ငွေကြေးဖောင်းပွမှုကို ထိန်းချုပ်သော်လည်း ဈေးနှုန်းမြင့်တက်နေဆဲဟု စစ်ကောင်စီ ညည်းတွား
==================
001
(မဇ္စျိမ) ။ ။ငွေကြေးဖောင်းပွမှုနှုန်း ထိန်းချုပ်နိုင်ရန်နှင့် နိုင်ငံခြားငွေ လဲလှယ် နှုန်းတည်ငြိမ်ရန်အတွက် တွန်းအားပေးလုပ်ဆောင်နေသည့်တိုင်အောင် ပြင်ပဈေးကွက်တွင် ဈေးနှုန်းများ မြင့်တက်နေဆဲဖြစ်ကြောင်း စစ်ကောင်စီခန့် ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ (၂) ဒေါက်တာလင်းအောင်က ညည်းတွားပြောဆိုသည်။
နေပြည်တော်၊ ပြန်ကြားရေးဝန်ကြီးဌာနတွင် ယနေ့ ဩဂုတ်လ ၂၂ ရက်နေ့တွင်ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ထိုသို့ ညည်းတွား ပြောဆိုခဲ့ခြင်း ဖြစ်သည်။
“ဒီလိုမြင့်မားနေရတဲ့ အကြောင်းအရင်းတွေကတော့ ကုန်သွယ်မှုနဲ့ ပတ်သက်တဲ့ မှောင်ခိုရောင်းဝယ်မှုတွေနဲ့ တရားမဝင် တင်ပို့မှုတွေကြောင့် ဖြစ်ပါတယ်၊ နောက်ဖြစ်သင့်၊ ဖြစ်ထိုက်တဲ့ နိုင်ငံခြားငွေလဲလှယ်နှုန်း မဟုတ်ဘဲနဲ့ ငွေလဲလှယ်နှုန်း မြင့်တက်စေရန်ရည်ရွယ်ပြီး ဈေးကစားနေခြင်းတို့ကြောင့်ဖြစ်ကြောင်း ပြောကြားလိုပါတယ်”ဟု ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ (၂) ဒေါက်တာလင်းအောင်က ပြောသည်။
ထို့ကြောင့် တရားမဝင် နိုင်ငံခြားငွေ ရောင်းဝယ်မှု ပပျောက်ရေး၊ ပို့ကုန်ရငွေများ ပြန်လည်ဝင်ရောက်ရေး၊ တရားမဝင် ကုန်သွယ်မှု တားဆီးရေး၊ သွင်းကုန်သမား အမည်ခံပြီး နိုင်ငံခြားငွေကို အွန်လိုင်းဈေးနှုန်းဖြင့် ဝယ်ယူပြီး အခြားသူများကို တရားမဝင်ဈေးဖြင့် ညှိနှိုင်းရောင်းချခြင်း မဆောင်ရွက်နိုင်ရန်အတွက် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်နေကြောင်းလည်း ၎င်းက ဆိုသည်။
စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကမှု ကုန်ဈေးနှုန်း မြင့်မားမှုမှာ ဝိသမလောဘသား ကုန်သည်များကြောင့်ဖြစ်ပြီး ထိုက်သင့်သည့် ဆောင်ရွက်မှုများ ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့ သည်။
မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းပြီးနောက် နိုင်ငံစီးပွားရေး ကသောင်းကနင်းဖြစ်ကာ ငွေကြေးဖောင်းပွမှုနှုန်း အဆမတန် မြင့်မားလာနေခြင်းဖြစ်ကြောင်း စီးပွားရေးလုပ်ငန်းရှင်းများက ထောက်ပြထားသည်။
သို့သော်လည်း စစ်ကောင်စီ၏ ဗဟိုဘဏ်ကမှု ကုန်သွယ်မှုလိုငွေ မြင့်မားလာသည့်အတွက် ငွေကြေးဖောင်းပွမှု အထိုက်အလျောက် မြင့်တက်နေခြင်းဖြစ်ကြောင်း ယနေ့သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။
ထို့ကြောင့် ကုန်သွယ်မှုလိုငွေများ လျှော့ချနိုင်ရန် သွင်းကုန်များကို ကန့်သတ်ခြင်းနှင့် သွင်းကုန်အစားထိုးပစ္စည်းများ ထုတ်လုပ်နိုင်ရန် လုပ်ဆောင်နေကြောင်းလည်း ပြောသည်။
ငွေကြေးဖောင်းပွမှုကို လျှော့ချနိုင်ရန်အတွက် အတိုးနှုန်း ပြင်ဆင်ခြင်းကိုလည်း လိုအပ်သလို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ (၂) က ဆိုသည်။
လက်ရှိတွင် စစ်ကောင်စီအနေဖြင့် အမေရိကန်ဒေါ်လာသုံးစွဲမှုလျှော့ချနိုင်ရန် ကုန်သွယ်မှုတွင် ယွမ်၊ ဘတ် အစားထိုး အသုံးပြုမှုများ ပြုလုပ်နေပြီး နိုင်ငံခြားငွေ လက်ဝယ်ကိုင်ဆောင်မှုများကိုလည်း တင်းကျပ်လျက်ရှိသည်။
နိုင်ငံခြားငွေလဲလှယ်နှုန်းများနှင့် ပတ်သက်ပြီး အွန်လိုင်းနှင့် ဆိုရှယ်မီဒီယာများပေါ်တွင် ဈေးနှုန်းများထိုးတက်ရန် ရည်ရွယ်သည့် ရေးသားပြောဆိုမှုများ အပါအဝင် နိုင်ငံခြားငွေလဲလှယ်နှုန်းမြင့်တက်စေရန် ဆောင်ရွက်မှုများကိုလည်း အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ် ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက ဩဂုတ်လ ၁၉ ရက်နေ့က ပြောဆိုထားသည်။
မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီးနောက် နှစ်နှစ်ကျော်အကြာ ဇူလိုင်လကုန်တွင် ပထမဆုံးအကြိမ်အဖြစ် စစ်ကောင်စီက နှစ်သောင်းတန် ငွေစက္ကူသစ် ထုတ်ဝေပြီးနောက် မြန်မာကျပ်ငွေတန်ဖိုးများ ဆက်တိုက်ကျဆင်းလာနေသည်။
ပုံညွှန်း- ရန်ကုန်မြို့တွင် စားအုန်းဆီရရန် စောင့်ဆိုင်းနေသော အဖွားအိုတဦးကို တွေ့ရစဉ် (photo- AFP)
စာတည်း။ ။ နောင်နောင်
#ငွေကြေးဖောင်းပွ
#စစ်ကောင်စီညည်းတွား
#Mizzima
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

👍23🤣9🔥2❤1🥰1
Cheese in the Trap
=============
ဟောင်ဆိုးဟာ သဘောကောင်းပြီး စိတ်ထားလှတဲ့ သာမန် တက္ကသိုလ်ကျောင်းသူလေးတစ်ယောက် ဖြစ်ပါတယ် အချိန်ပိုင်းအလုပ်တွေလုပ်ပြီး ပိုက်ဆံရှာကာ နေထိုင်စရိတ်နဲ့ကျူရှင်စရိတ်တွေကို သူ ပေးရပါတယ် ...ယိုဂျောင်းကတော့ တက္ကသိုလ်တစ်ခုတည်းမှာပဲ အတူတက်နေတဲ့ သူမရဲ့စီနီယာ ဖြစ်ပါတယ် ချမ်းသာပြီး သဘောကောင်းတဲ့အပြင် ရုပ်လည်းချောပါတယ် ၂ ယောက်သားအတူရှိတိုင်း ဟောင်ဆိုးတစ်ယောက် အနေရခက်ဖြစ်ရပါတယ် တစ်နေ့မှာတော့ ယိုဂျောင်းက သူမကို တွဲရအောင်လို့ပြောတဲ့အခါမှာ .... ၂ ယောက်သား ကသိကအောက် ဆက်ဆံရေးတစ်ခုကို စတင်ပါတော့တယ်...
ဒီဇာတ်ကားလေးကို Mizzima + Channel မှာ စောင့်မျှော်ကြည့်နိုင်ပါပြီ။
Mizzima+ Channel တွင် ပြသနေသည့်အချိန်မှာပဲ Mizzima TV App တွင်လည်း Live stream တိုက်ရိုက်ကြည့်ရှုနိုင်တာမို့ Mizzima TV Application လေးကို download လုပ်ပြီးကြည့်လိုက်ကြရအောင်
App ဒေါင်းလော့လုပ်ရန် - https://bit.ly/44WaGEU
#New ပြသမည့်ရက်။ ။ ၂၃.၈.၂၀၂၃
ပြသမည့် အချိန် ။ ။ မနက် (၁၀:၀၀)နာရီ
ပြန်လည်ပြသမည့်အချိန်။ ။ ည (၁၀:၃၀) နာရီ
(Mizzima Media ကနေ သတင်းချန်နယ် သီးသန့် အဖြစ် Mizzima TV အပြင်၊ သတင်း နှင့် ဖျော်ဖြေရေး ချန်နယ် အဖြစ် Mizzima + တို့အား PSI စလောင်းများ၊ နှစ်ပေ စလောင်းများ နှင့် ရှစ်ပေ စလောင်း များမှ တစ်ဆင့် နေ့စဉ် နံနက် ၆ နာရီ မှ ည ၁၂ နာရီအထိ ထုတ်လွှင့်ပြသနေပါသည်)။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U”

👍7🔥3
ဩဂုတ်လ (၂၃) ရက်၊ ဗုဒ္ဓဟူးနေ့ မနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
====================
အကြမ်းဖက်လုပ်ရပ်တွေကို ရှုတ်ချကြောင်း ကမ္ဘာသိကြေညာမှ တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းသွားမှာဖြစ်တယ်လို့ စစ်ကောင်စီပြော၊“The Way” ရုပ်ရှင်ဇာတ်ကားကို အမေရိကန်နိုင်ငံမှာ ပွဲဦးထွက်ပြသမယ်လို့ ကြေညာလိုက်ပါတယ်၊ ပြည်တော်ပြန် ဝန်ကြီးချုပ် သက်ဆင်ကို ထိုင်းတရားရုံးချုပ်က ထောင်ဒဏ် ၈ နှစ်ချမှတ်လိုက်တယ်ဆိုတဲ့ နောက်ဆုံးရ နိုင်ငံတကာနဲ့ပြည်တွင်းသတင်းတွေ၊စီးပွားရေးသတင်းတွေကို ကြားကြရမှာပါ။
သတင်းတွေအပြီးမှာတော့ အပတ်စဉ်ကဏ္ဍအနေနဲ့ “မရွှေမိုးရဲ့လေးညှို့သံ” ဆောင်းပါးအစီအစဉ်ကို နားဆင်ရမှာပါ။
https://youtu.be/ildzEHISa1o
#morningradio
#mizzimaradio
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U

YouTube
ဩဂုတ်လ (၂၃) ရက်၊ ဗုဒ္ဓဟူးနေ့ မနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
အကြမ်းဖက်လုပ်ရပ်တွေကို ရှုတ်ချကြောင်း ကမ္ဘာသိကြေညာမှ တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းသွားမှာဖြစ်တယ်လို့ စစ်ကောင်စီပြော၊“The Way” ရုပ်ရှင်ဇာတ်ကားကို အမေရိကန်နိုင်ငံမှာ ပွဲဦးထွက်ပြသမယ်လို့ ကြေညာလိုက်ပါတယ်၊ ပြည်တော်ပြန် ဝန်ကြီးချုပ် သက်ဆင်ကို ထိုင်းတရားရုံးချုပ်က…
🤮2👍1🤣1
မဇ္ဈိမအတွက် ဗွီအိုအေ သတင်းလွှာ( သြဂုတ်လ ၂၃ ရက်၊ ၂၀၂၃ ) | VOA On Mizzima
=====================
လာမယ့်ရွေးကောက်ပွဲနဲ့ သမ္မတဟောင်း Trump အပေါ် ထောက်ခံမှု၊ ၂၀၂၄ ရွေးကောက်ပွဲနဲ့ ကန်စီးပွားရေးအပေါ် သက်ရောက်နိုင်ခြေ၊ အွန်လိုင်း live လွှင့် ဈေးရောင်းတဲ့ တရုတ် ဈေးကွက် ကြီးထွား၊ ဒီလို စိတ်ဝင်စားစရာ နိုင်ငံတကာသတင်းဆောင်းပါးတွေနဲ့ နောက်ဆုံးရ ငွေကြေးဈေးကွက် သတင်းတွေကို ၂၀၂၃ ခုနှစ်၊ သြဂုတ်လ ၂၃ ရက်၊ မဇ္ဈိမအတွက် ဗွီအိုအေ အစီအစဉ်မှာ ကြည့်ရှုနိုင်ပါတယ်။
https://youtu.be/5Kvds4eGxqI
#VOA
#mizzimatv
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
=====================
လာမယ့်ရွေးကောက်ပွဲနဲ့ သမ္မတဟောင်း Trump အပေါ် ထောက်ခံမှု၊ ၂၀၂၄ ရွေးကောက်ပွဲနဲ့ ကန်စီးပွားရေးအပေါ် သက်ရောက်နိုင်ခြေ၊ အွန်လိုင်း live လွှင့် ဈေးရောင်းတဲ့ တရုတ် ဈေးကွက် ကြီးထွား၊ ဒီလို စိတ်ဝင်စားစရာ နိုင်ငံတကာသတင်းဆောင်းပါးတွေနဲ့ နောက်ဆုံးရ ငွေကြေးဈေးကွက် သတင်းတွေကို ၂၀၂၃ ခုနှစ်၊ သြဂုတ်လ ၂၃ ရက်၊ မဇ္ဈိမအတွက် ဗွီအိုအေ အစီအစဉ်မှာ ကြည့်ရှုနိုင်ပါတယ်။
https://youtu.be/5Kvds4eGxqI
#VOA
#mizzimatv
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
YouTube
မဇ္ဈိမအတွက် ဗွီအိုအေ သတင်းလွှာ( သြဂုတ်လ ၂၃ ရက်၊ ၂၀၂၃ ) | VOA On Mizzima
လာမယ့်ရွေးကောက်ပွဲနဲ့ သမ္မတဟောင်း Trump အပေါ် ထောက်ခံမှု၊ ၂၀၂၄ ရွေးကောက်ပွဲနဲ့ ကန်စီးပွားရေးအပေါ် သက်ရောက်နိုင်ခြေ၊ အွန်လိုင်း live လွှင့် ဈေးရောင်းတဲ့ တရုတ် ဈေးကွက် ကြီးထွား၊ ဒီလို စိတ်ဝင်စားစရာ နိုင်ငံတကာသတင်းဆောင်းပါးတွေနဲ့ နောက်ဆုံးရ ငွေကြေးဈေးကွက် သတင်းတွေကို…
👍5🍌1
23.8.2023 (Wednesday) တွင် ထုတ်လွှင့်တင်ဆက်ပြသမည့် အစီအစဉ်
=====================
Highlight
ပညာရေးမြို့တော်က စိန်ခေါ်သံများ (ညနေ - ၇ နာရီ)
India Movie -Bhoomi (ည- ၈ နာရီ)
Korea Movie - Cheese in the trap (ည- ၁၀ နာရီခွဲ)
Mizzima+ channel တွင် ပြသနေ့သည့် အချိန်မှာပဲ Mizzima App တွင်လည်း Live Stream တိုက်ရိုက်ကြည့်ရှုနိုင်ပါသည်။

😁3👍1
စစ်ကောင်စီဘဏ္ဍာရေး ကပ်ဆိုက်တော့မှာလား
==================
အမေရိကန်က စစ်ကောင်စီရဲ့ ဘဏ်တွေကို အရေးယူဖို့ ချမှတ်ထားပြီးအမေရိကန်ရဲ့ မူဝါဒတွေကို လိုက်နာ မှုရှိမရှိစောင့်ကြည့်မယ်လို့ ဩဂုတ်လ ၅ ရက်နေ့က သတိပေးလိုက်ပါတယ်။ အဲဒီလို သတိ ပေးမှုပြုလုပ်ပြီး သိပ်မကြာခင်မှာပဲ စစ်ကောင်စီဘဏ်တွေနဲ့ ဆက်ဆံမှုရှိနေတဲ့ အိမ်နီးနားချင်း နိုင်ငံက ဘဏ်တွေက စစ်ကောင်စီလက်အောက်ခံ ဘဏ်တွေနဲ့ ဆက်သွယ်ဆောင်ရွက်မှုတွေကို ရပ်ဆိုင်း လိုက်ကြပါတယ်။
https://youtu.be/sJ3-S4EEJzo
#politics
#newsfeature
#mizzima
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
==================
အမေရိကန်က စစ်ကောင်စီရဲ့ ဘဏ်တွေကို အရေးယူဖို့ ချမှတ်ထားပြီးအမေရိကန်ရဲ့ မူဝါဒတွေကို လိုက်နာ မှုရှိမရှိစောင့်ကြည့်မယ်လို့ ဩဂုတ်လ ၅ ရက်နေ့က သတိပေးလိုက်ပါတယ်။ အဲဒီလို သတိ ပေးမှုပြုလုပ်ပြီး သိပ်မကြာခင်မှာပဲ စစ်ကောင်စီဘဏ်တွေနဲ့ ဆက်ဆံမှုရှိနေတဲ့ အိမ်နီးနားချင်း နိုင်ငံက ဘဏ်တွေက စစ်ကောင်စီလက်အောက်ခံ ဘဏ်တွေနဲ့ ဆက်သွယ်ဆောင်ရွက်မှုတွေကို ရပ်ဆိုင်း လိုက်ကြပါတယ်။
https://youtu.be/sJ3-S4EEJzo
#politics
#newsfeature
#mizzima
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
YouTube
စစ်ကောင်စီဘဏ္ဍာရေး ကပ်ဆိုက်တော့မှာလား
အမေရိကန်က စစ်ကောင်စီရဲ့ ဘဏ်တွေကို အရေးယူဖို့ ချမှတ်ထားပြီးအမေရိကန်ရဲ့ မူဝါဒတွေကို လိုက်နာ မှုရှိမရှိစောင့်ကြည့်မယ်လို့ ဩဂုတ်လ ၅ ရက်နေ့က သတိပေးလိုက်ပါတယ်။ အဲဒီလို သတိ ပေးမှုပြုလုပ်ပြီး သိပ်မကြာခင်မှာပဲ စစ်ကောင်စီဘဏ်တွေနဲ့ ဆက်ဆံမှုရှိနေတဲ့ အိမ်နီးနားချင်း နိုင်ငံက…
👍13😁2
လာမယ့်ရွေးကောက်ပွဲနဲ့ သမ္မတဟောင်း Trump အပေါ် ထောက်ခံမှု | VOA On Mizzima
========================
ရီပတ်ဘလစ်ကန်ပါတီတွင်း သမ္မတလောင်းဖြစ်ဖို့ ရှေ့က ပြေးနေတဲ့ အမေရိကန်သမ္မတဟောင်း Donald Trump အပေါ် တရားစွဲဆိုတဲ့ အမှုအသစ် တခု တိုးလာတိုင်း သူ့ကိုပြတ်ပြတ်သားသား ထောက်ခံတာတွေ တိုးလာတယ်လို့ Donald Trump က ပြောဆိုပါတယ်။ လူထုစစ်တမ်း တချို့မှာလည်း သူပြောတဲ့ အတိုင်း ဖြစ်နေတယ်ဆိုပြီး ပြနေပါတယ်။ တချို့ လူထုစစ်တမ်းတွေမှာတော့ ဒီလို တရားစွဲဆိုမှုတွေကြောင့် တသီးပုဂ္ဂလတွေ၊ ဒီမိုကရက်တွေနဲ့ ယှဉ်ပြိုင်ရမယ့် လာမယ့် ရွေးကောက်ပွဲမှာ Tump ဘက်က အရေးနိမ့်နိုင်တယ်ဆိုပြီး ပြနေပါတယ်။ VOA သံတမန်ရေးရာ သတင်းထောက် Cindy Saine သတင်းပေးပို့ချက်ကို ဦးသိန်းထိုက်ဦး တင်ဆက်ထားပါတယ်။
https://youtu.be/m6wTDE8EAAw
#VOA
#mizzimatv
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
========================
ရီပတ်ဘလစ်ကန်ပါတီတွင်း သမ္မတလောင်းဖြစ်ဖို့ ရှေ့က ပြေးနေတဲ့ အမေရိကန်သမ္မတဟောင်း Donald Trump အပေါ် တရားစွဲဆိုတဲ့ အမှုအသစ် တခု တိုးလာတိုင်း သူ့ကိုပြတ်ပြတ်သားသား ထောက်ခံတာတွေ တိုးလာတယ်လို့ Donald Trump က ပြောဆိုပါတယ်။ လူထုစစ်တမ်း တချို့မှာလည်း သူပြောတဲ့ အတိုင်း ဖြစ်နေတယ်ဆိုပြီး ပြနေပါတယ်။ တချို့ လူထုစစ်တမ်းတွေမှာတော့ ဒီလို တရားစွဲဆိုမှုတွေကြောင့် တသီးပုဂ္ဂလတွေ၊ ဒီမိုကရက်တွေနဲ့ ယှဉ်ပြိုင်ရမယ့် လာမယ့် ရွေးကောက်ပွဲမှာ Tump ဘက်က အရေးနိမ့်နိုင်တယ်ဆိုပြီး ပြနေပါတယ်။ VOA သံတမန်ရေးရာ သတင်းထောက် Cindy Saine သတင်းပေးပို့ချက်ကို ဦးသိန်းထိုက်ဦး တင်ဆက်ထားပါတယ်။
https://youtu.be/m6wTDE8EAAw
#VOA
#mizzimatv
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
YouTube
လာမယ့်ရွေးကောက်ပွဲနဲ့ သမ္မတဟောင်း Trump အပေါ် ထောက်ခံမှု | VOA On Mizzima
ရီပတ်ဘလစ်ကန်ပါတီတွင်း သမ္မတလောင်းဖြစ်ဖို့ ရှေ့က ပြေးနေတဲ့ အမေရိကန်သမ္မတဟောင်း Donald Trump အပေါ် တရားစွဲဆိုတဲ့ အမှုအသစ် တခု တိုးလာတိုင်း သူ့ကိုပြတ်ပြတ်သားသား ထောက်ခံတာတွေ တိုးလာတယ်လို့ Donald Trump က ပြောဆိုပါတယ်။ လူထုစစ်တမ်း တချို့မှာလည်း သူပြောတဲ့ အတိုင်း…
👍7❤1
၂၀၂၄ ရွေးကောက်ပွဲနဲ့ ကန်စီးပွားရေးအပေါ် သက်ရောက်နိုင်ခြေ | VOA On Mizzima
========================
သမ္မတ Biden အစိုးရက အမေရိကန်စီးပွါးရေးအားကောင်းခိုင်မာဖို့ အာရုံစိုက်လုပ်ဆောင်နေပေမဲ့ တချို့ လုပ်ငန်းရှင်တွေကတော့ ဒီအပေါ် ယုံကြည်မှုနည်းနေဆဲပါ။ ရွေးကောက်ပွဲရာသီမတိုင်ခင် အသေးစားလုပ်ငန်းရှင်တွေ စီးပွါးရေးအတွက် ရုန်းကန်နေကြရတဲ့ အကြောင်း VOA သတင်းထောက် Veronica Balderas Iglesias ကိုယ်တိုင် သူတို့ဆိုင်တွေကိုသွားရောက်လေ့လာခဲ့ပါတယ်။ မမြသဇင်အောင် တင်ဆက်ထားပါတယ်။
https://youtu.be/NXAxm7hCrVU
#VOA
#mizzimatv
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
========================
သမ္မတ Biden အစိုးရက အမေရိကန်စီးပွါးရေးအားကောင်းခိုင်မာဖို့ အာရုံစိုက်လုပ်ဆောင်နေပေမဲ့ တချို့ လုပ်ငန်းရှင်တွေကတော့ ဒီအပေါ် ယုံကြည်မှုနည်းနေဆဲပါ။ ရွေးကောက်ပွဲရာသီမတိုင်ခင် အသေးစားလုပ်ငန်းရှင်တွေ စီးပွါးရေးအတွက် ရုန်းကန်နေကြရတဲ့ အကြောင်း VOA သတင်းထောက် Veronica Balderas Iglesias ကိုယ်တိုင် သူတို့ဆိုင်တွေကိုသွားရောက်လေ့လာခဲ့ပါတယ်။ မမြသဇင်အောင် တင်ဆက်ထားပါတယ်။
https://youtu.be/NXAxm7hCrVU
#VOA
#mizzimatv
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
YouTube
၂၀၂၄ ရွေးကောက်ပွဲနဲ့ ကန်စီးပွားရေးအပေါ် သက်ရောက်နိုင်ခြေ | VOA On Mizzima
သမ္မတ Biden အစိုးရက အမေရိကန်စီးပွါးရေးအားကောင်းခိုင်မာဖို့ အာရုံစိုက်လုပ်ဆောင်နေပေမဲ့ တချို့ လုပ်ငန်းရှင်တွေကတော့ ဒီအပေါ် ယုံကြည်မှုနည်းနေဆဲပါ။ ရွေးကောက်ပွဲရာသီမတိုင်ခင် အသေးစားလုပ်ငန်းရှင်တွေ စီးပွါးရေးအတွက် ရုန်းကန်နေကြရတဲ့ အကြောင်း VOA သတင်းထောက် Veronica…
👍5🔥1
နိုင်ငံရင်း ပြန်လာချိန် ထောင်ချခံရသည့် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်အား ဆေးရုံသို့ ပို့ဆောင်
==========================
ပြည်ပတွင် နှစ်ပေါင်းများစွာ ထွက်ပြေးတိမ်းရှောင်နေပြီး နိုင်ငံရင်း ပြန်လာချိန် ထောင်ချခံရဿည့် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝတ်ထရာသည် ထောင်ကျသည့် ပထမရက်မှာပင် ကျန်းမာရေးပြဿနာ ခံစားရခြင်းကြောင့် ညတွင်းချင်း ရဲဘက်ဆိုင်ရာ ဆေးရုံတရုံသို့ ရွှေ့ပြောင်းပေးခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ဗုဒ္ဓဟူးနေ့တွင် ပြောသည်။
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
==========================
ပြည်ပတွင် နှစ်ပေါင်းများစွာ ထွက်ပြေးတိမ်းရှောင်နေပြီး နိုင်ငံရင်း ပြန်လာချိန် ထောင်ချခံရဿည့် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝတ်ထရာသည် ထောင်ကျသည့် ပထမရက်မှာပင် ကျန်းမာရေးပြဿနာ ခံစားရခြင်းကြောင့် ညတွင်းချင်း ရဲဘက်ဆိုင်ရာ ဆေးရုံတရုံသို့ ရွှေ့ပြောင်းပေးခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ဗုဒ္ဓဟူးနေ့တွင် ပြောသည်။
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😁8👍3🤣1
ဖိလစ်ပိုင်ရဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုအတွင်း ဩစတြေးလျရဲ့ အကြီးဆုံးစစ်သင်္ဘောတစ်စင်း ဖြန့်ကျက်ထား
==========================
https://youtu.be/GycOIQF7rPg

#InternationalNews
#Mizzima
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ.…

👍8🔥1
သြဂုတ်လ ၂၃ ရက်နေ့ မနက်ပိုင်း ၁၁ နာရီထိ နောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေး၊ စားအုန်းဆီစျေး
====================
https://youtu.be/XAtAT_9ZHM0

မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင…

🔥2
အွန်လိုင်း live လွှင့် ဈေးရောင်းတဲ့ တရုတ် ဈေးကွက် ကြီးထွား | VOA On Mizzima
==================
တရုတ်နိုင်ငံမှာ အွန်လိုင်းကနေ live လွှင့်ပြီး ဈေးရောင်းတဲ့ ဈေးကွက်က အင်မတန် ကြီးလာနေပြီး ၂၀၂၂ မှာ ဒေါ်လာ ၄၈၀ ဘီလျံဖိုး ဝင်ငွေရခဲ့တယ်လို့စစ်တမ်းမှာ ဖော်ပြထားပါတယ်။ အိမ်သာသုံးစက္ကူကအစ ဇိမ်ခံပစ္စည်းတွေအထိ ကြော်ငြာပြီး အွန်လိုင်းကနေ live လွှင့် ဈေးရောင်းတဲ့ ဈေးကွက်အကြောင်း ရိုက်တာသတင်းဆောင်းပါးတပုဒ်ကို မအိသန့်စင် တင်ဆက်ထားပါတယ်။
https://youtu.be/ZFJTXBf6gqc
#VOA
#mizzimatv
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
==================
တရုတ်နိုင်ငံမှာ အွန်လိုင်းကနေ live လွှင့်ပြီး ဈေးရောင်းတဲ့ ဈေးကွက်က အင်မတန် ကြီးလာနေပြီး ၂၀၂၂ မှာ ဒေါ်လာ ၄၈၀ ဘီလျံဖိုး ဝင်ငွေရခဲ့တယ်လို့စစ်တမ်းမှာ ဖော်ပြထားပါတယ်။ အိမ်သာသုံးစက္ကူကအစ ဇိမ်ခံပစ္စည်းတွေအထိ ကြော်ငြာပြီး အွန်လိုင်းကနေ live လွှင့် ဈေးရောင်းတဲ့ ဈေးကွက်အကြောင်း ရိုက်တာသတင်းဆောင်းပါးတပုဒ်ကို မအိသန့်စင် တင်ဆက်ထားပါတယ်။
https://youtu.be/ZFJTXBf6gqc
#VOA
#mizzimatv
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
YouTube
အွန်လိုင်း live လွှင့် ဈေးရောင်းတဲ့ တရုတ် ဈေးကွက် ကြီးထွား | VOA On Mizzima
တရုတ်နိုင်ငံမှာ အွန်လိုင်းကနေ live လွှင့်ပြီး ဈေးရောင်းတဲ့ ဈေးကွက်က အင်မတန် ကြီးလာနေပြီး ၂၀၂၂ မှာ ဒေါ်လာ ၄၈၀ ဘီလျံဖိုး ဝင်ငွေရခဲ့တယ်လို့စစ်တမ်းမှာ ဖော်ပြထားပါတယ်။ အိမ်သာသုံးစက္ကူကအစ ဇိမ်ခံပစ္စည်းတွေအထိ ကြော်ငြာပြီး အွန်လိုင်းကနေ live လွှင့် ဈေးရောင်းတဲ့ ဈေးကွက်အကြောင်း…
😁4👍2❤1
အကြမ်းဖက်လုပ်ရပ်တွေကို ကျူးလွန်နေတဲ့စစ်ကောင်စီက NUG၊ PDF နဲ့ တွေ့ဆုံဆွေးနွေးဖို့မရှိဘူးလို့ပြော
====================
အကြမ်းဖက်လို့ ကြေညာထားသူတွေနဲ့ တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်း သွားစရာမရှိကြောင်းနဲ့ ကြေညာခံထားရတဲ့သူတွေအနေနဲ့ အကြမ်းဖက်အလုပ် ကို မလုပ်တော့ပါဘူးလို့ ကမ္ဘာသိဝန်ခံကြေညာမှသာ တွေ့ဆုံ ဆွေးနွေးမည်ဖြစ်ကြောင်း စစ်ကောင်စီပြောခွင့်ရပုဂ္ဂိုလ် ဇော်မင်းထွန်း က ပြောဆို လိုက် ပါတယ်။
သြဂုတ် ၂၂ ရက်က ပြုလုပ်တဲ့ စစ်ကောင်စီရဲ့ သတင်းစာရှင်းလင်းပွဲမှာ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးတို့ရဲ့ တွေ့ဆုံမှုကတဆင့် နောက်ပိုင်းမှာ တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းတွေ ပေါ်လာနိုင်လားဆိုတဲ့ မေးခွန်းနဲ့ပတ်သက်ပြီး သူက အခုလို ပြောဆိုလိုက်တာပါ။
တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းကို သွားနိုင်ဖို့ အချက် နှစ်ချက်ကို စစ်ကောင်စီက ပြောခဲ့ပေမဲ့ NUG နဲ့ PDF ဘက်က မလိုက်လျောနိုင်မယ့် စကားလုံးမျိုးကို ရွေးချယ်သွားတယ် လို့ နိုင်ငံရေးအကဲခတ်တွေက သုံးသပ်ကြပါတယ်။
စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာထားသူတွေနဲ့ တွေ့ဆုံမှာ မဟုတ်ဘူးလို့ ပြောပေမယ့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့တော့ ငြိမ်းချမ်းရေး ဆက်ဆွေးနွေးသွားဖို့ ရှိတယ်လို့ အဲဒီ သတင်းစာရှင်းလင်းပွဲမှာ ပြောသွားပါတယ်။
စစ်ကောင်စီအနေနဲ့ ပြည်တွင်းငြိမ်းချမ်းရေးရရှိဖို့ EAOs အဖွဲ့တွေနဲ့ ဆောင်ရွက်နေတာတွေ၊ နိုင်ငံရေးတည်ငြိမ်မှုရရှိဖို့အတွက် နိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံနေတာတွေ၊ ရှေ့ဆက်သွားမယ့် ရွေးကောက်ပွဲ ဆောင်ရွက်နိုင်ဖို့အတွက် ဆောင်ရွက်နေတဲ့ လုပ်ငန်းတွေကိုတော့ ဆက်လက်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ပြောပါတယ်။
စစ်ကောင်စီက သူတို့ရုံးစိုက်တဲ့ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်ထဲမှာ တိုက်ပွဲဖြစ်ခဲ့တာ မှန်ကန်ကြောင်း ဝန်ခံခဲ့ပါတယ်။ ကယားပြည်နယ်ထဲက PDF အကြမ်းဖက်တွေ တိုက်ခိုက်တာလို့ သူကပြောဆိုပါတယ်။ ဒါပေမဲ့ ထိခိုက်ကျဆုံးမှုကိုတော့ ထုတ်ဖော်ပြောမသွားပါဘူး။
တော်လှန်ရေးအင်အားစုတွေဘက်ကတော့ အကြမ်းဖက်လုပ်ရပ်တွေကို စစ်ကောင်စီကသာ ကျူးလွန်နေတာဖြစ်ပြီး စစ်ကောင်စီဟာ တွေ့ဆုံဆွေးနွေးရေးနဲ့ ငြိမ်းချမ်းရေးကို လိုချင်တဲ့အဖွဲ့မဟုတ်ဘူးလို့ ဝေဖန်တုန့်ပြန်လိုက်ပါတယ်။
အာဏာသိမ်းစစ်တပ်က ပြည်သူအပေါ် အကြမ်းဖက် သတ်ဖြတ်နေတာတွေကို ကာကွယ်ဖို့ တော်လှန်ရေးအင်အားစုတွေက လက်နက်ကိုင် တိုက်ပွဲဝင်နေရတာ ဖြစ်တယ်လို့လည်း တော်လှန်ရေးတိုက်ပွဲဝင်နေသူတွေကပြောပါတယ်။
စစ်ကောင်စီဟာ မြန်မာပြည်သူတွေအပေါ် ရက်စက်ကြမ်းကြုတ်တဲ့ နည်းလမ်းတွေအသုံးချပြီး ဖိနှိပ်ကြောင်း၊ စစ်တပ်ဟာ ရွာတွေ၊ စာသင်ကျောင်းတွေနဲ့ ဆေးဘက်ဆိုင်ရာ အဆောက်အအုံတွေကို လေကြောင်းကနေ တိုက်ခိုက်ဖျက်ဆီးတယ်လို့ အမေရိကန်က ကြေညာထားပါတယ်။
https://youtu.be/fGGsvpSK9Yo
#PoliticalNews

အကြမ်းဖက်လို့ ကြေညာထားသူတွေနဲ့ တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်း သွားစရာမရှိကြောင်းနဲ့ ကြေညာခံထားရတဲ့သူတွေအနေနဲ့ အကြမ်းဖက်အလုပ် ကို မလုပ်တော့ပါဘူးလို့ ကမ္ဘာသိဝန်ခံကြေညာမှသာ တွေ့ဆုံ ဆွေးနွေးမည်ဖြစ်ကြောင်း စစ်ကောင်စီပြောခွင့်ရပုဂ္ဂိုလ် ဇော်မင်းထွန်း က ပြောဆို လိုက်…
❤5👍5👏1😁1
ဖားကန့်တွင် စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်၍ ဒေသခံ အမျိုးသမီး ဒဏ်ရာရ
==================
ကချင်လေး
(မဇ္ဈိမ)။ ။ ဖားကန့်မြို့နယ်၊ နန့်ယားဗျူဟာကုန်းတွင် အထိုင်ချတပ်စွဲနေသည့် စစ်ကောင်စီတပ်ဖွဲ့ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်ကြောင့် နန့်ယားကျေးရွာဒေသခံ အမျိုးသမီးတဦး ကျည်စထိမှန် ဒဏ်ရာရရှိသွားကြောင်း ဒေသခံများထံက သိရသည်။
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ၊ ကာမိုင်းမြို့မှ ဖားကန့်မြို့သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို ယမန်နေ့ သြဂုတ်လ ၂၂ ရက်က KIA၊ PDF ပူးပေါင်းတပ်က ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့သည်။
ထိုသို့ တိုက်ခိုက်ခံရသည့်အတွက် နန့်ယားဗျူဟာကုန်းရှိ စစ်ကောင်စီတပ်ဖွဲ့က လက်နက်ကြီးဖြင့် တစ်ရက်လုံး ပစ်ခတ်ခဲ့ရာ ယင်းလက်နက်ကြီးထဲမှ အချို့သည် နန့်ယားကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။
“သူတို့(စစ်တပ်)က တစ်ရက်လုံး ပစ်နေတာဟုတ်တယ် ။ ပစ်တာက တိုက်ပွဲဖြစ်တဲ့ နေရာဘက်ကို ပစ်ကြတယ်လို့ပြောတာပဲ။ ဒါပေမဲ့ တိုက်ပွဲဖြစ်တဲ့နေရာက ဒီကနေ ဝေးသေးတယ်။ အဲ့တာ သူတို့ပစ်လိုက်တဲ့ ကျည်တလုံးက ရပ်ကွက် (၁) မှာကျတယ်။ ပေါက်ကွဲတဲ့ ကျည်စက အမျိုးသမီးတယောက်မှာ ထိသွားတာဟုတ်တယ် ” ဟု နန့်ယားဒေသခံအမျိုးသားတဦးက ပြောသည်။
အသက် ၃၅ နှစ်အရွယ် ဒေါ်ဇင်မာဦးသည် ယမန်နေ့ နေ့လယ် ၁ နာရီခန့်က အိမ်ဝရံတာတွင် ထိုင်နေစဥ် ချိုင်းအောက်တနေရာနှင့် ပေါင်တဖက်ကို လက်နက်ကြီးကျည် ထိမှန်ခဲ့ခြင်းဖြစ်သည်။
ထိုသို့ တိုက်ပွဲဖြစ်ပွားနေမှုကြောင့် နန့်ယားစစ်တပ်ဂိတ်နေရာနှင့် ကာမိုင်းလမ်းခွဲများတွင် စစ်ကောင်စီတပ်က လမ်းများပိတ်ဆို့ထားကြောင်း သိရသည်။ လက်ရှိတွင် တိုက်ပွဲဖြစ်ပွားရာအနီးရှိ ကျောက်ထု၊ အွန်ကထောင်နှင့် ခင်တောင် ကျေးရွာများမှ ပြည်သူများသည့် နန့်ယားနှစ်ခြင်းခရစ်ယာန်ဘုရားကျောင်း နှင့် ဆွေမျိုးအသိအိမ်များတွင် တိမ်းရှောင် ခိုလှုံနေပြီး တိုက်ပွဲဖြစ်ပွားရာ နေရာနှင့် အတန်ငယ်ဝေးသည့် နန့်ယား၊ ကပ်မှော်နှင့် ဆိုင်းဖရာကျေးရွာများမှ ဒေသခံများသည် စစ်အရှိန်မြင့်တက်လာမည်ကို စိုးရိမ်နေကြသည်။
စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima
#နန့်ယားရွာ
#အမျိုးသမီး လက်နက်ကြီးကျည်ထိမှန်
#ဖားကန့်မြို့နယ်
ပုံအညွှန်း- လက်နက်ကြီးကျည်ထိခဲ့သည့် အိမ်အခြေအနေ (ဓာတ်ပုံ-ပေးပို့)

🤬8👍4🔥2
နိုင်ငံအနှံ့တွင် ပြည်သူ့ထောက်ပံ့ငွေဖြင့် ဒရုန်း အစင်း ၄၀၀ ကျော် ပို့ဆောင်ထားကြောင်း NUG ထုတ်ပြန်
❤15🥰2😁2👏1
နိုင်ငံအနှံ့တွင် ပြည်သူ့ထောက်ပံ့ငွေဖြင့် ဒရုန်း အစင်း ၄၀၀ ကျော် ပို့ဆောင်ထားကြောင်း NUG ထုတ်ပြန်
====================
ဂျူချန်း
(မဇ္ဈိမ)။ ။ ပြည်သူများ၏ တော်လှန်ရေးရန်ပုံငွေများဖြင့် ဝယ်ယူထားသည့် ဒရုန်းအစင်းရေ ၄၀၀ ကျော်ကို တိုင်းနှင့်ပြည်နယ်အသီးသီးရှိ ရှေ့တန်းစစ်မြေပြင်များသို့ ပို့ဆောင်ထားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေး ဝန်ကြီးဌာနက ယနေ့ ဩဂုတ်လ ၂၃ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။
ထိုဒရုန်းများအား စစ်ကောင်စီတပ်နှင့် တိုက်ပွဲဝင်နေသည့် ရှေ့တန်းနေရာများတွင် တိုက်ခိုက်ရေးအပြင် ကင်းထောက်ရန်နှင့် ဝါဒဖြန့်ချီရာတွင်လည်း အသုံးပြုနေကြကြောင်း ဆိုသည်။
မြေပြင်တွင် ကိုယ်တိုင် သွားရောက်တိုက်ခိုက်ရန် အဆင်မပြေသည့် အခါမျိုးတွင် ဒရုန်းများဖြင့် မစ်ရှင်ဖော်ဆောင်ခြင်းသည် တပ်ဖွဲ့ဝင် ရဲဘော်များအတွက် အန္တရာယ်ပိုကင်းပြီး NUG MOD က ပေးပို့သည့် ဒရုန်းများသည် အလုံးစုံ ပြီးပြည့်စုံသည်ဟု မဆိုနိုင်သော်လည်း သာမာန်ဒရုန်းများထက် ဝန်ပိုတင်ဆောင်နိုင်သဖြင့် သုံးစွဲရ အဆင်ပြေကြောင်း ကျိုက်ထိုတော်လှန်ရေးအင်အားစု (KRF) ပြန်ကြားရေးတာဝန်ခံက မဇ္ဈိမ ကို ပြောသည်။
“ကင်းပုန်းတွေကျတော့ သွားဖို့လာဖို့ သိပ်စိတ်မချရတဲ့နေရာဆိုရင် ဒရုန်းနဲ့သွားကြဲချရတာက အားသာချက်ရှိတာပေါ့။ ရဲဘော်တွေအတွက်လည်း အန္တရာယ်ကင်းတယ်။ တစ်ခါတလေ ရာသီဥတုကြောင့် လိုချင်တဲ့ ပစ်မှတ် မရတာမျိုးလည်း ရှိတာပေါ့နော်။ ကျနော်တို့ local အဖွဲ့တွေကတော့ ကိုယ့်ဘာသာ ဝယ်ထားတာလည်းရှိတယ်။ ဒရုန်းတွေကတော့ အမျိုးအစားတွေမတူဘူးပေါ့နော်။ ဟိုတခေါက်တုန်းက (NUG ထောက်ပံ့သည့်ဒရုန်း) သုံးခဲ့တယ်။ အအဆင်ပြေပါတယ်။ ဝန်လည်း ပိုပါတယ်ပေါ့နော်။ သယ်နိုင်ပြုနိုင်တယ်ပေါ့နော်။ လုံးဝအဆင်ပြေတယ်တော့မဟုတ်ပေမယ့် အပြင်မှာ အသုံးချလို့ရတယ်ပေါ့နော်” ဟု KRF ပြန်ကြားရေးတာဝန်ခံက ပြောသည်။
နိုင်ငံအနှံ့အပြားတွင် ဒရုန်းစစ်ဆင်ရေးများကို ပိုမိုမြင်တွေ့လာရပြီး စစ်ကောင်စီ၏ တပ်စခန်း၊ ရဲစခန်းနှင့် စစ်ကြောင်းများသည် ဒရုန်းဖြင့် မကြာခဏ တိုက်ခိုက်ခံနေရကာ အထိအခိုက်လည်းများကြောင်း တော်လှန်ရေးသတင်းရင်းမြစ်များထံမှ ရရှိသည့် အချက်အလက်များအရ သိရသည်။
စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima
#ဒရုန်း
#NUG MOD
ဓါတ်ပုံ-NUG-MOD

Paypal
Donate to Mizzima Media Supporters Australia Incorporated
Help support Mizzima Media Supporters Australia Incorporated by donating or sharing with your friends.
👍15❤5🥰2😁2