ညောင်လေးပင်ခရိုင်တွင် စစ်ကောင်စီတပ်၏ လက်နက်ကြီးနှင့် လေကြောင်းပစ်ခတ်မှုတို့ကြောင့် ဒေသခံ ၅ ဦး သေဆုံး
🤬6🔥3😁1

====================
YT
(မဇ္ဈိမ) ။ ။ ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၃) ထိန်းချုပ်နယ်မြေဖြစ်သည့် ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်တွင် တပတ်အတွင်း စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုနှင့် လေကြောင်းပစ်ခတ်မှုတို့ကြောင့် ဒေသခံ ငါးဦးသေဆုံး၍ ၁၂ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း KNU ဗဟို၏ ယမန်နေ့ ဩဂုတ်လ ၁၈ ရက်နေ့နှင့် ယနေ့ ဩဂုတ်လ ၁၉ ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။
တပ်မဟာ (၃) အတွင်းရှိ ရွှေကျင်မြို့နယ်၊ ကျောက်ကြီးမြို့နယ်နှင့် မုန်းမြို့နယ်တို့တွင် စစ်ကောင်စီတပ်၏ ပိန်းဇလုပ်အခြေစိုက် ခြေလျင်တပ်ရင်း ခလရ (၂၆၄)၊ မုန်းမြို့အခြေစိုက် ခြေမြန်တပ်ရင်း ခမရ (၃၅၀)၊ ခမရ (၄၃၉)တို့နှင့် ကျေးရွာများအတွင်း အထိုင်ချ စစ်ကောင်စီတပ်စခန်းများက ၁၀၅ မမ၊ ၁၂၂ မမ၊ ၆၀ မမ၊ ၈၁ မမ လက်နက်ကြီးများဖြင့် ကျေးရွာများအတွင်းသို့ ပစ်ခတ်လျက်ရှိနေကြောင်း သိရသည်။
" အခု စစ်ကောင်စီက ပြည်သူတွေကို ပြည်သူလို့ မမြင်ဘူး၊ ရန်သူလို သဘောထားပြီး ပစ်ခတ်နေတယ်" ဟု ကရင်အရေးပေါ် ကူညီကယ်ဆယ်ရေးကော်မတီ (ကျောက်ကြီးမြို့နယ်)မှ တာဝန်ရှိသူတဦးက မဇ္ဈိမကိုပြောသည်။
ပြီးခဲ့သည့် ဩဂုတ်လ ၁၈ ရက်နေ့တွင် စစ်ကောင်စီတပ်က ကျောက်ကြီးမြို့နယ်အတွင်းသို့ လေကြောင်းတိုက်ခိုက်မှု လေးကြိမ်ပြုလုပ်ခဲ့ပြီး အဆိုပါတိုက်ခိုက်မှုကြောင့် ခေါလိုကလိုးကျေးရွာမှ အသက် ၇၅ နှစ်အရွယ် ဒေသခံအမျိုးသမီး တဦးသေဆုံး၍ ကွီးလားကျေးရွာမှ ဒေသခံအမျိုးသမီးနှစ်ဦး အပါအဝင် သုံးဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဆိုသည်။
အဆိုပါနေ့၌ပင် စစ်ကောင်စီခြေမြန်တပ်ရင်း ခမရ (၄၃၉) က မုန်းမြို့နယ်ရှိ ကျေးရွာများအတွင်း လက်နက်ကြီးပစ်ခတ်မှုရှိခဲ့ပြီး ထိုကဲ့သို့ ပစ်ခတ်ခံရမှုကြောင့် ငတိုးခင် ကျေးရွာမှ အမျိုးသမီးနှစ်ဦးနှင့် အမျိုးသားနှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။
ထို့အပြင် ဩဂုတ်လ ၁၆ ရက်နေ့ကလည်း မုန်းမြို့နယ်၊ သစ်ခြောက်ခင်ကျေးရွာအတွင်းတွင် တပ်စွဲထားသော စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် မုန်းမြို့နယ်၊ ဇလုပ်ကြီးကျေးရွာမှ အသက် ၆၀ အရွယ်ရှိ အမျိုးသားတဦးနှင့် အသက် ၃၅ နှစ်အရွယ်ရှိ အမျိုးသားတဦး သေဆုံးခဲ့ရသည်။
အလားတူပင် ဩဂုတ်လ ၁၄ ရက်နေ့၊ နေ့လယ်ပိုင်းကလည်း စစ်ကောင်စီတပ်သားများသည် ရွှေကျင်မြို့နယ်၊ ဖြိုးဓာတ်ဆီဆိုင် အနောက်ဘက်တွင် အထိုင်ချ၍ အင်းကပ်ပလိပ်ကျေးရွာအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ အင်းကပ်ပလိပ်စာသင်ကျောင်းအတွင်း ကျရောက်ပေါက်ကွဲ၍ ကျောင်းဆရာမတဦးနှင့် ကျောင်းသားနှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။
ပိန်းဇလုပ်အခြေစိုက် ခြေလျင်တပ်ရင်း ခလရ (၂၆၄) စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဩဂုတ်လ ၁၃ ရက်နေ့တွင် ကျောက်ကြီးမြို့နယ်၊ ပဲသောင်ကျေးရွာမှ ကျောင်းသားနှစ်ဦးသေဆုံး၍ ကျောင်းသားတဦး၊ ကျောင်းသူတဦး ထိခိုက်ဒဏ်ရာရခဲ့သေးသည်။
စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှု၊ လေကြောင်းတိုက်ခိုက်မှုတို့ကြောင့် ဒေသခံထိခိုက် သေဆုံးမှုများအပြင် ဒေသခံနေအိမ်များပျက်စီးခြင်း၊ အိမ်မွေး တိရစ္ဆာန်များသေဆုံးခြင်း အစရှိသည့် ပျက်စီးမှုများလည်း ရှိကြောင်း KNU က ဆိုသည်။
စစ်ကောင်စီတပ်သည် လက်နက်ကြီးပစ်ခတ်မှု၊ လေကြောင်းမှဗုံးကြဲတိုက်ခိုက်မှုတို့အပြင် ကျေးရွာများအတွင်း ဝင်ရောက်၍ ဒေသခံများ၏ နေအိမ်များအား မီးရှို့ဖျက်ဆီးမှုများကိုပါ ကျူးလွန်နေကြောင်း KNUက ဆိုသည်။
KNU နယ်မြေများတွင် စစ်ရေးပဋိပက္ခများနှင့် စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှု၊ လေကြောင်းတိုက်ခိုက်မှုတို့ကြောင့် စစ်ဘေးရှောင်နေရသည့် ဒေသခံပြည်သူ ၆၀၀,၀၀၀ ကျော်ရှိပြီး အကူအညီများ လိုအပ်နေကြောင်း သိရသည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#KNU
#လေကြောင်းတိုက်ခိုက်မှု
#ညောင်လေးပင်ခရိုင်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

🤬5👍4🔥2😁1😢1
“အတွင်းပဋိပက္ခများနဲ့ နွေဦးအနာဂတ်လမ်း” | ချစ်သောအညာမြေ Episode-22
====================
စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ချေမှုန်းရေးနဲ့ ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံ ထူထောင်ရေး ရည်မှန်းချက်တူ တိုက်ပွဲဝင်နေကြတဲ့ အဖွဲ့အစည်းအချင်းအချင်းကြားမှာ အတွင်းပဋိပက္ခတွေ ဘာ့ကြောင့်ဖြစ်နေတာလဲ၊ ဘယ်လို ဖြေရှင်းသင့်သလဲ၊ မဖြစ်အောင် ဘယ်လို တားဆီး ကာကွယ်သင့်သလဲ စတာတွေကို အခုဆွေးနွေးခန်းမှာ နားဆင်ကြရပါမယ်။
ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင် ဦးဇော်ထက်၊ မြောင် အမျိုးသမီးစစ်သည်တော်အဖွဲ့က မအမရာ၊ မြင်းခြံ ဇီးရိုးပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင် ရဲဘော်သက်ကြီးတို့နဲ့အတူ ကိုကျော်ကျာ်သိန်းက မေးမြန်း ဆွေးနွေးထားပါတယ်။
https://www.youtube.com/watch?v=U5Auu1GgFCs
#ချစ်သောအညာမြေ
#စကားဝိုင်း
#Mizzima
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U

YouTube
“အတွင်းပဋိပက္ခများနဲ့ နွေဦးအနာဂတ်လမ်း” | ချစ်သောအညာမြေ Episode-22
စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ချေမှုန်းရေးနဲ့ ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံ ထူထောင်ရေး ရည်မှန်းချက်တူ တိုက်ပွဲဝင်နေကြတဲ့ အဖွဲ့အစည်းအချင်းအချင်းကြားမှာ အတွင်းပဋိပက္ခတွေ ဘာ့ကြောင့်ဖြစ်နေတာလဲ၊ ဘယ်လို ဖြေရှင်းသင့်သလဲ၊ မဖြစ်အောင် ဘယ်လို တားဆီး ကာကွယ်သင့်သလဲ စတာတွေကို …
👍8🔥2
ဇူလိုင်လမှာ သတင်းတုတွေနဲ့ပတ်သက်ပြီး ထူးထူးခြားခြား ဘာတွေဖြစ်ခဲ့လဲ
======================
မဇ္ဈိမကပုံမှန်တင်ဆက်နေသည့် သတင်းအမှားများ တိုက်ဖျက်ခြင်း (Misinformation Busters) အစီအစဉ်သည် စာဖတ်သူနှင့် ကြည့်ရှုသူပရိသတ်များထံသို့ သတင်းအမှားများမရောက်ရှိစေရန် သတင်းတုများကို သက်သေအချက်အလက်ခိုင်လုံစွာဖြင့် ဖော်ထုတ်စစ်ဆေးနေသည့် အစီအစဉ်ဖြစ်သည်။
ယခုဆောင်းပါးတွင် ဇူလိုင်လအတွင်း ပျံ့နှံ့ခဲ့သည့် သတင်းတု/မှား အမျိုးအစားများကို သုံးသပ် တင်ပြ သွားမည် ဖြစ်သည်။ မဇ္ဈိမ၏ အချက်အလက်စစ်ဆေးသည့်အဖွဲ့မှ ဇူလိုင်လအတွင်း သတင်းအမှား စုစု ပေါင်း ၁၆ ခုကို ဖော်ထုတ်စစ်ဆေးနိုင်ခဲ့သည်။
ထိုထဲမှ ၅၀ ရာခိုင်နှုန်းသည် ယခုလက်ရှိ နိုင်ငံရေး၊ စစ်ရေး အခြေအနေများနှင့်ဆက်စပ်ကာ ပြည်သူ့ကာကွယ်ရေးတပ်များ၏သတင်းများကို သတင်းတုအဖြစ်ဖန်တီး ထားခြင်းဖြစ်သည်။ ကျန် ၅၀ ရာခိုင်နှုန်းမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ ရွှေ့ပြောင်းလုပ်သား များ၊ စီးပွားရေးနှင့် စပ်ဆိုင်သည့် သတင်းတုများ ဖြစ်သည်။
ချိန်သားကိုက် သတင်းအမှားဖြန့်ဝေမှု နိုင်ငံရေးအခြေအနေဖြစ်စေ၊ စီးပွားရေးအခြေအနေဖြစ်စေ ဖတ်ရှုသူများပြားသည့် ထိပ်တန်းရောက်နေ သောသတင်းများကိုအခြေခံကာ ၎င်းတို့နှင့်ဆက်နွှယ်ပြီး သတင်းတုများကို ဖြန့်ဝေလေ့ရှိသည်။
ချိန်သား ကိုက်ဖြန့်ဝေသည့် သတင်းတုများဖြစ်သည့်အပြင် PDF များကို ဦးတည်တိုက်ခိုက်ထားပြီး နွေဦးတော်လှန် ရေးကို နှောင့်နှေးစေနိုင်သည့် သတင်းများကို တွေ့ရသည်။ ဇူလိုင်လအတွင်း Pact-Myanmar ချေးငွေးလုပ်ငန်း မြန်မာနိုင်ငံမှ ထွက်ခွာခဲ့သည်။
အကြောင်းရင်းမှာ စစ်ကောင်စီမှ လုပ်ငန်းမှတ်ပုံတင် ပြန်လည်တင်ခိုင်းခြင်း၊ အမြတ်အချို့အား မျှဝေခိုင်းခြင်း၊ ထို့နောက်တွင် လုပ်ငန်းတစ်ခုလုံးအား စစ်ကောင်စီထံလွှဲပြောင်းပေးရန်တောင်းဆိုချက်များကြောင့်ဟု ဆိုသည်။
သတင်းတုတွင်မူ ထိုသို့ထွက်ခွာရခြင်းမှာ PDF များမှ ချေးငွေကောက်ခံသူများအား ဖမ်းဆီးခြင်း၊ ငွေကြေး သိမ်းဆည်းခြင်းများကြောင့်ဟု ဆိုထားသည်။ မကွေးတိုင်း၊ မင်းဘူးမြို့နယ်တွင် PDF အနောက်ပိုင်းတိုင်း တပ်ခွဲမှ နယ်မြေရှင်းလင်းစဉ် ထိုသို့ချေးငွေလုပ်ငန်းများအား သိမ်းဆည်းခဲ့သည့် ဖြစ်စဉ် ဖြစ်ပေါ်ခဲ့ဖူးသည်။
သို့သော်လည်း ၎င်းမှာ မေလကဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။ ထိုသို့ အချိန်ကိုက် ဖြစ်စဉ်အမှန်နှင့်ဆက်စပ်၍ PDF များကြောင့်ဟုဆိုကာ သတင်းတုဖန်တီးထားခြင်းဖြစ် သည်။ အလားတူပင် ဇူလိုင်လအတွင်း ဒေါ်အောင်ဆန်းစုကြည်က ထိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံခဲ့ သည့် သတင်းများ ထိပ်တန်းရောက်ခဲ့သည်။
ယင်းကိုအခြေခံ၍ ဒေါ်အောင်ဆန်းစုကြည်မှ NUG နှင့် CRPH ကို အသိအမှတ်မပြုကြောင်း၊ မထောက်ခံကြောင်း ပြောဆိုသည့် ကောလာဟလ များပျံ့နှံ့ခဲ့သည်။ ထိုအကြောင်းနှင့် ဆက်စပ်၍ PDF တပ်ဖွဲ့ဝင်များ စစ်ကောင်စီထံ လက်နက်ချအလင်းဝင်တော့မည်ဟု ရေးသားထားသည့် ဖေ့စ်ဘုတ်ပိုစ့် စခရင်ရှော့(screenshot)များဖြင့် သတင်းတု ပျံ့နှံ့ခဲ့သည်။
ဖေ့စ်ဘုတ် တွင် အမှန်တကယ်မရှိဘဲ တမင်ဖန်တီးထားသည့် ပုံများသာ ဖြစ်သည်။ ဇူလိုင်လအတွင်း၌ လူငယ်ဗေဒင်ဆရာလင်းညို့တာရာ အဖမ်းခံရသည့်သတင်းတုနှင့်ဆက်စပ်ကာ ဟာသ နှောသည့် စစ်ကောင်စီမှထုတ်ပြန်သည်ဟုဆိုကာ ဗေဒင်ဟောခွင့်လိုင်စင် လျှောက်ထားရမည်ဆိုသည့် ထုတ်ပြန်ချက်အတုလည်း ပျံ့နှံ့ခဲ့သေးသည်။
ငွေကြေးလိမ်လည်နေသည့် ပေ့ချ်များအကြောင်း မဇ္ဈိမအနေဖြင့် ငွေကြေးလိမ်လည်နေသည့် ပေ့ချ်များအကြောင်းနှင့် ပတ်သက်၍ သတင်းဖော်ထုတ်မှုများ အကြိမ်ကြိမ်ပြုလုပ်ခဲ့သည်။ ဖေ့စ်ဘုတ်လူမှုကွန်ရက်ရှိ ငွေတုရောင်းဝယ်ရေး၊ ချေးငွေလုပ်ငန်း၊ ကိုယ်ဝန် ဆောင်ထောက်ပံ့ကြေး၊ ပရိဘောဂ အရောင်းအဝယ်၊ ဆိုင်ကယ်အရောင်းဆိုင်စသည့် စာမျက်နှာများ အကြောင်း ဖြစ်သည်။ ထိုသို့ဖော်ထုတ်ခဲ့သော်လည်း အဆိုပါအမျိုးအစာစာမျက်နှာများမှ ဆက်လက်တည်ရှိနေပြီး လိမ်လည်နေ ဆဲပင်ဖြစ်သည်။
ထို့အတူ ငွေလိမ်ခံရသူများလည်း ရှိနေဆဲပင်။ ထိုအကြောင်းနှင့်ပတ်သက်၍ မဇ္ဈိမမှ အချက်အလက်စစ်ဆေးသူနှင့် မီဒီယာအကြံပေးဖြစ်သည့် ဦးတိုးဇော်လတ်အားမေးမြန်းကာ သတင်းတင် ဆက်ခဲ့သည်။
ဆိုရှယ်မီဒီယာအသုံးပြုမှုအားနည်းသည့်၊ အွန်လိုင်းငွေကြေးလိမ်လည်မှုများအကြောင်း သိရှိမှု နည်းပါး သည့် အခြေခံလူတန်းစားများကို ဦးတည်ကာ လိမ်လည်နေကြခြင်းဖြစ်သည်။ ထိုလိမ်လည်မှုများသည် ပုံစံမျိုးစုံဖြင့် ဆက်လက်ရှိနေနိုင်ပြီး မဇ္ဈိမမှ ပညာပေးဖော်ထုတ်ထားခြင်းဖြစ်သည်။ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များနှင့် ပတ်သက်သည့် သတင်းတုများ ဇူလိုင်လအတွင်း သတင်းတုဖော်ထုတ်မှု၌ အများဆုံးအကြောင်းအရာဖြစ်သည်။ စစ်ကောင်စီထောက်ခံ သူများ၏တစိုက်မတ်မတ် ဝါဒဖြန့်ချိမှုများတွင် သတင်းတုများကို ထည့်သွင်းဖြန့်ဝေကြသည်။
ထိုထဲတွင် ၎င်းတို့ကို မထောက်ခံသည့်၊ အတိုက်အခံအဖွဲ့များဖြစ်သည့် NUG ၊ PDF နှင့် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များနှင့်ပတ်သက်သည့် သတင်းတုများကို အများအပြား ဖြန့်ဝေလျက်ရှိနေသည်။

👍5😁3
Semantic Error : The Movie
===============
ဒီဇာတ်လမ်းကတော့ Semantic Error ဆိုတဲ့ ရုပ်သံဇာတ်လမ်းတွဲကို ရုပ်ရှင်အဖြစ် ထွက်လာတဲ့ ဇာတ်ကားတစ်ကားပါပဲ ..
BL အသားပေးဇာတ်ကားတစ်ခုဖြစ်ပြီး ဇာတ်လမ်းအကျဉ်းကတော့ ...တက္ကသိုလ်တစ်ခုက အဖွဲ့လိုက်လုပ်ဆောင်မှုတွေမှာ ရေသာခိုနေတဲ့ ကျောင်းသားတွေဟာ ဘွဲ့မရသင့်ဘူး အခြားသော အားစိုက်ကြိုးပမ်းတဲ့ ကျောင်းသားတွေအတွက် နစ်နာတယ်ဆိုပြီး ကျောင်းသားတစ်ယောက်က အွန်လိုင်းမှာ ဖွလိုက်ရာက ဘွဲ့ရမယ့်အရေးအတွက် အောင်ပွဲခံနေတဲ့ ဂျန်ဂျယ်ယောင်းတစ်ယောက်အတွက်တော့ စိတ်ရှုပ်စရာတစ်ခုဖြစ်လာခဲ့တယ် ….
ဒီလိုနဲ့ပဲ ကျောင်းဘက်က ပြုပြင်ပြောင်းလဲမှုတွေကြောင့် သူဟာ ဘွဲ့မရတော့ဘဲ ကျောင်းဆက်တက်ရဖို့ ဖြစ်လာခဲ့တဲ့အတွက် အခဲမကြေတဲ့စိတ်နဲ့ အဲ့ဒီလို ဖွခဲ့တဲ့ ကျောင်းသား ချူဆန်းဝူးကို မရမကလိုက်ရှာခဲ့တယ် ချူဆန်းဝူးကို လိုက်ရှာပြီး ပညာပေးမယ်လို့ ဆုံးဖြတ်ထားတဲ့ ဂျန်ဂျယ်ယောင်းက ချူဆန်းဝူးနဲ့တွေ့တဲ့အချိန်မှာ ချူဆန်းဝူးမကြိုက်တာတွေလိုက်လုပ်ရင်း စိတ်အနှောက်အယှက်ပေးခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ဂိမ်းတစ်ခုကို အတူလုပ်ပေးနေရင်းက ရင်းနှီးသွားခဲ့ပြီး သူ့စိတ်ကူးတွေ ပြောင်းသွားခဲ့တယ် ..
ခေတ်မီအသိုင်းအဝိုင်းက ဖြစ်ပေမယ့် တကယ်တမ်း တစ်ယောက်ကို တစ်ယောက် စိတ်ဝင်စားသွားကြတဲ့အခါ သူတို့ရဲ့ ချစ်ခြင်းမေတ္တာတွေကို ဘယ်လိုဖော်ထုတ်ကြမလဲ .. ဒီကြားထဲ ချူဆန်းဝူးကို သဘောကျနေတဲ့ ကောင်မလေးတစ်ယောက်ကလည်း ရှိနေပြန်တယ် .. သူတို့တွေရဲ့ ချစ်ခြင်းမေတ္တာကို ဘယ်လို ဖွင့်ဟကြမလဲဆိုတာ စောင့်ကြည့်လိုက်ကြပါဦး
ဒီဇာတ်ကားလေးကို Mizzima + Channel မှာ စောင့်မျှော်ကြည့်နိုင်ပါပြီ။
Mizzima+ Channel တွင် ပြသနေသည့်အချိန်မှာပဲ Mizzima TV App တွင်လည်း Live stream တိုက်ရိုက်ကြည့်ရှုနိုင်တာမို့ Mizzima TV Application လေးကို download လုပ်ပြီးကြည့်လိုက်ကြရအောင်
App ဒေါင်းလော့လုပ်ရန် - https://bit.ly/44WaGEU
#New ပြသမည့်ရက်။ ။ ၁၉.၈.၂၀၂၃
ပြသမည့် အချိန် ။ ။ မနက် (၁၀:၀၀)နာရီ
ပြန်လည်ပြသမည့်အချိန်။ ။ ည (၁၀:၃၀) နာရီ
(Mizzima Media ကနေ သတင်းချန်နယ် သီးသန့် အဖြစ် Mizzima TV အပြင်၊ သတင်း နှင့် ဖျော်ဖြေရေး ချန်နယ် အဖြစ် Mizzima + တို့အား PSI စလောင်းများ၊ နှစ်ပေ စလောင်းများ နှင့် ရှစ်ပေ စလောင်း များမှ တစ်ဆင့် နေ့စဉ် နံနက် ၆ နာရီ မှ ည ၁၂ နာရီအထိ ထုတ်လွှင့်ပြသနေပါသည်)။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U”

👍9🥰2😁1
အခေါက်ရွှေ ၁ ကျပ်သားလျှင် ကျပ်သိန်း ၄၀ နီးပါးအထိ စျေးမြင့်တက်၊ ရွှေဆိုင်များ အခေါက်ရွှေ အရောင်းပိတ်
===================
007
(မဇ္စျိမ)။ ။ပြည်တွင်းရွှေဈေးကွက်အတွင်း အခေါက်ရွှေဈေးနှုန်းသည် ယနေ့ သြဂုတ်လ ၁၉ ရက်တွင် စံချိန်တင်မြင့်တက်သွားကြောင်း ရွှေဆိုင်လုပ်ငန်းရှင် အသိုက်အဝန်းထံက သိရသည်။
အခေါက်ရွှေ တကျပ်သားလျှင် ကျပ်သိန်း ၃,၉၉၀,၀၀၀ ဝန်းကျင် ပေါက်စျေးရောက်ရှိလာသည့်အတွက် ရွှေဆိုင်များတွင် အခေါက်ရွှေအရောင်းပိတ်ထားပြီး မန္တလေးရှိ ရွှေဆိုင်အချို့သည် ဆိုင်ပါမဖွင့်တော့ကြောင်း သိရသည်။
“သိန်းလေးဆယ်နားကပ်သွားပြီ။ (အခေါက်ရွှေ)တကျပ်သားကို (ကျပ်)သိန်း ၄၀ ပြည့်ဖို့ ၁၀,၀၀၀ လောက်အလိုဖြစ်သွားပြီ။ ပြည်တွင်းရွှေဈေးနှုန်းက ဒီနေ့ စံချိန်တင်မြင့်တက်သွားတာပဲ” မန္တလေးရွှေလုပ်ငန်းရှင်အသိုက်အဝန်းမှ အမည်မဖော်လိုသူလုပ်ငန်းရှင်တစ်ဦး ကပြောသည်။
အခေါက်ရွှေစျေးနှုန်းမှာ ထို့သို့ မြင့်တက်နေသော်လည်း ရန်ကုန်ရွှေစျေးကွက်တွင် ဝယ်လိုအားများနေဆဲဖြစ်ကြောင်း ရွှေလုပ်ငန်းရှင်များ အသိုင်းအဝိုင်းက သိရသည်။ သြဂုတ်လ ၁၅ ရက်က ၃၇ သိန်းကျော်ပေါက်စျေးရှိခဲ့သည့် အခေါက်ရွှေစျေးနှုန်းသည် လေးရက်အတွင်း ကျပ်သိန်း ၄၀ နီးပါးသို့ ရောက်ရှိလာခြင်းဖြစ်သည်။
မြန်မာ့ရွှေစျေးနှုန်းသည် ကမ္ဘာ့ရွှေစျေးနှုန်းပေါ်မူတည်ပြောင်းလဲသော်လည်း မြန်မာ့ကျပ်ငွေတန်ဖိုးကျဆင်းမှုကြောင့် ထိုသို့ ရွှေစျေးနှုန်းများ မတည်ငြိမ်ဘဲ မြင့်တက်နေခြင်းဖြစ်ကြောင်း ရွှေလုပ်ငန်းရှင်တဦးကဆိုသည်။
ယနေ့ သြဂုတ်လ ၁၉ ရက် နေ့လယ်ပိုင်းတွင် ကမ္ဘာ့ရွှေဈေးတစ်အောင်စလျှင် ၁၈၈၉ ဒေါ်လာဖြစ်ပြီး ပြီးခဲ့သည့်ဇူလိုင်လ ၁၉ ရက်နေ့ ပေါက်ဈေး(၁၉၅၅ ဒေါ်လာ)နှင့်နှိုင်းယှဉ်လျှင် ၅၆ ဒေါ်လာဈေးကျလာခြင်းဖြစ်ကြောင်းသိရသည်။
“အခု မန္တလေးမှာဘာဖြစ်နေလဲဆိုတော့ ရွှေဆိုင်တချို့ အရောင်းပြန်ပိတ်သွားကြပြန်ပြီ။ တချို့လက်ကြီးတဲ့ ပေါက်ရောက်တဲ့ဆိုင်တွေတော့ ဆိုင်တံခါးပါ သော့ခတ်ထားတယ်။ ရောင်းတဲ့ဆိုင်တွေကျတော့လည်း အထည် ( ၁၅ ပဲရည်) တလိုင်းပဲ အရောင်းအဝယ်လုပ်ကြတော့တယ်” ဟု မန္တလေး ရွှေဈေးကွက်စောင့်ကြည့်လေ့လာသူ ကိုအောင်အောင်ကပြောသည်။
ထိုသို့ ရွှေစျေးများ ဆက်တိုက်မြင့်တက်နေသော်လည်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များ အသင်းကမူ သြဂုတ်လ ၁ ရက်မှ ယနေ့ အတွင်း အမြင့်စျေး စျေးဖွင့်ခဲ့သည့် ရွှေစျေးနှုန်းမှာ ကျပ် ၂,၂၉၀,၀၀၀ ဝန်းကျင်ဖြင့်သာ ဖြစ်ပြီး ပြင်ပပေါက်စျေးနှင့် များစွာကွာခြားနေသည်။
“ထပ်တက်ဦးမှာပဲ။ အထည်ဈေးတောင်မှ ၃၇ သိန်းကျော်ဖြစ်နေတယ်။ ဒါလည်း ကြိုက်ရောင်းကြိုက်ဝယ်ပါပဲ။ စစ်တပ်က ရွှေဈေးနဲ့ငွေဈေးကို လုံးဝမထိန်းနိုင်တော့ဘူး။ အခုသတင်းတွေထွက်နေတယ်။ မြေနဲ့ကားကို သူတို့(စစ်ကောင်စီ)ကိုင်မယ်လို့ သတင်းထွက်နေတယ်။ ပိုဆိုးကုန်ဖို့ ပဲရှိတယ်” ဟု အမည်မဖော်လိုသူရွှေဆိုင်လုပ်ငန်းရှင်တစ်ဦးက ပြောသည်။
ကျပ်၂၀,၀၀၀တန် ငွေစက္ကူ ထုတ်ဝေမှုကြောင့် ကျပ်ငွေအပေါ် အယုံ အကြည်ကင်းမဲ့ရာမှ ပြည်တွင်း ရွှေနှင့် နိုင်ငံခြားငွေ(ဒေါ်လာ ၊ဘတ် နှင့် ယွမ်)ဈေးများသည် ဈေးနှုန်းတရိပ်ရိပ်မြင့်တက်ခြင်းဖြစ်ကြောင်း ရွှေဆိုင်လုပ်ငန်းရှင်များနှင့် ဈေးကွက်စောင့်ကြည့်လေ့လာသူများထံက သိရသည်။
စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima
#ရွှေစျေး
#စံချိန်တင်မြင့်တက်

👍11🔥2
နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၁၉ ဩဂုတ် ၂၀၂၃)
====================
စစ်အာဏာသိမ်းခြင်း၏အကျိုးဆက် စီးပွားရေးမတည်ငြိမ်မှုများ နှင့် မသေချာ မရေရာ မှုများကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ တဖြေးဖြေး ကျဆင်းလာပြီး ယခင်အရပ်သား အစိုးရလက်ထက်ကထက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုနှင့် နှိုင်းယှဉ်ရင် အများကြီး ကျဆင်းသွားသည်ကို တွေ့ရသည်။

🔥3😁1😢1
မိုးကောင်းမြို့တွင် စစ်ကောင်စီတပ်သား လုံခြုံရေးယူပြီး ကျောင်းလာကြိုသည့်ကား ပစ်ခတ်ခံရပြီး ထိခိုက်သေဆုံးမှုရှိဟုဆို
==================
အဂမ်
(မဇ္ဈိမ) ။ ။ ကချင်ပြည်နယ်၊ မိုးကောင်းမြို့တွင် ယနေ့ ဩဂုတ်လ ၁၉ ရက် ညနေ ၃ နာရီကျော် အချိန်က စစ်ကောင်စီတပ်ဖွဲ့ဝင်များ လုံခြုံရေးယူကာ ကျောင်းလာကြိုသည့်ကား ပစ်ခတ်ခံရ၍ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှုရှိသည်ဟု ဒေသခံများထံက သိရသည်။
ကျောင်းလာကြိုသည့်ကား ပစ်ခတ်ခံရ၍ စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦး သေဆုံးမှုရှိသည်ဟု ဆိုသည်။
“ကျောင်းလာကြိုတဲ့ကားပစ်ခံရတာ နှစ်ယောက်တော့ အဲ့ကားနားမှာ လဲကျနေတာတော့ တွေ့မိတယ်။ ကားက ကျောင်းအရှေ့ဘက်အပေါက် သံလွင်တည်းခိုခန်းထောင့်မှာရပ်ထားတာ။ အဲ့ကားက ကျောင်းမလွှတ်ခင် ကြိုရောက်နေတာ” ဟု မျက်မြင်တွေ့ရှိခဲ့သည့် သတင်းရင်းမြစ်က ပြောသည်။
အဆိုပါ မိုးကောင်းမြို့ရှိ အထက (၁) ကျောင်းသည် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ မိသားစုဝင်များ တက်ရောက်ပညာသင်ယူနေသည့် ကျောင်းဖြစ်သည်ဟုလည်း ဒေသခံက ဆိုသည်။
ထိုပစ်ခတ်မှုအား မည်သည့်အဖွဲ့က လုပ်ဆောင်သွားသည်ကို ထုတ်ပြန်လာခြင်း မရှိသေးပေ။
ပစ်ခတ်ခံရမှုကြောင့် သေဆုံးသွားသူများ၏ ရုပ်အလောင်းများကို ပရဟိတအသင်းကားဖြင့် လာရောက်ကောက်ယူသွားခဲ့သည်ဟု သတင်းရင်းမြစ်များက ဆိုသည်။
ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် စစ်ကောင်စီလက်အောက်ခံ ပျူစောထီးဆိုသူများ ရောက်ရှိလာကာ မိုးကောင်း အထက (၁) ကျောင်းနှင့် အနီးတစ်ဝိုက်တွင် သေနတ်ပစ်ခတ်ခြင်းများ ပြုလုပ်ခဲ့ကြောင်း မိုးကောင်းဒေသခံများထံက သိရသည်။
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြို
း
#ကချင်ပြည်နယ်
#မိုးကောင်းမြို့
#ပစ်ခတ်မှု
ဓာတ်ပုံ - မိုးကောင်း အ.ထ.က (၁)

👏9👍7😁2🤔2🥴1
ပရီးမီယားလိဂ် ပွဲစဉ်(၂) ရလဒ်များ
============
လီဗာပူးလ် ၃-၁ ဘုန်းမောက်
ဒီယက်ဇ် ၂၈' | ဆီမီညို ၃'
ဆာလာ ၃၆'
ဂျိုတာ ၆၂'
(အဲလက်စ် မက်အလီစတာ ၅၈'
အနီကတ်)
#PremierLeague
#Mizzima
Photo - Twitter
============
လီဗာပူးလ် ၃-၁ ဘုန်းမောက်
ဒီယက်ဇ် ၂၈' | ဆီမီညို ၃'
ဆာလာ ၃၆'
ဂျိုတာ ၆၂'
(အဲလက်စ် မက်အလီစတာ ၅၈'
အနီကတ်)
#PremierLeague
#Mizzima
Photo - Twitter
👍4😁3