ခင်ဦးတွင် ရင်ခွင်ပိုက်ကလေးငယ်ကို စစ်တပ်ကပစ်သတ်ပြီး ရုပ်အလောင်း ပြန်မပေး၊ မိခင်နှင့် ကျန်ကလေးငယ်ပါ ဖမ်းဆီး
🤬15😁2😢2😭2🔥1
ခင်ဦးတွင် ရင်ခွင်ပိုက်ကလေးငယ်ကို စစ်တပ်ကပစ်သတ်ပြီး ရုပ်အလောင်း ပြန်မပေး၊ မိခင်နှင့် ကျန်ကလေးငယ်ပါ ဖမ်းဆီး
====================
MTO
(မဇ္ဈိမ) ။ ။ စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် မြကန်သာရပ်ကွက် အရှေ့ပိုင်းရှိ နေအိမ်တခုကို စစ်ကောင်စီတပ်ဖွဲ့ က ပစ်ခတ်ဝင်ရောက်စီးနင်းရာ တနှစ်ခွဲအရွယ် အမွှာကလေးငယ် နှစ်ဦးထဲမှ တဦးကျည်ထိမှန် သေဆုံးသွားကြောင်း ဒေသခံများက မဇ္ဈိမကို ပြောသည်။
စစ်ကောင်စီတပ်သည် သေဆုံးသွားသည့် ကလေးငယ်၏ ရုပ်အလောင်းကိုလည်း ပြန်မပေးသည့်အပြင် မိခင်ဖြစ်သူနှင့် ကျန်အမွှာကလေးငယ် တဦးကိုပါ ရဲစခန်းသို့ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဆိုသည်။
ထိုဖြစ်ရပ်သည် ဩဂုတ်လ ၁၇ ရက်နေ့ ည ၁၁ နာရီအချိန်က ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
မြကန်သာရပ်ကွက်ရှိ မသီတာဦးဆိုသူ အမျိုးသမီး၏ နေအိမ်သို့ ကာကွယ်ရေးပြောက်ကျားတပ်ဖွဲ့ဝင်များ ရောက်နေသည်ဆိုဟုကာ ခင်ဦးမြို့မ ရဲစခန်းမှ အင်အား ၅၀ ခန့် ဖြင့် ဝင်ရောက်စီးနင်းချိန် တနှစ်ခွဲသား ကလေးငယ်၏ ဦးခေါင်းကို ကျည်ထိမှန် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ခင်ဦး သတင်းမှန်ပြန်ကြားရေးအဖွဲ့ က ကိုနေသူရက ပြောသည်။
“သတင်းပေးဒလန်က မသီတာဦးရဲ့ အိမ်မှာ UG တွေ ရောက်နေတယ်ဆိုပြီး သတင်းပေးလို့ စစ်ကောင်စီတပ်က အိမ်ကိုဝိုင်းပြီး ပစ်ဖမ်း ဖမ်းတာ၊ ကလေးငယ်ရဲ့ ဦးခေါင်းကို ကျည်ထိမှန်သေဆုံးသွားတာ” ဟု ၎င်းက ပြောသည်။
စစ်ကောင်စီတပ်ဖွဲ့သည် မိခင်ဖြစ်သူ မသီတာဦးနှင့် အသက်မသေဘဲ ကျန်ရှိနေသည့် အမွှာကလေးငယ်ကို ခင်ဦးမြို့မ ရဲစခန်းသို့ ဖမ်းဆီးခေါ်ဆောင်သွားသည်။
ယင်းနောက် ဩဂုတ်လ ၁၈ ရက်နေ့ နံနက်ပိုင်းတွင် ကလေးငယ်ကို ဆွေးမျိုးများ လက်ထဲသို့ ပြန်အပ်လိုက်သော်လည်း သေဆုံးသွားသော ကလေးငယ်၏ ရုပ်အလောင်းကိုမှု ပြန်ပေးခြင်း မရှိပေ။
ထို့ပြင် မိခင်ဖြစ်သူ မသီတာဦးကိုလည်း စစ်ကောင်စီက ဆက်လက်ဖမ်းဆီးထားကြောင်း သိရသည်။
“မသီတာဦးကို အကြမ်းဖက်အားပေးကူညီမှုတွေနဲ့ နဲ့ အမှုဖွင့်ပြီး ခင်ဦးမြို့မ ရဲစခန်းကိုမှာ ချုပ်နှောင်ထားတယ်၊ ကလေးငယ်ကိုတော့ အချုပ်ထဲ မထားဘူးဆိုပြီး မသီတာဦးရဲ့ အမျိုးတွေကို ခေါ်ပြီးပြန်ထည့်ပေးလိုက်တယ်၊ မသီတာဦးကိုတော့ တွေ့ခွင့်မရခဲ့ဘူး” ဟု ကိုနေသူရက ပြောသည်။
မသီတာဦး၏ နေအိမ်ကို ဝင်ရောက်စီးနင်းချိန်တွင် ဘေးပတ်ဝန်းကျင်ရှိ နေအိမ်များဘက်သို့ ရမ်းသန်းပစ်ခတ်မှုများ ပြုလုပ်ခဲ့ရာ နေအိမ်ထဲတွင် အိပ်နေသည့် အသက် ၅၃ နှစ်အရွယ် အမျိုးသားတဦးလည်း သေဆုံးသွားပြီး နောက်ထပ်ပြည်သူ သုံးဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းလည်း ဒေသခံများက ပြောသည်။
ပုံအညွှန်း- စီးနင်းခံရသော မခင်သီတာဦး နေအိမ်နှင် မြင်ကွင်းအချို့ အမွှာကလေးငယ်ပုံ
စာတည်း။ ။ နောင်နောင်
စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)
#မြကန်သာ
#ခင်ဦး
#အမွှာကလေးငယ်သေဆုံး
#Mizzima
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

🤬11😢4👍3🔥2😁2
ကျိုက်ထိုမြို့နယ်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဒု-တာဝန်ခံ နေခဲ့သည့်အိမ် ချိပ်ပိတ်ခံရ
=====================
YT
(မဇ္ဈိမ)။ ။ ကျိုက်ထိုမြို့နယ် တော်လှန်ရေးအင်အားစု (KRF) ဒု-တာဝန်ခံ ကိုရဲသွေးညီ နေထိုင်ခဲ့ဖူးသည့် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မြောက်ပိုင်းရပ်ကွက်၊ မင်္ဂလာလမ်းရှိ နေအိမ်အား စစ်ကောင်စီလက်အောက်ခံတပ်သားများက လာရောက်ချိတ်ပိတ်သွားကြောင်း ကိုရဲသွေးညီနှင့် မြောက်ပိုင်းရပ်ကွက် ဒေသခံများထံက သိရသည်။
" ကျွန်တော့်တို့က သူတို့အာဏာသိမ်းပြီး ဆန္ဒပြဘာညာ လုပ်နေကတည်းက သူတို့အမှုဖွင့်တယ် ၅၀၅ နဲ့။ နောက်ပိုင်းကျတော့ ကျွန်တော့်ကို သေဒဏ်ကျသင့်နိုင်တဲ့အမှု ၁၀ မှုထက်မနည်း တရားစွဲထားတယ်လို့တော့ ကြားရတာပဲ၊ ၅၀ တွေ ၅၂ တွေပေါ့ဗျာ။ ကျွန်တော့်ကို သူတို့ဖမ်းမမိတော့ ကြွက်မနိုင် ကျီမီးနဲ့ရှို့တာပေါ့ဗျာ" ဟု ကိုရဲသွေးညီက မဇ္ဈိမကိုပြောသည်။
ပြီးခဲ့သည့် ဩဂုတ်လ ၁၇ ရက်နေ့၊ နေ့လယ်ပိုင်းက ရဲ၊ စစ်တပ်၊ ကျိုက်ထိုမြို့နယ်အုပ်ချုပ်ရေးမှ ဝန်ထမ်းများက ကိုရဲသွေးညီနေထိုင်ခဲ့ဖူးသည့် ထိုအိမ်အား လာရောက်၍ ချိပ်ပိတ်သွားခြင်းဖြစ်သည်။
အဆိုပါနေအိမ်သည် ကိုရဲသွေးညီ၏ ယောက္ခထီး ဦးတင်ဦး၏ နေအိမ်ဖြစ်ပြီး ကိုရဲသွေးညီ အိမ်ထောင်ကျချိန်မှစ၍ စစ်ကောင်စီ အာဏာမသိမ်းခင်အထိ ဇနီး၊ ယောက္ခထီး၊ ယောက္ခမတို့နှင့်အတူ နေထိုင်ခဲ့ဖူးသော နေအိမ်ဖြစ်သည်။
ချိပ်ပိတ်မခံရခင်အချိန်အထိ အဆိုပါနေအိမ်တွင် ဦးတင်ဦးနှင့် ဇနီးဖြစ်သူ နေထိုင်လျက်ရှိသော်လည်း ယခုကဲ့သို့ ချိပ်ပိတ်ခံရခြင်းကြောင့် အခြားဆွေမျိုးများ၏ နေအိမ်တွင် ပြောင်းရွှေ့နေထိုင်နေရကြောင်း သိရသည်။
ကိုရဲသွေးညီသည် အာဏာသိမ်းပြီးနောက်ပိုင်းတွင် ဆန္ဒပြခြင်းကို ပြုလုပ်ခဲ့ပြီးနောက် လက်နက်ကိုင်တော်လှန်ရေးကို ရွေးချယ်ခဲ့ကာ လက်ရှိတွင် ကျိုက်ထိုမြို့နယ် တော်လှန်ရေးအင်အားစု (KRF) ဒု- တာဝန်ခံ၊ ကျိုက်ထိုမြို့နယ် ပ.က.ဖ ဒု- တာဝန်ခံအဖြစ် တာဝန်ယူသူဖြစ်သည်။
စစ်ကောင်စီတပ်က ကိုရဲသွေးညီအား အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀ (ည)၊ ၅၂ (က) အပါအဝင် သေဒဏ်ချမှတ်နိုင်သော အမှုပေါင်း ၁၀ ခုကျော်ဖြင့် ဖမ်းဝရမ်းထုတ်ထားကြောင်း သိရသည်။
ထို့အတူ ကိုရဲသွေးညီ၏ ဇနီးဖြစ်သူသည်လည်း အထက်တန်းကျောင်းဆရာမတဦးဖြစ်ပြီး စစ်တပ်အာဏာသိမ်းမှုကြောင့် အကြမ်းမဖက်အာဏာဖီဆန်ရေး (CDM) ပြုလုပ်ထားသူဖြစ်ကြောင်း သိရသည်။
" အခု စစ်ကောင်စီလက်အောက်မှာ ဘယ်သူ့ရဲ့ ပစ္စည်းဥစ္စာမှ မလုံခြုံဘူးဆိုတာ သိစေချင်တယ်။ မြန်မာနိုင်ငံသူ နိုင်ငံသားအားလုံးကိုပေါ့။ သူတို့ဆီမှာ စည်းလွတ်ဝါးလွတ် ဥပဒေမရှိ လုပ်နေတော့ ဘယ်သူ့ရဲ့ ပစ္စည်းဥစ္စာ အသက်အိုးအိမ်စည်းစိမ် ဘာတစ်ခုမှ လုံခြုံမှုရှိမနေဘူးဆိုတာ သိစေချင်တယ်။ ဆိုတော့ ဒီကိစ္စ တော်လှန်ရေးပြီးမှ အရင်ကလို လုံလုံခြုံခြုံပြန်နေရမှာဖြစ်တယ်လေ။ အခုဆို ရှိသမျှ အကုန်ဈေးတက်ပြီး မြန်မာငွေဈေးထိုးကျတယ်ဆိုတော့ အပျော်အပါးလေးတွေလျော့ပြီး တော်လှန်ရေးဘက်ကို ဦးလှည့်ဖို့သင့်ပြီဆိုတာ သိစေချင်ပါတယ်" ဟု ကိုရဲသွေးညီက ပြောသည်။
ကျိုက်ထိုမြို့နယ်တွင် စစ်ကောင်စီအာဏာသိမ်းပြီးနောက်ပိုင်းတွင် NLD ပါတီဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၏ နေအိမ်၊ တော်လှန်ရေးအတွင်း တက်ကြွလှုပ်ရှားသည့် လူငယ်များ၊ ဒေသခံများ၏ နေအိမ် စုစုပေါင်း အလုံး ၂၀ နီးပါး စစ်ကောင်စီတပ်၏ ချိပ်ပိတ်ခြင်း ခံခဲ့ရသည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#ကျိုက်ထိုမြို့နယ်
#ချိပ်ပိတ်
#NLD
#KRF

🤬10👍2🔥2❤1👎1
ဖီဖာ အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲ တတိယနေရာလုပွဲ (ပွဲပြီးရလဒ်)
==================
ဆွီဒင် ၂-၀ သြစတြေးလျ
ရိုလ်ဖို ၃၀' (P)
အက်စလာနီ ၆၂'
Photos: EPA
#womenworldcup
==================
ဆွီဒင် ၂-၀ သြစတြေးလျ
ရိုလ်ဖို ၃၀' (P)
အက်စလာနီ ၆၂'
Photos: EPA
#womenworldcup
👍7😁4
မြန်မာသံအမတ်ဟောင်း ဦးကျော်စွာမင်းအား ကျူးကျော်နေထိုင်မှုဖြင့် ဗြိတိန်ရဲတပ်ဖွဲ့ စုံစမ်းစစ်ဆေး
========================
မြန်မာနိုင်ငံတွင် ၂၀၂၁ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ခြင်းအတွက် ထုတ်ပယ်ခံရသည့် ဗြိတိန်ဆိုင်ရာ မြန်မာသံအမတ်ဟောင်းအား လန်ဒန်ရှိ သံတမန်အိမ်ရာ၌ ကျူးကျော်နေထိုင်မှုအတွက် ဗြိတိန်ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေကြောင်း ၎င်း၏ ရှေ့နေက ရိုက်တာသို့ ပြောသည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
========================
မြန်မာနိုင်ငံတွင် ၂၀၂၁ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ခြင်းအတွက် ထုတ်ပယ်ခံရသည့် ဗြိတိန်ဆိုင်ရာ မြန်မာသံအမတ်ဟောင်းအား လန်ဒန်ရှိ သံတမန်အိမ်ရာ၌ ကျူးကျော်နေထိုင်မှုအတွက် ဗြိတိန်ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေကြောင်း ၎င်း၏ ရှေ့နေက ရိုက်တာသို့ ပြောသည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤬6🔥1👏1🙏1
ကလေးခရိုင် အမှတ်(၁၁)တပ်ရင်းသို့ လက်နက်နှင့်အတူ CDMဝင်လာသူ ရဲတပ်သားကို ကျပ် ၃၃သိန်း ချီးမြှင့်
👍9❤2😁2
ကလေးခရိုင် အမှတ်(၁၁)တပ်ရင်းသို့ လက်နက်နှင့်အတူ CDMဝင်လာသူ ရဲတပ်သားကို ကျပ် ၃၃သိန်း ချီးမြှင့်
==================
ကိုခင်မောင်
(မဇ္စျိမ)။ ။ စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်အခြေစိုက် ကလေးခရိုင် အမှတ် (၁၁) တပ်ရင်းသို့ ပြီးခဲ့သည့် ဇူလိုင် ၁၇ ရက်တွင် လက်နက်ခဲယမ်းများနှင့်အတူ CDM ဝင်လာသော ရဲတပ်သားကို ဆုကြေးငွေ ၃၃ သိန်းကျပ် ချီးမြှင့်ခဲ့သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့တွင် သတင်းထုတ်ပြန်သည်။
အဆိုပါ ရဲတပ်သားသည် နေပြည်တော် အမှတ်(၁၇) ရဲတပ်ရင်းတွင် တာဝန်ထမ်းဆောင်စဥ် ကာကွယ်ရေးအဖွဲ့များနှင့် ချိတ်ဆက်၍ အလင်းဝင်လာခြင်းဖြစ်ပြီး MA-16 A1 တလက်၊ ကျည်ဘောက် နှစ်ခု၊ ၅.၅၆ ကျည် ၃၀ တောင့်နှင့်တကွ ပြည်သူ့ဘက်သို့ ပူးပေါင်းလာခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။
“ဒီနှစ်အတွင်းမှာ ကျွန်တော်တို့ဆီကို အလင်းဝင်လာတာ အခုတယောက်ပဲရှိပါတယ်။ လုံခြုံရေးအနေထားကြောင့် ခုမှထုတ်ပြန်တာပါ၊ လောလောဆယ် လုံခြုံစွာရှိနေပါတယ်“ ဟု ကလေးခရိုင်အမှတ် (၁၁) တပ်ရင်း ၊ တပ်ရင်း(၂) မင်းကင်းမှ တာဝန်ရှိသူက မဇ္စျိမသို့ ပြောသည်။
ပြည်သူ့ဘက်သို့ ရပ်တည်ကူးပြောင်းလိုသော တပ်မတော်သားများအနေဖြင့် နီးစပ်ရာ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)များကို ဆက်သွယ်၍ သော်လည်းကောင်း၊ ပြည်သူ့ရင်ခွင် ခိုလှုံရေး Telegram Channel @MyanmarPeople သို့ ဆက်သယ်၍သော်လည်းကောင်း ချိတ်ဆက် ဆောင်ရွက်နိုင်ပြီး၊ ယခုကဲ့သို့ ရပ်တည်ပူးပေါင်းလာမှုများကို လက်ကမ်းကြိုဆိုနေမည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)
#စစ်ကိုင်းတိုင်း
#မင်းကင်းမြို့နယ်
#CDM
ပုံအညွှန်း။ ။ CDM ဝင်လာသော ရဲတပ်သားအား ဆုကြေးငွေချီးမြင့်စဥ်(ဓာတ်ပုံ။ ။NUG-MOD)
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
==================
ကိုခင်မောင်
(မဇ္စျိမ)။ ။ စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်အခြေစိုက် ကလေးခရိုင် အမှတ် (၁၁) တပ်ရင်းသို့ ပြီးခဲ့သည့် ဇူလိုင် ၁၇ ရက်တွင် လက်နက်ခဲယမ်းများနှင့်အတူ CDM ဝင်လာသော ရဲတပ်သားကို ဆုကြေးငွေ ၃၃ သိန်းကျပ် ချီးမြှင့်ခဲ့သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့တွင် သတင်းထုတ်ပြန်သည်။
အဆိုပါ ရဲတပ်သားသည် နေပြည်တော် အမှတ်(၁၇) ရဲတပ်ရင်းတွင် တာဝန်ထမ်းဆောင်စဥ် ကာကွယ်ရေးအဖွဲ့များနှင့် ချိတ်ဆက်၍ အလင်းဝင်လာခြင်းဖြစ်ပြီး MA-16 A1 တလက်၊ ကျည်ဘောက် နှစ်ခု၊ ၅.၅၆ ကျည် ၃၀ တောင့်နှင့်တကွ ပြည်သူ့ဘက်သို့ ပူးပေါင်းလာခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။
“ဒီနှစ်အတွင်းမှာ ကျွန်တော်တို့ဆီကို အလင်းဝင်လာတာ အခုတယောက်ပဲရှိပါတယ်။ လုံခြုံရေးအနေထားကြောင့် ခုမှထုတ်ပြန်တာပါ၊ လောလောဆယ် လုံခြုံစွာရှိနေပါတယ်“ ဟု ကလေးခရိုင်အမှတ် (၁၁) တပ်ရင်း ၊ တပ်ရင်း(၂) မင်းကင်းမှ တာဝန်ရှိသူက မဇ္စျိမသို့ ပြောသည်။
ပြည်သူ့ဘက်သို့ ရပ်တည်ကူးပြောင်းလိုသော တပ်မတော်သားများအနေဖြင့် နီးစပ်ရာ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)များကို ဆက်သွယ်၍ သော်လည်းကောင်း၊ ပြည်သူ့ရင်ခွင် ခိုလှုံရေး Telegram Channel @MyanmarPeople သို့ ဆက်သယ်၍သော်လည်းကောင်း ချိတ်ဆက် ဆောင်ရွက်နိုင်ပြီး၊ ယခုကဲ့သို့ ရပ်တည်ပူးပေါင်းလာမှုများကို လက်ကမ်းကြိုဆိုနေမည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)
#စစ်ကိုင်းတိုင်း
#မင်းကင်းမြို့နယ်
#CDM
ပုံအညွှန်း။ ။ CDM ဝင်လာသော ရဲတပ်သားအား ဆုကြေးငွေချီးမြင့်စဥ်(ဓာတ်ပုံ။ ။NUG-MOD)
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍17😁3
Cele City - Episode 32
=============
🔈 Mizzima +TV မှ နိုင်ငံတကာနောက်ဆုံးရ ဖျော်ဖြေရေးသတင်းများနဲ့အတူ Cele City အစီအစဉ်လေးရောက်ရှိလာပါပြီ..
ဒီအပတ်မှာဆိုရင်
👉 - နစ်နာသူအနေနဲ့ရဲစခန်းရောက်ခဲ့တဲ့ ထိုင်းမင်းသား Mario Maurer
👉 Jawan ရုပ်ရှင်မှာပါဝင်တဲ့ Arijit Singh သီချင်းသစ်
👉 ရုပ်ရှင်အသစ်အတွက် 7 ကီလို ဝိတ်ချခဲ့ရတဲ့ တောင်ကိုရီးမင်းသား Park Seo-joon
အပြင် တခြားဖျော်ဖြေရေးနှင့်ဆိုင်တဲ့သတင်းများပါ တင်ဆက်ပေးသွားမှာမို့ အပတ်စဉ် စနေနေ့ Mizzima + TV channel မှာ ညနေ ၄ ခွဲ အချိန်မှာ စောင့်မျှော်ကြည့်ရှုနိုင်ပါပြီ။
Mizzima + TV မှာ မကြည့်လိုက်ရတဲ့ ပရိသတ်တွေကတော့ Mizzima TV App မှာ ပြန်လည် ကြည့်ရှုနိုင်ပါပြီ။
(Mizzima Media ကနေ သတင်းချန်နယ် သီးသန့် အဖြစ် Mizzima TV အပြင်၊ သတင်း နှင့် ဖျော်ဖြေရေး ချန်နယ် အဖြစ် Mizzima + တို့အား PSI စလောင်းများ၊ နှစ်ပေ စလောင်းများ နှင့် ရှစ်ပေ စလောင်း များမှ တစ်ဆင့် နေ့စဉ် နံနက် ၆ နာရီ မှ ည ၁၂ နာရီအထိ ထုတ်လွှင့်ပြသနေပါသည်)။
https://youtu.be/pN57hMbefjk
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U

YouTube

👉 ရုပ်ရှင်အသစ်အတွက်…

😁3
မန္တလေးမြို့တွင် မြေအောက်ရေကန်အတွင်းအလုပ်ဆင်းလုပ်သည့် လုပ်သား ၂ ဦး အောက်ဆီဂျင်ပြတ်သေဆုံး
==================
007
(မဇ္စျိမ) ။ ။ မန္တလေးမြို့တွင် မြေအောက်ရေကန်အတွင်း အလုပ်ဆင်းလုပ်သည့် ဆောက်လုပ်ရေးလုပ်သားနှစ်ဦး အောက်ဆီဂျင် ပြတ်တောက်ပြီး သေဆုံးသည့်ဖြစ်စဉ်တစ်ခု ယမန်နေ့ ဩဂုတ်လ ၁၈ရက် နံနက် ၉ နာရီအချိန်ခန့်က ဖြစ်ပွားခဲ့ကြောင်း နယ်မြေခံမီးသတ်တပ်ဖွဲ့ထံက သိရသည်။
"အဆောက်အအုံအောက်မှာ ရေကန်ရှိတယ်။ ရေကန်ထဲကပျဉ်ပြားတွေ ဆင်းခွာရင်း အောက်မှာသတိလစ်ပြီး ရေနစ်ကြတာ၊ သတင်းအရသွားဆယ်တော့ နှစ်ယောက်စလုံးက အခြေအနေမကောင်းဘူး။ ဆေးရုံပို့ပေမယ့်လည်း အသက်မမီတော့ဘူး" ဟု အမည်မဖော်လူ သူမီးသတ်၀န်ထမ်းတစ်ဦးက ပြောသည်။
မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ် ၊ ၅၈(စီ)လမ်း၊ ၁၂၈ လမ်းနှင့် ၁၂၉ လမ်းကြား၊ အကွက်အမှတ်(ဒဒ-၁၃)၊ (ဆ)ရပ်ကွက်ရှိ ဆောက်လက်စ အဆောက်အအုံတစ်ခု၏ လုပ်ငန်းခွင်အတွင်း၌ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
"တစ်ယောက်က အသက်နှစ်ဆယ်လောက်ပဲ ရှိသေးတယ်။ နောက်တစ်ယောက်က အသက်သုံးဆယ်၀န်းကျင်ပါ။ နှစ်ယောက်စလုံး အောက်ဆီဂျင် ပြတ်ပြီး သတိလစ်ရာကနေ ရေနစ်ပြီးအသက်ဆုံးရှုံးကြရတာပါ" ဟု အမည်မဖော်လိုသူ ကယ်ဆယ်ရေးသမားတစ်ဦးက ပြောသည်။
၎င်းတို့ကို ပြည်ကြီးတံခွန်မြို့နယ် မီးသတ်စခန်းမှ ကယ်ဆယ်ရေး၀န်ထမ်းများက သွားရောက်ကယ်ဆယ်ရေး လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မန္တလေးမြို့တွင် ပြီးခဲ့သည့်မေလ ၁၇ ရက်နေ့ကလည်း ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခု၏ ရေလှောင်ကန်အတွင်း အောက်ဆီဂျင်ပြတ်၍ သတိလစ်နေသူအား ဆင်းကယ်သည့် အမျိုးသားတဦး သေဆုံးခဲ့သည့်ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့သေးသည်။
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး
#မန္တလေးတိုင်း
#ပြည်ကြီးတံခွန်မြို့နယ်
#သေမှုသေခင်း
ပုံအညွှန်း-အောက်ဆီဂျင်ပြတ်၍သတိလစ်ရေနစ်သူနှစ်ဦးကို ကယ်ထုတ်နေစဉ်။ (ဓာတ်ပုံ-နယ်မြေခံမီးသတ်)
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
==================
007
(မဇ္စျိမ) ။ ။ မန္တလေးမြို့တွင် မြေအောက်ရေကန်အတွင်း အလုပ်ဆင်းလုပ်သည့် ဆောက်လုပ်ရေးလုပ်သားနှစ်ဦး အောက်ဆီဂျင် ပြတ်တောက်ပြီး သေဆုံးသည့်ဖြစ်စဉ်တစ်ခု ယမန်နေ့ ဩဂုတ်လ ၁၈ရက် နံနက် ၉ နာရီအချိန်ခန့်က ဖြစ်ပွားခဲ့ကြောင်း နယ်မြေခံမီးသတ်တပ်ဖွဲ့ထံက သိရသည်။
"အဆောက်အအုံအောက်မှာ ရေကန်ရှိတယ်။ ရေကန်ထဲကပျဉ်ပြားတွေ ဆင်းခွာရင်း အောက်မှာသတိလစ်ပြီး ရေနစ်ကြတာ၊ သတင်းအရသွားဆယ်တော့ နှစ်ယောက်စလုံးက အခြေအနေမကောင်းဘူး။ ဆေးရုံပို့ပေမယ့်လည်း အသက်မမီတော့ဘူး" ဟု အမည်မဖော်လူ သူမီးသတ်၀န်ထမ်းတစ်ဦးက ပြောသည်။
မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ် ၊ ၅၈(စီ)လမ်း၊ ၁၂၈ လမ်းနှင့် ၁၂၉ လမ်းကြား၊ အကွက်အမှတ်(ဒဒ-၁၃)၊ (ဆ)ရပ်ကွက်ရှိ ဆောက်လက်စ အဆောက်အအုံတစ်ခု၏ လုပ်ငန်းခွင်အတွင်း၌ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
"တစ်ယောက်က အသက်နှစ်ဆယ်လောက်ပဲ ရှိသေးတယ်။ နောက်တစ်ယောက်က အသက်သုံးဆယ်၀န်းကျင်ပါ။ နှစ်ယောက်စလုံး အောက်ဆီဂျင် ပြတ်ပြီး သတိလစ်ရာကနေ ရေနစ်ပြီးအသက်ဆုံးရှုံးကြရတာပါ" ဟု အမည်မဖော်လိုသူ ကယ်ဆယ်ရေးသမားတစ်ဦးက ပြောသည်။
၎င်းတို့ကို ပြည်ကြီးတံခွန်မြို့နယ် မီးသတ်စခန်းမှ ကယ်ဆယ်ရေး၀န်ထမ်းများက သွားရောက်ကယ်ဆယ်ရေး လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မန္တလေးမြို့တွင် ပြီးခဲ့သည့်မေလ ၁၇ ရက်နေ့ကလည်း ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခု၏ ရေလှောင်ကန်အတွင်း အောက်ဆီဂျင်ပြတ်၍ သတိလစ်နေသူအား ဆင်းကယ်သည့် အမျိုးသားတဦး သေဆုံးခဲ့သည့်ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့သေးသည်။
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး
#မန္တလေးတိုင်း
#ပြည်ကြီးတံခွန်မြို့နယ်
#သေမှုသေခင်း
ပုံအညွှန်း-အောက်ဆီဂျင်ပြတ်၍သတိလစ်ရေနစ်သူနှစ်ဦးကို ကယ်ထုတ်နေစဉ်။ (ဓာတ်ပုံ-နယ်မြေခံမီးသတ်)
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😢9👍2😁1
Media is too big
VIEW IN TELEGRAM
ချစ်သူ ဂျပန်မလေးနဲ့ လက်ထပ်လိုက်ပြီဖြစ်တဲ့ တောင်ကိုရီးယားမင်းသား Shim Hyung Tak
Full Video Link - https://youtu.be/pN57hMbefjk
#entertainmentnews #celecity #mizzimaplushd #internationalnews #mizzima #mizzimanews #mizzimadailynews #myanmarnews #todaynews #newsupdate #Reels #Shorts

👍2🌭1🍌1