Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
စစ်ကောင်စီတပ် ပစ်ခတ်သည့် လက်နက်ကြီးကျည်မှန်၍ အမျိုးသမီး သေဆုံး
====================

ပါခွီး
(မဇ္စျိမ) ။ ။ စစ်ကိုင်းတိုင်း ၊ စစ်ကိုင်းမြို့နယ် ညောင်ပင်ရှည်မှ မြင်းမူမြို့နယ် မူးမန္တလေးကျေးရွာသို့ စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့်ပစ်ခတ်ရာ အမျိုးသမီး တဦးသေဆုံးသွားကြောင်း မြင်းမူမြို့နယ် သတင်းမှန်ပြန်ကြားရေးကထုတ် ပြန်သည်။

စစ်ကိုင်းမြို့နယ် ၊ ညောင်ပင်ရှည်ရွာသို့ ရောက်ရှိနေသော အင်အား ၁၀၀ခန့်ရှိသည့် စစ်ကောင်စီတပ်ဖွဲ့သည် ဩဂုတ်လ ၂၁ရက် နံနက် ၁၁နာရီခန့်တွင် မြင်းမူမြို့နယ် မူးမန္တလေးရွာဘက်သို့ လက်နက်ကြီး သုံးလုံး ပစ်ခတ်ခဲ့ရာ လက်နက်ကြီး ကျည်ထိမှန် ပြီးအသက် ၂၁နှစ်အရွယ် အမျိုးသမီးသေဆုံးခဲ့ခြင်း ဖြစ်သည်။

“လက်နက်ကြီး သုံးလုံးလှမ်းပစ်တာ နှစ်လုံးက မူးမန္တလေးရွာရဲ့မြောက်ဖက်ကို ကျတယ် ၊ နောက်ဆုံးအလုံးက ရွာမြောက်ပိုင်းမှာ ရေချိုးနေတဲ့အမျိုးသမီးကိုမှန်တာ ၊ ခြေထောက်နှစ်ချောင်းပြတ်ပြီး ခါးကနေဝမ်းဗိုက်ထိုးချင်းပေါက်ဒဏ်ရာနဲ့ သေဆုံး သွားခဲ့တာ” ဟု ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့ခေါင်းဆောင်တဦးက မဇ္စျိမ ကိုပြောသည်။

စစ်ကိုင်းမြို့နယ် ၊ ညောင်ပင်ရှည်ရွာနှင့် မြင်းမူမြို့နယ် မူးမန္တလေးရွာတို့သည့် ပေ ၃,၈၀၀ ကျော်သာ ကွာဝေးပြီး မူးသာခြားသည့် ရွာနှစ်ရွာဖြစ်ကြောင်း သိရသည်။

အဆိုပါစစ်ကြောင်းသည် မြင်းမူမြို့နယ် ရွာသာလေးရွာကို ဝင်ရောက်ပြီး စစ်ဘေးရှောင်ဒေသခံ အမျိုးသားလေးဦးကို သတ်ဖြတ်ပြီး အိမ်တလုံးကို မီးရှို့ခဲ့ကာ မုံရွာ - မန္တလေး စစ်ကောင်စီယာဉ်တန်း လုံခြုံရေးယူ ကင်းပုန်းဝပ်ခဲ့သည့် စစ်ကောင်စီတပ်များဖြစ်ကြောင်း ကာကွယ်ရေးတပ်ဖွဲ့ခေါင်းဆောင်ကဆက် ပြောသည်။

ကင်းပုန်းဝပ်ပြီးနောက် မြင်းမူမြို့နယ် ဝမ်းပြည့်ရွာမှတဆင့် ဩဂုတ်လ ၁၈ရက် နံနက်ပိုင်းတွင် ပျော့ရွာသို့ရောက်ရှိလာကာ ၎င်းမှတဆင့် ညနေ ၆နာရီ အချိန်တွင် ညောင်ပင်ဝန်းစခန်းမှ စစ်ကိုင်းနယ်အနောက်ခြမ်းသို့ စစ်ကြောင်းထိုးနေခြင်း ဖြစ်သည်။
မူးမန္တလေးရွာသည် လွန်ခဲ့သည့်ဇူလိုင်လတွင် လေကြောင်းမှတိုက်ခိုက်ခံခဲ့ရပြီး စစ်ကောင်စီတပ်မှ ရွာကို ဝင်ရောက်မီးရှို့ခံခဲ့ရကြောင်းသိရသည်။

အဆိုပါစစ်ကောင်စီတပ်စစ်ကြောင်းသည် ဩဂုတ်လ ၂၁ရက်နေ့တွင် ညောင်ပင်ရှည်ရွာမှ ထွက်ခွာလာပြီး ပေါင်းမမြောက်ရွာ ဘုန်းကြီးကျောင်း (တောင်)တွင် ညအိပ်ခဲ့ကာ ဩဂုတ်လ ၂၂ရက် ယနေ့နံနက်အစောပိုင်းတွင် ထန်းတောဆိပ်ရွာသို့ရောက်ရှိလာခဲ့ပြီး ဒေသခံနေအိမ်များကို မီးရှို့ဖျက်ဆီးနေကြောင်း ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရှိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#စစ်ကိုင်းမြို့နယ်
#အမျိုးသမီး
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍6🤬2❤1🔥1😁1
​​ပေါက်တွင် ရဲတပ်ဖွဲ့ တိုက်ခိုက်ခံရ ၁ ဦးသေ၊ လက်နက်ခဲယမ်းအချို့ ကာကွယ်ရေးအဖွဲ့ရရှိ
=====================

ကိုခင်မောင်
(မဇ္စျိမ)။ ။ မကွေးတိုင်း၊ ပေါက်မြို့နယ်တွင် ပြည်သူပိုင်လမ်းပေါ် စစ်ဆေးရေးလုပ်နေသည့် ရဲတပ်ဖွဲ့ကို တိုက်ခိုက်ခဲ့ရာ ရဲတဦးသေဆုံးပြီး သေနတ်တလက်နှင့် ကျည်ဆန်များသိမ်းဆည်းရရှိခဲ့ကြောင်း Anonymous Special Task Force- ASTF (Pauk) အဖွဲ့ထံမှ သိရသည်။

ပေါက်မြို့နယ်၊ရေပြာနယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင် ငါးဦးသည် ယနေ့ သြဂုတ်လ ၂၂ ရက်နေ့ နံနက်၇နာရီ ၄၅မိနစ်ခန့်တွင် ရေပြာလမ်းဆုံ၌ ဆက်ကြေးကောက်နေချိန် တိုက်ခိုက်ခြင်းဟု Anonymous Special Task Force တာဝန်ရှိသူကမဇ္စျိမသို့ ပြောသည်။

“ရေပြာရဲစခန်းကနေ ရေပြာလမ်းဆုံကိုလာပြီး ပိုက်ဆံတောင်းတာပါ။သူတို့ အင်အား ငါးယောက်ပါတယ်။ ရဲတဦးသေဆုံးပြီး G3 သေနတ်တလက် ကျည် ၁၇၁ တောင့်ကို သိမ်းဆည်းရမိခဲ့ပါတယ်” ဟု ၎င်းက ဆိုသည်။

”နောင်ရိုး စစ်ဆင်ရေး” အဖြစ် အနီးကပ်ဝင်ရောက်တိုက်ခိုက်ခြင်းဖြစ်ပြီး ရဲ‌လေးဦးထွက်ပြေးလွတ်မြောက်သွားသည်ဟုဆိုသည်။
အဆိုပါတိုက်ခိုက်မှုကို ASTF (Pauk)တပ်ဖွဲ့၊ မြိုင် ပကဖ ရင်း၁ - စိတ် ၁၈၊ NPRF တပ်ဖွဲ့ ၊ Fire Revolution Group (ခရိုင်ရင်း ၁၆) ၊ ပခုက္ကူမြို့ပြပျောက်ကြားတပ်ဖွဲ့ ၊ ဗိုလ်ဗျတ္တနှင့် နွေဦးလေပွေတပ်ဖွဲ့၊ Justic Fighter တပ်ဖွဲ့၊ ကင်ဒိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ အဆိုတော်တပ်ဖွဲ့ ၊ ဆိုင်ကလုန်းပျောက်ကြားတပ်ဖွဲ့၊ ဗိုလ်လရောင်တပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စာတည်း - အေးချမ်း

#mizzima
#ပေါက်မြို့နယ်
#ရဲတပ်ဖွဲ့
#ASTF (Pauk)

ပုံ - ရဲတပ်ဖွဲ့ထဲမှရရှိသော လက်နက်ခဲယမ်းအချို့

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
❤12😁1🥴1
မိုးထဲလေထဲ စစ်ကြောင်းကြားမှာ ကျင်းပတဲ့ မြောင်နယ်လုံးဆိုင်ရာ ရေပေါ်သပိတ်
=====================

KMN (မဇ္ဈိမ)။ ။ စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်မှာ မိုးရွာသွန်းပြီး ရာသီဥတု ဆိုးဝါးနေတဲ့အပြင် စစ်ကောင်စီတပ်က စစ်ကြောင်းတွေ ထိုးနေတဲ့ကြားက မြောင် နယ်လုံးဆိုင်ရာ ရေပေါ်သပိတ်ကို သြဂုတ်လ ၂၁ ရက် မနေ့က ကျင်းပခဲ့ပါတယ်။

ကုန်းပေါ်မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်တွေပြုလုပ်ခဲ့သလို ရေပေါ်မှာလည်း စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်ပြုလုပ်တာ ဖြစ်တယ်လို့ ဦးဆောင်သူတွေက ပြောပါတယ်။

တင်ဆက်၊တည်းဖြတ် - KMN

https://youtu.be/WUUvYfRriJA

#‌မြောင်နယ်လုံးဆိုင်ရာ
#ရေပေါ်သပိတ်
#Mizzima
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍14🔥1😁1🤮1
​​F-15 တိုက်လေယာဉ်များ ဝယ်ယူရေးအတွက် အင်ဒိုနီးရှားနှင့် ဘိုးရင်းကုမ္ပဏီတို့ သဘောတူ 
======================

အရှေ့တောင်အာရှ၏ စီးပွားရေးအကြီးဆုံး အင်ဒိုနီးရှားနိုင်ငံသည် ၎င်း၏ စစ်တပ်အောင် ခေတ်မီအောင် မြှင့်တင်လျက်ရှိရာ F-15EX တိုက်လေယာဉ် နှစ်ဒါဇင် ဝယ်ယူရေးအတွက် အမေရိကန်လေယာဉ်ထုတ်လုပ်သည့် ဘိုးရင်းကုမ္ပဏီနှင့် သဘောတူညီချက် ရရှိကြောင်း အင်ဒိုနီးရှား ကာကွယ်ရေးဝန်ကြီးဌာနက အင်္ဂါနေ့တွင် ပြောသည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍5🔥1😁1
ဩဂုတ်လ (၂၂) ရက်၊ ည ၇ နာရီ The Mizzima Prime Time မဇ္စျိမ ပင်မသတင်းအစီအစဥ်
======================

- တော်လှန်ရေးဦးဆောင်နေသူတွေ ဖြောင့်မတ်မှု ရှိဖို့ ယာယီသမ္မတ သတိပေး တဲ့သတင်း

− လက်နက်နဲ့အတူ CDM ဝင်လာသူ ရဲ ၂ဦးကို ကျပ် သိန်း၁၀၀ ချီးမြှင့်တဲ့သတင်း

− ကလေးငယ်တွေကို ခေါင်းရိုက်နှက်တဲ့ ကျောင်းအုပ်ဆရာမကို မြို့နယ်ပညာရေးရုံးထံ တိုင်ကြားသွားမယ်ဆိုတဲ့သတင်း

− မန္တလေးမှာ ညအချိန် အရပ်ဝတ်လက်နက်ကိုင်တွေ တားဆီးစစ်ဆေးနေတာကြောင့် မြို့လူထု ဒုက္ခရောက်နေကြတဲ့ သတင်း

− ဟွန်ဆန်ရဲ့သားကိုအာဏာလွှဲအပ်ဖို့ မဲခွဲဆုံးဖြတ်မှုမပြုလုပ်ခင် ကမ္ဘောဒီးယားပါလီမန်ကို စတင်ဖွင့်လှစ်လိုက်တဲ့သတင်းနဲ့

− ထိုင်းဘတ်ငွေဈေးဂယက်ကြောင့် စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ တော်လှန်ရေးအတွက် လက်နက်ခဲယမ်းဝယ်ယူဖို့ ခက်ခဲလာတဲ့သတင်းအပါအဝင် တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးပါမယ်။

https://www.youtube.com/live/0s2JYxqo1gY?feature=share

#7pmnews
#themizzimaprimetime
#MizzimaTV
----------------------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍7🤮1🍌1
ကြေးနီသတ္ထုတွင်းအကြောင်းပြု လူသတ်ပွဲရပ်ရန်တောင်းဆိုသည့် ကျေးရွာပေါင်းစုံသပိတ်
❤7👍2🔥1😁1
ကြေးနီသတ္ထုတွင်းအကြောင်းပြု လူသတ်ပွဲရပ်ရန်တောင်းဆိုသည့် ကျေးရွာပေါင်းစုံသပိတ်
==========================

ပါခွီး
(မဇ္စျိမ)။ ။စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်နှင့် ဆားလင်းကြီးမြို့နယ်အတွင်းရှိ ကျေးရွာများစုပေါင်း၍ မြန်မာဝမ်ပေါင်၊ မြန်မာယန်စီကုမ္ပဏီ ဆန့်ကျင်ရေး ဆန္ဒပြပွဲကို ဩဂုတ်လ ၂၂ ရက် ယနေ့တွင် ချီတက် ဆန္ဒပြကြသည်။

လူထုသပိတ်စစ်ကြောင်းသည် “ကြေးနီသတ္ထုတွင်းအကြောင်းပြု လူသတ်ပွဲလုပ်နေတာ ချက်ခြင်းရပ်” စာတန်းနှင့်အတူ မြန်ဝမ်ပေါင် အလိုမရှိ ၊ မြန်မာယန်စီ အလိုမရှိ စာသားများကိုင်ဆောင်ပြီး ကြွေးကြော် သံများဟစ်ကြွေးချီတက်ခဲ့ခြင်း ဖြစ်သည်။

ဝမ်ပေါင်နှင့် ယန်စီကုမ္ပဏီများ၏လုပ်ငန်းခွင်တွင် စစ်ကောင်စီတပ်များ စခန်းချနေပြီး ယင်းနေရာများမှ ထွက်၍ ပြည်သူများကို သတ်ဖြတ်၊ နေအိမ်မီးရှို့ဖျက်ဆီး၊ မုဒိမ်းကျင့် စသည့် လူမဆန်သောလုပ်ရပ်များ လုပ်ဆောင်နေပြီး စစ်ကောင်စီကို အထောက်အပံ့ပေးနေသောကြောင့် လက်မခံဘဲ သပိတ်မှောက် ဆန္ဒပြ ရခြင်းဖြစ်ကြောင်း သိရသည်။

ယင်းမာပင်နှင့် ဆားလင်းကြီးမြို့နယ်အတွင်းမှ ကျေးရွာပေါင်းစုံသပိတ်စစ်ကြောင်းသည် ၂၀၂၁ ခုနှစ် မတ် လ ၉ ရက်နေ့မှစတင်ကာ စစ်အာဏာရှင်ကိုဆန့်ကျင်ဆန္ဒပြခဲ့ခြင်းဖြစ်ပြီး ယနေ့သည် ရက်ပေါင်း ၈၈၃ မြောက် ချီတက်ခဲ့ခြင်းဖြစ်သည်။

စာတည်း။ ။စောဖေ

#စစ်ကိုင်းတိုင်း
#ကျေးရွာပေါင်းစုံသပိတ်စစ်ကြောင်း
#စစ်အာဏာရှင်ဆန့်ကျင်ရေး
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
❤7👍4😁2🔥1
​​PDF များ မြို့ပေါ်ရောက်နေပြီဆိုသောသတင်းကြောင့် မင်းလှမြို့တွင် စစ်ကောင်စီက လုံခြုံရေးတင်းကျပ်
===================

ရွှေနွယ်
(မဇ္ဈိမ)။ ။ ပဲခူးတိုင်း၊ မင်းလှမြို့တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် (PDF) များ မြို့ပေါ်သို့ရောက်ရှိနေပြီ ဆိုသည့်သတင်းကြောင့် စစ်ကောင်စီကလုံခြုံရေးတင်းကျပ်ထားကြောင်း မြို့ခံများကမဇ္ဈိမကို ပြောသည်။

မြို့နေရာအနှံ့အပြားတွင် လုံခြုံရေးတင်းကြပ်ပြီး အရပ်သားငါးဦးကိုလည်း ဖမ်းဆီးထားကြောင်း မြို့ခံများ က ဆိုသည်။

ယခင်က သွားလာခွင့်ပြုထားသော မင်းလှရဲစခန်းရှေ့မှလမ်းကိုလည်း ဩဂုတ်လ ၁၈ ရက်နေ့မှ စတင်ကာ ကားများဖြတ်သန်းခွင့်မပြုတော့ဘဲ ဆိုင်ကယ်များကိုသာ တစီးချင်းဖြတ်သန်းရန် ကန့်သတ်လိုက်ကြောင်း မင်းလှဒေသခံတဦးက ပြောသည်။

“မြို့ပေါ်မှာ PDF အယောက် ၁၀၀ လောက်ရောက်နေပါပြီဆိုပြီး လုံခြုံရေးတင်းကျပ်ထားတာ။ မနေ့ည ကတည်းက ကွမ်းယာဆိုင်က ကိုဖက်တီးကိုဖမ်းသွားတာ၊ ဒီမနက်လည်း ဆက်ဖမ်းနေတယ်၊ ငါးယောက် လောက်ရှိပြီပါသွားတာ၊ ရဲစခန်းရှေ့လည်း လမ်းပိတ်ထားတာ ကောင်းကောင်းသွားမရဘူး” ဟု မင်းလှ ဒေသခံက မဇ္ဈိမကို ပြောသည်။

ဖမ်းဆီးခံရသူများမှာ ကွမ်းယာဆိုင်ပိုင်ရှင် ကိုဖက်တီး၊ စျေးချိုတန်းလမ်းမပေါ်ရှိ ကျားမင်းမုန့်ဆိုင်ဘေး ဖိနပ်ဆိုင်မှ ပိုင်ရှင်အမျိုးသမီးတဦးနှင့် အခြားအမည်မသိရသေးသူ သုံးဦး၊ စုစုပေါင်း ငါးဦးဖြစ်သည်ဟု အဆိုပါဒေသခံမှ ပြောသည်။

မင်းလှမြို့ပေါ်တွင် စစ်ကောင်စီတပ်သားများ ယခင်က ညဘက်တွင် လှည့်ကင်းပတ်လေ့ မရှိသော်လည်း လက်ရှိတွင် အင်အား ၁၅ ဦးဝန်းကျင်ဖြင့် ကင်းလှည့်နေကြောင်းလည်း ဒေသခံများက ဆိုသည်။
တဖြည်းဖြည်း အင်အားချိနဲ့လာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် စိတ်ကယောင်ချောက်ချားဖြစ်လာ သည်ကိုတွေ့ရကြောင်း သာယာဝတီခရိုင် ပြည်သူ့ကာကွယ်ရေးတပ် ပြန်ကြားရေးတာဝန်ရှိသူတဦးက မဇ္ဈိမကို ပြောသည်။

“အဓိကတော့ ခုရက်ပိုင်း မင်းလှဘက်မှာ PDF တွေရဲ့ လှုပ်ရှားမှုတွေများလာတယ်။ နောက်ပြီး မင်းလှ ခလရ(၁)တပ်ထဲမှာလည်း စစ်သားက ၁၄ ယောက်လောက်ပဲကျန်တာ။ အဲဒီထဲမှာ မူးနေတာက ခုနစ် ယောက်လောက်ဆိုတော့ သွေးရူးသွေးတန်းဖြစ်နေတယ် ပြောရမယ်” ဟု သာယာဝတီခရိုင် PDF က ပြောသည်။

စစ်ကောင်စီ၏ ခလရ(၁)ရှေ့မှ မြို့ချောင်း−စိန့်ကန့်လန့်ကားလမ်းကိုလည်း ညဘက်တွင် ပိတ်ထားပြီး တပ်အနီးတွင် နင်းမိုင်းများထောင်ကာ နံနက်ပိုင်းမှ ပြန်ဖြုတ်ကြောင်း ၎င်းက ပြောသည်။
ထိုသို့ပြုလုပ်နေသည်မှာ ရက်အနည်းငယ်ကြာပြီဖြစ်ကြောင်းလည်း ဆိုသည်။

မင်းလှမြို့နယ်တွင် မြို့ချောင်း−စိန်ကန့်လန့် ရိုးမဖြတ်ကျော်လမ်းအား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ စိုးမိုးထားပြီးနောက် စစ်ကောင်စီနှင့်ပူးပေါင်းပြီး ရိုးမအတွင်း သစ်ခိုးထုတ်သူများကို ပြင်းထန်စွာအရေးယူ မည်ဟု ကာကွယ်ရေးတပ်ဖွဲ့က သတိပေးထားသည်။

စာတည်း။ ။ နောင်နောင်
စာမူတည်းဖြတ်။ ။စောဖေ

#မင်းလှ
#PDFမြို့ပေါ်ရောက်
#Mizzima
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😁11👍6🔥1👏1🤬1
ဩဂုတ်လ (၂၂) ရက်၊အင်္ဂါနေ့ ညပိုင်း ရေဒီယို အစီအစဉ်
==================

မြန်မာ့အရေး သက်ဆိုင်သူတွေ အားလုံးပါဝင်တဲ့ဆွေးနွေးပွဲပြုလုပ် အဖြေရှာဖို့ အင်ဒိုနီးရှား ကြိုးပမ်းနေ၊PDF -Zoland ဆီကို လက်နက်နှင့်အတူ CDMဝင်လာသူ ရဲတပ်သား ၂ဦးကို ကျပ် ၁၀၀သိန်း ချီးမြှင့်၊ထိုင်းဝန်ကြီးချုပ်ဟောင်းသက်ဆင် ထိုင်းနိုင်ငံကို ပြန်လည်ရောက်ရှိလာပြီ ဆိုတဲ့ နောက်ဆုံးရပြည်တွင်းနဲ့နိုင်ငံတကာသတင်းတွေအတူ စီးပွားရေးသတင်းတွေနဲ့အားကစားကဏ္ဍကိုလည်းနားဆင်ရမှာပါ။

သတင်းတွေအပြီးမှာတော့ ဒီနေ့အတွက် သတင်းသုံးသပ်ချက်၊ဒီညနေထိ နောက်ဆုံးရ ကုန်ဈေးနှုန်းတွေကိုလည်း တင်ပြပေးမှာဖြစ်ပြီး အပတ်စဉ် ကဏ္ဍတွေအဖြစ် “မရွှေမိုးရဲ့လေးညှို့သံအစီအစဉ်” နဲ့ “သဘာဝရဲ့လက်ဆောင်” (သော်ကပင်) အစီအစဉ်တွေကို နားဆင်ရမှာဖြစ်ပြီးတော့ တိုင်းရင်းသားတွေရဲ့အသံနဲ့အမြင်တွေကို စုစည်းတင်ဆက်ပေးနေတဲ့ BNI ရေဒီယိုအစီအစဉ်တွေကိုလည်း ထုတ်လွှင့်သွားဖို့ရှိပါတယ်။

https://youtu.be/A2PCSYcQ9iM

#လူနည်းစု လူမျိုး
#စစ်‌ဘေးရှောင်
#ကလေးသူငယ်
#Eveningradio
#Mizzimaradio
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍7🍌2
“သတင်းအချက်အလက်တွေက စစ်ကောင်စီကိုအရေးယူဖို့အတွက် အရေးပါတဲ့ အခန်းကဏ္ဍဖြစ်တယ်”
======================

မိုးသောက် (မဇ္ဈိမ) ။ ။လွတ်လပ်တဲ့သတင်းမီဒီယာတွေကတင်ပြတဲ့ အချက်အလက်တွေဟာ စစ်ကောင်စီကို အရေးယူဖို့နဲ့ ပြည်သူလူထုအတွက် တရားမျှတဖော်ဆောင်ဖို့ အရေးကြီးတဲ့အခန်းကဏ္ဍမှာ ပါဝင်တယ်လို့ NUG ရဲ့ သမ္မတရုံးပြောဆိုခွင့်ရှိသူ ဦးကျော်ဇောက ပြောဆိုလိုက်ပါတယ်။

လွတ်လပ်တဲ့ သတင်းမီဒီယာတွေကို စစ်ကောင်စီက ဘယ်လိုစွပ်စွဲနေပါသလဲ၊ အကြောင်းအပြည့်အစုံကို မဇ္ဈိမသတင်းထောက် မိုးသောက်က တင်ဆက်ထားပါတယ်။

တင်ဆက်/တည်းဖြတ်- မိုးသောက်
စာတည်း ။ ။ Alden

https://youtu.be/1_WiTjEFh3I

#သတင်း
#မီဒီယာ
#NUG
#စစ်တပ်
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
❤7😁3
​​တရုတ်နိုင်ငံအား ပစ်မှတ်ထားနိုင်သည့် လျှို့ဝှက်ဒုံးကျည်အား ထိုင်ဝမ်နိုင်ငံစမ်းသပ်
==================

#MizzimaTV
#hightech&gadget
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍4😁1
​​ဦးနှောက်နှင့် ကွန်ပျူတာ ချိတ်ဆက်မှုနည်းပညာအား တီထွင်လိုက်သည့် နယူးယောက်ကုမ္ပဏီ
======================

#MizzimaTV
#hightech&gadget
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍2🔥1
​​ပက်ဂွာဒီယိုလာ – မန်ချက်စတာစီးတီးနည်းပြ နောက်ကျော အသေးစား ခွဲစိတ်ကုသမှုခံယူပြီးနောက် လာမယ့်ပွဲစဉ်နှစ်ပွဲကို လွဲချော်ဖို့ ရှိ
===================

မန်ချက်စတာစီးတီးနည်းပြ ပက်ဂွာဒီယိုလာဟာ နောက်ကျောခွဲစိတ်မှုခံယူပြီးနောက် သူ့အသင်းရဲ့ လာမယ့် ပရီးမီးယားလိဂ်ပွဲစဉ်နှစ်ပွဲကို လွဲချော်တော့မှာ ဖြစ်ပါတယ်။

အသက် ၅၂ နှစ်ရှိပြီဖြစ်တဲ့ ဂွာဒီယိုလာဟာ "ပြင်းပြင်းထန်ထန်" ခါးနာတာကို ခံစားနေရပြီး "အရေးပေါ်" အခြေအနေအတွက် ဘာစီလိုနာကို သွားရောက်ခဲ့ပေမယ့် "အသေးစား" ခွဲစိတ်မှုတစ်ခု ပြုလုပ်ခဲ့ပါတယ်။

စီးတီးဟာ တနင်္ဂနွေနေ့မှာ ရှက်ဖီးယူနိုက်တက်ဆီ သွားရောက်မှာဖြစ်ပြီး စက်တင်ဘာ ၂ ရက်မှာတော့ ဖူလ်ဟမ်အသင်းကို အိမ်ကွင်း အီတီဟတ်မှာ လက်ခံကစားမှာဖြစ်ပါတယ်။

ဂွာဒီယိုလာဟာ နိုင်ငံတကာကြားရက် အပြီးမှာ တာဝန် ပြန်ထမ်းဆောင်ဖို့ မျှော်လင့်နေပါတယ်။

Ref; BBC
Photo: EPA

#PepGuardiola
#mancity
👍9🔥2
​​IIang: The wolf brigade
=============

ကမ္ဘာလုံးဆိုင်ရာနိုင်ငံရေးမငြိမ်သက်မှုတွေနဲ့ ဒေသတွင်း အင်အားပြိုင်ဆိုင်မှုအခြေအနေတွေကြောင့် တောင်နဲ့မြောက်ကိုရီးယားနှစ်နိုင်ငံ ပေါင်းစည်းဖို့အခြေအနေဖြစ်လာခဲ့ပါတယ်... အဲ့ဒ်ီလိုပေါင်းစည်းဖို့ကိုမလိုလား ကန့်ကွက်တဲ့သူတွေကနေ Sect ဆိုတဲ့ မြေအောက်ဆန့်ကျင်ရေးဂိုဏ်းတစ်ခုပေါ်လာတယ်...

တဖြည်းဖြည်းအင်အားကောင်းလာပြီး သာမန်ရဲတပ်ဖွဲ့နဲ့ ရင်ဆိုင်လို့မရတော့တဲ့အခြေအနေဖြစ်လာတာကြောင့် သမ္မတက Sect ကိုနှိမ်နှင်းဖို့ အထူးတပ်ဖွဲ့ကို ဖွဲ့စည်းလိုက်တယ်....တစ်ဖက်မှာလည်း ပြည်ထဲရေးကိုယ်စားပြု ပြည်သူ့လုံခြုံရေးအဖွဲ့ဆိုပြီး အပြိုင်အဆိုင်တွေရှိလာတယ်...

စစ်ဆင်ရေးတစ်ခု လုပ်ရာက အမှားအယွင်းဖြစ်ပြီး အထူးတပ်ဖွဲ့က အပြစ်မဲ့ မိန်းကလေးငယ် ၁၅ ဦးကို မှားယွင်းသတ်ဖြတ်ခဲ့မိတယ်....အဲ့ဒီနောက်ပိုင်းမှာ အများရဲ့ ဝေဖန်ပြစ်တင်မှုကို ခံခဲ့ရပြီး အထူးတပ်ဖွဲ့ဝင်တွေဟာ သူတို့ရဲ့ သရုပ်မှန်ကို မျက်နှာဖုံးတွေနဲ့ ကွယ်ဝှက်ခဲ့ကြသလို ပိုပြီးလည်း ရက်စက်ကြမ်းတမ်းလာခဲ့ကြတယ်....

ဒီထဲမှာမှ လူသားဆန်တဲ့ တပ်ဖွဲ့ခေါင်းဆောင် လင် နဲ့ Sect အဖွဲ့ဝင်ဟောင်းဖြစ်လို ပြည်သူ့လုံခြုံရေးနဲ့ ပူးပေါင်းလှုပ်ရှားနေတဲ့ ယွန်းမီတို့ ဆုံမိကြပြီး ချစ်ကြိုးသွယ်မိခဲ့ကြတယ်....

နိုင်ငံတော်အာဏာသိမ်းဖို့ တာဆူနေတဲ့ ပြည်သူ့လုံခြုံရေးအဖွဲ့က ယွန်းမီကိုအသုံးချပြီး လင်ကနေတဆင့် အထူးတပ်ဖွဲ့က်ို ဖြုတ်ချနိုင်ဖို့ ဘယ်လိုလှည့်ကွက်တွေသုံးမလဲ... အထူးတပ်ဖွဲ့ကရော ဘယ်လိုတုန့်ပြန်မလဲ... Action ဇာတ်လမ်းတွေ နှစ်ခြိုက်သူများအတွက်​တော့ သဘောကျစေမယ့် ဇာတ်ကားတစ်ကားပါ ....

နာမည်ကြီးမင်းသားမင်းသမီးတွေဖြစ်တဲ့ ဂန်ဒေါင်ဝူး ဂျူဝူးဆောင်းနဲ့ ဟန်ဟျိုဂျူးတို့ အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်...
ဒီဇာတ်ကားလေးကို Mizzima + Channel မှာ စောင့်မျှော်ကြည့်နိုင်ပါပြီ။

Mizzima+ Channel တွင် ပြသနေသည့်အချိန်မှာပဲ Mizzima TV App တွင်လည်း Live stream တိုက်ရိုက်ကြည့်ရှုနိုင်တာမို့ Mizzima TV Application လေးကို download လုပ်ပြီးကြည့်လိုက်ကြရအောင်

App ဒေါင်းလော့လုပ်ရန် - https://bit.ly/44WaGEU

#New ပြသမည့်ရက်။ ။ ၂၂.၈.၂၀၂၃
ပြသမည့် အချိန် ။ ။ မနက် (၁၀:၀၀)နာရီ
ပြန်လည်ပြသမည့်အချိန်။ ။ ည (၁၀:၃၀) နာရီ

(Mizzima Media ကနေ သတင်းချန်နယ် သီးသန့် အဖြစ် Mizzima TV အပြင်၊ သတင်း နှင့် ဖျော်ဖြေရေး ချန်နယ် အဖြစ် Mizzima + တို့အား PSI စလောင်းများ၊ နှစ်ပေ စလောင်းများ နှင့် ရှစ်ပေ စလောင်း များမှ တစ်ဆင့် နေ့စဉ် နံနက် ၆ နာရီ မှ ည ၁၂ နာရီအထိ ထုတ်လွှင့်ပြသနေပါသည်)။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U”
👍13😁1🤣1
စစ်ကောင်စီ ဖွဲ့စည်းပုံနဲ့ COC ပျက်ယွင်း‌နေပြီလို့ NUGနဲ့ တော်လှန်ရေးအင်အားစုတွေ ပြော (ရုပ်သံ)
====================

ဂျူချန်း
(မဇ္ဈိမ)။ ။ မြန်မာနိုင်ငံအနှံ့အပြားမှာ ဘက်ပေါင်းစုံ စစ်မျက်နှာဖွင့်ထားရတဲ့ စစ်ကောင်စီတပ်ဟာ အခုချိန်မှာ အင်အားချိနဲ့နေပြီး တပ်တွင်းဖွဲ့စည်းပုံလည်း ယိုယွင်းလာပြီလို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယအတွင်းဝန် ဦးမောင်မောင်ဆွေက ပြောပါတယ်။ ဒါ့အပြင် တော်လှန်ရေးနှစ်နှစ်တာကာလအတွင်းမှာ ပြည်သူ့ခုခံစစ်တွေကြောင့် စစ်ကောင်စီတပ်သား အနည်းဆုံး သုံးသောင်းခွဲခန့် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ဟာ လက်ရှိမှာ Chain of Comand - COC အလုံးအစုံပျက်ယွင်းနေပြီလို့ မဆိုနိုင်သေးပေမယ့် သေချာတာကတော့ တပ်တွင်းမှာ စိတ်ဓာတ်ပျက်ပြားနေပြီး တိုက်ရည်ခိုက်ရည် ကျဆင်းနေပြီဖြစ်တယ်လို့ နေပြည်တော် အမှတ်(၄၅) ကင်းထောက်လေယာဉ်အုပ်က လေသူရဲ CDM ဗိုလ်ကြီး ဇေသူအောင်က မဇ္ဈိမကို ပြောပါတယ်။

စစ်ကောင်စီလက်အောက်ခံ တပ်ရင်းစုစုပေါင်း ၅၂၂ ရင်းရှိပြီး လက်ရှိမှာ ဖွဲ့စည်းပုံအရ တပ်ရင်းတရင်း အင်အား ၈၅၀ ကျော် ရှိရမယ့်အစား အင်အား ၁၃၀ ကျော်ခန့်ပဲရှိနေပြီး ရှေ့တန်းထွက်နိုင်တဲ့တပ်သား အယောက် ၇၀ နဲ့ နောက်ချန်တပ်သား ၆၂ ယောက်ပဲ ကျန်တော့တယ်ဆိုတဲ့ တပ်တွင်းလှို့ဝှက် စာရွက်စာတမ်းတွေလည်း ထွက်ပေါ်လာတာကြောင့် စစ်ကောင်စီရဲ့ ဖွဲ့စည်းပုံဟာ တကယ့်ကို ယိုယွင်းလာပြီဖြစ်တယ်လို့လည်း စစ်ရေး လေ့လာသူတွေက သုံးသပ်ထားပါတယ်။

ရုပ်သံတင်ဆက်/တည်းဖြတ်-ဂျူချန်း

https://youtu.be/EcHrpGDAbfY

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍19❤2😁2💩2