ဒေါက်တာဇော်ထွယ်အောင် သေဆုံးရမှုဖြစ်စဉ်အပေါ် စုံစမ်းစစ်ဆေးသွားမည်ဟု NUG ပြော
=============================
001
(မဇ္စျိမ)။ ။ နိုင်ငံရေးအကျဥ်းသား CDM ဆရာဝန် ဒေါက်တာဇော်ထွယ်အောင် သေဆုံးရမှု ဖြစ်စဉ်အပေါ် ဆက်လက်စုံစမ်းစစ်ဆေးသွားမည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကျန်းမာရေးဝန်ကြီးဌာနက ဩဂုတ်လ ၁၉ ရက်နေ့တွင် ထုတ်ပြန်သည်။
ပြီးခဲ့သည့် ဩဂုတ်လ ၁၅ ရက်နေ့က စစ်ကောင်စီက မုံရွာထောင်မှ မန္တလေးထောင်သို့ အကျဉ်းသားများအား ထောင်ပြောင်းရွှေ့စဉ် လမ်းပိုင်းတနေရာတွင် မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် အသက် ၃၄ နှစ်အရွယ် ဒေါက်တာဇော်ထွယ်အောင် သေဆုံးခဲ့ပြီး အခြားနိုင်ငံရေးအကျဉ်းသားများလည်း ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။
အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်ပြီး မည်သည့်အဖွဲ့၏ လုပ်ဆောင်မှုဖြစ်ကြောင်း မသိရသေးသကဲ့သို့ စစ်ကောင်စီဘက်ကလည်း လက်ရှိအချိန်အထိ တစ်စုံတစ်ရာ ထုတ်ပြန်ပြောဆိုလာခြင်းမရှိသေးပေ။
မိုင်းပေါက်ကွဲမှုကြောင့် ဒေါက်တာဇော်ထွယ်အောင် ကျဆုံးခဲ့ရသည့်ဖြစ်စဉ်တွင် အပြင်းအထန်ဒဏ်ရာရရှိသူ နိုင်ငံရေးအကျဉ်းသား ငါးဦးနှင့် အခြားဒဏ်ရာရရှိသူ ၃၀ ကျော်လည်း ရှိခဲ့ကြောင်း NUG ကျန်းမာရေးဝန်ကြီးဌာနက ဆိုသည်။
“ဒေါက်တာဇော်ထွယ်အောင်ကို အာဇာနည်သူရဲကောင်းတဦးအဖြစ် အသိအမှတ်ပြုပြီး ဒေါက်တာဇော်ထွယ်အောင်နှင့် အခြားထိခိုက်ခံစားခဲ့ရသူများ၏ မိသားစုများနှင့် ထပ်တူ ကြေကွဲ ဝမ်းနည်းရပါသည်”ဟု ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
ဒေါက်တာဇော်ထွယ်အောင်သည် ချင်းတွင်းကျန်းမာရေးကွန်ရက်၏ အဓိက အဖွဲ့ဝင်တဦးဖြစ်ပြီး စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ စစ်ဘေးသင့်ပြည်သူများကို နယ်လှည့် ဆေးကုသမှုပေးခဲ့သူဖြစ်ကြောင်း သိရသည်။
၎င်းသည် ၂၀၂၁ ခုနှစ် စက်တင်ဘာလတွင် စစ်ကောင်စီတပ်၏ ဖမ်းဆီးမှုကို ခံခဲ့ရပြီး ထောင်ဒဏ် ၁၁ နှစ် ချမှတ်ခံခဲ့ရကြောင်းလည်း သိရသည်။
အဆိုပါ ဒေသများသည် အပြန်အလှန်မိုင်းဆွဲတိုက်ခိုက်ရာ စစ်မြေပြင်အခြေအနေ၌ ကျရောက်နေပြီး ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် မတ်လ ၃ ရက်နေ့ကလည်း မုံရွာထောင်မှ မြင်းခြံထောင်သို့ အကျဉ်းသား ၁၅၀ ခန့်ကို ထောင်ပြောင်းရွှေ့ရာ မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ချင်းတွင်းတံတားထိပ်တွင် မိုင်းဆွဲခံရမှုကြောင့် နိုင်ငံရေးအကျဉ်းသားတချို့ ဒဏ်ရာရရှိခဲ့ကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPPက ဩဂုတ်လ ၁၇ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
စာတည်း။ ။ အောင်ကျော်ဖြိုး
#Mizzima
#ဒေါက်တာဇော်ထွယ်အောင်
#NUG
“Supported by the Staying Resilient Amidst Multiple Crises in Southeast Asia initiative of SEA Junction in partnership with CMB Foundation "
ပုံအညွှန်း - မိုင်းဆွဲခံရမှုကြောင့် သေဆုံးသွားခဲ့သည့် ဒေါက်တာဇော်ထွယ်အောင်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

👍11😢2😁1🤮1
ဝမ်ပေါင်နှင့် ယန်စီကုမ္ပဏီကို ဆန့်ကျင်ဆန္ဒပြကြသည့် ကျေးရွာပေါင်းစုံသပိတ်
=======================
ပါခွီး
(မဇ္စျိမ)။ ။စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်နှင့် ဆားလင်းကြီးမြို့နယ်အတွင်းရှိ ကျေးရွာများ စုပေါင်း၍ မြန်မာဝမ်ပေါင်ကုမ္ပဏီနှင့် မြန်မာယန်စီကုမ္ပဏီ ဆန့်ကျင်ရေး ဆန္ဒပြပွဲကို ယနေ့ ဩဂုတ်လ ၂၀ ရက်တွင် ဆက်လက်ချီတက် ဆန္ဒပြကြပြသည်။
လူထုသပိတ်စစ်ကြောင်းသည် ယမားတံတားပေါ်နှင့် ဆားလင်းကြီးမြို့နယ်အတွင်းရှိ ဈေးတခုတွင် “ကြေးနီသတ္ထုတွင်းအကြောင်းပြု လူသတ်ပွဲလုပ်နေတာ ချက်ခြင်းရပ်” စာတမ်းနှင့်အတူ "မြန်ဝမ်ပေါင် အလိုမရှိ၊ မြန်မာယန်စီ အလိုမရှိ” စာတန်းကိုင်ဆောင်ပြီး ကြွေးကြော်သံများ ဟစ်ကြွေးချီတက်ခဲ့ကြခြင်း ဖြစ်သည်။
ဝမ်ပေါင်ကုမ္ပဏီနှင့်ယန်စီကုမ္ပဏီများ၏လုပ်ငန်းခွင်တွင် စစ်ကောင်စီတပ်ဖွဲ့များကို စခန်းချရန်နေရာများ ပေးထားပြီး စစ်ကောင်စီကို အထောက်အပံ့ပေးနေသောကြောင့် သပိတ်မှောက် ဆန္ဒပြရခြင်းဖြစ်ကြောင်း သိရသည်။
ယင်းမာပင်မြို့နယ်နှင့် ဆားလင်းကြီးမြို့နယ်အတွင်းမှ ကျေးရွာပေါင်းစုံသပိတ်စစ်ကြောင်းသည် ၂၀၂၁ ခုနှစ် မတ်လ ၉ ရက်နေ့မှစတင်ကာ စစ်အာဏာရှင်ကိုဆန့်ကျင်ဆန္ဒပြခဲ့ခြင်းဖြစ်ပြီး ယနေ့ဆန္ဒပြပွဲသည် ရွာပေါင်းစုံသပိတ်၏ စစ်အာဏာရှင်ဆန့်ကျင်ရေး ၈၈၁ ရက်မြောက်နေ့လည်းဖြစ်သည်ဟု သိရသည်။
စာတည်း။ ။ ဖူးသိမ်ကျ
#စစ်ကိုင်းတိုင်း
#ယင်းမာပင်မြို့နယ်
#ဆားလင်းကြီးမြို့နယ်
#ချီတက်ဆန္ဒပြ\

👍11😁2
ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ဩဂုတ် ၂၂ ရက်တွင် နိုင်ငံသို့ ပြန်လာမည်ဟု သမီးဖြစ်သူ ပြော
=======================
မေလ အထွေထွေရွေးကောက်ပွဲပြီးကတည်းက နိုင်ငံတွင် ဖြစ်ပေါ်နေသည့် သုံးလကြာ နိုင်ငံရေး မတိုးသာ မဆုတ်သာ အခြေအနေကို အဆုံးသတ်စေပြီး ဖျူထိုင်းပါတီ၏ ကိုယ်စားလှယ်လောင်း ဆရက်သာ သာဗင်ဆင်ကို ဝန်ကြီးချုပ်အဖြစ် အတည်ပြုမည်လား ဆိုသည်ကို ဆုံးဖြတ်မည့် ဩဂုတ် ၂၂ ရက် မွန်းလွဲပိုင်း ပါလီမန် မဲခွဲဆုံးဖြတ်မည့် နေ့နှင့် သက်ဆင် နိုင်ငံသို့ ပြန်လာမည့်နေ့က တိုက်ဆိုင်နေသည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
=======================
မေလ အထွေထွေရွေးကောက်ပွဲပြီးကတည်းက နိုင်ငံတွင် ဖြစ်ပေါ်နေသည့် သုံးလကြာ နိုင်ငံရေး မတိုးသာ မဆုတ်သာ အခြေအနေကို အဆုံးသတ်စေပြီး ဖျူထိုင်းပါတီ၏ ကိုယ်စားလှယ်လောင်း ဆရက်သာ သာဗင်ဆင်ကို ဝန်ကြီးချုပ်အဖြစ် အတည်ပြုမည်လား ဆိုသည်ကို ဆုံးဖြတ်မည့် ဩဂုတ် ၂၂ ရက် မွန်းလွဲပိုင်း ပါလီမန် မဲခွဲဆုံးဖြတ်မည့် နေ့နှင့် သက်ဆင် နိုင်ငံသို့ ပြန်လာမည့်နေ့က တိုက်ဆိုင်နေသည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😁3👍1🔥1
အာရှ ချစ်ပ်ပြား ထုတ်လုပ်ရေးလောကတွင် ဈေးကွက်နေရာရရေး အိန္ဒိယနှင့် ထိုင်းတို့ အပြိုင်ကြိုးပမ်းနေ
=====================
“ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံထက် ပိုပြီးယုံကြည်စိတ်ချရတဲ့ မိတ်ဖက် ရှိပါဦးမလား” ဟု ယင်းမိန့်ခွန်းတွင် မေးခွန်းထုတ်ခဲ့သည်။ "အိန္ဒိယဟာ ပြုပြင်ပြောင်းလဲရေးလမ်းကြောင်းပေါ်မှာ ဆက်လျှောက် လာတာနဲ့အမျှ အခွင့်အလမ်းသစ်တွေ ပေါ်လာမှာဖြစ်ပြီး တစ်ပိုင်းလျှပ်ကူးပစ္စည်း ရင်းနှီးမြှုပ်နှံမှုတွေအတွက် အကောင်းဆုံး နိုင်ငံဖြစ်လာနေပါတယ်” ဟု ဝန်ကြီးချုပ် မိုဒီက ဆက်လက် ပြောကြားခဲ့သည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
=====================
“ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံထက် ပိုပြီးယုံကြည်စိတ်ချရတဲ့ မိတ်ဖက် ရှိပါဦးမလား” ဟု ယင်းမိန့်ခွန်းတွင် မေးခွန်းထုတ်ခဲ့သည်။ "အိန္ဒိယဟာ ပြုပြင်ပြောင်းလဲရေးလမ်းကြောင်းပေါ်မှာ ဆက်လျှောက် လာတာနဲ့အမျှ အခွင့်အလမ်းသစ်တွေ ပေါ်လာမှာဖြစ်ပြီး တစ်ပိုင်းလျှပ်ကူးပစ္စည်း ရင်းနှီးမြှုပ်နှံမှုတွေအတွက် အကောင်းဆုံး နိုင်ငံဖြစ်လာနေပါတယ်” ဟု ဝန်ကြီးချုပ် မိုဒီက ဆက်လက် ပြောကြားခဲ့သည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍5🔥1😁1
ကျိုက်ထိုတွင် စစ်ကောင်စီ စစ်ကြောင်းထိုးပြီး လက်နက်ကြီးပစ်ခတ်မှုကြောင့် ကျေးရွာ ၆ ရွာမှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရ
=====================
YT
(မဇ္ဈိမ)။ ။ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် စစ်ကောင်စီ၏ စစ်ကြောင်းထိုးဝင်ရောက်လာမှု၊ လက်နက်ကြီးပစ်ခတ်မှု၊ အထိုင်တပ်ရင်းများ၏ လက်နက်ကြီး ပစ်ကူမှုတို့ကြောင့် ကျေးရွာခြောက်ရွာမှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည်မှာ လေးရက်ရှိပြီဖြစ်ကြောင်း ဒေသခံများထံက သိရသည်။
"အခြေအနေက မကောင်းဘူး၊ တော်တော်ကိုမကောင်းဘူး ဘာလို့လဲဆိုတော့ ၁၆ ရက်နေ့ညတုန်းက သူတို့ဘက်ကထိသွားတော့ ချမ်းမြေ့စု တံတားထိပ်ထိ ရောက်လာသေးတယ်။ အများကြီးပဲ သူတို့လူတွေက။ ၁၇ ရက်နေ့မှာလည်း ထပ်ပစ်ချတယ်၊ မပြန်ရဲသေးဘူး " ဟု ကရဝေးဆိပ်ကျေးရွာမှ ဒေသခံအမျိုးသမီးတစ်ဦးက မဇ္ဈိမကိုပြောသည်။
ပြီးခဲ့သည့် ဩဂုတ်လ ၁၆ ရက်နေ့ ညပိုင်းတွင် အင်အား ၈၀ ဝန်းကျင်ပါသည့် စစ်ကောင်စီစစ်ကြောင်းသည် ပတ်ဝန်းကျင်သို့ လက်နက်ကြီးများ ရမ်းသန်းပစ်ခတ်၍ ကျိုက်ထိုမြို့နယ်၊ ဇီးကုန်းကျေးရွာသို့ စစ်ကြောင်းထိုးဝင်ရောက်လာ၍ ကျေးရွာခြောက်ရွာမှ ဒေသခံများထွက်ပြေးတိမ်းရှောင်ရခြင်းဖြစ်သည်။
ထွက်ပြေးတိမ်းရှောင်နေရသည့် ကျေးရွာများမှာ ကရဝေးဆိပ်ကျေးရွာ၊ ရှမ်းစုကျေးရွာ၊ ဇီးကုန်းကျေးရွာ၊ ပိတောက်စုကျေးရွာ၊ အထက်စုကျေးရွာနှင့် ငှက်ပျောတောကျေးရွာမှ ဒေသခံများဖြစ်သည်။
စစ်ကြောင်းထိုးလာချိန်တွင် ကျိုက်ထိုမြို့နယ်၊ တောင်ကလေးကျေးရွာအခြေစိုက် တပ်မ (၄၄)၊ အမြှောက်တပ် အမတ (၆၀၂) တို့ကပါ လက်နက်ကြီးများဖြင့် ၎င်းကျေးရွာများအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ကူခဲ့ကြောင်း သိရသည်။
လက်ရှိတွင် စစ်ကောင်စီတပ်က ဇီးကုန်းကျေးရွာအတွင်း စစ်ကြောင်းအထိုင်ချနေဆဲဖြစ်ပြီး လက်နက်ကြီးပစ်ခတ်မှုများလည်း ရှိနေသဖြင့် ကျေးရွာခြောက်ရွာမှ ဒေသခံများသည် နီးစပ်ရာ မိတ်ဆွေနေအိမ်များ၊ တောင်ယာတဲများတွင်သာ စစ်ဘေးရှောင်နေရဆဲဖြစ်ပြီး နေအိမ်သို့ ပြန်လာနိုင်ခြင်းမရှိသေးကြောင်း သိရသည်။
" ပြန်နေလို့ မရသေးဘူးလေ။ လက်နက်ကြီးတွေက ထုတုန်းပဲ။ ဦးလေးတို့ ဒီတိုင်း တောင်ယာကနေ ပြန်လာတာတောင် ရွာထဲမှာ သွားနေကြတုန်းပဲ" ဟု ကရဝေးဆိပ်ကျေးရွာမှ ဒေသခံတစ်ဦးက မဇ္ဈိမကိုပြောသည်။
အဆိုပါ ကျေးရွာခြောက်ရွာတွင် ဒေသခံဦးရေ မည်မျှ ရှိသည်ကို မဇ္ဈိမအနေဖြင့် ဆက်လက်အတည်ပြုနေဆဲဖြစ်သည်။
ဩဂုတ်လ ၁၆ ရက်နေ့၊ ညပိုင်းတွင် ဇီးကုန်းကျေးရွာ၌ အဆိုပါ စစ်ကောင်စီစစ်ကြောင်းနှင့် တပ်မဟာ (၁) KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့အကြား တိုက်ပွဲခေတ္တ ဖြစ်ပွားမှုရှိပြီး စစ်ကောင်စီဘက်က သုံးဦးသေဆုံး၍ လေးဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ကျိုက်ထိုတော်လှန်ရေးအင်အားစု (KRF) ၏ ယမန်နေ့ ဩဂုတ်လ ၁၉ ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။
ကျိုက်ထိုမြို့နယ်၊ ဘီးလင်းမြို့နယ်၊ သထုံမြို့နယ်တို့သည် ကရင်အမျိုးသားအစည်းအရုံး( KNU) ၏ နယ်မြေသတ်မှတ်ချက်အရ တပ်မဟာ (၁) နယ်မြေအတွင်း တည်ရှိပြီး ထိုနယ်မြေအတွင်းရှိ ကျေးရွာများသို့ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ရောက်မှု၊ လက်နက်ကြီးပစ်ခတ်မှု၊ ဒေသခံများအား ဖမ်းဆီးမှုတို့ကို မကြာခဏ ပြုလုပ်လေ့ရှိသဖြင့် ဒေသခံများ မကြာခဏ တိမ်းရှောင်ရလေ့ရှိကြောင်း သိရသည်။
ပုံအညွှန်း- ဩဂုတ်လ ၁၇ ရက်နေ့ နံနက်ပိုင်းတွင် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေပုံ(ဓါတ်ပုံ- ပေးပို့)
စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima
#ကျိုက်ထို
#စစ်ကြောင်းထိုး

👍16🤬2👎1🔥1😁1
တနင်္သာရီတွင် စစ်ကောင်စီတပ်က အရပ်သားကိုပစ်သတ်ပြီး အလောင်းပြန်မပေး
======================
ကိုရွှေမြိတ်
(မဇ္ဈိမ)။ ။တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ် တမုတ်ချုံးကျေးရွာတွင် အရပ်သားတဦး စစ်ကောင်စီတပ်ကပစ်ခတ်၍ သေဆုံးခဲ့ပြီး အလောင်းမပြန်မပေးကြောင်း ဒေသခံများထံမှ သိရသည်။
ဩဂုတ်လ ၁၇ ရက်နေ့က တနင်္သာရီမြို့နယ်၊ တမုတ်ချုံးကျေးရွာသို့ အင်အား ၈၀ ခန့်ဖြင့် စစ်ကြောင်းထိုး လာသည့် စစ်ကောင်စီတပ်က လမ်းသွားလမ်းလာတဦးကို အကြောင်းမဲ့ ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟုဆို သည်။
စစ်ကောင်စီတပ်၏ ပစ်သတ်ခြင်းခံရသူ တမုတ်ချုံးကျေးရွာမှ အသက် ၃၅ နှစ်ခန့်ရှိ ဦးထွန်းနိုင်ဝင်းဆိုသူ ဖြစ်ပြီး နေအိမ်သို့ပြန်လာစဉ် ကင်းပုန်းဝပ်နေသည့် စစ်ကောင်စီတပ်ဖွဲ့က ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။
“ဒီအတိုင်းပဲ အရပ်ထဲမှာသွားလာနေကြ၊ စစ်ကောင်စီတပ် ကင်းပုန်းဝပ်နေချိန်တွေ့ပြီး ပစ်သတ်ခံလိုက် ရတာ” ဟု တနင်္သာရီမြို့နယ် တမုတ်ချုံးကျေးရွာမှ ဒေသခံတဦးက ပြောသည်။
ဦးထွန်းနိုင်ဝင်း၏ရုပ်အလောင်းကို စစ်ကောင်စီတပ်ဖွဲ့ကသယ်ဆောင်သွားပြီး နောက်ဆက်တွဲအခြေအနေ ကိုမသိရသေးကြောင်း လည်း ၎င်းကဆိုသည်။
တမုတ်ချုံးကျေးရွာအုပ်စုသို့ ဩဂုတ်လ ၁၇ ရက်နေ့ နံနက်ပိုင်းတွင် စစ်ကောင်စီတပ်မှ အင်အား ၈၀ ခန့် ဖြင့် စစ်ကြောင်းထိုးဝင်ရောက်လာပြီး ဘုရားတောင်၌ တပ်စွဲထားကြောင်း ဒေသခံများကပြောသည်။
တနင်္သာရီမြို့နယ်တွင် ပြီးခဲ့သည့်ခြောက်ရက်ခန့်ကလည်း အရှေ့မော်တုံးကျေးရွာအုပ်စုသို့ စစ်ကောင်စီ တပ်က စစ်ကြောင်းထိုးခဲ့သလို မြိတ်မြို့ဘက်မှ ကား ၁၀ စီးခန့်ဖြင့် အင်အားဖြည့်တင်းကာ လှုပ်ရှားနေ၍ စစ်ရေးတင်းမာနေကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များထံမှသိရ သည်။
ယင်းကဲ့သို့ စစ်ရေးတင်းမာနေခြင်းကြောင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရကာ စစ်ရေးသတင်းများ နားစွင့်ပြီး ကြိုတင်ပြင်ဆင်ထားရန်လိုအပ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောဆိုထားသည်။
စစ်ကောင်စီတပ်က စစ်ရေးလှုပ်ရှားခဲ့သည့် ခြောက်ရက်အတွင်း ပရဟိတအဖွဲ့ဝင်တဦးအပါဝင် အရပ် သား ခြောက်ဦးထက်မနည်း ဖမ်းဆီးနှိပ်စက်ခံခဲ့ရကြောင်း သိရသည်။
တနင်္သာရီမြို့နယ်မှာ ယခုနှစ် ဖေဖော်ဝါရီလမှစပြီး စစ်အုပ်ချုပ်ရေးဒေသအဖြစ် ကြေညာခံထားရသည့် မြို့နယ်တခုဖြစ်သည်။
စာတည်း။ ။စောဖေ
#တနင်္သာရီမြို့နယ်
#စစ်ကောင်စီတပ်
#စစ်ရေးတင်းမာ

🤬10👍8❤1🥰1😁1
ထိုင်းနိုင်ငံ မဲဆောက်မြို့မှ ကရင်ရိုးရာ ဝါခေါင်လက်ချည်ဖြူဖွဲ့ပွဲတော် (Photo News)
====================
(မဇ္ဈိမ)။ ။ကရင်ရိုးရာ ဝါခေါင်လက်ချည်ဖြူဖွဲ့ပွဲတော်ကို ယနေ့ ဩဂုတ်လ ၂၀ ရက် နံနက်ပိုင်းက ထိုင်းနိုင်ငံ မဲဆောက်မြို့ရှိ တောရကျောင်းတိုက်တွင် ကျင်းပကြသည်။
အဆိုပါကျောင်းတိုက်၌ လက်ချည်ဖြူဖွဲ့ပွဲတော်ပြုလုပ်လာသည်မှာ ယခုအကြိမ်သည် (၃၄) ကြိမ်မြောက် ဖြစ်ပြီး မဲဆောက်မြို့ရှိ ကရင်တိုင်းရင်းသားများ တက်ရောက်ကြသည်။
#PhotoNews
#လက်ချည်ဖြူဖွဲ့ပွဲတော်
#ကရင်တိုင်းရင်းသား
#ယာဉ်ကျေးမှု
ပုံအညွှန်း-မဲဆောက်မြို့ရှိ တောရကျောင်းတိုက်က လက်ချည်ဖြူဖွဲ့ပွဲတော်။(ဓာတ်ပုံ-Mizzima)
website link >>> http://www.mizzimaburmese.com/article/132332
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
====================
(မဇ္ဈိမ)။ ။ကရင်ရိုးရာ ဝါခေါင်လက်ချည်ဖြူဖွဲ့ပွဲတော်ကို ယနေ့ ဩဂုတ်လ ၂၀ ရက် နံနက်ပိုင်းက ထိုင်းနိုင်ငံ မဲဆောက်မြို့ရှိ တောရကျောင်းတိုက်တွင် ကျင်းပကြသည်။
အဆိုပါကျောင်းတိုက်၌ လက်ချည်ဖြူဖွဲ့ပွဲတော်ပြုလုပ်လာသည်မှာ ယခုအကြိမ်သည် (၃၄) ကြိမ်မြောက် ဖြစ်ပြီး မဲဆောက်မြို့ရှိ ကရင်တိုင်းရင်းသားများ တက်ရောက်ကြသည်။
#PhotoNews
#လက်ချည်ဖြူဖွဲ့ပွဲတော်
#ကရင်တိုင်းရင်းသား
#ယာဉ်ကျေးမှု
ပုံအညွှန်း-မဲဆောက်မြို့ရှိ တောရကျောင်းတိုက်က လက်ချည်ဖြူဖွဲ့ပွဲတော်။(ဓာတ်ပုံ-Mizzima)
website link >>> http://www.mizzimaburmese.com/article/132332
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
❤7
ပျောက်ဆုံးနေရာကနေ ၂၀၂၃ ခုနှစ်တွင် Bitcoin ပြန်လည်ရှင်သန်လာ
===================
(ယခု ဆောင်းပါးကို Bitcoin Myanmar Initiative မှ ထောက်ပံ့ထားသည်။)
https://www.facebook.com/bitcoin.MM.initiatve
၂၀၂၃ ခုနှစ် မတ်လတွင် ဆီလီကွန်ဘေလီဘဏ်ပြိုကျပြီးနောက် ဘဏ်လုပ်ငန်းများ မငြိမ်မသက်မှုများကြောင့် ကြီးကျယ်သော စီးပွားရေးကျဆင်းမှုဖြစ်လာပြီးနောက်ပိုင်း မကြုံစဖူးသော ပြဿနာအမျိုးအစားများက စျေးကွက်ကို လှုပ်ခတ်သွားစေခဲ့ပါတယ်။ ဆီလီကွန်ဘေလီဘဏ် (SVB) ဟာ အမေရိကန်ပြည်ထောင်စုတွင် တစ်ဆယ့်ခြောက်ခုမြောက် အကြီးဆုံးဘဏ်ဖြစ်ပြီး အကျိုးတူအရင်းရှင်များနှင့် လုပ်ငန်းစတင်လုပ်ကိုင်သူများအတွက် ရွေးချယ်စရာဘဏ်ဖြစ်နေခဲ့ပါတယ်။ နာမည်ကြီးသော ဘဏ်ဒေ၀ါလီခံမှု ကလူများစွာရဲ့ပိုင်ဆိုင်မှုကို မည်မျှလုံခြုံကြောင်း မေးခွန်းထုတ်စရာဖြစ်လာပါတယ်။အဆုံးစွန်အားဖြင့် ဗဟိုဘဏ်ဟာ ဘဏ်ငွေစု သူများ အားလုံးကို ဖြေသိမ့်ဖို့ ဝင်ရောက်လာပေမယ့် အဆိုပါဖြစ်ရပ်က ဘဏ်လုပ်ငန်းစနစ်အတွက်ကြီးကျယ်တဲ့ရိုက်ခတ်မှုတစ်ခုဖြစ်လာခဲ့ပါတယ်။
လူတိုင်းဟာ သူတို့ရဲ့ ငွေများကို ဘဏ်ကနေ မှအကုန်ထုတ်ယူတာမဟုတ်ပေမယ့် ယခုအခါတွင် လူများစွာက ဘဏ်ပြိုလဲမှု ကို အနည်းဆုံးသတိပြုမိကြပြီး ဘဏ်အများအပြားကြားတွင် ပိုင်ဆိုင်မှများကို ခွဲထုတ်စုဆောင်းခြင်း Bitcoin ကဲ့သို့သော အခြားနည်းလမ်းများဖြင့်ပင် အမျိုးအစားခွဲပြီး သူတို့ရဲ့ ပိုင်ဆိုင်မှုများကိုသိမ်းဆည်းနေကြပါတယ်။
Bitcoin ကဲ့သို့ အပြည့်အဝ ဗဟိုချုပ်ကိုင်မှုမရှိတဲ့ ပိုင်ဆိုင်မှုတစ်ခု ကိုသိမ်းဆည်ဖို့ ဆုံးဖြတ်ချက်ချခြင်းက ဘဏ်များရဲ့ ပြိုလဲမှုကြောင့်ဆိုတာကိုမီးမောင်းထိုးပြနေပါတယ်။
Bitcoin အသုံးပြုသူများက Bitcoin ကိုအသုံးပြုဖို့ ဘယ် ကုမ္ပဏီ စီမံခန့်ခွဲမှုအဖွဲ့ကို ယုံကြည်ဖို့ မလိုအပ်ပါဘူး ။ Bitcoin ကွန်ရက်ကို ထိန်းချုပ်တဲ့ open-source ကုဒ်ကြည့်ခြင်းအားဖြင့် မည်သူမဆို Bitcoin blockchain တွင်ပြုလုပ်ဖူးသမျှငွေပေးငွေယူကိုကြည့်ရှုနိုင်ပြီး network ဟာပွင့်လင်းမြင်သာမှု ရှိပါတယ်။ အကျပ်အတည်းကြောင့် မတ်လတွင် bitcoin စျေးနှုန်းများ မြင့်တက်လာခဲ့ပြီး ဧပြီလနှောင်းပိုင်းတွင် First Republic Bank တွင် အပ်ငွေ ဒေါ်လာ 70 ဘီလီယံကျော် ဆုံးရှုံးခဲ့ရကြောင်း အစီရင်ခံထုတ်ပြန်ပြီးနောက် ယခင်သုံးလပတ်တွင် အပ်ငွေများ ဆုံးရှုံးသွားခဲ့ရတာကြောင့် bitcoin စျေးနှုန်းများဟာ ထပ်မံမြင့်တက်လာပါတယ်။ လက်ရှိ ဘဏ်များရဲ့ မသေချာမရေရာမှုများကြားတွင် မုန်တိုင်းအတွင်း ဆိပ်ကမ်းတစ်ခုအဖြစ် ငွေစုသူများက Bitcoin ကို ရှင်းရှင်းလင်းလင်းမြင်လာကြပါတယ်။
ကမ္ဘာလုံးဆိုင်ရာ အတိုင်းအတာတစ်ခုတွင် DEDOLLARIZATION
ဘဏ်အကျပ်အတည်းမှ မီးမောင်းထိုးပြနေတဲ့ တိကျသောပြဿနာများအပြင် ဒေါ်လာကို ယုံကြည်မှုဟာ တစ်ကမ္ဘာလုံးတွင် လျော့နည်းသွားပုံရပါတယ်။ Bitcoin ကတော့ ဒီနေရာတွင် တစ်ခုတည်းသောအစာထိုးစရာတော့မဟုတ်ပါဘူး။ ရွှေနှင့် ငွေကဲ့သို့သော အဖိုးတန်သတ္တုများ မြင့်တက်လာနေချိန်တွင် အခြားနိုင်ငံများရဲ့ အရန်ငွေကြေးဖြစ်တဲ့ USD ဟာ ဆယ်စုနှစ်များအတွင်း အနိမ့်ဆုံးအဆင့်တွင် ရှိနေပါတယ်။ ၂၀၀၁ ခုနှစ်တွင် ၇၃% မှ ၅၅% မှ 20 နောက်ပိုင်း၊ 2021 ခုနှစ်တွင်၊ 2022 ခုနှစ် ဧပြီလတွင် 47% အထိ ကျဆင်းခဲ့ကြောင်း စီးပွားရေးပညာရှင် Stephen Jen က ယွမ်သည် ယခုအခါ ရုရှားတွင် ရောင်းဝယ်ဖောက်ကားမှုအများဆုံးငွေကြေးအဖြစ် တရုတ်နှင့်ဘရာဇီးနိုင်ငံတို့က မကြာသေးမီက သဘောတူညီမှုရရှိခဲ့ပြီး ယွမ်နှင့် ဒေါ်လာအစား အမှန်တကယ် ရောင်းဝယ်မှုအခြေချရန် သဘောတူညီခဲ့ကြပါတယ်။ ထိုအတောအတွင်း မလေးရှားကလည်း အိန္ဒိယနှင့် တရုတ်နှစ်နိုင်ငံစလုံးနှင့် အလားတူ သဘောတူညီချက်များ ပြုလုပ်နေခဲ့ပါတယ်။
BRICS အတိုကောက်ကို အစပြုခဲ့တဲ့ Goldman Sachs ဘောဂဗေဒပညာရှင်ဟောင်း Jim O'Neill က ထိုအချိန်က ထွန်းသစ်စနိုင်ငံတွေဖြစ်တဲ့ ဘရာဇီးလ်၊ ရုရှား၊ အိန္ဒိယ၊ တရုတ်နှင့် တောင်အာဖရိကတို့ကို ရည်ညွှန်းတာဖြစ်ပြီး မကြာသေးမီက အဆိုပါနိုင်ငံများကို ငွေကြေးစနစ်အသစ်ဖြင့် ဒေါ်လာတန်ဖိုးကို စိန်ခေါ်ဖို့ပြောခဲ့ပါတယ်။ ထိုရည်မှန်းချက်ဟာ ယခုအချိန်မှာတော့၀ေးကွာလွန်းသေးတဲ့ ရည်မှန်းချက်ဖြစ်နိုင်ပါတယ်။
ကုန်ပစ္စည်းတင်သွင်းသူတိုင်းအနေနဲ့ ကတော့တရုတ်နိုင်ငံစီးပွားရေး
ပန်းတိုင်များဖြစ်တဲ့ ဘရာဇီးနှင့် ရုရှားတို့ကဲ့သို့ မကိုက်ညီပါဘူး။ ထို့အပြင် တရုတ်နှင့် အိန္ဒိယကြား တင်းမာမှုမျာကလည်း မေးခွန်းထုတ်စရာ ဖြစ်နေပါသေးတယ်။ ကမ္ဘာလုံးဆိုင်ရာ အရန်ငွေကြေးအဖြစ် အာမခံချက် ဖြစ်တဲ့ ဒေါ်လာရဲ့ စိုးမိုး မှုအဆုံးသတ်ခြင်းကိုမဆိုလိုသော်လည်း၊ လူတစ်ဦးချင်းစီနှင့် နိုင်ငံများ ရွေးချယ်မှု ကွဲပြားစေရန် ဒေါ်လာမဟုတ်သော အခြားရွေးချယ်စရာများကို ရှာဖွေနေကြသည့်ပုံကို ပုံဖော်ထားခြင်းသာဖြစ်ပါတယ်။

👍9😁1🤮1
ကျုံဒိုးမြို့နယ်တွင် စစ်ကောင်စီတပ်စွဲထားသည့် စာသင်ကျောင်းကို ဗုံးကြဲတိုက်ခိုက်၊ ဗိုလ်ကြီး သေဆုံးပြီး ၅ ဦးဒဏ်ရာရ
=====================
YT
(မဇ္ဈိမ)။ ။ ကရင်ပြည်နယ်၊ ကျုံဒိုးမြို့နယ်၊ တောင်ကြာအင်းကျေးရွာရှိ စာသင်ကျောင်းတွင် ဝင်ရောက်အထိုင်ချနေသော စစ်ကောင်စီတပ်သားများအား ဗုံးကြဲတိုက်ခိုက်ရာ စစ်ကောင်စီဘက်က ဗိုလ်ကြီးတဦးသေဆုံးပြီး ငါးဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဂဠုန်စစ်ကြောင်းက ယမန်နေ့ ဩဂုတ်လ ၁၉ ရက်တွင် ထုတ်ပြန်သည်။
ကျုံဒိုးမြိို့နယ်အခြေစိုက် စစ်ကောင်စီ ခြေမြန်တပ်ရင်း ခမရ (၅၄၆) က စစ်ကောင်စီတပ်သား အင်အား ၃၀ ဝန်းကျင်ဖြင့် အထိုင်ချနေသည့် ထိုကျောင်းအား ပြီးခဲ့သည့် ဩဂုတ်လ ၁၈ ရက်တွင်ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က ဒရုန်းဖြင့် ဗုံးသီးသုံးလုံး ကြဲချ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ တိုက်ခိုက်မှုကို ဂဠုန်စစ်ကြောင်း- GD2 Drone Force တပ်ဖွဲ့၊ ကျားဖြူတပ်ခွဲ (၃) (ပျံလွှားတပ်ခွဲ) Drone တပ်ဖွဲ့ ပူးပေါင်းတပ်ဖွဲ့က ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
" တောင်ကြာအင်းစာသင်ကျောင်းမှာ ခန့်မှန်းအင်အား ၃၀ ဝန်းကျင်အထိုင်ချထားပြီး ကျုံဒိုး ခမရ (၅၄၆ ) ကနေ လာရောက် တပ်စွဲထားတယ်။ ထိတွေ့မှုဖြစ်တဲ့အခါ အင်အားထပ်တိုးပါတယ်။ ထိခိုက်သေဆုံးမှုကို စစ်မြေပြင် သတင်းထောက်များ ရှိပါတယ်။ သူတို့ကနေတဆင့် ခိုင်လုံမှုရှိတဲ့ သတင်းကို အတည်ပြုထုတ်ပြန်တာပါ" ဟု ဂဠုန်စစ်ကြောင်း တာဝန်ရှိသူတဦးက မဇ္ဈိမကိုပြောသည်။
ပူးပေါင်းတပ်ဖွဲ့၏ စစ်ဆင်ရေးအတွင်း စာသင်ကျောင်းရှိ စစ်ကောင်စီတပ်သားများက ၁၂၀ မမ အမျိုးအစား လက်နက်ကြီးများဖြင့် နီးစပ်ရာ ပတ်ဝန်းကျင်သို့ ပြန်လည်ပစ်ခတ်ခဲ့သဖြင့် အနီးအနားကျေးရွာရှိ ဒေသခံများပိုင်ဆိုင်သည့် နွား၊ ခွေး၊ ကြက် စသည့် တိရစ္ဆာန်အချို့ ထိခိုက်သေဆုံးမှုရှိကြောင်း သိရသည်။
အဆိုပါ စာသင်ကျောင်းသည် စစ်ကောင်စီတပ်သားများ ဝင်ရောက်အထိုင်ချ တပ်စွဲထား၍ ယခုနှစ် ၂၀၂၃-၂၀၂၄ စာသင်နှစ်တွင် ကျောင်းဖွင့်လှစ်နိုင်ခြင်းမရှိဘဲ ပိတ်ထားရကြောင်းလည်း သိရသည်။
" တောင်ကြာအင်း စာသင်ကျောင်းက စစ်ကောင်စီတပ် တပ်စွဲထားလို့ ပိတ်ထားရတဲ့ကျောင်းပါ။ စာသင်ကျောင်းနဲ့ တောင်ကြာအင်းရဲစခန်းက မျက်နာချင်းဆိုင်ပါ။ မကြာခဏ ထိတွေ့တိုက်ပွဲ ဖြစ်ပါတယ်" ဟု ဂဠုန်စစ်ကြောင်း တာဝန်ရှိသူက ဆက်လက်ပြောဆိုသည်။
ကျုံဒိုးမြို့နယ်သည် ကရင်အမျိုးသားအစည်းအရုံး( KNU) တပ်မဟာ (၆) ထိန်းချုပ်နယ်မြေအတွင်းရှိ မြို့နယ်တစ်ခုဖြစ်ပြီး တပ်မဟာ (၆) KNLA၊ PDF ပူးပေါင်းစစ်ကြောင်းများနှင့် စစ်ကောင်စီတပ်အကြား မကြာခဏ တိုက်ပွဲဖြစ်ပွားလေ့ရှိကာ စစ်ကောင်စီတပ်များက ကျေးရွာများအတွင်း လက်နက်ကြီးများဖြင့် ပစ်ခတ်လေ့ရှိသဖြင့် ဒေသခံများ မကြာခဏ ထိခိုက်ဒဏ်ရာရလေ့ရှိသည့် ဒေသဖြစ်သည်။
ပြီးခဲ့သည့် ဩဂုတ်လ ၁၂ ရက်နေ့ကလည်း စစ်ကောင်စီခြေမြန်တပ်ရင်း ခမရ (၅၄၅) ပစ်ခတ်သည့် လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ကျုံဒိုးမြို့နယ်၊ ကရင်ကျောက်ဖျာကျေးရွာမှ သက်ကြီးပိုင်း ဒေသခံအမျိုးသားတဦး၊ အမျိုးသမီးတဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး နေအိမ်နှစ်လုံး ပျက်စီးခဲ့ရကြောင်း သိရသည်။
စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima
#တောင်ကြာအင်းကျေးရွာ
#ကျုံဒိုးမြို့နယ်
#ဒရုန်းဖြင့် ဗုံးကြဲချတိုက်ခိုက်
ပုံအညွှန်း- စစ်ကောင်စီတပ်စွဲထားသည့် တောင်ကြာအင်းစာသင်ကျောင်း

❤9😁3