Media is too big
VIEW IN TELEGRAM
ဘာသာရေးအဓိကရုဏ်းအတွင်း ခရစ်ယာန်နေအိမ် ၈၇ လုံးနဲ့ဘုရားကျောင်း ၁၉ ကျောင်းပျက်စီးခဲ့ကြောင်းရဲတပ်ဖွဲ့ပြော
#Internationalnews #mizzimaplushd #internationalnews #mizzima #mizzimanews #mizzimadailynews #myanmarnews #todaynews #newsupdate #Reels #Shorts

👏2🔥1😱1
မကွေးတိုင်းအတွင်းက ဒေသခံတချို့ စစ်ကောင်စီတပ်ဖွဲ့ရဲ့ ဖမ်းဆီးသတ်ဖြတ်တာ ခံနေရ (ရုပ်/သံ)
==================
KMN
မကွေးတိုင်းထဲက ကျေးရွာတွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ဖမ်းဆီးသတ်ဖြတ်ခံထားရသူ ၅၁ ဦးရှိတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ထုတ်ပြန်ပါတယ်။
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလကနေ ဩဂုတ်လ ၁၈ ရက်နေ့အထိ ကောက်ယူထားတဲ့စာရင်းတွေအရအမျိုးသမီး ၁၄ ဦးနဲ့ အမျိုးသား ၃၇ ဦး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ဖမ်းဆီးသတ်ဖြတ်တာကို ခံရတာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
မကွေးတိုင်းအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ လူ့အခွင့်အရေးချိုးဖောက်မူတွေ ကျေးရွာသားတွေကို အကြမ်းဖက်မူတွေ ဆက်တိုက် ပြုလုပ်လာတယ်လို့ လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (PRA Magway) တပ်ဖွဲ့ နိုင်ငံရေးမှူးက ပြောပါတယ်။
တင်ဆက်၊တည်းဖြတ် - KMN
https://youtu.be/JRT5QLEvUNk
#Mizzima
#မကွေး
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

YouTube
မကွေးတိုင်းအတွင်းက ဒေသခံတချို့ စစ်ကောင်စီတပ်ဖွဲ့ရဲ့ ဖမ်းဆီးသတ်ဖြတ်တာ ခံနေရ
KMN - မကွေးတိုင်းထဲက ကျေးရွာတွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ဖမ်းဆီးသတ်ဖြတ်ခံထားရသူ ၅၁ ဦးရှိတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ထုတ်ပြန်ပါတယ်။
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလကနေ ဩဂုတ်လ ၁၈ ရက်နေ့အထိ ကောက်ယူထားတဲ့စာရင်းတွေအရအမျိုးသမီး ၁၄…

😢3❤2👍2😁1
ထောက်ပို့ရထားတိုက်ခိုက်ခံရပြီးနောက် ကညွှတ်ကွင်း၌ စစ်ရေးတင်းမာနေ၊အရပ်သားများကို ဘေးလွတ်ရာသို့ ပူးပေါင်းတပ်ဖွဲ့ပြောင်းရွှေ့ပေး
❤4👍2🔥1😁1

===================
ရွှေနွယ်
(မဇ္ဈိမ)။ ။ဖြူးမြို့နယ်၊ကညွှတ်ကွင်းမြို့တွင် စစ်ရေးတင်းမာနေပြီး အရပ်သားများရှိရာ ကျေးရွာများဘက်သို့ စစ်ကောင်စီတပ်ကလက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်နေသောကြောင့် ဒေသခံများအား ဘေးလွတ်ရာသို့ ပြောင်းရွှေ့ပေးနေရကြောင်း ဒေါင်းဖြူစစ်ကြောင်းမှသတင်းထုတ်ပြန်သည်။
ရန်ကုန်-မန္တလေးရထားလမ်းပိုင်းမှ ဖြူးမြို့နယ်၊ကညွတ်ကွင်းမြို့အနီးတွင် ဩဂုတ်လ ၁၈ ရက်နေ့နံနက်က စစ်ကောင်စီ၏ လက်နက်ခဲယမ်းထောက်ပို့ရထားတစီး မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် စစ်ရေးတင်းမာနေခြင်းဖြစ်သည်။
ယခုရက်ပိုင်းတွင် ကညွှတ်ကွင်းမြို့နယ် အခြေစိုက် စစ်ကောင်စီတပ်ခမရ(၄၃၉)၊ ဂုံးတဲကျေးရွာနှင့် တောကျွဲအင်းကပ်ကွင်း ဘုန်းကြီးကျောင်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်များက ပြည်သူများနေထိုင်ရာ ကျေးရွာများဘက်သို့ လက်နက်ကြီးများဖြင့် ဦးတည်ပစ်ခတ်နေသည်ဟု တော်လှန်ရေးအင်အားစုများကပြောသည်။
ကညွတ်ကွင်းမြို့၊လက်တက်ကြီးနှင့် နောင်ဘိုကျေးရွာတို့မှ ဒေသခံ ပြည်သူ ၁,၀၀၀ ဦးခန့်အား ဘေးလွတ်ရာသို့ ပြောင်းရွှေ့ပေးနေကြောင်း ပဲခူးခရိုင်၊ပြည်သူ့ကာကွယ်ရေးတပ်ရင်း (၃၇၀၂) တပ်ခွဲ(၃) ဒေါင်းဖြူစစ်ကြောင်းက ယနေ့ ဩဂုတ်လ ၂၁ ရက်နေ့တွင် ထုတ်ပြန်သည်။
"စစ်ဘေးရှောင်ဦးရေခန့်မှန်းခြေက ၃,၀၀၀ခန့်ထွက်ပြေးတိမ်းရှောင်နေရတာပါ။ ဒေါင်းဖြူစစ်ကြောင်းက ရွှေ့ပြောင်းပေးနေရတဲ့ဦးရေက ၁,၀၀၀ ခန့်ရှိပါတယ်။ တချို့ကြ နီးစပ်ရာ တိမ်းရှောင်နေရပါတယ်” ဟု ဒေါင်းဖြူစစ်ကြောင်း၏ ပြန်ကြားရေးတာဝန်ရှိသူကမဇ္စျိမကိုပြောသည်။
လတ်တလောစစ်ရေးတင်းမာမှုနှင့် စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုများကြောင့် ကညွှတ်ကင်းမြို့နယ်မှ ဂုံးတဲ၊ ရေပြာ၊ ကျွန်းကုန်း၊ သနပ်ကွင်း၊ လက်တက်ကြီး၊ နောင်ဘို၊ သစ်ဖြူဆိပ်၊ လှေဒုံး၊ ရွာသစ်၊ ငတိုးခင်နှင့် ဇလုပ်ကျေးရွာစသည့် ကျေးရွာ ၁၁ ရွာမှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေကြရသည်။
ဩဂုတ်လ ၁၈ ရက်နေ့ နံနက်က ထောက်ပို့ရထားမိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် ထိုနေ့ ညနေတွင် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့ရာ ငတိုးခင်ကျေးရွာသို့ ကျရောက်ပေါက်ကွဲခဲ့သည်။
အရပ်သားလေးဦး ဒဏ်ရာရပြီး နေအိမ်သုံးလုံးပျက်စီးခဲ့သည်။ ထို့အပြင် ကညွှတ်ကွင်းမြို့နယ်အတွင်း အင်အားတိုးမြှင့်လာသည့် စစ်ကောင်စီတပ်နှင် KNLA၊PDF ပူးပေါင်းတပ်ဖွဲ့ တိုက်ပွဲဆက်ဖြစ်နေသည်။ ယမန်နေ့ ဩဂုတ်လ ၂၀ ရက်နေ့အထိ စစ်ကောင်စီဘက်မှ စစ်ကြောင်းမှူးတဦးအပါအဝင် လေး ဦးသေဆုံးပြီး အများအပြားဒဏ်ရာရသွားကြောင်း ဒေါင်းဖြူစစ်ကြောင်းက ဆိုသည်။
စာတည်း-အေးချမ်း
#mizzima
#ကညွှတ်ကွင်းမြို့
#စစ်ရေးတင်းမာ
#ဒေါင်းဖြူစစ်ကြောင်း
ပုံအညွှန်း - ဘေးလွတ်ရာရွှေ့ပြောင်းနေကြရသည့်ဒေသခံပြည်သူများ (White Peacock Column- ဒေါင်းဖြူစစ်ကြောင်း)

Paypal
Donate to Mizzima Media Supporters Australia Incorporated
Help support Mizzima Media Supporters Australia Incorporated by donating or sharing with your friends.
👍11❤3🔥2😁1
သတင်းအမှားများကို တိုက်ဖျက်ခြင်း | Misinformation Buster S3| Ep.79
================
မဇ္ဈိပရိသတ်များအားလုံး မင်္ဂလာပါ။ သတင်းတု/မှား များကို တိုက်ဖျက်ခြင်း (Misinformation Buster) အစီအစဉ်ကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ်။
ဒီတပတ်မှာတော့
- ဇူလိုင်လထဲမှာ သတင်းတုတွေနဲ့ပတ်သက်ပြီး ဘာတွေ ထူးထူးခြားခြား ဖြစ်သွားခဲ့လဲဆိုတာနဲ့ အတူ
- မလေးရှားနိုင်ငံမှာ မြန်မာသံရုံးနာမည်နဲ့ ပုံစံတူ ဖေ့စ်ဘုတ်စာမျက်နှာအတုတခု ပေါ်ပေါက်နေတဲ့အကြောင်း
- လောင်းလုံးမှာ တော်လှန်ရေးအင်အားစုတွေက ပြည်သူတွေဆီက ဆက်ကြေးကောက်တယ်ဆိုတဲ့သတင်းမှား စတဲ့ တစ်ပတ်အတွင်းမှာ ပျံ့နှံ့နေခဲ့တဲ့ သတင်းတုသတင်းမှားတွေကို စုစည်းတင်ဆက်ပေးမှာပါ။
မဇ္ဈိမ၏သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟုသံသယရှိသည့် အချက်အလက်များ၊ သတင်းဆောင်း ပါးများ၊ သတင်းမှားများကို ယခုလင့် - https://bit.ly/3x5qnf5 သို့ ဝင်ရောက်ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါသည်။
https://youtu.be/SNg1x3Q5ZaI
#Misinformation_Buster
#Weekly_Package
#Fake_News
#July_Review
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
================
မဇ္ဈိပရိသတ်များအားလုံး မင်္ဂလာပါ။ သတင်းတု/မှား များကို တိုက်ဖျက်ခြင်း (Misinformation Buster) အစီအစဉ်ကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ်။
ဒီတပတ်မှာတော့
- ဇူလိုင်လထဲမှာ သတင်းတုတွေနဲ့ပတ်သက်ပြီး ဘာတွေ ထူးထူးခြားခြား ဖြစ်သွားခဲ့လဲဆိုတာနဲ့ အတူ
- မလေးရှားနိုင်ငံမှာ မြန်မာသံရုံးနာမည်နဲ့ ပုံစံတူ ဖေ့စ်ဘုတ်စာမျက်နှာအတုတခု ပေါ်ပေါက်နေတဲ့အကြောင်း
- လောင်းလုံးမှာ တော်လှန်ရေးအင်အားစုတွေက ပြည်သူတွေဆီက ဆက်ကြေးကောက်တယ်ဆိုတဲ့သတင်းမှား စတဲ့ တစ်ပတ်အတွင်းမှာ ပျံ့နှံ့နေခဲ့တဲ့ သတင်းတုသတင်းမှားတွေကို စုစည်းတင်ဆက်ပေးမှာပါ။
မဇ္ဈိမ၏သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟုသံသယရှိသည့် အချက်အလက်များ၊ သတင်းဆောင်း ပါးများ၊ သတင်းမှားများကို ယခုလင့် - https://bit.ly/3x5qnf5 သို့ ဝင်ရောက်ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါသည်။
https://youtu.be/SNg1x3Q5ZaI
#Misinformation_Buster
#Weekly_Package
#Fake_News
#July_Review
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😁2
ဝက်လက်က ဟန်လင်းပျူမြို့ဟောင်းအဝင်တွင် စစ်ကောင်စီတပ် တိုက်ခိုက်ခံရ
==================
ရောင်နီ
(မဇ္စျိမ) ။ ။ စစ်ကိုင်းတိုင်း၊ ၀က်လက်မြို့နယ်က ဟန်လင်းပျူမြို့ဟောင်းအဝင်တွင် တပ်အချိန်းအပြောင်းပြုလုပ်သည့် စစ်ကောင်စီတပ်ကို တိုက်ခိုက်ရာ ထိခိုက်သေဆုံးမှုများ ရှိခဲ့ကြောင်း Black Wolf Army တပ်ဖွဲ့ တာဝန်ရှိသူက မဇ္ဈိမကို ပြောသည်။
ရွှေဘိုမြို့နယ် ကျောက်မြောင်းမြို့မှ လက်နက်ခဲယမ်း၊ ရိက္ခာများ သယ်ဆောင်ကာ ဟန်လင်းပျူမြို့ဟောင်းတွင် အထိုင်ချတပ်စွဲထားသည့် စစ်ကောင်စီတပ်ဆီသို့ လူချိန်းရန် လာရောက်သည့် အင်အား ၈၀ ခန့်ပါ စစ်ကြောင်းကို သြဂုတ်လ ၁၆ ရက်နေ့တွင် ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
အလားတူ သြဂုတ်လ ၁၉ ရက်နေ့ နံနက် ၆ နာရီအချိန်တွင်လည်း ဟန်လင်းပျူမြို့ဟောင်းမှ ကျောက်မြောင်းမြို့သို့ ပြန်လည်ထွက်ခွာသည့် စစ်ကောင်စီတပ်ကို ကာကွယ်ရေးတပ်ဖွဲ့များက ထပ်မံတိုက်ခိုက်ခဲ့သည်။
တိုက်ခိုက်မှုများကို ဟန်လင်းပျူမြို့ဟောင်းအဝင်တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ဒရုန်းများ၊ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း Black Wolf Army တပ်ဖွဲ့တာ၀န်ရှိသူက ပြောသည်။
“ တပ်ချိန်းဖို့လာတဲ့ စစ်ကောင်စီတပ်နဲ့ တပ်ချိန်းပြီးပြန်တဲ့ စစ်ကောင်စီတပ်ကို သတင်းရလို့ သုံးရက်အတွင်း နှစ်ကြိမ်တိုက်ခိုက်ခဲ့တာပါ၊ တိုက်ခိုက်မှုတွေကို ပျူမြို့ဟောင်းအ၀င်မှာပဲ လုပ်ဆောင်တာ ဖြစ်ပါတယ်၊ ဒရုန်းတွေနဲ့ ဗုံးသီးချပြီး လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တာပါ၊ သူတို့ဘက်ကလည်း ပြန်လည်ပစ်ခတ်မှုတွေ ရှိခဲ့ပါတယ်” ဟု Black Wolf Army တပ်ဖွဲ့တာ၀န်ရှိသူက ဆိုသည်။
တိုက်ခိုက်မှုနှစ်ကြိမ်စလုံးတွင် ကာကွယ်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်တို့အကြား အပြန်အလှန်ပစ်ခတ်မှုများရှိခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ သုံးဦးသေဆုံးကာ ရှစ်ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း ၎င်းက ပြောသည်။
ထို့အပြင် တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ထံမှ လက်နက်ခဲယမ်းများနှင့် စစ်အသုံးအဆောင်ပစ္စည်းအချို့ကို သိမ်းဆည်းရမိခဲ့ကြောင်းလည်း Black Wolf Army တပ်ဖွဲ့က ဓာတ်ပုံများနှင့်တကွ ထုတ်ပြန်ထားသည်ကို တွေ့ရသည်။
စစ်ကောင်စီတပ်၏ ထိခိုက်သေဆုံးမှု အရေအတွက်ကို မဇ္ဈိမအနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။
တိုက်ခိုက်မှုများကို BLACK WOLF - ARMY ၊ Who am i - army ၊ ရွှေဘိုကျားကြီး၊ ရွှေ ဘိုမင်း၊ တိုက်နယ် (၄) ပကဖတို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိခဲ့ကြောင်း သိရသည်။
ဝက်လက်မြို့နယ်အတွင်းရှိ ဟန်လင်းပျူမြို့ဟောင်းတွင် စစ်ကောင်စီတပ်အထိုင်ချ တပ်စွဲထားသည်မှာ တနှစ်ကျော်ကြာပြီဟု ဒေသခံများက ပြောသည်။
ထိုသို့ တပ်စွဲပြီးနောက် အနီးပတ်၀န်းကျင်ရှိ ကျေးရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ စစ်ကြောင်းထိုးခြင်းများ ပြုလုပ်လေ့ရှိသကဲ့သို့ ဒေသကာကွယ်ရေး တပ်ဖွဲ့များလည်း ဟန်လင်းပျူမြို့ဟောင်းအတွင်းရှိ စစ်ကောင်စီတပ်ကို မကြာခဏသွားရောက်တိုက်ခိုက်မှုများ ပြုလုပ်နေသည်။
လက်ရှိမှာ စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေမှုကြောင့် ရွှေဘိုမြို့နယ်ရှိ ချီပါတောင်ကျေးရွာ၊ ချီပါမြောက်ကျေးရွာ၊ မဲတောကျေးရွာ၊ ကျည်ပွေ့ကုန်း ကျေးရွာများမှ ပြည်သူ ၈,၀၀၀ ကျော် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေ ကြရသည်။
စာတည်း။ ။ နောင်နောင်
#Mizzima
#ရွှေဘို
#ဟန်လင်း
ပုံအညွှန်း - စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းများ။ (ပုံ - Black Wolf Army)

❤7🔥2👍1🥰1😁1
သြဂုတ်လ ၂၁ ရက်နေ့ ညနေ ၅ နာရီထိ နောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေး၊ စားအုန်းဆီစျေး
===================
https://youtu.be/M6sO22Q3NYw

-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို…

👍4🔥2🥰1😁1
ဆော်ဒီဘောလုံးတိုးတက်ရေး 'ရေရှည်စီမံကိန်း'လို့ ထိပ်တန်းတာဝန်ရှိသူတစ်ဦး ပြော
===============
ဆော်ဒီအာရေးဗီးယားရဲ့ ထူးခြားတဲ့ ဘောလုံးလောကချဲ့ထွင်မှုဟာ ခဏတာအတွင်း တရုတ်တိုးတက်မှုနဲ့မတူဘဲ ခိုင်မာတဲ့ အစိုးရပံ့ပိုးမှုဖြင့် "ရေရှည်စီမံကိန်း"တစ်ခု ဖြစ်တယ်လို့ အကြီးတန်းလိဂ်အရာရှိတစ်ဦးက AFP ကို ပြောပါတယ်။
ဆော်ဒီပရိုလိဂ်ဟာ ကမ္ဘာ့ထိပ်တန်းပြိုင်ပွဲတွေထဲက တစ်ခုဖြစ်လာဖို့ ၎င်းရဲ့ရည်မှန်းချက်မှာ ရေနံကြွယ်ဝတဲ့ နိုင်ငံရဲ့ အုပ်ချုပ်သူတွေထံကနေ နှစ်ရှည်ကြာ ကတိကဝတ်ရရှိထားတယ်လို့ လုပ်ငန်းလည်ပတ်ရေးအရာရှိချုပ် ကားလို နိုရာက ပြောပါတယ်။
ရူးသွပ်စရာကောင်းလောက်အောင် ဒေါ်လာရာနဲ့ ကုန်ကျခံပြီး ခေါ်ယူထားတဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒို၊ ကာရင် ဘန်ဇီမာနဲ့ တခြားနာမည်ကြီး အများအပြားနဲ့အတူ ပူပေါင်းခဲတဲ့ ဘရာဇီးလ် စူပါစတား နေမာရဲ့ အယ်လ်ဟီလာ မိတ်ဆက်ပွဲမှာ နိုရာက ပြောဆိုခဲ့တာပါ။
"ဒါဟာ နေ့ချင်းညချင်း ဖြစ်လာမယ်လို့ ကျနော်တို့ မျှော်လင့်ထားတဲ့အရာတော့ မဟုတ်ပါဘူး။ တစ်ပတ်တာ ပိတ်ရက် ပွဲစဉ်တစ်ခု မဟုတ်ပါဘူး၊ ဒါက ရေရှည် စီမံကိန်းဖြစ်ပြီး ဒါကို လူတိုင်း လက်ခံပါတယ်" လို့ နိုရာက King Fahd International Stadium မှာ စနေနေ့နှောင်းပိုင်းက ပြောပါတယ်။
“ပြီးတော့ ဒါက ငွေနဲ့ ပစ်ပေါက်ပြီး လုပ်ဆောင်ရတဲ့ အရာမဟုတ်ဘူး။ ရေရှည်စီမံကိန်းက ဖြစ်လာလိမ့်မယ်”လို့ သူက ထပ်လောင်းပြောဆိုခဲ့ပါတယ်။ "အရာအားလုံးနဲ့ လူတိုင်းနဲ့ ဂေဟစနစ်ကို ပေါင်းစည်းဖို့ လမ်းကြောင်းတလျှောက် မှန်ကန်တဲ့အရာတွေ အားလုံးကို ကျနော်တို့တွေ လုပ်ဆောင်ဖို့ဆိုတာ ဒါဟာ သေချာနေပါတယ်။"
ဆော်ဒီလိဂ်ရဲ့ အရှိန်အဟုန်ဖြင့် ချဲ့ထွင်မှုဟာ ကလပ်အသင်းတွေ ငွေကြေးပြဿနာတွေအထိ မရောက်မချင်း ကစားသမားတွေကို အဆမတန် ငွေကြေးပမာဏများစွာဖြင့် ဆွဲသွင်းခဲ့တဲ့ တရုတ်စူပါလိဂ်နဲ့ နှိုင်းယှဉ်မှုတွေ တန်းညှိလာပါတယ်။
အဲဒီအချိန်က ကွမ်ကျိုးအဲဗားဂရင်းဒီအသင်းဟာ လူသိနည်းတဲ့ အာဂျင်တီးတိုင်းကစားသမား ဒါရီယို ကွန်ကာကို ကမ္ဘာ့လစာအကောင်းဆုံး ကစားသမားတွေထဲက တစ်ဦးဖြစ်စေခဲ့ပြီးတော့ ရှန်ဟိုင်း ရှင်ဟွာအသင်းဟာ အသက်အရွယ်ရ ကားလို့စ် တီဗက်ဇ်ကို တစ်ပတ်ကို ယူရို ၇၉၅,၀၀ (ဒေါ်လာ ၇၉၅,၀၀၀) ကုန်ကျခံသုံးစွဲခဲ့ပါတယ်။
“ဒီလို နှိုင်းယှဉ်မှုတွေဟာ ရှောင်လွှဲလို့ မရပါဘူး”လို့ နိုရာက ဆိုပါတယ်။
"ဒါပေမယ့် ကျနော်တို့အတွက်ကတော့ ဒီပရောဂျက်ဟာ အသွင်ကူးပြောင်းရေးပရောဂျက်ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တယ်ဆိုတဲ့ အချက်ဖြစ်တယ်။ ဒါက ဒီနိုင်ငံရဲ့ တိုးတက်မှုအတွက် တိကျတဲ့ ဦးတည်ချက်ဖြစ်ပြီး ရှေ့ဆက်လျှောက်လှမ်းနိုင်ရေးအတွက် ကျနော်တို့ လိုအပ်နေတဲ့ ခွန်အားအရင်းအမြစ်ကို ထောက်ပံ့ပေးပါတယ်။"
'ရည်မှန်းချက်အတွက် အဆုံးမရှိ'
ကုန်ကျစရိတ်ကန့်သတ်ချက်တွေကို ထည့်သွင်းစဉ်းစားခြင်းမရှိဘဲ ပြုပြင်မွမ်းမံခြင်းကို လုပ်ဆောင်နေခြင်းဟာ ကမ္ဘာ့ထိပ်တန်းရေနံတင်ပို့သူရဲ့ စီးပွားရေးကို ပြန်လည်ပုံဖော်ဖို့ ရည်ရွယ်ထားတဲ့ အသက် ၃၇ နှစ်အရွယ် အိမ်ရှေ့မင်းသား မိုဟာမက် ဘင်ဆာလ်မန်ရဲ့ ရည်မှန်းချက်ကြီး Vision 2030 ပရောဂျက်ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ပါတယ်။
ဒေါ်လာ ဘီလီယံ ၅၀၀ ကုန်ကျသွားမယ့် ခရီးသွားအပန်းဖြေစခန်းတွေနဲ့ အားကစားပွဲတော်အပြင် US PGA Tour နဲ့ ဥရောပရဲ့ DP World Tour တို့ကို ထိထိရောက်ရောက် ဆုပ်ကိုင်နိုင်ခဲ့တဲ့ Formula One နဲ့ LIV Golf အပါအဝင် အနာဂတ်မြို့တော်သစ် Neom ဟာ ဘင်ဆာလ်မန်ရဲ့ အစီအစဉ်တွေရဲ့ တစ်စိတ်တစ်ပိုင်းလည်းဖြစ်ပါတယ်။

👍4🔥1😁1
မြန်မာနိုင်ငံနယ်စပ်အပါအဝင် ဒေသအတွင်း လောင်းကစားနဲ့ ရာဇဝတ်မှုများကြီးထွားနေ | Business Roundup (21.8.2023)
================
- ဒေါ်လာကို ၆လ ထက်ပိုပြီး လက်ဝယ်ကိုင်ဆောင်ပါက အရေးယူမည်ဟု စစ်ကောင်စီကြေညာ
- တရုတ်နဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးတွေ့ဆုံကာ မြန်မာအရေး နိုင်ငံရေးအရ အဖြေရှာနိုင်အောင် လုပ်ဆောင်မယ်လို့ဆို
- ပြည်ပထွက်ခွာသူများအတွက် အသေးသုံးနိုင်ငံခြားငွေများကို ရန်ကုန်လေဆိပ်ရှိ ဘဏ်ကောင်တာ(၃)တွင် နေ့စဉ်အလှည့်ကျ ရောင်းချပေးမည်ဟုဆို
- လိပ်ပြာစံအိမ် ရုပ်ရှင် Netflix မှာ ပြသခွင့်ရတဲ့ ပထမဆုံးမြန်မာရုပ်ရှင်ဇာတ်ကားဖြစ်လာ
- မြန်မာနိုင်ငံနယ်စပ်အပါအဝင် ဒေသအတွင်း လောင်းကစားနဲ့ ရာဇဝတ်မှုများကြီးထွားနေ
https://youtu.be/N_f-Vle16S4
#BusinessRoundUp
#MizzimaTV
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
================
- ဒေါ်လာကို ၆လ ထက်ပိုပြီး လက်ဝယ်ကိုင်ဆောင်ပါက အရေးယူမည်ဟု စစ်ကောင်စီကြေညာ
- တရုတ်နဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးတွေ့ဆုံကာ မြန်မာအရေး နိုင်ငံရေးအရ အဖြေရှာနိုင်အောင် လုပ်ဆောင်မယ်လို့ဆို
- ပြည်ပထွက်ခွာသူများအတွက် အသေးသုံးနိုင်ငံခြားငွေများကို ရန်ကုန်လေဆိပ်ရှိ ဘဏ်ကောင်တာ(၃)တွင် နေ့စဉ်အလှည့်ကျ ရောင်းချပေးမည်ဟုဆို
- လိပ်ပြာစံအိမ် ရုပ်ရှင် Netflix မှာ ပြသခွင့်ရတဲ့ ပထမဆုံးမြန်မာရုပ်ရှင်ဇာတ်ကားဖြစ်လာ
- မြန်မာနိုင်ငံနယ်စပ်အပါအဝင် ဒေသအတွင်း လောင်းကစားနဲ့ ရာဇဝတ်မှုများကြီးထွားနေ
https://youtu.be/N_f-Vle16S4
#BusinessRoundUp
#MizzimaTV
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
YouTube
နယ်စပ်အပါအဝင် ဒေသအတွင်း လောင်းကစားနဲ့ ရာဇဝတ်မှုများကြီးထွားနေ | Business Roundup (21.8.2023)
- ဒေါ်လာကို ၆လ ထက်ပိုပြီး လက်ဝယ်ကိုင်ဆောင်ပါက အရေးယူမည်ဟု စစ်ကောင်စီကြေညာ
- တရုတ်နဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးတွေ့ဆုံကာ မြန်မာအရေး နိုင်ငံရေးအရ အဖြေရှာနိုင်အောင် လုပ်ဆောင်မယ်လို့ဆို
- ပြည်ပထွက်ခွာသူများအတွက် အသေးသုံးနိုင်ငံခြားငွေများကို ရန်ကုန်လေဆိပ်ရှိ…

👍5❤1🔥1
#Pakistan's #K2 porters, the unsung masters of the mountains
================
Under mountains that dagger the sky, a misfit caravan of Pakistani porters trudge towards K2 carrying live chickens and lawn furniture for adventurers seeking an audience with the world's second-highest peak. Tour operators typically quote between $2,000 and $7,000 for the trip starting in Askole -- a village in Pakistan's northeastern Gilgit-Baltistan region where jeeps end their muddling journeys and spill trekkers sporting neck pillows and parasols, as well as more hardbred mountain-climbers. Porters -- doing the dogsbody work carting luggage, dining tents and pantries of provisions -- make something like 30,000 to 40,000 rupees ($105 to $140) each trip in the four-month summer season, less than the price of high-end hiking trousers one firm recommends clients wear. Growing numbers of people arriving at K2 has also meant more rubbish. Sajid Ali Sadpara, whose father Ali Sadpara died during a K2 climb in 2021, is now trying to clean the mountain in his honour.
*This video was shot before the death of porter Mohammed Hassan on the climb to K2 on July 27.
https://youtu.be/pNGj_7dm8cg

Pakistan's K2 porters, the unsung masters of the mountains
Under mountains that dagger the sky, a misfit caravan of Pakistani porters trudge towards K2 carrying live chickens and lawn furniture for adventurers seeking an audience with the world's second-highest peak. Tour operators typically quote between $2,000…
👍4🔥2
ဩဂုတ်လ (၂၁) ရက်၊ ည ၇ နာရီ The Mizzima Prime Time မဇ္စျိမ ပင်မသတင်းအစီအစဥ်
=========================
⁃ ရန်ကုန်တိုင်း PDF တပ်ရင်းတွေ တိုးချဲ့ဖွဲ့စည်းမယ့် သတင်း
⁃ အာဆီယံအလှည့်ကျဥက္ကဌသက်တမ်းမကုန်ခင် မြန်မာအရေးဖြေရှင်းဖို့ အင်ဒိုနီးရှားကို APHR တိုက်တွန်း တဲ့ သတင်း
⁃ ခွင့်ပြုချက်မရှိဘဲ နိုင်ငံခြားငွေ လက်ဝယ်ကိုင်ဆောင်ပါက အရေးယူမယ်လို့ စစ်ကောင်စီ ဗဟိုဘဏ်ပြောတဲ့သတင်း
⁃ မြဝတီ-ကော့ကရိတ် အာရှလမ်းမှာ အိမ်စီးကားနဲ့ ဆိုင်ကယ်တွေကို အချိန်ပိုင်း သွားလာခွင့်ပြုတဲ့သတင်း
⁃ နိုင်ငံတဝှမ်း မိုးလျော့ကျလာနိုင်တဲ့ သတင်းနဲ့ အာဏာသိမ်းတာမဟုတ်ကြောင်းနဲ့ ဘယ်လိုတိုက်ခိုက်မှုမျိုးကိုမဆို တုံ့ပြန်သွားမယ့်အကြောင်း နိုင်ဂျာအာဏာသိမ်းစစ်တပ်ကပြောတဲ့ သတင်းတွေအပါအဝင် တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးပါမယ်။
https://www.youtube.com/live/ujl5lnym7gs?feature=share
#7pmnews
#themizzimaprimetime

⁃ ခွင့်ပြုချက်မရှိဘဲ နိုင်ငံခြားငွေ လက်ဝယ်ကိုင်ဆောင်ပါက အရေးယူမယ်လို့ စစ်ကောင်စီ ဗဟိုဘဏ်ပြောတဲ့သတင်း…

👍9🤣2
ထန်တလန်ရှိ စခန်းသိမ်းတိုက်ပွဲက သိမ်းဆည်းရမိသော လက်နက်များ
=============
ပါခွီး
(မဇ္စျိမ) ။ ။ ချင်းပြည်နယ်၊ ထန်တလန်မြို့ရှိ စစ်ကောင်စီတပ်ဖွဲ့ ၏ ဟောင်ကဘုံး စခန်းကို ချင်းပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ပြီးနောက် လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း ချင်းတပ်ဖွဲ့ သတင်းရင်းမြစ်များက ပြောသည်။
ဟောင်ကဘုံး စခန်းကို ချင်းပူးပေါင်းတပ်ဖွဲ့က ဩဂုတ်လ ၁၄ ရက်၊ နံနက် ၅ နာရီအချိန်တွင် ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
သိမ်းဆည်းရမိသော လက်နက်များမှာ MA – 1 အမျိုးအစား သေနတ် သုံးလက်၊ RPG နှစ်လက် အပါအဝင် ကျည်ဆန်များနှင့် ခဲယမ်းများ၊ စစ်ကောင်စီတပ်သားများ အသုံးပြုသော ခြင်းတောင်းအချို့ကိုလည်း သိမ်းဆည်းရမိခဲ့သည်။
အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီတပ်သား သုံးဦးသေဆုံးပြီး အများအပြားဒဏ်ရာ ရရှိကာ စစ်ကောင်စီတပ်သားနှစ်ဦးကိုလည်း အရှင်ဖမ်းမိခဲ့ကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ သတင်းရင်းမြစ်က ပြောသည်။
တိုက်ပွဲအတွင်း စခန်းကိုသိမ်းဆည်းနိုင်ခဲ့ပြီး ဌာနချုပ်အတွင်းသို့ ထဝက်ခန့် ဝင်ရောက် နိုင်ခဲ့သော်လည်း လေကြောင်းရန်ကြောင့် ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း ချင်းကာကွယ်ရေးတပ် CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက မဇ္စျိမကို ပြောဆိုထားသည်။
စခန်းသိမ်း ခံရမှုကို တုံ့ပြန်သည့်အနေဖြင့် ထန်တလန်မြို့နှင့် ငါးမိုင်အကွာရှိ ခွာဖိုကျေးရွာကို စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ခရစ်ယာန်ဘုရားကျောင်းတကျာင်းနှင့် လူနေအိမ်အချို့ ပျက်စီးခဲ့သည်။
စာတည်း။ ။ နောင်နောင်
ပုံအညွှန်း- စခန်းသိမ်း တိုက်ပွဲအတွင်း သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများ (ဓါတ်ပုံ - The Chin Journal)
#ထန်တလန်
#ဟောင်ကဘုံး

❤13👍10😁2