Media is too big
VIEW IN TELEGRAM
ပါကစ္စတန်အဓိကရုဏ်းအတွင်း ပစ်မှတ်ထားခံရတဲ့ခရစ်ယာန်တွေကို မွတ်ဆလင်တွေက ခိုလှုံခွင့်ပြုပြီးစောင့်ရှောက်ခဲ့ကြ
#InternationalNews #reels #shorts #mizzima #mizzimanews #mizzimadailynews #myanmarnews #todaynews #newsupdate #Pakistan

👍7😁2
AI ဉာဏ်ရည်တု အစားထိုးသုံးမှု ရုပ်ရှင်လုပ်သားတွေ ဆန္ဒပြ | VOA On Mizzima
=====================
အမေရိကန်ပြည်ထောင်စု ရုပ်ရှင်လုပ်ငန်းတွေ အခြေစိုက်တဲ့ Hollywood ရုပ်ရှင် ထုတ်လုပ်ရေးမှာ AI ဉာဏ်ရည်တုအစားထိုး အသုံးပြုလာတာကြောင့် စာရေးဆရာ၊ဇာတ်ညွှန်းဆရာတွေ၊ နောက်ခံအရုပ်၊အသံ သရုပ်ဆောင်တွေဆန္ဒပြနေကြပါတယ်။ နည်းပညာအသစ်တွေကို အသုံးပြုတဲ့ စတူဒီယိုတွေကတော့ တရားမျှတတဲ့ အကာအကွယ်တွေနဲ့ နစ်နာကြေးပေးတယ်လို့ ပြောပါတယ်။ ဒါပေမဲ့ သရုပ်ဆောင်တွေနဲ့ စာရေးဆရာတွေ သဘောဆန္ဒမပါဘဲ သူတို့ဖန်တီးမှုတွေကို အသုံးချခံရမှာ စိုးရိမ်နေကြတာပါ။ Genia Dulot သတင်းပေးပို့ထားတာကို မမြသဇင်အောင် တင်ဆက်ထားပါတယ်။
https://youtu.be/HNyKkS7lTu0
#VOA
#mizzimatv
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U

YouTube
AI ဉာဏ်ရည်တု အစားထိုးသုံးမှု ရုပ်ရှင်လုပ်သားတွေ ဆန္ဒပြ | VOA On Mizzima
အမေရိကန်ပြည်ထောင်စု ရုပ်ရှင်လုပ်ငန်းတွေ အခြေစိုက်တဲ့ Hollywood ရုပ်ရှင် ထုတ်လုပ်ရေးမှာ AI ဉာဏ်ရည်တုအစားထိုး အသုံးပြုလာတာကြောင့် စာရေးဆရာ၊ဇာတ်ညွှန်းဆရာတွေ၊ နောက်ခံအရုပ်၊အသံ သရုပ်ဆောင်တွေဆန္ဒပြနေကြပါတယ်။ နည်းပညာအသစ်တွေကို အသုံးပြုတဲ့ စတူဒီယိုတွေကတော့ တရားမျှတတဲ့…
👍5😁1
This media is not supported in your browser
VIEW IN TELEGRAM
Aug - 18 [12 Pm] Mizzima News Hour
Mizzima Headline News
#12pmnews #mizzimanewshour #mizzima #mizzimanews #mizzimadailynews #myanmarnews #todaynews #newsupdate #Reels #Shorts

👍3🍌1
တရုတ်နိုင်ငံရဲ့ လူငယ်အလုပ်လက်မဲ့ပြဿနာ စိုးရိမ်ဖွယ်ရာဖြစ်
=====================
https://youtu.be/0Pq_yo2vCfM
#InternationalNews
#Mizzima
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
=====================
https://youtu.be/0Pq_yo2vCfM
#InternationalNews
#Mizzima
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
YouTube
တရုတ်နိုင်ငံရဲ့ လူငယ်အလုပ်လက်မဲ့ပြဿနာ စိုးရိမ်ဖွယ်ရာဖြစ်
တရုတ်နိုင်ငံရဲ့ လူငယ်အလုပ်လက်မဲ့ပြဿနာ စိုးရိမ်ဖွယ်ရာဖြစ်
#InternationalNews
#Mizzima
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို…

😁3
သြဂုတ်လ (၁၈)ရက်၊ မွန်းတည့် ၁၂ နာရီ Mizzima News Hour မဇ္စျိမသတင်းအစီအစဥ်
====================
01:04 - ပြည်မြို့ကို စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရောက်ရှိခဲ့တဲ့သတင်း
02:21 - လက်ရှိတော်လှန်ရေး အောင်မြင်ခြင်းကိုရောက်ရှိမှာ ယုံကြည်ပေမယ့် ရန်သူကို လျှော့ပေါ့ တွက်ချက်တာမလုပ်ဖို့ ကရင်နီ စစ်ဦးစီးချုပ် ပြောကြားတဲ့သတင်း
05:18 - မြန်မာနိုင်ငံတဝန်း အကူအညီလိုအပ်နေသူ ၁၈ သန်းအတွက် အကူအညီပိုပေးခွင့်ပြုဖို့ UNOCHA အကြီးအကဲ တောင်းဆိုတဲ့သတင်း
08:24 - ပါကစ္စတန်အဓိကရုဏ်းအတွင်း ပစ်မှတ်ထားခံရတဲ့ခရစ်ယာန်တွေကို မွတ်ဆလင်တွေက ခိုလှုံခွင့်ပြုပြီးစောင့်ရှောက်ခဲ့ကြတဲ့သတင်းတွေအပါအဝင် တခြားစိတ်ဝင်စားဖွယ်နဲ့ အရေးကြီးသတင်းတွေကို တင်ဆက်ပေးဖို့ရှိနေပါတယ်။
https://youtu.be/zXvANx0LsaY
#12pmnews
#Mizzimanewshour
#mizzimatv
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
====================
01:04 - ပြည်မြို့ကို စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရောက်ရှိခဲ့တဲ့သတင်း
02:21 - လက်ရှိတော်လှန်ရေး အောင်မြင်ခြင်းကိုရောက်ရှိမှာ ယုံကြည်ပေမယ့် ရန်သူကို လျှော့ပေါ့ တွက်ချက်တာမလုပ်ဖို့ ကရင်နီ စစ်ဦးစီးချုပ် ပြောကြားတဲ့သတင်း
05:18 - မြန်မာနိုင်ငံတဝန်း အကူအညီလိုအပ်နေသူ ၁၈ သန်းအတွက် အကူအညီပိုပေးခွင့်ပြုဖို့ UNOCHA အကြီးအကဲ တောင်းဆိုတဲ့သတင်း
08:24 - ပါကစ္စတန်အဓိကရုဏ်းအတွင်း ပစ်မှတ်ထားခံရတဲ့ခရစ်ယာန်တွေကို မွတ်ဆလင်တွေက ခိုလှုံခွင့်ပြုပြီးစောင့်ရှောက်ခဲ့ကြတဲ့သတင်းတွေအပါအဝင် တခြားစိတ်ဝင်စားဖွယ်နဲ့ အရေးကြီးသတင်းတွေကို တင်ဆက်ပေးဖို့ရှိနေပါတယ်။
https://youtu.be/zXvANx0LsaY
#12pmnews
#Mizzimanewshour
#mizzimatv
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
YouTube
သြဂုတ်လ (၁၈)ရက်၊ မွန်းတည့် ၁၂ နာရီ Mizzima News Hour မဇ္စျိမသတင်းအစီအစဥ်
01:04 - ပြည်မြို့ကို စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရောက်ရှိခဲ့တဲ့သတင်း
02:21 - လက်ရှိတော်လှန်ရေး အောင်မြင်ခြင်းကိုရောက်ရှိမှာ ယုံကြည်ပေမယ့် ရန်သူကို လျှော့ပေါ့ တွက်ချက်တာမလုပ်ဖို့ ကရင်နီ စစ်ဦးစီးချုပ် ပြောကြားတဲ့သတင်း
05:18 - မ…

👍5🔥2😁1
This media is not supported in your browser
VIEW IN TELEGRAM
တရုတ်နိုင်ငံရဲ့ လူငယ်အလုပ်လက်မဲ့ပြဿနာ စိုးရိမ်ဖွယ်ရာဖြစ်
#mizzima #mizzimanews #mizzimadailynews #myanmarnews #todaynews #newsupdate #Reels #Shorts #Internationalnews #china #Mizzima

👍3😁1
ဂျပန်နဲ့တောင်ကိုရီးယားခေါင်းဆောင်တွေကို ဖိတ်ကြားပြီး ဆက်ဆံရေးခေတ်သစ် ခိုင်မြဲဖို့ ဘိုင်ဒင်ကြိုးပမ်း
================
https://youtu.be/RgYXXTNd4u8
================
https://youtu.be/RgYXXTNd4u8
YouTube
ဂျပန်နဲ့တောင်ကိုရီးယားခေါင်းဆောင်တွေကို ဖိတ်ကြားပြီး ဆက်ဆံရေးခေတ်သစ် ခိုင်မြဲဖို့ ဘိုင်ဒင်ကြိုးပမ်း
ဂျပန်နဲ့တောင်ကိုရီးယားခေါင်းဆောင်တွေကို ဖိတ်ကြားပြီး ဆက်ဆံရေးခေတ်သစ် ခိုင်မြဲဖို့ ဘိုင်ဒင်ကြိုးပမ်း
#InternationalNews
#Mizzima
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ.…

👍5🔥1
Media is too big
VIEW IN TELEGRAM
နိုင်ငံတချို့က ဒေါ်လာကို လက်နက်သဖွယ် အသုံးချနေတယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင် ပြော
Watch more detail - https://youtu.be/7dl3AJoNurM
#PoliticalNews #mizzima #mizzimanews #mizzimadailynews #myanmarnews #todaynews #newsupdate #Reels #Shorts

😁10🔥1🤯1
မြင်းမူနှင့်ချောင်းဦးမြို့နယ်တွင်စစ်ကောင်စီတပ်ဖွဲ့ တပ်စွဲထားသည့်နေရာများကို ကာကွယ်တပ်ဖွဲ့ တိုက်ခိုက်
=================
ပါခွီး(မဇ္စျိမ) ။ ။ စစ်ကိုင်းတိုင်း ၊ မြင်းမူမြို့နယ်နှင့် ချောင်းဦးမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့ တပ်စွဲထားသောနေရာများကို ကာကွယ်ရေးပူးပေါင်းတပ်များက ဒရုန်းဖြင့် နှစ်ရက်ဆက် ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်သည်ဟု လင်းယုန်နက် ကာကွယ်ရေးအဖွဲ့ (Black Eagle Defence Force – MMU) က ယမန်နေ့ ဩဂုတ်လ ၁၇ရက်တွင် ထုတ်ပြန်သည်။
“ကျနော်တို့ ဗုံးသီးခုနစ်လုံးချပြီး တိုက်ခဲ့ပါတယ် ၊ တနေရာမှာ စစ်ကောင်စီတပ်သား သုံးယောက် သေတာကို အတည်ပြုနိုင်ပြီး ကျန်တဲ့နှစ်နေရာအခြေအနေကိုတော့ မသိရသေးပါဘူး” ဟု လင်းယုန်နက် ကာကွယ်ရေးအဖွဲ့ တာဝန်ခံ ဗိုလ်စံရှားက မဇ္စျိမ ကိုပြောသည်။
မြင်းမူမြို့နယ် ၊ဝမ်းပြည့်ကျေးရွာနှင့် အလ္လကပ္ပရွာအကြား ရေဦးဆီဆိုင်ဟောင်း အနီးတွင် ခရီးသွားပြည်သူများထံ စစ်ဆေးငွေတောင်းခံနေသော စစ်ကောင်စီတပ်ဖွဲ့ကို ဩဂုတ်လ ၁၅ရက် နေ့လယ် ၁၁နာရီအချိန်တွင် ဒရုန်းဖြင့် ဗုံးသီး သုံးလုံးချ တိုက်ခိုက်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့အတူ ကာကွယ်ရေးပူးပေါင်းအဖွဲ့သည် ချောင်းဦးမြို့၊ ရေပိုးစားရွာ ဘုန်းကြီးကျောင်းအတွင်း တပ်စွဲနေသည့် စစ်ကောင်စီတပ်ဖွဲ့ကိုလည်း ဩဂုတ်လ ၁၆ရက် မနက်၁၁နာရီ ၃၀မိနစ်အချိန်တွင် ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့ရာ ကင်းပုန်းဝပ်သောနေရာနှင့် အထိုင်ချရာနေရာသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့က အနီးပတ်ဝန်းကျင်သို့ လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။
ထို့နောက် ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့သည် မြင်းမူမြို့နယ် ၊ဂွေးပင်တောရွာ ဘုန်းကြီးကျောင်းအနီးတွင် တပ်စွဲ၍ ခရီးသွား ပြည်သူများကို စစ်ဆေးငွေတောင်းခံနေသည့် စစ်ကောင်စီတပ်ဖွဲ့ကို ဩဂုတ်လ ၁၆ရက် နေ့လယ် ၁နာရီ ၁၀မိနစ်တွင် ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိကာ စစ်ကောင်စီတပ်ဖွဲ့ဘက်မှ လက်နက်ကြီး လက်နက်ငယ်များဖြင့် မိနစ် ၃၀ ကျော်ကြာ ပြန်လည်ပစ်ခတ်မှုများ ရှိခဲ့သည်ဟုလင်းယုန်နက် ကာကွယ်ရေးအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည် ။
အဆိုပါ ဒရုန်းဖြင့် ဗုံးကြဲသည့် စစ်ဆင်ရေးများကို Black Eagle Defence Force ( MMU) နှင့်အတူ Black Eagle Drone Force ၊ T.G.R Women Drone Force ၊ T.R.G People’s Defense Force နှင့် ကျောက်ဆည်ခရိုင် အမှတ်(၂) တပ်ရင်း မဟာမိတ်များက ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်အရ သိရသည်။
ဩဂုတ်လ ၁၄ရက်နှင့် ၁၅ရက်နေ့တို့တွင်လည်း စစ်ကိုင်းမှ မုံရွာသို့ ထွက်ခွာလာသည့် စစ်ကောင်စီတပ်ဖွဲ့ယာဉ်တန်းများကို မုံရွာ - မန္တလေးလမ်းပိုင်တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ကားငါးစီး ထိမှန်ခဲ့ကြောင်း မြင်းမူလင်းယုန်နက် ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။ သန့်ဇော်(သန်လျင်)
https://youtu.be/uaTAou7_N8M
#စစ်ကိုင်းတိုင်း
#မြင်းမူမြို့နယ်
#ချောင်းဦးမြို့နယ်
#Hardnews
ပုံအညွှန်း - စစ်ကောင်စီတပ်သားများကို ဗုံးချတိုက်ခိုက်စဉ်(ရုပ်သံ - Black Eagle Defence Force)

ပါခွီး(မဇ္စျိမ) ။ ။ စစ်ကိုင်းတိုင်း ၊ မြင်းမူမြို့နယ်နှင့် ချောင်းဦးမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့ တပ်စွဲထားသောနေရာများကို ကာကွယ်ရေးပူးပေါင်းတပ်များက ဒရုန်းဖြင့် နှစ်ရက်ဆက် ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်သည်ဟု လင်းယုန်နက် ကာကွယ်ရေးအဖွဲ့ (Black Eagle Defence…
❤9👏3🔥1😁1
Media is too big
VIEW IN TELEGRAM
ဂျပန်နဲ့တောင်ကိုရီးယားခေါင်းဆောင်တွေကို ဖိတ်ကြားပြီး ဆက်ဆံရေးခေတ်သစ် ခိုင်မြဲဖို့ ဘိုင်ဒင်ကြိုးပမ်း
#Internationalenws #mizzima #mizzimanews #mizzimadailynews #myanmarnews #todaynews #newsupdate #Reels #Shorts #Japan #SouthKorea #Mizzima

👍6🔥1
နိုင်ငံတချို့က ဒေါ်လာကို လက်နက်သဖွယ် အသုံးချနေတယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင် ပြော
=================
အချို့နိုင်ငံတွေက ဘဏ္ဍာရေးလုံခြုံမှုနဲ့ ယှဉ်တွဲပြီး ဖြစ်လာတဲ့ ဒေါ်လာငွေကြေးကို လက်နက်သဖွယ် အသုံးချနေတယ်လ့ို မြန်မာ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ရုရှားနိုင်ငံ၊ မော်စကိုမှာကျင်းပနေတဲ့ (၁၁)ကြိမ်မြောက် နိုင်ငံတကာလုံခြုံရေးညီလာခံ (MCIS – 2023)ကို ပေးပို့ခဲ့တဲ့ Video Message အတွင်း ထည့်သွင်းပြောကြားခဲ့ပါတယ်။
စားနပ်ရိက္ခာလုံခြုံမှုရှိရေးအတွက် လိုအပ်တဲ့ လောင်စာဆီ၊ ဓာတ်မြေဩဇာအပါအဝင် အထာက်အကူပြုပစ္စည်းတွေကို ရောင်းဝယ်တဲ့အခါ တချို့နိုင်ငံတွေက ဘဏ္ဍာရေးလုံခြုံမှုနဲ့ ယှဉ်တွဲပြီးဖြစ်လာတဲ့ ဒေါ်လာကို လက်နက်သဖွယ် အသုံးချနေတယ်လို့ စစ်ခေါင်းဆောင်ကပြောကြားထားတာပါ။
“တချို့နိုင်ငံ” လို့သာ စပ်စွဲပြောဆိုခဲ့ပြီး ဘယ်နိုင်ငံတွေက ဒေါ်လာကို လက်နက်သဖွယ် အသုံးချနေသလဲဆိုတာကိုတော့ တိတိကျကျပြောဆိုသွားခြင်းမရှိပါဘူး။
စစ်ကောင်စီထိန်းချုပ်ထားတဲ့ နိုင်ငံခြားငွေနဲ့ အဓိကဆိုင်တဲ့ နိုင်ငံပိုင် ဘဏ် နှစ်ခုကို အမေရိကန်က အရေးယူပိတ်ဆို့ထားလို့ ဒေါ်လာအကျပ်အတည်းဖြစ်နေတဲ့အခြေအနေမှာ စစ်ခေါင်းဆောင်မင်းအောင်လှိုင်က အခုလို ပြောလိုက်တာ ဖြစ်ပါတယ်။
အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနကတော့ ပြီးခဲ့တဲ့ ဇွန်လ ၂၁ ရက်နေ့က မြန်မာ စစ်ကောင်စီရဲ့ ဘဏ္ဍာငွေတွေကို ဖြတ်တောက်ဖို့ ဒေါ်လာလက်ဝယ်မရှိဖို့နဲ့ လောင်စာဆီ ဝယ်ယူမသုံးစွဲနိုင်အောင် မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ် (MFTB) နဲ့ မြန်မာ့ရင်းနှီး မြှုပ်နှံမှုနဲ့ ကူးသန်းရောင်းဝယ်ရေးဘဏ် (MICB) ဘဏ်တို့ကို အရေးယူပိတ်ဆို့ကြောင်း ကြေညာခဲ့ပါတယ်။
ရုရှားမှာ မနှစ်ကကျင်းပတဲ့ အရှေ့ဖျားစီးပွားရေးဖိုရမ်(EEF)မှာလည်း စစ်ခေါင်းဆောင်က အလားတူပြောခဲ့ဖူးပြီး နိုင်ငံကြီးတွေက နိုင်ငံငယ်တွေကို ဒေါ်လာ အနိုင်ကျင့်မှုလုပ်နေတယ်လို့ ပြောခဲ့တာဖြစ်ပါတယ်။
စစ်ကောင်စီအနေနဲ့ အမေရိကန်ဒေါ်လာသုံးစွဲမှု လျှော့ချလိုတဲ့ ရည်ရွယ်ချက်နဲ့ တရုတ်၊ ထိုင်းနိုင်ငံတို့နဲ့ နယ်စပ်ကုန်သွယ်မှုများအတွင်း နှစ်နိုင်ငံငွေကြေးအချင်းချင်း တိုက်ရိုက်ငွေပေးချေမှုတွေ ခွင့်ပြုထားပါတယ်။
ကမ္ဘာ့လူဦးရေစုစုပေါင်းရဲ့ ၆၀ ရာခိုင်နှုန်းကျော် နေထိုင်နေတဲ့ အာရှ-ပစိဖိတ်ဒေသအတွက် စားနပ်ရိက္ခာလုံခြုံမှုရှိရေးက အခြေခံအကျဆုံးနဲ့ အဓိကအကျဆုံးလိုအပ်ချက်တစ်ခု ဖြစ်လာတယ် လို့ စစ်ခေါင်းဆောင်က သူ့ရဲ့မိန့်ခွန်းမှာ ထည့်ပြောပါတယ်။
အာဆီယံထိပ်သီးညီလာခံတွေကို တက်ရောက်ခွင့်ပိတ်ပင်ခံထားရတဲ့ စစ်ခေါင်းဆောင်က ရုရှားကညီလာခံမှာ “အာရှ-ပစိဖိတ်ဒေသတွင်း တည်ငြိမ်အေးချမ်းရေးအတွက် အရေးပါသော အာဆီယံအဖွဲ့ရဲ့ စည်းလုံးညီညွတ်မှု”ဆိုတဲ့ ခေါင်းစဉ်အောက်က ဆွေးနွေးခဲ့တာဖြစ်ပါတယ်။
အာရှ-ပစိဖိတ်ဒေသဟာ လူဦးရေများပြီး ကမ္ဘာ့ကုန်သွယ်ရေးမှာ အချက်အချာကျလို့ အမေရိကန်နိုင်ငံအပါအဝင် ဥရောပသမဂ္ဂနဲ့ NATO အဖွဲ့ဝင်နိုင်ငံတွေက သူတို့ အကျိုးစီးပွားအတွက် အာရှ-ပစိဖိတ်ဒေသအပေါ် စိတ်ဝင်စားမှု မြင့်တက်လာနေတယ်လို့ သူကဆက်ပြောပါတယ်။
‘’ဒေသတွင်းနိုင်ငံတွေ နဲ့ တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်သော်လည်းကောင်း ထိတွေ့ဆက်ဆံမှုတွေ တိုးမြှင့်လာတာ တွေ့ရှိရတယ်’’ လို့ စစ်ကောင်စီဥက္ကဋ္ဌ ကပြောပါတယ်။
မနှစ်က အာရှ-ပစိဖိတ်ဒေသရဲ့ ကုန်သွယ်မှုက အမေရိကန်ဒေါ်လာ ၁၉ ထရီလီယံခန့်ရှိခဲ့ပြီး စီးပွားရေးဆိုင်ရာ ဝန်ဆောင်မှုကုန်သွယ်တာကနေ အမေရိကန်ဒေါ်လာ ၃ ဒသမ ၅ ထရီလီယံခန့်ရှိခဲ့တယ် လို့ စစ်ခေါင်းဆောင်က ပြောကြားထားပါတယ်။
https://youtu.be/7dl3AJoNurM
#PoliticalNews
#Mizzima
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U

အချို့နိုင်ငံတွေက ဘဏ္ဍာရေးလုံခြုံမှုနဲ့ ယှဉ်တွဲပြီး ဖြစ်လာတဲ့ ဒေါ်လာငွေကြေးကို လက်နက်သဖွယ် အသုံးချနေတယ်လ့ို မြန်မာ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ရုရှားနိုင်ငံ၊ မော်စကိုမှာကျင်းပနေတဲ့ (၁၁)ကြိမ်မြောက် နိုင်ငံတကာလုံခြုံရေးညီလာခံ (MCIS – 2023)ကို…
😁11👍3👏2
This media is not supported in your browser
VIEW IN TELEGRAM
မလေးရှားနိုင်ငံမှာ လမ်းပေါ်ကို အပေါ့စားလေယာဉ်တစ်စင်းပျက်ကျပြီး လူ ၁၀ ဦးသေဆုံး
#mizzima #mizzimanews #mizzimadailynews #myanmarnews #todaynews #newsupdate #Reels #Shorts #Internationalenws #Malaysia #Mizzima

👏2
ဖားကန့်တွင် KTV မန်နေဂျာ ပစ်သတ်ခံရ
=============
အဂမ်
(မဇ္ဈိမ)။ ။ ဖားကန်မြို့ ၊ လုံးခင်းကျေးရွာ ရပ်ကွက်(၁) ရှိ Green City KTV မန်နေဂျာသည် သြဂုတ်လ ၁၇ ရက် ည ၁၀ နာရီခန့်က သေနတ်ဖြင့် ပစ်သတ်ခံလိုက်ရကြောင်း ဒေသခံများထံက သိရသည်။
လူငယ်နှစ်ဦးက KTVသို့ ဆိုင်ကယ်ဖြင့် လာရောက်ပြီးနောက် ထိုသို့ ပစ်သတ်သွားခြင်းဖြစ်သည်။
" လူငယ်နှစ်ယောက် ဟုတ်တယ်။ KTV ကို ဆိုင်ကယ်နဲ့ လာပြီး မန်နေဂျာကို သေနတ်နဲ့ လေးချက် လာပစ်သွားခဲ့တာလို့ သိရပါတယ်"ဟု သတင်းရင်းမြစ်က ဆိုသည်။
သေဆုံးသွားသူမှာ အသက် ၅၀ အရွယ်ရှိပြီး ၎င်း၏ အမည်နှင့် သတ်ဖြတ်ခံရသည့် အကြောင်းအရင်းကို မဇ္ဈိမက စုံစမ်းနေဆဲဖြစ်သည်။ သေဆုံးသူ၏ ရုပ်အလောင်းကို လူမှုကူညီရေးအသင်းအဖွဲ့က ဖားကန့်ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။
ထို့ပြင် Green City KTV မန်နေဂျာ ပစ်ခတ်ခံရပြီး သေဆုံးမှုသည် တော်လှန်ရေးအင်အားစုများနှင့် မသက်ဆိုင်ကြောင်း ဖားကန့်မြို့မှ ပြည်သူ့ကာကွယ်ရေးထောက်ပို့ရဲဘော်တဦးက ပြောသည်။
ဖားကန့်မှာ ပြီးခဲ့သော ဇူလိုင်လ ၉ ရက်နေ့က မှော်ရှန်ကျေးရွာရှိ ရှင်းရင်ဟော်တယ်ပိုင်ရှင်အမျိုးသမီး ဒေါ်ဖြူဖြူသန့်ကို အမည်မသိ လက်နက်ကိုင်လူတစ်စုက လာရောက်ခေါ်ယူသွားခဲ့ပြီး သေနတ်နဲ့ပစ်သတ်ခဲ့သည့် ဖြစ်စဉ်ရှိခဲ့သည်။
စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima
#KTV
#လုံးခင်းဒေသ
ပုံအညွှန်း- ပစ်ခတ်မှုဖြစ်ပွားခဲ့သည့် KTV ဆိုင်၏ ဆိုင်းဘုတ်(ဓာတ်ပုံ- လူမှုကွန်ရက်မှ ရယူထားသောပုံ)
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
=============
အဂမ်
(မဇ္ဈိမ)။ ။ ဖားကန်မြို့ ၊ လုံးခင်းကျေးရွာ ရပ်ကွက်(၁) ရှိ Green City KTV မန်နေဂျာသည် သြဂုတ်လ ၁၇ ရက် ည ၁၀ နာရီခန့်က သေနတ်ဖြင့် ပစ်သတ်ခံလိုက်ရကြောင်း ဒေသခံများထံက သိရသည်။
လူငယ်နှစ်ဦးက KTVသို့ ဆိုင်ကယ်ဖြင့် လာရောက်ပြီးနောက် ထိုသို့ ပစ်သတ်သွားခြင်းဖြစ်သည်။
" လူငယ်နှစ်ယောက် ဟုတ်တယ်။ KTV ကို ဆိုင်ကယ်နဲ့ လာပြီး မန်နေဂျာကို သေနတ်နဲ့ လေးချက် လာပစ်သွားခဲ့တာလို့ သိရပါတယ်"ဟု သတင်းရင်းမြစ်က ဆိုသည်။
သေဆုံးသွားသူမှာ အသက် ၅၀ အရွယ်ရှိပြီး ၎င်း၏ အမည်နှင့် သတ်ဖြတ်ခံရသည့် အကြောင်းအရင်းကို မဇ္ဈိမက စုံစမ်းနေဆဲဖြစ်သည်။ သေဆုံးသူ၏ ရုပ်အလောင်းကို လူမှုကူညီရေးအသင်းအဖွဲ့က ဖားကန့်ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။
ထို့ပြင် Green City KTV မန်နေဂျာ ပစ်ခတ်ခံရပြီး သေဆုံးမှုသည် တော်လှန်ရေးအင်အားစုများနှင့် မသက်ဆိုင်ကြောင်း ဖားကန့်မြို့မှ ပြည်သူ့ကာကွယ်ရေးထောက်ပို့ရဲဘော်တဦးက ပြောသည်။
ဖားကန့်မှာ ပြီးခဲ့သော ဇူလိုင်လ ၉ ရက်နေ့က မှော်ရှန်ကျေးရွာရှိ ရှင်းရင်ဟော်တယ်ပိုင်ရှင်အမျိုးသမီး ဒေါ်ဖြူဖြူသန့်ကို အမည်မသိ လက်နက်ကိုင်လူတစ်စုက လာရောက်ခေါ်ယူသွားခဲ့ပြီး သေနတ်နဲ့ပစ်သတ်ခဲ့သည့် ဖြစ်စဉ်ရှိခဲ့သည်။
စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima
#KTV
#လုံးခင်းဒေသ
ပုံအညွှန်း- ပစ်ခတ်မှုဖြစ်ပွားခဲ့သည့် KTV ဆိုင်၏ ဆိုင်းဘုတ်(ဓာတ်ပုံ- လူမှုကွန်ရက်မှ ရယူထားသောပုံ)
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍8😢2👏1
မြန်မာနိုင်ငံတဝန်း အကူအညီ လိုအပ်နေသူ ၁၈ သန်းအတွက် အကူအညီပိုပေးခွင့်ပြုဖို့ UNOCHA အကြီးအကဲ တောင်းဆို
=======================
မြန်မာနိုင်ငံတစ်ဝန်းမှာ အကူအညီလိုအပ်နေတဲ့ ပြည်သူ ၁၈ သန်းကျော်အတွက် လိုအပ်နေတဲ့ ရန်ပုံငွေ တိုးမြှင့်ချထားပေးဖို့နဲ့ မြန်မာနိုင်ငံအတွင်းက ဒေသတွေကို ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် အကူအညီတွေ သွားရောက်ပေးအပ်ခွင့်ပြုဖို့ ကုလသမဂ္ဂ လူသားချင်းစာနာမှု အကူအညီပေးရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး UNOCHA ရဲ့ အကြီးအကဲ Martin Griffiths (မာတင် ဂရစ်ဖစ်) က တောင်းဆိုလိုက်ပါတယ်။
မြန်မာနိုင်ငံကို ၃ ရက်ကြာ သွားရောက်ပြီး စစ်ကောင်စီဥက္ကဋ္ဌအပါအဝင် ဝန်ကြီးဌာနတချို့က တာဝန်ရှိသူတွေနဲ့ တွေ့ဆုံတဲ့ ခရီးစဉ်အဆုံးမှာ UNOCHA အကြီးအကဲက သြဂုတ်လ ၁၇ ရက်နေ့က ကြေညာချက်ထုတ်ပြန်လိုက်တာပါ။
မြန်မာနိုင်ငံမှာ ခေတ်အဆက်ဆက်ဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေကြောင့် တိုင်းပြည် လူထုရဲ့ ၃ ပုံတပုံဟာ စာနာမှုဆိုင်ရာအကူအညီတွေ လိုအပ်နေသလို ပြည်သူတွေကလည်း တိုင်းပြည်က တာဝန်ရှိသူတွေနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းက ဒီထက်ပိုပြီး ကူညီလုပ်ဆောင်ပေးကြဖို့ မျှော်လင့်နေကြကြောင်းလည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်တဲ့ နှစ်နှစ်အတွင်းမှာ လူသားချင်းစာနာမှု အကူအညီ လိုအပ်ချက် တဟုန်ထိုးမြင့်တက်လာတာဖြစ်ပြီး၊ ကုလသမဂ္ဂရဲ့စာရင်းတွေအရ ၂၀၂၁ ခုနှစ်က အကူအညီ လိုအပ်သူ သုံးသိန်းရှစ်သောင်းကျော် ရှိရာက၊ ၁.၉ သန်း အထိ တိုးလာတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ လူသားချင်းစာနာမှုအကူအညီတွေ လိုအပ်မှုတိုးလာနေပေမဲ့ ရန်ပုံငွေရရှိမှု နည်းပါးနေတဲ့အကြောင်း၊ အခုနှစ်ရဲ့ နှစ်တစ်ဝက်ကျော်ကာလအတွင်းမှာ လိုအပ်တဲ့ ရန်ပုံငွေရဲ့ ၂၂ ရာခိုင်နှုန်းပဲ ရသေးတယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
သြဂုတ်လ ၁၅ ရက်နေ့က စစ်ကောင်စီခေါင်းဆောင်ကို ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာပေါင်းစပ် ညှိနှိုင်းရေးရုံး (UNOCHA) အကြီးအကဲက တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံမှာလိုအပ်နေတဲ့ လူသားချင်းစာနာမှု အကူအညီတွေပေးရေးကို ဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ပါတယ်။
မြန်မာနိုင်ငံမှာ ကိုဗစ် - ၁၉ ကပ်ရောဂါ ဖြစ်ပွားချိန် နဲ့ မိုခါမုန်တိုင်းဖြစ်ပွားချိန်တွေမှာ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ ကူညီပေးမှု နည်းပါးခဲ့တဲ့အကြောင်း UNOCHA အကြီးအကဲနဲ့ တွေ့ဆုံချိန်မှာ စစ်ခေါင်းဆောင်က ပြောခဲ့ပါတယ်။
UNOCHA အကြီးအကဲ မာတင် ဂရစ်ဖစ်ဟာ မိုခါ မုန်တိုင်းအလွန် ပြန်လည် ထူထောင်ရေးနဲ့ လက်တလော ရေဘေး ထပ်မံ ကြုံနေရလို့ အရေးပေါ် အကူအညီတွေ လိုအပ်နေတဲ့ ရခိုင်ပြည်နယ်ကိုလည်း သွားရောက်ခဲ့တာဖြစ်ပါတယ်။
ရခိုင်ပြည်နယ်မှာ မိုခါမုန်တိုင်းအလွန် လူသားချင်း စာနာကူညီကယ်ဆယ်ရေး လုပ်ငန်းတွေ ကန့်သတ် ခံနေရတာတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီ တာဝန်ရှိသူတွေနဲ့ ညှိုနှိုင်းပြီး အကူအညီတွေ ပေးနိုင်အောင် ဆောင်ရွက်သွားမယ်လို့လည်း Martin Griffiths က ပြောဆိုသွားပါတယ်။
မုန်တိုင်းအလွန် အရေးပေါ် အကူအညီတွေ လိုအပ်နေတဲ့ ရခိုင်ပြည်နယ်မှာ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ လူသားချင်းစာနာမှု အကူအညီပေးရေး အဖွဲ့တွေရဲ့ လုပ်ငန်းတွေကို စစ်ကောင်စီက ကန့်သတ်ထားချိန်မှာ UNOCHA အကြီးအကဲ ခုလို မြန်မာနိုင်ငံကို လာရောက်တာဖြစ်ပါတယ်။
စစ်ခေါင်းဆောင်နဲ့ တွေ့ဆုံတာက လက်ရှိ ကန့်သတ်မှုတွေနဲ့ပတ်သက်လို့ ဆွေးနွေး ညှိနှိုင်းဖို့ ဖြစ်နိုင်တယ်လို့ ယူဆရပေမဲ့၊ တိုးတက်မှု တစုံတရာ မြင်ရဖို့တော့ မျှော်လင့်ချက် သိပ် မရှိဘူးလို့ အရပ်ဘက် လူမှုကူညီရေး အဖွဲ့တွေက ပြောကြာထားပါတယ်။
https://youtu.be/BNig00aKiSc

မြန်မာနိုင်ငံတစ်ဝန်းမှာ အကူအညီလိုအပ်နေတဲ့ ပြည်သူ ၁၈ သန်းကျော်အတွက် လိုအပ်နေတဲ့ ရန်ပုံငွေ တိုးမြှင့်ချထားပေးဖို့နဲ့ မြန်မာနိုင်ငံအတွင်းက ဒေသတွေကို ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် အကူအညီတွေ သွားရောက်ပေးအပ်ခွင့်ပြုဖို့ ကုလသမဂ္ဂ လူသားချင်းစာနာမှု အကူအညီပေးရေးဆိုင်ရာ…
👍12👏1😁1
Media is too big
VIEW IN TELEGRAM
မြန်မာနိုင်ငံတဝန်း အကူအညီ လိုအပ်နေသူ ၁၈ သန်းအတွက် အကူအညီပိုပေးခွင့်ပြုဖို့ UNOCHA အကြီးအကဲ တောင်းဆို
#PoliticalNews #mizzima #mizzimanews #mizzimadailynews #myanmarnews #todaynews #newsupdate #Reels #Shorts
#PoliticalNews #mizzima #mizzimanews #mizzimadailynews #myanmarnews #todaynews #newsupdate #Reels #Shorts
👍11😁2👏1
တော်လှန်ရေးအောင်မြင်မှာယုံကြည်ပေမယ့်ရန်သူကိုလျှော့ပေါ့တွက်ချက်တာမလုပ်ဖို့ကရင်နီစစ်ဦးစီးပြောကြား
=====================
ကရင်နီပြည်တပ်မတော် KA/ KNDF ကာကွယ်ရေး စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် အောင်မြတ်က လက်ရှိတော်လှန်ရေး အောင်မြင်နေပြီဖြစ်ပေမယ့် ရန်သူကို လျှော့ပေါ့တွက်ချက်တာမလုပ်ဖို့ သတိပေးလိုက်ပါတယ်။
ဩဂုတ်လ ၁၇ ရက်နေ့မှာ ကျရောက်တဲ့ ၇၅ နှစ်မြောက် ကရင်နီပြည် တပ်မတော်နေ့မှာ ကရင်နီပြည် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်မှူးချုပ် အောင်မြတ်က အခုလိုပြောကြားခဲ့တာဖြစ်ပါတယ်။
စစ်အာဏာရှင်တော်လှန်ရေးးမှာ "သတ်သင့်သောလူကို သတ်ရမှာပဲ။ သေသင့် သောလူလည်း သေရမှာပဲ"ဆိုတဲ့ တော်လှန် ရေး နိယာမ သဘောတရားဖြင့် ရန်ငါပြတ်နိုင်ကြရန်နဲ့ မတွေဝေကြရန် မြေပြင်တပ်မှူး၊ တပ်သားတွေကို ကရင်နီပြည် တပ်မတော် KA/KNDF စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်အောင်မြတ်က သတိပေး ပြောကြားထားတာပါ။
လက်ရှိ စစ်အာဏာရှင် တော်လှန်ရေးမှာ ဗမာလူမျိုးအများစုမှာ တော်လှန်ရေးမှာပါဝင် တော်လှန်လာကြပြီဖြစ်တာကြောင့် တော်လှန်ရေးအင်အားကောင်းမွန်လာပြီး အောင်မြင်ခြင်းသို့ ရောက်ရှိမည်ဟု လုံးဝယုံကြည်တယ်လို့လည်း ၎င်းက ပြောပါတယ်။
ဒါ့အပြင် နိုင်ငံရေးအချောင်သမားတွေ၊ ဘာသာရေးအချောင်သမားတွေကို မယုံကြည်ဖို့ ပြောကြားရင်း မိမိတို့ ကရင်နီလူမျိုးတွေဟာ သဘာဝဒဏ်ကို ခံနိုင်ပေမယ့် နိုင်ငံရေးဒဏ်ကို မခံနိုင်ကြဘူးလို့ ဆိုပါတယ်။
ကရင်နီပြည် တပ်မတော်နေ့အခမ်းအနားကို အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF တို့ သဝဏ်လွှာ ပေးပို့ခဲ့ပြီး စစ်အာဏာရှင်တော်လှန်ရေး လက်နက်ကိုင်တိုက်ပွဲဝင်နေတဲ့ အဖွဲ့အစည်းတွေ တက်ရောက်ခဲ့ကြပါတယ်။
အကြမ်းဖက်စစ်တပ်အနေနဲ့ မည်မျှပင် ရုပ်ပိုင်းဆိုင်ရာအင် အား သာလွန်နေစေကာမူ ကရင်နီပြည် စစ်မြေပြင်တွင် အလူး အလဲ ရှုံးနိမ့်လျက်ရှိကြောင်း၊ ကရင်နီတပ်မတော်၊ ကရင်နီ အ မျိုးသားကာကွယ်ရေးတပ်နဲ့ အခြားသော တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ထက်သန်ပြင်းပြတဲ့ တော်လှန် တိုက် ခိုက်လိုစိတ်၊ စစ်ရေးစွမ်းရည်နဲ့ ပူးပေါင်းအားထုတ်မှု များကို အလေးအနက် ဦးညွှတ်အသိအမှတ်ပြု ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။
အကြမ်းဖက် စစ်တပ်ကို လုံးဝအနားယူခွင့်မပေးဘဲ အမြစ်ပြတ်တဲ့ အထိ ဝိုင်းပတ်ချေမှုန်းရမယ့် တော်လှန်ရေးအဆုံး အဖြတ်ကာလသို့ မကြာမီရောက်ရှိလာတော့မှာဖြစ်ကြောင်း ကရင်နီတပ်မတော်နေ့မှာ အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာနက ပေးပို့တဲ့ သဝဏ်လွှာမှာ ထည့်သွင်းပြောကြားထားပါတယ်။
ကရင်နီပြည်တပ်မတော်ကို ၁၉၄၉ ခုနှစ်၊ ဩဂုတ်လ ၁၇ ရက်နေ့မှာ တပ်မှူး ခုနစ်ဦး၊ ရဲဘော် ခုနစ်ယောက်နဲ့ စတင်ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။
အကြမ်းဖက် စစ်တပ်ဟာ လေကြောင်း၊ သံချပ်ကာ၊ လက်နက်ကြီး၊ အမြောက်၊ အတွဲလိုက်ပစ်ဒုံးများကို အင်အားအလွန်အကျွံ အသုံးပြုပြီး ယနေ့အချိန်ထိ ကရင်နီ ပြည်နယ်ကို ထိုးစစ်ဆင်နေတာဖြစ်ပါတယ်။
လူဦးရေ သုံးသိန်းနီးပါးရှိတဲ့ ကရင်နီပြည် (ကယားပြည်နယ်)မှာ တိုက်ပွဲတွေကြောင့် လူဦးရေ နှစ်သိန်းကျော်ဟာ နေရပ်စွန့်ခွာနေရပြီး အများစုက ဒီးမော့ဆိုနဲ့ ဖရူဆိုမြို့နယ်အတွင်းမှာ ဖြစ်တယ်လို့ သိရပါတယ်။
https://youtu.be/Oja1DQXIJ4Y

ဩဂုတ်လ ၁၇ ရက်နေ့မှာ ကျရောက်တဲ့ ၇၅ နှစ်မြောက် ကရင်နီပြည် တပ်မတော်နေ့မှာ ကရင်နီပြည်…

👍13❤4😁2
ဝမ်ပေါင်ကုမ္ပဏီ၏ ကြေးနီတင်ကားတန်းကို မိုင်း ၁၇လုံး အသုံးပြုတိုက်ခိုက်
======================
ပါခွီး(မဇ္စျိမ) ။ ။ ဝမ်ပေါင်ကုမ္ပဏီ၏ ကားခုနစ်စီးပါ ကြေးနီတင်ယာဥ်တန်းကို အသွားအပြန်စောင့်၍ မိုင်း ၁၇ လုံး အသုံးပြုတိုက်ခိုက်ခဲ့ကြောင်း Brave Heart Army (BHA) က ဩဂုတ်လ ၁၇ရက်တွင် ထုတ်ပြန်သည်။
ထိုယာဥ်တန်း စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့မှ မုံရွာမြို့သို့ ကြေးနီသယ်ရန်ထွက်လာစဥ်တွင် တကြိမ်နှင့် မုံရွာမြို့မှ ကြေးနီများတင်ဆောင်ကာ စစ်ကိုင်းမြို့သို့ ပြန်ထွက်လာသည့် လမ်းတွင် သုံးကြိမ် စောင့်ကြိုတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
“ ကျွန်တော်တို့ ကြေးနီသယ်မယ့် ကားတန်းတွေကို အသွား၊အပြန် စောင့်ပြီးမိုင်း ၁၇လုံးနဲ့ တိုက်ခိုက်ခဲ့တာပါ ။ အသေအပျောက်ကိုတော့ အတည်မပြုနိုင်ပါဘူး ။ ကားတွေ ထိခိုက်ပျက်စီးသွားတယ်ဆိုတာတော့ သိရပါတယ်” ဟု BHA တာဝန်ရှိသူက ပြော သည်။
စစ်ကိုင်းမြို့မှ ကြေးနီသယ်ရန်ထွက်လာသည် ထိုယာဥ်တန်းကို ဩဂုတ်လ ၁၄ရက်နေ့ ညနေ ၄နာရီ ၃၅မိနစ်အချိန်တွင် မုံရွာ - မန္တလေး လမ်းပိုင်းတစ်နေရာ၌ ရှေ့ထွက်မိုင်း သုံးလုံးဖြင့် တိုက်ခိုက်ခဲ့ကြောင်း ၎င်းက ဆိုသည်။
ထိုနောက် ထိုယာဥ်တန်းသည် ဝမ်ပေါင်ကုမ္ပဏီက အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ) တွင် ထားရှိထားသည့် ကြေးနီများကို သွားရောက်သယ်ဆောင်လာပြီး စစ်ကိုင်းသို့ ပြန်အလာလမ်းတွင် ဩဂုတ်လ ၁၅ရက် ညနေ၅နာရီ ၁၆မိနစ်က ပတ်လည်ကွဲ မိုင်းကြီ ငါးလုံးဖြင့် တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ ထိုနောက် ဩဂုတ်လ ၁၅ရက် ည ၁၂နာရီ ၄၂မိနစ်အချိန်တွင် မိုင်းသုံးလုံး၊ ည၁၂နာရီ ၄၇မိနစ်တွင် ပတ်လည်ကွဲ မိုင်းခြောက်လုံးတို့ဖြင့် ထပ်မံ ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်းသိရသည်။
အဆိုပါတိုက်ခိုက်မှုများကို မုံရွာဒေသခံတော်လှန်ရေးတပ်ပေါင်းစု (MLRU) တပ်ခွဲ (၂) Brave Heart Army မှ ဦးဆောင်ပြီး Chindwin Fighter Group တို့ ပူးပေါင်းဆာင်ရွက်ခဲ့ခြင်းဖြစ်ပြီး ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းအသိပေးထားသည်။
စာတည်း။ ။အောင်ကျော်ဖြိုး
https://youtu.be/SY5GJrJU3rs
#Mizzima
#ကြေးနီတင်ကားတန်း
#ဝမ်ပေါင်ကုမ္ပဏီ

ထိုယာဥ်တန်း စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့မှ မုံရွာမြို့သို့…

👍17👏3❤2🔥1😁1
Media is too big
VIEW IN TELEGRAM
တော်လှန်ရေးအောင်မြင်မှာယုံကြည်ပေမယ့်ရန်သူကိုလျှော့ပေါ့တွက်ချက်တာမလုပ်ဖို့ကရင်နီစစ်ဦးစီးပြောကြား
Watch more detail - https://youtu.be/Oja1DQXIJ4Y
#PoliticalNews #mizzima #mizzimanews #mizzimadailynews #myanmarnews #todaynews #newsupdate #Reels #Shorts
Watch more detail - https://youtu.be/Oja1DQXIJ4Y
#PoliticalNews #mizzima #mizzimanews #mizzimadailynews #myanmarnews #todaynews #newsupdate #Reels #Shorts
👍13❤5🔥1😁1
ပေါက်ခေါင်းနှင့် မင်းလှတွင် အုပ်ချုပ်ရေးမှူးနှင့် ပျုစောထီးဆိုသူ ၂ဦးပစ်ခတ်ခံရပြီး သေဆုံး
======================
ရွှေနွယ်
(မဇ္ဈိမ)။ ။ပေါက်ခေါင်းနှင့်မင်းလှမြို့နယ်တွင် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးနှင့် ပျူစောထီးဆိုသူနှစ်ဦးသည် ဒေသကာကွယ်ရေးတပ်ဖွဲ့များ၏ ပစ်ခတ်မှုကြောင့် သေဆုံးသွားသည်ဟု ပဲခူးတိုင်းတော်လှန်ရေးတပ်ဖွဲ့အသိုင်းအဝိုင်းထံမှသိရသည်။
ပေါက်ခေါင်းမြို့နယ်၊ အင်ငါးခွကျေးရွာအုပ်စု၊တာကောက်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဇော်လင်းအောင်ကို ဩဂုတ်လ ၁၆ ရက်နေ့ ညနေတွင် ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ပေါင်းတည်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PPDF က သတင်းထုတ်ပြန်သည်။
ပေါက်ခေါင်း−ပြည် ကားလမ်းဘေး၌ ခြင်းလုံးခတ်နေစဉ် သေနတ်ဖြင့် ခြောက်ချက် ပစ်ခတ်ခဲ့ခြင်းဖြစ်
ဦးဇော်လင်းအောင်သည် စစ်ကောင်စီတပ်သား၊ ရဲများနှင့်ပူးပေါင်း၍ သစ်ကားများအားလိုင်းကြေးကောက်ခံခြင်း၊ လောင်းကစားဝိုင်းများအား လစဉ်ကြေးယူ ဖွင့်လှစ်စေခြင်း တို့လုပ်ဆောင်နေသလို ဒေသခံ ပြည်သူများအားအနိုင်ကျင့်ဗိုလ်ကျနေသူဖြစ်ကြောင်း ပေါင်းတည်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PPDF ၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
မင်းလှမြို့နယ်တွင်လည်း မြို့ချောင်း−စိန်ကန့်လန့် ရိုးမဖြတ်ကျော်လမ်းရှိ ပျဉ်းကတိုးခင်းသစ်တောဂိတ်တွင် စစ်ကောင်စီနှင့်ပေါင်းပြီး ငွေကြေးကောက်နေသည့် ပျူစောထီးဆိုသူ ဦးအေးလွင်ဦးနှင့် ၎င်း၏ဇနီးဖြစ်သူ ဒေါ်ခင်စန်းဝင်းကို ဩဂုတ်လ ၁၇ရက် နေ့လယ်တွင်ပစ်ခတ်ခဲ့သည်ဟု သာယာဝတီခရိုင် တပ်ရင်း (၃၈၀၂) တပ်ခွဲ (၅)က ထုတ်ပြန်သည်။
၎င်းတို့နှစ်ဦးသည် ပဲခူးရိုးမအတွင်းရှိ PDF စခန်းများကို စစ်ကောင်စီတပ်ထံ သတင်းပေးတိုင်ကြားခြင်း၊ စစ်ကောင်စီတပ်သားများအတွက် ရိက္ခာထောက်ပံ့ခြင်းနှင့် ရိုးမအတွင်းမှ သစ်ခိုးထုတ်နေမှုများကို ဆက်ကြေးကောက်ပေး၍ စစ်ကောင်စီတပ်မှ ဝင်ငွေရရှိစေရန်ကြိုးပမ်းပေးနေမှုများကြောင့် အချိန်ယူစောင့်ကြည့် စိစစ်အတည်ပြုပြီးမှ ပစ်ခတ်ရှခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ရိုးမဖြတ်ကျော်လမ်းမှတဆင့် သစ်ခိုးထုတ်မှုများကို တားဆီးရန်ဟုဆိုကာ ပြီးခဲ့သည့်ဇူလိုင်လမှစပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက စစ်ရေးလှုပ်ရှားမှုစတင်ခဲ့သည်။ ဒေသခံများအနေဖြင့် စစ်ကောင်စီတပ်နှင့် နီးကပ်စွာသွားလာနေထိုင်ခြင်း၊ ပတ်သက်ခြင်းမပြုရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက သတိပေးထားသည်။
သြဂုတ်လ ၁၃ ရက်နေ့ကလည်း ရိုးမဖြတ်ကျော်လမ်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ လိုက်ပါလာသည့် ကားတစီးကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ (၅) မှ တိုက်ခိုက်ခဲ့သည်။
စာတည်း - မောင်ကြီး
#mizzima
#ပေါက်ခေါင်း
#မင်းလှ
#စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး
#ပျူစောထီး
Photo - ရိုးမဖြတ်လမ်းတွင် လုံခြုံရေးယူထားသော ပြည်သူ့ကာကွယ်ရေးရဲဘော်များ

👍14❤2🔥2
This media is not supported in your browser
VIEW IN TELEGRAM
Aug - 18 [2 Pm] Mizzima News Hour
Mizzima Headline News
#2pmnews #mizzimanewshour #mizzima #mizzimanews #mizzimadailynews #myanmarnews #todaynews #newsupdate #Reels #Shorts

👍5🌭1🍌1