Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
ရန်ကုန်-ထားဝယ် လမ်းပိုင်းရှိ ကော့လှိုင်ရွာတံတား ရေတိုက်စား ပျက်စီး၍ ကားများ ပိတ်မိ
👍6🔥1
ရန်ကုန်-ထားဝယ် လမ်းပိုင်းရှိ ကော့လှိုင်ရွာတံတား ရေတိုက်စား ပျက်စီး၍ ကားများ ပိတ်မိ
======================

ကိုရွှေမြိတ်
(မဇ္ဈိမ။ ။ ရန်ကုန်-ထားဝယ် လမ်းပိုင်း ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ ကော့လှိုင်ရွာတံတားသည် ယမန်နေ့ ဩဂုတ်လ ၂၁ ရက်နေ့ ညနေ ၆ နာရီ ဝန်းကျင်တွင် ရေတိုက်စားမှုကြောင့် မြေသားကျွံကျရာ ပျက်စီးသွားခဲ့ပြီး ခရီးသည်ကားနှင့် ကုန်ကားအချို့ ပိတ်မိခဲ့ကြောင်း ဒေသခံများထံမှ သိရ သည်။

အဆိုပါ မြေသား ကျွံကျ ပျက်စီးခဲ့သည့် လမ်းပိုင်းသည်၊ မွန်ပြည်နယ် ရေးမြို့နယ်မှ တနင်္သာရီတိုင်းသို့ ဝင်လာစဉ် ရေဖြူမြို့နယ်၊ ကော့လှိုင်ရွာထိပ်ရှိ (ကလိန်အောင်နှင့်မလွဲတောင်ကြား) ရန်ကုန်-ထားဝယ် ကားလမ်းပေါ်က တံတားငယ် တခု ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

ကလိန်အောင်မြို့ ဒေသခံ လုပ်ငန်းရှင်အမျိုးသား တဦးက “ တံတားက မနေ့က ကျိုးကျ ပြတ်တောက်သွားတာပါ၊ အခု သက်ဆိုင်ရာက လုပ်လာနေပါပြီ၊ လောလောဆယ်မှာတော့ ယာဉ်သွား ယာဉ်လာ ပိတ်ထားတာမို့ အတက် အဆင်း ကားတွေတော့ ပိတ်မိနေတယ်”ဟု ပြောသည်။

အဆိုပါ ကလိန်အောင်မြို့နယ်က ကော့လှိုင်ရွာ တံတားသည် ရန်ကုန်မှ လာသည့် ကားများ ထားဝယ်၊ မြိတ်၊ ကော့သောင်းအတွင်းရှိ မြို့များသို့ ဆက်သွယ် သွားလာနေသည့် အဓိက အရေးပါသည့် တံတားငယ် ဖြစ်ကြောင်း ဒေသခံများက ပြော သည်။

ထားဝယ်ခရိုင် ကလိန်အောင်မြို့၊ ကော့လှိုင်ကျေးရွာ၊ ရေး-ထားဝယ် ပြည်ထောင်စုလမ်းမကြီး မိုင်တိုင်အမှတ် (၅၁/၈) ဖာလုံကြားရှိ အရှည် ၁၅ ပေ၊ အကျယ် ၁၈ ပေ တံတားငယ်သည် ပြီးခဲ့သည့် ရက်ပိုင်းက မိုးသည်းထန်စွာ ရွာသွန်းပြီး ရေတိုက်စားမှုကြောင့် ယင်းတံတားလမ်းပိုင်း ပြိုကျ ပျက်စီးသွားခဲ့၍ ယနေ့ ဩဂုတ်လ ၂၂ ရက်နေ့ မနက်ပိုင်းတွင် သက်ဆိုင်ရာမှ လာရောက် ပြန်လည် ပြုပြင်နေပြီဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

“တံတားကတော့ ဒီနေ့ မနက်ပိုင်းမှာ သက်ဆိုင်ရာကတော့ လာရောက် ပြုပြင်နေတာတော့ ရှိပါတယ်၊ သို့သော် ဘယ်ချိန် ပြီးမှာလည်း ဆိုတာတော့ မသိရသေးဘူး၊ ကားတွေတော့ ပိတ်မိနေတာ ရှိနေတယ်”ဟု မြိတ်-ရန်ကုန် ပြေးဆွဲနေသည့် ခရီးသည်ယာဉ်မောင်း တဦးက ပြောသည်။

သို့သော် ယင်းလမ်းပိုင်းနှင့် ပတ်သက်ပြီး စစ်ကောင်စီ လက်အောက်ခံ တံတားတည်ဆောက်ရေး အဖွဲ့ (၄)၊ လမ်းအထူးအဖွဲ့ (၂၃) ၏ တာဝန်ရှိသူများက ထုတ်ပြန်ချက်အရ ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများကို ဝိုင်းဝန်း ဆောင်ရွက်လျှက်ရှိနေပြီး ယနေ့ ဩဂုတ်လ ၂၂ ရက်နေ့ နေ့လယ်ပိုင်းလောက်တွင် ခရီးသွား အများပြည်သူများ သွားလာလို့ ရနိုင်မည် ဖြစ်ကြောင်း လူမှုကွန်ရက်၌ အသိပေး ထုတ်ပြန်ထားသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#ထားဝယ်
#ကော့လှိုင်ရွာတံတား
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍12🔥1
​​Movie Name - Chalk And Duster
=================

ဒီဇာတ်လမ်းလေးက ကျောင်းဆရာ/ဆရာမတွေနဲ့ ပတ်သက်ပြီး ရိုက်ကူးထားတဲ့ ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။

ဒီဇာတ်လမ်းကို ကြည့်နေရင်းနဲ့ ငယ်စဉ်က ကိုယ်တွေကို ပညာသင်ကြားပေးခဲ့တဲ့ ဆရာ/ဆရာမတွေကို ပြန်ပြီး အမှတ်ရသွားမှာ အသေအချာပါပဲ ။

ဖြစ်လေ့ဖြစ်ထရှိတတ်တဲ့ အထက်လူကြီးနဲ့ ဝန်ထမ်းတွေကြားက ပြသနာတွေကို ရိုက်ကူးထားတာပါ ။

ဇာတ်ကားရဲ့ အစမှာတော့ ဆရာမတွေက ကျောင်းသားတွေကို ပညာသင်ကြားပေးနေတဲ့ ပုံရိပ်လေးတွေနဲ့ ဆရာမနဲ့ ကျောင်းသားတွေရဲ့ ကြားက ရင်းနှီးမှုကိုတွေ့ရမှာပါ ။

ကျောင်းရဲ့ပိုင်ရှင်က ကျောင်းကို လာကြည့်ဖို့ လုပ်တဲ့အခါ သူ့ကို ကြိုဆိုတဲ့ အနေနဲ့ ကပွဲတခုပြုလုပ်ကြပါတယ်။
အဲ့ကပွဲအတွက် ဆရာ/ဆရာမတွေက အကောင်းဆုံးဖြစ်အောင် ကြိုးစားပြီး လုပ်ခဲ့ကြပါတယ်။

ဒါကို ကျောင်းရဲ့ ဒုကျောင်းအုပ်က ဒီကြိုးစားမူတွေက သူမ လုပ်ပါတယ်ဆိုပြီး နေရာဝင်ယူဖို့ ကြံစည်ပါတော့တယ်။
အဲ့ဒီနောက်သူ့ရဲ့ အကြံအစည်က အောင်မြင်ပြီး နဂို ကျောင်းအုပ်ကြီးရဲ့ နေရာကို ဝင်ယူသွားပါတော့တယ်။

တစ်ရက်မှာ ကျောင်းပိုင်ရှင်ဆီက မျက်နှာရချင်တာကြောင့် နံပါတ်၁ ကျောင်းဖြစ်အောင် လုပ်ပြမယ်ဆိုပြီး ကတိပေးခဲ့တယ် ။
သူ့ရဲ့ကတိကို အောင်မြင်အောင်လုပ်ချင်တာကြောင့် သူဘာတွေ ကြံစည်ပြီး ကောက်ကျစ်မလဲဆိုတာကိုတော့ Mizzima + မှာ စောင့်မျှော်ကြည့်ရူနိုင်ပါပြီ ။

Mizzima + တွင် ပြသနေသည့် ည (၈) နာရီအချိန်မှာပဲ Mizzima App တွင်လည်း live stream ကြည့်ရှုနိုင်ပါသည်

New ပြသမည့်ရက် ။ ။22.8.2023
ပြသမည့်အချိန်။ ။ ည (၈:၀၀) နာရီ
#Replay ပြန်လည်ပြသမည့်အချိန် ။ ။23.8.2023
ပြသမည့်အချိန်။ ။နေ့လည် (၂:၀၀) နာရီ

(Mizzima Media ကနေ သတင်းချန်နယ် သီးသန့် အဖြစ် Mizzima TV အပြင်၊ သတင်း နှင့် ဖျော်ဖြေရေး ချန်နယ် အဖြစ် Mizzima + တို့အား PSI စလောင်းများ၊ နှစ်ပေ စလောင်းများ နှင့် ရှစ်ပေ စလောင်း များမှ တစ်ဆင့် နေ့စဉ် နံနက် ၆ နာရီ မှ ည ၁၂ နာရီအထိ ထုတ်လွှင့်ပြသနေပါသည်)။
👍8🔥1
သဘာဝဘေး ကြိုတင်သတိပေးစနစ်များ | VOA On Mizzima
====================

မြေကမ္ဘာ ပိုပူနွေးလာတာနဲ့အမျှ သဘာဝဘေးဒဏ်တွေလည်း ရှောင်လွှဲလို့မရနိုင်တော့တာကြောင့် ထိခိုက်ပျက်စီးမှုနဲ့ လူ့အသက်သေဆုံးမှု နည်းအောင်ကာကွယ်နိုင်မယ့် ကြိုတင်သတိပေးစနစ်တခုကို ကုလသမဂ္ဂက ဦးဆောင်ကြိုးပမ်းနေပါပြီ။ သဘာဝဘေး ကြိုတင်သတိပေးသံမကြားခဲ့ရတဲ့ ဟာဝိုင်ယီပြည်နယ်၊ မာဝီကျွန်း မီးလောင်မှုမှာ လူရာဂဏန်း သေဆုံးခဲ့ရတဲ့အတွက် ကြိုတင်သတိပေးစနစ် တနည်းထက်မက ထားရှိဖို့ ဆော်သြလိုက်တာလည်း ဖြစ်ပါတယ်။ နန်းလောင်ဝ်က တင်ပြထားပါတယ်။

https://youtu.be/0EVV5f794Uo

#VOA
#mizzimatv
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍8🔥1
​​ပြည်ပတွင် ၁၅ နှစ်ကြာ တိမ်းရှောင်နေထိုင်ပြီးနောက် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် နိုင်ငံသို့ ပြန်လာ
====================

ထိုင်းနိုင်ငံ၏ ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝါထရာသည် ပြည်ပတွင် ၁၅ နှစ်ကြာ သွားရောက်တိမ်းရှောင်နေထိုင်ပြီးနောက် ယနေ့ ဩဂုတ် ၂၂ ရက်တွင် ထိုင်းနိုင်ငံသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။
နိုင်ငံတွင် ဝန်ကြီးချုပ်သစ်တဦးကို မဲခွဲဆုံးဖြတ်မည့် ပါလီမန် မဲခွဲမှု မတိုင်မီ နာရီများအလိုတွင် ဝန်ကြီးချုပ်ဟောင်း သက်ဆင် နိုင်ငံသို့ ပြန်ရောက်လာခြင်း ဖြစ်သည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍6🔥2❤1
​​ကျောက်ကြီး-ရွှေကျင်ကားလမ်းအား စစ်ကောင်စီတပ် ဖျက်ဆီး
=====================

YT
(မဇ္ဈိမ)။ ။ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ် ရှမ်းရွာမြောက်ပိုင်းမှ ကျောက်ကြီး-ရွှေကျင်ကားလမ်းအား စစ်ကောင်စီ တပ်က ဘက်ဟိုးဖြင့် လာရောက်ဖျက်ဆီးသွား၍ ဒေသခံများ လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြုံနေ ရကြောင်း သတင်းရရှိသည်။

ဩဂုတ်လ ၂၀ ရက်နေ့ ညနေ ၅ နာရီကျော်က ရွှေကျင်-ကျောက်ကြီးကားလမ်း၊ ရှမ်းရွာမြောက်ပိုင်း အထွက်မှလမ်းပိုင်းအား စစ်ကောင်စီတပ်သားနှင့်ရဲ အင်အား ၃၀ ဝန်းကျင်လာရောက်ပြီး ဘက်ဟိုးဖြင့် တူးဆွဖျက်ဆီးသွားခြင်းဖြစ်သည်။

“ဖျက်ခံရတာက ဒီမှာ အဓိကသုံးနေတဲ့ ရွှေကျင်-ကျောက်ကြီး လမ်းမကြီး၊ ရှမ်းရွာအထွက်နေရာမှာပေါ့။ ဖျက်ခံရပြီးချင်းပဲ မနေ့က ဟိုဘက်ရွာတွေကနေ ဈေးလာဝယ်တာ လမ်းဖျက်ဆီးခံထားရမှန်း မသိတဲ့လူ တွေ အရှိန်နဲ့မောင်းလာတာ လမ်းဖျက်ထားတဲ့နေရာရောက်တော့ ပြုတ်ကျပြီး ဆေးရုံရောက်ကုန်တယ်။

လောလောဆယ်တော့ ဖျက်ဆီးခံရတာ တလမ်းပဲရှိပါသေးတယ်။ လမ်းပန်းဆက်သွယ်ရေးက ဘယ်လိုမှ အဆင်မပြေတော့ဘူး” ဟု ရွှေကျင်မြို့နယ် ဒေသခံအမျိုးသမီးတဦးက မဇ္ဈိမကိုပြောသည်။
ဘက်ဟိုးဖြင့် ဖျက်ဆီးခံရသည့်လမ်းသည် ဒေသခံများ အဓိကအသုံးပြုနေသည့် ကားလမ်းမကြီးဖြစ်၍ စားနပ်ရိက္ခာသယ်ယူရေးနှင့် လမ်းပန်းဆက်သွယ်ရေး အခက်အခဲများစွာကြုံနေရကြောင်း ဒေသခံတဦး က ဆိုသည်။

ရွှေကျင်-ကျောက်ကြီးကားလမ်းအပြင် ဆိုင်ကယ်များသွားလာနိုင်သော တောလမ်းတခုရှိသော်လည်း အဆိုပါလမ်းပိုင်းတွင် စစ်ကောင်စီတပ်က အစစ်အဆေးများပြုလုပ်နေ၍ သွားလာရကြပ်တည်းကြောင်း သိရသည်။

“တချို့ကတော့ တောလမ်းကသွားတယ်လို့ ပြောတယ်၊ ဆိုင်ကယ်တော့ သွားလို့ရတယ်၊ ဒါပေမယ့် အဲဒီ နေရာတွေမှာ သူတို့(စစ်ကောင်စီတပ်)က လိုက်စစ်တယ်။ ကျွန်မတို့ဆီမှာတော့ ပယ်လမ်းလို့ခေါ်တာပေါ့၊ အဲ့ဒီပယ်လမ်းမှာ သူတို့က ရပ်စောင့်ပြီး ဖုန်းတွေစစ်တယ်၊ ဆိုင်ကယ်တွေစစ်တယ်” ဟု ဒေသခံ အမျိုး သမီးက ဆိုသည်။

လက်ရှိတွင် ရွှေကျင်မြို့နယ်၌ တပ်မဟာ(၃) ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ပူး ပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်အကြား တိုက်ပွဲဖြစ်ပွားမှုမရှိသော်လည်း စစ်ကောင်စီတပ်စခန်းများက နေ့စဉ် လက်နက်ကြီးများဖြင့် ကျေးရွာများအတွင်း ပစ်ခတ်လျက်ရှိကြောင်း သိရသည်။

“ဒီရက်ထဲမှာ တိုက်ပွဲဖြစ်တာတော့ မရှိသေးဘူး။ ဒါပေမယ့် နေ့တိုင်းတော့ လက်နက်ကြီးတွေနဲ့လှမ်းလှမ်း ထုနေတာပဲ။ သူတို့အထိုင်ချထားတဲ့ ရှမ်းရွာမှာ ကင်းစခန်းဂိတ်တခုရှိတယ်။ အဲ့ဒီဂိတ်ကနေပြီး ရွာတွေ ဘက်ကို လှမ်းထုတယ်။ ရွှေကျင်ထိပ်က တံတားကြီးမှာလည်း တပ်တွေ၊ ရဲတွေရှိတယ်။ အဲဒီကနေလည်း လက်နက်ကြီးတွေနဲ့ လှမ်းထုတယ်” ဟု ရွှေကျင်မြို့နယ်၊ ဒုံဇရစ်ကျေးရွာမှ ဒေသခံတဦးက မဇ္ဈိမကို ပြော သည်။

ပြီးခဲ့သည့် မေလအတွင်းကလည်း မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ ကျေးရွာချင်းဆက် လမ်းပိုင်း ခြောက် နေရာ၊ ဘီးလင်းမြို့နယ်ရှိ ကျေးရွာချင်းဆက်လမ်းပိုင်း တနေရာနှင့် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့နယ်နှင့် ကြာအင်းဆိပ်ကြီးမြို့နယ်ရှိလမ်းပိုင်းအချို့အား စစ်ကောင်စီတပ်က ဘက်ဟိုးဖြင့် တူးဆွ ဖျက်ဆီးခဲ့သေးသည်။

စစ်ကောင်စီက ဘက်ဟိုးဖြင့် တူးဆွဖျက်ဆီးသွားသည့် လမ်းပိုင်းများသည် ကရင်အမျိုးသားအစည်းအရုံး (KNU)၏ တပ်မဟာ(၁)နယ်မြေ၊ တပ်မဟာ(၆)နယ်မြေနှင့် တပ်မဟာ(၃)နယ်မြေများတွင် တည်ရှိသည်။

KNU နယ်မြေများသည် စစ်ကောင်စီတပ်၊ ၎င်း၏ လက်အောက်ခံ ကရင်နယ်ခြားစောင့်တပ် (BGF) များနှင့် နယ်မြေခံ KNLA ၊ PDF ပူးပေါင်းတပ်ဖွဲ့များအကြား ထိတွေ့တိုက်ပွဲများ မကြာခဏဖြစ်ပွားလျက်ရှိသော နယ်မြေများဖြစ်သည်။

KNU နယ်မြေများသို့ ဝင်ရောက်နိုင်သည့် လမ်းပိုင်းများတွင် စစ်ကောင်စီတပ်က ဂိတ်စခန်းများဖွင့်လှစ်၍ ဆန်၊ ဆီ စသည့် ရိက္ခာသယ်ယူခြင်း၊ ဆေးဝါးသယ်ယူခြင်း၊ ဓါတ်ဆီသယ်ယူခြင်းများအား ကန့်သတ် စစ် ဆေးမှုများ ပြုလုပ်လေ့ရှိသည်။

စာတည်း။ ။စောဖေ
#ပဲခူးတိုင်း
#ရွှေကျင်-ကျောက်ကြီးကားလမ်း
#လမ်းပန်းဆက်သွယ်ရေး

ပုံအညွှန်း- ဖျက်ဆီးခံလိုက်ရသည့် ရွှေကျင်မြို့နယ်၊ ရှမ်းရွာမြောက်ပိုင်း ကားလမ်းတစ်နေရာ (ဓါတ်ပုံ- ပေးပို့)

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤬7👍6❤2🔥1😁1
အာဏာသိမ်းကာလ နှစ်နှစ်ခွဲအတွင်း တိုက်ပွဲပေါင်း ၁၀,၀၀၀ ကျော် ဖြစ်ပွားခဲ့
=====================

အာဏာသိမ်းမှုအလွန် နှစ်နှစ်ခွဲကာလအတွင်း နိုင်ငံအနှံ့မှာ လက်နက်ကိုင်ပဋိပက္ခ တိုက်ပွဲပေါင်း ၁၀,၁၁၅ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့တယ်လို့ သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ ISP-Myanmar ကသြဂုတ်လ ၂၁ ရက်နေ့ကထုတ်ပြန်ထားပါတယ်။

၂၀၂၃ ခုနှစ်အတွင်း နိုင်ငံတဝန်းမှာ တိုက်ပွဲပေါင်း ၂,၃၀၅ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပြီး အဲ့ဒီအထဲက ၄၈ ရာခိုင်နှုန်းကျော်ဟာ EAOs၊ ဒေသခံကာကွယ်ရေးပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတို့အကြား ဖြစ်ပွားခဲ့တာဖြစ်တယ်လို့ ဆိုထားပါတယ်။

ဒါ့အပြင် အခုနှစ် ဖေဖော်ဝါရီလနောက်ပိုင်း စစ်ကောင်စီနဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေအကြား တိုက်ပွဲဖြစ်မှု ကျဆင်းခဲ့ရာကနေ ဇူလိုင်လထဲမှာ ပြန်လည်မြင့်တက်လာခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အာဏာသိမ်းနှစ်နှစ်ခွဲကျော်ကာလအတွင်း နိုင်ငံအနှံနီးပါး စစ်မျက်နှာဖွင့်ထားတဲ့ စစ်ကောင်စီတပ်ဟာ တော်လှန်ရေးအင်အားစုတွေကို စစ်ဆင်တိုက်ခိုက်ရာမှာ ပစ်မှတ်မခွဲခြားတဲ့ စစ်ဆင်ရေးတွေ ပြုလုပ်လာတယ်လို့ ISP-Myanmarကအစီရင်ခံစာ ထုတ်ပြန်ထားပါတယ်။

အစီရင်ခံစာအရ စစ်တပ်အနေနဲ့ စစ်အင်အား လျော့ပါးနေပြီလားဆိုတဲ့ သုံးသပ်ချက်တွေနဲ့အတူ တစ် ဖက်မှာ စစ်ရေးအရအသာစီးရနိုင်တဲ့ လေကြောင်းတိုက်ခိုက်မှု၊လက်နက်ကြီးနဲ့ အတွဲလိုက်ပစ် ဒုံးလက် နက်တွေ၊ ဗျူဟာမြောက် စစ်ဆင်ရေးတွေနဲ့ နိုင်ငံအနှံ့အပြားမှာ ရင်ဆိုင်ထားနိုင်ဆဲဖြစ်တယ်လို့ ဆိုပါတယ်။

ဒီအခြေအနေမှာ စစ်ကောင်စီတပ်ဟာ လက်နက်ကိုင်နဲ့ အရပ်သားပြည်သူ မခွဲခြားဘဲ စစ်ဆင်တိုက် ခိုက်မှုတွေကြောင့် လူနေကျေးရွာတွေနဲ့ မြို့တွေ ပျက်စီးဆုံးရှုံးတာတွေ ပိုများလာတာတွေ့ရပြီး အရပ် သားသေဆုံးမှု ကိန်းဂဏန်းတွေကလည်း တိုးလာနေတယ်လို့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။

ကလေးသူငယ်တွေအပါအဝင် အရပ်သားပြည်သူ ၁၀၀ ကျော်အထိ သေဆုံးခဲ့ရတဲ့ ပဇီကြီးကျေးရွာက စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှု ကျုးလွန်ခဲ့တဲ့ဖြစ်ရပ်ဟာ ကုလသမဂ္ဂအပါအဝင် ကမ္ဘာ့အင်အားကြီး နိုင်ငံအသီးသီးက ပြစ်တင်ရှုတ်ချခဲ့တဲ့အထိ ဆိုးရွားစွာ ဖြစ်ပွားခဲ့တာပါ။

ISP-Myanmar ရဲ့ အချက်အလက်တွေအရ အာဏာသိမ်း နှစ်နှစ်ကျော်ကာလအတွင်း အရပ်သားသေဆုံးမှု ၉,ဝဝဝ နီးပါးရှိလာတဲ့အပြင် နေအိမ်အပါအဝင် အဆောက် အအုံတွေ မီးရှို့ ဖျက်ဆီးခံရတာလည်း အရေအတွက်အနေနဲ့ရှစ်သောင်းကျော်လာပြီလို့ ဆိုပါတယ်။

စစ်တပ်နဲ့အဖွဲ့ပေါင်းစုံရှိတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDFs/LDFs) တွေကြားက တိုက်ပွဲတွေဟာ တဖြည်းဖြည်းနဲ့ ပိုများလာသလို ဒီနှစ်ထဲမှာ EAOs တွေနဲ့ PDFs တွေရဲ့ ပူးတွဲစစ်ဆင်ရေးတွေလည်း ပိုများလာတယ်လို့ISP-Myanmar က ထုတ်ပြန်ထားပါတယ်။

https://youtu.be/IWF8aWM1RmY

#PoliticalNews
#Mizzima
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍10😁2❤1
လမ်းမပေါ် ဆိုင်ခင်းခွင့် နယူးယောက်မြို့ အတည်ပြု | VOA On Mizzima
===================

ကပ်ရောဂါအလွန် အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့လမ်းတွေမှာ ဆိုင်ပြင်မှာထိုင်စားနိုင်တဲ့ ဆိုင်ခင်းနေရာတွေ ပိုများလာပါတယ်။ နွေဦးနဲ့ နွေရာသီ ဧပြီလကနေ နိုဝင်ဘာလအထိ ဒီလိုလမ်းမပေါ် ဆိုင်ခင်းဆောက်ခွင့်ပြုဖို့ ဥပဒေတရပ်ကို နယူးယောက်မြို့ ကောင်စီက မကြာသေးခင်ကပဲ အတည်ပြုလိုက်တာပါ။ ဆိုင်ပြင်လမ်းမပေါ် ဆိုင်ခင်းတာကို လက်ခံသူတွေရှိသလို၊ တချို့ကလည်း မနှစ်သက်ကြပါဘူး။ အေပီသတင်းကို အခြေခံပြီး မမြသဇင်အောင် တင်ဆက်ထားပါတယ်။

https://youtu.be/lfypifxhhmU

#VOA
#mizzimatv
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U
👍7🔥2❤1
သြဂုတ်လ (၂၂)ရက်၊ မွန်းလွဲ ၂ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
=======================

00:58 − အာဏာသိမ်းကာလ နှစ်နှစ်ခွဲအတွင်း တိုက်ပွဲပေါင်း တစ်သောင်းကျော် ဖြစ်ပွားတဲ့သတင်း

04:41 − နေပြည်တော်နဲ့ မကွေးတိုင်းအစပ်မှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုတို့ တိုက်ပွဲဖြစ်ပွားတဲ့သတင်း

04:52 − မြန်မာ့အရေး သက်ဆိုင်သူတွေ အားလုံးပါဝင်တဲ့ဆွေးနွေးပွဲပြုလုပ် အဖြေရှာဖို့ အင်ဒိုနီးရှားကြိုးပမ်းနေတဲ့သတင်းနဲ့

09:03 − ဝန်ကြီးချုပ်ဟောင်းသက်ဆင် ထိုင်းနိုင်ငံသို့ ပြန်လည်ရောက်ရှိလာတဲ့သတင်းအပါအဝင် တခြား အရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်း တွေကို တင်ဆက်ပေးသွားမှာပါ။

https://youtu.be/ZnKRBbZV6jo

#2pmnews
#Mizzimanewshour
#mizzimatv
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.https://bit.ly/2VhJ12U
👍5🍌4
​​ကျယ်လောင်တဲ့အသံမှ ရောဂါအသွင်သို့ (ဆောင်းပါး)
===================

Sun Thukha
"တနေ့လူတွေက ကာလဝမ်းရောဂါနှင့် ကူးစက်ရောဂါတွေကို တိုက်ထုတ်သလို ဆူညံသံကိုလည်း ပြင်းထန်စွာ တိုက်ထုတ်ရလိမ့်မယ်" နိုဘယ်ဆုရှင် Robert Koch, 1910 ဆူညံသံညစ်ညမ်းခြင်းကို ၁၉၇၀ ခုနှစ် ဖွံ့ဖြိုးပြီးနိုင်ငံတွေရဲ့ပတ်ဝန်းကျင်ကနေ စတင်တွေ့ရှိလာကြပြီး နောက် ပိုင်းမှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးကပြဿနာအဖြစ် ပထမဆုံးလေ့လာမှုတွေလုပ်ခဲ့ပါတယ်။ ဆူညံခြင်းဆိုတဲ့ စကားလုံးက လက်တင်ဘာသာစကား 'Nausea' ကနေ ဆင်းသက်လာပြီးအော့အန်လိုတဲ့အထိ စိတ်ထဲမှာခံစားရတဲ့ ဖျားနာမှုလို့ အဓိပ္ပါယ်ရပါတယ် (Rinkesh, n.d.)။ ဆူညံသံညစ်ညမ်းမှုဆိုတာ လူနဲ့သက်ရှိတွေရဲ့ကျန်းမာရေးကိုထိ ခိုက် စေတဲ့ မလိုလားအပ်တဲ့ အနှောက်အယှက်ဖြစ်စေတဲ့အသံလို့ ဖော်ပြကြပါတယ် (Society, Resource, 2023)။

အသံညစ်ညမ်းမှုတွေ ဘယ်ကလာတာလဲ။ အသံညစ်ညမ်းမှုတွေက လူတွေရဲ့လုပ်ရှားဆောင်ရွက်မှုရှိတဲ့ နေရာတိုင်း ကနေ ထွက်ပေါ်လာခြင်းဖြစ်ပြီးတော့ ယာဉ်အမျိုးမျိုး၊ စက်မှုလုပ်ငန်းသုံးစက်၊ အသံချဲ့စက်၊ ရုပ်မြင်သံကြား၊ ထရန် စစ္စတာ၊ ရေဒီယို၊ သယ်ယူပို့ဆောင်ရေး၊ ရပ်ကွက်၊ ပွဲလမ်းသဘင်တွေ သတ္တုတူးဖော်ရေး၊ ကုန်ထုတ်လုပ်ငန်း၊ သစ်တောလုပ်ငန်း၊ စက်မှုလုပ်ငန်းစဉ်များ၊ ကူးသန်းရောင်းဝယ်ရေး၊ လူနေအိမ်ရာဆောက်လုပ်ရေး ပရောဂျက်တွေ၊ ရေနံနဲ့ သဘာဝဓာတ်ငွေ့၊ လေ၊ ရေအားလျှပ်စစ်၊ ဂီတဖျော်ဖြေပွဲများနဲ့ အားကစားပွဲတွေကနေ အပန်းဖြေလှုပ် ရှားမှုများ၊ မြက်ခင်းပြင်ထိန်းသိမ်းမှု၊ ခွေးဟောင်သံ၊ ပြုပြင်မွမ်းမံမှုများ၊ အိမ်တွင်းပါတီများ၊ လေအေးပေးစက်တွေ အဆုံးထွက်ပေါ်လာလေ့ရှိပါတယ်။ နေ့စဉ်ဘဝမှာ အထင်ရှားဆုံးဆူညံသံညစ်ညမ်းမှုကတော့ သယ်ယူပို့ဆောင်ရေး၊ စက်မှုလုပ်ငန်းနဲ့ ဆောက် လုပ်ရေးတို့ကနေ လာပါတယ် (Mallinen, 2023)။ မြက်ရိတ်စက်အသံ၊ မြေအောက် ရထားအသံနဲ့ကျယ်လောင်တဲ့ရော့ခ်ဂီတဖျော်ဖြေပွဲတွေက 90 decibels နဲ့အထက်ရှိပါတယ် (Society, Noise Pollution, 2023)။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကလည်း လူတွေရဲ့နေ့စဉ်ဘဝမှာ ဆူညံသံတွေ တိုးပွားလာတာကြောင့် လူတွေရဲ့ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ ကျန်းမာရေးဆိုင်ရာဆိုးကျိုးတွေ ဖြစ်ပေါ်လာ ကြောင်း ဖော်ပြထားပါတယ်။ လူတိုင်းသိနားလည်ထားရမယ့် လူသား၊ တောရိုင်းတိရစ္ဆာန်တွေနဲ့အပင်တွေအပေါ် အသံညစ်ညမ်းမှုရဲ့တနေ့တနေ့ဝါးမျိုခံရမှုကလည်း လွန်စွာစိတ်ဝင်စားဖို့ကောင်းပါတယ်။

၁။ အသံညစ်ညမ်းမှုက လူသားတွေရဲ့စိတ်၊ အာရုံကြော၊ နှလုံးနဲ့သွေးတိုးရောဂါဆိုင်ရာ ကျန်းမာရေးတွေကို တဖြည်းဖြည်းထိခိုက်စေနိုင်ပါတယ်။ ခေတ်သစ်တွေ့ရှိချက်တွေအရ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးပြဿ နာတွေနဲ့ နှလုံးရောဂါ၊ သွေးတိုးရောဂါ၊ အမူအကျင့်ပြောင်းလဲမှု၊ အလိုလိုဒေါသထွက်တတ်ခြင်း၊ သွေးခဲ ခြင်း၊ အလိုလိုမောပန်း နွမ်းနယ်ခြင်း၊ နှလုံးခုန်နှုန်းမြန်ခြင်း၊ အာရုံကြောဆိုင်ရာပြဿနာတွေကိုပါ ထိခိုက် စေတဲ့အထိ ဆိုးကျိုးကြုံရနိုင်ပါတယ် (ဟယ်လ်သင်, 2018)။ နိုင်ငံတကာဖြစ်ရပ်တွေကို လေ့လာတဲ့အခါမှာ လည်း India၊ ဥရောပနဲ့ အမေရိကန်နိုင်ငံတွေမှာ ဆူညံသံကြောင့်ဆိုးရွားတဲ့ ကျန်းမာရေးကျ ဆင်းမှုတွေရှိ နေကြောင်းသိရပါတယ်။

Lennell ရဲ့ ၂၀၁၇ Loudest City in India မှာဖော်ပြမှုအရ နယူး ဒေလီမှာရှိတဲ့ လူတွေကအသက် ၅၀ နဲ့ ၆၀ နှစ် အစောပိုင်းတွေမှာ အကြားအာရုံဆုံးရှုံးနိုင်ခြေ ပိုများကြောင်း ကိုလေ့လာ တွေ့ရှိခဲ့ပါတယ်။ EEA က ထုတ်ပြန်ပြီး ဥရောပမှာရှိတဲ့ သန်းပေါင်းများစွာသောလူတွေရဲ့ကျန်းမာရေးနဲ့ ကျန်းမာရေးကိုထိခိုက်စေတဲ့ ပတ်ဝန်းကျင်ဆူညံမှု အစီရင်ခံစာအရ တနှစ်အတွင်းမှာ နှလုံးသွေးကြော ကျဉ်းရောဂါအသစ် ၄၈,၀၀၀ ၊ အရွယ်မတိုင်ခင်သေဆုံးမှု ၁၂,၀၀၀ ၊ နာတာရှည်စိတ်အနှောင့်အယှက်တွေ ကြုံနေရတဲ့ လူပေါင်း ၂၂ သန်း၊ အိပ်ရေးပျက်ခြင်းဝေဒနာကိုခံစားရတဲ့ လူပေါင်း ၆ ဒသမ ၅ သန်းနဲ့ လေယာဉ်အသံ ကြောင့် စာဖတ်အားနည်းတဲ့ ကလေး ၁၂,၅၀၀ ရှိကြောင်းဖော်ပြပါတယ် (Peris, 2021)။ အမေရိကန်နိုင်ငံ က သန်း ၃၀ လောက်က ၂၀၀၁ နဲ့ ၂၀၀၈ ခုနှစ်ကြားမှာပဲ ၁၂ နှစ်အထက်အရွယ်တွေမှာ နားနှစ်ဖက်စလုံး မှာ အကြားအာရုံဆုံးရှုံးမှုတွေရှိခဲ့ပြီး လက်ရှိမှာလည်းအဆမတန် အကြားအာရုံဆုံးရှုံးမှု များတိုးပွားနေသလို ယင်းကဲ့သို့အကြားအာရုံဆုံးရှုံးမှုနဲ့ ပတ်သက်ပြီး အမေရိကန်ပြည်ထောင်စုက တတိယအဖြစ်အများဆုံးဖြစ် ကြောင်း သိရပါတယ် (Health, 2018)။ ဒါကြောင့် လူသားတွေကမိမိတို့နားရဲ့ခံနိုင် ရည်စွမ်းအားကိုနား လည်ထားဖို့လိုအပ်ပါတယ်။ လူ့ရဲ့နားတွေကပုံမှန်အနေနဲ့ ဆူညံသံကို 85 decibels အထိသာခံနိုင်ရည်ရှိ ကြပြီး ဒီထက်ပိုကြာလာတဲ့အခါ အကြားအာရုံဆုံးရှုံးနိုင်ခြေရှိကြောင်းဖော်ပြထားပြီး 65 decibels အထက် ညစ်ညမ်းအသံတွေကလည်း သွေးပေါင်ချိန်တိုးခြင်း၊ နှလုံးခုန်နှုန်းနဲ့သွေးအတွင်း စိတ်ဖိစီးမှုဟော်မုန်းတွေ တိုးလာနိုင်ကြောင်းဖော်ပြပါတယ် (Lee, Anderson, Orwig, 2018)။
👍3🔥3
Media is too big
VIEW IN TELEGRAM
NCA ရဲ့ အနှစ်သာရကို ကိုင်ဆွဲထားဆဲဖြစ်ကြောင်း RCSS ပြော

Watch more detail - https://youtu.be/lNAaEZvxezY

#PoliticalNews
#reels
#shorts
#MizzimaTV
👏3🤮3👍1💩1🖕1
​​ကမ္ဘောဒီးယားလွှတ်တော်က ဟွန်ဆန်၏ သားအား ဝန်ကြီးချုပ်အဖြစ် တင်မြှောက်
====================

ကမ္ဘောဒီးယားနိုင်ငံတွင် ပြီးခဲ့သည့်လက တဖက်စောင်းနင်း ရွေးကောက်ပွဲအပြီး အာဏာကို လက်လွှဲပေးအပ်ခြင်းအဖြစ် လွှတ်တော်သည် ကာလရှည် အုပ်ချုပ်ခဲ့သူ ဟွန်ဆန်၏ သားအကြီးဆုံးအား နိုင်ငံ၏ ဝန်ကြီးချုပ်သစ်အဖြစ် ဩဂုတ် ၂၂ ရက်တွင် ရွေးကောက်တင်မြှောက်သည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍6🤬3🤣2
​​မန္တလေးမှ တိုင်းရသုံးမှန်းခြေငွေစာရင်းဦးစီးဌာနရုံးကို NMD ဗုံးပစ်တိုက်ခိုက်
====================

007
(မဇ္ဈိမ) ။ ။ မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်၊ မြို့သစ်(၁)ရပ်ကွက်၊ ၆၈ လမ်းနှင့်သိပ္ပံလမ်းအနီးရှိ စစ်ကောင်စီလက်အောက်ခံ ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာနရုံးကို ယမန်နေ့ ဩဂုတ်လ ၂၁ ရက် နံနက် ၁၀ နာရီခန့်က လက်ပစ်ဗုံးဖြင့်သွားရောက်တိုက်ခိုက်ခဲ့ကြောင်း No More Dictatorship People Defence Force-NMD အဖွဲ့က သတင်းထုတ်ပြန်သည်။

“စကစ(စစ်ကောင်စီ)ရဲ့ဘဏ္ဍာရေးယန္တရားလည်ပတ်စေဖို့ အဓိကအလုပ်လုပ်ပေးနေတဲ့ ရုံးဖြစ်လို့ ပစ်မှတ် ထား တိုက်ခိုက်ခဲ့တာဖြစ်တယ်၊ တိုက်ခိုက်ချိန် ရုံးထဲမှာ ဝန်ထမ်းတွေရှိနေတယ်၊ ကားတစီးပျက်စီးပြီး အထိအခိုက်ရှိနိုင်တယ်” ဟု NMD အဖွဲ့ တာဝန်ရှိသူတဦးက ပြောသည်။

လက်ပစ်ဗုံးသည် ရုံးအဆောက်အအုံ၏ မှန်ပြတင်းအားထိမှန်ပြီး အဆောက်အအုံနှင့် ဘေးတွင်ရပ်ထား သော အနက်ရောင် Kluger ကားကြား ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ပေါက်ကွဲမှုဖြစ်ပြီးနောက် စစ်ကောင်စီတပ် ဖွဲ့နှင့် လူမှုရေးအသင်းကားနှစ်စီးရောက်လာကာ ရုံးအနီးဝန်းကျင်နှင့် ရပ်ကွက်အတွင်း ရှာဖွေစစ်ဆေးမှု များပြုလုပ်ခဲ့ကြောင်း ဒေသခံများကပြောသည်။

“ဆေးရုံကား အဝင်အထွက်ရှိတယ်ဆိုတော့ လူထိခိုက်မှုရှိတာ သေချာတယ်။ အဲဒီရုံးက အပြင်လူ အဝင် အထွက်သိပ်မလုပ်ရတဲ့ရုံးဆိုတော့ ဝန်ထမ်းတွေပဲရှိတာများတယ်” ဟု အမည်မဖော်လိုသူ ဒေသခံတဦးက ပြောသည်။

မန္တလေးမြို့တွင် ဩဂုတ်လ ၁ ရက်နေ့မှ ၂၁ ရက်နေ့အထိ စစ်ကောင်စီ၏နေရာ ခုနစ်ခုထက်မနည်း တိုက် ခိုက်ခံထားရပြီး NMD တဖွဲ့တည်းက ခု‌နစ်နေရာတိုက်ခိုက်ထားကြောင်း သိရသည်။

စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ

#မန္တလေးတိုင်း
#ချမ်းမြသာစည်မြို့နယ်
#ဗုံးပေါက်ကွဲမှု
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🥴6👍4👏2
Media is too big
VIEW IN TELEGRAM
အာဏာသိမ်းကာလ နှစ်နှစ်ခွဲအတွင်း တိုက်ပွဲပေါင်း ၁၀,၀၀၀ ကျော် ဖြစ်ပွားခဲ့

Watch more detail - https://youtu.be/IWF8aWM1RmY

#PoliticalNews
#reels
#shorts
#MizzimaTV
👍4🔥3