ဆီဗီလာဂိုးသမား ဘိုနို ဆော်ဒီကလပ် အလ်-ဟီလာလ်နဲ့ ပူးပေါင်း
==================
ဆီဗီလာအသင်းရဲ့ မော်ရိုကိုဂိုးသမား ယာစင် ဘိုနိုဟာ ဆော်ဒီအာရေးဗီးယားရဲ့ ချမ်းသာကြွယ်ဝမှုတွေအတွက် ဥရောပကနေ ထွက်ခွာသွားတဲ့ နောက်ဆုံးနာမည်ကြီးဖြစ်လာပြီး အလ်-ဟီလာလ်အတွက် စာချုပ်လိုက်ကြောင်း ၎င်းတို့နှစ်သင်းက သောကြာနေ့မှာ ကြေညာခဲ့ပါတယ်၊
မန်ချက်စတာစီးတီးနဲ့ ကစားခဲ့တဲ့ UEFA စူပါဖလားပွဲစဉ်မှာ ပါဝင်ခဲ့တဲ့ ဘိုနိုဟာ ပဲရစ်စိန့်ဂျာမိန်းမှ နေမာ ပြောင်းရွှေ့လာပြီးနောက် အခုအပတ် အလ်-ဟီလာလ်အတွက် ဒုတိယမြောက် ခေါ်ယူမှုကြီးဖြစ်လာခဲ့ပါတယ်။
Ref; AFP
Photo: Al-Hilal/Twitter
#yassinebounou
#AlHilal
#Sevilla

👍3😁1
ကရင်နီတွင် ဘုရားရှိခိုးကျောင်းလေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခံရ၊ ထိတွေ့တိုက်ပွဲပြန်ဖြစ်နိုင်၍ ပြည်သူများ စစ်ရေးသတိရှိစွာ သွားလာကြရန် KNDF သတိပေး
😢6👍2😁2

001၊ ကိုဇာနည်
(မဇ္စျိမ) ။ ။ ကရင်နီပြည်၊ ထီးသော်ကူး ကျေးရွာရှိ "သနားခြင်းမယ်တော် " ဘုရားကျောင်းကို စစ်ကောင်စီက တိုက်ပွဲနှင့် သက်ဆိုင်မှုမရှိဘဲ လေယာဥ်ဖြင့် ဗုံးကြဲခဲ့၍ ဘုရားကျောင်းအဆောက်အအုံအပြင် ဝန်းအတွင်းရှိ အခြားအဆောက်အအုံများနှင့် ခြံစည်းရိုးအုတ်တံတိုင်းများ ထိခိုက်ပျက်စီးခဲ့ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က ယနေ့ ဩဂုတ်လ ၁၈ ရက်နေ့တွင် ထုတ်ပြန်သည်။
ထိုဘုရားကျောင်းကို ပြီးခဲ့သည့် ဩဂုတ်လ ၁၂ ရက်နေ့ ညပိုင်းစစ်ကောင်စီက တိုက်လေယာဥ်တစ်စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ထီးသော်ကူးကျေးရွာအနီး စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီနှင့် ကရင်နီပူးပေါင်းတပ်များ အကြား ထိတွေ့ တိုက်ပွဲဖြစ်ပွားပြီး ပြန်လည်ငြိမ်သက်ချိန်တွင် ထိုသို့ ဗုံးကြဲခံရခြင်းဖြစ်ကြောင်း သိရသည်။
ထို့ပြင် တိုက်ပွဲဖြစ်ပွားခဲ့သည့် နေရာများတွင် ထိတွေ့တိုက်ပွဲ အချိန်မရွေး ပြန်ဖြစ်နိုင်၍ ပြည်သူများ စစ်ရေးသတိရှိရန် KNDFက သတိပေးထားသည်။
ဒီးမော့ဆို - ဖရူဆို ပြည်ထောင်စုလမ်းမကြီးပေါ်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီ၏ တပ်မ( ၅၅ )လက်အောက်ခံ တပ်ရင်းများနှင့် ကရင်နီပူးပေါင်းအဖွဲ့များအကြား ဩဂုတ်လ ၂ ရက်နေ့မှ ဩဂုတ်လ ၁၄ ရက်နေ့အထိ နှစ်ဖက်ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး လက်ရှိတွင်လည်း စစ်ရေးတင်းမာနေကြောင်း သိရသည်။
အဆိုပါ ကာလအတွင်း ထွေလီဗီလာ၊ ငွေတောင်ရွာသစ်၊ ကဒါးလားနှင့် ထီးသော်ကူး ကျေးရွာတို့တစ်လျှောက် တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားခဲ့ကြောင်း KNDF ကဆိုထားသည်။
ဒီးမော့ဆိုမြို့နယ်၊ ငွေတောင်ရွာသစ် ကျေးရွာတွင် သြဂုတ်လအတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်မှ ၃၀ ဦးထက်မနည်း သေဆုံးခဲ့ကာ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်း ဖရူဆို PDF ကလည်း ဩဂုတ်လ ၁၈ ရက်နေ့တွင် ထုတ်ပြန်သည်။
“ဗွီဒီယိုဖိုင်လည်း တင်ထားပါတယ်။ အဲ့ဒီမှာ သူတို့သေနေတဲ့ဟာတွေလည်း တွေ့မှာပါ။ အဲ့ဒီဗီဒီယိုဖိုင်အရ သူတို့ တော်တော်လေး သေထားတယ်။ ပြီးတော့ အဲ့ဒီမတိုင်ခင်ကလည်း သူတို့ ဟိုအိမ်ကြား ဒီအိမ်ကြားမှာ လိုက်မြှုပ်ထားတဲ့အလောင်းတွေကိုရေတွက်ခြင်းအားဖြင့် ၃၀ ထက်တော့များတယ်။ ဒါက ငွေတောင်ရွာသစ် တရွာထဲမှာပဲရှိသေးတဲ့အလောင်းတွေပေါ့”ဟု ဖရူဆို PDF ကပြောသည်။
အဆိုပါ ကျေးရွာများတွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများအတွင်း နှစ်ဖက်ထိခိုက်ကျဆုံးမှုအခြေအနေများနှင့် ပတ်သက်ပြီး မဇ္စျိမအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။
နှစ်ဖက်ထိတွေ့တိုက်ပွဲကာလအတွင်း စစ်ကောင်စီဘက်က လေကြောင်း အသုံးပြုတိုက်ခိုက်မှုများလည်း ပြုလုပ်ခဲ့ကြောင်းလည်း KNDFကဆိုသည်။
လက်ရှိတွင် ထိုသို့ နှစ်ဖက်စစ်ရေးတင်းမာနေမှုအခြေအနေများကြောင့် ဒီးမော့ဆို - ဖရူဆို လမ်းမကြီးတလျှောက် ဖြတ်သန်းသွားလာခြင်းမပြုလုပ်ရန် KNDFက တိုက်တွန်းထားသည်။
စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima
#"သနားခြင်းမယ်တော် " ဘုရားကျောင်း
#ထိတွေ့တိုက်ပွဲ
ပုံအညွှန်း- သြဂုတ်လ ၁၂ရက်နေ့က လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့် ဘုရားကျောင်းနှင့် သြဂုတ်လ ၁၀ ရက်တိုက်ပွဲအတွင်း စစ်ကောင်စီထံမှ သိမ်းဆည်းရရှိခဲ့သည့် လက်နက်ခဲယမ်းများ(ဓာတ်ပုံ- KNDF ၊ PDF Hpruso)
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

😢8🤬3😁2👎1
ယင်းမာပင်မြို့ ချင်းတွင်းမြစ်ကြောင်းတလျှောက်ကျေးရွာများမှ ဒေသခံများ မိုးထဲလေထဲစစ်ရှောင်နေရ
-====================
(မဇ္စျိမ) ။ ။စစ်ကိုင်းတိုင်း ၊ ယင်းမာပင်မြို့နယ်၊ ချင်းတွင်း မြစ်ကြောင်းတလျှောက်ကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေတာကြောင့် ကျောက်မှော် ၊ စုန်းချောင်း ၊ စည်သူ ၊ ပန်းတိမ်ပြင် ၊ ကျောက်ကုန်း ၊ နွားခြံကုန်း စတဲ့ ကျေးရွာ ၁၀ ရွာက ဒေသခံပြည်သူ ၁၀,၀၀၀ ကျော် မိုးထဲ၊လေထဲ စစ်ရှောင်နေရပါတယ်။
စစ်ကောင်စီတပ်က ကုန်းကြောင်းရော ရေကြောင်းကပါ အင်အားသုံးစစ်ကြောင်းထိုးနေတာကြောင့် ဒေသခံတွေဟာ တစ်နေရာကနေ တစ်နေရာ ကို ရွှေ့ပြောင်းနေထိုင်ကြရပြီး စစ်ကောင်စီရဲ့ လက်နက်ကြီးတွေကြောင့် ဝေးနိုင်သမျှ အဝေးဆုံးကို ရှောင်ပြေးနေရပါတယ်။
စစ်ရှောင်ရက် ကြာလာတာနဲ့အမျှ စားဝတ်နေရေးနဲ့ ကျန်းမာရေးခက်ခဲလာတာအပြင် မိုးရာသီကြောင့် အမိုးအကာတွေပါ လိုအပ်နေတယ်လို့ သိရပါတယ်။
တင်ဆက်-လွှမ်းမိုး
ရုပ်သံတည်းဖြတ်-ဂျူချန်း
https://youtu.be/1i78gfW35YY
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U

YouTube
ယင်းမာပင်မြို့ ချင်းတွင်းမြစ်ကြောင်းတလျှောက်ကျေးရွာများမှ ဒေသခံများ မိုးထဲလေထဲစစ်ရှောင်နေရ
(မဇ္စျိမ) ။ ။စစ်ကိုင်းတိုင်း ၊ ယင်းမာပင်မြို့နယ်၊ ချင်းတွင်း မြစ်ကြောင်းတလျှောက်ကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေတာကြောင့် ကျောက်မှော် ၊ စုန်းချောင်း ၊ စည်သူ ၊ ပန်းတိမ်ပြင် ၊ ကျောက်ကုန်း ၊ နွားခြံကုန်း စတဲ့ ကျေးရွာ ၁၀ ရွာက ဒေသခံပြည်သူ ၁၀,၀၀၀ ကျော် မိုးထဲ၊လေထဲ…
🤬8👍2😁2😢1
မြင်းမူမြို့နယ်အတွင်း စစ်ကောင်စီယာဥ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ
====================
ပါခွီး (မဇ္စျိမ) ။ ။ စစ်ကိုင်းတိုင်း ၊ မုံရွာမြို့မှ စစ်ကိုင်းဖက်သို့ထွက်လာသော တွဲကားသုံးစီးဖြင့် လိုက်ပါလာသည့် စစ်ကောင်စီတပ်သားများကို မြင်းမူမြို့နယ်အတွင်း မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း မြင်းမူလင်းယုန်နက်ကာကွယ်ရေးတပ်ဖွဲ့ (Black Eagle Defence Force – MMU)က ဩဂုတ်လ ၁၈ရက် ယနေ့တွင် ထုတ်ပြန်သည်။
မုံရွာ -မန္တလေးလမ်းပိုင်းတလျောက်တွင် စစ်ကောင်စီတပ်သား ကင်းပုန်းများအပြည့် ချထားသည့်ကြားမှ စစ်ကောင်စီယာဥ်တန်းကို ဩဂုတ်လ ၁၅ရက်နေ့တွင် ကာကွယ်ရေးတပ်ဖွဲ့ မဟာမိတ်များက ပဒေသာမိုင်းများဖြင့်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
“စစ်ကောင်စီရဲ့ ကားတွေကို ထိခိုက်ပျက်စီးသွားတာတွေရှိပါတယ်၊ သေဆုံးဒဏ်ရာ ရတာတွေကိုတော့ အတိအကျ မသိရသေးပါဘူး” ဟု မြင်းမူလင်းယုန်နက် ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက မဇ္စျိမကိုပြောသည်။
စစ်ကောင်စီတပ်သားများလိုက်ပါလာသည့် တွဲကားသုံးစီးကို မြင်းမူမြို့နယ် အလ္လကပ္ပ ကျေးရွာနှင့် ဘဘိုးမင်းကြီးကင်းကျေးရွာအကြားတွင် ညနေ ၅နာရီ ၄၇မိနစ်အချိန် တွင် ပဒေသာမိုင်း ကိုးလုံးအသုံးပြု၍ သုံးကြိမ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။
အဆိုပါယာဥ်တန်းကိုပင် အလ္လကပ္ပနှင့် ဝမ်းပြည့်ကျေးရွာအကြား ပဒေသာမိုင်း ခုနစ်လုံး သုံး၍ နှစ်ကြိမ်တိုက်ခိုက်ခဲ့ရာ ကားမှာ တာယာများပွင့်ထွက်သွားပြီး ဝမ်းပြည့် ရွာထဲတွင် ထိုးရပ်သွားခဲ့ကြောင်း သိရသည်။
ခဏအကြာတွင် ၎င်းတွဲကားကို တာယာမပါဘဲ ဂွေအတိုင်း မြင်းမူမြို့ထဲသို့ မောင်းနှင်သွားသည်ကို ပြန်လည်သိရှိရကြောင်း ဆိုသည်။
တိုက်ခိုက်မှုများတွင် ပဒေသာမိုင်း ၁၆ လုံးကို အသုံးပြု၍ ငါးကြိမ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီယာဥ်တန်း နောက်ဆုံးကားကို ထိမှန်ခဲ့ပြီး သေဆုံးဒဏ်ရာရရှိမှုများကို မသိရှိရသေးကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြသည်။
မိုင်းဆွဲတိုက်ခိုက်မှု တစ်ကြိမ်ပြီးတိုင်းတွင် စစ်ကောင်စီတပ်မှ တရစပ်ပြန်လည် ပစ်ခတ်ခဲ့သော်လည်း ကာကွယ်ရေးရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါတိုက်ခိုက်မှုကို Black Eagle Defence Force နှင့် မြင်းမူမြို့နယ် ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ပကဖ) ၊ T.G.R People’s Defense Force – Myanung ၊ ကျောက်ဆည်ခရိုင် အမှတ်(၂) တပ်ရင်းတို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
စာတည်း - သန့်ဇော်(သန်လျင်)
https://youtu.be/jZaQV7hbuok
#mizzima
#မြင်းမူမြို့နယ်
#MMU
#ပဒေသာမိုင်း
#hardnews
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U

ပါခွီး (မဇ္စျိမ) ။ ။ စစ်ကိုင်းတိုင်း ၊ မုံရွာမြို့မှ စစ်ကိုင်းဖက်သို့ထွက်လာသော တွဲကားသုံးစီးဖြင့် လိုက်ပါလာသည့် စစ်ကောင်စီတပ်သားများကို မြင်းမူမြို့နယ်အတွင်း မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း မြင်းမူလင်းယုန်နက်ကာကွယ်ရေးတပ်ဖွဲ့ (Black Eagle Defence Force – MMU)က…
👏9👍6❤2🥱2
လက်ခတ်တောင်စခန်းကို စစ်ကောင်စီတပ်က လေယာဉ် ၃စီးဖြင့် ဗုံးကြဲ
=====================
သွင်ထူးဈာန်
ကော်သူးလေ(မဇ္ဈိမ)။ ။ ကရင်ပြည်နယ်၊ မြဝတီမြို့အနီး KNU တပ်မဟာ(၆) ထိန်းချုပ်နယ်မြေအတွင်းရှိ လက်ခတ်တောင်စခန်းကုန်းကို ယနေ့ ဩဂုတ်လ ၁၈ရက်နေ့ နေ့လယ် ၁ နာရီခွဲဝန်းကျင်တွင် စစ်ကောင်စီတပ်မှ တိုက်လေယာဉ် သုံးစီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ရှေ့တန်းရောက်ရှိနေသည့် မဇ္ဈိမသတင်းထောက်က အတည်ပြုပြောကြားသည်။
“နေ့လယ် ၁နာရီ ၂၅မိနစ်လောက်မှာ ပထမဆုံးတလုံး ကြဲတယ်၊ နောက် ငါးမိနစ်မှာ ဒုတိယအလုံး၊ ၁၀မိနစ်လောက်မှာ တတိယအလုံးကြဲတယ်၊ လာကြဲတာက သုံးစီး၊ တိုက်လေယာဉ်လို့ပဲ ခန့်မှန်းလို့ပဲရမယ်၊ အမျိုးအစားမသိသေးဘူး၊ အရင်လို လေယာဉ်သံ အရင်ကြားပြီးမှ ဗုံးကြဲတာမဟုတ်ဘူး၊ ဗုံးကြဲပြီးမှ လေယာဉ်သံကြားတာ” ဟု မဇ္ဈိမသတင်းထောက်က ပြောသည်။
လက်ခတ်တောင်ပေါ်ရှိ စခန်းများကို ဗုံး သုံးလုံးဖြင့် စစ်ကောက်စီမှ လေကြောင်းတိုက်ခိုက်ခဲ့ပြီး ယင်းတိုက်ခိုက်မှုကြောင့် သာသနိကအဆောက်အဦများ ပျက်စီးခဲ့ကာ တော်လှန်ရေးတပ်ဖွဲ့များဘက်မှ ထိခိုက်မှုမရှိခဲ့ကြောင်းသိရသည်။
အဆိုပါ လက်ခတ်တောင်စခန်းကုန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဖြစ်သည့် ကော်ဘရာစစ်ကြောင်း(၁)နှင့် ကျားသစ်နက်စစ်ကြောင်းတို့မှ ဇူလိုင်လ၂၁ရက်နေ့တွင် တိုက်ခိုက်သိမ်းယူနိုင်ခဲ့ခြင်းဖြစ်သည်။
သိမ်းပိုက်ခံလိုက်ရသည့် လက်ခတ်တောင်စခန်းကုန်းကို စစ်ကောင်စီမှ ပြန်လည်သိမ်းယူရန် ၁၀ကြိမ်ကျော် စစ်ကြောင်းထိုး ထိုးစစ်ဆင်နေသော်လည်း အထိအခိုက်အကျဆုံးများကာ တပ်ဆုတ်ခွာခဲ့ရသည်။
ပြီးခဲ့သည့် ဩဂုတ်လ ၁၅ရက်နေ့တွင် စစ်ကောင်စီတပ် တပ်မ(၄၄) လက်အောက်ခံ တပ်ရင်းများနှင့် ဗိုလ်ချစ်သူ ဦးဆောင်သည့် ကရင်နယ်ခြားစောင့်တပ်(BGF)တို့မှ မြေပြင်အင်အား အလုံးအရင်းဖြင့် စစ်ကြောင်းထိုးရုံမက လေကြောင်းတိုက်ခိုက်မှုကိုပါ ပြုလုပ်ခဲ့သော်လည် သေဆုံးအထိအခိုက်များကာ ဆုတ်ခွာထွက်ပြေးခဲ့ရကြောင်း ကော်ဘရာစစ်ကြောင်းထံမှ သိရသည်။
အဆိုပါနေ့ တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ဗိုလ်ကြီးတဦး၊ ဗိုလ်မှူးတဦး အပါအဝင် ၁၅ဦးသေဆုံး ၂၁ဦးဒဏ်ရာရရှိကာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ နှစ်ဦးကျဆုံးကာ ငါးဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#BGF
#ကရင်ပြည်နယ်
#မြဝတီမြို့
#Hardnews
#Ethnic
ပုံစာ - ကော်ဘရာစစ်ကြောင်း

👍13❤5👏3🤬1😢1
ထိုင်း-မြန်မာနယ်စပ်ရှိ ရွှေ့ပြောင်းစာသင်ကျောင်းသို့ UG Supporter Group မှ လှူဒါန်းမှုများပြုလုပ်
👍14😁2❤1
ထိုင်း-မြန်မာနယ်စပ်ရှိ ရွှေ့ပြောင်းစာသင်ကျောင်းသို့ UG Supporter Group မှ လှူဒါန်းမှုများပြုလုပ်
====================
ဂန္ဒမာ
(မဇ္ဈိမ)။ ။ ထိုင်း-မြန်မာ နယ်စပ် တနေရာတွင်ဖွင့်လှစ်ထားသော ရွှေပြောင်းစာသင်ကျောင်း တကျောင်းသို့ UG Supporter Groupမှ ယနေ့ ဩဂုတ်လ ၁၈ ရက်တွင်သွားရောက်ကာ လှူဒါန်းမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။
"ဒီနေ့မှ သွားရောက်လှူဒါန်းတယ်ဆိုတာ ထပ်အချိတ်ဆက်ရပြီး ကူနေတာ သုံးလ လေးလ လောက်ရှိပါပြီ။ ကျွန်တော်တို့က မြန်မာနိုင်ငံသားတွေလေ၊ တိုင်းတပါးကိုအကြောင်းကြောင်းကြောင့် ရောက်လာတဲ့ ကျွန်တော်တို့မြန်မာနိုင်ငံသားရွှေ့ပြောင်းကျောင်းသား ကျောင်းသူကလေးငယ်လေးတွေကို တတ်နိုင်တဲ့ဘက်က ကူညီရမှာပဲ ကိုယ့်အချင်းချင်းကမှ မစည်းလုံးရင် တိုင်းတပါးကပိုပြီးဖိနှိပ်သွားမှာပေါ့ဗျာ။" ဟု UG Supporter Group(USG) မှ တာဝန်ရှိသူက လှူဒါန်းရသည့်အကြောင်းအရင်းကို ပြောသည်။
ရွှေ့ပြောင်းစာသင်ကျောင်း၌ မူကြိုတန်းမှစတင်ကာ ရှစ်တန်းအထိ ပညာသင်ကြားနိုင်ပြီး တက်ရောက်နေသူဦးရေ ၂၄၈ ဦးရှိကြောင်း သိရသည်။ အဆိုပါကျောင်းသည် မြန်မာနိုင်ငံ၌ စစ်အာဏာသိမ်းမှုပေါ်ပေါက်လာသောအခါ ကျောင်းနေရာပြောင်းရွှေ့ဖွင့်လှစ်ရသည့်အတွက် အစအဆုံးပြန်လည် ထူထောင်ရသည့် ကျောင်းဖြစ်သည်ဟု ဆိုသည်။
အလှူရှင်များ၏ ပါဝင်မှုဖြင့် ရွှေ့ပြောင်းစာသင်ကျောင်းရှိ ဆရာ၊ ဆရာမများအတွက် ဆန် ၊ ဆီ နှင့် ကျောင်းသူကျောင်းသားများအတွက် မုန့် အာဟာရတို့ကို ပံ့ပိုးပေးကာ ကျောင်းစာသင်ရာတွင်လိုအပ်နေသော သင်ထောက်ကူပစ္စည်းများကိုလည်း ကူညီဖြစ်ကြောင်း ပြောသည်။
UG Supporter Group(USG) ဖွဲ့စည်းမှုမှာ အချိန် တနှစ်ကျော် ကြာမြင့်လာပြီဖြစ်ပြီး လက်ရှိအချိန်ထိ မြို့ပြပြောက်ကျား(UG) အဖွဲ့များ၊ မြေပြင်သပိတ်အဖွဲ့များ ၊ စစ်ရှောင်ပြည်သူများ ၊ PDF အဖွဲ့များနှင့် အခြားသော တော်လှန်ရေးအသိုင်းအဝိုင်းမှ အခက်အခဲဖြစ်နေသည့်သူများကို စိစစ်ကာ အလှူရှင်တို့၏ ထောက်ပံ့ကူညီမှုအားများဖြင့် ကူညီပို့ဆောင်ပေးနေတဲ့ထောက်ပို့အဖွဲ့ဖြစ်သည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#USG
#PDF
#ထိုင်း-မြန်မာ
#Hardnews
ပုံစာ- ထိုင်း-မြန်မာနယ်စပ်ရှိ ရွှေ့ပြောင်းစာသင်ကျောင်း

🥰8👍3😁2
Chinese job seekers raise concerns about youth unemployment
======================
https://youtu.be/N5xMPY1o_gc

"There are more and more university graduates, and there are fewer jobs left because of the pandemic. I think most people will be worried," says Yang Yao, a 21-year-old job seeker outside of a local employment fair in Beijing.
China's government said on…
China's government said on…
😁2
အလုပ်သမားများအပေါ် မတရားပြုကျင့်သည့် သတင်းများကြောင့် H&M ကုမ္ပဏီက မြန်မာမှ ထွက်ခွာမည်
====================
မြန်မာနိုင်ငံ၏ အထည်ချုပ်စက်ရုံများတွင် အလုပ်သမားများအပေါ် မတော်မတရား ပြုကျင့်သည်ဆိုသော သတင်းများ တိုးများလာခြင်းကြောင့် ကမ္ဘာ့ဒုတိယအကြီးဆုံး ဖက်ရှင်လက်လီဖြန့်ချိသည့် H&M ကုမ္ပဏီက မြန်မာနိုင်ငံမှ လုပ်ငန်းများကို တဖြည်းဖြည်း ရပ်တန့်သွားရန် ဆုံးဖြတ်လိုက်သည်။

👍9👏3😁1