နိုင်ငံတဝှမ်း မိုးအားလျော့ကျလာနိုင်ဟုဆို
================
ရောင်နီ
(မဇ္စျိမ)။ ။ မြန်မာနိုင်ငံတွင် လာမည့်ရက်သတ္တပတ်အတွင်း မုတ်သုံလေ အားလျော့ခြင်းကြောင့် တနိုင်ငံလုံးအတိုင်းအတာအားဖြင့် မိုးရွာသွန်းမှုလျော့ကျသွားနိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး၀န်ကြီးဌာန (MOHADM)က သတင်းထုတ်ပြန်သည်။
ယနေ့ သြဂုတ်လ ၂၁ ရက်နေ့မှ ဩဂုတ်လ ၂၇ ရက်နေ့အထိ မိုးလေ၀သအခြေအနေကို MOHADM က ထုတ်ပြန်ရာ၌ ယင်းကဲ့သို့ ဖော်ပြထားခြင်းဖြစ်သည်။မိုးအားလျော့ကျသွားနိုင်၍ ရေကြီးရေလျှံမှုဘေး သက်သာသွားနိုင်သည်ဟု ဆိုသည်။
မြန်မာနိုင်ငံတွင် ပြီးခဲ့သည့် ဇွန်လမှ ဩဂုတ်လဆန်းအထိ မုတ်သုံလေအားကောင်းခြင်းကြောင့် မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် ပဲခူးတိုင်း အပါအ၀င်တိုင်းနှင့်ပြည်နယ်အများစုတွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့သည်။ဇူလိုင်လအတွင်း ရေဘေးကြောင့် သေဆုံးသူ ငါး ဦးထက်မနည်းရှိခဲ့ပြီး လူဦးရေ ၄၀,၀၀၀ခန့် ဘေးကြုံခဲ့သည်။
စစ်ကောင်စီလက်အောက်ခံမိုးဇလဌာနက သြဂုတ်လ ၂၁ ရက်မှ ဩဂုတ်လ ၃၀ရက်အထိ ရာသီဥတုခန့်မှန်းချက်ကို ယနေ့ထုတ်ပြန်ရာ ဒေသအများစု ပုံမှန်ခန့်သာ မိုးရွာနိုင်သည်ဟု ဆိုထားသည်။
စာတည်း - အေးချမ်း
#mizzima
#မုတ်သုံလေ
#မိုးလျော့ကျ
#MOHADM
ပုံအညွှန်း - မော်လမြိုင်မြို့ပေါ်တွင် ဇူလိုင်လ ၁၉ ရက်နေ့က ရေကြီးရေလျှံမှုဖြစ်ပွားခဲ့သည့် မြင်ကွင်း။ (ပုံ - ပညာမန္ဒအံင်)
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

👍7🔥1😁1
This media is not supported in your browser
VIEW IN TELEGRAM
Aug - 21 [4 Pm] Mizzima News Hour
Mizzima Headline News
#4pmnews #mizzimanewshour #mizzimaplushd #internationalnews #mizzima #mizzimanews #mizzimadailynews #myanmarnews #todaynews #newsupdate #Reels #Shorts

🔥1🍌1
Media is too big
VIEW IN TELEGRAM
အာဏာသိမ်းခြင်းမဟုတ်ကြောင်းနဲ့ ဘယ်လိုတိုက်ခိုက်မှုမျိုးကိုမဆို တုံ့ပြန်သွားမယ့်အကြောင်း နိုင်ဂျာအာဏာသိမ်းစစ်တပ်ကပြော
#InternationalNews #mizzimaplushd #internationalnews #mizzima #mizzimanews #mizzimadailynews #myanmarnews #todaynews #newsupdate #Reels #Shorts

❤2🤣2👍1👏1
မတူပီမြို့တွင် အခြေခံစားသောက်ကုန်ဈေးနှုန်းများ အဆမတန်မြင့်တက်
======================
မဇ္ဈိမ။ ။ချင်းပြည်နယ်၊ မတူပီမြို့နယ်အတွင်း ဩဂုတ်လဆန်းပိုင်းမှစတင်ကာ အခြေခံစားသောက်ကုန် များအပါအဝင် ကုန်ဈေးနှုန်းများ အဆမတန်မြင့်တက်နေကြောင်း ဒေသခံများထံမှ သိရသည်။
ယခုဩဂုတ်လဆန်းပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကုန်တင်ကားများ အဓိကသွားလာနေ သည့် မတူပီ-ဟားခါးလမ်း၌ မြေပြိုကျမှုများကြောင့် လမ်းပန်းဆက်သွယ်ရေးပြတ်တောက်ပြီး ကုန် ပစ္စည်းများ ဝင်ရောက်လာခြင်းမရှိသည့်အတွက် ကုန်ဈေးနှုန်းများမြင့်တက်နေခြင်းဖြစ်သည်။
“ကုန်ဈေးနှုန်းတက်တာကတော့ အရမ်းကိုတက်နေတာ။ မတူပီကိုဝင်လာတဲ့ ကုန်ပစ္စည်းလမ်းကြောင်း က နှစ်လမ်းပဲရှိတာ။ အရင်ကတော့ ပခုက္ကူ-မင်းတပ်-မတူပီလမ်းကို သုံးကြတယ်။ တိုက်ပွဲတွေ ဖြစ်ပြီး နောက်ပိုင်းမှာ အဲဒီလမ်းကြောင်းကိုမသုံးတော့ဘဲ ပခုက္ကူကနေ ဂန့်ဂေါဘက်ခြမ်းပြီးတော့ ရေဇွာကနေ၊ မတူပီကိုပတ်ပြီးတော့ လာကြတယ်။ အခုအဲဒီလမ်းကလုံးဝကိုပြိုသွားတော့ ကုန်တွေလည်း ဈေး အဆ မတန်တက်သွား” ဟု မတူပီဒေသခံတဦးကပြောသည်။
ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ဟားခါးလမ်းပေါ်ရှိ လုံလှော်-ဇကမ်းအကြား မြေပြိုမူများကြောင့် အဆိုပါလမ်း အသုံးပြုမှုမှာလည်း လုံးဝရပ်ဆိုင်းသွားရပြီဖြစ်ကြောင်း ဆိုသည်။
လက်ရှိမတူပီမြို့ပေါ်တွင် ဓါတ်ဆီရေသန့်တဘူး ၅,၀၀၀ ကျပ်၊ အိမ်ကြက်တစ်ကောင် ၃၀,၀၀၀ ကျပ်၊ ပေါ်ဆန်မွေးတအိတ် ၁၃၀,၀၀၀ ဝန်းကျင်နှင့် ဆန်ကွဲတစ်အိတ် ၉၀,၀၀၀ ဝန်းကျင်အထိ ဈေးပေါက်နေ ကြောင်းစုံစမ်း သိရှိရသည်။
စစ်အာဏာမသိမ်းခင်က မတူပီမြို့တွင် ဆန်အိတ်တအိတ်ကို ၂၅,၀၀၀ ကျပ်ဝန်းကျင်၊ ၂၀၂၂ ခုနှစ် ဇူလိုင် လအရောက်တွင် ဆန်တအိတ်ကို ၇၀,၀၀၀ ကျပ်ဝန်းကျင်မှ ယခု ၂၀၂၃ ခုနှစ် ဩဂုတ်လအရောက်တွင် ဆန်တအိတ်လျှင် ၁၀၀,၀၀၀ ကျပ်ကျော်အထိ ပေးဝယ်နေရခြင်းဖြစ်သည်။
“မတူပီမှာက လျှပ်စစ်မီးမရတော့ တာလနဲ့ချီကြာနေပြီ။ ဒီတော့အရင်ကလိုပဲ မီးသွေး၊ ထင်းတွေကို ပြန် သုံးကြရတော့တယ်။ မီးသွေးကလည်း ပခုက္ကူဘက်ကနေ သယ်ရတာလေ။ ထင်းတကျည်ကို ၂၀၀,၀၀၀ ကျော် ဈေးပေါက်နေတယ်။ အရင်ကတော့ ကိုယ့်ခြံဥယျာဉ်၊ တောင်ယာထဲမှာထင်းတွေ ခုတ်လို့ရတယ်။ အခုတော့ တောင်ယာထဲလည်း မသွားရဲ မလာရဲကြဘူး။ ခဏခဏမိုင်းကွဲနေတော့ အစစအရာရာ ဝယ်သုံးနေရတယ် ’’ ဟု လည်း အခြားဒေသခံတစ်ဦးကပြောသည်။
လက်တလော ပခုက္ကူ-မင်းတပ်-မတူပီလမ်းအဟောင်းကို ယာယီအသုံးပြုနေသော်လည်း ခရီးသည်တင် ကားနှင့် ကုန်ကားများအနေဖြင့် နှစ်ဖက်အဖွဲ့အစည်းများထံ အဆင့်ဆင့်သတင်းပို့ပြီးမှ သွားလာခွင့်ရှိ ကြောင်း သိရသည်။
ကုန်ကားများနှင့် ခရီးသည်ကားများအနေဖြင့် မတူပီမြို့အဝင် လည်မြိုချောင်းတံတားအထိသာ သွားလာ ခွင့်ရှိပြီး ထိုမှတဆင့် ကုန်ပစ္စည်းများနှင့် ခရီးသည်များကို မတူပီမြို့ပေါ်သို့ သုံးဘီးများဖြင့် ပြန်လည်သယ် ဆောင်ကြရကြောင်း သိရသည်။
စာတည်း။ ။Alden
စာမူတည်းဖြတ်။ ။စောဖေ
#ချင်းပြည်နယ်
#မတူပီမြို့နယ်
#ကုန်ဈေးနှုန်း
ပုံ/မတူပီ-ဟားခါးလမ်းပေါ်ရှိလုံလှော်- ဇကမ်းအကြား ကားလမ်းပိုင်းမြေပြိုမှုပျက်စီးနေပုံ

👍6🔥3🤬3👏1😁1
This media is not supported in your browser
VIEW IN TELEGRAM
အလုပ်အကိုင်ရှားပါးလာမှုအပေါ် တရုတ်လူငယ်တွေ စိုးရိမ်နေ
#Internationalnews #China #mizzimaplushd #internationalnews #mizzima #mizzimanews #mizzimadailynews #myanmarnews #todaynews #newsupdate #Reels #Shorts

😁3🔥1
Hawaa Hawaai
=============
ဆင်းရဲသားရပ်ကွက်ထဲမှာနေထိုင်တဲ့ Arjun လေးဟာ ပညာသင်ရမဲ့အရွယ်မှာ ဝမ်းစာရေးအတွက် မုဆိုးမဖြစ်တဲ့ အမေဖြစ်သူကိုကူညီဖို့ လက်ဖက်ရည်ဆိုင်မှာ စားပွဲထိုးလုပ်တယ်…
သူအလုပ်လုပ်ရတဲ့ဆိုင်က ကားတွေအများကြီးရပ်နားကြတဲ့ ကားပါကင်နားမှာဆိုတော့ လူစည်ကားလွန်းတယ်…
ဟော..ညဘက်ရောက်တော့ ကားရပ်ထားတဲ့ ကားပါကင်ဟာ မြို့ပြလူချမ်းသာတွေရဲ့ ကလေးတွေ စကိတ်စီးတဲ့နေရာဖြစ်ပြီး စည်းကားနေပြန်ရော..ဒီကလေးတွေကို စကိတ်စီးသင်ပေးတဲ့သူက စကိတ်စီးတဲ့ပညာကို သိပ်ချစ်လွန်းတဲ့ ဆရာ Lucky Arjun လေးဟာ သူ့လိုရွယ်တူကလေးတွေက စကိတ်စီးနေကြတာမြင်ပြီး သူလည်း စကိတ်အရမ်းစီးချင်တာ..
ဒါပေမယ့် စကိတ်တစ်ခုရဲ့ တန်ဖိုးဟာ သောင်းဂဏန်းရှိတယ်လေ သူ့အနေအထားနဲ့ ဘယ်ဝယ်နိုင်ပါ့မလဲ ဒါပေမဲ့ သူ့မှာသိပ်ချစ်ဖို့ကောင်းတဲ့ သူငယ်ချင်းလေးယောက်ရှိတယ်…ဈေးကြီးလွန်းတဲ့စကိတ်ကို သူငယ်ချင်းဖြစ်သူတွေက အမှိုက်တွေကနေ စကိတ်တစ်ခု ဖန်တီးခဲ့ကြတယ် ပြီးတော့ အဲဒီစကိတ်လေးကို “Hawaa Hawaai” ဆိုတဲ့ နာမည်ပေးပြီး Arjun ကို လက်ဆောင်ပေးခဲ့ကြတယ်
..ဒီလိုနဲ့ ဆရာ Lucky ဆီမှာ စကိတ်ပညာသင်ကြားရင်း Arjun ဟာ စကိတ်စီးတဲ့နေရာမှာ ပါရမီရှိတာကို Lucky သိရှိသွားတဲ့နောက်မှာတော့ …………..
ခရိုင်အဆင့်စကိတ်စီးပြိုင်ပွဲမှာ Arjun ကို ပါဝင်ယှဉ်ပြိုင်နိုင်အောင် ဆရာ Lucky ဘယ်လိုတွေ ကြိုးစားမလဲဆိုတာ ဆက်ကြည့်လိုက်ကြရအောင်နော်………
#New
ပြသမည့်ရက် ။ ။ 21.8.2023
ပြသမည့်အချိန်။ ။ ည ( ၈:၀၀) နာရီ
#Replay
ပြန်လည်ပြသမည့်ရက် ။ ။ 22.8.2023
ပြန်လည်ပြသမည့်အချိန်။ ။ နေ့လည် (၂:၀၀ ) နာရီ
(Mizzima Media ကနေ သတင်းချန်နယ် သီးသန့် အဖြစ် Mizzima TV အပြင်၊ သတင်း နှင့် ဖျော်ဖြေရေး ချန်နယ် အဖြစ် Mizzima + HD တို့အား PSI စလောင်းများ၊ နှစ်ပေ စလောင်းများ နှင့် ရှစ်ပေ စလောင်း များမှ တစ်ဆင့် နေ့စဉ် နံနက် ၆ နာရီ မှ ည ၁၂ နာရီအထိ ထုတ်လွှင့်ပြသနေပါသည်)။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U"

👍6🔥2
This media is not supported in your browser
VIEW IN TELEGRAM
ထိုင်ဝမ်ကို ပြင်းထန်တဲ့ သတိပေးမှုအဖြစ် တရုတ်က ကျွန်းတစ်ဝိုက်မှာ စစ်ရေးလေ့ကျင့်မှုတွေပြုလုပ်
#Internationalenws #Taiwan #China #mizzimaplushd #internationalnews #mizzima #mizzimanews #mizzimadailynews #myanmarnews #todaynews #newsupdate #Reels #Shorts

🤬3🔥2💩1
ရေဖြူမှာ တိုက်ပွဲဖြစ်ပြီးနောက် လူနေအိမ် ၁ ဒါဇင်ကျော် မီးရှို့ဖျက်ဆီးခံရ
😢4👍2❤1😁1
ရေဖြူမှာ တိုက်ပွဲဖြစ်ပြီးနောက် လူနေအိမ် ၁ ဒါဇင်ကျော် မီးရှို့ဖျက်ဆီးခံရ
======================
ကိုရွှေမြိတ်
(မဇ္ဈိမ)။ ။ တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်ရှိ ကျေးရွာ နှစ်ရွာက လူနေအိမ် ၁၇ လုံးကို စစ်ကောင်စီတပ်က ပြီးခဲ့သည့် ရက်ပိုင်းများအတွင်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများက မဇ္ဈိမကို ပြောသည်။
ရေဖြူမြို့နယ် ဧကနိကျေးရွာက လူနေအိမ် ၁၄ လုံး၊ ကားတစီး၊ ဆိုင်ကယ် တစီးနှင့် စက်ဘီးသုံးစီး မီးရှို့ဖျက်စီးခံရပြီး ဝဇွမ်းတောရွာတွင် လူနေအိမ် သုံးလုံး မီးရှို့ဖျက်စီးခံရခြင်း ဖြစ်သည်။
ရေဖြူမြို့နယ် နဘုလယ်ဒေသရှိ ရေနက်ဆိပ်ကမ်းဖက်သို့ ဩဂုတ်လ ၈ ရက်နေ့က စစ်ကြောင်းထိုး ဝင်ရောက်လာသည့် စစ်ကောင်စီတပ်ဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တို့ကြား ဩဂုတ်လ ၁၀ ရက်နေ့တွင် နှစ်ဘက်တိုက်ပွဲများ ဖြစ်ပွားပြီးနောက် မီးရှို့ခံလိုက်ရခြင်း ဖြစ်သည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဩဂုတ်လ ၁၃ ရက်နေ့တွင် ဧကနိကျေးရွာကို ဝင်ရောက်စီးနင်းပြီးနောက် ဩဂုတ်လ ၁၄ ရက်နေ့တွင် ဝဇွမ်းတောရွာကို ထပ်မံစီးနင်းမီးရှို့ခဲ့ခြင်း ဖြစ်သည်။
"အခုလ ၁၀ ရက်နေ့က ကျွန်တော်တို့ အဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ပြီး နောက်မှာ ရွာခံတွေကို သူတို့ လူသားဒိုင်းဖြင့် လိုက်ဖမ်းတယ်၊ ၁၄ ရက်နေ့မှာ ရွာခံပျူတွေ လက်ညိုးထိုးတဲ့ အိမ်တွေမှာ ရတာအကုန် သူတို့ ခိုးယူသွားပြီး မီးရှို့ခဲ့တာ ဖြစ်တယ်"ဟု PDF တပ်ဖွဲ့ဝင်တဦးက မဇ္ဈိမကို ပြောသည်။
ထို့ပြင် စစ်ကောင်စီတပ်ဖွဲ့များသည် ရေဖြူမြို့နယ်က ဧကနိကျေးရွာ၊ ဝဇွမ်းတောရွာ၊ ထိန်ကြီး၊ မူးဒူး၊ လဲရှောင်၊ ဝက်ချောင်း၊ ခမောင်းချောင်း၊ ရငဲကျေးရွာများကို ဩဂုတ်လ ၈ ရက်နေ့မှ စတင်ကာ ၁၀ ရက်ကြာ စစ်ကြောင်းထိုးခဲ့ကြောင်း ဒေသခံများက ပြောသည်။
ထိုသို့ စစ်ကြောင်းထိုးချိန်တွင် နေအိမ်များ မီးရှို့ခံရသည့်အပြင် သံဃာတော် တပါးနှင့် အရပ်သား ပြည်သူ သုံးဦး သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ထိခိုက်ဒဏ်ရာများ ရရှိသွားကြောင်းလည်း ဆိုသည်။
ဩဂုတ်လ ၁၀ ရက်နေ့က ဖြစ်ပွားခဲ့သော တိုက်ပွဲတွင် တနင်္သာရီ PDF တပ်ဖွဲ့ဝင် တဦး ကျဆုံးခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှာလည်း ထိခိုက်သေဆုံးမှုများ ရှိနိုင်ပြီး အရေအတွက်ကို မသိရပေ။
လက်ရှိ ရေဖြူမြို့နယ်သို့ စစ်ကြောင်းထိုး ဝင်ရောက်နေသည့် စစ်ကောင်စီ တပ်ဖွဲ့များမှာ မြိတ်မြို့၊ ရေဖြူမြို့နယ်နှင့် ထားဝယ်မြို့နယ် အခြေစိုက် တပ်များ ဖြစ်သည့် ခမရ (၄၀၈)၊ ခမရ (၄၀၉)၊ ခမရ (၄၀၆)၊ ခမရ (၄၀၇)၊ ခလရ (၁၀၄)၊ ခလရ (၁၀၃)၊ အမတ (၃၀၄) တပ်ရင်းက စစ်ကောင်စီ တပ်သားများဖြစ်ကြောင်း မဇ္ဈိမက စုံစမ်းသိရှိရသည်။
စာတည်း။ ။ နောင်နောင်
#ရေဖြူ
#နေအိမ်မီးရှို့
#Mizzima
ပုံညွှန်းစာ။ ။ မီးရှို့ခံရသော ဧကနိရွာနှင့် ဝဇွမ်းတောရွာ နှစ်ရွာပေါင်း မီးရှို့ခံရပြီး မြင်ကွင်း (ဓာတ်ပုံ- CJ)

❤4😢2👍1😁1