Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
Media is too big
VIEW IN TELEGRAM
မြန်မာ့အရေး သက်ဆိုင်သူတွေ အားလုံးပါဝင်တဲ့ဆွေးနွေးပွဲပြုလုပ် အဖြေရှာဖို့ အင်ဒိုနီးရှား ကြိုးပမ်းနေ

#mizzimanewshour #mizzimaplushd #internationalnews #mizzima #mizzimanews #mizzimadailynews #myanmarnews #todaynews #newsupdate #Reels #Shorts #PoliticalNews #Indonesia
👍6🖕1
​​မန္တလေးတွင် ညအချိန် အရပ်ဝတ်လက်နက်ကိုင်များ တားဆီးစစ်ဆေးနေ၍ မြို့လူထု ဒုက္ခရောက်နေကြဟုဆို
====================

007
(မဇ္ဈိမ) ။ ။မန္တလေးမြို့တွင်၊ အရပ်ဝတ်လက်နက်ကိုင်များက ညအချိန် လမ်းသွားလမ်းလာများအား တားဆီးစစ်ဆေးမှုများ ပြုလုပ်နေခြင်းကြောင့် သွားရေးလာရေးအခက်အခဲဖြစ်နေကြရကြောင်း ဒေသခံများထံကသိရသည်။

“ဘာတွေမှန်းမသိဘူး၊ ယူနီဖောင်းဝတ်တွေလည်း မဟုတ်ဘူး၊ အဲဒါတွေနဲ့ ညဘက်စစ်ဆေးရေးလုပ်တယ်၊ လက်ထဲမှာ ဒုတ်တွေဓားတွေလည်း ကိုင်ထားကြတယ်၊ အဲဒီအထဲက တယောက်မှာ သေနတ်ပါတယ်၊ အခု မန္တလေးမှာ၊ ညဘက် အလုပ်ပြန်တွေ တအားဒုက္ခရောက်နေကြတယ်၊ ဘယ်အချက်ကိုယ့်ဆီ ကျည်ဆန်တည့်တည့်ဝင်လာမလဲဆိုတဲ့စိတ်နဲ့ သွားလာနေရတာ” ဟု ယမန်နေ့ သြဂုတ်လ ၂၁ ရက်နေ့ ည က၊ မဟာအောင်မြေမြို့နယ်အတွင်းကြုံတွေ့ခဲ့ရသည့်ဖြစ်စဉ်နှင့် ပတ်သက်၍ အမည်မဖော်လိုသူဒေသခံတဦးက ပြောသည်။
ပြီးခဲ့သည့် နှစ်ရက်သုံးရက်ခန့်ကစ၍၊ အဆိုပါတားဆီးစစ်ရေးအဖွဲ့များထွက်ပေါ်လာခြင်းဖြစ်ပြီး၊ မြို့နယ်အလိုက် ရပ်ကွက်အဝင်လမ်းများတွင် ည ၈ နာရီနောက်ပိုင်းကစပြီး၊ လမ်းသွားလမ်းလာများအား တားဆီးစစ်ဆေးနေကြခြင်းဖြစ်ကြောင်း သိရသည်။

“အလုပ်က ည ၈ နာရီမှ ပြန်လွှတ်တာဆိုတော့၊ နောက်ရက်တွေ ဘယ်လိုဖြတ်သန်းရမလဲ မစဉ်းတတ်ဘူး၊ သူတို့နဲ့ထိပ်တိုက်တိုးမှာကို တအား ကြောက်တယ်၊ မထင်ရင် မထင်သလို သေနတ်နဲ့လှမ်းပစ်တာတွေက မြင်နေကြားနေရတယ်လေ၊ နောက်တခုက၊ စစ်ဆေးရေးအယောင်ဆောင်ပြီး ခိုးဆိုးနှိုက်တွေ ပြန်ထလာမှာလည်း လန့်နေရတယ်” ဟု စားသောက်ကုန်လုပ်ငန်းတခုတွင် လုပ်ကိုင်နေသူတဦးက ပြောသည်။

မန္တလေးမြို့တွင်၊ စစ်အာဏာသိမ်းသည့်နှစ်မှ ယခုနှစ်မေလအထိ၊ ညအချိန် ဆိုင်ကယ်ဖြင့်အပြင်ထွက်ရာမှ စစ်အုပ်စု၏ပစ်ခတ်ခံရမှုကြောင့် သေဆုံးခဲ့ရသည့်ဖြစ်စဉ် ၁၅ ခုထက်မနည်း ရှိခဲ့ကြောင်း၊ စစ်အာဏာသိမ်းကာလ မန္တလေးမြို့အခြေအနေ စောင့်ကြည့်လေ့လာသူများထံက သိရသည်။

“တကယ်က ၁၅ ကြိမ်မကဘူးဗျ၊ ကျွန်တော်တို့လက်လှမ်းမီသလောက်အချက်အလက်အရသာပြောရတာ၊ မနှစ်ကတနှစ်အတွင်းမှာကို ညဘက် အပစ်ခံရတဲ့ကလေးတွေ ၁၀ ယောက်မကဘူး၊ တားတာရပ်မပေးလို့ပစ်တယ်၊ အိမ်အထိလိုက်ပစ်တယ် စုံနေတာပဲ၊ မနေ့တနေ့ကလေးတင် မြို့သစ်ထဲဖြစ်သွားသေးတယ်၊ အိမ်အပြန် နောက်ကျလို့ ဆိုင်ကယ်တအားမောင်းလာတဲ့နှစ်ယောက်၊ လှည့်ကင်းနဲ့တည့်တည့် တိုးပြီးအပစ်ခံလိုက်ရတယ်” ဟု လုံခြုံရေးအရအမည်မဖော်ပြလိုသည့် စောင့်ကြည့်လေ့လာသူ တဦးကပြောသည်။

မန္တလေးမြို့တွင်၊ သြဂုတ်လ ၁၉ ရက်နေ့ညက ဆိုင်ကယ်တစီးကို လူနှစ်ယောက်စီးပြီးအိမ်ပြန်လာသူနှစ်ဦး၊ လမ်းတွင် စစ်အုပ်စုလှည့်ကင်းနှင့် ဝင်တိုးရာမှ သေနတ်ဖြင့်ပစ်ခတ်ခံရသည့်ဖြစ်စဉ် တခုဖြစ်ခဲ့သေးသည်။

အဆိုပါဖြစ်စဉ်တွင် တဦးသေဆုံးပြီး နောက်ထပ်တဦးက ပြင်းထန်ဒဏ်ရာဖြင့် ယနေ့အထိ ဆေးရုံတွင်ကုသမှုပေးထားရကြောင်း သိရသည်။

အလားတူ ဇွန်လ ၂၄ ရက်နေ့ညကလည်း၊ ဆိုင်ကယ်စီးလူငယ်လေးဦး မဟာအောင်မြေမြို့နယ် ရဲမွန်တောင်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးရှေ့ ဖြတ်သွားစဉ်၊ သေနတ်ဖြင့်လှမ်းပစ်ခံရပြီး၊ တဦးသေဆုံးခဲ့သည့်ဖြစ်စဉ် တခုလည်း ဖြစ်ခဲ့သေးသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#ဆိုင်ကယ်
#မန္တလေးမြို့
#လမ်းသွားလမ်းလာ

ပုံစာ - မန္တလေးမှာ ညအချိန် အရပ်ဝတ်လက်နက်ကိုင်များဖြင့် တားဆီးစစ်နေသည်ကိုတွေ့ရစဥ်(ပုံဟောင်းဖြစ်ပါသည်)

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤬5😁4👍2😱2❤1
သြဂုတ်လ (၂၂)ရက်၊ ညနေ ၄ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
=====================

00:56 - မြန်မာ့အရေး သက်ဆိုင်သူတွေ အားလုံးပါဝင်တဲ့ဆွေးနွေးပွဲပြုလုပ် အဖြေရှာဖို့ အင်ဒိုနီးရှား ကြိုးပမ်းနေတဲ့ သတင်း

03:35 - မန္တလေးမှ တိုင်းရသုံးမှန်းခြေငွေစာရင်းဦးစီးဌာနရုံးကို NMD ဗုံးပစ်တိုက်ခိုက်တဲ့သတင်း

04:37 - အာဏာသိမ်းကာလ နှစ်နှစ်ခွဲအတွင်း တိုက်ပွဲပေါင်း ၁၀,၀၀၀ ကျော် ဖြစ်ပွားခဲ့တဲ့ သတင်း

10:16 - အမေရိကန် တောင်ကိုရီးယားနဲ့ ဂျပန်ခေါင်းဆောင်တွေရဲ့ ထိပ်သီးဆွေးနွေးပွဲ ပူးတွဲထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး တရုတ်ကန့်ကွက်တဲ့သတင်း အပါအဝင် တခြား အရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်း တွေကို တင်ဆက်ပေးသွားမှာပါ။

https://youtu.be/IHT2pP_wXDg

#4pmnews
#Mizzimanewshour
#mizzimatv
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍5😁2🍌1
မီဒီယာ နဲ့ သတင်းအချက်အလက်အကြောင်းကို သိနားလည်မှု
===================

အင်နာတာနက်ကို ကျယ်ပြန့်စွာ အသုံးပြုလာတာနဲ့အမျှ သတင်းတု၊ သတင်းမှားတွေလည်း အလွယ်တကူပျံ့နှံ့လာပါတယ်။ ဒီလိုပျံ့နှံ့လာတဲ့ သတင်းတုသတင်းမှားတွေကို ခွဲခြားစိစစ်နိုင်ဖို့ မီဒီယာနဲ့သတင်းအချက်အလက်ဆိုင်ရာ သိနားလည်မှုရှိခြင်း (Information and media literacy) ဆိုင်ရာ အချက် အလက်တွေကို ဒီဗီဒီယိုလေးကတဆင့် ပြောပြပေးချင်ပါတယ်။

https://youtu.be/c9QYk5jZ5Gk

#PSA
#mizzimatv
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍4🍌1🖕1
This media is not supported in your browser
VIEW IN TELEGRAM
တရုတ်က စီးပွားရေးနှေးကွေးနေခြင်းကိုကုစားဖို့ အဓိကအတိုးနှုန်းကို လျှော့ချ

#Internationalnews #China #Business #mizzimaplushd #internationalnews #mizzima #mizzimanews #mizzimadailynews #myanmarnews #todaynews #newsupdate #Reels #Shorts #PoliticalNews #Indonesia
👍5🍌1
ကလေးငယ်များအား ဦးခေါင်းရိုက်နှက်သည့် ကျောင်းအုပ်ဆရာမကို မြို့နယ်ပညာရေးမှူးရုံးသို့ တိုင်ကြား သွားမည်ဟုဆို
=====================

ကီရာ
(မဇ္ဈိမ) ။ ။ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့နယ်၊ BOC လမ်း နောင်လျန်ရပ်ကွက်(၁) ရှိ အ.မ.က (၆) မှ ကျောင်း အုပ်ဆရာမသည် ကလေးငယ်များအား ဦးခေါင်းကိုရိုက်နှက်လေ့ရှိသည့်အတွက် မြို့နယ်ပညာရေးမှူးရုံး ထံ သွားရောက်တိုင်ကြားသွားမည်ဟု ကျောင်းသားမိဘများက မဇ္ဈိမကို ပြောသည်။

အ.မ.က (၆)မှ ကျောင်းအုပ်ဆရာမ ဒေါ်လှလှထွေးသည် ကျောင်းသူ/ သားများအား ထိန်းကျောင်းရာတွင် ဦးခေါင်းကို ရိုက်နှက်လေ့ရှိသူဟု ကျောင်းသားမိဘများအကြား နာမည်ကြီးသည်။
“ကလေးတိုင်း လိုလို အရိုက်ခံရတယ်” ဟု ကျောင်းသား မိဘတဦးက ပြောသည်။

ပြီးခဲ့သည့် ဩဂုတ် ၁၈ ရက် သောကြာနေ့တွင် အသက်ကိုးနှစ်အရွယ်ကလေးငယ်တဦး၏ မိခင်ဖြစ်သူမှ ကလေးငယ်အားရေချိုးပေးရာ “ခေါင်းနာတယ်” ဟုဆိုကာ အထိမခံသည့်အတွက် မေးမြန်းရာ ဆရာမဖြစ် သူက ခေါင်းကို ရိုက်နှက်ခဲ့ခြင်းဖြစ်ကြောင်း ပြောဆိုခဲ့သည်။

ထို့ကြောင့် မိခင်ဖြစ်သူမှ ကျောင်းအုပ်ဆရာမအား ကျောင်းတွင် သွားရောက်မေးမြန်းခဲ့ရာ ထိုဆရာမက “ခေါင်းကွဲသွားလို့လား” ၊ “သွေးထွက်သွားလို့လား” ၊ “သေသွားလို့လား” ဟု ပြန်လည်ပြောဆိုကြောင်း ကလေးငယ်မိသားစုနှင့် နီးစပ်သူတဦးက မဇ္ဈိမကို ပြောသည်။

ထိုသို့ပြောဆိုရာမှ ရုန်းရင်းဆန်ခတ်ဖြစ်ပြီး ထိုရန်ဖြစ်စကားများသည့် ရုပ်သံဖိုင်တခု လူမှုကွန်ရက်တွင် ပျံ့နှံ့နေသည်။ ယင်းဗွီဒီယိုဖိုင်ကို ကျောင်းသားမိဘဖြစ်သူက ရိုက်ကူးခဲ့ခြင်း ဖြစ်သည်။
ဗီဒီယိုတွင် ပါဝင်သူများမှာ အ.မ.က(၆) နောင်လျန် ရပ်ကွက်(၁)မှ ကျောင်းအုပ်ဖြစ်သူ ဒေါ်လှလှထွေးနှင့် ၎င်း၏ သားဖြစ်သူနှစ်ဦး ဖြစ်ကြောင်း သိရသည်။

“ချိန်လိုက်စမ်းပါ၊ ရိုက်လိုက်စမ်းပါ၊ ငါ အ.ထ.က (၃)က ကျောင်းဆရာ၊ နင်တို့ကို ၅၀၅(က)နဲ့ ဗိုလ်ချုပ်မင်း အောင်လှိုင်ကို တိုင်မယ်”ဟု ကျောင်းအုပ်ဆရာမ၏သားဖြစ်သူက တုတ်ကိုင်ပြီးပြောကြားသည်ကို ဗွီဒီယို ဖိုင်တွင်တွေ့ရသည်။

အဆိုပါကျောင်းအုပ်ဆရာမသည် ခေါင်းရိုက်နှက်သည့်အတွက် နာမည်ကြီးသူတဦးဖြစ်ပြီး အတိုင်ခံရခြင်း ကြောင့်လည်း မကြာခဏကျောင်းပြောင်းခံရသူဟု အခြားကျောင်းသားမိဘတဦးက ပြောသည်။

အခြားမိဘတဦးကလည်း ၎င်း၏ ကလေးငယ်လည်း “လက်သည်းမညှပ်” ဟုဆိုကာ ခေါင်းကို အရိုက်ခံခဲ့ရ သည်ဟု မဇ္ဈိမကို‌ ပြောသည်။
“ကလေးခေါင်းကို လက်နဲ့ရိုက်တာ အားပါတော့ ကလေးက မူးဝေသွားတယ်။ ခေါင်းရိုက်တာက လက် သည်းမညှပ်လို့တဲ့။ အဲဒီကျောင်းဆရာမကြီးက အရမ်းကြမ်းတယ်တဲ့၊ တချို့ကလေးတွေဆိုရင် ကျောင်း တောင် ပြောင်းကုန်ပြီ” ဟု လက်သည်းမညှပ်၍ အရိုက်ခံရသည့် ကလေးငယ်၏ မိခင်က ပြောသည်။

ယင်းကြောင့် အရိုက်ခံရသော ကျောင်းသူ၊ ကျောင်းသားများ၏ မိဘအချို့စုပြီး မြို့နယ်ပညာရေးမှူးရုံးသို့ သွားရောက်တိုင်ကြားရန် ပြင်ဆင်နေကြောင်းလည်း ပြောသည်။

ကျောင်းအုပ်ဆရာမဖြစ်သူ ဒေါ်လှလှထွေး စီမံအုပ်ချုပ်နေသည့် အ.မ.က(၆)သည် သူငယ်တန်းမှ ငါးတန်း အထိရှိပြီး ကျောင်းသူ၊ ကျောင်းသား ၈၀ ဝန်းကျင်နှင့် တကျောင်းလုံးတွင် ဆရာ၊ ဆရာမ လေးဦးနှင့် ကျောင်းအုပ်ဆရာမ တဦးရှိကြောင်း သိရသည်။

စာတည်း။ ။ နောင်နောင်
စာမူတည်းဖြတ်။ ။စောဖေ

https://youtu.be/uOqbjgRRa74

“Supported by the Staying Resilient Amidst Multiple Crises in Southeast Asia initiative of SEA Junction in partnership with CMB Foundation”

#ကျောင်းအုပ်ဆရာမ
#ရုန်းရင်းဆန်ခတ်ဖြစ်
#ရှမ်းပြည်
#Mizzima
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍9😁5
တောင်ဥက္ကလာပမြို့နယ်ရှိ ဇီဇဝါဥယျာဉ်အိမ်ယာရှေ့ ဗုံးတွေ့သည်ဟုဆိုကာ စစ်တပ်မှ ဖောက်ခွဲရှင်းလင်း
👍3🔥1😁1
တောင်ဥက္ကလာပမြို့နယ်ရှိ ဇီဇဝါဥယျာဉ်အိမ်ယာရှေ့ ဗုံးတွေ့သည်ဟုဆိုကာ စစ်တပ်မှ ဖောက်ခွဲရှင်းလင်း
=====================

ဂန္ဒမာ
(မဇ္ဈိမ)။ ။ ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပမြို့နယ်၊ ဇီဇဝါဥယျာဉ်အိမ်ယာရှေ့၊ သံသုမာလမ်းမပေါ်၌ ယ‌မန်နေ့ ညပိုင်းက ဗုံးတွေ့ရှိသည်ဟုဆိုကာ စစ်တပ်မှ အဆိုပါနေရာပတ်ဝန်းကျင်တွင် ဖောက်ခွဲရှင်းလင်းခဲ့ကြောင်း သိရသည်။

"မနေ့ညက ဗုံးပေါက်တဲ့ အသံအကျယ်ကြီးပဲကြားလိုက်တယ်။ မနက်မှသိရတာက ဗုံးတွေ့လို့ဆိုပြီး စကစ(စစ်ကောင်စီတပ်)က သူတို့ဘာသာသူတို့ပဲဖောက်ခွဲလိုက်တယ်တဲ့။ ထိခိုက်တာတော့မကြားပါဘူးရှင့်။ အသံကတော့ကျယ်လို့ တခြားမြို့နယ်တွေကလည်း ကြားတယ်လို့တော့ ပြောပါတယ်။" ဟု တောင်ဥက္ကလာပဘုရားအနီးတွင် နေထိုင်သူတဦးကပြောသည်။

ဖြစ်စဉ်မှာ ဩဂုတ်လ ၂၁ ရက် ည ၁၀ နာရီခန့်ကဖြစ်ပြီး လက်လုပ်ဗုံးတွေ့ရှိသည်ဟုဆိုကာ သံသုမာလမ်းမပေါ်တွင်ပင် စစ်ကောင်စီတပ်မှဖောက်ခွဲလိုက်ခြင်းဖြစ်သည်။

ဗုံးခွဲမှုကြောင့် ထွက်ပေါ်လာသောအသံအား တောင်ဥက္ကလာပမြို့နယ်နှင့် ထိစပ်နေသော မြောက်ဒဂုံမြို့နယ်အပါအဝင်၊ အရှေ့ဒဂုံမြို့နယ်နှင့် သာကေတမြို့နယ်တို့တွင်ပင် ကြားရကြောင်း သိရသည်။

"ရန်ကုန်က အဖွဲ့တော်တော်များများကိုလိုက်မေးတာတော့ အဲ့မစ်ရှင်မရှိဘူးတဲ့။ မစ်ရှင်စာရင်းထဲမှာလည်း မတွေ့မိဘူး။ မသေချာမှာစိုးလို့လည်း ပကဖတွေကို လိုက်မေးထားတာ အဲ့မစ်ရှင်မရှိခဲ့ဘူးနော်။ ဘယ်အဖွဲ့က လုပ်ပါတယ်ဆိုတာလည်းမရှိဘူး။ ဒါပေမယ့် အဲ့ဗုံးက ဘယ်ကဘယ်လိုတွေ့လို့ စစ်တပ်က ဖောက်ခွဲလိုက်ရပါတယ် ဖြစ်သွားလဲတော့မသိဘူး" ဟု ရန်ကုန် မြေပြင်ရှိ တော်လှန်ရေးအင်အားစုတခုက ပြောသည်။

ယခုရက်ပိုင်းအတွင်းတွင် PDF များ ရန်ကုန်သို့ဝင်လာကြောင်း စစ်တပ်လော်ဘီများ၏ သတင်းလွှင့်မှုကြောင့် ရန်ကုန်၌ ဧည့်စာရင်းများဖြင့် ပိုက်စိပ်တိုက် စစ်ဆေးတင်းကျပ်ထားရာ ညစဉ် မြို့နယ် ခုနစ်ခု၊ ရှစ်ခုသို့ စစ်ကောင်စီနှင့် လက်အောက်ခံအဖွဲ့အင်အား အများအပြားဖြင့် ဝင်ရောက်ကာ စစ်ဆေးလျက်ရှိသည်။

ထို့အပြင် ရန်ကုန်တွင်လည်း ဇူလိုင်လ လကုန်ပိုင်းမှစတင်ကာ ဖောက်ခွဲမှု ၊ တိုက်ခိုက်မှု၊ ရှင်းလင်းမှုဖြစ်စဉ်များ အလွန်လျော့နည်းနေသည်ကို‌ တွေ့ရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#PDF
#တောင်ဥက္ကလာပမြို့နယ်
#ဇီဇဝါဥယျာဉ်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🔥3😁1
မြိတ်-တနင်္သာရီလမ်းပိုင်းတွင် စစ်ကောင်စီတပ်က အကန့်အသတ်ဖြင့် စားနပ်ရိက္ခာ သယ်ယူခွင့်ပြု
🔥5
မြိတ်-တနင်္သာရီလမ်းပိုင်းတွင် စစ်ကောင်စီတပ်က အကန့်အသတ်ဖြင့် စားနပ်ရိက္ခာ သယ်ယူခွင့်ပြု
=================

ကိုရွှေမြိတ်
(မဇ္ဈိမ)။ ။တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ မြိတ်-တနင်္သာရီလမ်းပိုင်း ဇဝဲကျေးရွာရှိ စစ်ကောင်စီတပ် အထိုင်ချထားသည့် စစ်ဆေးရေးဂိတ်က စားနပ်ရိက္ခာကို အကန့်အသတ်ဖြင့်သာ သယ်ယူခွင့်ပြုသည်ဟု ဒေသခံများထံမှ သိရသည်။

“အခုရက်ပိုင်းမှာ တကူရွာကနေ တနင်္သာရီမြို့နယ်ဘက်ကို ဆန်၊ ဆီ၊ ဆေးဝါး သယ်ဆောင်ခွင့်ကို ကန့် သတ်သတိပေးတာတွေ လုပ်လာတာပါ” ဟု ဒေသခံက ပြောသည်။

ယခင်က အဆိုပါ စစ်ဆေးရေးဂိတ်တွင် ယခုကဲ့သို့ တားမြစ်ကန့်သတ်ခြင်းမရှိဘဲ ယခုရက်ပိုင်းတွင် စစ်ရေး လှုပ်ရှားမှုများ ဆက်တိုက်ဖြစ်ပွားလာခြင်းကြောင့် ဩဂုတ်လ ၁၉ ရက်နေ့မှစ၍ ဖြတ်သန်းသွားလာသည့် ကားများကို ပစ္စည်းသယ်ယူခွင့် ကန့်သတ်၊ ပိတ်ပင်လိုက်ခြင်းဖြစ်ကြောင်း ကားသမားများနှင့် ဒေသခံများ ကပြောသည်။
“အဓိကတော့ ဆန်၊ ဆီ၊ ဆေးဝါး သုံးမျိုးကို အဓိကထားစစ်ဆေးပြီး သယ်ဆောင်ခွင့် တားမြစ် ကန့်သတ် နေတာပါ။ လောလောဆယ် သတိပေးတဲ့အဆင့်ပဲရှိသေးတော့ နောက်ပိုင်း ဘာတွေဖြစ်လာမလဲ မသိသေး ဘူး ”ဟု တနင်္သာရီမြို့နယ်မှ ယာဉ်မောင်းတဦးက ပြောသည်။

တနင်္သာရီမြို့နယ် ဇဝဲရွာလမ်းဆုံစစ်ဆေးရေးဂိတ်သည် မြိတ်မြို့၊ တနင်္သာရီမြို့နှင့် တကူကျေးရွာများသို့ သွားသည့်လမ်းသုံးခွဆုံရာနေရာဖြစ်ပြီး စစ်ကောင်စီလက်အောက်ခံ ခမရ(၅၅၆)မှ တပ်ရင်းမှူးကိုယ်တိုင် စစ်ဆေးနေကြောင်း ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။

ယခင်က အဆိုပါစစ်ဆေးရေးဂိတ်တွင် တခါတရံသာ စစ်ဆေးလေ့ရှိပြီး ငွေကြေးပေးဆောင်ကာသွားလာ ၍ရကြောင်း၊ တနင်္သာရီမြို့နယ်အတွင်း စစ်ရေးလှုပ်ရှားမှုများနှင့် တိုက်ပွဲများဖြစ်ပွားလာပါက ယင်းစစ် ဆေးရေးဂိတ်ကို ပိတ်ထားလေ့ရှိကြောင်း ဒေသခံများက ပြောသည်။

ဩဂုတ်လဒုတိယပတ်တွင် တနင်္သာရီမြို့နယ်အတွင်းရှိ တမုတ်ချုံးကျေးရွာအုပ်စု၊ အရှေ့မော်တုံးကျေး ရွာအုပ်စု၊ မြို့ပေါ်ရပ်ကွက်အချို့နှင့် ထုံခါ-မောတောင်လမ်းပိုင်းတို့တွင် စစ်ကောင်စီတပ်ဖွဲ့၏ စစ်ရေးလှုပ် ရှားမှုများရှိနေ၍ ဒေသခံအချို့ဖမ်းဆီးသတ်ဖြတ်ခံရမှုများရှိနေပြီး ကာကွယ်ရေးတပ်ဖွဲ့များနှင့် စစ်ကောင် စီတပ်ဖွဲ့တို့ကြား စစ်ရေးတင်းမာနေကြောင်းလည်း သိရသည်။

စစ်ကောင်စီတပ်က ထားဝယ်မြို့နယ်၊ အရှေ့တောဒေသကိုလည်း ဩဂုတ်လ ဒုတိယပတ်မှစ၍ ဆန်နှင့် ဆေးဝါး သယ်ယူခွင့်ကို ကန့်သတ်ထားသည်ဟု သိရသည်။

စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ

#တနင်္သာရီတိုင်း
#တနင်္သာရီမြို့နယ်
#စစ်ဆေးရေးဂိတ်

ပုံအညွှန်း-မြိတ်-တနင်္သာရီလမ်းပိုင်း။(ဓာတ်ပုံ-CJ)

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍7🤬3🔥1😁1
This media is not supported in your browser
VIEW IN TELEGRAM
ဖူကူရှီးမားဓာတ်ပေါင်းဖိုမှ ရေထုတ်လွှတ်မှုနဲ့ပတ်သက်ပြီး အင်္ဂါနေ့မှာဆုံးဖြတ်မယ့်အကြောင်း ဂျပန်ပြော

#Internationalnews #mizzimaplushd #internationalnews #mizzima #mizzimanews #mizzimadailynews #myanmarnews #todaynews #newsupdate #Reels #Shorts #Japan
ဆားလင်းကြီး ချည်မျှင်နှင့်အထည်စက်ရုံ၌တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ တိုက်ခိုက်ခံရ
=======================

လွှမ်းမိုး (မဇ္ဈိမ) ။ ။စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့ရှိ အမှတ်(၆) ချည်မျှင်နှင့်အထည်စက်ရုံ၌ တပ်စွဲနေသည့် စစ်ကောင်စီတပ်ဖွဲ့ကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက ဩဂုတ်လ ၂၀ ရက်နေ့ ညနေ ၅ နာရီခွဲက လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Hero Fighter တပ်ဖွဲ့ထံမှ သိရသည်။

“လက်နက်ကြီးတွေ ဖြစ်တဲ့ ၆၀ မမ ၊ ၈၀ မမ ၊ ၄၀ မမ တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ စက်ရုံ အဆောက်အဦးတွေပျက်စီးခဲ့ပြီး စစ်သားသေဆုံးမှုလည်းရှိပေမယ့် အသေးစိတ် အတည်မပြုနိုင်သေး ပါ ဘူး”ဟု Hero Fighter တပ်ဖွဲ့မှ ဗိုလ်သူရိန်က ပြောသည်။

အဆိုပါ တိုက်ခိုက်မှုကို Hero Fighter (SALINGYI) ၊ ယင်းမာပင်ခရိုင် အမှတ်(၃၅) တပ်ရင်း ၊ Chindwin Dynamite နှင့် ဒေသတွင်း ညီနောင်မဟာမိတ်များက ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဒေသကာကွယ်ရေး ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့‌ကြောင်း သိရသည်။

စစ်ကောင်စီတပ်သားများ အထိုင်ချတပ်စွဲနေထိုင်ရာဖြစ်သည့်အတွက် တပတ်ခန့်အချိန်ယူကာ ကြိုတင် ပြင်ဆင်မှုများ ပြုလုပ်ခဲ့ရသည်ဟု ဆိုသည်။

ဆားလင်းကြီးမြို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ရဲစခန်း၊ ထွေအုပ်ရုံး၊ ချည်မျှင်နှင့်အထည်စက်ရုံ တို့၌တပ်စွဲနေထိုင်ပြီး ယခုစစ်ဆင်ရေးဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်က မြို့တောင်ဘက်၌ ကင်းပုန်း များချထားကြောင်း Hero Fighter တပ်ဖွဲ့ ထံမှ သိရသည်။


စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ

https://youtu.be/a7tDFx8EhzY

#စစ်ကိုင်းတိုင်း
#ဆားလင်းကြီးမြို့
#စစ်ကောင်စီတပ်
#တိုက်ခိုက်မှု

ရုပ်သံအညွှန်း-ပစ်ခတ်တိုက်ခိုက်မှုပြုလုပ်နေသည့် ကာကွယ်ရေးတပ်ဖွဲ့ဝင်များ။(ဓာတ်ပုံ-Hero Fighter)

-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U
👍9👏2🔥1😁1
​​ရေနံချောင်းတွင် အရပ်ဝတ်ဖြင့်ဈေးလာဝယ်သည့် စစ်သား ၂ ဦးကို PDF တိုက်ခိုက်၊ ၁ ဦး သေဆုံး
======================

မောင်ခက်နွေ၊ ရောင်နီ
(မဇ္ဈိမ) ။ ။မကွေးတိုင်း၊ ရေနံချောင်းမြို့၊ မြို့မဈေးကြီးတွင် ဈေးဝယ်ပြီးပြန်လာသည့် စစ်ကောင်စီတပ်သား နှစ်ဦးကို တိုက်ခိုက်ခဲ့ရာ ဒုတပ်ကြပ်တဦးသေဆုံးပြီး တပ်သားတဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံ များနှင့် မကွေးခရိုင်၊ အမှတ်(၂) PDF တပ်ရင်းက မဇ္ဈိမကို အတည်ပြုပြောကြားသည်။

ခလရ(၇၇)မှ စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦး ရေနံချောင်းမြို့လယ် မြို့မတောင်ရပ်ကွက်၊ ဂုဏ်မသိမ်လမ်း တွင် သြဂုတ် ၂၁ ရက်နေ့ ညနေ ၅ နာရီဝန်းကျင်က ပစ်ခတ်ခံခဲ့ရခြင်း ဖြစ်သည်။

ပစ်ခတ်ခံရမှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ဒုတပ်ကြပ်၏ခေါင်းကိုကျည်ဆန်ထိမှန်ပြီး နေရာမှာတင် ပွဲချင်းပြီး သေဆုံးသွားသည်ဟု မကွေးခရိုင် အမှတ် (၂) တပ်ရင်း၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

“သူတို့က ညနေတိုင်း အရပ်ဝတ်တွေနဲ့ ကင်းပတ်ရင်း စျေးဝယ်နေကျပေါ့။ ဆိုင်ကယ်နဲ့ ကင်းပတ်နေတဲ့ နှစ်ယောက်ပေါ့။ စကစဘက်က ဒုတပ်ကြပ်တဦး နေရာမှာတင် ခေါင်းမှန်ပြီး သေတယ်၊ ကျန်တဦးက ဒဏ် ရာပြင်းထန်တယ်၊ ပစ်ခတ်မှုကတော့ သူတို့ဆိုင်ကယ်ကို အနောက်ကနေလိုက်ပစ်တာဆိုတော့ သိပ် မကြာပါဘူး ခဏပါပဲ၊ ပြီးတော့ အမြန်ဆုံး ဆုတ်ရတာပေါ့” ဟု မကွေးခရိုင် အမှတ် (၂) တပ်ရင်း၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

သေဆုံးသွားသော ဒုတပ်ကြပ်၏ အလောင်းကို ပစ်ခတ်မှုဖြစ်ပြီး တနာရီကျော်ကြာမှ စစ်ကောင်စီတပ်က လာရောက်ကောက်ယူသွားကြောင်း ဒေသခံတဦးက မဇ္ဈိမကို ပြောသည်။

“လမ်းပေါ်မှာ သေသွားတဲ့ စစ်သားအလောင်းကို ချက်ချင်း လာမကောက်ကြဘူး၊ တနာရီလောက်ကြာမှ စစ်တပ်က ရောက်လာပြီး ကောက်သွားတယ်” ဟု ရေနံချောင်း ဒေသခံတဦးက ပြောသည်။
စစ်ကောင်စီတပ်က ပစ်ခတ်မှုဖြစ်ပွားခဲ့သည့် ဂုဏ်မသိမ်လမ်းကိုပိတ်ဆို့ကာ တအိမ်တက် တအိမ်ဆင်း လိုက်လံစစ်ဆေးခြင်း၊ နေအိမ်အတွင်းမှ ထွက်မလာပါက “မီးရှို့ပစ်မည်”ဟု ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့ ကြောင်း သိရသည်။

တိုက်ခိုက်မှုကို ကွေးခရိုင် အမှတ်(၂)တပ်ရင်း၊ ငါးပြေမပြောက်ကျားတပ်ဖွဲ့နှင့် ချောက်ပကဖတို့ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း မကွေးခရိုင်၊ အမှတ် (၂) PDF တပ်ရင်းက ပြောသည်။

စာတည်း။ ။ နောင်နောင်
စာမူတည်းဖြတ်။ ။စောဖေ

#မကွေး
#ရေနံချောင်း
#ရဲပစ်သတ်ခံရ
#Mizzima

ပုံစာ- ရေနံချောင်းမြို့မဈေးကို ၂၀၂၀ ခုနှစ်ကတွေ့မြင်ရပုံ

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍10👏2🔥1🥴1
​​တော်လှန်ရေးဦးဆောင်သူများ ဖြောင့်မတ်မှုရှိရန် ယာယီသမ္မတ သတိပေး
=====================

ရောင်နီ
(မဇ္စျိမ)။ ။တော်လှန်ရေးဦးဆောင်သူများအနေဖြင့် လူထုနှင့်တသားတည်းနေထိုင်ကြရန်နှင့် ဖြောင့်ဖြောင့် မတ်မတ်ရှိကြရန် NUG ယာယီသမ္မတ ဒူဝါလရှီးလက အထူးသတိပေး တိုက်တွန်းလိုက်သည်။

ယနေ့ သြဂုတ်လ ၂၂ ရက်တွင်ပြုလုပ်သည့် အမျိုးသားညီညွတ်ရေးအစိုးရ၏ အစိုးရအဖွဲ့ အစည်းအဝေး၌ ယာယီသမ္မတ ဒူဝါလရှီးလက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

“ လူထုတော်လှန်ရေးကို ဦးဆောင်နေတဲ့ ကျွန်တော်တို့ဟာ မိမိကိုယ်ကိုယ် လူထုနဲ့တသားတည်း နေထိုင် ကြဖို့နဲ့ လူထုကိုဦးဆောင်ရာမှာ ဖြောင့်ဖြောင့်မတ်မတ်ရှိကြဖို့ အထူးသတိပေးတိုက်တွန်းလိုပါတယ်။ ဒါ့ အပြင် လက်ရှိ အရှိပကတိကို လူထုနားလည်သဘောပေါက်အောင် ရှင်းလင်းပြဖို့လည်း တာဝန်ရှိပါတယ်” ဟု ၎င်းက ပြောသည်။

နွေဦးတော်လှန်ရေးသည် နှစ်နှစ်ကျော် သုံးနှစ်အတွင်းကိုရောက်ရှိနေပြီး လူထုထောက်ခံမှုနှင့် မဟာမိတ် စုဖွဲ့နိုင်မှုသည့် အထူးအလေးထားရမည့် အရေးကိစ္စများဖြစ်ကြောင်းလည်း ယာယီသမ္မတကဆိုသည်။
“နွေဦးတော်လှန်ရေးမှာ ကျွန်တော်တို့ဟာ လူမျိုးစုလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ မဟာမိတ်ဆက်ဆံ ရေးကို ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်အပေါ်အခြေခံပြီး စနစ်တကျတည်ဆောက်ထားပါတယ်။ ဒါကို ပို ပြီး စည်းနှောင်အားကောင်းတဲ့ မဟာမိတ်ဆက်ဆံရေးဖြစ်ထွန်းအောင် လုပ်ဆောင်ထားဖို့ လိုအပ်ပါတယ်” ဟု ယာယီသမ္မတက ဆိုသည်။

စစ်အာဏာရှင်စနစ်အမြစ်ပြတ်ချေမှုန်းရေးတွင် လူထုတိုက်ပွဲနှင့် လက်နက်ကိုင်တိုက်ပွဲကို ဘယ်ဘက် ခြေထောက်နှင့် ညာဘက်ခြေထောက်အဖြစ် မှတ်ယူဖို့လိုကြောင်းလည်း ယာယီသမ္မတက အစိုးရအဖွဲ့၀င် များကို ပြောသည်။

“ လူထုတော်လှန်ရေးလမ်းစဉ်နဲ့ လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ်ဟာ သီးခြားဖြစ်တည်နေလို့ မရပါ ဘူး။ သိမ်မွေ့စွာပေါင်းစပ်ဖို့ အထူးလိုအပ်ပါတယ်။ လူထုတိုက်ပွဲဖြစ်တဲ့ နိုင်ငံရေးနည်းနဲ့ ခုခံတော်လှန်စစ် ဖြစ်တဲ့ လက်နက်ကိုင်တိုက်ပွဲဟာ ရန်ဖက်တွေ မဟုတ်ပါဘူး။ မိတ်ဖက်တွေဖြစ်ကြောင်း နားလည်ဖို့ လိုပါ တယ် ” ဟု ၎င်းက ဆိုသည်။

လက်တွေ့ကျသည့် တော်လှန်ရေးအောင်ပွဲရလဒ်များကို လူထုထံအပ်နှံရန်လိုအပ်ပြီး လူထုနှင့်မကင်းကွာ သည့် တော်လှန်ရေးသည်သာလျှင် အောင်ပွဲရလဒ်ကို အမှန်တကယ် ဆောင်ကြဉ်းပေးနိုင်မည်ဖြစ်ကြောင်း ယာယီသမ္မတက ပြောကြားခဲ့သည်။

စာတည်း ။။ Alden
စာမူတည်းဖြတ်။ ။စောဖေ

#ယာယီသမ္မတ
#ဒူဝါလရှီးလ
#သတိပေး
#တော်လှန်ရေး
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍15😁2🤮1
Media is too big
VIEW IN TELEGRAM
ထိုင်းဘတ်ငွေဈေးဂယက်ကြောင့် စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ တော်လှန်ရေးအတွက် လက်နက်ခဲယမ်းဝယ်ယူဖို့ ခက်ခဲလာဟုဆို

Watch more detail - https://youtu.be/TlpCwNmEYo4

#BusinessRoundUp #MizzimaTV #mizzimaplushd #internationalnews #mizzima #mizzimanews #mizzimadailynews #myanmarnews #todaynews #newsupdate #Reels #Shorts
🔥4😁2