Mizzima
✔
47.6K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
​​မိုးကောင်းမြို့တွင် စစ်ကောင်စီတပ်သား လုံခြုံရေးယူပြီး ကျောင်းလာကြိုသည့်ကား ပစ်ခတ်ခံရပြီး ထိခိုက်သေဆုံးမှုရှိဟုဆို
==================

အဂမ်
(မဇ္ဈိမ) ။ ။ ကချင်ပြည်နယ်၊ မိုးကောင်းမြို့တွင် ယနေ့ ဩဂုတ်လ ၁၉ ရက် ညနေ ၃ နာရီကျော် အချိန်က စစ်ကောင်စီတပ်ဖွဲ့ဝင်များ လုံခြုံရေးယူကာ ကျောင်းလာကြိုသည့်ကား ပစ်ခတ်ခံရ၍ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှုရှိသည်ဟု ဒေသခံများထံက သိရသည်။

ကျောင်းလာကြိုသည့်ကား ပစ်ခတ်ခံရ၍ စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦး သေဆုံးမှုရှိသည်ဟု ဆိုသည်။
“ကျောင်းလာကြိုတဲ့ကားပစ်ခံရတာ နှစ်ယောက်တော့ အဲ့ကားနားမှာ လဲကျနေတာတော့ တွေ့မိတယ်။ ကားက ကျောင်းအရှေ့ဘက်အပေါက် သံလွင်တည်းခိုခန်းထောင့်မှာရပ်ထားတာ။ အဲ့ကားက ကျောင်းမလွှတ်ခင် ကြိုရောက်နေတာ” ဟု မျက်မြင်တွေ့ရှိခဲ့သည့် သတင်းရင်းမြစ်က ပြောသည်။

အဆိုပါ မိုးကောင်းမြို့ရှိ အထက (၁) ကျောင်းသည် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ မိသားစုဝင်များ တက်ရောက်ပညာသင်ယူနေသည့် ကျောင်းဖြစ်သည်ဟုလည်း ဒေသခံက ဆိုသည်။
ထိုပစ်ခတ်မှုအား မည်သည့်အဖွဲ့က လုပ်ဆောင်သွားသည်ကို ထုတ်ပြန်လာခြင်း မရှိသေးပေ။

ပစ်ခတ်ခံရမှုကြောင့် သေဆုံးသွားသူများ၏ ရုပ်အလောင်းများကို ပရဟိတအသင်းကားဖြင့် လာရောက်ကောက်ယူသွားခဲ့သည်ဟု သတင်းရင်းမြစ်များက ဆိုသည်။

ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် စစ်ကောင်စီလက်အောက်ခံ ပျူစောထီးဆိုသူများ ရောက်ရှိလာကာ မိုးကောင်း အထက (၁) ကျောင်းနှင့် အနီးတစ်ဝိုက်တွင် သေနတ်ပစ်ခတ်ခြင်းများ ပြုလုပ်ခဲ့ကြောင်း မိုးကောင်းဒေသခံများထံက သိရသည်။

စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြို
း
#ကချင်ပြည်နယ်
#မိုးကောင်းမြို့
#ပစ်ခတ်မှု

ဓာတ်ပုံ - မိုးကောင်း အ.ထ.က (၁)

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👏9👍7😁2🤔2🥴1
ပရီးမီယားလိဂ် ပွဲစဉ်(၂) ရလဒ်များ
============

လီဗာပူးလ် ၃-၁ ဘုန်းမောက်

ဒီယက်ဇ် ၂၈' |  ဆီမီညို ၃'
ဆာလာ ၃၆'
ဂျိုတာ ၆၂'
(အဲလက်စ် မက်အလီစတာ ၅၈' 
 အနီကတ်)

#PremierLeague
#Mizzima
Photo - Twitter
👍4😁3
ဂိုးပြတ်အနိုင်ရရှိပြီး ဇယားထိပ်တက်လာတဲ့ ဒီဇာဘီရဲ့ ဘရိုကိတန်
==================

Wolves 1-4 Brighton (FT)

Hwang 61' | Mitoma 15' Estupinan 46' March 51',55'

#PremierLeague 
#Mizzima 
Photo - Twitter
👍3😁2
ပရီးမီယားလိဂ် ပွဲစဉ်(၂) ရလဒ်
================

ဖူလ်ဟမ် ဝ-၃ ဘရန့်ဖို့ဒ်

Wissa 44' Mbeumo 66'(Pen), 90+2'

#PremierLeague 
#Mizzima 
Photo - Twitter
👍13
စနေနေ့ညရဲ့ GERMAN BUNDESLIGA ပွဲစဉ် ရလဒ်များ
================

Werder Bremen 0 - 4 Bayern Munchen

Bayer Leverkusen 3 -2 RB Leipzig

Augsburg 4 - 4 Borussia Mönchengladbach

Hoffenheim 1 - 2 SC Freiburg

Stuttgart 5 - 0 VfL Bochum

Wolfsburg 2 - 0 Heidenheim

Borussia Dortmund 1 - 0 Köln

#BUNDESLIGA
Photo - Twitter
👍7