Mizzima
✔
47.5K subscribers
33.8K photos
2.57K videos
36 files
76.6K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
ရေဖြူမှာ တိုက်ပွဲဖြစ်ပြီးနောက် လူနေအိမ် ၁ ဒါဇင်ကျော် မီးရှို့ဖျက်ဆီးခံရ
😢4👍2❤1😁1
ရေဖြူမှာ တိုက်ပွဲဖြစ်ပြီးနောက် လူနေအိမ် ၁ ဒါဇင်ကျော် မီးရှို့ဖျက်ဆီးခံရ
======================

ကိုရွှေမြိတ်
(မဇ္ဈိမ)။ ။ တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်ရှိ ကျေးရွာ နှစ်ရွာက လူနေအိမ် ၁၇ လုံးကို စစ်ကောင်စီတပ်က ပြီးခဲ့သည့် ရက်ပိုင်းများအတွင်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများက မဇ္ဈိမကို ပြောသည်။

ရေဖြူမြို့နယ် ဧကနိကျေးရွာက လူနေအိမ် ၁၄ လုံး၊ ကားတစီး၊ ဆိုင်ကယ် တစီးနှင့် စက်ဘီးသုံးစီး မီးရှို့ဖျက်စီးခံရပြီး ဝဇွမ်းတောရွာတွင် လူနေအိမ် သုံးလုံး မီးရှို့ဖျက်စီးခံရခြင်း ဖြစ်သည်။

ရေဖြူမြို့နယ် နဘုလယ်ဒေသရှိ ရေနက်ဆိပ်ကမ်းဖက်သို့ ဩဂုတ်လ ၈ ရက်နေ့က စစ်ကြောင်းထိုး ဝင်ရောက်လာသည့် စစ်ကောင်စီတပ်ဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တို့ကြား ဩဂုတ်လ ၁၀ ရက်နေ့တွင် နှစ်ဘက်တိုက်ပွဲများ ဖြစ်ပွားပြီးနောက် မီးရှို့ခံလိုက်ရခြင်း ဖြစ်သည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဩဂုတ်လ ၁၃ ရက်နေ့တွင် ဧကနိကျေးရွာကို ဝင်ရောက်စီးနင်းပြီးနောက် ဩဂုတ်လ ၁၄ ရက်နေ့တွင် ဝဇွမ်းတောရွာကို ထပ်မံစီးနင်းမီးရှို့ခဲ့ခြင်း ဖြစ်သည်။

"အခုလ ၁၀ ရက်နေ့က ကျွန်တော်တို့ အဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ပြီး နောက်မှာ ရွာခံတွေကို သူတို့ လူသားဒိုင်းဖြင့် လိုက်ဖမ်းတယ်၊ ၁၄ ရက်နေ့မှာ ရွာခံပျူတွေ လက်ညိုးထိုးတဲ့ အိမ်တွေမှာ ရတာအကုန် သူတို့ ခိုးယူသွားပြီး မီးရှို့ခဲ့တာ ဖြစ်တယ်"ဟု PDF တပ်ဖွဲ့ဝင်တဦးက မဇ္ဈိမကို ပြောသည်။

ထို့ပြင် စစ်ကောင်စီတပ်ဖွဲ့များသည် ရေဖြူမြို့နယ်က ဧကနိကျေးရွာ၊ ဝဇွမ်းတောရွာ၊ ထိန်ကြီး၊ မူးဒူး၊ လဲရှောင်၊ ဝက်ချောင်း၊ ခမောင်းချောင်း၊ ရငဲကျေးရွာများကို ဩဂုတ်လ ၈ ရက်နေ့မှ စတင်ကာ ၁၀ ရက်ကြာ စစ်ကြောင်းထိုးခဲ့ကြောင်း ဒေသခံများက ပြောသည်။

ထိုသို့ စစ်ကြောင်းထိုးချိန်တွင် နေအိမ်များ မီးရှို့ခံရသည့်အပြင် သံဃာတော် တပါးနှင့် အရပ်သား ပြည်သူ သုံးဦး သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ထိခိုက်ဒဏ်ရာများ ရရှိသွားကြောင်းလည်း ဆိုသည်။

ဩဂုတ်လ ၁၀ ရက်နေ့က ဖြစ်ပွားခဲ့သော တိုက်ပွဲတွင် တနင်္သာရီ PDF တပ်ဖွဲ့ဝင် တဦး ကျဆုံးခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှာလည်း ထိခိုက်သေဆုံးမှုများ ရှိနိုင်ပြီး အရေအတွက်ကို မသိရပေ။

လက်ရှိ ရေဖြူမြို့နယ်သို့ စစ်ကြောင်းထိုး ဝင်ရောက်နေသည့် စစ်ကောင်စီ တပ်ဖွဲ့များမှာ မြိတ်မြို့၊ ရေဖြူမြို့နယ်နှင့် ထားဝယ်မြို့နယ် အခြေစိုက် တပ်များ ဖြစ်သည့် ခမရ (၄၀၈)၊ ခမရ (၄၀၉)၊ ခမရ (၄၀၆)၊ ခမရ (၄၀၇)၊ ခလရ (၁၀၄)၊ ခလရ (၁၀၃)၊ အမတ (၃၀၄) တပ်ရင်းက စစ်ကောင်စီ တပ်သားများဖြစ်ကြောင်း မဇ္ဈိမက စုံစမ်းသိရှိရသည်။

စာတည်း။ ။ နောင်နောင်

#‌ရေဖြူ
#နေအိမ်မီးရှို့
#Mizzima

ပုံညွှန်းစာ။ ။ မီးရှို့ခံရသော ဧကနိရွာနှင့် ဝဇွမ်းတောရွာ နှစ်ရွာပေါင်း မီးရှို့ခံရပြီး မြင်ကွင်း (ဓာတ်ပုံ- CJ)

---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
❤4😢2👍1😁1
ရန်ကုန်တိုင်း PDF တပ်ရင်းတွေ တိုးချဲ့ဖွဲ့စည်းမယ်
===============

MTO - ရန်ကုန်တိုင်းအတွက် PDF တပ်ရင်း တခုဖြစ်တဲ့ တပ်ရင်း (၅၁၀၁) ကို တည်ထောင်ထားပြီး တိုက်ပွဲတွေ ဝင်နေကာ တဖက်မှာလည်း စစ်ရေးလိုအပ်ချက်အရ နောက်ထပ်တပ်ရင်းတွေ တိုးချဲ့ ဖွဲ့စည်းသွားဖို့ ဆောင်ရွက်နေတယ်လို့ ရန်ကုန်တိုင်း စစ်ဒေသစစ်ဆင်ရေးတာဝန်ခံ ရဲဘော်ဒေ၀က ပြောဆိုလိုက်ပါတယ်။

တင်ဆက်/တည်းဖြတ် MTO

https://youtu.be/0QZleNQxNOg

#ရန်ကုန်PDF
#တပ်ရင်းတိုးချဲ့
#Mizzima
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
❤15🔥2😁2👏1
This media is not supported in your browser
VIEW IN TELEGRAM
တောင်အာဖရိကမှာကျင်းပမယ့် BRICS ထိပ်သီးအစည်းအဝေးသို့ အင်ဒိုနီးရှားသမ္မတ တက်ရောက်မည်

#Internationalnews #Indonesia #BRICS #mizzimaplushd #internationalnews #mizzima #mizzimanews #mizzimadailynews #myanmarnews #todaynews #newsupdate #Reels #Shorts
😁2👍1
Media is too big
VIEW IN TELEGRAM
ဘာသာရေးအဓိကရုဏ်းအတွင်း ခရစ်ယာန်နေအိမ် ၈၇ လုံးနဲ့ဘုရားကျောင်း ၁၉ ကျောင်းပျက်စီးခဲ့ကြောင်းရဲတပ်ဖွဲ့ပြော

#Internationalnews #mizzimaplushd #internationalnews #mizzima #mizzimanews #mizzimadailynews #myanmarnews #todaynews #newsupdate #Reels #Shorts
👏2🔥1😱1
မကွေးတိုင်းအတွင်းက ဒေသခံတချို့ စစ်ကောင်စီတပ်ဖွဲ့ရဲ့ ဖမ်းဆီးသတ်ဖြတ်တာ ခံနေရ (ရုပ်/သံ)
==================

KMN
မကွေးတိုင်းထဲက ကျေးရွာတွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ဖမ်းဆီးသတ်ဖြတ်ခံထားရသူ ၅၁ ဦးရှိတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ထုတ်ပြန်ပါတယ်။

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလကနေ ဩဂုတ်လ ၁၈ ရက်နေ့အထိ ကောက်ယူထားတဲ့စာရင်းတွေအရအမျိုးသမီး ၁၄ ဦးနဲ့ အမျိုးသား ၃၇ ဦး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ဖမ်းဆီးသတ်ဖြတ်တာကို ခံရတာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

မကွေးတိုင်းအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ လူ့အခွင့်အရေးချိုးဖောက်မူတွေ ကျေးရွာသားတွေကို အကြမ်းဖက်မူတွေ ဆက်တိုက် ပြုလုပ်လာတယ်လို့ လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (PRA Magway) တပ်ဖွဲ့ နိုင်ငံရေးမှူးက ပြောပါတယ်။

တင်ဆက်၊တည်းဖြတ် - KMN

https://youtu.be/JRT5QLEvUNk

#Mizzima
#မကွေး
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😢3❤2👍2😁1
ထောက်ပို့ရထားတိုက်ခိုက်ခံရပြီးနောက် ကညွှတ်ကွင်း၌ စစ်ရေးတင်းမာ‌နေ၊အရပ်သားများကို ဘေးလွတ်ရာသို့ ပူးပေါင်းတပ်ဖွဲ့ပြောင်းရွှေ့ပေး
❤4👍2🔥1😁1
ထောက်ပို့ရထားတိုက်ခိုက်ခံရပြီးနောက် ကညွှတ်ကွင်း၌ စစ်ရေးတင်းမာ‌နေ၊အရပ်သားများကို ဘေးလွတ်ရာသို့ ပူးပေါင်းတပ်ဖွဲ့ပြောင်းရွှေ့ပေး
===================

ရွှေနွယ်

(မဇ္ဈိမ)။ ။ဖြူးမြို့နယ်၊ကညွှတ်ကွင်းမြို့တွင် စစ်ရေးတင်းမာနေပြီး အရပ်သားများရှိရာ ကျေးရွာများဘက်သို့ စစ်ကောင်စီတပ်ကလက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်နေသောကြောင့် ဒေသခံများအား ဘေးလွတ်ရာသို့ ပြောင်းရွှေ့ပေးနေရကြောင်း ဒေါင်းဖြူစစ်ကြောင်းမှသတင်းထုတ်ပြန်သည်။

ရန်ကုန်-မန္တလေးရထားလမ်းပိုင်းမှ ဖြူးမြို့နယ်၊ကညွတ်ကွင်းမြို့အနီးတွင် ဩဂုတ်လ ၁၈ ရက်နေ့နံနက်က စစ်ကောင်စီ၏ လက်နက်ခဲယမ်းထောက်ပို့ရထားတစီး မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် စစ်ရေးတင်းမာနေခြင်းဖြစ်သည်။

ယခုရက်ပိုင်းတွင် ကညွှတ်ကွင်းမြို့နယ် အခြေစိုက် စစ်ကောင်စီတပ်ခမရ(၄၃၉)၊ ဂုံးတဲကျေးရွာနှင့် တောကျွဲအင်းကပ်ကွင်း ဘုန်းကြီးကျောင်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်များက ပြည်သူများနေထိုင်ရာ ကျေးရွာများဘက်သို့ လက်နက်ကြီးများဖြင့် ဦးတည်ပစ်ခတ်နေသည်ဟု တော်လှန်ရေးအင်အားစုများကပြောသည်။

ကညွတ်ကွင်းမြို့၊လက်တက်ကြီးနှင့် နောင်ဘိုကျေးရွာတို့မှ ဒေသခံ ပြည်သူ ၁,၀၀၀ ဦးခန့်အား ဘေးလွတ်ရာသို့ ပြောင်းရွှေ့ပေးနေကြောင်း ပဲခူးခရိုင်၊ပြည်သူ့ကာကွယ်ရေးတပ်ရင်း (၃၇၀၂) တပ်ခွဲ(၃) ဒေါင်းဖြူစစ်ကြောင်းက ယနေ့ ဩဂုတ်လ ၂၁ ရက်နေ့တွင် ထုတ်ပြန်သည်။ 

"စစ်ဘေးရှောင်ဦးရေခန့်မှန်းခြေက ၃,၀၀၀ခန့်ထွက်ပြေးတိမ်းရှောင်နေရတာပါ။ ဒေါင်းဖြူစစ်ကြောင်းက ရွှေ့ပြောင်းပေးနေရတဲ့ဦးရေက ၁,၀၀၀ ခန့်ရှိပါတယ်။ တချို့ကြ နီးစပ်ရာ တိမ်းရှောင်နေရပါတယ်” ဟု ဒေါင်းဖြူစစ်ကြောင်း၏ ပြန်ကြားရေးတာဝန်ရှိသူကမဇ္စျိမကိုပြောသည်။

လတ်တလောစစ်ရေးတင်းမာမှုနှင့် စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုများကြောင့် ကညွှတ်ကင်းမြို့နယ်မှ ဂုံးတဲ၊ ရေပြာ၊ ကျွန်းကုန်း၊ သနပ်ကွင်း၊ လက်တက်ကြီး၊ နောင်ဘို၊ သစ်ဖြူဆိပ်၊ လှေဒုံး၊ ရွာသစ်၊ ငတိုးခင်နှင့် ဇလုပ်ကျေးရွာစသည့် ကျေးရွာ ၁၁ ရွာမှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

ဩဂုတ်လ ၁၈ ရက်နေ့ နံနက်က ထောက်ပို့ရထားမိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် ထိုနေ့ ညနေတွင် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့ရာ ငတိုးခင်ကျေးရွာသို့ ကျရောက်ပေါက်ကွဲခဲ့သည်။ 
အရပ်သားလေးဦး ဒဏ်ရာရပြီး နေအိမ်သုံးလုံးပျက်စီးခဲ့သည်။ ထို့အပြင် ကညွှတ်ကွင်းမြို့နယ်အတွင်း အင်အားတိုးမြှင့်လာသည့် စစ်ကောင်စီတပ်နှင် KNLA၊PDF ပူးပေါင်းတပ်ဖွဲ့ တိုက်ပွဲဆက်ဖြစ်နေသည်။ ယမန်နေ့ ဩဂုတ်လ ၂၀ ရက်နေ့အထိ စစ်ကောင်စီဘက်မှ စစ်ကြောင်းမှူးတဦးအပါအဝင် လေး ဦးသေဆုံးပြီး အများအပြားဒဏ်ရာရသွားကြောင်း ဒေါင်းဖြူစစ်ကြောင်းက ဆိုသည်။

စာတည်း-အေးချမ်း

#mizzima
#ကညွှတ်ကွင်းမြို့
#စစ်ရေးတင်းမာ
#ဒေါင်းဖြူစစ်ကြောင်း

ပုံအညွှန်း - ဘေးလွတ်ရာရွှေ့ပြောင်းနေကြရသည့်ဒေသခံပြည်သူများ (White Peacock Column- ဒေါင်းဖြူစစ်ကြောင်း)

---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍11❤3🔥2😁1
သတင်းအမှားများကို တိုက်ဖျက်ခြင်း | Misinformation Buster S3| Ep.79
================

မဇ္ဈိပရိသတ်များအားလုံး မင်္ဂလာပါ။ သတင်းတု/မှား များကို တိုက်ဖျက်ခြင်း (Misinformation Buster) အစီအစဉ်ကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ်။ 

ဒီတပတ်မှာတော့ 
- ဇူလိုင်လထဲမှာ သတင်းတုတွေနဲ့ပတ်သက်ပြီး ဘာတွေ ထူးထူးခြားခြား ဖြစ်သွားခဲ့လဲဆိုတာနဲ့ အတူ 

- မလေးရှားနိုင်ငံမှာ မြန်မာသံရုံးနာမည်နဲ့ ပုံစံတူ ဖေ့စ်ဘုတ်စာမျက်နှာအတုတခု ပေါ်ပေါက်နေတဲ့အကြောင်း

- လောင်းလုံးမှာ တော်လှန်ရေးအင်အားစုတွေက ပြည်သူတွေဆီက ဆက်ကြေးကောက်တယ်ဆိုတဲ့သတင်းမှား စတဲ့ တစ်ပတ်အတွင်းမှာ ပျံ့နှံ့နေခဲ့တဲ့ သတင်းတုသတင်းမှားတွေကို စုစည်းတင်ဆက်ပေးမှာပါ။

မဇ္ဈိမ၏သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟုသံသယရှိသည့် အချက်အလက်များ၊ သတင်းဆောင်း ပါးများ၊ သတင်းမှားများကို ယခုလင့် - https://bit.ly/3x5qnf5 သို့ ဝင်ရောက်ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါသည်။

https://youtu.be/SNg1x3Q5ZaI

#Misinformation_Buster
#Weekly_Package
#Fake_News
#July_Review
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😁2