Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
သြဂုတ်လ (၂၂)ရက်၊ မွန်းလွဲ ၂ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
=======================

00:58 − အာဏာသိမ်းကာလ နှစ်နှစ်ခွဲအတွင်း တိုက်ပွဲပေါင်း တစ်သောင်းကျော် ဖြစ်ပွားတဲ့သတင်း

04:41 − နေပြည်တော်နဲ့ မကွေးတိုင်းအစပ်မှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုတို့ တိုက်ပွဲဖြစ်ပွားတဲ့သတင်း

04:52 − မြန်မာ့အရေး သက်ဆိုင်သူတွေ အားလုံးပါဝင်တဲ့ဆွေးနွေးပွဲပြုလုပ် အဖြေရှာဖို့ အင်ဒိုနီးရှားကြိုးပမ်းနေတဲ့သတင်းနဲ့

09:03 − ဝန်ကြီးချုပ်ဟောင်းသက်ဆင် ထိုင်းနိုင်ငံသို့ ပြန်လည်ရောက်ရှိလာတဲ့သတင်းအပါအဝင် တခြား အရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်း တွေကို တင်ဆက်ပေးသွားမှာပါ။

https://youtu.be/ZnKRBbZV6jo

#2pmnews
#Mizzimanewshour
#mizzimatv
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.https://bit.ly/2VhJ12U
👍5🍌4
​​ကျယ်လောင်တဲ့အသံမှ ရောဂါအသွင်သို့ (ဆောင်းပါး)
===================

Sun Thukha
"တနေ့လူတွေက ကာလဝမ်းရောဂါနှင့် ကူးစက်ရောဂါတွေကို တိုက်ထုတ်သလို ဆူညံသံကိုလည်း ပြင်းထန်စွာ တိုက်ထုတ်ရလိမ့်မယ်" နိုဘယ်ဆုရှင် Robert Koch, 1910 ဆူညံသံညစ်ညမ်းခြင်းကို ၁၉၇၀ ခုနှစ် ဖွံ့ဖြိုးပြီးနိုင်ငံတွေရဲ့ပတ်ဝန်းကျင်ကနေ စတင်တွေ့ရှိလာကြပြီး နောက် ပိုင်းမှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးကပြဿနာအဖြစ် ပထမဆုံးလေ့လာမှုတွေလုပ်ခဲ့ပါတယ်။ ဆူညံခြင်းဆိုတဲ့ စကားလုံးက လက်တင်ဘာသာစကား 'Nausea' ကနေ ဆင်းသက်လာပြီးအော့အန်လိုတဲ့အထိ စိတ်ထဲမှာခံစားရတဲ့ ဖျားနာမှုလို့ အဓိပ္ပါယ်ရပါတယ် (Rinkesh, n.d.)။ ဆူညံသံညစ်ညမ်းမှုဆိုတာ လူနဲ့သက်ရှိတွေရဲ့ကျန်းမာရေးကိုထိ ခိုက် စေတဲ့ မလိုလားအပ်တဲ့ အနှောက်အယှက်ဖြစ်စေတဲ့အသံလို့ ဖော်ပြကြပါတယ် (Society, Resource, 2023)။

အသံညစ်ညမ်းမှုတွေ ဘယ်ကလာတာလဲ။ အသံညစ်ညမ်းမှုတွေက လူတွေရဲ့လုပ်ရှားဆောင်ရွက်မှုရှိတဲ့ နေရာတိုင်း ကနေ ထွက်ပေါ်လာခြင်းဖြစ်ပြီးတော့ ယာဉ်အမျိုးမျိုး၊ စက်မှုလုပ်ငန်းသုံးစက်၊ အသံချဲ့စက်၊ ရုပ်မြင်သံကြား၊ ထရန် စစ္စတာ၊ ရေဒီယို၊ သယ်ယူပို့ဆောင်ရေး၊ ရပ်ကွက်၊ ပွဲလမ်းသဘင်တွေ သတ္တုတူးဖော်ရေး၊ ကုန်ထုတ်လုပ်ငန်း၊ သစ်တောလုပ်ငန်း၊ စက်မှုလုပ်ငန်းစဉ်များ၊ ကူးသန်းရောင်းဝယ်ရေး၊ လူနေအိမ်ရာဆောက်လုပ်ရေး ပရောဂျက်တွေ၊ ရေနံနဲ့ သဘာဝဓာတ်ငွေ့၊ လေ၊ ရေအားလျှပ်စစ်၊ ဂီတဖျော်ဖြေပွဲများနဲ့ အားကစားပွဲတွေကနေ အပန်းဖြေလှုပ် ရှားမှုများ၊ မြက်ခင်းပြင်ထိန်းသိမ်းမှု၊ ခွေးဟောင်သံ၊ ပြုပြင်မွမ်းမံမှုများ၊ အိမ်တွင်းပါတီများ၊ လေအေးပေးစက်တွေ အဆုံးထွက်ပေါ်လာလေ့ရှိပါတယ်။ နေ့စဉ်ဘဝမှာ အထင်ရှားဆုံးဆူညံသံညစ်ညမ်းမှုကတော့ သယ်ယူပို့ဆောင်ရေး၊ စက်မှုလုပ်ငန်းနဲ့ ဆောက် လုပ်ရေးတို့ကနေ လာပါတယ် (Mallinen, 2023)။ မြက်ရိတ်စက်အသံ၊ မြေအောက် ရထားအသံနဲ့ကျယ်လောင်တဲ့ရော့ခ်ဂီတဖျော်ဖြေပွဲတွေက 90 decibels နဲ့အထက်ရှိပါတယ် (Society, Noise Pollution, 2023)။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကလည်း လူတွေရဲ့နေ့စဉ်ဘဝမှာ ဆူညံသံတွေ တိုးပွားလာတာကြောင့် လူတွေရဲ့ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ ကျန်းမာရေးဆိုင်ရာဆိုးကျိုးတွေ ဖြစ်ပေါ်လာ ကြောင်း ဖော်ပြထားပါတယ်။ လူတိုင်းသိနားလည်ထားရမယ့် လူသား၊ တောရိုင်းတိရစ္ဆာန်တွေနဲ့အပင်တွေအပေါ် အသံညစ်ညမ်းမှုရဲ့တနေ့တနေ့ဝါးမျိုခံရမှုကလည်း လွန်စွာစိတ်ဝင်စားဖို့ကောင်းပါတယ်။

၁။ အသံညစ်ညမ်းမှုက လူသားတွေရဲ့စိတ်၊ အာရုံကြော၊ နှလုံးနဲ့သွေးတိုးရောဂါဆိုင်ရာ ကျန်းမာရေးတွေကို တဖြည်းဖြည်းထိခိုက်စေနိုင်ပါတယ်။ ခေတ်သစ်တွေ့ရှိချက်တွေအရ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးပြဿ နာတွေနဲ့ နှလုံးရောဂါ၊ သွေးတိုးရောဂါ၊ အမူအကျင့်ပြောင်းလဲမှု၊ အလိုလိုဒေါသထွက်တတ်ခြင်း၊ သွေးခဲ ခြင်း၊ အလိုလိုမောပန်း နွမ်းနယ်ခြင်း၊ နှလုံးခုန်နှုန်းမြန်ခြင်း၊ အာရုံကြောဆိုင်ရာပြဿနာတွေကိုပါ ထိခိုက် စေတဲ့အထိ ဆိုးကျိုးကြုံရနိုင်ပါတယ် (ဟယ်လ်သင်, 2018)။ နိုင်ငံတကာဖြစ်ရပ်တွေကို လေ့လာတဲ့အခါမှာ လည်း India၊ ဥရောပနဲ့ အမေရိကန်နိုင်ငံတွေမှာ ဆူညံသံကြောင့်ဆိုးရွားတဲ့ ကျန်းမာရေးကျ ဆင်းမှုတွေရှိ နေကြောင်းသိရပါတယ်။

Lennell ရဲ့ ၂၀၁၇ Loudest City in India မှာဖော်ပြမှုအရ နယူး ဒေလီမှာရှိတဲ့ လူတွေကအသက် ၅၀ နဲ့ ၆၀ နှစ် အစောပိုင်းတွေမှာ အကြားအာရုံဆုံးရှုံးနိုင်ခြေ ပိုများကြောင်း ကိုလေ့လာ တွေ့ရှိခဲ့ပါတယ်။ EEA က ထုတ်ပြန်ပြီး ဥရောပမှာရှိတဲ့ သန်းပေါင်းများစွာသောလူတွေရဲ့ကျန်းမာရေးနဲ့ ကျန်းမာရေးကိုထိခိုက်စေတဲ့ ပတ်ဝန်းကျင်ဆူညံမှု အစီရင်ခံစာအရ တနှစ်အတွင်းမှာ နှလုံးသွေးကြော ကျဉ်းရောဂါအသစ် ၄၈,၀၀၀ ၊ အရွယ်မတိုင်ခင်သေဆုံးမှု ၁၂,၀၀၀ ၊ နာတာရှည်စိတ်အနှောင့်အယှက်တွေ ကြုံနေရတဲ့ လူပေါင်း ၂၂ သန်း၊ အိပ်ရေးပျက်ခြင်းဝေဒနာကိုခံစားရတဲ့ လူပေါင်း ၆ ဒသမ ၅ သန်းနဲ့ လေယာဉ်အသံ ကြောင့် စာဖတ်အားနည်းတဲ့ ကလေး ၁၂,၅၀၀ ရှိကြောင်းဖော်ပြပါတယ် (Peris, 2021)။ အမေရိကန်နိုင်ငံ က သန်း ၃၀ လောက်က ၂၀၀၁ နဲ့ ၂၀၀၈ ခုနှစ်ကြားမှာပဲ ၁၂ နှစ်အထက်အရွယ်တွေမှာ နားနှစ်ဖက်စလုံး မှာ အကြားအာရုံဆုံးရှုံးမှုတွေရှိခဲ့ပြီး လက်ရှိမှာလည်းအဆမတန် အကြားအာရုံဆုံးရှုံးမှု များတိုးပွားနေသလို ယင်းကဲ့သို့အကြားအာရုံဆုံးရှုံးမှုနဲ့ ပတ်သက်ပြီး အမေရိကန်ပြည်ထောင်စုက တတိယအဖြစ်အများဆုံးဖြစ် ကြောင်း သိရပါတယ် (Health, 2018)။ ဒါကြောင့် လူသားတွေကမိမိတို့နားရဲ့ခံနိုင် ရည်စွမ်းအားကိုနား လည်ထားဖို့လိုအပ်ပါတယ်။ လူ့ရဲ့နားတွေကပုံမှန်အနေနဲ့ ဆူညံသံကို 85 decibels အထိသာခံနိုင်ရည်ရှိ ကြပြီး ဒီထက်ပိုကြာလာတဲ့အခါ အကြားအာရုံဆုံးရှုံးနိုင်ခြေရှိကြောင်းဖော်ပြထားပြီး 65 decibels အထက် ညစ်ညမ်းအသံတွေကလည်း သွေးပေါင်ချိန်တိုးခြင်း၊ နှလုံးခုန်နှုန်းနဲ့သွေးအတွင်း စိတ်ဖိစီးမှုဟော်မုန်းတွေ တိုးလာနိုင်ကြောင်းဖော်ပြပါတယ် (Lee, Anderson, Orwig, 2018)။
👍3🔥3
Media is too big
VIEW IN TELEGRAM
NCA ရဲ့ အနှစ်သာရကို ကိုင်ဆွဲထားဆဲဖြစ်ကြောင်း RCSS ပြော

Watch more detail - https://youtu.be/lNAaEZvxezY

#PoliticalNews
#reels
#shorts
#MizzimaTV
👏3🤮3👍1💩1🖕1
​​ကမ္ဘောဒီးယားလွှတ်တော်က ဟွန်ဆန်၏ သားအား ဝန်ကြီးချုပ်အဖြစ် တင်မြှောက်
====================

ကမ္ဘောဒီးယားနိုင်ငံတွင် ပြီးခဲ့သည့်လက တဖက်စောင်းနင်း ရွေးကောက်ပွဲအပြီး အာဏာကို လက်လွှဲပေးအပ်ခြင်းအဖြစ် လွှတ်တော်သည် ကာလရှည် အုပ်ချုပ်ခဲ့သူ ဟွန်ဆန်၏ သားအကြီးဆုံးအား နိုင်ငံ၏ ဝန်ကြီးချုပ်သစ်အဖြစ် ဩဂုတ် ၂၂ ရက်တွင် ရွေးကောက်တင်မြှောက်သည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍6🤬3🤣2
​​မန္တလေးမှ တိုင်းရသုံးမှန်းခြေငွေစာရင်းဦးစီးဌာနရုံးကို NMD ဗုံးပစ်တိုက်ခိုက်
====================

007
(မဇ္ဈိမ) ။ ။ မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်၊ မြို့သစ်(၁)ရပ်ကွက်၊ ၆၈ လမ်းနှင့်သိပ္ပံလမ်းအနီးရှိ စစ်ကောင်စီလက်အောက်ခံ ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာနရုံးကို ယမန်နေ့ ဩဂုတ်လ ၂၁ ရက် နံနက် ၁၀ နာရီခန့်က လက်ပစ်ဗုံးဖြင့်သွားရောက်တိုက်ခိုက်ခဲ့ကြောင်း No More Dictatorship People Defence Force-NMD အဖွဲ့က သတင်းထုတ်ပြန်သည်။

“စကစ(စစ်ကောင်စီ)ရဲ့ဘဏ္ဍာရေးယန္တရားလည်ပတ်စေဖို့ အဓိကအလုပ်လုပ်ပေးနေတဲ့ ရုံးဖြစ်လို့ ပစ်မှတ် ထား တိုက်ခိုက်ခဲ့တာဖြစ်တယ်၊ တိုက်ခိုက်ချိန် ရုံးထဲမှာ ဝန်ထမ်းတွေရှိနေတယ်၊ ကားတစီးပျက်စီးပြီး အထိအခိုက်ရှိနိုင်တယ်” ဟု NMD အဖွဲ့ တာဝန်ရှိသူတဦးက ပြောသည်။

လက်ပစ်ဗုံးသည် ရုံးအဆောက်အအုံ၏ မှန်ပြတင်းအားထိမှန်ပြီး အဆောက်အအုံနှင့် ဘေးတွင်ရပ်ထား သော အနက်ရောင် Kluger ကားကြား ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ပေါက်ကွဲမှုဖြစ်ပြီးနောက် စစ်ကောင်စီတပ် ဖွဲ့နှင့် လူမှုရေးအသင်းကားနှစ်စီးရောက်လာကာ ရုံးအနီးဝန်းကျင်နှင့် ရပ်ကွက်အတွင်း ရှာဖွေစစ်ဆေးမှု များပြုလုပ်ခဲ့ကြောင်း ဒေသခံများကပြောသည်။

“ဆေးရုံကား အဝင်အထွက်ရှိတယ်ဆိုတော့ လူထိခိုက်မှုရှိတာ သေချာတယ်။ အဲဒီရုံးက အပြင်လူ အဝင် အထွက်သိပ်မလုပ်ရတဲ့ရုံးဆိုတော့ ဝန်ထမ်းတွေပဲရှိတာများတယ်” ဟု အမည်မဖော်လိုသူ ဒေသခံတဦးက ပြောသည်။

မန္တလေးမြို့တွင် ဩဂုတ်လ ၁ ရက်နေ့မှ ၂၁ ရက်နေ့အထိ စစ်ကောင်စီ၏နေရာ ခုနစ်ခုထက်မနည်း တိုက် ခိုက်ခံထားရပြီး NMD တဖွဲ့တည်းက ခု‌နစ်နေရာတိုက်ခိုက်ထားကြောင်း သိရသည်။

စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ

#မန္တလေးတိုင်း
#ချမ်းမြသာစည်မြို့နယ်
#ဗုံးပေါက်ကွဲမှု
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🥴6👍4👏2
Media is too big
VIEW IN TELEGRAM
အာဏာသိမ်းကာလ နှစ်နှစ်ခွဲအတွင်း တိုက်ပွဲပေါင်း ၁၀,၀၀၀ ကျော် ဖြစ်ပွားခဲ့

Watch more detail - https://youtu.be/IWF8aWM1RmY

#PoliticalNews
#reels
#shorts
#MizzimaTV
👍4🔥3
​​ဘရာဇီး ရိုးရာပြိုင်ပွဲဖြစ်သည့် soapbox ပြိုင်ပွဲ ကျင်းပ
===================

ဘရာဇီးနိုင်ငံတွင် အစဉ်အလာ ရိုးရာဖြစ်သည့် မော်တာမဲ့ ယာဉ်ငယ်လေးများ soapbox ကို ကုန်းဆင်းဆင်ခြေလျှောအတိုင်း စီးနင်းပြီး ယှဉ်ပြိုင်ကြသည့် ရိုးရာပြိုင်ပွဲတစ်ရပ် ရှိသည်။ 

ဗီရာဒါယဉ်ကျေးမှုပွဲတော်အတွင်း ဘီလိုဟော်ရီဇွန်တေးအရပ်၌ soapbox ချစ်သူများသည် အဆိုပါ ပြိုင်ပွဲ၌ တစ်ဦးနှင့် တစ်ဦး ယှဉ်ပြိုင်ကြသည်။ 

အဆိုပါ soapbox မှာ ဘီးလေးဘီးတပ်ထားသည့် ထိုင်စရာတန်းပေါ်တွင် လိုက်ပါပြီး ဆင်ခြေလျှောအတိုင်း ကုန်းဆင်းကာ စီးနင်းရခြင်း ဖြစ်သည်။ အချို့မှာ soapbox များကို ကားပုံစံငယ်လေးများ ပြုလုပ်ထားခြင်းများလည်း ရှိသည်။ တစ်ယောက်စီး ရှိသကဲ့သို့ လေးငါးဦး အတန်းလိုက် စီးခြင်းများလည်း ရှိသည်။ 

ယခု ဗီရာဒါ ပွဲတော်ကို အနုပညာပြသမှုများနှင့် ယဉ်ကျေးမှုအခမ်းအနားများဖြင့် ကျင်းပခြင်း ဖြစ်သော်လည်း အဓိက ဆွဲဆောင်မှုမှာ soapbox ပြိုင်ပွဲပဲ ဖြစ်သည်။ အဆိုပါ soapbox လှည်းလေးများကို သစ်သားဖြင့် ပြုလုပ်ပြီး ဘီးများ တပ်ဆင်ထားခြင်း ဖြစ်သည်။ အချို့သော soapbox များသည် တစ်နာရီ ကီလိုမီတာ ၅၀ ကျော်အထိ ရောက်ရှိသည်။ 

“လွတ်လပ်တဲ့ ခံစားချက်ဟာ အိပ်မက်ဆန်ဆန်ပဲ၊ ဒါကို ခံစားချင်တယ်ဆို soapbox သာ စီးကြည့်ပါ”ဟု စီးနင်းသူတစ်ဦးဖြစ်သည့် မယ်လ်လမ်းက ပြောသည်။ 

“ဒီကနေ့ ဗီရာဒါယဉ်ကျေးမှုပွဲတော်မှာ လူတွေ ကျားမမရွေး၊ ကလေးလူကြီးအားလုံး အရွယ်စုံဟာ ဆင်ခြေလျှောအတိုင်း soapbox စီးနေတာ မြင်ရလိမ့်မယ်”ဟု ၎င်းက ဆိုသည်။ 

“ကျွန်တော်လည်း soapbox ယာဉ်တန်းငယ်မှာ ယောက်ကျားလေးအချို့နဲ့အတူ ဆင်ခြေလျှောအတိုင်း စီးနင်းခဲ့တာ ဖြစ်တယ်”ဟု မယ်လ်လမ်းက ပြောသည်။ 

“soapbox ပြိုင်ပွဲဟာ အတိတ်ကတည်းက ရှိနေတာပါ၊ အတိတ်ကို သတိရစေတယ်၊ တကယ်ပဲ နှစ်သက်စရာ ကောင်းပါတယ်၊ အခု ဒီကို ကျွန်တော် ဒုတိယအကြိမ် ရောက်လာတာပါ၊ ပိုပြီး ကောင်းလာတယ်လို့ ထင်တယ်”ဟု အချက်အလက် သိပ္ပံပညာရှင် ဂျိုစေးဩဂတ်စတိုက ပြောခဲ့သည်။
👍3🔥1
ကရင်လက်ချည်ပွဲကို ထိုင်းနိုင်ငံမှာ ကျင်းပ | VOA On Mizzima
===================

ကရင်လူမျိုးတွေရဲ့ ဘိုးဘွားအစဉ်အလာ လက်ချည်ပွဲကို ထိုင်းနိုင်ငံမှာရောက်နေကြတဲ့ ကရင်တိုင်းရင်းသားတွေ စုပေါင်းကျင်းပခဲ့ကြပါတယ်။ ဘန်ကောက်မြို့တော်ကနေ မညိုညိုလွင် သတင်းပေးပို့ထားပါတယ်။

https://youtu.be/4Dd9aoVZzrM

#VOA
#mizzimatv
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍4🤮1
​​ပင်လယ်ပြင်ရှိ ရေယာဉ်ပေါ်တွင် နှလုံးရောဂါဖောက်နေသည့် တရုတ်သင်္ဘောသားတစ်ဦးကို အိန္ဒိယကမ်းခြေစောင့်တပ်ဖွဲ့ စွန့်စား ကယ်တင်
=====================

အိန္ဒိယကမ်းခြေစောင့်တပ်ဖွဲ့သည် ပနားမားအလံလွှင့်တင်ထားသည့် သုတေသနရေယာဉ်တစ်စီးပေါ်မှ တရုတ်နိုင်ငံသားတစ်ဦးကို ရာသီဥတုဆိုးရွားပြီး မှောင်မိုက်သည့် ဩဂုတ် ၁၆ ရက် ညအချိန်တွင် စွန့်စွန့်စားစား ကယ်တင်နိုင်ခဲ့သည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍4😁1
ကလေးမြို့၊ သာစည်ရွာကို စစ်တပ်နှင့်ပျူများက ၉ရက်ဆက် တပ်စွဲထားပြီး မီးရှို့နေ
========================

ပါခွီး(မဇ္စျိမ) ။ ။ကလေးမြို့နယ်တောင်ပိုင်းမှ သာစည်ရွာတွင် ကာကွယ်ရေးတပ်ဖွဲ့ဝင်များရှိသည်ဟုဆိုကာ စစ်ကောင်စီတပ်နှင့် ပျူစောထီးများက ဝင်ရောက်တပ်စွဲပြီး မီးရှို့ဖျက်ဆီး‌နေသည်ဟု ဒေသခံများကပြောသည်။

စစ်ကောင်စီနှင့်ပျူစောထီးပူးပေါင်း အင်အား ၃၇၀ခန့်သည် ဩဂုတ်လ ၁၄ရက်မှ စတင်ပြီး သာစည်ရွာကို ဝင်ရောက်လာကာ ယနေ့ ဩဂုတ်လ ၂၂ရက်အထိ တပ်စွဲထားပြီး ပြည်သူပိုင်နေအိမ်များအား မီးရှို့နေခြင်းဟု ဆိုသည်။

“အဲဒီစကစတွေက ကျနော်တို့ရွာမှာ တော်လှန်ရေးတပ်သားတွေနေတယ်ဆိုပြီး စစ်ကြောင်းထိုးပြီး မီးတင်ရှို့နေတာပါ။ တကယ်က တော်လှန်ရေးသမားတွေက ရွာမှာမနေပါဘူး” ဟု ဒေသခံတဦးကပြောသည်။

လတ်တလော မီးရှို့ဖျက်ဆီးခံရမှုကြောင့် ဩဂုတ်လ ၁၄ရက်မှ ဩဂုတ်လ ၂၂ရက်အထိ ကိုးရက်တာအတွင်း သာစည်ရွာမှ အိမ်ခြေ ၂၀၀ ခန့် မီးလောင်ဆုံးရှုံးခဲ့သည်ဟု ဒေသခံများက ပြောသည်။

“ကျနော်တို့ ရွာထဲကို လုံးဝတိုးလို့မရပါဘူး။ ရွာနားကပ်ရင်လှမ်းပစ်တယ်။ခန့်မှန်းခြေ အိမ်ခြေ ၂၀၀နီးပါးလောက်တော့ မီးလောင်သွားပြီ” ဟု ဒေသခံတဦးက ယနေ့အခြေအနေကို ပြောသည်။

ဩဂုတ်လ ၁၄ရက်နေ့က သာစည်ရွာကို စစ်ကောင်စီတပ်နှင့် ပျူစောထီးများက ဝင်ရောက်လာစဉ်ကလေးမြို့ရှိ ခြေလျင်တပ်ရင်း ခလရ (၂၂၈)၊ အမြောက်တပ်၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်( ဒကစ)နှင့် ထောက်ပို့အထိုင်တပ်များက လေကြောင်းရောလက်နက်ကြီးပါ အသုံးပြုပစ်ခတ်ပြီး စီးနင်းဝင်ရောက်လာခြင်းဟုသိရသည်။ယင်းသို့ပစ်ခတ်မှုကြောင့် ဒေသခံတဦး သေဆုံးပြီး သုံးဦးဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

စစ်တပ်နှင့်အတူပါလာသည့် ပျုစောထီးများမှာ ကလေးမြို့တောင်ပိုင်းရှိ ဆည်တော်ဦး ၊တောင်အူ ၊ ပြင်သာရွာအစရှိသည့်ရွာများမှဖြစ်ပြီး ပျုစောထီးများအနေဖြင့် ပြည်သူပိုင်အိမ်များကို ယင်းသို့ မဖျက်ဆီးသင့်ကြောင်း ကလေးမြို့ခံများက ပြောသည်။

" နောင်တချိန် တော်လှန်ရေးကာလအလွန်မှာ အဲ့ဒီရွာတွေက ပျူတွေအနေနဲ့ ပြည်သူအချင်းချင်း ဘယ်လိုမျက်နှာပြကြမလဲ"ဟု သာစည်ရွာခံတဦးက မေးခွန်းထုတ်သည်။

သာစည်ရွာသည် အိမ်ခြေ ၂,၀၀၀ခန့်ဝန်းကျင်ရှိပြီး ကလေးမြို့မှ သုံးမိုင်ခန့်အကွာ ကလေး - ဂန့်ဂေါကားလမ်းမပေါ် တည်ရှိသည်။လတ်တလောတွင် စစ်ကောင်စီတပ်က ဖုန်းလိုင်းများပါ ဖြတ်တောက်ထားပြီးဒေသခံများသည် ဘေးလွတ်ရာတွင် တိမ်းရှောင် နေကြရကြောင်း သိရသည်။

စာတည်း - အေးချမ်း

https://youtu.be/NIrwjzSYBAY

#mizzima
#ကလေးမြို့
#သာစည်ရွာ
#စစ်ကောင်စီတပ်နှင့်ပျူစောထီးများ
#မီးရှို့ဖျက်ဆီး‌
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
😁4👍2👎2🔥1😢1
Media is too big
VIEW IN TELEGRAM
ဟွန်ဆန်ရဲ့သားကိုအာဏာလွှဲအပ်ဖို့ မဲခွဲဆုံးဖြတ်မှုမပြုလုပ်ခင် ကမ္ဘောဒီးယားပါလီမန်ကို စတင်ဖွင့်လှစ်

#mizzimanewshour #mizzimaplushd #internationalnews #mizzima #mizzimanews #mizzimadailynews #myanmarnews #todaynews #newsupdate #Reels #Shorts #Internationalnews
❤4👍2😁2🤣1
မြန်မာ့အရေး သက်ဆိုင်သူတွေ အားလုံးပါဝင်တဲ့ဆွေးနွေးပွဲပြုလုပ် အဖြေရှာဖို့ အင်ဒိုနီးရှား ကြိုးပမ်းနေ
====================

မြန်မာ့အရေး သက်ဆိုင်သူတွေ အားလုံးပါဝင်တဲ့ ဆွေးနွေးမှုတွေနဲ့ ဖြေရှင်းဖို့ ဆက်လက်ကြိုးပမ်းသွားမယ်လို့ အာဆီယံအလှည့်ကျဥက္ကဋ္ဌ အင်ဒိုနီးရှားနိုင်ငံက ပြောကြားလိုက်ပါတယ်။

မကြာခဏမီးမောင်းထိုးပြခံနေရတဲ့ မြန်မာ့အရေးဟာ အာဆီယံကိုယ်တိုင်အတွက် စိန်ခေါ်မှုတစ်ရပ်ဖြစ်နေတယ် လို့လည်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Retno Marsudi က  သြဂုတ်လ ၂၁ရက်နေ့ကကျင်းပတဲ့  အနောက်ဆူမားတြားက ဆွေးနွေးပွဲမှာ ပြောခဲ့တာပါ။
အင်ဒိုနီးရှားဟာ အာဆီယံဥက္ကဋ္ဌအနေနဲ့ မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကို ဖြေရှင်းနိုင်ဖို့ သက်ဆိုင်ရာအဖွဲ့အားလုံးပါဝင်တဲ့ ဆွေးနွေးပွဲကျင်းပနိုင်ရေးလိုမျိုး ငြိမ်းချမ်းရေးအတွက် အကောင်းဆုံး ဖြေရှင်းနည်းတွေရဖို့ အတတ်နိုင်ဆုံး ကြိုးစားနေပါတယ်လို့လည်း သူကပြောပါတယ်။

အာဆီယံ အလှည့်ကျဥက္ကဋ္ဌ တာဝန်သက်တမ်း မကုန်ခင် မြန်မာ့အရေးအတွက် အဖြေရှာနိုင်မယ့် နည်းလမ်းတွေ ချမှတ်နိုင်အောင် ကြိုးပမ်းဖို့ လူ့အခွင့်အရေးဆိုင်ရာ အာဆီယံလွှတ်တော်အမတ်များအဖွဲ့ (APHR) အဖွဲ့က မကြာသေးခင်ကပဲ တိုက်တွန်းခဲ့ပြီးနောက်အခုလို အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးရဲ့ မှတ်ချက် ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။

အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးကတော့ မြန်မာနိုင်ငံမှာ ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးရဖို့ဟာ သက်ဆိုင်သူအားလုံး၊ အထူးသဖြင့် စစ်ခေါင်းဆောင်တွေရဲ့ လုပ်ရပ်တွေအပေါ်မှာ မူတည်တယ်လို့လည်း ပြောပါတယ်။

မြန်မာ့အရေး ဖြေရှင်းဖို့ ကြိုးပမ်းရာမှာ သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ အကြိမ် ၆၀ ကျော် ထိတွေ့ဆက်ဆံခဲ့ပြီး သံတမန်ရေးအရ ချဉ်းကပ်တဲ့ နည်းလမ်းကို သုံးခဲ့တယ်လို့လည်း ပြောဆိုထားပါသေးတယ်။

အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီးဌာန၊ ပြန်ကြားရေးနဲ့ သံတမန်ရေးရာ ညွှန်ကြားရေးမှူးချုပ် Teuku Faizasyah ကလည်း အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို မြန်မာစစ်ကောင်စီ အနေနဲ့ လေးစားလိုက်နာမှု ရှိစေရေး တစိုက်မတ်မတ် တွန်းအားပေးဆောင်ရွက်ခဲ့သလို၊ စစ်ကောင်စီကို အတိုက်အခံ လုပ်နေတဲ့ အဖွဲ့အစည်းတွေနဲ့လည်း ဆက်သွယ်ဆောင်ရွက်လျှက်ရှိတယ်လို့ ပြောပါတယ်။

ပဋိပက္ခတွေ ကင်းစင်တဲ့ နိုင်ငံတခုဖြစ်ဖို့နဲ့ ငြိမ်းချမ်းရေးအတွက် အခြေခံအုတ်မြစ်ကို ဆွေးနွေးရာမှာ အချိန်ယူဖို့ လိုအပ်သလို ချက်ချင်းပြီးမြောက်ဖို့မလွယ်ကူနိုင်ဘူးလို့လည်း သူကပြောပါတယ်။
အင်ဒိုနီးရှားနိုင်ငံဟာ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ယူဖို့ ကျန်နေတဲ့ အချိန်ကို မြန်မာပြည် ဒီမိုကရေစီရေးအတွက် ထိရောက်အောင် လုပ်ဆောင်ဖို့ လူ့အခွင့်အရေးဆိုင်ရာ အာဆီယံလွှတ်တော်အမတ်များအဖွဲ့ (APHR) ကလည်း တိုက်တွန်းထားတာဖြစ်ပါတယ်။
 
https://youtu.be/K7ZbEaCKTFY

#PoliticalNews
#Mizzima
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍6💩6👏2😁1
This media is not supported in your browser
VIEW IN TELEGRAM
ဝန်ကြီးချုပ်ဟောင်းသက်ဆင် ပြန်လည်ရောက်ရှိလာခြင်းက ထိုင်းဝန်ကြီးချုပ်မဲခွဲဆုံးဖြတ်မှုကို အနှောက်အယှက်ဖြစ်ဖွယ်ရှိ

#Internationalnews #Thailand #mizzimaplushd #internationalnews #mizzima #mizzimanews #mizzimadailynews #myanmarnews #todaynews #newsupdate #Reels #Shorts
👍6🔥2
​​စပိန်အသင်း ကမ္ဘာ့ဖလားဆွတ်ခူးပြီးနောက် ဂျနီဟာမိုဆိုကို နမ်းခဲ့တဲ့အတွက် ဝေဖန်ခံရတဲ့ စပိန်အက်ဖ်အေဥက္ကဌ လူးဝစ် ရူဘီယာလက်စ် ပြန်လည်တောင်းပန်
=============================

စပိန်ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ လူးဝစ် ရူဘီယာလက်စ်ဟာ စပိန်အသင်း အမျိုးသမီးကမ္ဘာ့ဖလား ဆွတ်ခူးခဲ့အပြီး ဂျနီ ဟာမိုဆိုရဲ့ နှုတ်ခမ်းကို နမ်းခဲ့တဲ့အတွက် ပြန်လည်တောင်းပန်ခဲ့ပါတယ်။

တနင်္ဂနွေနေ့ရဲ့ ဗိုလ်လုပွဲမှာ အင်္ဂလန်ကို ၁-၀ ဂိုးနဲ့ အနိုင်ရပြီးတဲ့နောက် ဆုပေးပွဲအခမ်းအနားမှာ ရူဘီယာလက်စ်က ဟာမိုဆိုကို နမ်းခဲ့တာပါ။
"ကျမ ဒါကို မကြိုက်ဘူး"လို့ ဟာမိုဆိုက Instagram မှာ ပြောခဲ့ပေမယ့် နောက်ပိုင်းမှာတော့ သူမရဲ့ ကိုယ်စား ထုတ်ပြန်တဲ့ ကြေညာချက်မှာ ရူဘီယာလက်စ်ကို ကာကွယ်ခဲ့ပါတယ်။

တနင်္လာနေ့မှာတော့ ရူဘီယာလက်စ်က "ကျနော် လုံးဝအမှားလုပ်ခဲ့မိပါတယ်။ အဲဒါကို ဝန်ခံပါတယ်။"လို့ ပြောပါတယ်။
"အဲဒီအချိန်က စိတ်လှုပ်ရှားပြီး ဖြစ်သွားခဲ့တာပါ။ မကောင်းတဲ့ ရည်ရွယ်ချက် မရှိခဲ့ပါဘူး။ အဲဒီအခိုက်အတန့်မှာ ကျနော်တို့က သာမန်လို့ပဲ ထင်ပေမယ့် အပြင်မှာ ပွက်လောရိုက်သွားပါတယ်။"လို့ သူက ဆက်ပြောပါတယ်။
👍4🔥1
​​Bitcoin နှင့် ဖွံ့ဖြိုးဆဲနိုင်ငံများ
================

Bitcoin ဟာ Ai ကဲ့သို့ ပင်ဆယ်စုနှစ်ကြာပြီးနောက်မကြာသေးမီနှစ်များအတွင်း ပြန်လည်ရေပန်းစားလာခဲ့တဲ့ ဒစ်ဂျစ်တယ်ငွေကြေးတစ်ခုဖြစ်ပါတယ်။ Bitcoin က ဗဟိုချုပ်ကိုင်မှု ကင်းမဲ့ပြီး အစိုးရနဲ့ ဘဏ္ဍာရေး အဖွဲ့အစည်းရဲ့ထိန်းချုပ်မှုအောက်မှာမရှိတဲ့တစ်ခုတည်းသောငွေကြေးဖြစ်ပါတယ်။ မြန်မာနိုင်ငံကဲ့သို့ မတည်မငြိမ်သော ငွေကြေးများနှင့် ငွေကြေးဖောင်းပွမှုနှုန်း မြင့်မားမှုများကို မကြာခဏ ရင်ဆိုင်ရလေ့ရှိတဲ့ ဖွံ့ဖြိုးဆဲနိုင်ငံများရှိ လူများအတွက် ဆွဲဆောင်မှုတစ်ခု ဖြစ်လာပါတယ်။

Bitcoin ဟာ ငွေကြေးဖောင်းပွမှုကို တားဆီးပေးနိုင်ပါတယ်။ Bitcoin ဟာ အကန့်အသတ်နဲ့ရှိတာကြောင့် Fiat ငွေကြေးများကဲ့သို့ ငွေကြေးဖောင်းပွမှုများမရှိပါဘူး။ ငွေကြေးဖောင်းပွမှုနှုန်း မြင့်မားတတဲ့ နိုင်ငံများရှိ လူများအတွက် ကောင်းမွန်သော စုဆောင်းနိုင်အလွယ်တကူသိမ်းဆည်းနိုင်တဲ့အရာဖြစ်ပါတယ်။ ဥပမာအားဖြင့် မကြာသေးမီနှစ်များအတွင်း ငွေကြေးဖောင်းပွမှုနှုန်း 100% ကျော်လာခဲ့သည့် ဇင်ဘာဘွေတွင် Bitcoin ကို ဇင်ဘာဘွေငွေဖောင်းပွမှုကိုတားဆီးဖို့အကာအကွယ်အဖြစ် အသုံးပြုခဲ့ပါတယ်။ အဲ့တာအပြင် Bitcoin ဟာ နိုင်ငံတကာငွေလွှဲမှုများကို စျေးသက်သာပြီး မြန်ဆန်စေပါတယ်။ နိုင်ငံတကာရှိ ငွေကြေးကိုအလွယ်တကူပြောင်းလဲနိုင်တာ
ကြောင့် ငွေလွှဲခြင်းများကို နိုင်ငံတကာရှိ ပြည်ပရောက်မိသားစုများက သူတို့ မိခင်နိုင်ငံရှိ မိသားစုများသို့အိမ်ပြန်ပို့တဲ့အခါငွေများကို ပြင်ပ ပေါက်စျေးအတိုင်း အလွယ်တကူပို့နိုင်ပါသေးတယ်။

စျေးကြီးပြီး မိရိုးဖလာဘဏ်များမှတဆင့် လုပ်ဆောတာက နှေးကွေးနိုင်ပါတယ်။ ဥပမာအားဖြင့် တစ် ဒေါ်လာကို ပြင်ပစျေး ၃၀၀၀ ကျော်နေချိန်တွင် ဘဏ်ဖြတ်စျေး ၂၀၀၀ ကျော်ဖြင့် အိမ်ပြန်ပို့တဲ့ ပြည်ပ
ရောက်မိသားစုများမှာ များစွာ နစ်နာမှု ရှိပါတယ်။ Bitcoin ဟာပြင်ပအဖွဲ့အစည်းကို မလိုအပ်ဘဲ ကမ္ဘာတစ်ဝှမ်းရှိ မည်သည့်နေရာတွင်မဆို ပေးပို့လက်ခံနိုင်တာကြောင့် ငွေလွှဲမှုများကို စျေးသက်သာပြီး မြန်ဆန်စွာ ပြုလုပ်နိုင်ပါတယ်။ ဥပမာအနေနဲ့ ကင်ညာတွင် Bitcoinကို အခြားနိုင်ငံများတွင် အလုပ်လုပ်နေသော ကင်ညာနိုင်ငံသားများကသူတို့ မိသားစုများကိုသူတို့လုပ်အားခများဖြင့်ထောက်ပံ့ပေးပို့ရန် အသုံးပြုပါတယ်။ Bitcoin ဟာ ဘဏ်မရှိသူများအတွက် ငွေကြေးဝန်ဆောင်မှုများကို ရယူအသုံးပြုနိုင်ပါသေးတယ်။

ဖွံ့ဖြိုးဆဲနိုင်ငံများရှိ လူအများအပြားက ဘဏ်စာရင်းများနှင့် အကြွေးဝယ်ကတ်များကဲ့သို့သော ဘဏ္ဍာရေးဝန်ဆောင်မှုများကိုလူ
တိုင်းမသုံးစွဲပါဘူး။ Bitcoin ကယခုအခါသိမ်းစည်းစုဆောင်း ငွေလွှဲဖို့ အပြင် အခြားဘဏ္ဍာရေးဆိုင်ရာ စျေး၀ယ်ယူ ခြင်း၊ လေယာဥ်လက်မှတ်၀ယ်ခြင်း ကဲ့သို့ ဝန်ဆောင်မှုများကို လည်းရနိုင်ပြီ ဖြစ်ပါတယ်။ ဥပမာအနေနဲ့ အယ်လ်ဆာဗေးဒေါတွင် Bitcoin ကို ယခုအခါ တရားဝင်တင်ဒါခေါ်ယူထားပြီး၊ အစိုးရက ငွေကြေးလုပ်ငန်း တိုးတက်စေဖို့ အသုံးပြုရန် နည်းလမ်းများကို ရှာဖွေနေပါသေးတယ်။
ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ Bitcoin ကိုအသုံးပြုခြင်းနဲ့ဆက်စပ်တဲ့ စိန်ခေါ်မှုအချို့လည်းရှိပါတယ်။

ငွေကြေးမတည်ငြိမ်မှုများ မြင့်မားခြင်း၊ တရား၀င်ခွင့်မပြုဘဲကန့်သတ်ထား ခြင်းနှင့် ဆိုက်ဘာတိုက်ခိုက်မှု အန္တရာယ်များလည်း ပါဝင်ပါတယ်။ ယခုအခါ ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် Bitcoin အလားအလာကောင်းမှုများဟာ သိသာထင်ရှားပြီး နောက်ထပ်တိုးတက်လာပြီးလေ့လာရကျိုးနပ်တဲ့ နည်းပညာတစ်ခုဖြစ်ပါတယ်။ မြန်မာနိုင်ငံတွင် Bitcoin က နိုင်ငံရေးကြောင့် မတည်ငြိမ်သောငွေကြေးနှင့် ငွေကြေးဖောင်းပွမှုနှုန်းမြင့်မားခြင်းကနေ စုဆောင်းထားတဲ့ငွေများကို ကာကွယ်တဲ့ နည်းလမ်းတစ်ခု အဖြစ် မကြာသေးမီနှစ်များအတွင်း လူကြိုက်များလာပါတယ်။

အမေရိကန်သမ္မတလောင်း Robert F. Kennedy Jr. ကလည်း ဒီမိုကရေစီကြိုးပမ်းမှုအတွက် Bitcoin ဟာ မြန်မာနိုင်အတွက် အရေးပါကြောင်းထုတ်ဖော်ပြောကြားထားပါတယ်။

အာဂျင်တီးနားတွင် Bitcoin ကို နိုင်ငံရဲ့ မြင့်မားသော ငွေကြေးဖောင်းပွမှုနှုန်း အရင်းအနှီးထိန်းချုပ်မှုများကို ရှောင်ရှာဖို့ နည်းလမ်းတစ်ခုအဖြစ် အသုံးပြုခဲ့ပါတယ်။ ယခုအခါအာဂျင်တီးနားတွင် Bitcoin ကို အားပေးထောက်ခံတဲ့ သမ္မတလောင်း Javier Milei ဟာအနိုင်ရထားပါသေးတယ်။
👍9😁2
This media is not supported in your browser
VIEW IN TELEGRAM
ဘေဂျင်းနဲ့ပြုံယမ်းကြား လေကြောင်းပျံသန်းမှုတွေ ပြန်လည်စတင်ဖို့ခွင့်ပြုလိုက်ကြောင်း တရုတ်ပြော

#China #Internationalnews #mizzimaplushd #internationalnews #mizzima #mizzimanews #mizzimadailynews #myanmarnews #todaynews #newsupdate #Reels #Shorts
👍5😁1
​​လက်နက်နှင့်အတူ CDM ဝင်လာသူ ရဲ ၂ဦးကို ကျပ် သိန်း၁၀၀ ချီးမြှင့်
====================

ကိုခင်မောင်

(မဇ္စျိမ)။    ။ ချင်းပြည်နယ်၊ တီးတိန်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲတပ်သားနှစ်ဦးသည် လက်နက်ခဲယမ်းများနှင့်အတူ ထွက်ပြေးလာပြီး PDF- Zoland ထံသို့ အလင်းဝင်လာကြောင်း သိရသည်။

လုပ်သက်ကိုးနှစ်နှင့် သုံးနှစ်ရှိပြီဖြစ်သည့် ရဲတပ်သားနှစ်ဦးသည် ကာကွယ်ရေးအဖွဲ့များနှင့် ချိတ်ဆက်၍ သြဂုတ်လ ၂၀ရက်နေ့တွင် အလင်းဝင်လာပြီး CDMပြုလုပ်လာခြင်းဖြစ်သည်။ ၎င်းတို့နှစ်ဦးက MA-3 နှစ်လက်၊ ကျည်ဘောက် ရှစ်ခု၊ ကျည်တောင့် ၂၀၀ကျော် ယူဆောင်လာသည်ဟု PDF- Zoland တာဝန်ရှိသူက ဆိုသည်။

စစ်ကောင်စီလက်အောက်တွင် တာဝန်ထမ်းဆောင်လိုခြင်းမရှိတော့၍ ပြည်သူနှင့်အတူ ပူးပေါင်းလာခြင်းဟု CDM ပြုလုပ်လာသူရဲတပ်သားတဦးက မဇ္စျိမကိုပြောသည်။ 

" ကျွန်တော်တို့ ပြည်သူတွေနဲ့ပူပေါင်းချင်လို့ ကျွန်တော်တို့ခံယူချက်နဲ့ ဝင်လာတာပါ"ဟု ၎င်းပြောသည်။

လက်နက်ခဲယမ်းများနှင့်အတူ CDM ပြုလုပ်လာခြင်းဖြစ်၍ အဆိုပါ ရဲတပ်သားနှစ်ဦးကို ဆုကြေးငွေ ကျပ် ၁၀၀သိန်း ချီးမြှင့်ခဲ့ကြောင်း PDF- Zolandမှ တာဝန်ရှိသူထံမှ သိရသည်။နှစ်ဦးစလုံးကိုလွတ်မြောက်နယ်မြေသို့ ပို့ဆောင်ထားပြီးကြောင်း သိရသည်။

ပြီးခဲ့သည့် မေလကလည်း တီးတိန်မြို့အခြေစိုက် ခလရ (၂၆၉) တပ်ရင်းမှ စစ်ကောင်စီတပ်သားတဦး သည် သေနတ်တလက်အပါအဝင်လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်လာခဲ့ရာ PDF – Zoland မှ ငွေကျပ် ၅၀သိန်းချီးမြင့်ခဲ့သည်။ထို့အပြင် မေလအတွင်းမှာပင် ဖလမ်းမြို့အခြေစိုက် ခလရ (၂၆၈)မှထွက်ပြေးလာသူ စစ်ကောင်စီတပ်သားနှစ်ဦးကို PDF-Zolandက လုံခြုံရာနေရာသို့ ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။

ပြည်သူ့ဘက်သို့ ရပ်တည်ကူးပြောင်းလိုသော စစ်ကောင်စီလက်အောက်ခံများအနေဖြင့် နီးစပ်ရာ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)များကို ဆက်သွယ်၍သော်လည်းကောင်း၊ ပြည်သူ့ရင်ခွင် ခိုလှုံရေး Telegram Channel @MyanmarPeople သို့ ဆက်သွယ်၍သော်လည်းကောင်း ချိတ်ဆက် ဆောင်ရွက်နိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနကထုတ်ပြန်ထားသည်။

စာတည်း - အေးချမ်း

#mizzima
#တီးတိန်မြို့နယ်
#ရဲတပ်သားနှစ်ဦး
#အလင်းဝင်
#PDF- Zoland 

Photo - CDM ပြုလုပ်လာသည့် ရဲတပ်သားနှစ်ဦး (Photo-PDF Zoland)

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍8😁4👏2
​​ထိုင်းနိုင်ငံကို ပြန်ရောက်လာသည့် ဝန်ကြီးချုပ်ဟောင်း သက်ဆင် ထောင်ဒဏ်ချမှတ်ခံရ
=================

ပြည်ပတွင် ၁၅ နှစ်ကြာ တိမ်းရှောင်နေထိုင်ရာမှ ယနေ့ ဩဂုတ် ၂၂ ရက်တွင် နိုင်ငံသို့ ပြန်လာသော ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝါထရာသည် နိုင်ငံသို့ ပြန်ရောက်ရောက်ချင်းမှာပင် ထောင်ဒဏ် ရှစ်နှစ် ကျခံစေရန် ညွှန်ကြားခံရသည်။

သို့သော် ၎င်း၏ ပါတီက အာဏာပြန်ရရန် နီးစပ်နေခြင်းကြောင့် သက်ဆင်၏ အကျဉ်းကျခံရမည့်ကာလက စောလျင်စွာ ပြီးမြောက်အဆုံးသတ်နိုင်ဖွယ် ရှိသည်။

ဘီလျံနာ ဝန်ကြီးချုပ်ဟောင်း သက်ဆင်သည် ဒေသစံတော်ချိန် မနက် ၉ နာရီက ကိုယ်ပိုင်ဂျက်လေယာဉ်ဖြင့် ဘန်ကောက်၏ ဒွန်မောင်းလေဆိပ်သို့ ဆိုက်ရောက်လာခဲ့ရာ စာတန်းများ ဝှေ့ရမ်းပြီး သီချင်းများ ဆိုနေကြသည့် “ရှပ်နီ” ထောက်ခံသူ ရာနှင့်ချီတို့က ကြိုဆိုခဲ့ကြသည်။
😁6👍3👏1
​​စစ်ကောင်စီဘဏ္ဍာရေး ကပ်ဆိုက်တော့မှာလား (ဆောင်းပါး)
===================

အမေရိကန်က စစ်ကောင်စီရဲ့ ဘဏ်တွေကို အရေးယူဖို့ ချမှတ်ထားပြီးအမေရိကန်ရဲ့ မူဝါဒတွေကို လိုက်နာ မှု ရှိမရှိစောင့်ကြည့်မယ်လို့ ဩဂုတ်လ ၅ ရက်နေ့က သတိပေးလိုက်ပါတယ်။ အဲဒီလို သတိ ပေးမှုပြုလုပ်ပြီး သိပ်မကြာခင်မှာဘဲ စစ်ကောင်စီဘဏ်တွေနဲ့ ဆက်ဆံမှုရှိနေတဲ့ အိမ်နီးနားချင်း နိုင်ငံက ဘဏ်တွေက စစ်ကောင်စီလက်အောက်ခံ ဘဏ်တွေနဲ့ ဆက်သွယ်ဆောင်ရွက်မှုတွေကို ရပ်ဆိုင်း လိုက်ကြပါတယ်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍13🔥1🤣1