ပုလောအခြေစိုက် ခလရ(၂၈၅)မှ လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် အသက် ၇၀ ကျော် အမျိုးသမီးကြီး သေဆုံးပြီး ၃ ဦး ဒဏ်ရာရ
😢8🔥1

=================
ကိုရွှေမြိတ်
(မဇ္ဈိမ)။ ။တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ လက္ကူးကျေးရွာတွင် စစ်ကောင်စီလက်အောက်ခံ ခလရ (၂၈၅) က ၁၂၀ မမ လက်နက်ကြီးဖြင့် အကြောင်းမဲ့ပစ်ခတ်မှုကြောင့် သက်ကြီးပိုင်းအမျိုးသမီးတဦး ပွဲချင်းပြီး သေဆုံးကာ သုံးဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ပုလောမြို့နယ် လက္ကူးကျေးရွာတွင် ဩဂုတ်လ ၁၉ ရက်နေ့ ညနေ ၃ နာရီခွဲ ကျောင်းလွတ်အချိန် အပြီး ၁၀ မိနစ်ခန့်အကြာတွင် စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြောင်းမဲ့ပစ်ခတ်သဖြင့် ထိခိုက် သေဆုံးခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများကပြောသည်။
“ကလေးတွေကျောင်းကပြန်ပြီး လူရှင်းတဲ့အချိန်မှာပစ်တာပါ။ လက်နက်ကြီး နှစ်လုံးပစ်တယ်၊ ပထမ တလုံးက ဘာမှမဖြစ်ဘူး ဒုတိယတလုံးကျမှ နေအိမ်ပေါ်ကျပြီး လူတွေထိပြီး သေဆုံးဒဏ်ရာရတာ”ဟု လက္ကူးကျေးရွာမှ အမျိုးသားတဦးက ပြောသည်။
စစ်ကောင်စီတပ်က ၁၂၀ မမ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အသက် ၇၆ နှစ်ရှိ ဒေါ်သန်းကြည်၏ နေအိမ်အတွင်းသို့ ကျရောက်ပေါက်ကွဲပြီး လည်ပင်းအားထိမှန်ကာသေဆုံးခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ဆို သည်။
“ဒေါ်သန်းကြည်ကတော့ ဒဏ်ရာ ပြင်းထန်လို့ သေသွားတယ်။ ကျန်တဲ့အမျိုးသားနှစ်ဦးနဲ့ အမျိုးသမီးတဦး ကတော့ လက်နက်ကြီးကျည် ပေါက်ကွဲလွင့်စင်မှုကြောင့် ထိခိုက် ဒဏ်ရာရခဲ့တယ်” ဟု ပြောကြားသည်။
စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် နေအိမ်ငါးလုံးထက်မနည်း ထိခိုက်ပျက်စီးခဲ့ ကြောင်းလည်း သိရသည်။
ယခုကဲ့သို့ စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ မကြာခဏ လက်နက်ကြီးဖြင့်ပစ်ခတ်နေခြင်း ကြောင့် ဒေသခံများမှာ စိုးရိမ်ထိန့်လန့်နေပြီး အချို့မှာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။
တနင်္သာရီတိုင်းတွင် စစ်ကောင်စီက တနင်္သာရီမြို့နယ်နှင့် ပုလောမြို့နယ်တို့ကို စစ်အုပ်ချုပ်ရေးကြေညာ ထားပြီး ဒေသကာကွယ်ရေးတပ်ဖွဲ့များနှင့် မကြာခဏ တိုက်ပွဲများဖြစ်ပွားလျက်ရှိသည်။
စာတည်း။ ။စောဖေ
#တနင်္သာရီတိုင်း
#ပုလောမြို့နယ်
#စစ်အုပ်ချုပ်ရေး
#အမျိုးသမီး
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

Paypal
Donate to Mizzima Media Supporters Australia Incorporated
Help support Mizzima Media Supporters Australia Incorporated by donating or sharing with your friends.
🔥6👍5😢4
Media is too big
VIEW IN TELEGRAM
အာဆီယံအလှည့်ကျဥက္ကဌသက်တမ်းမကုန်ခင် မြန်မာအရေးဖြေရှင်းဖို့ အင်ဒိုနီးရှားကို APHR တိုက်တွန်း
Watch more detail - https://youtu.be/8KfmAGU9lnc
#PoliticalNews #mizzimaplushd #internationalnews #mizzima #mizzimanews #mizzimadailynews #myanmarnews #todaynews #newsupdate #Reels #Shorts

👍5😁1
US, S.Korea and Japan usher in 'new chapter' of cooperation at Camp David summit
=================
https://youtu.be/jlzpeFeJV-E
=================
https://youtu.be/jlzpeFeJV-E
YouTube
US, S.Korea and Japan usher in 'new chapter' of cooperation at Camp David summit
US President Joe Biden and the leaders of Japan and South Korea said Friday they saw a "new chapter" of close three-way security cooperation as the Asian allies joined a first-of-a-kind summit that has already rattled China.
Standing alongside Biden and…
Standing alongside Biden and…
👍5😁2
Media is too big
VIEW IN TELEGRAM
ကျန်းမာရေးဆိုင်ရာ ဆေးရုံ၊ ဆေးခန်းတွေနဲ့ ပြည်သူလူထုကို ပစ်မှတ်ထား တိုက်ခိုက်နေတဲ့ အာဏာသိမ်း စစ်ကောင်စီတပ်ကို အရေးယူပေးဖို့ တောင်းဆို
Watch more detail - https://youtu.be/U48DLyUoex0
#PoliticalNews #mizzimaplushd #internationalnews #mizzima #mizzimanews #mizzimadailynews #myanmarnews #todaynews #newsupdate #Reels #Shorts
Watch more detail - https://youtu.be/U48DLyUoex0
#PoliticalNews #mizzimaplushd #internationalnews #mizzima #mizzimanews #mizzimadailynews #myanmarnews #todaynews #newsupdate #Reels #Shorts
👍9😁2
သံဖြူဇရပ်တွင် ရွှေ့ပြောင်းအလုပ်သမားမိသားစုမှ ကလေးငယ်အား အဓမ္မပြုကျင့်သူကို ဒေသခံများ ဝိုင်းဖမ်း
======================
ဂျူချန်း
(မဇ္ဈိမ)။ ။ မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင်ရွှေ့ပြောင်းအလုပ်သမားမိသားစုမှ အသက် ၁၁ အရွယ် မိန်းကလေးငယ်တဦးကို အဓမ္မပြုကျင့်ခဲ့သည့် အမျိုးသားအား ဒေသခံများက ဝိုင်းဝန်းဖမ်းဆီးခဲ့သည်။
အဆိုပါ ဖြစ်စဉ်သည် သံဖြူဇရပ်မြို့၊ ပငကျေးရွာတွင် ဩဂုတ်လ ၁၉ ရက်နေ့ နံနက်က ဖြစ်ခဲ့ခြင်းဟု သိရသည်။
ရန်ကုန်တိုင်းဘက်မှ အလုပ်လာလုပ်သည့် ရွှေ့ပြောင်းအလုပ်သမားမိသားစုမှ အသက် ၁၁ အရွယ် ကလေးငယ်တဦးကို ပငရွာမှ အသက်(၁၉)နှစ်အရွယ် ချစ်လင်းအောင်ဆိုသူက အဓမ္မပြုကျင့်ခြင်းဟု ဒေသခံများကပြောသည်။
“ကောင်မလေးက ဈေးသွားဝယ်ပြီး အပြန် သင်္ချိုင်းကုန်းနားမှာ ပြုကျင့်ခံရတာ" ဟုပငရွာခံတဦးက ပြောသည်။
ကလေးငယ်၏ ပုံမှန်မဟုတ်သော အခြေအနေကို မိခင်ဖြစ်သူမှ မေးမြန်းရာမှ အဓမ္မပြုကျင့်ခံရသည်ဟု သိရခြင်းဖြစ်သည်။
“နေ့တွင်းချင်းပဲ ဖမ်းမိလိုက်ပါတယ်။ အဲ့ဒီနေ့မှာပဲ သံဖြူဇရပ်ဆေးရုံမှာ ဆေးစစ်ချက်လည်း အဲ့ဒီနေ့ပဲထွက်ပါတယ်" ဟု ဒေသခံတဦးက ပြောသည်။
မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း တရားဥပဒေစိုးမိုးမှုနှင့် လုံခြုံမှုမရှိတော့ဘဲ ကလေးငယ်များ အဓမ္မပြုကျင့်ခံရမှုလည်း မကြာခဏကြားသိနေရကြောင်း အမျိုးသမီးနှင့် ကလေးသူငယ်အရေးဆောင်ရွက်သူ မဥမ္မာ ကပြောသည်။အရပ်ဖက် အဖွဲ့အစည်းများအနေဖြင့်လည်း စစ်ကောင်စီ၏ ဖိအားများကြောင့် လွတ်လပ်စွာ ကူညီဆောင်ရွက်ခွင့် မရတော့ဟု ၎င်းကဆိုသည်။
“စစ်ကောင်စီလက်ထက်မှာတော့ အရာအားလုံး ဆုံးရှုံးရတာပါပဲ။ လူ့လောကတောင်မရောက်သေးတဲ့ ဗိုက်ထဲက သန္ဓေသားကအစ အသက်ရှင်ခွင့်ရဖို့တောင် မသေချာတော့တဲ့ အနေအထားမျိုး။ လုံခြုံရေးလည်း စိတ်မချရတော့ဘူး။ တကယ်ကူညီနေတဲ့ အဖွဲ့အစည်းတွေကို ရန်ရှာနေတော့ ကူညီဖို့ကလည်း တအားခက်ခဲသွားတယ်” ဟု မဥမ္မာက ပြောသည်။
ယခုအခါ ချစ်လင်းအောင်ကို သံဖြူဇရပ် ရဲစခန်းတွင်ရာဇသတ်ကြီးပုဒ်မ ၃၇၆(အရွယ်မရောက်သေးသော ကလေးငယ်အား အဓမ္မပြုကျင့်မှု)၊ ရာဇသတ်ကြီးပုဒ်မ ၃၆၃(လူခိုးမှု) ဖြင့် အမှုဖွင့် အရေးယူထားကြောင်းသိရသည်။
အသက် ၁၂ အောက် ကလေးငယ်အား အဓမ္မပြုကျင့်ပါက ကျူးလွန်သူအား ရာဇသတ်ကြီးပုဒ်မ ၃၇၆ အရ အမြင့်ဆုံးထောင်ဒဏ် တသက် သို့မဟုတ် အနှစ် ၂၀ ကျခံရမည်ဖြစ်သည်။ပုဒ်မ ၃၆၃ ကို ကျူးလွန်သူကို ခုနှစ်နှစ်ထိ ထောင်ဒဏ် အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။
စာတည်း - အေးချမ်း
#mizzima
#သံဖြူဇရပ်
#ရွှေ့ပြောင်းအလုပ်သမားမိသားစု
#အဓမ္မပြုကျင့်
#ဖမ်းဆီး
ပုံစာ-ချစ်လင်းအောင် (ဓါတ်ပုံ-လူမှုကွန်ရက်)

👍13😁2
This media is not supported in your browser
VIEW IN TELEGRAM
Aug - 21 [2 Pm] Mizzima News Hour
Mizzima Headline News
#2pmnews #mizzimanewshour #mizzimaplushd #internationalnews #mizzima #mizzimanews #mizzimadailynews #myanmarnews #todaynews #newsupdate #Reels #Shorts

👍2😁1🍌1
ဒဏ်ခတ်ပိတ်ဆို့မှုများအကြား ကမ္ဘာတစ်ဝန်း မြန်မာ့ကျွန်းသစ် ကုန်သွယ်မှုက ဆက်ရှိနေ
=======================
နာမည်ကျော် မွန်တီကာလိုမြို့ ဆိပ်ကမ်း၌ ဆိုက်ကပ်ထားသော အထက်တန်းစား ဇိမ်ခံရွက်လှေတချို့ကို လေ့လာစူးစမ်းကြည့်မည်ဆိုပါက ယင်းရွက်လှေများတွင် သုံးထားသည့် ရွှေရောင်သစ်သားမှာ မြန်မာနိုင်ငံ၏ သစ်တောများမှ လာသော ကျွန်းသစ်များ ဖြစ်နိုင်သည် ဆိုသည်ကို တွေ့ရမည်ဖြစ်သည်။ယင်းနှင့်ပတ်သက်ပြီး ဂျာနယ်လစ်နှစ်ဦးက ကောင်းစွာ သိရှိနေသည်။ မြန်မာ့သစ်တောများမှ အဖိုးတန် ကျွန်းသစ်များကို ဆက်လက် ခုတ်လှဲလျက်ရှိပြီး ကမ္ဘာတစ်ဝန်း တင်ပို့ရောင်းချနေသည့် ကျွန်းသစ် ကုန်သွယ်မှုနှင့် ပတ်သက်ပြီး Miami Herald သတင်းစာမှ ဂျာနယ်လစ် ရှာရ်ရှို ဒက်စ်ဂပ်တာနှင့် Papertrail Media ၌ လုပ်ကိုင်သော ဂျာမန်အခြေစိုက် ဂျာနယ်လစ် တီမို ရှားဘားတို့ကနှိုက်နှိုက်ချွတ်ချွတ် ကြိုးပမ်းစုံစမ်းထားကြသည်။
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
=======================
နာမည်ကျော် မွန်တီကာလိုမြို့ ဆိပ်ကမ်း၌ ဆိုက်ကပ်ထားသော အထက်တန်းစား ဇိမ်ခံရွက်လှေတချို့ကို လေ့လာစူးစမ်းကြည့်မည်ဆိုပါက ယင်းရွက်လှေများတွင် သုံးထားသည့် ရွှေရောင်သစ်သားမှာ မြန်မာနိုင်ငံ၏ သစ်တောများမှ လာသော ကျွန်းသစ်များ ဖြစ်နိုင်သည် ဆိုသည်ကို တွေ့ရမည်ဖြစ်သည်။ယင်းနှင့်ပတ်သက်ပြီး ဂျာနယ်လစ်နှစ်ဦးက ကောင်းစွာ သိရှိနေသည်။ မြန်မာ့သစ်တောများမှ အဖိုးတန် ကျွန်းသစ်များကို ဆက်လက် ခုတ်လှဲလျက်ရှိပြီး ကမ္ဘာတစ်ဝန်း တင်ပို့ရောင်းချနေသည့် ကျွန်းသစ် ကုန်သွယ်မှုနှင့် ပတ်သက်ပြီး Miami Herald သတင်းစာမှ ဂျာနယ်လစ် ရှာရ်ရှို ဒက်စ်ဂပ်တာနှင့် Papertrail Media ၌ လုပ်ကိုင်သော ဂျာမန်အခြေစိုက် ဂျာနယ်လစ် တီမို ရှားဘားတို့ကနှိုက်နှိုက်ချွတ်ချွတ် ကြိုးပမ်းစုံစမ်းထားကြသည်။
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😁3
Media is too big
VIEW IN TELEGRAM
ရွှေဈေးနှင့်ဒေါ်လာဈေးနှုန်း ကျဆင်းရေး Task Force ဖွဲ့စည်း ပြီး စသုံးလုံးက ဦးဆောင်မည်ဟု စစ်ကောင်စီ ဆိုပြန်
Watch more detail - https://youtu.be/rsfJlrXsZ4E
#PoliticalNews #mizzimaplushd #internationalnews #mizzima #mizzimanews #mizzimadailynews #myanmarnews #todaynews #newsupdate #Reels #Shorts
Watch more detail - https://youtu.be/rsfJlrXsZ4E
#PoliticalNews #mizzimaplushd #internationalnews #mizzima #mizzimanews #mizzimadailynews #myanmarnews #todaynews #newsupdate #Reels #Shorts
🔥3👏1😁1🤣1
ခွင့်ပြုချက်မရှိဘဲ နိုင်ငံခြားငွေ လက်ဝယ်ကိုင်ဆောင်ပါက အရေးယူမည်ဟု စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ် ကြေညာ
===================
001
(မဇ္စျိမ)။ ။ခွင့်ပြုချက်၊ လိုင်စင်မရှိဘဲ နိုင်ငံခြားငွေများ လက်ဝယ်ကိုင်ဆောင်ထားသည်ကို တွေ့ရှိပါက နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ် က ယနေ့ ဩဂုတ်လ ၂၁ ရက်တွင် ထုတ်ပြန်သည်။
ဗဟိုဘဏ်က ၂၀၁၄ ခုနှစ်အတွင်းက ထုတ်ပြန်ခဲ့သည့် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုစည်းမျဉ်း အပိုဒ် ၁၅ တွင် ပြည်တွင်း၌ နေထိုင်သူတဦးဦးသည် တရားဝင်နည်းလမ်းဖြင့် ရရှိထားသည့် အမေရိကန်ဒေါ်လာ ၁၀,၀၀၀ အထိ သို့မဟုတ် ထို့ထက်မပိုသော နိုင်ငံခြားငွေများကို လက်ခံရရှိသည့်နေ့မှ ခြောက်လအတွင်း ကိုင် ဆောင်ခွင့်ရှိသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ခြောက်လကျော်သည်အထိ အသုံးမပြုဘဲရှိနေသည့် နိုင်ငံခြားငွေများကို နိုင်ငံခြားသုံးငွေလုပ်ငန်းလုပ် ကိုင်ခွင့် လိုင်စင်ရရှိသူများထံတွင် ဈေးကွက်ပေါက်ဈေးဖြင့် ရောင်းချလဲလှယ်ခြင်း သို့မဟုတ် ဘဏ်စာရင်း သို့ ထည့်သွင်းခြင်း ဆောင်ရွက်ရမည်ဖြစ်ကြောင်းလည်း ပါရှိသည်။
ထို့ပြင် နိုင်ငံခြားသုံးငွေ ရောင်းဝယ်မှုလုပ်ငန်းများကို နိုင်ငံခြားသုံးငွေများ ရောင်းဝယ်ဖောက်ကားသည့် လုပ်ငန်းလိုင်စင်ရရှိသူများကသာ ဆောင်ရွက်ခွင့်ရှိပြီး လိုင်စင်ရရှိသူများအနေဖြင့်လည်း နိုင်ငံခြားငွေ ငွေ သားနှင့် ခရီးသွားချက်လက်မှတ်များကိုသာ ရောင်းဝယ်ခွင့်ရှိကြောင်း ဆိုထားသည်။
စစ်ကောင်စီက ရည်ညွှန်းထားသည့် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေတွင် လိုင်စင်မရှိဘဲ နိုင်ငံခြားသုံးငွေ လုပ်ငန်းလုပ်ကိုင်ပါက သုံးနှစ်ထက်မပိုသည့် ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည့်အပြင် သက်သေခံပစ္စည်းများကိုလည်း ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းရမည်ဖြစ်ကြောင်း ပြဌာန်းထားသည်။
တဖက်တွင်လည်း စစ်ကောင်စီအနေဖြင့် နိုင်ငံခြားငွေများ ဝယ်ယူရောင်းချ လဲလှယ်ပေးခွင့်လိုင်စင်ရ ကုမ္ပဏီများကိုလည်း အမိန့်နှင့် ညွှန်ကြားချက် လိုက်နာမှုမရှိဟုဆိုကာ လိုင်စင်ရုပ်သိမ်းခြင်းများ ပြုလုပ် နေကာ ပြီးခဲ့သည့် ဩဂုတ်လ ၁၄ ရက်နေ့ကလည်း ကုမ္ပဏီ ၁၃ ခုကို လိုင်စင်ရုပ်သိမ်းခဲ့သည်။
အာဏာသိမ်းပြီးနောက် မြန်မာကျပ်ငွေတန်ဖိုး ဆက်တိုက်ကျဆင်းလာနေပြီး ယနေ့တွင် အမေရိကန် တဒေါ်လာလျှင် ကျပ် ၃,၈၀၀ ကျော်ပေါက်ဈေးရှိနေကြောင်း သိရသည်။
နိုင်ငံခြားငွေ လဲလှယ်နှုန်းများနှင့်ပတ်သက်ပြီး အွန်လိုင်းနှင့် ဆိုရှယ်မီဒီယာများပေါ်တွင် ဈေးနှုန်းတက်ရန် ရေးသားပြောဆိုမှုများ အပါအဝင် နိုင်ငံခြားငွေလဲလှယ်နှုန်း မြင့်တက်စေရန်ဆောင်ရွက်မှုများကို အရေးယူ ဆောင်ရွက်မည်ဖြစ်ကြောင်း စစ်ကောင်စီလက်အောက်ခံဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက ဩဂုတ် လ ၁၉ ရက်နေ့က ခြိမ်းခြောက်ပြောဆိုထားသည်။
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ
#ဗဟိုဘဏ်
#ငွေကြေးဈေးကွက်
#စစ်ကောင်စီ

❤3👏2👍1🤣1
This media is not supported in your browser
VIEW IN TELEGRAM
ပါကစ္စတန်မှာ ဘတ်စ်ကားတိုက်မှုအတွင်း လူ ၁၈ ဦး မီးလောင်သေဆုံး
#InternationalNews #mizzimaplushd #internationalnews #mizzima #mizzimanews #mizzimadailynews #myanmarnews #todaynews #newsupdate #Reels #Shorts

👍1🔥1😁1
မြန်မာတွင် ဖမ်းဆီးခံရသည့် ရုပ်ရှင်ရိုက်ကူးသူကို ဆက်သွယ်ကူညီပေးနေဟု ဆွစ်ဇာလန်အစိုးရ ပြော
====================
မြန်မာနိုင်ငံတွင် ဗုဒ္ဓဘာသာကို ညှိုးနွမ်းထိခိုက်စေမှုဖြင့် ဆွစ်ဇာလန်နိုင်ငံသားတစ်ဦး ဖမ်းဆီးခံရမှုနှင့်ပတ်သက်ပြီး သံတမန်များက မြန်မာရှိ သက်ဆိုင်ရာအာဏာပိုင်များနှင့် ဆက်သွယ်ဆောင်ရွက်လျက် ရှိကြောင်း ဆွစ်ဇာလန်တာဝန်ရှိသူတို့က ဩဂုတ် ၁၉ ရက်တွင် ပြောသည်။
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
====================
မြန်မာနိုင်ငံတွင် ဗုဒ္ဓဘာသာကို ညှိုးနွမ်းထိခိုက်စေမှုဖြင့် ဆွစ်ဇာလန်နိုင်ငံသားတစ်ဦး ဖမ်းဆီးခံရမှုနှင့်ပတ်သက်ပြီး သံတမန်များက မြန်မာရှိ သက်ဆိုင်ရာအာဏာပိုင်များနှင့် ဆက်သွယ်ဆောင်ရွက်လျက် ရှိကြောင်း ဆွစ်ဇာလန်တာဝန်ရှိသူတို့က ဩဂုတ် ၁၉ ရက်တွင် ပြောသည်။
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😁3❤1
သြဂုတ်လ (၂၁)ရက်၊ ညနေ ၄ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
=====================
01:03 − ခွင့်ပြုချက်မရှိဘဲ နိုင်ငံခြားငွေ လက်ဝယ်ကိုင်ဆောင်ပါက အရေးယူမယ်လို့ စစ်ကောင်စီ ဗဟိုဘဏ်ပြောတဲ့သတင်း
02:49 − မြဝတီ-ကော့ကရိတ် အာရှလမ်းမှာ အိမ်စီးကားနဲ့ ဆိုင်ကယ်တွေကို အချိန်ပိုင်း သွားလာခွင့်ပြုတဲ့သတင်း
04:00 − ခပုလောအခြေစိုက် ခလရ(၂၈၅)မှ လက်နက်ကြီးပစ်ခတ်မှုကြောင့် အသက် ၇၀ ကျော် အမျိုးသမီးကြီး သေဆုံးပြီး ၃ ဦး ဒဏ်ရာရတဲ့သတင်းနဲ့
08:11 − ငါးသိုင်းချောင်းမြို့မှာ PDF ၂ ဦးဖမ်းမိထားတယ်လို့ စစ်ကောင်စီသတင်းလွှင့်ပြီး ဒေသခံအချို့ကို လိုက် ဖမ်းနေတဲ့သတင်းအပါအဝင် တခြား အရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်း တွေကို တင်ဆက်ပေးသွားမှာပါ။
https://youtu.be/-UiIJBXc5Rg
#4pmnews
#Mizzimanewshour
#mizzimatv
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U

04:00 − ခပုလောအခြေစိုက် ခလရ(၂၈၅)မှ လက်နက်ကြ…

🍌3
This media is not supported in your browser
VIEW IN TELEGRAM
သစ်ခိုးထုတ်ခြင်းတွေကြောင့် ဆီးရီးယားသစ်တောတွေက ကျတ်တီးမြေတွေအဖြစ်ပြောင်းလဲ
#InternationalNews #mizzimaplushd #internationalnews #mizzima #mizzimanews #mizzimadailynews #myanmarnews #todaynews #newsupdate #Reels #Shorts
#InternationalNews #mizzimaplushd #internationalnews #mizzima #mizzimanews #mizzimadailynews #myanmarnews #todaynews #newsupdate #Reels #Shorts
🔥1😁1
နိုင်ငံတဝှမ်း မိုးအားလျော့ကျလာနိုင်ဟုဆို
================
ရောင်နီ
(မဇ္စျိမ)။ ။ မြန်မာနိုင်ငံတွင် လာမည့်ရက်သတ္တပတ်အတွင်း မုတ်သုံလေ အားလျော့ခြင်းကြောင့် တနိုင်ငံလုံးအတိုင်းအတာအားဖြင့် မိုးရွာသွန်းမှုလျော့ကျသွားနိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး၀န်ကြီးဌာန (MOHADM)က သတင်းထုတ်ပြန်သည်။
ယနေ့ သြဂုတ်လ ၂၁ ရက်နေ့မှ ဩဂုတ်လ ၂၇ ရက်နေ့အထိ မိုးလေ၀သအခြေအနေကို MOHADM က ထုတ်ပြန်ရာ၌ ယင်းကဲ့သို့ ဖော်ပြထားခြင်းဖြစ်သည်။မိုးအားလျော့ကျသွားနိုင်၍ ရေကြီးရေလျှံမှုဘေး သက်သာသွားနိုင်သည်ဟု ဆိုသည်။
မြန်မာနိုင်ငံတွင် ပြီးခဲ့သည့် ဇွန်လမှ ဩဂုတ်လဆန်းအထိ မုတ်သုံလေအားကောင်းခြင်းကြောင့် မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် ပဲခူးတိုင်း အပါအ၀င်တိုင်းနှင့်ပြည်နယ်အများစုတွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့သည်။ဇူလိုင်လအတွင်း ရေဘေးကြောင့် သေဆုံးသူ ငါး ဦးထက်မနည်းရှိခဲ့ပြီး လူဦးရေ ၄၀,၀၀၀ခန့် ဘေးကြုံခဲ့သည်။
စစ်ကောင်စီလက်အောက်ခံမိုးဇလဌာနက သြဂုတ်လ ၂၁ ရက်မှ ဩဂုတ်လ ၃၀ရက်အထိ ရာသီဥတုခန့်မှန်းချက်ကို ယနေ့ထုတ်ပြန်ရာ ဒေသအများစု ပုံမှန်ခန့်သာ မိုးရွာနိုင်သည်ဟု ဆိုထားသည်။
စာတည်း - အေးချမ်း
#mizzima
#မုတ်သုံလေ
#မိုးလျော့ကျ
#MOHADM
ပုံအညွှန်း - မော်လမြိုင်မြို့ပေါ်တွင် ဇူလိုင်လ ၁၉ ရက်နေ့က ရေကြီးရေလျှံမှုဖြစ်ပွားခဲ့သည့် မြင်ကွင်း။ (ပုံ - ပညာမန္ဒအံင်)
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
================
ရောင်နီ
(မဇ္စျိမ)။ ။ မြန်မာနိုင်ငံတွင် လာမည့်ရက်သတ္တပတ်အတွင်း မုတ်သုံလေ အားလျော့ခြင်းကြောင့် တနိုင်ငံလုံးအတိုင်းအတာအားဖြင့် မိုးရွာသွန်းမှုလျော့ကျသွားနိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး၀န်ကြီးဌာန (MOHADM)က သတင်းထုတ်ပြန်သည်။
ယနေ့ သြဂုတ်လ ၂၁ ရက်နေ့မှ ဩဂုတ်လ ၂၇ ရက်နေ့အထိ မိုးလေ၀သအခြေအနေကို MOHADM က ထုတ်ပြန်ရာ၌ ယင်းကဲ့သို့ ဖော်ပြထားခြင်းဖြစ်သည်။မိုးအားလျော့ကျသွားနိုင်၍ ရေကြီးရေလျှံမှုဘေး သက်သာသွားနိုင်သည်ဟု ဆိုသည်။
မြန်မာနိုင်ငံတွင် ပြီးခဲ့သည့် ဇွန်လမှ ဩဂုတ်လဆန်းအထိ မုတ်သုံလေအားကောင်းခြင်းကြောင့် မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် ပဲခူးတိုင်း အပါအ၀င်တိုင်းနှင့်ပြည်နယ်အများစုတွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့သည်။ဇူလိုင်လအတွင်း ရေဘေးကြောင့် သေဆုံးသူ ငါး ဦးထက်မနည်းရှိခဲ့ပြီး လူဦးရေ ၄၀,၀၀၀ခန့် ဘေးကြုံခဲ့သည်။
စစ်ကောင်စီလက်အောက်ခံမိုးဇလဌာနက သြဂုတ်လ ၂၁ ရက်မှ ဩဂုတ်လ ၃၀ရက်အထိ ရာသီဥတုခန့်မှန်းချက်ကို ယနေ့ထုတ်ပြန်ရာ ဒေသအများစု ပုံမှန်ခန့်သာ မိုးရွာနိုင်သည်ဟု ဆိုထားသည်။
စာတည်း - အေးချမ်း
#mizzima
#မုတ်သုံလေ
#မိုးလျော့ကျ
#MOHADM
ပုံအညွှန်း - မော်လမြိုင်မြို့ပေါ်တွင် ဇူလိုင်လ ၁၉ ရက်နေ့က ရေကြီးရေလျှံမှုဖြစ်ပွားခဲ့သည့် မြင်ကွင်း။ (ပုံ - ပညာမန္ဒအံင်)
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍7🔥1😁1
This media is not supported in your browser
VIEW IN TELEGRAM
Aug - 21 [4 Pm] Mizzima News Hour
Mizzima Headline News
#4pmnews #mizzimanewshour #mizzimaplushd #internationalnews #mizzima #mizzimanews #mizzimadailynews #myanmarnews #todaynews #newsupdate #Reels #Shorts

🔥1🍌1
Media is too big
VIEW IN TELEGRAM
အာဏာသိမ်းခြင်းမဟုတ်ကြောင်းနဲ့ ဘယ်လိုတိုက်ခိုက်မှုမျိုးကိုမဆို တုံ့ပြန်သွားမယ့်အကြောင်း နိုင်ဂျာအာဏာသိမ်းစစ်တပ်ကပြော

❤2🤣2👍1👏1