Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
ရန်ကုန်−မန္တလေးအမြန်လမ်းပေါ် ခရီးသည်ကားတိမ်းမှောက်မှု ၁ ဦးသေဆုံး၊ ၁၅ဦး ဒဏ်ရာရ
😢7❤1👍1
ရန်ကုန်−မန္တလေးအမြန်လမ်းပေါ် ခရီးသည်ကားတိမ်းမှောက်မှု ၁ ဦးသေဆုံး၊ ၁၅ဦး ဒဏ်ရာရ
===================

ရွှေနွယ်

(မဇ္ဈိမ)။ ။ရန်ကုန်−မန္တလေးအမြန်လမ်း မိုင်တိုင်အမှတ် ၇၇ အနီးတွင် ခရီးသည်တင်ကားတစီးတိမ်းမှောက်ခဲ့ပြီး ခရီးသည် တဦးသေဆုံးကာ ၁၅ဦး ဒဏ်ရာရကြောင်း မီးသတ်ဦးစီးဌာက ထုတ်ပြန်သည်။

အမြန်လမ်း မိုင်တိုင်အမှတ်(၇၇/၅)နှင့်(၇၇/၆)ကြားတွင် ယနေ့ ဩဂုတ်လ ၂၁ ရက် မွန်းလွဲ ၃ နာရီမိနစ် ၄၀ အချိန်ခန့်က ခရီးသည်တင် ကားတစီး အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးမြောင်းထဲထိုးကျတိမ်းမှောက်ခဲ့ခြင်းဟု သိရသည်။

ကားပေါ်တွင် လိုက်ပါလာသူများအနက် အမျိုးသား တဦး သေဆုံးကာ အမျိုးသမီးတဦးပြင်းထန်ဒဏ်ရာရပြီး ၁၄ ဦးသည် မစိုးရိမ်ရဒဏ်ရာရရှိခဲ့ကြောင်း မီးသတ်ဦးစီးဌာကထုတ်ပြန်သည်။

အဆိုပါကားသည် ရန်ကုန်ဘက်မှ မန္တလေးဘက်သို့ မောင်းနှင်လာခြင်းဖြစ်ပြီး ခရီးသည်အမျိုးသား ၁၀ ဦး၊ အမျိုးသမီး ငါးဦးနှင့် ကလေးငယ် တဦး စုစုပေါင်း ၁၆ ဦးလိုက်ပါလာကြောင်းသိရသည်။

" မိုးကများထားတော့ လမ်းကချောနေတာ။ဘေးမြေကလည်းပျော့နေတော့ စလစ်ဖြစ်ပြီးမှောက်သွားတာပါ”ဟု သွားရောက်ကူညီပေးခဲ့သည့် ဥသျှစ်ကုန်းအမြန်လမ်းမီးသတ်စခန်းမှ တာဝန်ရှိသူတဦးက မဇ္ဈိမကိုပြောသည်။

ဒဏ်ရာရရှိသူများအား မီးသတ်ဌာနနှင့် လူမှုကူညီရေးအဖွဲ့များက မြို့ချောင်းတိုက်နယ်ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ယမန်နေ့ ဩဂုတ်လ ၂၀ ရက်နေ့ကလည်း ရန်ကုန်-မန္တလေးအမြန်လမ်းမ၊ မိုင်တိုင်အမှတ် (၆၀/၂)နှင့်(၆၀/၃)ကြားတွင် အိမ်စီးကားတစီး အရှိန်မထိန်းနိုင်ဘဲ လမ်းအလယ်ကျွန်းရှိ သစ်ပင်အား တိုက်မိသောကြောင့် အမျိုးသားတဦး၊ အမျိုးသမီးနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ပုံအညွှန်း - အမြန်လမ်းတွင်တိမ်းမှောက်သွားသည့် Express ယာဥ် (Myanmar Fire Services Department) 

စာတည်း - အေးချမ်း
#mizzima
#ရန်ကုန်−မန္တလေးအမြန်လမ်း 
#ခရီးသည်တင်ကား
#တိမ်းမှောက်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍7❤1🔥1
​​အငြင်းပွား တောင်တရုတ်ပင်လယ်တွင် ပူးတွဲစစ်ရေးလေ့ကျင့်ရန် အမေရိကန်၊ ဂျပန်နှင့် သြစတြေးလျတို့ စီစဉ်နေ
=================

အငြင်းပွား တောင်တရုတ်ပင်လယ်တွင် တရုတ်၏ ရန်လိုသည့် လုပ်ဆောင်ချက်များကို မကြာသေးမီက မြင်တွေ့ခဲ့ရပြီးနောက် ဖိလစ်ပိုင်အနောက်ပိုင်းကမ်းလွန်ရှိ အဆိုပါပင်လယ်တွင် ယခုတစ်ပတ်အတွင်း ပူးတွဲစစ်ရေးလေ့ကျင့်ရန် အမေရိကန်၊ ဂျပန်နှင့် သြစတြေးလျတို့က စီစဉ်လျက်ရှိကြောင်း ဖိလစ်ပိုင် တာဝန်ရှိသူများက ဩဂုတ် ၁၃ ရက်တွင် ပြောကြားလိုက်သည်။ 

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍16👏2❤1🔥1
တရုတ်ဓာတ်ငွေ့ပိုက်လိုင်း ထိန်းချုပ်သည့်နေရာက အစောင့်စစ်စခန်းကို CDF တိုက်ခိုက်
❤11👍4👏2😁2
တရုတ်ဓာတ်ငွေ့ပိုက်လိုင်း ထိန်းချုပ်သည့်နေရာက အစောင့်စစ်စခန်းကို CDF တိုက်ခိုက်
==================

(မဇ္ဈိမ) ။  ။ မကွေးတိုင်း၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်အတွင်းရှိ တရုတ်ဓာတ်ငွေ့ပိုက်လိုင်း ထိန်းချုပ်သည့်နေရာက အစောင့်စစ်ကောင်စီတပ်စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အရာခံဗိုလ်အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦးသေဆုံးသွားကြောင်း ချင်းကာကွယ်ရေးတပ်-အရှို (CDF-Asho) က ထုတ်ပြန်သည်။

မင်းဘူး-အမ်းလမ်းမကြီး-ငဖဲမြို့နယ် မြေလတ်ကျေးရွာအနီး တရုတ်ဓါတ်ငွေ့ ပိုက်လိုင်း ထိန်းချုပ်သည့်နေရာတွင် စောင့်ကြပ်နေသည့် စစ်ကောင်စီစစ်စခန်းကို CDF-Asho က ယမန်နေ့ ဩဂုတ်လ ၂၀ ရက်နေ့ နံနက် ၅ နာရီခွဲတွင် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

နှစ်ဘက်အပြန်အလှန် ပစ်ခတ်မှု ၁ နာရီနီးပါး ကြာမြင့်ခဲ့သည်ဟု ချင်းကာကွယ်ရေး တပ်က ဆိုသည်။

‘’တိုက်ပွဲအတွင်း ရန်သူလက်နက်များ ရရှိရန်ကြိုးစားခဲ့သော်လည်း ကျည်လုံလောက်မှု မရှိသဖြင့် ၄၅ မိနစ်အကြာ အပြန်အလှန် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ရဲဘော်များမှ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့တယ်” ဟု CDF-Asho က ထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်၏ အရာခံဗိုလ်တဦး ပွဲချင်းပြီး သေဆုံးသွားခြင်းဖြစ်ပြီး ကျန်အခြားအဆင့် တဦးသည် အပြင်းအထန်ဒဏ်ရာရရှိပြီး ဆေးရုံအရောက် ညနေပိုင်းတွင် သေဆုံးသွားခြင်းဖြစ်ကြောင်း CDF-Asho ဘက် ပြောဆိုသည်။

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့မှ စတင်သော ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းသည် ရခိုင်၊ ရှမ်း၊ မကွေးနှင့် မန္တလေးတိုင်းတို့ကို ဖြတ်သန်းပြီး တရုတ်နိုင်ငံ ယူနန်အထိ တင်ပို့နေခြင်း ဖြစ်သည်။

တရုတ်နိုင်ငံအနေဖြင့် အာဏာသိမ်းစစ်ကောင်စီကို ထောက်ပံ့ကူညီမှုများ မပြုလုပ်ပေးရန် မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားသူများက ဆန္ဒပြ တောင်းဆိုနေကြပြီး တရုတ်ပိုက်လိုင်းစောင့် စစ်ကောင်စီတပ်သားများလည်း မကြာခဏ တိုက်ခိုက်ခံနေရသည်။

ယခုနှစ် မေလ ၇ ရက်နေ့၊ ည ၈ နာရီခွဲအချိန်ကလည်း မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်အတွင်းက စစ်ကောင်စီတပ်သားများ လုံခြုံရေးယူထားသော တရုတ်ဓာတ်ငွေ့ပိုက်လိုင်း ထိန်းချုပ်ရေးရုံးကို ဒေသခံ ကာကွယ်ရေးအဖွဲ့ Natogyi Guerrilla Force (NGF) က တိုက်ခိုက်ခဲ့သည်။

စာတည်း။ . ။ နောင်နောင်

#တရုတ်ပိုက်လိုင်း
#စစ်ကောင်စီတပ်
#Mizzima
#ထိန်းချုပ်ရေးရုံး
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍15❤2👏2😁2
​​စပိန်အသင်း ကမ္ဘာ့ဖလားဆွတ်ခူးပြီးနောက် ဂျနီဟာမိုဆိုကို နမ်းတဲ့အတွက် ဝေဖန်ခံခဲ့ရတဲ့ စပိန်အက်ဖ်အေဥက္ကဌ လူးဝစ် ရူဘီယာလက်စ် 
=================

စပိန်ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ လူးဝစ် ရူဘီယာလက်စ်ဟာ စပိန်အသင်း အမျိုးသမီးကမ္ဘာ့ဖလား ဆွတ်ခူးခဲ့အပြီး ဂျနီ ဟာမိုဆိုရဲ့ နှုတ်ခမ်းကို နမ်းခဲ့တဲ့အတွက် ဝေဖန်ခံခဲ့ရပါတယ်။

တနင်္ဂနွေနေ့ရဲ့ ဗိုလ်လုပွဲမှာ အင်္ဂလန်ကို ၁-၀ ဂိုးနဲ့ အနိုင်ရပြီးတဲ့နောက် ဆုပေးပွဲအခမ်းအနားမှာ ရူဘီယာလက်စ်က ဟာမိုဆိုကို နမ်းခဲ့တာပါ။
"ကျမ ဒါကို မကြိုက်ဘူး"လို့ ဟာမိုဆိုက Instagram မှာ ပြောခဲ့ပေမယ့် နောက်ပိုင်းမှာတော့ သူမရဲ့ ကိုယ်စား ထုတ်ပြန်တဲ့ ကြေညာချက်မှာ ရူဘီယာလက်စ်ကို ကာကွယ်ခဲ့ပါတယ်။

အစိုးရဝန်ကြီး အိုင်းရင်း မွန်ထရိုက "ဒါဟာ အမျိုးသမီးတွေ နေ့စဉ်နဲ့အမျှ နာကျင်ခံစားရတဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုပုံစံမျိုးပါ"လို့ ပြောပါတယ်။

စပိန်နိုင်ငံရဲ့ တန်းတူညီမျှရေး အရာရှိချုပ် မွန်ထရိုက အခုအချိန်အထိ ဒါကို “မမြင်နိုင်သေးဘဲ” အဲဒါက “ကျမတို့ ပုံမှန်မဖြစ်နိုင်တဲ့ အရာပါပဲ”လို့ ဖြည့်စွတ်ပြောဆိုခဲ့ပါတယ်။

“ခွင့်ပြုချက်မရှိဘဲ နမ်းတာဟာ ဖြစ်ပျက်နေကျ အရာလို့ ကျနော်တို့ မယူဆသင့်ပါဘူး”လို့ သူမက ဆိုပါတယ်။

စပိန်ဘောလုံးအဖွဲ့ချုပ်က နောက်ပိုင်း ထုတ်ပြန်တဲ့ မှတ်ချက်တွေမှာ စပိန်ရဲ့ ထာဝရဂိုးသွင်းသူ ဟာမိုဆိုက အဲဒီအခိုက်အတန့်က "ခင်မင်ရင်းနှီးခြင်းရဲ့ သဘာဝ အမူအရာဖြစ်တယ်လို့"လို့ ပြောပါတယ်။

“ကမ္ဘာ့ဖလားကို ဆွတ်ခူးနိုင်လို့ ပျော်ရွှင်မှု အပြည့်အ၀ ပေးစွမ်းနိုင်တာကြောင့် ဒါဟာ သူ့အလိုလိုဖြစ်လာတဲ့ အပြန်အလှန် အမူအရာပါပဲ”လို့ အသက် ၃၁ နှစ်အရွယ် တိုက်စစ်မှူးက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

ရူဘီယာလက်စ်ရဲ့ လုပ်ရပ်တွေကို 'dimision ya' - အင်္ဂလိပ်လို 'resign now' ဖြင့် ဆိုရှယ်မီဒီယာပေါ်မှာ ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပြီး စပိန်နိုင်ငံမှာ X (အရင်က Twitter)ပေါ် trend ဖြစ်နေပါတယ်။
ရူဘီယာလက်စ်က "တစ်ခုခုကို ဆင်နွှဲနေတဲ့ သူငယ်ချင်းနှစ်ယောက်ကြားက အနမ်းတစ်ခု"ဖြစ်ပြီး "ငတုံးတွေနဲ့ ငအတွေ"လို ဒါကို ခွဲခြားပြီး မြင်ခဲ့တဲ့သူတွေလို့ စပိန်ရုပ်သံလိုင်း COPE ကို ပြောခဲ့ပါတယ်။

“သူတို့ကို လျစ်လျူရှုပြီး ကောင်းမွန်တဲ့ အရာတွေကို ခံစားလိုက်ကြရအောင်”လို့ သူက ဆက်လက်ပြောပါတယ်။

စပိန်သတင်းစာ El Pais က "ဂျနီက ရူဘီယာလက်စ်ရဲ့ အနမ်းကို မကြိုက်ဘူး၊ ငါတို့လည်း မကြိုက်ပါဘူး"ဆိုတဲ့ ထိပ်စီးနဲ့ ဖော်ပြခဲ့ပါတယ်။
👍7😁4🔥2
​​အင်ဒိုနီးရှားမြို့တော်တွင် လေထုညစ်ညမ်းမှုကြောင့် နေအိမ်မှ အလုပ်လုပ်ကြရန် ညွှန်ကြား
=====================

အင်ဒိုနီးရှားနိုင်ငံ မြို့တော် ဂျကာတာ၏ အာဏာပိုင်တို့သည် ပြီးခဲ့သည့်လများမှစပြီး မြို့တော်ကို အသက်ရှုကျပ်စေလျက် ရှိသည့် လေထုညစ်ညမ်းမှုကို ထိန်းချုပ်ရန် ကြိုးပမ်းသည့်အနေဖြင့် မြို့နေ အလုပ်သမား၊ ဝန်ထမ်းများ နေအိမ်မှသာ အလုပ်လုပ်ကြရန်နှင့် ကျောင်းသားများ နေအိမ်မှသာ လေ့လာသင်ယူကြရန် ညွှန်ကြားချက် ထုတ်ပြန်သွားမည် ဖြစ်သည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍7🔥1
​​တွန်ဂါမီးတောင်ပေါက်ကွဲမှုဟာ မမျှော်လင့်ထားသည့် အိုဇုန်းလွှာပေါက်ပြဲမှုကို ဖြစ်ပေါ်စေသည်ဟုဆို
===================

#MizzimaTV
#hightech&gadget
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍4🔥1
​​မင်းလှတွင် NLD အင်္ကျီဝတ်လေ့ရှိသည့် စိတ်ကျန်းမာရေးချို့တဲ့သူကို စစ်ကောင်စီ ဖမ်းဆီး
======================

ရွှေနွယ်
(မဇ္ဈိမ)။ ။ပဲခူးတိုင်း၊ မင်းလှမြို့နယ်၊ ထောက်ကြံ့ကွင်းကျေးရွာမှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)အင်္ကျီ ဝတ်လေ့ရှိသည့် စိတ်ကျန်းမာရေးချို့တဲ့နေသူကို စစ်ကောင်စီတပ်က ဩဂုတ်လ ၁၉ ရက်နေ့တွင် ဖမ်းဆီး သွားကြောင်း ဒေသခံအချို့ကပြောသည်။

ဩဂုတ်လ ၁၉ ရက်နေ့က မြို့နယ်စည်ပင်သာယာဝန်းအတွင်းရှိ နာရေးတခုအား သွားရောက်ပို့ဆောင်ချိန် တွင် စိတ်ဝေဒနာရှင်ဦးဗျော့ကို စစ်ကောင်စီတပ်မှ အင်အား ၂၀ ခန့်ဖြင့် ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ဒေသခံတဦးက ပြောသည်။

ထိုသို့ဖမ်းဆီးခံရအပြီး သုံးရက်အကြာ ယနေ့ ဩဂုတ်လ ၂၁ ရက်နေ့တွင် ဦးဗျော့သေဆုံးပြီဟု သတင်း ရရှိကြောင်းလည်း မင်းလှမြို့ဒေသခံများထံမှသိရသည်။

“ဦးဗျော့က စိတ်ကျန်းမာရေးချို့တဲ့နေတဲ့သူဆိုတာ အကုန်သိတယ်၊ လက်မှတ်လည်းရထားပြီးသား။ သူက အရင်တည်းက ဆိုက်ကားမှာ NLD တံဆိပ်ပါတဲ့ ထီးကြီးတပ်ထားတယ်။ NLD တံဆိပ်ပါတဲ့ အင်္ကျီဝတ် တယ်။ အာဏာသိမ်းပြီးနောက်လည်း ဒီလိုပဲနေတယ်။ အဲဒါကို ဖမ်းသွားတာပါ ” ဟု မင်းလှမြို့ခံတဦးက မဇ္ဈိမသို့ ပြောသည်။

ဖမ်းဆီးခံရပြီးနောက်တွင် အုတ်ဖိုမြို့နယ်၊ တိမ်မြုပ်ရွာအခြေစိုက် ခမရ (၆) သို့ခေါ်ဆောင်သွားပြီး စစ်ဆေး မေးမြန်းစဉ် နှိပ်စက်ခံရ၍သေဆုံးသွားပြီဟု စစ်တပ်အသိုင်းအဝိုင်းထံမှ ကနဦးသတင်းရရှိထားကြောင်းနှင့် မိသားစုထံသို့ တရားဝင်အသိပေးလာခြင်းမျိုးမရှိသေးကြောင်း မင်းလှဒေသခံက ဆက်ပြောသည်။

ဦးဗျော့သည် ဆိုက်ကားနင်းကာ သက်မွေးဝမ်းကြောင်းပြုနေသူဖြစ်ပြီး ၎င်းတွင် လေဖြတ်နေသောဇနီးနှင့် သမီးတဦးကျန်ရှိနေကြောင်းသိရသည်။

“မိသားစုက သူဆိုက်ကားနင်းလို့ရတာကို မှီခိုစားနေရတာ။ အခုတော့ စိတ်မကောင်းစရာ သတင်းတွေ ကြားနေရတယ်” ဟု အထက်ပါ ဒေသခံကပြောသည်။

ဦးဗျော့ သေဆုံးခြင်း ရှိ၊ မရှိနှင့် ၎င်းကို မည်သည့်အတွက်ကြောင့် ဖမ်းဆီးသွားသည်ကိုမူ မဇ္ဈိမအနေဖြင့် အသေးစိတ် စုံစမ်းနေဆဲဖြစ်သည်။

ထို့ပြင် မင်းလှမြို့နယ်၊ ဘန့်ဘွေးပင်ကျေးရွာမှ ပြည်သူခြောက်ဦးကိုလည်း ဩဂုတ်လ ၁၉ ရက်၊ ညနေပိုင်း တွင် စစ်ကောင်စီတပ်မှ PDF ဟုစွပ်စွဲကာ ဖမ်းဆီးသွားသည်ဟု သတင်းများထွက်ပေါ်နေသည်။

ပုံအညွှန်း - မင်းလှမြို့နယ်တစ်နေရာ (ပုံဟောင်း)
စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။စောဖေ

#NLD
#စိတ်ကျန်းမာရေး
#မင်းလှမြို့နယ်
#ပဲခူး
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🔥5🤬5👍2😁1
​​အင်္ဂါဂြိုဟ်မှ ဖုံးကွယ်နေသည့် အသက်ဇီဝများကို တူးဖော်ပေးနိုင်သော တွင်းတူးစက်ရုပ်များ
=========================

#MizzimaTV
#hightech&gadget
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍2
​​မော်လမြိုင်ကျွန်းတွင် လျှပ်စစ်ရုံးဝန်ထမ်းက မီတာခကောက်ထားသည်ငွေများ ယူဆောင်ထွက်ပြေး
=========================

မင်းထက်
(မဇ္စျိမ)။ ။ဧရာဝတီတိုင်း၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် မီတာခကောက်ခံရရှိထားသည့် ငွေကျပ်သိန်း ၁၀၀ ကျော်ကို လျှပ်စစ်ရုံးဝန်ထမ်းက ယူဆောင်ထွက်ပြေးသွားကြောင်း ဒေသခံများထံမှ သိရသည်။

မီတာခများအား ယူဆောင်ထွက်ပြေးသွားသူမှာ မော်လမြိုင်ကျွန်းမြို့(၁၁) ရပ်ကွက်၊ ဗန္ဓုလလမ်းနေ ဦးပိုင်စိုးဆိုသူဖြစ်ပြီး ၎င်းသည် လျှပ်စစ်ရုံး ငွေလက်ခံကောင်တာတွင် တာဝန်ရှိသူဖြစ်ကာ မီတာဆောင် သူများအား ငွေရပြေစာပြန်ပေးရသူဖြစ်ကြောင်း သိရသည်။

ဧပြီလမှဇူလိုင်လအထိ ဦးပိုင်စိုးထံ မီတာဆောင်ထားသူများမှာ တရားမဝင်ကြောင်း EPC ဝန်ထမ်းများက ဒေသခံများ၏နေအိမ်များသို့ လာရောက်ပြောဆိုခဲ့သည့်အတွက် ငွေများယူဆောင်ထွက်ပြေးသည့် ဖြစ်စဥ် ကို သိရှိခဲ့ရခြင်းဖြစ်သည်ဟု ဒေသခံကပြောသည်။

“ရုံးဝန်ထမ်းက ပြည်သူတွေမီတာဆောင်ထားတဲ့ လေးလစာ မီတာခထဲက သိန်း ၁၀၀ ကျော်ကို ယူပြီး ထွက်ပြေးတာပါ။ ဒါကို တာဝန်ယူမှု၊ တာဝန်ခံမှုမရှိဘဲ ပြည်သူတွေကို မီတာထပ်ဆောင်ခိုင်းနေတယ်။ ပြီးခဲ့တဲ့လတွေမှာ ပြည်သူတွေက မီတာမဆောင်ခဲ့ဘူးဆိုတဲ့ပုံစံနဲ့ ဒဏ်ကြေးပါ တောင်းနေတယ်” ဟု ၎င်းက ပြောသည်။

ကုန်စျေးနှုန်းများမြင့်တက်နေပြီး ငွေကြေးကျပ်တည်းမှု ဒုက္ခရောက်နေသော ပြည်သူများအား ဌာနဆိုင်ရာ ဝန်ထမ်းများက နည်းမျိုးစုံဖြင့် ဒုက္ခပေးနေခြင်းဖြစ်သည်ဟု ဒေသခံက ဆိုသည်။
ယင်းဖြစ်စဉ်နှင့်ပတ်သတ်၍ မော်လမြိုင်ကျွန်းမြို့နယ် လျှပ်စစ်ရုံးအား မဇ္စျိမက ဆက်သွယ်ခဲ့သော်လည်း လက်ခံဖြေကြားခြင်း မရှိခဲ့ပေ။

လက်ရှိတွင် ငွေကြေးများယူဆောင်ထွက်ပြေးသူ ဦးပိုင်စိုးဆိုသူအား မော်လမြိုင်ကျွန်းရဲစခန်းမှ မည်သည့် ဥပဒေပုဒ်မများဖြင့် အမှုဖွင့်ထားသည်ကို မသိရသေးဘဲ တရားခံမှာ ထွက်ပြေးလွတ်မြောက်နေဆဲဖြစ် ကြောင်း ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လ ဒုတိယပတ်အတွင်းက မော်လမြိုင်ကျွန်းမြို့နယ်၊အမှတ် (၉) ရပ်ကွက်မှ စစ်ကောင်စီ ခန့် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမြင့်ဆွေအား ငွေကျပ်သိန်းပေါင်း ၉,၀၀၀ ကျော် ကိုယ်ကျိုးအတွက် သုံးစွဲသည်ဟုဆိုကာ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့သေးသည်။

စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ

#ဧရာဝတီတိုင်း
#မော်လမြိုင်ကျွန်းမြို့နယ်
#လျှပ်စစ်ရုံး

ဓာတ်ပုံ-မော်လမြိုင်ကျွန်းမြို့နယ် လျှပ်စစ်ရုံး (ပုံဟောင်း)

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍7❤5😁2👏1
​​မောင်းနှင်ရေးမော်ဂျူးကနေ ခွဲထွက်လိုက်သည့် အိန္ဒိယလကမ္ဘာသက်ဆင်းယာဉ်
====================

#MizzimaTV
#hightech&gadget
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍4
​​မိုင်းဆွဲခံရသည့် စစ်ကောင်စီလက်နက်ထောက်ပို့ ရထားတွဲ ၄ရက်မြောက်အထိ သယ်ယူနိုင်ခြင်းမရှိသေးဟုဆို
======================

ရွှေနွယ်
(မဇ္ဈိမ)။ ။ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ကညွတ်ကွင်းမြို့အနီး ရန်ကုန်-မန္တလေး မီးရထားလမ်းပိုင်းတွင် မိုင်းဆွဲတိုက်ခိုက်ခံရသည့် စစ်ကောင်စီ၏လက်နက်ခဲယမ်းထောက်ပို့ရထားတွဲများအား ယနေ့ ဩဂုတ်လ ၂၁ရက်နေ့အထိ ပြန်လည်သယ်ယူနိုင်ခြင်းမရှိသေးကြောင်း White Peacock Column - ဒေါင်းဖြူစစ်ကြောင်း၏ ပြန်ကြားရေးတာဝန်ရှိသူက ပြောသည်။

စစ်ကောင်စီ၏လက်နက်ခဲယမ်းထောက်ပို့ရထားကို ပြီးခဲ့သည့် ဩဂုတ်လ ၁၈ ရက် နံနက် ၇ နာရီကျော်ခန့်တွင် KNLA၊PDF ပူးပေါင်းတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်သည်။ ရထားတွဲ ခြောက်တွဲထက်မနည်း ပျက်စီးခဲ့သည်။ တိုက်ခိုက်ခံရပြီး လေးရက်မြောက်နေ့ဖြစ်သော ယနေ့အထိ စစ်ကောင်စီက အဆိုပါ ရထားတွဲများအား ပြန်လည်သယ်ဆောင်နိုင်ခြင်းမရှိသေးကြောင်း သိရသည်။

" လူအင်အား အဆမတန် တိုးထားတယ်။ ကျွန်တော်တို့သွားမယ်ဆိုရင် သူတို့ဘက်က ပွိုင့်သုံးနေရာလောက်ကို ဟောက်ဝစ်ဇာတို့ ၁၂၀ မမတို့လို လက်နက်အကြီးစားတွေနဲ့ ထောက်ထားတယ်” ဟု White Peacock Column - ဒေါင်းဖြူစစ်ကြောင်း၏ ပြန်ကြားရေးတာဝန်ရှိသူက ဆိုသည်။

မိုင်းခွဲတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီ၏ဒုတိယဝန်ကြီးချုပ်၊ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးတို့က လာရောက်စစ်ဆေးပြီး နှစ်ရက်အတွင်း အပြီးပြင်ဆင်ရန် ညွှန်ကြားသွားသည်ဟု ရရှိထားသည့်သတင်းကို ကာကွယ်ရေးရဲဘော်များက ပြောပြသည်။ သို့သော် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ပျက်စီးသွားသည့်ရထားအနီးလုံခြုံရေးယူထားသည်မှလွဲ၍ မည်သို့မျှ မလုပ်နိုင်သေးဟု ဆိုသည်။

ယခုရက်ပိုင်းတွင် ကညွတ်ကွင်းမြို့အခြေစိုက် စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း (၄၃၉) သို့စစ်တိုင်းမှူးရောက်ရှိနေပြီး မြေပြင်၌လည်း စစ်ရေးတင်းမာနေသည်ဟုWhite Peacock Column - ဒေါင်းဖြူစစ်ကြောင်း၏ ပြန်ကြားရေးတာဝန်ရှိသူက ပြောသည်။

"လက်ရှိမှာ စစ်ကြောင်းတွေနေ့တိုင်းထိုးနေပါတယ်။ စစ်သားတွေကလည်း ဗမာစကားမတတ်ဘူး။ တိုင်းရင်းသားတွေ။ တပ်မ (၈၈)ပါ ထပ်ရောက်လာမယ်လို့လည်း ဖရဲသီး(စစ်တပ်အတွင်းသတင်းပေး) အပြောအရ သိရပါတယ်" ဟု ၎င်းကပြောသည်။

မိုင်းဆွဲတိိုက်ခိုက်ခဲ့သည့် ရထားသည် စစ်ကောင်စီတပ်၏ လက်နက်ခဲယမ်း ထောက်ပို့ရထားဖြစ်သည်ဟု KNLA နှင့် ပဲခူးတိုင်း PDFက အခိုင်အမာပြောဆိုထားသည်။ စစ်ကောင်စီဘက်မှလည်း ကုန်တင်ရထားဖြစ်သည်ဟု ထုတ်ပြန်ထားသည်။

ကညွတ်ကွင်းမြို့သည် ရန်ကုန်−မန္တလေး လမ်းဟောင်းပေါ်တည်ရှိပြီး အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၏ အမှတ်(၂) စစ်ဒေသခွဲတွင်ပါဝင်သည်။ စစ်တောင်းမြစ်ဝှမ်းဒေသနှင့် ရန်ကုန်−မန္တလေးလမ်းဟောင်းနယ်မြေစိုးမိုးရေးများ လုပ်ဆောင်လျက်ရှိကြောင်း MODက ပြီးခဲ့သည့် ဇွန်လက ထုတ်ဖော်ပြောကြားပြီးနောက် အဆိုပါလမ်းပိုင်းပေါ်ရှိ ဖြူးနှင့် ကျောက်တံခါးမြို့နယ်တို့တွင် တိုက်ပွဲများ ပြင်းထန်နေသည်။

ပုံအညွှန်း - ကညွတ်ကွင်းမြို့အနီးမိုင်းဆွဲခံရသည့် မီးရထား
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ် ။ ။ အေးချမ်း

#mizzima
#ပဲခူးတိုင်း
#ဖြူးမြို့နယ်
#မိုင်းဆွဲတိုက်ခိုက်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍18❤2🔥1🤮1🖕1
​​နှစ်ပေါင်း ၁၄၂ နှစ်သက်တမ်းရှိသည့် နက္ခတ်ကြည့်အဆောက်အအုံအား အမှတ်မထင် တူးဖော်တွေ့ရှိ
======================

#MizzimaTV
#hightech&gadget
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍4🔥2
နေပြည်တော်နှင့် မကွေးတိုင်းအစပ်တွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုတို့ တိုက်ပွဲဖြစ်ပွား
👍9❤2😁2