Mizzima
✔
47.6K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
ဥရောပထိပ်တန်းလိဂ်များရဲ့ စနေနေ့နဲ့ တနင်္ဂနွေမနက်အစောပိုင်းပွဲစဉ်ရလဒ်များ
=================

ပရီးမီယားလိဂ် ပွဲစဉ်(၂)

နော်တင်ဟမ် ၂-၁ ရှက်ဖီးယူနိုက်တက်
လီဗာပူးလ် ၃-၁ ဘုန်းမောက်
ဝုလ်ဗ် ၁-၄ ဘရိုက်တန်
ဖူလ်ဟမ် ဝ-၃ ဘရန့်ဖို့ဒ်
စပါး ၂-၀ မန်ယူ
မန်စီးတီး ၁-၀ နယူးကာဆယ်

လာလီဂါ ပွဲစဉ်(၂)

မာယော့ကာ ဝ-၁ ဗီလာရီးယဲလ်
ဗလင်စီယာ ၁-၀ လက်စ်ပါးမားစ်
ဆိုစီဒက် ၁-၁ ဆယ်လ်တာဗီဂို
အယ်မယ်ရီယာ ၁-၃ ရီးယဲလ်မက်ဒရစ်
အိုဆာဆူနာ ဝ-၂ ဘီလ်ဘာအို

စီးရီးအေ ပွဲစဉ်(၁)

အမ်ပိုလီ ဝ-၁ ဗီရိုနာ
ဖရိုဆီနိုနီ ၁-၃ နာပိုလီ
ဂျီနိုအာ ၁-၄ ဖီအိုရင်တီးနား
အင်တာမီလန် ၂-၀ မွန်ဇာ

ဘွန်ဒက်လီဂါ ပွဲစဉ်(၁)

ဝါဒီဘရီမင် ဝ-၄ ဘိုင်ယန်မြူးနစ်
ဝုလ်ဖ်ဘတ် ၂-၀ ဟိုင်ဒင်ဟမ်
ဟော်ဖန်ဟင်မ် ၁-၂ ဖရိုင်းဘတ်
အော့စ်ဘတ် ၄-၄ မိုချန်ဂလာဘတ်
စတုဂတ် ၅-၀ ဘိုဟုမ်
လေဗာကူဆင် ၃-၂ လိုက်ပ်ဇစ်
ဒေါ့မွန် ၁-၀ ကိုလုံး

လီဂူဝမ်း ပွဲစဉ်(၂)

မက်ဇ် ၂-၂ မာဆေးလ်
လိုင်ယွန် ၁-၄ မောင့်ပယ်လီယာ
တူးလူး ၁-၁ ပီအက်စ်ဂျီ

Photos: EPA/Twitter

#PremierLeague
#LaLiga
#SerieA
#Bundesliga
#Ligue1
#Mizzima
👍21💔4
​​20.8.2023 (Sunday) ထုတ်လွှင့်တင်ဆက်ပြသမည့် အစီအစဉ်
====================

Highlight

ကျန်းမာသုတ လူမှုဘဝ ( ညနေ _ ၆ နာရီ)
နှောင်ကြိုးဖွဲ့ ကလဲ့စား (ညနေ - ၇ နာရီ)
India Movie - U Turn (ည_ ၈ နာရီ)

Mizzima+ channel တွင် ပြသနေ့သည့် အချိန်မှာပဲ Mizzima App တွင်လည်း Live Stream တိုက်ရိုက်ကြည့်ရှုနိုင်ပါသည်။

#mizzimatv
👍3😁1🤮1
​​The Beginning of a New World
==================

ဒီသိပ္ပံစိတ်ကူးယဉ်ဇာတ်ကားမှာ K-pop အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ P1Harmony က အဖွဲ့ဝင် ၆ယောက် ပါဝင်သရုပ်ဆောင် ထားပါတယ်။

ရောဂါပိုးကူးစက်ခံရရင် ဒေါသစိတ်တွေဖြစ်ပြီး လူသတ်ချင်စိတ်ဖြစ်ပေါ်စေတဲ့ ဗိုင်းရပ်စ်တမျိုးကြောင့် ကမ္ဘာပျက်တော့မယ့် အခြေအနေနဲ့ရင်ဆိုင်နေရချိန်မှာ K-pop အဖွဲ့ဝင် ၆ယောက်က လူစွမ်းကောင်းတွေအဖြစ်နဲ့ကမ္ဘာကြီးကိုကယ်တင်ရဖို့ဖြစ်လာပါတယ်။

အတိတ်၊ ပစ္စုပ္ပန်နဲ့ အနာဂတ်က လူငယ်လေး ၆ယောက်က သူတို့ရဲ့စွမ်းအားတွေကိုသုံးပြီးကမ္ဘာကြီးကို ကယ်တင်ကြမယ့် ဒီဇာတ်ကားမှာ ကွန်ပြူတာအထူးပြုလုပ်ချက်တွေနဲ့အက်ရှင်ခန်းတွေကို ကြည့်ရှုအားပေး ကြရမှာပါ။

ဒီဇာတ်ကားလေးကို Mizzima + Channel မှာ စောင့်မျှော်ကြည့်နိုင်ပါပြီ။

Mizzima+ Channel တွင် ပြသနေသည့်အချိန်မှာပဲ Mizzima TV App တွင်လည်း Live stream တိုက်ရိုက်ကြည့်ရှုနိုင်တာမို့ Mizzima TV Application လေးကို download လုပ်ပြီးကြည့်လိုက်ကြရအောင်

App ဒေါင်းလော့လုပ်ရန် - https://bit.ly/44WaGEU

#New ပြသမည့်ရက်။ ။ ၂၀.၈.၂၀၂၃
ပြသမည့် အချိန် ။ ။ မနက် (၁၀:၀၀)နာရီ
ပြန်လည်ပြသမည့်အချိန်။ ။ ည (၁၀:၃၀) နာရီ

(Mizzima Media ကနေ သတင်းချန်နယ် သီးသန့် အဖြစ် Mizzima TV အပြင်၊ သတင်း နှင့် ဖျော်ဖြေရေး ချန်နယ် အဖြစ် Mizzima + တို့အား PSI စလောင်းများ၊ နှစ်ပေ စလောင်းများ နှင့် ရှစ်ပေ စလောင်း များမှ တစ်ဆင့် နေ့စဉ် နံနက် ၆ နာရီ မှ ည ၁၂ နာရီအထိ ထုတ်လွှင့်ပြသနေပါသည်)။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U”
👍3🔥1😁1
​​U Turn
========

နေ့စဉ်သတင်းစာ The Times of India မှာ အလုပ်သင်အနေနဲ့ လုပ်ကိုင်နေတဲ့ Rachana (Samantha Akkineni) ဟာ ခုံးကျော်တံတားတစ်ခုပေါ်မှာ ယာဥ်စည်းကမ်းနဲ့ပတ်သတ်တဲ့ ဆောင်းပါးတစ်ပုဒ်ကို လုပ်နေတဲ့သူ

ခုံးကျော်တံတားပေါ်မှာ တစ်ချို့လူတွေဟာ ယာဥ်ကြောပိတ်ဆို့နေတဲ့အချိန် တစ်ဖက်လမ်းပြန်လှည့်ချင်တဲ့အခါ စည်းကမ်းမလိုက်နာဘဲ ကွန်ကရစ်အုတ်တွေရွှေ့ပြီး အမြန်လှည့်ထွက်ပြီး မောင်းကြတယ်
သူတို့ရွှေ့ခဲ့တဲ့ ကွန်ကရစ်တုံးကို နဂိုနေရာအတိုင်းပြန်မထားခဲ့တဲ့အတွက် မတော်တဆမှုတွေ ယာဥ်ကြောပိတ်ဆို့မှုတွေကို ဆိုးကျိုးအနေနဲ့ တွေ့နေရတယ်

ဒါကြောင့် Rachana ဟာ ခုလိုစည်းကမ်းချိုးဖောက်တဲ့လူတွေကို စာရင်းလုပ်ပြီး သူမစာရင်းထဲက ပထမဆုံးပုဂ္ဂိုလ်ကိုတွေ့ဖို့ ကြိုးစားပေမဲ့ ထိုပုဂ္ဂိုလ်သေဆုံးသွားတဲ့အမှုကြောင့် ရဲဌာနက သူမကိုသံသယရှိလို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်

စုံးစမ်းချက်အရ ကိုယ့်ဘာသာသတ်သေမှုလို့ ထင်ရှားတာကြောင့် Rachana တစ်ယောက်ပြန်လွှတ်ခဲ့ပေမဲ့ သူမစာရင်းမှာပါ၀င်ပြီး ဂုံးကျော်တံတားပေါ်မှာ ကွန်ကရစ်တုံးကို မရွှေ့ပြီး နောက်ပြန်လှည့်တဲ့သူတိုင်းဟာ ကိုယ်ဘာကိုယ်သတ်သေသွားကြတာကို သတိပြုခဲ့မိတဲ့အခါမှာတော့....

Mizzima + တွင် ပြသနေသည့် ဇာတ်ကားများကို Mizzima App တွင်လည်း live stream ကြည့်ရှုနိုင်ပါသည်။

#New ပြသမည့်ရက်။ ။ ၂၀.၈.၂၀၂၃
ပြသမည့် အချိန် ။ ။ ည (၈:၀၀)နာရီ
ပြန်လည်ပြသမည့်ရက်။ ။ ၂၁.၈.၂၀၂၃
အချိန်။ ။ နေ့လည် (၂:၀၀) နာရီ

(Mizzima Media ကနေ သတင်းချန်နယ် သီးသန့် အဖြစ် Mizzima TV အပြင်၊ သတင်း နှင့် ဖျော်ဖြေရေး ချန်နယ် အဖြစ် Mizzima + တို့အား PSI စလောင်းများ၊ နှစ်ပေ စလောင်းများ နှင့် ရှစ်ပေ စလောင်း များမှ တစ်ဆင့် နေ့စဉ် နံနက် ၆ နာရီ မှ ည ၁၂ နာရီအထိ ထုတ်လွှင့်ပြသနေပါသည်)။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U"
👍8🔥1
သြဂုတ်လ (၂၀) ရက်၊ တနင်္ဂနွေနေ့ မနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
===================

ဒီကနေ့ မနက် နားဆင်ရမယ့် အစီစဉ်တွေကတော့ ...

မန္တလေးကနေ ရန်ကုန်ကို ပြေးဆွဲလာတဲ့ ကုန်တင်ရထားတစ်စီး သြဂုတ်လ ၁၈ ရက်နေ့က ပဲခူးတိုင်း ဖြူးမြို့နယ် ကညွတ်ကွင်းမြို့နဲ့ ကျောက်တံခါးမြို့နယ် တောကျွဲအင်းရွာအကြား မိုင်းခွဲတိုက်ခိုက်ခံရပြီးနောက် ရန်ကုန်- မန္တလေး ရထားပြေးဆွဲမှုတွေကို ယာယီရပ်နားလိုက်တဲ့သတင်းနဲ့အတူ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့ရှိ စီးပွါးရေးဘဏ်မှာလုံခြုံရေးယူထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ဩဂုတ်လ ၁၈ရက် ညနေ ၅နာရီ ၃၀ မိနစ်လောက်က မောင်းသူမဲ့ လေယာဉ်ငယ်နဲ့ ဗုံသီး ငါးလုံးချ တိုက်ခဲ့တဲ့သတင်း အပါအဝင် တခြား စိတ်ဝင်စားဖွယ် ပြည်တွင်းသတင်းတွေနဲ့ နောက်ဆုံးရ နိုင်ငံတကာသတင်းတွေကို နားဆင်ကြရမှာပါ။

အဲ့ဒီနောက်မှာတော့ ဒီကနေ့အတွက် သတင်းသုံးသပ်ချက်အစီအစဉ်ကို နားဆင်ရဖို့ရှိသလို အပတ်စဉ်တင်ဆက်ပေးနေတဲ့ သံစဉ့်အိမ်အစီအစဉ်ကို နားဆင်ရမှာ ဖြစ်ပါတယ်။

https://youtu.be/IGk5frQJbBM

#morningradio
#mizzimaradio
👍8🤮4😁2
ဩဂုတ် ၂၀ ရက်နေ့ ရုပ်သံသတင်းအစီအစဉ်
==================

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဩဂုတ် ၂၀ ရက်နေ့မှာ ရန်ကုန်ခေတ်သစ်သတင်းဌာရဲ့ This Week ရုပ်သံအစီအစဉ်ကို ထုတ်လွှင့် သွားမှာဖြစ်ပါတယ်။ဒီအစီအစဉ်မှာ တစ်ပတ်အတွင်း မြန်မာနိုင်ငံမှာ ဖြစ်ပေါ်ခဲ့တဲ့ သတင်းတွေထဲကမှ ထူးခြားတဲ့ သတင်းတွေကို ရွေးချယ်ကောက်နုတ်သုံးသပ် တင်ဆက်ပေး ထားတာလည်း ဖြစ်ပါတယ်။

https://youtu.be/W5XW8jP6PJI

#ရန်ကုန်ခေတ်သစ်
#thisweek
#mizzimatv
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍9🍌2❤1😁1
မြန်မာနိုင်ငံအတွက် အရေးပေါ် ရန်ပုံငွေ ရှာဖွေပွဲ နယူးယောက်မြို့တွင် ကျင်းပ
=================

မဇ္ဈိမ

မြန်မာနိုင်ငံအတွက် အရေးပေါ်လိုအပ်နေသော နေရာများကို လှူဒါန်းရန်အတွက် Summer Musical Night-NYC ရန်ပုံငွေ ဂီတဖျော်ဖြေပွဲတရပ်ကို အမေရိကန်ပြည်ထောင်စု နယူးယောက်စီးတီးရှိ Queens Theater တွင် ဩဂုတ်လ ၁၉ ရက်နေ့၊ ဒေသစံတော်ချိန် ညနေ ၄ နာရီမှ ည ၉နာရီအထိ ကျင်းပခဲ့သည်။

အဆိုပါဖျော်ဖြေပွဲတွင် ဟစ်ဟော့ပထမမျိုးဆက် Acid အဖွဲ့မှ ရန်ရန်ချန်း၊ DJ Wine ,Melody world မှ ကျော်သီဟ , Myanmar idol မှ နင်ဇီမေ မော်ဒယ်သရုပ်ဆောင် မြတ်နိုးအေး၊ ရုပ်ရှင်သရုပ်ဆောင် သီဟအထူးဧည့်သည် မီမီဝင်းဖေတို့မှ နယူးယောက်ဒေသခံ Spring Revo Music Band နှင့်အတူဖျော်ဖြေတင်ဆက်ခဲ့ကြသည်။

ရန်ပုံငွေ ဖျော်ဖြေပွဲသို့ အဝေးရောက် မြန်မာတိုင်းရင်းသားပေါင်းစုံ ၄၀၀ ခန့် ကြိုတင်လက်မှတ်များဝယ်ယူကာ လာရောက်အားပေးခဲ့ကြကြောင်း ပွဲစီစဉ်သူများက ပြောသည်။

ရန်ပုံငွေ ဂီတဖျော်ဖြေပွဲမှ ရရှိသောအကျိုးအမြတ်အားလုံးကို မြန်မာပြည်မှ အရေးပေါ်လိုအပ်နေသော ဒေသများသို့ ပေးပို့လှုဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။

#WhatsHappeninginMyanmar
#SpringRevMusicBand
#NYCBC
#SaveBurma
#Mizzima
#NewYorkCity
❤15👍8🔥1🤮1