မပြုလုပ်ကြရန် ပြည်သူများ အားမေတ္တာရပ်ခံသည့် စာရွက်များအားဖြန့်ဝေခြင်းသာဖြစ်ပြီး ငွေကြေးတောင်းခံခြင်း လုံးဝမရှိကြောင်း ပြောသည်။
“ဒီလှုပ်ရှားမှုကလည်း ကျနော်တို့ DDMSC က သီးသန့်လှုပ်ရှားတာမဟုတ်ဘူး။ တနိုင်ငံလုံးမှာရှိတဲ့ သပိတ် အင်အားစုတွေက စစ်တပ်ထုတ်ကုန်မသုံးစွဲရေး လှုပ်ရှားမှုဖြစ်တယ်။ ဒီဟာတွေကို သယ်ယူပို့ဆောင်တာ မလုပ်ဖို့ အဓိက က boycott လုပ်ဖို့ပေါ့ဗျာ။ ဒါကို ကျနော်တို့ မေတ္တာရပ်ခံတာပဲ ဖြစ်တယ်။ ဘာမှလည်း ကျနော်တို့ ဆက်ကြေးကောက်တာမရှိဘူး။ ဒါနဲ့ပတ်သက်ပြီးတော့လည်း ကားသမားတွေကို မေးလို့ရ တယ်ဗျာ။ သေချာတယ် ဘာမှလည်း ဆက်ကြေးကောက်တာ ခြိမ်းခြောက်တာမရှိပါဘူး။ ဘီယာတွေကို သယ်ယူပို့ဆောင်တာတွေမလုပ်ဖို့ မေတ္တာရပ်ခံတာပဲ ဖြစ်တယ်” ဟု ကိုမင်းလွင်ဦးမှ မဇ္ဈိမကို ပြောသည်။
ဩဂုတ်လ ၇ ရက်နေ့၌ လောင်းလုံးမြို့နယ်အတွင်း စစ်တပ်ထုတ်ကုန်များ သုံးစွဲခြင်းမပြုလုပ်ကြရန် လက် ကမ်းစာစောင်များ ဖြန့်ဝေနေကြခြင်းအား သတင်းဌာနများမှလည်း ဖော်ပြခဲ့ကြသည်။
စာတည်း။ ။စောဖေ
#Misinformation_Buster
#လောင်းလုံ
#DDMSC
---------------------

👍5😁5🤬1🕊1
မလေးရှားနိုင်ငံရှိ မြန်မာသံရုံးအမည်ဖြင့် ဖေ့စ်ဘုတ်စာမျက်နှာ အတု
====================
ZZ
(မဇ္ဈိမ)။ ။မလေးရှားနိုင်ငံရှိ မြန်မာသံရုံးအမည်ဖြင့် ပုံစံတူ ဖေ့စ်ဘုတ်စာမျက်နှာတခု ပေါ်ပေါက် လျက်ရှိသည်။
“ Myanmar Embassy in Kuala Lumpur Malaysia” အမည် ဖေ့ဘုတ်ပေ့ချ်သည် ပတ်စ်ပို့ပြုလုပ်ခြင်း၊ သက်တမ်းတိုးခြင်းများ ဆောင်ရွက်ပေးမည်ဟု ကြော်ငြာထားသည်။ အဆိုပါဖေ့စ်ဘုတ်စာမျက်နှာသည် ၂၀၁၉ ခုနှစ်တွင် “Flower Boy Wang Yibo” အမည်ဖြင့် စတင်အသုံးပြုခဲ့ပြီး ယခုအမည်သို့ ပြီးခဲ့သော ရက်ပိုင်း ၂၀၂၃ ခုနှစ် ဩဂုတ်လ ၇ ရက်နေ့တွင် ပြောင်းလဲထားခြင်းဖြစ်သည်။ ၎င်းစာမျက်နှာအား စောင့် ဆိုင်းကြည့်ရှုသူ ၄,၅၀၀ ကျော်နှင့် ကြိုက်နှစ်သူ ၄,၂၀၀ ကျော်ရှိနေပြီ ဖြစ်သည်။
မဇ္ဈိမ၏အချက်အလက်စစ်ဆေးသူများမှ အဆိုပါဖေ့စ်ဘုတ်စာမျက်နှာအား အချက်အလက်စစ်ဆေးခဲ့ရာ တွင် အတုဖြစ်ကြောင်း တွေ့ရသည်။
မလေးရှားနိုင်ငံရှိ မြန်မာသံရုံး၏ တရားဝင်ဖေ့စ်ဘုတ်စာမျက်နှာမှာ “Myanmar Embassy in Kuala Lumpur, Malaysia” ဖြစ်ပြီး ဖေ့စ်ဘုတ်မှ အသိအမှတ်ပြုသည့် အပြာရောင်အမှတ်အသားလည်း ပါဝင် သည်။
ပေ့ချ်အစစ်တွင် သံရုံးလိပ်စာအတိအကျအား ဖော်ပြထားပြီး အတုတွင်မူ ထိုသို့ဖော်ပြထားခြင်း မရှိပေ။
ပေ့ချ်အစစ်၏ အမည်သည် Malaysia ရှေ့၌ ကော်မာ “,” ပါဝင်သည်။ ပေ့ချ်အတုတွင်မူ မပါဝင်ချေ။
ပေ့ချ်အတု၏ username သည် "daddyhxr" ဟု ဖော်ပြထားသည်။ ထို့ပြင် ၂၀၁၉ ခုနှစ်ကတည်းက “Flower Boy Wang Yibo” အမည်ဖြင့် စတင်ဖွင့်လှစ်ခဲ့ပြီး ၂၀၂၃ ခုနှစ် မေလတွင် “Hiroaki’s Love Diary”အမည်သို့ ပြောင်းခဲ့သည်။ ယခင်က ဖော်ပြခဲ့ဖူးသည့် ပိုစ့်များမှာမူ မတွေ့တော့ပေ။
ပေ့ချ်အတု၏ မိတ်ဆက် “Intro” တွင် “ LOVE is LOVE Love At First Sight” ဟု ဖော်ပြထားပြီး မလေးရှားသံရုံးနှင့် မည်သို့မျှ မသက်ဆိုင်ပေ။
ထို့ပြင် ဩဂုတ် ၈ ရက်နေ့တွင်ပင် “မလေးရှားနိုင်ငံဘုရင်မှ ဖွင့်လှစ်သည့် Royal Tiger Reserve နှင့် Tengku Hassanal Wildlife Reserve ဖွင့်ပွဲသို့ မြန်မာသံရုံးယာယီတာဝန်ခံတက်ရောက်” ဆိုသည့် ခေါင်း စဉ်ဖြင့် ပို့စ်တခုအား ဖြန့်ဝေထားသည်။
ထိုသတင်းမူရင်းမှာ အပြာရောင်အမှတ်အသားပါ သံရုံးပေ့ချ်အစစ်မှ ဇူလိုင် ၃၁ ရက်က ဖြန့်ဝေထားသည့် ပို့စ်ကို ပြန်လည်ဖော်ပြထားခြင်းသာ ဖြစ်သည်။
ဩဂုတ် ၉ ရက်နေ့တွင်လည်း “အသိပေးကြေညာခြင်း” ဆိုသည့်ပို့စ်အားဖြန့်ဝေခဲ့ပြီး ယင်းပို့စ်တွင်ပါဝင် သည့်ပုံများမှာ ဇူလိုင် ၂၈ ရက်က သံရုံးပေ့ချ်အစစ်မှ ဖော်ပြထားခဲ့သည့် ပုံများဖြစ်သည်။
ထို့ပြင် မြန်မာသံရုံးစာမျက်နှာအစစ်မှ ဩဂုတ် ၁၄ ရက်နေ့တွင် “Myanmar Embassy in Kuala Lumpur Malaysia” ဟူသည့်စာမျက်နှာသည် အတုဖြစ်ကြောင်း ၎င်းတို့နှင့်မသက်ဆိုင်ကြောင်း ထုတ်ပြန်ကြေညာ ထားသည်။
အဆိုပါပေ့ချ်အတုသည် ဩဂုတ် ၈ ရက်တွင် “Passport ဖွင့်ရက်စောင့်နေကြတဲ့ လူကြီးမင်းများ online booking စနစ်နဲ့ တိကျမြန်ဆန်စွာ ရုံးထဲမှာ ကိုယ်တိုင်ဆောင်ရွက်ပေးပါတယ်ရှင့်” ဟုဆိုကာ ပတ်စ်ပို့စ် ပြုလုပ်ခြင်းနှင့် သက်တမ်းတိုးခြင်းများ ပြုလုပ်ပေးမည်ဟု ဖြန့်ဝေထားသည်။
ထိုပေ့ချ်အတုသည် နိုင်ငံကူးလက်မှတ်ပြုလုပ်သည့် ဝန်ဆောင်မှုများပြုလုပ်ပေးသည်ဟု ဖော်ပြနေပြီး ထိုမှတဆင့် လိမ်လည်မှုများ ဖြစ်ပေါ်လာနိုင်သည်။
ထို့ကြောင့် လက်ရှိထွက်ပေါ်နေသည့် “Myanmar Embassy in Kuala Lumpur Malaysia” ဆိုသည့် ပေ့ချ်သည် ပတ်စ်ပို့စ်သက်တမ်းတိုးပေးမည်ဟုဆိုကာ အမှန်တကယ်ရှိသည့်ပေ့ချ်အစစ်မှ ဖော်ပြချက်များ အား ပြန်လည်ကူးယူကာဖော်ပြနေပြီး ပေ့ချ်အစစ်ဖြစ်သယောင်ဟန်ဆောင်ကာ လိမ်လည်ထားခြင်း ဖြစ် သည်။
စာတည်း။ ။စောဖေ
#Misinformation_Buster
#Fake_News
#Myanmar_Embassy_Malaysia

👍4🔥1😁1🤬1
မုံရွာထောင်မှ နိုင်ကျဉ်းများအား ထောင်ပြောင်းသည့်ယာဉ်တန်း မိုင်းဆွဲခံရမှုကြောင့် ၂ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရ
👍4🔥1😁1
မုံရွာထောင်မှ နိုင်ကျဉ်းများအား ထောင်ပြောင်းသည့်ယာဉ်တန်း မိုင်းဆွဲခံရမှုကြောင့် ၂ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရ
=====================
001
(မဇ္စျိမ)။ ။စစ်ကိုင်းတိုင်း၊ မုံရွာထောင်မှ အကျဉ်းသားများအား ထောင်ပြောင်းရန် တင်ဆောင်လာသည့် ကားငါးစီးပါယာဉ်တန်း ဩဂုတ်လ ၁၅ ရက်နေ့က မုံရွာ-မန္တလေးလမ်း မုံရွာမြို့အထွက်၌ မိုင်းဆွဲခံရမှု ကြောင့် CDM ဆရာဝန်ဒေါက်တာဇော်ထွယ်အောင်နှင့် ယာဉ်မောင်းဖြစ်သူသေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPN) ထံမှ သိရသည်။
မုံရွာထောင်မှ အကျဉ်းသားများကို မန္တလေးနှင့် မြင်းခြံထောင်သို့ပြောင်းရွှေ့ရန် တာလပတ်များအုပ်ထား သည့် ကုန်တင်ကားငါးစီးဖြင့်ခေါ်ဆောင်လာစဉ် မိုင်းဆွဲခံရခြင်းဖြစ်ကြောင်း PPN မှ တာဝန်ရှိသူ ကိုသိုက်ထွန်းဦးက ပြောသည်။
“ပထမအကြိမ်မိုင်းဆွဲတဲ့အခါ ခုနစ်ဦးလောက်ထိသွားတယ်။ ဒေါက်တာနဲ့ ကားဒရိုင်ဘာကတော့ လမ်း တဝက်မှာတင် ဆုံးသွားတယ်ပေါ့နော်။ ကျန်တဲ့ငါးဦးကတော့ အရေးပေါ်ဆေးရုံတင်ထားရတယ်လို့ သိရ တယ်။ မိုင်းက နှစ်ကြိမ်ဆွဲခံရတယ်ပြောတယ်။ နောက်ထပ်တကြိမ်မှာ အယောက် ၂၀ လောက် ထိသွား တယ် ပြောတယ်”ဟု ၎င်းကဆိုသည်။
အဆိုပါ ဖြစ်စဉ်မှ အရေးပေါ်ဆေးရုံတင်ရသည့်ငါးဦးတွင် ဒေါက်တာဇော်ထွယ်အောင်နှင့်တွဲ၍ ချုပ်နှောင် ခံရသည့် ကိုအာကာငြိမ်းချမ်း၊ ကိုဝေယံထက်တို့လည်းပါဝင်ပြီး အသက်အန္တရာယ်စိုးရိမ်ရသည့် ဒဏ်ရာ များ ရရှိခဲ့ကြောင်း သိရသည်။
မိုင်းဆွဲတိုက်ခိုက်မှုနှင့် ပတ်သက်၍ မည်သည့်အဖွဲ့၏ လုပ်ဆောင်မှုဖြစ်ကြောင်း မသိရသေးသကဲ့သို့ စစ်ကောင်စီဘက်မှလည်း တစုံတရာ ထုတ်ပြန်ပြောဆိုလာခြင်း မရှိသေးပေ။
ထောင်ပြောင်းရွှေ့မှုတွင် နိုင်ငံရေးအကျဉ်းသားအများစုပါဝင်ပြီး အခြား ရာဇဝတ်မှုအကျဉ်းသားအချို့ လည်းပါဝင်ကြောင်း နိုင်ငံရေးအကျဉ်းသားများကွန်ရက်ကပြောသည်။
သေဆုံးသွားသည့် ကချင်လူမျိုးဆရာဝန် ဒေါက်တာဇော်ထွယ်အောင်မှာ နွေဦးတော်လှန်ရေးစတင်ချိန် ကတည်းက တက်ကြွစွာပါဝင်ခဲ့ပြီး စစ်ကိုင်းတိုင်းအတွင်းရှိစစ်ဘေးရှောင်များကိုလည်း နယ်လှည့်ဆေး ကုသပေးနေသူဖြစ်ကာ ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် စက်တင်ဘာလအတွင်းက ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း Chindwin Medical Network က ၂၀၂၁ ခုနှစ်အတွင်းက ထုတ်ပြန်ထားသည်။
စာတည်း။ ။စောဖေ
#မုံရွာထောင်
#နိုင်ငံရေးအကျဉ်းသား
#ထောင်ပြောင်း
#မိုင်းဆွဲခံရ
Photo - မိုင်းဆွဲခံရမှုကြောင့် သေဆုံးသွားသည့် နိုင်၊ ကျဥ်း CDM ဆရာဝန် ဒေါက်တာဇော်ထွယ်အောင် (Chindwin Medical Network)

🔥4👍2😁1
ရွေးကောက်အနိုင်ရသူဝန်ကြီးချုပ်ဖြစ်နိုင်ခွင့်ပိတ်ဆို့ခြင်းအတွက်တိုင်ကြားထားမှုကိုထိုင်းတရားရုံးပယ်ချ
====================
https://youtu.be/9io5oBsxz7Y
====================
https://youtu.be/9io5oBsxz7Y
YouTube
ရွေးကောက်အနိုင်ရသူဝန်ကြီးချုပ်ဖြစ်နိုင်ခွင့်ပိတ်ဆို့ခြင်းအတွက်တိုင်ကြားထားမှုကိုထိုင်းတရားရုံးပယ်ချ
ရွေးကောက်ပွဲအနိုင်ရသူအား ဝန်ကြီးချုပ်ဖြစ်နိုင်ခွင့်ပိတ်ဆို့ထားခြင်းအတွက် တိုင်ကြားထားတဲ့အမှုကို ထိုင်းတရားရုံးပယ်ချ
#InternationalNews
#Mizzima
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့…

😁5❤1
မဏိပူရပြည်နယ် အရေးအခင်းတွင် ပါဝင်ပတ်သက်နေကြောင်း စွပ်စွဲမှုကို ကူကီးအဖွဲ့ရှုတ်ချ
======================
ပါခွီး
(မဇ္စျိမ) ။ ။ အိန္ဒိယနိုင်ငံ ၊ မဏိပူရပြည်နယ်အတွင်း လူမျိုးစုများအကြားပဋိပက္ခများဖြစ်ပွားနေပြီး ယင်းအရေးခင်းများတွင် မြန်မာနိုင်ငံသားများ ၊ ကာကွယ်ရေးအဖွဲ့ နှင့် ၎င်းတို့ပါဝင်ပတ်သက်နေသည် ဟု ဗဟိုအစိုးရ ပြည်နယ်ရေးဝန်ကြီး၏ စွပ်စွဲမှုကို အပြင်းအထန်ရှုတ်ချကြောင်း ကူကီးအမျိုးသားအစည်းအရုံး/တပ်မတော်(မြန်မာပြည်) (KNO/A - Burma) က ဩဂုတ်လ ၁၆ရက်နေ့တွင် ထုတ်ပြန်သည်။
မဏိပူရပြည်နယ်တွင်ဖြစ်ပွားနေသော ကူကီးနှင့် ကသည်း(Meite) အရေးခင်းများတွင် ကသည်းနိုင်ငံရေးလှုပ်ရှားတက်ကြွသူများ ၊ အမျိုးသားရေးအစွန်းရောက်သူများ နှင့် နိုင်ငံရေးခေါင်းဆောင်အချို့မှ လူမှုကွန်ရက်နှင့် သတင်းမီဒီယာများတွင် မြန်မာပြည်မှ အမျိုးသားလက်နက်ကိုင်များ PDF များသည် ၎င်းတို့အရေးအခင်းများတွင် ပါဝင်ပတ်သက်နေသည့်ဟု အခြေအမြစ်မရှိ စွပ်စွဲနေသည်ကို တွေ့ရှိရကြောင်း ဆိုသည်။
ထို့ပြင် အိန္ဒိယဗဟိုအစိုးရ ပြည်ထဲရေးဝန်ကြီးမှ မြန်မာပြည်အခြေစိုက် ကူကီး ဒီမိုကရက်တစ်တပ်ဦး အဖွဲ့များသည် မဏိပူရပြည်နယ် လူမျိုးရေးပဋိပက္ခတွင် ဝင်ရောက် စွက်ဖက်မှုကြောင့် ပြဿနာကြီးထွားသည်ဟု လွှတ်တော်ထဲတွင် ဩဂုတ်လ ၉ရက်နေ့တွင် မမှန်မကန်ပြောဆိုခဲ့ကြောင်း ထုတ်ပြန်ချက် ဖော်ပြထားသည်။
“အိန္ဒိယနိုင်ငံ မဏိပူရအရေးခင်းနဲ့ ပတ်သက်ပြီးတော့ KNO/A(Burma) နဲ့ PDF ကတော့ ဒီနေ့အချိန်အထိ ဝင်ရောက်စွက်ဖက်ခြင်းမရှိပါဘူး ၊ ဒါ ကျနော်တို့ကို သက်သက်မဲ့ စွပ်စွဲချက် ဖြစ်ပါတယ်၊ ကျနော်တို့ KNO/A (Burma) ဟာဆိုရင် ယနေ့အချိန်ထိ နွေဦးတော်လှန်ရေးမှာ NUG အစိုးရနှင့်လက်တွဲပြီး တစိုက်မတ်မတ် ဖော်ဆောင်နေတာဖြစ်ပါတယ်” ဟု KNO/A သတင်းနှင့်ပြန်ကြားရေးက ကိုဖရန်ဆစ် ကူကီး က မဇ္စျိမ ကို ပြောသည်။
မဏိပူရပြည်နယ်မှ အိန္ဒိယအစိုးရကို ဆန့်ကျင်နေသည့် ကသည်းလက်နက်ကိုင်များသည် နွေဦးတော်လှန်ရေးမပေါ်ပေါက်မီကပင် ဗမာပြည်ဖက်အခြမ်းတွင် စစ်တပ်နှင့် ပေါင်းနေသူများဖြစ်ကြောင်း ဆိုသည်။
ယခု နွေဦးတော်လှန်ရေးအရှိန်ကောင်းလာသည်နှင့်အမျှ စစ်ကောင်စီတပ်အင်အား ချိနဲ့လာသောကြောင့် ကသည်းလက်နက်ကိုင်များသည်လည်း စိုးရိမ်လာ၍ မဏိပူရပြည်နယ်ကို ပြန်လည်ဝင်ရောက်နိုင်ရန်အတွက် ယခုကဲ့သို့ အရေးအခင်းကို ဖန်တီးခြင်းဖြစ်ကြောင်း ကိုဖရန်ဆစ် ကူကီး ကဆက်လက်ပြောဆိုသည်။
ပြည်ထဲရေးဝန်ကြီး၏ ပြောဆိုချက်သည် ဌာနေ ကူကီးဇို တိုင်းရင်းသားများအတွက် ဝမ်းနည်းစရာဖြစ်ကြောင်းနှင့် ကောင်းသည့်လက္ခဏာဖော်ဆောင်မှုမရှိကြောင်း ဆိုသည်။
မဏိပူရပြည်နယ် လူမျိုးရေးအဓိကရုဏ်းအပေါ် ဗဟိုအစိုးရ၏ တုန့်ပြန်မှုသည် ဖက်ဒရယ်စနစ်ကို ကျင့်သုံးနေသော နိုင်ငံတခုအနေဖြင့် လူ့အခွင့်အရေး ၊ လူနည်းစု အခွင့်အရေးမှန်သမျှဆိတ်သုဥ်းပြီး အာဏာရှင်နိုင်ငံ ဖြစ်နေသယောင်ဟု ထုတ်ပြန်ချက်တွင် သုံးသပ်ထားသည်။
သို့သော်လည်း မဏိပူရပြည်အရေးအခင်းကြောင့် မြန်မာပြည် တမူးဖက်သို့ ထွက်ပြေးခိုလှုံလျက်ရှိသော ကသည်းပြည်သူများအပေါ် လူ့အခွင့်အရေးအရ မည်သို့သော အနှောက်အယှက်မျှ မပေးသည့်အပြင် လူသားချင်းစာနာထောက်ထားမှုအရ တတ်နိုင်သည့်ဖက်မှ အကူအညီပေးလျက်ရှိကြောင်း သိရသည်။
ယခုကဲ့သို့ ဝန်ကြီ၏ အခြေမြစ်မရှိ မမှန်မကန်စွပ်စွဲပြောဆိုမှုများသည် တော်လှန်ရေးဂုဏ်သိက္ခာကို ထိခိုက်သည့်အပြင် လူမျိုးအချင်းချင်းကြားနားလည်မှု ၊ ငြိမ်းချမ်းမှု ပျက်ပြားစေနိုင်သည့်အတွက် လုံးဝလက်မခံနိုင်ကြောင်း အပြင်းအထန်ရှုတ်ချပါကြောင်း နှင့် အဆိုပါစွပ်စွဲပြောဆိုမှုအား အမြန်ဆုံးပြန်လည်ရုပ်သိမ်းပေးရန် KNO/A(Burma) ထုတ်ပြန်ချက်တွင်တောင်းဆိုထားသည်။
မဏိပူရပြည်နယ် တောင်တန်းဒေသများတွင် နေထိုင်ကြပြီး စီးပွားရေးအကျိုးအမြတ်၊ အစိုးရအလုပ်အကိုင်နှင့် ပညာရေးတို့ ရရှိနေသာ ကူကီးများနှင့် မြေပြန်ဒေသတွင် နေထိုင်ကြသော ကသည်းလူမျိုးများအကြား မကျေနပ်မှုများသည် မေလ ၃ရက်နေ့ မှစ၍ ထိပ်တိုက်တွေ့မှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါအရေးအခင်းများအတွင်း လူပေါင်း ၁၈၀ ကျော်သေဆုံးပြီး ထိခိုက်ဒဏ်ရာ ရရှိသူ ရာပေါင်းများစွာရှိကာ အိုးအိမ်မဲ့သူ ထောင်ပေါင်းများစွာ ရှိနေကြောင်း ဒေသတွင်း သတင်းအရင်းမြစ်များအရ သိရှိရသည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#မဏိပူရပြည်နယ်
#တောင်တန်းဒေသ
#Meite
ပုံအညွှန်း - ကူကီးအမျိုးသားတပ်မတော်သားများကိုတွေ့ရစဉ်
ဓါတ်ပုံ - KNO/A (Burma)

❤6🔥1😁1
သြဂုတ်လ ၁၇ ရက်၊ ညနေ ၄ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
=====================
01:06- ခမရ (၆) တပ်ခွဲမှူးကို လက်အောက်ငယ်သားကပစ်ခတ်လို့ လမ်းပေါ်မှာ သေဆုံးတဲ့သတင်း
02:53-အာဆီယံရဲ့ အကူအညီနဲ့ မြန်မာစစ်တပ်က စစ်ရေးလေ့ကျင့်မှုတွေရရှိနေပြီး NUG၊ PDF တွေကို တိုက်ရာမှာ အကျိုးရှိကြောင်း စစ်တပ်သတင်းစာမှာ ရေးသားတဲ့သတင်း
05:55-ကရင်နီပြည်တပ်မတော်နေ့အခမ်းအနားသို့ CRPH နှင့် မဟာမိတ်တွေ သ၀ဏ်လွှာပေးပို့တဲ့သတင်း
07:17- ငါန်းဇွန်မှာ စစ်ဘေးရှောင်နေရလို့ လူမရှိတဲ့ကျေးရွာကို စစ်ကောင်စီတပ် မီးရှို့တဲ့သတင်းအပါအဝင်တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးမှာဖြစ်ပါတယ်။
https://youtu.be/GTXCLBlB7I4
#4pmnews
#Mizzimanewshour
#MizzimaTV
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U

05:55-ကရင်နီပြည်တပ်…

👍2😁2
ကျိုက်ထိုမြို့နယ် မုပ္ပလင်ကျေးရွာမှ စစ်ကောင်စီတပ်စွဲထားသည့်နေရာ ၂ ခုအား ပူးပေါင်းတပ်ဖွဲ့ သွား ရောက်တိုက်ခိုက်
====================
YT
(မဇ္ဈိမ)။ ။မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မုပ္ပလင်ကျေးရွာရှိ စစ်ကောင်စီတပ် အထိုင်ချတပ်စွဲထားသည့် နေရာနှစ်ခုအား တပ်မဟာ(၁) ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) နှင့် PDF ပူးပေါင်း တပ်ဖွဲ့က လက်နက်ကြီးများဖြင့် သွားရောက်တိုက်ခိုက်ခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များထံမှ သိရသည်။
ဩဂုတ်လ ၁၆ ရက်နေ့ နံနက် ၁၀ နာရီကျော်က တပ်မဟာ (၁) KNLA ၊ PDF ပူးပေါင်းတပ်ဖွဲ့က ကျိုက်ထို မြို့နယ်၊ မုပ္ပလင်ကျေးရွာ ဘုရားကုန်းရှိ စစ်ကောင်စီခံတပ်စခန်းနှင့် ကျေးရွာသင်္ချိုင်းအနီးရှိ စစ်ကောင်စီ စခန်းတို့အား ၄၀ မမ လက်နက်ကြီးနှင့် လက်နက်ငယ်များဖြင့် သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
“မနေ့က နေ့လယ်ပိုင်းလောက်က လက်နက်ကြီးတွေနဲ့သွားတိုက်ခဲ့တာ။ ဒီဘက်က နယ်မြေခံပူးပေါင်း အဖွဲ့ပေါ့။ ဒဏ်ရာရတာတွေ ထိခိုက်တာတွေတော့ မသိရသေးဘူး” ဟု တပ်မဟာ(၁) KNLA သတင်းရင်း မြစ်က မဇ္ဈိမကိုပြောသည်။
အဆိုပါတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်စခန်းများမှ ပြန်လည်ပစ်ခတ်မှုကြောင့် မိနစ် ၂၀ နီးပါး အပြန် အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ရန်ကုန်-မော်လမြိုင်လမ်း ခေတ္တလမ်းပိတ်ဆို့မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ပစ်ခတ်မှုအတွင်း စစ်ကောင်စီတပ်ဘက်က အထိအခိုက်အကျအဆုံးများအား စုံစမ်းအတည်ပြုနေဆဲဖြစ် ကြောင်း တပ်မဟာ (၁) KNLA သတင်းရင်းမြစ်က ဆိုသည်။
ပစ်ခတ်မှုအပြီး ညနေပိုင်းတွင် အဆိုပါတပ်စခန်းများမှ လက်နက်ကြီးများဖြင့် မုပ္ပလင်ကျေးရွာ၊ ပိန္နဲကုန်း ကျေးရွာ၊ အင်္ဂဘိုကျေးရွာများဘက်သို့ လက်နက်ကြီးများဖြင့်ပစ်ခတ်ခဲ့သော်လည်း ကျေးရွာများအတွင်း ကျရောက်ပေါက်ကွဲမှုမရှိခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ဩဂုတ်လ ၁၅ ရက်နေ့ကလည်း ကျိုက်ထိုမြို့နယ်ဘက်မှ ဘီးလင်းမြို့နယ်ဘက်သို့ လာသည့် ခြောက်စီးပါ စစ်ကောင်စီယာဉ်တန်းအား တပ်မဟာ (၁) KNLA ၊ PDF ပူးပေါင်းတပ်ဖွဲ့၊ သူရိယစစ်ကြောင်း တို့က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ အယောက် ၂၀ နီးပါး ထိခိုက်၊ သေဆုံးမှုရှိကြောင်း သထုံခရိုင် PDF တာဝန်ခံထံမှ သိရသည်။
စာတည်း။ ။စောဖေ
#မွန်ပြည်နယ်
#မုပ္ပလင်ကျေးရွာ
#စစ်ကောင်စီတပ်စခန်း
ဓါတ်ပုံ ( Social Media) ပုံအညွှန်း- မုပ္ပလင်လမ်းဆုံရှိ စစ်ကောင်စီဂိတ်စခန်း

👍7❤2😁2
This media is not supported in your browser
VIEW IN TELEGRAM
ရွေးကောက်ပွဲအနိုင်ရသူအား ဝန်ကြီးချုပ်ဖြစ်နိုင်ခွင့်ပိတ်ဆို့ထားခြင်းအတွက် တိုင်ကြားထားတဲ့အမှုကို ထိုင်းတရားရုံးပယ်ချ
#InternationalNews #reels #shorts #Thailand #Elections #Mizzima

❤2🔥2
စီးပွားရေးဦးမော့လာမှုရှုပ်ထွေးပေမဲ့အနောက်အုပ်စုဝေဖန်မှုမှားယွင်းကြောင်းသက်သေပြနိုင်မယ်လို့တရုတ်ပြော
=====================
https://youtu.be/bXRR6XqFIRA

နိုင်ငံရဲ့စီးပွားရေးပြန်လည်ဦးမော့လာမှုဟာ ရှုပ်ထွေးနေပေမဲ့ အနောက်အုပ်စုရဲ့ ဝေဖန်မှုတွေ မှားယွင်းကြောင်း သက်သေပြနိုင်လိမ့်မယ်လို့ တရုတ်ပြော
#InternationalNews
#Mizzima
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက်…

စစ်ဘက်သုံး ဒရုန်းများတွင် တရုတ်ထုတ် အစိတ်အပိုင်းများ အသုံးပြုခြင်းကို အိန္ဒိယ တားမြစ်
======================
AA News Desk
အိန္ဒိယသည် လုံခြုံရေးဆိုင်ရာ အားနည်းချက်များနှင့်ပတ်သက်၍ စိုးရိမ်သောကြောင့် ပြည်တွင်းရှိ စစ်ဘက်သုံး ဒရုန်းထုတ်လုပ်ရေး ကုမ္ပဏီများအနေဖြင့် တရုတ်ထုတ် အစိတ်အပိုင်းများကို အသုံးမပြုရန် မကြာသေးမီလများအတွင်းက တားမြစ်လိုက်ကြောင်း ကာကွယ်ရေးနှင့် စက်မှုလုပ်ငန်းဆိုင်ရာ တာဝန်ရှိသူ ၄ ဦးက ပြောကြားခဲ့သလို Reuters သတင်းဌာနက ကြည့်ရှုခွင့်ရခဲ့သည့် စာရွက်စာတမ်းများတွင်လည်း ဖော်ပြထားသည်။
နျူကလီးယားလက်နက်ပိုင်ဆိုင်သော အိမ်နီးချင်း နိုင်ငံနှစ်ခုအကြား တင်းမာမှုများ ရှိနေပြီး အိန္ဒိယက မောင်းသူမဲ့လေယာဉ်များ၊ အချိန်ကြာမြင့်စွာပျံသန်းနိုင်သည့် မောင်းသူမဲ့လေယာဉ်များနှင့် အခြား အလိုအလျောက် မောင်းနှင်သည့် ကိရိယာများကို ပိုမိုအသုံးပြုရန် မျှော်မှန်းထားသည့် ခေတ်မီစစ်တပ် တည်ဆောက်နေချိန်တွင် အဆိုပါဆောင်ရွက်ချက် ထွက်ပေါ်လာခြင်းဖြစ်ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။
သို့သော် ဖွံ့ဖြိုးစ အိန္ဒိယစက်မှုလုပ်ငန်းသည် စစ်တပ်၏လိုအပ်ချက်ကို ဖြည့်ဆည်းရန် ကြိုးပမ်းနေချိန်၌ ဒရုန်းများတွင် တပ်ဆင်ထားသည့် ဆက်သွယ်ရေး ကိရိယာများ၊ ကင်မရာများ၊ ရေဒီယို ထုတ်လွှင့်မှုနှင့် စက်လည်ပတ်မှုစနစ် ဆော့ဖ်ဝဲများရှိ တရုတ်ထုတ် အစိတ်အပိုင်းများမှတစ်ဆင့် ထောက်လှမ်းရေး အချက်အလက်များ စုဆောင်းရယူမည်ကို အိန္ဒိယ လုံခြုံရေးခေါင်းဆောင်များက စိုးရိမ်လျက်ရှိကြောင်း ကာကွယ်ရေးနှင့် စက်မှုလုပ်ငန်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။
၎င်းတို့အနက်မှ ၃ ဦးနှင့် Reuters မှ တွေ့ဆုံမေးမြန်းခဲ့သော အခြား အစိုးရနှင့် စက်မှုလုပ်ငန်းဆိုင်ရာ တာဝန်ရှိသူ ၆ ဦးအနက်မှ အချို့က ၎င်းတို့တွင် မီဒီယာများအား ဖြေကြားခွင့် မရှိခြင်း သို့မဟုတ် အရေးကြီး အကြောင်းအရာ ဖြစ်ခြင်းကြောင့် အမည်မဖော်ဘဲ ထုတ်ဖော်ပြောကြားခဲ့ခြင်း ဖြစ်သည်။
အိန္ဒိယ ကာကွယ်ရေးဝန်ကြီးဌာနသည် Reuters ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့ခြင်း မရှိပေ။ အိန္ဒိယ၏ လုပ်ဆောင်ချက်သည် ၂၀၂၀ ခုနှစ်ကတည်းက ချမှတ်ထားသော ထောက်လှမ်းရေးဒရုန်းများ တင်သွင်းမှုအပေါ် တားမြစ်ချက်များအား ဖြည့်စွက်ထားခြင်းဖြစ်ပြီး စစ်ဘက်ဆိုင်ရာ တင်ဒါများမှတစ်ဆင့် အကောင်အထည်ဖော်လျက်ရှိကြောင်း မှတ်တမ်းများတွင် ဖော်ပြထားသည်။
ဒရုန်းတင်ဒါကိစ္စများကို ဆွေးနွေးခဲ့သည့် ဖေဖော်ဝါရီနှင့် မတ်လက အစည်းအဝေး ၂ ခုတွင် “လုံခြုံရေးအရ အိန္ဒိယနှင့် နယ်နိမိတ်ချင်း ထိစပ်နေသော နိုင်ငံများမှ စက်ပစ္စည်းကိရိယာများ သို့မဟုတ် အစိတ်အပိုင်းများကို လက်ခံနိုင်မည်မဟုတ်ကြောင်း” အိန္ဒိယစစ်ဘက်အရာရှိများက လေလံဆွဲသူများအား ပြောကြားခဲ့သည်ဟု Reuters က ကြည့်ရှုခွင့်ရခဲ့သည့် အစည်းအဝေးမှတ်တမ်းများတွင် ဖော်ပြထားသည်။
အဆိုပါ အစိတ်အပိုင်းများတွင် အရေးကြီး စစ်ရေးအချက်အလက်များကို ကျိုးပေါက်စေနိုင်သည့် လုံခြုံရေးအားနည်းချက်များ ရှိနေပြီး ကုမ္ပဏီများအနေဖြင့် ၎င်းတို့ကို ထုတ်လုပ်သည့်နိုင်ငံအား ဖော်ရမည်ဖြစ်ကြောင်း တင်ဒါစာရွက်စာတမ်းတစ်ခုတွင် ဖော်ပြထားသည်။
အိမ်နီးချင်းနိုင်ငံများဆိုသည်မှာ တရုတ်ကို ရည်ညွှန်းခြင်းဖြစ်ကြောင်းနှင့် ဆိုက်ဘာတိုက်ခိုက်မှုဆိုင်ရာ စိုးရိမ်မှုများရှိသော်လည်း အိန္ဒိယ စက်မှုလုပ်ငန်းများသည် တရုတ်နိုင်ငံအပေါ် မှီခိုလာရကြောင်း အကြီးတန်း စစ်ဘက်အရာရှိတစ်ဦးက Reuters သို့ ပြောကြားခဲ့သည်။
ဆိုက်ဘာတိုက်ခိုက်မှုများတွင် ပါဝင်ပတ်သက်ခြင်းမရှိကြောင်း တရုတ်က ငြင်းဆိုထားသည်။ အိန္ဒိယ၏ ဆောင်ရွက်ချက်နှင့်ပတ်သက်သော မေးခွန်းကို ပြန်လည်ဖြေကြားခဲ့ခြင်း မရှိသော်လည်း ဒရုန်းများနှင့် ဒရုန်းဆက်စပ်ပစ္စည်းအချို့ တင်ပို့မှုကို ထိန်းချုပ်သည့် အချက်များအား တရုတ်စီးပွားရေးဝန်ကြီးဌာနက ပြီးခဲ့သည့် သီတင်းပတ်တွင် ကြေညာခဲ့သည်။

👍7🔥1👏1
Media is too big
VIEW IN TELEGRAM
စီးပွားရေးဦးမော့လာမှုရှုပ်ထွေးပေမဲ့အနောက်အုပ်စုဝေဖန်မှုမှားယွင်းကြောင်းသက်သေပြနိုင်မယ်လို့တရုတ်ပြော
#InternationalNews #reels #shorts #China #Mizzima

😁5👍1