Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
ကြေးနီသတ္ထုတွင်းအကြောင်းပြု လူသတ်ပွဲရပ်ရန်တောင်းဆိုသည့် ကျေးရွာပေါင်းစုံသပိတ်
==========================

ပါခွီး
(မဇ္စျိမ)။ ။စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်နှင့် ဆားလင်းကြီးမြို့နယ်အတွင်းရှိ ကျေးရွာများစုပေါင်း၍ မြန်မာဝမ်ပေါင်၊ မြန်မာယန်စီကုမ္ပဏီ ဆန့်ကျင်ရေး ဆန္ဒပြပွဲကို ဩဂုတ်လ ၂၂ ရက် ယနေ့တွင် ချီတက် ဆန္ဒပြကြသည်။

လူထုသပိတ်စစ်ကြောင်းသည် “ကြေးနီသတ္ထုတွင်းအကြောင်းပြု လူသတ်ပွဲလုပ်နေတာ ချက်ခြင်းရပ်” စာတန်းနှင့်အတူ မြန်ဝမ်ပေါင် အလိုမရှိ ၊ မြန်မာယန်စီ အလိုမရှိ စာသားများကိုင်ဆောင်ပြီး ကြွေးကြော် သံများဟစ်ကြွေးချီတက်ခဲ့ခြင်း ဖြစ်သည်။

ဝမ်ပေါင်နှင့် ယန်စီကုမ္ပဏီများ၏လုပ်ငန်းခွင်တွင် စစ်ကောင်စီတပ်များ စခန်းချနေပြီး ယင်းနေရာများမှ ထွက်၍ ပြည်သူများကို သတ်ဖြတ်၊ နေအိမ်မီးရှို့ဖျက်ဆီး၊ မုဒိမ်းကျင့် စသည့် လူမဆန်သောလုပ်ရပ်များ လုပ်ဆောင်နေပြီး စစ်ကောင်စီကို အထောက်အပံ့ပေးနေသောကြောင့် လက်မခံဘဲ သပိတ်မှောက် ဆန္ဒပြ ရခြင်းဖြစ်ကြောင်း သိရသည်။

ယင်းမာပင်နှင့် ဆားလင်းကြီးမြို့နယ်အတွင်းမှ ကျေးရွာပေါင်းစုံသပိတ်စစ်ကြောင်းသည် ၂၀၂၁ ခုနှစ် မတ် လ ၉ ရက်နေ့မှစတင်ကာ စစ်အာဏာရှင်ကိုဆန့်ကျင်ဆန္ဒပြခဲ့ခြင်းဖြစ်ပြီး ယနေ့သည် ရက်ပေါင်း ၈၈၃ မြောက် ချီတက်ခဲ့ခြင်းဖြစ်သည်။

စာတည်း။ ။စောဖေ

#စစ်ကိုင်းတိုင်း
#ကျေးရွာပေါင်းစုံသပိတ်စစ်ကြောင်း
#စစ်အာဏာရှင်ဆန့်ကျင်ရေး
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
❤7👍4😁2🔥1
​​PDF များ မြို့ပေါ်ရောက်နေပြီဆိုသောသတင်းကြောင့် မင်းလှမြို့တွင် စစ်ကောင်စီက လုံခြုံရေးတင်းကျပ်
===================

ရွှေနွယ်
(မဇ္ဈိမ)။ ။ ပဲခူးတိုင်း၊ မင်းလှမြို့တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် (PDF) များ မြို့ပေါ်သို့ရောက်ရှိနေပြီ ဆိုသည့်သတင်းကြောင့် စစ်ကောင်စီကလုံခြုံရေးတင်းကျပ်ထားကြောင်း မြို့ခံများကမဇ္ဈိမကို ပြောသည်။

မြို့နေရာအနှံ့အပြားတွင် လုံခြုံရေးတင်းကြပ်ပြီး အရပ်သားငါးဦးကိုလည်း ဖမ်းဆီးထားကြောင်း မြို့ခံများ က ဆိုသည်။

ယခင်က သွားလာခွင့်ပြုထားသော မင်းလှရဲစခန်းရှေ့မှလမ်းကိုလည်း ဩဂုတ်လ ၁၈ ရက်နေ့မှ စတင်ကာ ကားများဖြတ်သန်းခွင့်မပြုတော့ဘဲ ဆိုင်ကယ်များကိုသာ တစီးချင်းဖြတ်သန်းရန် ကန့်သတ်လိုက်ကြောင်း မင်းလှဒေသခံတဦးက ပြောသည်။

“မြို့ပေါ်မှာ PDF အယောက် ၁၀၀ လောက်ရောက်နေပါပြီဆိုပြီး လုံခြုံရေးတင်းကျပ်ထားတာ။ မနေ့ည ကတည်းက ကွမ်းယာဆိုင်က ကိုဖက်တီးကိုဖမ်းသွားတာ၊ ဒီမနက်လည်း ဆက်ဖမ်းနေတယ်၊ ငါးယောက် လောက်ရှိပြီပါသွားတာ၊ ရဲစခန်းရှေ့လည်း လမ်းပိတ်ထားတာ ကောင်းကောင်းသွားမရဘူး” ဟု မင်းလှ ဒေသခံက မဇ္ဈိမကို ပြောသည်။

ဖမ်းဆီးခံရသူများမှာ ကွမ်းယာဆိုင်ပိုင်ရှင် ကိုဖက်တီး၊ စျေးချိုတန်းလမ်းမပေါ်ရှိ ကျားမင်းမုန့်ဆိုင်ဘေး ဖိနပ်ဆိုင်မှ ပိုင်ရှင်အမျိုးသမီးတဦးနှင့် အခြားအမည်မသိရသေးသူ သုံးဦး၊ စုစုပေါင်း ငါးဦးဖြစ်သည်ဟု အဆိုပါဒေသခံမှ ပြောသည်။

မင်းလှမြို့ပေါ်တွင် စစ်ကောင်စီတပ်သားများ ယခင်က ညဘက်တွင် လှည့်ကင်းပတ်လေ့ မရှိသော်လည်း လက်ရှိတွင် အင်အား ၁၅ ဦးဝန်းကျင်ဖြင့် ကင်းလှည့်နေကြောင်းလည်း ဒေသခံများက ဆိုသည်။
တဖြည်းဖြည်း အင်အားချိနဲ့လာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် စိတ်ကယောင်ချောက်ချားဖြစ်လာ သည်ကိုတွေ့ရကြောင်း သာယာဝတီခရိုင် ပြည်သူ့ကာကွယ်ရေးတပ် ပြန်ကြားရေးတာဝန်ရှိသူတဦးက မဇ္ဈိမကို ပြောသည်။

“အဓိကတော့ ခုရက်ပိုင်း မင်းလှဘက်မှာ PDF တွေရဲ့ လှုပ်ရှားမှုတွေများလာတယ်။ နောက်ပြီး မင်းလှ ခလရ(၁)တပ်ထဲမှာလည်း စစ်သားက ၁၄ ယောက်လောက်ပဲကျန်တာ။ အဲဒီထဲမှာ မူးနေတာက ခုနစ် ယောက်လောက်ဆိုတော့ သွေးရူးသွေးတန်းဖြစ်နေတယ် ပြောရမယ်” ဟု သာယာဝတီခရိုင် PDF က ပြောသည်။

စစ်ကောင်စီ၏ ခလရ(၁)ရှေ့မှ မြို့ချောင်း−စိန့်ကန့်လန့်ကားလမ်းကိုလည်း ညဘက်တွင် ပိတ်ထားပြီး တပ်အနီးတွင် နင်းမိုင်းများထောင်ကာ နံနက်ပိုင်းမှ ပြန်ဖြုတ်ကြောင်း ၎င်းက ပြောသည်။
ထိုသို့ပြုလုပ်နေသည်မှာ ရက်အနည်းငယ်ကြာပြီဖြစ်ကြောင်းလည်း ဆိုသည်။

မင်းလှမြို့နယ်တွင် မြို့ချောင်း−စိန်ကန့်လန့် ရိုးမဖြတ်ကျော်လမ်းအား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ စိုးမိုးထားပြီးနောက် စစ်ကောင်စီနှင့်ပူးပေါင်းပြီး ရိုးမအတွင်း သစ်ခိုးထုတ်သူများကို ပြင်းထန်စွာအရေးယူ မည်ဟု ကာကွယ်ရေးတပ်ဖွဲ့က သတိပေးထားသည်။

စာတည်း။ ။ နောင်နောင်
စာမူတည်းဖြတ်။ ။စောဖေ

#မင်းလှ
#PDFမြို့ပေါ်ရောက်
#Mizzima
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😁11👍6🔥1👏1🤬1
ဩဂုတ်လ (၂၂) ရက်၊အင်္ဂါနေ့ ညပိုင်း ရေဒီယို အစီအစဉ်
==================

မြန်မာ့အရေး သက်ဆိုင်သူတွေ အားလုံးပါဝင်တဲ့ဆွေးနွေးပွဲပြုလုပ် အဖြေရှာဖို့ အင်ဒိုနီးရှား ကြိုးပမ်းနေ၊PDF -Zoland ဆီကို လက်နက်နှင့်အတူ CDMဝင်လာသူ ရဲတပ်သား ၂ဦးကို ကျပ် ၁၀၀သိန်း ချီးမြှင့်၊ထိုင်းဝန်ကြီးချုပ်ဟောင်းသက်ဆင် ထိုင်းနိုင်ငံကို ပြန်လည်ရောက်ရှိလာပြီ ဆိုတဲ့ နောက်ဆုံးရပြည်တွင်းနဲ့နိုင်ငံတကာသတင်းတွေအတူ စီးပွားရေးသတင်းတွေနဲ့အားကစားကဏ္ဍကိုလည်းနားဆင်ရမှာပါ။

သတင်းတွေအပြီးမှာတော့ ဒီနေ့အတွက် သတင်းသုံးသပ်ချက်၊ဒီညနေထိ နောက်ဆုံးရ ကုန်ဈေးနှုန်းတွေကိုလည်း တင်ပြပေးမှာဖြစ်ပြီး အပတ်စဉ် ကဏ္ဍတွေအဖြစ် “မရွှေမိုးရဲ့လေးညှို့သံအစီအစဉ်” နဲ့ “သဘာဝရဲ့လက်ဆောင်” (သော်ကပင်) အစီအစဉ်တွေကို နားဆင်ရမှာဖြစ်ပြီးတော့ တိုင်းရင်းသားတွေရဲ့အသံနဲ့အမြင်တွေကို စုစည်းတင်ဆက်ပေးနေတဲ့ BNI ရေဒီယိုအစီအစဉ်တွေကိုလည်း ထုတ်လွှင့်သွားဖို့ရှိပါတယ်။

https://youtu.be/A2PCSYcQ9iM

#လူနည်းစု လူမျိုး
#စစ်‌ဘေးရှောင်
#ကလေးသူငယ်
#Eveningradio
#Mizzimaradio
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍7🍌2
“သတင်းအချက်အလက်တွေက စစ်ကောင်စီကိုအရေးယူဖို့အတွက် အရေးပါတဲ့ အခန်းကဏ္ဍဖြစ်တယ်”
======================

မိုးသောက် (မဇ္ဈိမ) ။ ။လွတ်လပ်တဲ့သတင်းမီဒီယာတွေကတင်ပြတဲ့ အချက်အလက်တွေဟာ စစ်ကောင်စီကို အရေးယူဖို့နဲ့ ပြည်သူလူထုအတွက် တရားမျှတဖော်ဆောင်ဖို့ အရေးကြီးတဲ့အခန်းကဏ္ဍမှာ ပါဝင်တယ်လို့ NUG ရဲ့ သမ္မတရုံးပြောဆိုခွင့်ရှိသူ ဦးကျော်ဇောက ပြောဆိုလိုက်ပါတယ်။

လွတ်လပ်တဲ့ သတင်းမီဒီယာတွေကို စစ်ကောင်စီက ဘယ်လိုစွပ်စွဲနေပါသလဲ၊ အကြောင်းအပြည့်အစုံကို မဇ္ဈိမသတင်းထောက် မိုးသောက်က တင်ဆက်ထားပါတယ်။

တင်ဆက်/တည်းဖြတ်- မိုးသောက်
စာတည်း ။ ။ Alden

https://youtu.be/1_WiTjEFh3I

#သတင်း
#မီဒီယာ
#NUG
#စစ်တပ်
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
❤7😁3
​​တရုတ်နိုင်ငံအား ပစ်မှတ်ထားနိုင်သည့် လျှို့ဝှက်ဒုံးကျည်အား ထိုင်ဝမ်နိုင်ငံစမ်းသပ်
==================

#MizzimaTV
#hightech&gadget
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍4😁1
​​ဦးနှောက်နှင့် ကွန်ပျူတာ ချိတ်ဆက်မှုနည်းပညာအား တီထွင်လိုက်သည့် နယူးယောက်ကုမ္ပဏီ
======================

#MizzimaTV
#hightech&gadget
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍2🔥1
​​ပက်ဂွာဒီယိုလာ – မန်ချက်စတာစီးတီးနည်းပြ နောက်ကျော အသေးစား ခွဲစိတ်ကုသမှုခံယူပြီးနောက် လာမယ့်ပွဲစဉ်နှစ်ပွဲကို လွဲချော်ဖို့ ရှိ
===================

မန်ချက်စတာစီးတီးနည်းပြ ပက်ဂွာဒီယိုလာဟာ နောက်ကျောခွဲစိတ်မှုခံယူပြီးနောက် သူ့အသင်းရဲ့ လာမယ့် ပရီးမီးယားလိဂ်ပွဲစဉ်နှစ်ပွဲကို လွဲချော်တော့မှာ ဖြစ်ပါတယ်။

အသက် ၅၂ နှစ်ရှိပြီဖြစ်တဲ့ ဂွာဒီယိုလာဟာ "ပြင်းပြင်းထန်ထန်" ခါးနာတာကို ခံစားနေရပြီး "အရေးပေါ်" အခြေအနေအတွက် ဘာစီလိုနာကို သွားရောက်ခဲ့ပေမယ့် "အသေးစား" ခွဲစိတ်မှုတစ်ခု ပြုလုပ်ခဲ့ပါတယ်။

စီးတီးဟာ တနင်္ဂနွေနေ့မှာ ရှက်ဖီးယူနိုက်တက်ဆီ သွားရောက်မှာဖြစ်ပြီး စက်တင်ဘာ ၂ ရက်မှာတော့ ဖူလ်ဟမ်အသင်းကို အိမ်ကွင်း အီတီဟတ်မှာ လက်ခံကစားမှာဖြစ်ပါတယ်။

ဂွာဒီယိုလာဟာ နိုင်ငံတကာကြားရက် အပြီးမှာ တာဝန် ပြန်ထမ်းဆောင်ဖို့ မျှော်လင့်နေပါတယ်။

Ref; BBC
Photo: EPA

#PepGuardiola
#mancity
👍9🔥2
​​IIang: The wolf brigade
=============

ကမ္ဘာလုံးဆိုင်ရာနိုင်ငံရေးမငြိမ်သက်မှုတွေနဲ့ ဒေသတွင်း အင်အားပြိုင်ဆိုင်မှုအခြေအနေတွေကြောင့် တောင်နဲ့မြောက်ကိုရီးယားနှစ်နိုင်ငံ ပေါင်းစည်းဖို့အခြေအနေဖြစ်လာခဲ့ပါတယ်... အဲ့ဒ်ီလိုပေါင်းစည်းဖို့ကိုမလိုလား ကန့်ကွက်တဲ့သူတွေကနေ Sect ဆိုတဲ့ မြေအောက်ဆန့်ကျင်ရေးဂိုဏ်းတစ်ခုပေါ်လာတယ်...

တဖြည်းဖြည်းအင်အားကောင်းလာပြီး သာမန်ရဲတပ်ဖွဲ့နဲ့ ရင်ဆိုင်လို့မရတော့တဲ့အခြေအနေဖြစ်လာတာကြောင့် သမ္မတက Sect ကိုနှိမ်နှင်းဖို့ အထူးတပ်ဖွဲ့ကို ဖွဲ့စည်းလိုက်တယ်....တစ်ဖက်မှာလည်း ပြည်ထဲရေးကိုယ်စားပြု ပြည်သူ့လုံခြုံရေးအဖွဲ့ဆိုပြီး အပြိုင်အဆိုင်တွေရှိလာတယ်...

စစ်ဆင်ရေးတစ်ခု လုပ်ရာက အမှားအယွင်းဖြစ်ပြီး အထူးတပ်ဖွဲ့က အပြစ်မဲ့ မိန်းကလေးငယ် ၁၅ ဦးကို မှားယွင်းသတ်ဖြတ်ခဲ့မိတယ်....အဲ့ဒီနောက်ပိုင်းမှာ အများရဲ့ ဝေဖန်ပြစ်တင်မှုကို ခံခဲ့ရပြီး အထူးတပ်ဖွဲ့ဝင်တွေဟာ သူတို့ရဲ့ သရုပ်မှန်ကို မျက်နှာဖုံးတွေနဲ့ ကွယ်ဝှက်ခဲ့ကြသလို ပိုပြီးလည်း ရက်စက်ကြမ်းတမ်းလာခဲ့ကြတယ်....

ဒီထဲမှာမှ လူသားဆန်တဲ့ တပ်ဖွဲ့ခေါင်းဆောင် လင် နဲ့ Sect အဖွဲ့ဝင်ဟောင်းဖြစ်လို ပြည်သူ့လုံခြုံရေးနဲ့ ပူးပေါင်းလှုပ်ရှားနေတဲ့ ယွန်းမီတို့ ဆုံမိကြပြီး ချစ်ကြိုးသွယ်မိခဲ့ကြတယ်....

နိုင်ငံတော်အာဏာသိမ်းဖို့ တာဆူနေတဲ့ ပြည်သူ့လုံခြုံရေးအဖွဲ့က ယွန်းမီကိုအသုံးချပြီး လင်ကနေတဆင့် အထူးတပ်ဖွဲ့က်ို ဖြုတ်ချနိုင်ဖို့ ဘယ်လိုလှည့်ကွက်တွေသုံးမလဲ... အထူးတပ်ဖွဲ့ကရော ဘယ်လိုတုန့်ပြန်မလဲ... Action ဇာတ်လမ်းတွေ နှစ်ခြိုက်သူများအတွက်​တော့ သဘောကျစေမယ့် ဇာတ်ကားတစ်ကားပါ ....

နာမည်ကြီးမင်းသားမင်းသမီးတွေဖြစ်တဲ့ ဂန်ဒေါင်ဝူး ဂျူဝူးဆောင်းနဲ့ ဟန်ဟျိုဂျူးတို့ အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်...
ဒီဇာတ်ကားလေးကို Mizzima + Channel မှာ စောင့်မျှော်ကြည့်နိုင်ပါပြီ။

Mizzima+ Channel တွင် ပြသနေသည့်အချိန်မှာပဲ Mizzima TV App တွင်လည်း Live stream တိုက်ရိုက်ကြည့်ရှုနိုင်တာမို့ Mizzima TV Application လေးကို download လုပ်ပြီးကြည့်လိုက်ကြရအောင်

App ဒေါင်းလော့လုပ်ရန် - https://bit.ly/44WaGEU

#New ပြသမည့်ရက်။ ။ ၂၂.၈.၂၀၂၃
ပြသမည့် အချိန် ။ ။ မနက် (၁၀:၀၀)နာရီ
ပြန်လည်ပြသမည့်အချိန်။ ။ ည (၁၀:၃၀) နာရီ

(Mizzima Media ကနေ သတင်းချန်နယ် သီးသန့် အဖြစ် Mizzima TV အပြင်၊ သတင်း နှင့် ဖျော်ဖြေရေး ချန်နယ် အဖြစ် Mizzima + တို့အား PSI စလောင်းများ၊ နှစ်ပေ စလောင်းများ နှင့် ရှစ်ပေ စလောင်း များမှ တစ်ဆင့် နေ့စဉ် နံနက် ၆ နာရီ မှ ည ၁၂ နာရီအထိ ထုတ်လွှင့်ပြသနေပါသည်)။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U”
👍13😁1🤣1
စစ်ကောင်စီ ဖွဲ့စည်းပုံနဲ့ COC ပျက်ယွင်း‌နေပြီလို့ NUGနဲ့ တော်လှန်ရေးအင်အားစုတွေ ပြော (ရုပ်သံ)
====================

ဂျူချန်း
(မဇ္ဈိမ)။ ။ မြန်မာနိုင်ငံအနှံ့အပြားမှာ ဘက်ပေါင်းစုံ စစ်မျက်နှာဖွင့်ထားရတဲ့ စစ်ကောင်စီတပ်ဟာ အခုချိန်မှာ အင်အားချိနဲ့နေပြီး တပ်တွင်းဖွဲ့စည်းပုံလည်း ယိုယွင်းလာပြီလို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယအတွင်းဝန် ဦးမောင်မောင်ဆွေက ပြောပါတယ်။ ဒါ့အပြင် တော်လှန်ရေးနှစ်နှစ်တာကာလအတွင်းမှာ ပြည်သူ့ခုခံစစ်တွေကြောင့် စစ်ကောင်စီတပ်သား အနည်းဆုံး သုံးသောင်းခွဲခန့် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ဟာ လက်ရှိမှာ Chain of Comand - COC အလုံးအစုံပျက်ယွင်းနေပြီလို့ မဆိုနိုင်သေးပေမယ့် သေချာတာကတော့ တပ်တွင်းမှာ စိတ်ဓာတ်ပျက်ပြားနေပြီး တိုက်ရည်ခိုက်ရည် ကျဆင်းနေပြီဖြစ်တယ်လို့ နေပြည်တော် အမှတ်(၄၅) ကင်းထောက်လေယာဉ်အုပ်က လေသူရဲ CDM ဗိုလ်ကြီး ဇေသူအောင်က မဇ္ဈိမကို ပြောပါတယ်။

စစ်ကောင်စီလက်အောက်ခံ တပ်ရင်းစုစုပေါင်း ၅၂၂ ရင်းရှိပြီး လက်ရှိမှာ ဖွဲ့စည်းပုံအရ တပ်ရင်းတရင်း အင်အား ၈၅၀ ကျော် ရှိရမယ့်အစား အင်အား ၁၃၀ ကျော်ခန့်ပဲရှိနေပြီး ရှေ့တန်းထွက်နိုင်တဲ့တပ်သား အယောက် ၇၀ နဲ့ နောက်ချန်တပ်သား ၆၂ ယောက်ပဲ ကျန်တော့တယ်ဆိုတဲ့ တပ်တွင်းလှို့ဝှက် စာရွက်စာတမ်းတွေလည်း ထွက်ပေါ်လာတာကြောင့် စစ်ကောင်စီရဲ့ ဖွဲ့စည်းပုံဟာ တကယ့်ကို ယိုယွင်းလာပြီဖြစ်တယ်လို့လည်း စစ်ရေး လေ့လာသူတွေက သုံးသပ်ထားပါတယ်။

ရုပ်သံတင်ဆက်/တည်းဖြတ်-ဂျူချန်း

https://youtu.be/EcHrpGDAbfY

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍19❤2😁2💩2
​​နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၂၂ ဩဂုတ် ၂၀၂၃) 
==================

စစ်ကောင်စီက ရွေးကောက်ပွဲပြုလုပ်ပေးမည်ဟု လေသံပစ်ထားသော်လည်း ယခုအခါ နေ့ရွှေ့ ညရွှေ့ပြုလုပ်ပြီး ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ယူပြီးမှ ကျင်းပနိုင်သည်ဟု လေသံ ပြောင်းလာသည်ကို တွေ့ရသည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍11🤮2🔥1😁1
လောင်းလုံးတွင် “ဖက်ဆစ်ဝင်ငွေ ဖြတ်တောက်၊ ပြည်သူ့ဘဏ္ဍာ တည်ဆောက်” ခေါင်းစဉ်ဖြင့်ဆန္ဒပြ
==================

ကိုရွှေမြိတ်
(မဇ္ဈိမ) ။ ။ တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်၌ ဩဂုတ်လ ၂၂ ရက်တွင် ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ (DDMSC) မှ ဦးဆောင်ပြီး စစ်အာဏာရှင် စနစ်ဆန့်ကျင်ရေး လူထုပိတ်လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း ဦးဆောင်သူများထံမှ သိရသည်။

အဆိုပါ လှုပ်ရှားမှုကို ‌ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင် ပြုလုပ်ခဲ့ပြီး “ဖက်ဆစ်ဝင်ငွေ ဖြတ်တောက်၊ ပြည်သူ့ဘဏ္ဍာ တည်ဆောက်”စာသားပါ ဘန်နာကိုင်ဆွဲကာ လမ်းလျှောက်ချီတက် ဆန္ဒပြခဲ့ကြောင်းဆိုသည်။

#ဆန္ဒပြ
#လောင်းလုံး
#DDMSC

Website Link - http://www.mizzimaburmese.com/article/132441

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍20❤7🔥1😁1
​​ငွေကြေးဖောင်းပွမှုကို ထိန်းချုပ်သော်လည်း ဈေးနှုန်းမြင့်တက်နေဆဲဟု စစ်ကောင်စီ ညည်းတွား
==================

001
(မဇ္စျိမ) ။ ။ငွေကြေးဖောင်းပွမှုနှုန်း ထိန်းချုပ်နိုင်ရန်နှင့် နိုင်ငံခြားငွေ လဲလှယ် နှုန်းတည်ငြိမ်ရန်အတွက် တွန်းအားပေးလုပ်ဆောင်နေသည့်တိုင်အောင် ပြင်ပဈေးကွက်တွင် ဈေးနှုန်းများ မြင့်တက်နေဆဲဖြစ်ကြောင်း စစ်ကောင်စီခန့် ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ (၂) ဒေါက်တာလင်းအောင်က ညည်းတွားပြောဆိုသည်။
နေပြည်တော်၊ ပြန်ကြားရေးဝန်ကြီးဌာနတွင် ယနေ့ ဩဂုတ်လ ၂၂ ရက်နေ့တွင်ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ထိုသို့ ညည်းတွား ပြောဆိုခဲ့ခြင်း ဖြစ်သည်။

“ဒီလိုမြင့်မားနေရတဲ့ အကြောင်းအရင်းတွေကတော့ ကုန်သွယ်မှုနဲ့ ပတ်သက်တဲ့ မှောင်ခိုရောင်းဝယ်မှုတွေနဲ့ တရားမဝင် တင်ပို့မှုတွေကြောင့် ဖြစ်ပါတယ်၊ နောက်ဖြစ်သင့်၊ ဖြစ်ထိုက်တဲ့ နိုင်ငံခြားငွေလဲလှယ်နှုန်း မဟုတ်ဘဲနဲ့ ငွေလဲလှယ်နှုန်း မြင့်တက်စေရန်ရည်ရွယ်ပြီး ဈေးကစားနေခြင်းတို့ကြောင့်ဖြစ်ကြောင်း ပြောကြားလိုပါတယ်”ဟု ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ (၂) ဒေါက်တာလင်းအောင်က ပြောသည်။

ထို့ကြောင့် တရားမဝင် နိုင်ငံခြားငွေ ရောင်းဝယ်မှု ပပျောက်ရေး၊ ပို့ကုန်ရငွေများ ပြန်လည်ဝင်ရောက်ရေး၊ တရားမဝင် ကုန်သွယ်မှု တားဆီးရေး၊ သွင်းကုန်သမား အမည်ခံပြီး နိုင်ငံခြားငွေကို အွန်လိုင်းဈေးနှုန်းဖြင့် ဝယ်ယူပြီး အခြားသူများကို တရားမဝင်ဈေးဖြင့် ညှိနှိုင်းရောင်းချခြင်း မဆောင်ရွက်နိုင်ရန်အတွက် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်နေကြောင်းလည်း ၎င်းက ဆိုသည်။

စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကမှု ကုန်ဈေးနှုန်း မြင့်မားမှုမှာ ဝိသမလောဘသား ကုန်သည်များကြောင့်ဖြစ်ပြီး ထိုက်သင့်သည့် ဆောင်ရွက်မှုများ ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့ သည်။

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းပြီးနောက် နိုင်ငံစီးပွားရေး ကသောင်းကနင်းဖြစ်ကာ ငွေကြေးဖောင်းပွမှုနှုန်း အဆမတန် မြင့်မားလာနေခြင်းဖြစ်ကြောင်း စီးပွားရေးလုပ်ငန်းရှင်းများက ထောက်ပြထားသည်။

သို့သော်လည်း စစ်ကောင်စီ၏ ဗဟိုဘဏ်ကမှု ကုန်သွယ်မှုလိုငွေ မြင့်မားလာသည့်အတွက် ငွေကြေးဖောင်းပွမှု အထိုက်အလျောက် မြင့်တက်နေခြင်းဖြစ်ကြောင်း ယနေ့သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

ထို့ကြောင့် ကုန်သွယ်မှုလိုငွေများ လျှော့ချနိုင်ရန် သွင်းကုန်များကို ကန့်သတ်ခြင်းနှင့် သွင်းကုန်အစားထိုးပစ္စည်းများ ထုတ်လုပ်နိုင်ရန် လုပ်ဆောင်နေကြောင်းလည်း ပြောသည်။

ငွေကြေးဖောင်းပွမှုကို လျှော့ချနိုင်ရန်အတွက် အတိုးနှုန်း ပြင်ဆင်ခြင်းကိုလည်း လိုအပ်သလို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ (၂) က ဆိုသည်။

လက်ရှိတွင် စစ်ကောင်စီအနေဖြင့် အမေရိကန်ဒေါ်လာသုံးစွဲမှုလျှော့ချနိုင်ရန် ကုန်သွယ်မှုတွင် ယွမ်၊ ဘတ် အစားထိုး အသုံးပြုမှုများ ပြုလုပ်နေပြီး နိုင်ငံခြားငွေ လက်ဝယ်ကိုင်ဆောင်မှုများကိုလည်း တင်းကျပ်လျက်ရှိသည်။

နိုင်ငံခြားငွေလဲလှယ်နှုန်းများနှင့် ပတ်သက်ပြီး အွန်လိုင်းနှင့် ဆိုရှယ်မီဒီယာများပေါ်တွင် ဈေးနှုန်းများထိုးတက်ရန် ရည်ရွယ်သည့် ရေးသားပြောဆိုမှုများ အပါအဝင် နိုင်ငံခြားငွေလဲလှယ်နှုန်းမြင့်တက်စေရန် ဆောင်ရွက်မှုများကိုလည်း အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ် ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက ဩဂုတ်လ ၁၉ ရက်နေ့က ပြောဆိုထားသည်။

မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီးနောက် နှစ်နှစ်ကျော်အကြာ ဇူလိုင်လကုန်တွင် ပထမဆုံးအကြိမ်အဖြစ် စစ်ကောင်စီက နှစ်သောင်းတန် ငွေစက္ကူသစ် ထုတ်ဝေပြီးနောက် မြန်မာကျပ်ငွေတန်ဖိုးများ ဆက်တိုက်ကျဆင်းလာနေသည်။

ပုံညွှန်း- ရန်ကုန်မြို့တွင် စားအုန်းဆီရရန် စောင့်ဆိုင်းနေသော အဖွားအိုတဦးကို တွေ့ရစဉ် (photo- AFP)
စာတည်း။ ။ နောင်နောင်

#ငွေကြေးဖောင်းပွ
#စစ်ကောင်စီညည်းတွား
#Mizzima
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍23🤣9🔥2❤1🥰1
​​Cheese in the Trap
=============

ဟောင်ဆိုးဟာ သဘောကောင်းပြီး စိတ်ထားလှတဲ့ သာမန် တက္ကသိုလ်ကျောင်းသူလေးတစ်ယောက် ဖြစ်ပါတယ် အချိန်ပိုင်းအလုပ်တွေလုပ်ပြီး ပိုက်ဆံရှာကာ နေထိုင်စရိတ်နဲ့ကျူရှင်စရိတ်တွေကို သူ ပေးရပါတယ် ...ယိုဂျောင်းကတော့ တက္ကသိုလ်တစ်ခုတည်းမှာပဲ အတူတက်နေတဲ့ သူမရဲ့စီနီယာ ဖြစ်ပါတယ် ချမ်းသာပြီး သဘောကောင်းတဲ့အပြင် ရုပ်လည်းချောပါတယ် ၂ ယောက်သားအတူရှိတိုင်း ဟောင်ဆိုးတစ်ယောက် အနေရခက်ဖြစ်ရပါတယ် တစ်နေ့မှာတော့ ယိုဂျောင်းက သူမကို တွဲရအောင်လို့ပြောတဲ့အခါမှာ .... ၂ ယောက်သား ကသိကအောက် ဆက်ဆံရေးတစ်ခုကို စတင်ပါတော့တယ်...

ဒီဇာတ်ကားလေးကို Mizzima + Channel မှာ စောင့်မျှော်ကြည့်နိုင်ပါပြီ။

Mizzima+ Channel တွင် ပြသနေသည့်အချိန်မှာပဲ Mizzima TV App တွင်လည်း Live stream တိုက်ရိုက်ကြည့်ရှုနိုင်တာမို့ Mizzima TV Application လေးကို download လုပ်ပြီးကြည့်လိုက်ကြရအောင်

App ဒေါင်းလော့လုပ်ရန် - https://bit.ly/44WaGEU

#New ပြသမည့်ရက်။ ။ ၂၃.၈.၂၀၂၃
ပြသမည့် အချိန် ။ ။ မနက် (၁၀:၀၀)နာရီ
ပြန်လည်ပြသမည့်အချိန်။ ။ ည (၁၀:၃၀) နာရီ

(Mizzima Media ကနေ သတင်းချန်နယ် သီးသန့် အဖြစ် Mizzima TV အပြင်၊ သတင်း နှင့် ဖျော်ဖြေရေး ချန်နယ် အဖြစ် Mizzima + တို့အား PSI စလောင်းများ၊ နှစ်ပေ စလောင်းများ နှင့် ရှစ်ပေ စလောင်း များမှ တစ်ဆင့် နေ့စဉ် နံနက် ၆ နာရီ မှ ည ၁၂ နာရီအထိ ထုတ်လွှင့်ပြသနေပါသည်)။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U”
👍7🔥3
ဩဂုတ်လ (၂၃) ရက်၊ ဗုဒ္ဓဟူးနေ့ မနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
====================

အကြမ်းဖက်လုပ်ရပ်တွေကို ရှုတ်ချကြောင်း ကမ္ဘာသိကြေညာမှ တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းသွားမှာဖြစ်တယ်လို့ စစ်ကောင်စီပြော၊“The Way” ရုပ်ရှင်ဇာတ်ကားကို အမေရိကန်နိုင်ငံမှာ ပွဲဦးထွက်ပြသမယ်လို့ ကြေညာလိုက်ပါတယ်၊ ပြည်တော်ပြန် ဝန်ကြီးချုပ် သက်ဆင်ကို ထိုင်းတရားရုံးချုပ်က ထောင်ဒဏ် ၈ နှစ်ချမှတ်လိုက်တယ်ဆိုတဲ့ နောက်ဆုံးရ နိုင်ငံတကာနဲ့ပြည်တွင်းသတင်းတွေ၊စီးပွားရေးသတင်းတွေကို ကြားကြရမှာပါ။

သတင်းတွေအပြီးမှာတော့ အပတ်စဉ်ကဏ္ဍအနေနဲ့ “မရွှေမိုးရဲ့လေးညှို့သံ” ဆောင်းပါးအစီအစဉ်ကို နားဆင်ရမှာပါ။

https://youtu.be/ildzEHISa1o

#morningradio
#mizzimaradio
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
🤮2👍1🤣1
မဇ္ဈိမအတွက် ဗွီအိုအေ သတင်းလွှာ( သြဂုတ်လ ၂၃ ရက်၊ ၂၀၂၃ ) | VOA On Mizzima
=====================

လာမယ့်ရွေးကောက်ပွဲနဲ့ သမ္မတဟောင်း Trump အပေါ် ထောက်ခံမှု၊ ၂၀၂၄ ရွေးကောက်ပွဲနဲ့ ကန်စီးပွားရေးအပေါ် သက်ရောက်နိုင်ခြေ၊ အွန်လိုင်း live လွှင့် ဈေးရောင်းတဲ့ တရုတ် ဈေးကွက် ကြီးထွား၊ ဒီလို စိတ်ဝင်စားစရာ နိုင်ငံတကာသတင်းဆောင်းပါးတွေနဲ့ နောက်ဆုံးရ ငွေကြေးဈေးကွက် သတင်းတွေကို ၂၀၂၃ ခုနှစ်၊ သြဂုတ်လ ၂၃ ရက်၊ မဇ္ဈိမအတွက် ဗွီအိုအေ အစီအစဉ်မှာ ကြည့်ရှုနိုင်ပါတယ်။

https://youtu.be/5Kvds4eGxqI

#VOA
#mizzimatv
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍5🍌1