Mizzima
✔
47.8K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
​​နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၂၁ ဩဂုတ် ၂၀၂၃) 
=====================

ပြည်သူများနှင့်ရပ်တည်မည်ဟု ပြောဆိုခဲ့သည့် ရွက်ဆစ် ဦးဆောင်သည့် RCSS အဖွဲ့သည် စစ်ကောင်စီ နှင့် ဆွေးနွေးမှုများ ပြုလုပ်နေသလို NCA ကို ဆက်လက်စွဲကိုင်ထားဟု ထုတ်ပြန်ကြေညာလိုက်သည့်အတွက် အပြော နှင့် လက်တွေ့မညီညွတ်သည်ကို‌ တွေ့ရသည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😁7👍6🤮2🖕1
​​မင်းအောင်လှိုင်အပါအဝင် ဗဟိုဘဏ်ထိပ်ပိုင်းခေါင်းဆောင်များကို ထောင်ထဲထည့်လိုက်ပါက ဒေါ်လာ၊ ရွှေပြသာနာများ ပြေလည်မည်ဟု NUG စီမံဘဏ္ဍာဝန်ကြီး ပြော
==================

002
(မဇ္ဈိမ)။ ။မင်းအောင်လှိုင်အပါအဝင် ဗဟိုဘဏ်ထိပ်ပိုင်းခေါင်းဆောင်များကို ထောင်ထဲထည့်လိုက်ပါက ဒေါ်လာ၊ ရွှေပြသာနာများ ပြေလည် မည်ဟု NUG စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြုပ်နှံမှုဝန်ကြီး ဦးတင်ထွန်းနိုင်က ပြောသည်။

" အခုဖြစ်နေတဲ့ ငွေကြေးဖောင်းပွတာတွေ ဒေါ်လာစျေးတွေ ရွှေစျေးတွေကျချင်လို့ရှိရင် တကယ်တမ်းက ဒီလိုမျိုးရွှေသမား၊ ဒေါ်လာသမားပေါ့နော်။ ကားသမား၊ အိမ်ခြံမြေသမားတွေကို ဖမ်းပြီး တော့ ထောင်ထဲထည့်ရမှာမဟုတ်ဘူး။ တကယ်တမ်းက ဒီဟာတွေ အားလုံးကို ပြန်ပြီးတော့ ပြေလည်သွားစေချင်တယ် သူ့ဖြစ်သင့်ဖြစ် ထိုက်တဲ့အတိုင်း ပုံမှန်ဖြစ်ချင်လို့ရှိရင် ရွှေသမား၊ ဒေါ်လာသမားတွေ ကို ထောင်ထဲမထည့်ပါနဲ့။ မင်းအောင်လှိုင်နဲ့အပေါင်းအပါတွေရယ်၊ သူ့အကြိုက် အလိုက်ဆောင်ပြီး မြှောက်ထိုးပင့်ကော်နဲ့ မြှောက်ပေး နေတဲ့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ပေါ့နော် တာဝန်ရှိတဲ့ထိပ်ပိုင်း ငွေကြေးမူဝါဒချမှတ်ထားတဲ့ပုဂ္ဂိုလ်တွေကိုပါ ထောင်ထဲထည့်လိုက် ပါ။ သူတို့ကိုသာဖမ်းပြီး ထောင်ထဲထည့်လိုက် ဒီကိစ္စတွေက ပြေလည်သွားပါလိမ့်မယ်" ဟု ဦးတင်ထွန်းနိုင်က ကိုမင်းကိုနိုင်နှင့် စကား ပြောစဉ် ပြောသည်။

စျေးတက်လာပါက စီးပွားရေးသမားများကို ဖမ်းဆီးထောင်ချခြင်းမှာ အာဏာရှင်၏ ဓလေ့စရိုက်ဖြစ်ကြောင်း၊ မဆလခေတ်တွင် ဇူစကာ စစ်ဆင်ရေးဖြင့် စီးပွားရေးသမားများကို ဖမ်းဆီးထောင်ချခြင်းများ ရှိခဲ့သည်ဟု ဝန်ကြီးက ပြောသည်။

" အာဏာရှင်သင်ရိုးညွန်းတမ်းထဲမှာ ဘယ်ခေတ်ဖြစ်ဖြစ် ဘယ်အာ ဏာရှင်ဖြစ်ဖြစ် ဒီအချိုးပဲ" ဟု ဦးတင်ထွန်းနိုင်က ပြောသည်။
စူဇကာစစ်ဆင်ရေးမစတင်မီတွင် ဝိသမလောဘသားများကြောင့် စျေးနှုန်းများ မြင့်တက်ရခြင်းဖြစ်သည်ဟု ဝါဒဖြန့်ခြင်းများရှိခဲ့ပြီး ယခုစစ်ကောင်စီခေတ်တွင်လည်း တစ်ပုံစံတည်း ပြုလုပ်လာသည် ဟု ကိုမင်းကိုနိုင်နှင့် ပြည်ထောင်စုဝန်ကြီးတို့က တညီတညွတ် တည်းပြောသည်။

အာဏာသိမ်းပြီးချိန်မှစပြီး နှစ်နှစ်တာကာလအတွင်းစစ်ကောင်စီက ရိုက်ထုတ်ခဲ့သည့် ငွေကျပ် ဘီလျံ နှစ်သောင်းရှိကြောင်း ရရှိထားသော အထောက်အထားများကို ကိုးကားပြီး ဦးတင်ထွန်းနိုင်က ပြောသည်။

" တစ်ဘီလျံမှာ မြန်မာငွေ သိန်းတစ်သောင်းရှိတယ်။ သူရိုက်ထုတ် ခဲ့တဲ့နှစ်နှစ်တာကာလအတွင်းမှာ ဘီလျံပေါင်း နှစ်သောင်းရိုက်ထုတ် တယ်။ ဒါက ကျွန်တော်တို့ရဲ့ တိုင်းပြည်ရဲ့ စီးပွားရေးထဲမှာ ငွေစက္ကူတွေက ဘယ်လောက်ပမာဏအလုံးအရင်းနဲ့ စီးဝင်နေပြီလဲ ဆိုတဲ့ကိစ္စကို ကျွန်တော်တို့မြင်တွေ့ရတယ်" ဟု ဝန်ကြီးက ပြောသည်။
စစ်ကောင်စီ လက် အောက်ခံ ဗဟိုဘဏ်က သြဂုတ် ၁၉ ရက်တွင် နေပြည်တော်၌ စီးပွားရေး သမားများကို ခေါ်ယူတွေ့ဆုံပြီး ဒေါ်လာစျေးကစားသူများ၊ လူမှုကွန်ရက်တွင် ဒေါ်လာစျေး သတင်းများ ဖြန့်ဝေသူများကို အရေးယူမည်ဟု ပြောသည်။

သြဂုတ် ၂၁ ရက်တွင် အမေရိကန်ဒေါ်လာနှင့် ကျပ်ငွေလဲလှယ်နှုန်းမှာ တစ်ဒေါ်လာလျှင် ကျပ် ၃၅၀၀ ကျော်ဖြင့် စျေးပိတ်ခဲ့သည်။
ဗဟိုဘဏ် ဥက္ကဌတာဝန်ယူထားသူမှာ သေနတ်ဖြင့် အပစ်ခံရသော် လည်း မသေဆုံးခဲ့သည့် ဒေါ်သန်းသန်းဆွေဖြစ်ပြီး ဥက္ကဌဟောင်းမှာ ဦးသန်းညိန်းဖြစ်သည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍38😁8👏5❤3🤮2
Media is too big
VIEW IN TELEGRAM
ဗေဒါပင်ရဲ့ အကျိုးကျေးဇူးများ | Nature Article

Watch more detail - https://youtu.be/CAZ1UYMT_mA

#NatureArticle #mizzimaplushd #internationalnews #mizzima #mizzimanews #mizzimadailynews #myanmarnews #todaynews #newsupdate #Reels #Shorts
❤6👍3😁2🌭2
​​IIang: The wolf brigade
=============

ကမ္ဘာလုံးဆိုင်ရာနိုင်ငံရေးမငြိမ်သက်မှုတွေနဲ့ ဒေသတွင်း အင်အားပြိုင်ဆိုင်မှုအခြေအနေတွေကြောင့် တောင်နဲ့မြောက်ကိုရီးယားနှစ်နိုင်ငံ ပေါင်းစည်းဖို့အခြေအနေဖြစ်လာခဲ့ပါတယ်... အဲ့ဒ်ီလိုပေါင်းစည်းဖို့ကိုမလိုလား ကန့်ကွက်တဲ့သူတွေကနေ Sect ဆိုတဲ့ မြေအောက်ဆန့်ကျင်ရေးဂိုဏ်းတစ်ခုပေါ်လာတယ်...

တဖြည်းဖြည်းအင်အားကောင်းလာပြီး သာမန်ရဲတပ်ဖွဲ့နဲ့ ရင်ဆိုင်လို့မရတော့တဲ့အခြေအနေဖြစ်လာတာကြောင့် သမ္မတက Sect ကိုနှိမ်နှင်းဖို့ အထူးတပ်ဖွဲ့ကို ဖွဲ့စည်းလိုက်တယ်....တစ်ဖက်မှာလည်း ပြည်ထဲရေးကိုယ်စားပြု ပြည်သူ့လုံခြုံရေးအဖွဲ့ဆိုပြီး အပြိုင်အဆိုင်တွေရှိလာတယ်...

စစ်ဆင်ရေးတစ်ခု လုပ်ရာက အမှားအယွင်းဖြစ်ပြီး အထူးတပ်ဖွဲ့က အပြစ်မဲ့ မိန်းကလေးငယ် ၁၅ ဦးကို မှားယွင်းသတ်ဖြတ်ခဲ့မိတယ်....အဲ့ဒီနောက်ပိုင်းမှာ အများရဲ့ ဝေဖန်ပြစ်တင်မှုကို ခံခဲ့ရပြီး အထူးတပ်ဖွဲ့ဝင်တွေဟာ သူတို့ရဲ့ သရုပ်မှန်ကို မျက်နှာဖုံးတွေနဲ့ ကွယ်ဝှက်ခဲ့ကြသလို ပိုပြီးလည်း ရက်စက်ကြမ်းတမ်းလာခဲ့ကြတယ်....

ဒီထဲမှာမှ လူသားဆန်တဲ့ တပ်ဖွဲ့ခေါင်းဆောင် လင် နဲ့ Sect အဖွဲ့ဝင်ဟောင်းဖြစ်လို ပြည်သူ့လုံခြုံရေးနဲ့ ပူးပေါင်းလှုပ်ရှားနေတဲ့ ယွန်းမီတို့ ဆုံမိကြပြီး ချစ်ကြိုးသွယ်မိခဲ့ကြတယ်....

နိုင်ငံတော်အာဏာသိမ်းဖို့ တာဆူနေတဲ့ ပြည်သူ့လုံခြုံရေးအဖွဲ့က ယွန်းမီကိုအသုံးချပြီး လင်ကနေတဆင့် အထူးတပ်ဖွဲ့က်ို ဖြုတ်ချနိုင်ဖို့ ဘယ်လိုလှည့်ကွက်တွေသုံးမလဲ... အထူးတပ်ဖွဲ့ကရော ဘယ်လိုတုန့်ပြန်မလဲ... Action ဇာတ်လမ်းတွေ နှစ်ခြိုက်သူများအတွက်​တော့ သဘောကျစေမယ့် ဇာတ်ကားတစ်ကားပါ ....

နာမည်ကြီးမင်းသားမင်းသမီးတွေဖြစ်တဲ့ ဂန်ဒေါင်ဝူး ဂျူဝူးဆောင်းနဲ့ ဟန်ဟျိုဂျူးတို့ အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်...
ဒီဇာတ်ကားလေးကို Mizzima + Channel မှာ စောင့်မျှော်ကြည့်နိုင်ပါပြီ။

Mizzima+ Channel တွင် ပြသနေသည့်အချိန်မှာပဲ Mizzima TV App တွင်လည်း Live stream တိုက်ရိုက်ကြည့်ရှုနိုင်တာမို့ Mizzima TV Application လေးကို download လုပ်ပြီးကြည့်လိုက်ကြရအောင်

App ဒေါင်းလော့လုပ်ရန် - https://bit.ly/44WaGEU

#New ပြသမည့်ရက်။ ။ ၂၂.၈.၂၀၂၃
ပြသမည့် အချိန် ။ ။ မနက် (၁၀:၀၀)နာရီ
ပြန်လည်ပြသမည့်အချိန်။ ။ ည (၁၀:၃၀) နာရီ

(Mizzima Media ကနေ သတင်းချန်နယ် သီးသန့် အဖြစ် Mizzima TV အပြင်၊ သတင်း နှင့် ဖျော်ဖြေရေး ချန်နယ် အဖြစ် Mizzima + တို့အား PSI စလောင်းများ၊ နှစ်ပေ စလောင်းများ နှင့် ရှစ်ပေ စလောင်း များမှ တစ်ဆင့် နေ့စဉ် နံနက် ၆ နာရီ မှ ည ၁၂ နာရီအထိ ထုတ်လွှင့်ပြသနေပါသည်)။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U”
👍11😁2🥰1
ဥရောပထိပ်တန်းလိဂ်များရဲ့ လက်ကျန်ပွဲစဉ်ရလဒ်များ
===================

ပရီးမီးယားလိဂ်ပွဲစဉ်(၂)

ခရစ္စတယ်ပဲလေ့စ် ဝ-၁ အာဆင်နယ်

လာလီဂါပွဲစဉ်(၂)

အလာဗတ်စ် ၄-၃ ဆီဗီလာ
ဂရန်နာဒါ ဝ- ၂ ဗယ်လက်ကာနို

စီးရီးအေပွဲစဉ်(၁)

တိုရီနို ဝ-၀ ကာဂလီယာရီ
ဘိုလော့ဂ်နာ ဝ-၂ အေစီမီလန်

Photos: Twitter

#PremierLeague
#LaLiga
#seriea
#Mizzima
👍5
ဗေဒါပင်ရဲ့အကျိုးကျေးဇူးများ
============

-ဗေဒါပင်က သင့်ကျန်းမာရေးအတွက် ဘာတွေအကျိုးပြုမလဲ ?

-ဗေဒါပင်မှာ ပါဝင်တဲ့ အစွမ်းသတ္တိတွေက ဘာတွေလဲ ?

-ဗေဒါပင်မှာရှိတဲ့ လျှို့ဝှက်ချက် အကျိုးအာနိသင်တွေက ဘာတွေလဲ ?

အစရှိတဲ့ အကြောင်းအရာတွေကို ဒီအစီအစဉ်ကနေ တင်ဆက်ပေးသွားမှာပါ ......

https://youtu.be/CAZ1UYMT_mA

#naturearticle
#videonews
#ဗေဒါပင်
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. ttps://bit.ly/2VhJ12U
🌭3
သြဂုတ်လ (၂၂) ရက်၊ အင်္ဂါနေ့ မနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
======================

ဒီကနေ့ မနက် နားဆင်ရမယ့် အစီစဉ်တွေကတော့ ..

ပြည်တွင်းစီးပွားရေးဈေးကွက်မှာ ရွှေဈေးနဲ့ဒေါ်လာဈေးနှုန်း ကျဆင်းရေး တိုက်ပွဲဝင်မယ့် Task Force ဖွဲ့စည်းပြီး အထူးစုံစမ်းစစ်ရေးဦးစီးဌာန(စသုံးလုံး) က ဦးဆောင်မယ်ဆိုတဲ့သတင်းနဲ့အတူ မိုးအဆက်မပြတ်ရွာသွန်းပြီးနောက် တောင်ကျရေတိုက်စားလို့ပြိုကျသွားတဲ့ မြဝတီ- ကော့ကရိတ် အာရှလမ်းပိုင်းကို ပြန်လည်ပြုပြင်နေတာမှာ ပြီးလုနီးပါးရှိနေပြီဖြစ်တာကြောင့် လက်ရှိမှာ အချိန်ပိုင်း သွားလာခွင့်ပြုထားတဲ့သတင်း အပါအဝင် တခြား စိတ်ဝင်စားဖွယ် ပြည်တွင်းသတင်းတွေနဲ့ နောက်ဆုံးရ နိုင်ငံတကာသတင်းတွေကို နားဆင်ကြရမှာပါ။

အဲ့ဒီနောက်မှာတော့ အပတ်စဉ် ကဏ္ဍအဖြစ် “Mizzima Editorial Talk” အစီအစဉ်ကို နားဆင်ရမှာ ဖြစ်ပါတယ် ခင်ဗျာ။

https://youtu.be/KJueYoFg9og

#morningradio
#mizzimaradio
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍7❤3🔥2
​​22.8.2023 (Tuesday)တွင် ထုတ်လွှင့်တင်ဆက်ပြသမည့် အစီအစဉ်
======================

Highlight

ပညာရေးမြို့တော်က စိန်ခေါ်သံများ (ညနေ - ၇ နာရီ)
India Movie -Chalk and Duster (ည- ၈ နာရီ)
Korea Movie - IIIang : The Wolf Brigade (ည- ၁၀ နာရီခွဲ)

Mizzima+ channel တွင် ပြသနေ့သည့် အချိန်မှာပဲ Mizzima App တွင်လည်း Live Stream တိုက်ရိုက်ကြည့်ရှုနိုင်ပါသည်။

#mizzimatv
👍1🔥1
မြန်မာ့အရေးမှာ ချောင်ပိတ်မိနေတဲ့ အာဆီယံ (ဆောင်းပါး)
===================

ပြီးခဲ့တဲ့ ဩဂုတ် ၈ ရက်က အာဆီယံသက်တမ်း ၅၆ နှစ်ပြည့်သွားခဲ့ပြီဖြစ်ပါတယ်။ သက်တမ်း ၅၆နှစ်အတွင်း အာဆီယံအနေနဲ့ ဒေသတွင်းအရေးအခင်းတွေကိုရင်ဆိုင်ခဲ့ရာမှာ မြန်မာ့အရေးနဲ့ကမ္ဘောဒီးယားနိုင်ငံအရေးက စိန်ခေါ်မှုအများဆုံး ကိစ္စရပ်တွေအဖြစ်တွေ့ခဲ့ရပါတယ်။

ဒီလိုနိုင်ငံတစ်နိုင်ငံရဲ့ ပြည်တွင်းရေးထက်ပိုတဲ့ကိစ္စတွေကို အာဆီယံအနေနဲ့ ကိုင်တွယ်ဖြေရှင်းရာမှာအားနည်းချက်တွေရှိခဲ့ပြီး ကိစ္စရပ်တိုင်းကို အဆုံးမသတ်နိုင်ခဲ့တာလည်း တွေ့ရပါတယ်။
အခုလည်းအာဆီယံဟာ တစ်ကျော့ပြန်မြန်မာ့အရေးပြဿနာတွေနဲ့ ချောင်ပိတ်မိနေခဲ့ပြန်ပါတယ်။

https://youtu.be/LiP0LUh2ygg

#politics
#Newsfeature
#Mizzima
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍7🔥2
မဇ္ဈိမအတွက် ဗွီအိုအေ သတင်းလွှာ၊ သြဂုတ်လ ၂၂ ရက်၊ ၂၀၂၃ | VOA On Mizzima
=====================

သဘာဝဘေး ကြိုတင်သတိပေးစနစ်များအကြောင်း၊ ကရင်လက်ချည်ပွဲကို ထိုင်းနိုင်ငံမှာ ကျင်းပ၊ ဒီလို စိတ်ဝင်စားစရာ နိုင်ငံတကာသတင်းဆောင်းပါးတွေနဲ့ နောက်ဆုံးရ ငွေကြေးဈေးကွက် သတင်းတွေကို ၂၀၂၃ ခုနှစ်၊ သြဂုတ်လ ၂၂ ရက်၊ မဇ္ဈိမအတွက် ဗွီအိုအေ အစီအစဉ်မှာ ကြည့်ရှုနိုင်ပါတယ်။

https://youtu.be/HGIQYdcdg54

#VOA
#mizzimatv
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍7🔥1😁1