Mizzima
✔
47.8K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
Media is too big
VIEW IN TELEGRAM
ဗေဒါပင်ရဲ့ အကျိုးကျေးဇူးများ | Nature Article

Watch more detail - https://youtu.be/CAZ1UYMT_mA

#NatureArticle #mizzimaplushd #internationalnews #mizzima #mizzimanews #mizzimadailynews #myanmarnews #todaynews #newsupdate #Reels #Shorts
❤6👍3😁2🌭2
​​IIang: The wolf brigade
=============

ကမ္ဘာလုံးဆိုင်ရာနိုင်ငံရေးမငြိမ်သက်မှုတွေနဲ့ ဒေသတွင်း အင်အားပြိုင်ဆိုင်မှုအခြေအနေတွေကြောင့် တောင်နဲ့မြောက်ကိုရီးယားနှစ်နိုင်ငံ ပေါင်းစည်းဖို့အခြေအနေဖြစ်လာခဲ့ပါတယ်... အဲ့ဒ်ီလိုပေါင်းစည်းဖို့ကိုမလိုလား ကန့်ကွက်တဲ့သူတွေကနေ Sect ဆိုတဲ့ မြေအောက်ဆန့်ကျင်ရေးဂိုဏ်းတစ်ခုပေါ်လာတယ်...

တဖြည်းဖြည်းအင်အားကောင်းလာပြီး သာမန်ရဲတပ်ဖွဲ့နဲ့ ရင်ဆိုင်လို့မရတော့တဲ့အခြေအနေဖြစ်လာတာကြောင့် သမ္မတက Sect ကိုနှိမ်နှင်းဖို့ အထူးတပ်ဖွဲ့ကို ဖွဲ့စည်းလိုက်တယ်....တစ်ဖက်မှာလည်း ပြည်ထဲရေးကိုယ်စားပြု ပြည်သူ့လုံခြုံရေးအဖွဲ့ဆိုပြီး အပြိုင်အဆိုင်တွေရှိလာတယ်...

စစ်ဆင်ရေးတစ်ခု လုပ်ရာက အမှားအယွင်းဖြစ်ပြီး အထူးတပ်ဖွဲ့က အပြစ်မဲ့ မိန်းကလေးငယ် ၁၅ ဦးကို မှားယွင်းသတ်ဖြတ်ခဲ့မိတယ်....အဲ့ဒီနောက်ပိုင်းမှာ အများရဲ့ ဝေဖန်ပြစ်တင်မှုကို ခံခဲ့ရပြီး အထူးတပ်ဖွဲ့ဝင်တွေဟာ သူတို့ရဲ့ သရုပ်မှန်ကို မျက်နှာဖုံးတွေနဲ့ ကွယ်ဝှက်ခဲ့ကြသလို ပိုပြီးလည်း ရက်စက်ကြမ်းတမ်းလာခဲ့ကြတယ်....

ဒီထဲမှာမှ လူသားဆန်တဲ့ တပ်ဖွဲ့ခေါင်းဆောင် လင် နဲ့ Sect အဖွဲ့ဝင်ဟောင်းဖြစ်လို ပြည်သူ့လုံခြုံရေးနဲ့ ပူးပေါင်းလှုပ်ရှားနေတဲ့ ယွန်းမီတို့ ဆုံမိကြပြီး ချစ်ကြိုးသွယ်မိခဲ့ကြတယ်....

နိုင်ငံတော်အာဏာသိမ်းဖို့ တာဆူနေတဲ့ ပြည်သူ့လုံခြုံရေးအဖွဲ့က ယွန်းမီကိုအသုံးချပြီး လင်ကနေတဆင့် အထူးတပ်ဖွဲ့က်ို ဖြုတ်ချနိုင်ဖို့ ဘယ်လိုလှည့်ကွက်တွေသုံးမလဲ... အထူးတပ်ဖွဲ့ကရော ဘယ်လိုတုန့်ပြန်မလဲ... Action ဇာတ်လမ်းတွေ နှစ်ခြိုက်သူများအတွက်​တော့ သဘောကျစေမယ့် ဇာတ်ကားတစ်ကားပါ ....

နာမည်ကြီးမင်းသားမင်းသမီးတွေဖြစ်တဲ့ ဂန်ဒေါင်ဝူး ဂျူဝူးဆောင်းနဲ့ ဟန်ဟျိုဂျူးတို့ အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်...
ဒီဇာတ်ကားလေးကို Mizzima + Channel မှာ စောင့်မျှော်ကြည့်နိုင်ပါပြီ။

Mizzima+ Channel တွင် ပြသနေသည့်အချိန်မှာပဲ Mizzima TV App တွင်လည်း Live stream တိုက်ရိုက်ကြည့်ရှုနိုင်တာမို့ Mizzima TV Application လေးကို download လုပ်ပြီးကြည့်လိုက်ကြရအောင်

App ဒေါင်းလော့လုပ်ရန် - https://bit.ly/44WaGEU

#New ပြသမည့်ရက်။ ။ ၂၂.၈.၂၀၂၃
ပြသမည့် အချိန် ။ ။ မနက် (၁၀:၀၀)နာရီ
ပြန်လည်ပြသမည့်အချိန်။ ။ ည (၁၀:၃၀) နာရီ

(Mizzima Media ကနေ သတင်းချန်နယ် သီးသန့် အဖြစ် Mizzima TV အပြင်၊ သတင်း နှင့် ဖျော်ဖြေရေး ချန်နယ် အဖြစ် Mizzima + တို့အား PSI စလောင်းများ၊ နှစ်ပေ စလောင်းများ နှင့် ရှစ်ပေ စလောင်း များမှ တစ်ဆင့် နေ့စဉ် နံနက် ၆ နာရီ မှ ည ၁၂ နာရီအထိ ထုတ်လွှင့်ပြသနေပါသည်)။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U”
👍11😁2🥰1
ဥရောပထိပ်တန်းလိဂ်များရဲ့ လက်ကျန်ပွဲစဉ်ရလဒ်များ
===================

ပရီးမီးယားလိဂ်ပွဲစဉ်(၂)

ခရစ္စတယ်ပဲလေ့စ် ဝ-၁ အာဆင်နယ်

လာလီဂါပွဲစဉ်(၂)

အလာဗတ်စ် ၄-၃ ဆီဗီလာ
ဂရန်နာဒါ ဝ- ၂ ဗယ်လက်ကာနို

စီးရီးအေပွဲစဉ်(၁)

တိုရီနို ဝ-၀ ကာဂလီယာရီ
ဘိုလော့ဂ်နာ ဝ-၂ အေစီမီလန်

Photos: Twitter

#PremierLeague
#LaLiga
#seriea
#Mizzima
👍5
ဗေဒါပင်ရဲ့အကျိုးကျေးဇူးများ
============

-ဗေဒါပင်က သင့်ကျန်းမာရေးအတွက် ဘာတွေအကျိုးပြုမလဲ ?

-ဗေဒါပင်မှာ ပါဝင်တဲ့ အစွမ်းသတ္တိတွေက ဘာတွေလဲ ?

-ဗေဒါပင်မှာရှိတဲ့ လျှို့ဝှက်ချက် အကျိုးအာနိသင်တွေက ဘာတွေလဲ ?

အစရှိတဲ့ အကြောင်းအရာတွေကို ဒီအစီအစဉ်ကနေ တင်ဆက်ပေးသွားမှာပါ ......

https://youtu.be/CAZ1UYMT_mA

#naturearticle
#videonews
#ဗေဒါပင်
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. ttps://bit.ly/2VhJ12U
🌭3
သြဂုတ်လ (၂၂) ရက်၊ အင်္ဂါနေ့ မနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
======================

ဒီကနေ့ မနက် နားဆင်ရမယ့် အစီစဉ်တွေကတော့ ..

ပြည်တွင်းစီးပွားရေးဈေးကွက်မှာ ရွှေဈေးနဲ့ဒေါ်လာဈေးနှုန်း ကျဆင်းရေး တိုက်ပွဲဝင်မယ့် Task Force ဖွဲ့စည်းပြီး အထူးစုံစမ်းစစ်ရေးဦးစီးဌာန(စသုံးလုံး) က ဦးဆောင်မယ်ဆိုတဲ့သတင်းနဲ့အတူ မိုးအဆက်မပြတ်ရွာသွန်းပြီးနောက် တောင်ကျရေတိုက်စားလို့ပြိုကျသွားတဲ့ မြဝတီ- ကော့ကရိတ် အာရှလမ်းပိုင်းကို ပြန်လည်ပြုပြင်နေတာမှာ ပြီးလုနီးပါးရှိနေပြီဖြစ်တာကြောင့် လက်ရှိမှာ အချိန်ပိုင်း သွားလာခွင့်ပြုထားတဲ့သတင်း အပါအဝင် တခြား စိတ်ဝင်စားဖွယ် ပြည်တွင်းသတင်းတွေနဲ့ နောက်ဆုံးရ နိုင်ငံတကာသတင်းတွေကို နားဆင်ကြရမှာပါ။

အဲ့ဒီနောက်မှာတော့ အပတ်စဉ် ကဏ္ဍအဖြစ် “Mizzima Editorial Talk” အစီအစဉ်ကို နားဆင်ရမှာ ဖြစ်ပါတယ် ခင်ဗျာ။

https://youtu.be/KJueYoFg9og

#morningradio
#mizzimaradio
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍7❤3🔥2
​​22.8.2023 (Tuesday)တွင် ထုတ်လွှင့်တင်ဆက်ပြသမည့် အစီအစဉ်
======================

Highlight

ပညာရေးမြို့တော်က စိန်ခေါ်သံများ (ညနေ - ၇ နာရီ)
India Movie -Chalk and Duster (ည- ၈ နာရီ)
Korea Movie - IIIang : The Wolf Brigade (ည- ၁၀ နာရီခွဲ)

Mizzima+ channel တွင် ပြသနေ့သည့် အချိန်မှာပဲ Mizzima App တွင်လည်း Live Stream တိုက်ရိုက်ကြည့်ရှုနိုင်ပါသည်။

#mizzimatv
👍1🔥1
မြန်မာ့အရေးမှာ ချောင်ပိတ်မိနေတဲ့ အာဆီယံ (ဆောင်းပါး)
===================

ပြီးခဲ့တဲ့ ဩဂုတ် ၈ ရက်က အာဆီယံသက်တမ်း ၅၆ နှစ်ပြည့်သွားခဲ့ပြီဖြစ်ပါတယ်။ သက်တမ်း ၅၆နှစ်အတွင်း အာဆီယံအနေနဲ့ ဒေသတွင်းအရေးအခင်းတွေကိုရင်ဆိုင်ခဲ့ရာမှာ မြန်မာ့အရေးနဲ့ကမ္ဘောဒီးယားနိုင်ငံအရေးက စိန်ခေါ်မှုအများဆုံး ကိစ္စရပ်တွေအဖြစ်တွေ့ခဲ့ရပါတယ်။

ဒီလိုနိုင်ငံတစ်နိုင်ငံရဲ့ ပြည်တွင်းရေးထက်ပိုတဲ့ကိစ္စတွေကို အာဆီယံအနေနဲ့ ကိုင်တွယ်ဖြေရှင်းရာမှာအားနည်းချက်တွေရှိခဲ့ပြီး ကိစ္စရပ်တိုင်းကို အဆုံးမသတ်နိုင်ခဲ့တာလည်း တွေ့ရပါတယ်။
အခုလည်းအာဆီယံဟာ တစ်ကျော့ပြန်မြန်မာ့အရေးပြဿနာတွေနဲ့ ချောင်ပိတ်မိနေခဲ့ပြန်ပါတယ်။

https://youtu.be/LiP0LUh2ygg

#politics
#Newsfeature
#Mizzima
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍7🔥2
မဇ္ဈိမအတွက် ဗွီအိုအေ သတင်းလွှာ၊ သြဂုတ်လ ၂၂ ရက်၊ ၂၀၂၃ | VOA On Mizzima
=====================

သဘာဝဘေး ကြိုတင်သတိပေးစနစ်များအကြောင်း၊ ကရင်လက်ချည်ပွဲကို ထိုင်းနိုင်ငံမှာ ကျင်းပ၊ ဒီလို စိတ်ဝင်စားစရာ နိုင်ငံတကာသတင်းဆောင်းပါးတွေနဲ့ နောက်ဆုံးရ ငွေကြေးဈေးကွက် သတင်းတွေကို ၂၀၂၃ ခုနှစ်၊ သြဂုတ်လ ၂၂ ရက်၊ မဇ္ဈိမအတွက် ဗွီအိုအေ အစီအစဉ်မှာ ကြည့်ရှုနိုင်ပါတယ်။

https://youtu.be/HGIQYdcdg54

#VOA
#mizzimatv
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍7🔥1😁1
Bitcoin ဟာ Ai ကဲ့သို့ ပင်ဆယ်စုနှစ်ကြာပြီးနောက်မကြာသေးမီနှစ်များအတွင်း ပြန်လည်ရေပန်းစားလာခဲ့တဲ့ ဒစ်ဂျစ်တယ်ငွေကြေးတစ်ခုဖြစ်ပါတယ်။ Bitcoin က ဗဟိုချုပ်ကိုင်မှု ကင်းမဲ့ပြီး အစိုးရနဲ့ ဘဏ္ဍာရေး အဖွဲ့အစည်းရဲ့ထိန်းချုပ်မှုအောက်မှာမရှိတဲ့တစ်ခုတည်းသောငွေကြေးဖြစ်ပါတယ်။ မြန်မာနိုင်ငံကဲ့သို့ မတည်မငြိမ်သော ငွေကြေးများနှင့် ငွေကြေးဖောင်းပွမှုနှုန်း မြင့်မားမှုများကို မကြာခဏ ရင်ဆိုင်ရလေ့ရှိတဲ့ ဖွံ့ဖြိုးဆဲနိုင်ငံများရှိ လူများအတွက် ဆွဲဆောင်မှုတစ်ခု ဖြစ်လာပါတယ်။

Bitcoin ဟာ ငွေကြေးဖောင်းပွမှုကို တားဆီးပေးနိုင်ပါတယ်။ Bitcoin ဟာ အကန့်အသတ်နဲ့ရှိတာကြောင့် Fiat ငွေကြေးများကဲ့သို့ ငွေကြေးဖောင်းပွမှုများမရှိပါဘူး။ ငွေကြေးဖောင်းပွမှုနှုန်း မြင့်မားတတဲ့ နိုင်ငံများရှိ လူများအတွက် ကောင်းမွန်သော စုဆောင်းနိုင်အလွယ်တကူသိမ်းဆည်းနိုင်တဲ့အရာ
ဖြစ်ပါတယ်။ ဥပမာအားဖြင့် မကြာသေးမီနှစ်များအတွင်း ငွေကြေးဖောင်းပွမှုနှုန်း 100% ကျော်လာခဲ့သည့် ဇင်ဘာဘွေတွင် Bitcoin ကို ဇင်ဘာဘွေငွေဖောင်းပွမှုကိုတားဆီးဖို့အကာအကွယ်အဖြစ် အသုံးပြုခဲ့ပါတယ်။ အဲ့တာအပြင် Bitcoin ဟာ နိုင်ငံတကာငွေလွှဲမှုများကို စျေးသက်သာပြီး မြန်ဆန်စေပါတယ်။ နိုင်ငံတကာရှိ ငွေကြေးကိုအလွယ်တကူပြောင်းလဲနိုင်တာ
ကြောင့် ငွေလွှဲခြင်းများကို နိုင်ငံတကာရှိ ပြည်ပရောက်မိသားစုများက သူတို့ မိခင်နိုင်ငံရှိ မိသားစုများသို့အိမ်ပြန်ပို့တဲ့အခါငွေများကို ပြင်ပ ပေါက်စျေးအတိုင်း အလွယ်တကူပို့နိုင်ပါသေးတယ်။
👍6😁2
စျေးကြီးပြီး မိရိုးဖလာဘဏ်များမှတဆင့် လုပ်ဆောတာက နှေးကွေးနိုင်ပါတယ်။ ဥပမာအားဖြင့် တစ်ဒေါ်လာကို ပြင်ပစျေး ၃၀၀၀ ကျော်နေချိန်တွင် ဘဏ်ဖြတ်စျေး ၂၀၀၀ ကျော်ဖြင့် အိမ်ပြန်ပို့တဲ့ ပြည်ပရောက်မိသားစုများမှာ များစွာ နစ်နာမှု ရှိပါတယ်။ Bitcoin ဟာပြင်ပအဖွဲ့အစည်းကို မလိုအပ်ဘဲ ကမ္ဘာတစ်ဝှမ်းရှိ မည်သည့်နေရာတွင်မဆို ပေးပို့လက်ခံနိုင်တာကြောင့် ငွေလွှဲမှုများကို စျေးသက်သာပြီး မြန်ဆန်စွာ ပြုလုပ်နိုင်ပါတယ်။ ဥပမာအနေနဲ့ ကင်ညာတွင် Bitcoinကို အခြားနိုင်ငံများတွင် အလုပ်လုပ်နေသော ကင်ညာနိုင်ငံသားများကသူတို့ မိသားစုများကိုသူတို့လုပ်အားခများဖြင့်ထောက်ပံ့ပေးပို့ရန် အသုံးပြုပါတယ်။ Bitcoin ဟာ ဘဏ်မရှိသူများအတွက် ငွေကြေးဝန်ဆောင်မှုများကို ရယူအသုံးပြုနိုင်ပါသေးတယ်။ ဖွံ့ဖြိုးဆဲနိုင်ငံများရှိ လူအများအပြားက ဘဏ်စာရင်းများနှင့် အကြွေးဝယ်ကတ်များကဲ့သို့သော ဘဏ္ဍာရေးဝန်ဆောင်မှုများကိုလူတိုင်းမသုံးစွဲပါဘူး။ Bitcoin ကယခုအခါသိမ်းစည်းစုဆောင်း ငွေလွှဲဖို့ အပြင် အခြားဘဏ္ဍာရေးဆိုင်ရာ စျေး၀ယ်ယူ ခြင်း၊ လေယာဥ်လက်မှတ်၀ယ်ခြင်း ကဲ့သို့ ဝန်ဆောင်မှုများကို လည်းရနိုင်ပြီ ဖြစ်ပါတယ်။ ဥပမာအနေနဲ့ အယ်လ်ဆာဗေးဒေါတွင် Bitcoin ကို ယခုအခါ တရားဝင်တင်ဒါခေါ်ယူထားပြီး၊ အစိုးရက ငွေကြေးလုပ်ငန်း တိုးတက်စေဖို့ အသုံးပြုရန် နည်းလမ်းများကို ရှာဖွေနေပါသေးတယ်။

ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ Bitcoin ကိုအသုံးပြုခြင်းနဲ့ဆက်စပ်တဲ့ စိန်ခေါ်မှုအချို့လည်းရှိပါတယ်။ ငွေကြေးမတည်ငြိမ်မှုများ မြင့်မားခြင်း၊ တရား၀င်ခွင့်မပြုဘဲကန့်သတ်ထား ခြင်းနှင့် ဆိုက်ဘာတိုက်ခိုက်မှု အန္တရာယ်များလည်း ပါဝင်ပါတယ်။ ယခုအခါ ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် Bitcoin အလားအလာကောင်းမှုများဟာ သိသာထင်ရှားပြီး နောက်ထပ်တိုးတက်လာ
ပြီးလေ့လာရကျိုးနပ်တဲ့ နည်းပညာတစ်ခုဖြစ်ပါတယ်။ မြန်မာနိုင်ငံတွင် Bitcoin က နိုင်ငံရေးကြောင့် မတည်ငြိမ်သောငွေကြေးနှင့် ငွေကြေးဖောင်းပွမှုနှုန်းမြင့်မားခြင်းကနေ စုဆောင်းထားတဲ့ငွေများကို ကာကွယ်တဲ့ နည်းလမ်းတစ်ခု အဖြစ် မကြာသေးမီနှစ်များအတွင်း လူကြိုက်များလာပါတယ်။ အမေရိကန်သမ္မတလောင်း Robert F. Kennedy Jr. ကလည်း ဒီမိုကရေစီကြိုးပမ်းမှုအတွက် Bitcoin ဟာ မြန်မာနိုင်အတွက် အရေးပါကြောင်းထုတ်ဖော်ပြောကြားထားပါတယ်။ အာဂျင်တီးနားတွင် Bitcoin ကို နိုင်ငံရဲ့ မြင့်မားသော ငွေကြေးဖောင်းပွမှုနှုန်း အရင်းအနှီးထိန်းချုပ်မှုများကို ရှောင်ရှာဖို့ နည်းလမ်းတစ်ခုအဖြစ် အသုံးပြုခဲ့ပါတယ်။ ယခုအခါအာဂျင်တီးနားတွင် Bitcoin ကို အားပေးထောက်ခံတဲ့ သမ္မတလောင်း Javier Milei ဟာအနိုင်ရထားပါသေးတယ်။

အာဖရိကတွင်လည်း Bitcoin ကို လူများ စီးပွားရေးလုပ်ငန်း အများအပြားက အသုံးပြုနေကြပါတယ်။ အာဖရိကမိသားစုများစွာအတွက် အဓိက၀င်ငွေရင်းမြစ်ဖြစ်တဲ့ ငွေလွှဲမှုများပေးပို့ရန် Bitcoin ကိုအသုံးပြုနေလျက်ရှိပါတယ်။ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် Bitcoin ကိုအသုံးပြုမှုဟာ အစောပိုင်းအဆင့်တွင်ရှိနေဆဲဖြစ်သော်လည်း အချိန်ကြာလာတာနှင့်အမျှ သိသာထင်ရှားသောအကျိုးသက်ရောက်မှုဖြစ်စေမဲ့ အလားအလာတွေမှာ ရှိနေပါတယ်။ ငွေကြေးဖောင်းပွမှုကို တားဆီးကာကွယ်ပေးခြင်း၊ နိုင်ငံတကာငွေလွှဲမှုများကို စျေးသက်သက်သာသာနှင့် မြန်မြန်ဆန်ဆန်ပြုလုပ်ခြင်း နှင့် ဘဏ်မရှိသူများအတွက် ငွေကြေးဝန်ဆောင်မှုများ ရယူခွင့်ပေးခြင်းကြောင့် Bitcoin က ဖွံ့ဖြိုးဆဲနိုင်ငံများတွင် သန်းနှင့်ချီသောလူများ၏ဘဝများကို မြှင့်တင်ပေးနေပါတယ်။
Bitcoin က ဖွံ့ဖြိုးဆဲနိုင်ငံများကို နည်းလမ်းများစွာဖြင့် အကျိုးပြုနိုင်တဲ့ အင်တာနက်ကဲ့သို့ အလားအလာရှိသော ဆန်းသစ်ဆန်းသစ်သော နည်းပညာတစ်ခုဖြစ်ပါတယ်။
Bitcoin ကို သေချာဂရုတစိုက် အသုံးပြုပါက ဖွံ့ဖြိုးဆဲနိုင်ငံများတွင် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက်ကူညီပေးနိုင်တဲ့ အစွမ်းထက်သောနည်းပညာတစ်ခုဖြစ်ပါတယ်။

Coin Telegraph : Bitcoin soars in Argentina as Javier Milei wins presidential primary
The Impact of Cryptocurrencies in Zimbabwe. An Analysis of Bitcoins
Myanmar News : Black Market Dollar Price Rises to 3,000 Kyat
Do4Africa : Cryptocurrency adoption in Africa
👍7😁2