Mizzima
✔
47.6K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
ဖီဖာအမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲ ဗိုလ်လုပွဲ ပွဲပြီးရလဒ်
=================

စပိန် ၁-ဝ အင်္ဂလန်

- စပိန်အသင်းဟာ ပွဲချိန် ၂၉ မိနစ်မှာ ကာမိုနာရဲ့ တစ်လုံးတည်းသော အနိုင်ဂိုးနဲ့အတူ သူတို့ရဲ့ ပထမဆုံး အမျိုးသမီးကမ္ဘာ့ဖလားကို ဆွတ်ခူးနိုင်ခဲ့ပြီဖြစ်ပါတယ်။ စပိန်တို့ဟာ အမေရိကန် (၄)ကြိမ်၊ ဂျာမနီ (၂)ကြိမ်၊ နော်ေ၀ (၁)ကြိမ်နဲ့ ဂျပန်(၁)ကြိမ်တို့ပြီးနောက် အမျိုးသမီးကမ္ဘာ့ဖလားကို ဆွတ်ခူးတဲ့ (၅)သင်းမြောက်ဖြစ်ပါတယ်။

- စပိန်ရဲ့ ကာမိုနာဟာ အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲ ဆီမီးဖိုင်နယ်နဲ့ ဗိုလ်လုပွဲနှစ်ပွဲစလုံးမှာ ဂိုးသွင်းယူတဲ့ ၇ ယောက် ကစားသမားဖြစ်လာခဲ့ပြီး ၂၀၁၅ ခုနှစ်မှာ အမေရိကန်အသင်းအတွက် ကားလီလွိုက် နောက်ပိုင်း ပထမဆုံးဖြစ်ပါတယ်။ ကာမိုနာဟာ အသက် ၂၃ နှစ်နဲ့ ၆၉ ရက်နဲ့အတူ ဗိုလ်လုပွဲမှာ ဂိုးသွင်းယူတဲ့ လေးယောက်မြောက် အသက်ငယ်ဆုံးကစားသမားဖြစ်ပါတယ်။

Photos: EPA

#womenworldcup
#FIFAWWC
#BeyondGreatness
#Mizzima
👏5🔥2👍1😢1
ထိုင်းနိုင်ငံ ၊ မဲဆောက်မြို့တွင် ကရင်ရိုးရာလက်ချည် လိပ်ပြာခေါ်ယူပွဲ ပြုလုပ်
======================

ဂန္ဒမာ(မဇ္ဈိမ)။ ။ ထိုင်းနိုင်ငံ ၊ မဲဆောက်မြို့က နောင်ဘွား ဘုန်းကြီးကျောင်းမှာ ဒီကနေ့ ဩဂုတ်လ ၂၀ ရက် နံနက် ၇ နာရီကစတင်ပြီးတော့ မိရိုးဖလာ ကရင်ရိုးရာလက်ချည် လိပ်ပြာခေါ်ယူပွဲ ပြုလုပ်ကျင်းပခဲ့ပါတယ်။

အဆိုပါဘုန်းကြီးကျောင်းမှာ မိရိုးဖလာကရင်ရိုးရာလက်ချည် လိပ်ပြာခေါ်ယူပွဲကို ၁၉၉၈ ခုနှစ်နဲ့ ၂၀၀၃ ခုနှစ်တို့ကလည်း ကျင်းပခဲ့ကြပြီး ယခု၂၀၂၃ ခုနှစ်မှာ‌တော့ စတုတ္ထအကြိမ်မြောက် ကျင်းပတာဖြစ်ပါတယ်။

လက်ချည်ပွဲအကြောင်းနဲ့ ကျင်းပဖြစ်ပုံကို နောင်ဘွားဘုန်းကြီးကျောင်းရဲ့ ဆရာတော်ထံ မေးမြန်းထားပြီး ပွဲတက်ရောက်လာသူအချို့အ‌ေနနဲ့ လက်ချည်ပွဲအ‌ေကြာင်း ဘယ်လိုသိရှိနားလည်ထားလဲ ဆိုတာကို မေးမြန်းတင်ဆက်ထားပါတယ်။

ရိုက်ကူး၊ တင်ဆက် - ဂန္ဒမာ
တည်းဖြတ် - KMN
စာတည်း-အောင်ကျော်ဖြိုး

https://youtu.be/oMJzIBDPyik

-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
🤮1
သြဂုတ်လ ( ၂၀ )ရက်၊ တနင်္ဂနွေနေ့ညပိုင်း မဇ္ဈိမ ရေဒီယိုအစီအစဉ်
===================

ဒီကနေ့ည နားဆင်ရမယ့် အစီစဉ်တွေကတော့ ...

တနင်္သာရီမှာ စစ်ကောင်စီတပ်က အရပ်သားကိုပစ်သတ်ပြီး အလောင်းပြန်မပေးတဲ့သတင်း နဲ့အတူ ဒေါက်တာဇော်ထွယ်အောင် သေဆုံးရမှုဖြစ်စဉ်အပေါ် စုံစမ်းစစ်ဆေးသွားမယ်လို့ NUG ကပြောဆိုလိုက်တဲ့ သတင်းအပါအဝင် တခြားစိတ်ဝင်စားဖွယ် ပြည်တွင်းသတင်းတွေနဲ့ တစ်ပတ်အတွင်း နိုင်ငံတကာသတင်းတွေကိုနားဆင်ကြရမှာပါ။

အဲ့ဒီနောက်မှာတော့ တစ်ပတ်အတွင်း စီးပွားရေးသတင်းတွေကို နားဆင်ရပါမှာ ဖြစ်သလို တနင်္ဂနွေနေ့တိုင်းထုတ်လွှင့်နေကျ အပတ်စဉ်အစီအစဉ်တွေကိုလည်း နားဆင်ရမှာဖြစ်ပါတယ်။

နောက်ဆုံးမှာတော့ တိုင်းရင်းသားတွေရဲ့အသံကို စုစည်းတင်ဆက်ပေးနေတဲ့ BNI ရေဒီယိုအစီအစဉ်ကို ထုတ်လွှင့်ဖို့ရှိပါတယ်။

https://youtu.be/LvO0qixpoNU

#Mizzimaradio
#Eveningradio

-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U
👍6😁1🤮1
အာဆီယံ၏ ပြန်လည်သင့်မြတ်ရေးလုပ်ငန်းစဉ် နှင့် မြန်မာ့နိုင်ငံရေး | Common Ground- Episode (3)
====================

ဖက်ဒရယ် ဒီမိုကရေစီအရေးအတွက် လုပ်ဆောင်နေကြတဲ့ အဖွဲ့အစည်းအချင်းချင်းကြား ဘေးတိုက်ပဋိပက္ခတွေကိုကျော်လွန်ပြီး သင့်မြတ်မှုပိုကောင်းလာရေး အထောက်အကူပြနိုင်ဖို့ Common Ground အစီအစဥ်ကို Mizzima က အပတ်စဥ်တင် ဆက်ပေးနေပါတယ်။

https://youtu.be/1T2M7IaDZwY

#commonground
#mizzimatv
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍5🔥4
​​မိုက်ကယ်ကျော်မြင့်က ကြံ့ခိုင်ရေးပါတီဥက္ကဌ ဦးခင်ရီကို ဆဲဆိုမှုဖြင့် အမှု ၃မှု ရင်ဆိုင်နေရသော်လည်း ထပ်မံဆဲဆို
=====================

ကီရာ
အစွန်းရောက်လူမျိုး ဘာသာရေးဝါဒီ မိုက်ကယ်ကျော်မြင့်က ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဌ ဦးခင်ရီကို ဥက္ကဌကြီး လောင်ကီးဟု ဆဲဆိုမှုဖြင့် ဆက်သွယ်ရေးပုဒ်မ (၆၆ )ဖြင့် နေရာ သုံးနေရာတွင် အမှု သုံးမှုဖြင့် ရင်ဆိုင်နေရသော်လည်း ဩဂုတ် ၁၉ရက်နေ့တွင် ၎င်း၏ လူမှုကွန်ရက်မှ တဆင့် ကြံ့ခိုင်ရေးဥက္ကဌ ဦးခင်ရီကို ထပ်မံဆဲဆိုမှု ပြုလုပ်ပြန်သည်။

“ဟျော့ ခင်ရီ ငါက မင်းနာမည်ကိုခေါ်ရင် မင်းကဖင်မြီးယမ်းပြရမှာ မဟုတ်လား “ဟူ၍ မိုက်ကယ်ကျော်မြင့်က ရေးသားထားခဲ့ခြင်းဖြစ်သည်။

ထို့အပြင် “ ငါ မိုက်ကယ်ကျော်မြင့် ဟျော့ ခင်ရီ မင်းကို …..ပဲထင်တယ်ကွာ”ဟုလည်း ထပ်မံရေးသားထားခဲ့သည်။

ထိုသို့ ဆဲဆိုသည့် အရေးအသားများကို ၎င်းလူမှုကွန်ရက်တွင်တင်ပြီး နာရီပိုင်းအကြာတွင် ပြန်လည် ဖျက်သွားခဲ့သော်လည်း အာဏာသိမ်း စစ်တပ်ထောက်ခံသူတချို့က အဆိုပါစာများကို စခရင်ရှော့များ ရယူထားကြပြီး ပြည်ခိုင်ဖြိုးပါတီအနေဖြင့် မည်သို့ ဆက်လက်အရေးယူမည်ကို သိချင်ကြောင်း ၎င်းတို့လူမှုကွန်ရက်မှတဆင့် ပြန်လည်မျှဝေခဲ့ကြသည်။

“ ပြည်ခိုင်ဖြိုးပါတီ ဦးခင်ရီအား အနီရောင်ဖြင့် မဖွယ်မရာ ရေးသားတင်ခဲ့သော ပိုစ့်ကို ပြည်ခိုင်ဖြိုးပါတီမှ အမှုဖွင့်မည့်သတင်း ကြားသိသွားသဖြင့် ၎င်းတင်ထားခဲ့သည့် အနီရောင်ပိုစ့်နှစ်ခုအား ကြောက်လှန့်ပြီး ပြန်ဖြုတ်သွားကြောင်း သိရှိရ ။ မင်းပြန်ဖြုတ်သွားပေမယ့် ပြည်ခိုင်ဖြိုးက SS ယူထားပြီးဖြစ်။ အော် ဒီကောင် အတော်ကြောက်တတ်ပါလား။ ဟျော့ ဖင်မြီးယမ်းပြရမှာ မင်းဟ”ဟု စစ်လော်ဘီတဦးဖြစ်သည့် စစ်သွေးဇာနည်မှ ပြန်လည် ရေးသားထားသည်ကို တွေ့ရသည်။

မိုက်ကယ်ကျော်မြင့်နှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် ပြီးခဲ့သည့် မတ်လ ကတည်းကပင် အပြန်အလှန်တရားစွဲဆိုမှုများ ပြုလုပ်ခဲ့ကြခြင်းဖြစ်ပြီး မိုက်ကယ်ကျော်မြင့်သည် ရန်ကုန်တိုင်း မရမ်းကုန်းမြို့မ ရဲစခန်းတွင် အမှု တစ်မှုနှင့် နေပြည်တော်တွင် အမှု နှစ်ခု ရင်ဆိုင်နေရဆဲဖြစ်သည်။

မိုက်ကယ်ကျော်မြင့်ဘက်မှလည်း ကြံ့ခိုင်ရေးပါတီအနေဖြင့် မှတ်ပုံတင်ထားသောအဆင့်တွင် တရားဝင်နိုင်ငံရေးပါတီအနေဖြင့် လိမ်လည်ပြောဆိုသည်ဟုဆိုကာ ကြံ့ခိုင်ရေးပါတီ၏ ဥက္ကဌဦးခင်ရီနှင့် ဗဟိုကော်မတီအဖွဲ့ဝင်များအား အမှုဖွင့်ဆောင်ရွက်ပေးရန် နေပြည်တော် ဒဏ္ခိဏသီရိမြို့မ ရဲစခန်းသို့ ဧပြီ ၁၉ရက်က ပေးပို့တိုင်ကြားခဲ့ကြောင်း သိရှိရသော်လည်း အဆိုပါအမှုနှင့် ပတ်သက်၍ ယနေ့အထိ မိုက်ကယ်ကျော်မြင့်မှ ထပ်မံပြောဆိုခြင်း မရှိတော့ပေ။
မိုက်ကယ်ကျော်မြင့် တိုင်ကြားထားသလိုပင် စစ်ကောင်စီ၏ ရွေးကောက်ပွဲကော်မရှင်က ကြံ့ခိုင်ရေးပါတီကို မှတ်ပုံတင်ခွင့် ပြုခဲ့သည်မှာ ဧပြီ ၂၀ရက်နေ့မှ ဖြစ်သည်။

စစ်ဘက်အရာရှိဟောင်းများ ဦးဆောင်သော ကြံ့ခိုင်ရေးပါတီမှာ စစ်အာဏာသိမ်းခြင်းကို ထောက်ခံသော ပါတီဖြစ်သလို မိုက်ကယ်ကျော်မြင့်သည်လည်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ထောက်ခံကြောင်း မကြာခဏ ထုတ်ဖော်ပြောဆိုတတ်သည်။

“Supported by the Staying Resilient Amidst Multiple Crises in Southeast Asia initiative of SEA Junction in partnership with CMB Foundation”

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍12🔥2😁1🤔1🖕1
၂၀၂၃ ဖီဖာအမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲ
==============

ချန်ပီယံ - စပိန်
ဒုတိယ - အင်္ဂလန်
တတိယ - ဆွီဒင်

ရွှေဘောလုံးဆု - Aitana Bonmati (စပိန်)

ရွှေဖိနပ်ဆု - hinata Miyzaw (ဂျပန်)

ရွှေလက်အိပ်ဆု - Mary Earps (အင်္ဂလန်)

အကောင်းဆုံးလူငယ်ကစားသမားဆု - Salma Paralluelo (စပိန်)

Photos: FIFA Women's World Cup

#womenworldcup
#FIFAWWC
#BeyondGreatness
#Mizzima
👍6🔥3
​​The Beginning of a New World
=========================

ဒီသိပ္ပံစိတ်ကူးယဉ်ဇာတ်ကားမှာ K-pop အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ P1Harmony က အဖွဲ့ဝင် ၆ယောက် ပါဝင်သရုပ်ဆောင် ထားပါတယ်။

ရောဂါပိုးကူးစက်ခံရရင် ဒေါသစိတ်တွေဖြစ်ပြီး လူသတ်ချင်စိတ်ဖြစ်ပေါ်စေတဲ့ ဗိုင်းရပ်စ်တမျိုးကြောင့် ကမ္ဘာပျက်တော့မယ့် အခြေအနေနဲ့ရင်ဆိုင်နေရချိန်မှာ K-pop အဖွဲ့ဝင် ၆ယောက်က လူစွမ်းကောင်းတွေအဖြစ်နဲ့ကမ္ဘာကြီးကိုကယ်တင်ရဖို့ဖြစ်လာပါတယ်။

အတိတ်၊ ပစ္စုပ္ပန်နဲ့ အနာဂတ်က လူငယ်လေး ၆ယောက်က သူတို့ရဲ့စွမ်းအားတွေကိုသုံးပြီးကမ္ဘာကြီးကို ကယ်တင်ကြမယ့် ဒီဇာတ်ကားမှာ ကွန်ပြူတာအထူးပြုလုပ်ချက်တွေနဲ့အက်ရှင်ခန်းတွေကို ကြည့်ရှုအားပေး ကြရမှာပါ။

ဒီဇာတ်ကားလေးကို Mizzima + Channel မှာ စောင့်မျှော်ကြည့်နိုင်ပါပြီ။

Mizzima + တွင် ပြသနေသည့် ဇာတ်ကားများကို Mizzima App တွင်လည်း live stream ကြည့်ရှုနိုင်ပါသည်။

#New ပြသမည့်ရက်။ ။ 20.8.2023
ပြသမည့် အချိန် ။ ။ မနက် (၁၀:၀၀)နာရီ
ပြန်လည်ပြသမည့်အချိန်။ ။ ည (၁၀:၃၀) နာရီ

(Mizzima Media ကနေ သတင်းချန်နယ် သီးသန့် အဖြစ် Mizzima TV အပြင်၊ သတင်း နှင့် ဖျော်ဖြေရေး ချန်နယ် အဖြစ် Mizzima + တို့အား PSI စလောင်းများ၊ နှစ်ပေ စလောင်းများ နှင့် ရှစ်ပေ စလောင်း များမှ တစ်ဆင့် နေ့စဉ် နံနက် ၆ နာရီ မှ ည ၁၂ နာရီအထိ ထုတ်လွှင့်ပြသနေပါသည်)။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U”
👍2