Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
နိုင်ငံအနှံ့တွင် ပြည်သူ့ထောက်ပံ့ငွေဖြင့် ဒရုန်း အစင်း ၄၀၀ ကျော် ပို့ဆောင်ထားကြောင်း NUG ထုတ်ပြန်
❤15🥰2😁2👏1
နိုင်ငံအနှံ့တွင် ပြည်သူ့ထောက်ပံ့ငွေဖြင့် ဒရုန်း အစင်း ၄၀၀ ကျော် ပို့ဆောင်ထားကြောင်း NUG ထုတ်ပြန်
====================

ဂျူချန်း

(မဇ္ဈိမ)။ ။ ပြည်သူများ၏ တော်လှန်ရေးရန်ပုံငွေများဖြင့် ဝယ်ယူထားသည့် ဒရုန်းအစင်းရေ ၄၀၀ ကျော်ကို တိုင်းနှင့်ပြည်နယ်အသီးသီးရှိ ရှေ့တန်းစစ်မြေပြင်များသို့ ပို့ဆောင်ထားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေး ဝန်ကြီးဌာနက ယနေ့ ဩဂုတ်လ ၂၃ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။

ထိုဒရုန်းများအား စစ်ကောင်စီတပ်နှင့် တိုက်ပွဲဝင်နေသည့် ရှေ့တန်းနေရာများတွင် တိုက်ခိုက်ရေးအပြင် ကင်းထောက်ရန်နှင့် ဝါဒဖြန့်ချီရာတွင်လည်း အသုံးပြုနေကြကြောင်း ဆိုသည်။

မြေပြင်တွင် ကိုယ်တိုင် သွားရောက်တိုက်ခိုက်ရန် အဆင်မပြေသည့် အခါမျိုးတွင် ဒရုန်းများဖြင့် မစ်ရှင်ဖော်ဆောင်ခြင်းသည် တပ်ဖွဲ့ဝင် ရဲဘော်များအတွက် အန္တရာယ်ပိုကင်းပြီး NUG MOD က ပေးပို့သည့် ဒရုန်းများသည် အလုံးစုံ ပြီးပြည့်စုံသည်ဟု မဆိုနိုင်သော်လည်း သာမာန်ဒရုန်းများထက် ဝန်ပိုတင်ဆောင်နိုင်သဖြင့် သုံးစွဲရ အဆင်ပြေကြောင်း ကျိုက်ထိုတော်လှန်ရေးအင်အားစု (KRF) ပြန်ကြားရေးတာဝန်ခံက မဇ္ဈိမ ကို ပြောသည်။

“ကင်းပုန်းတွေကျတော့ သွားဖို့လာဖို့ သိပ်စိတ်မချရတဲ့နေရာဆိုရင် ဒရုန်းနဲ့သွားကြဲချရတာက အားသာချက်ရှိတာပေါ့။ ရဲဘော်တွေအတွက်လည်း အန္တရာယ်ကင်းတယ်။ တစ်ခါတလေ ရာသီဥတုကြောင့် လိုချင်တဲ့ ပစ်မှတ် မရတာမျိုးလည်း ရှိတာပေါ့နော်။ ကျနော်တို့ local အဖွဲ့တွေကတော့ ကိုယ့်ဘာသာ ဝယ်ထားတာလည်းရှိတယ်။ ဒရုန်းတွေကတော့ အမျိုးအစားတွေမတူဘူးပေါ့နော်။ ဟိုတခေါက်တုန်းက (NUG ထောက်ပံ့သည့်ဒရုန်း) သုံးခဲ့တယ်။ အအဆင်ပြေပါတယ်။ ဝန်လည်း ပိုပါတယ်ပေါ့နော်။ သယ်နိုင်ပြုနိုင်တယ်ပေါ့နော်။ လုံးဝအဆင်ပြေတယ်တော့မဟုတ်ပေမယ့် အပြင်မှာ အသုံးချလို့ရတယ်ပေါ့နော်” ဟု KRF ပြန်ကြားရေးတာဝန်ခံက ပြောသည်။

နိုင်ငံအနှံ့အပြားတွင် ဒရုန်းစစ်ဆင်ရေးများကို ပိုမိုမြင်တွေ့လာရပြီး စစ်ကောင်စီ၏ တပ်စခန်း၊ ရဲစခန်းနှင့် စစ်ကြောင်းများသည် ဒရုန်းဖြင့် မကြာခဏ တိုက်ခိုက်ခံနေရကာ အထိအခိုက်လည်းများကြောင်း တော်လှန်ရေးသတင်းရင်းမြစ်များထံမှ ရရှိသည့် အချက်အလက်များအရ သိရသည်။

စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima
#ဒရုန်း
#NUG MOD

ဓါတ်ပုံ-NUG-MOD

--------------------- 
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍15❤5🥰2😁2
၁၅ နှစ်ကြာ ပြည်နှင်ဒဏ်ခံရပြီးနောက် ထိုင်းဝန်ကြီးချုပ်ဟောင်းသက်ဆင် ထိုင်းနိုင်ငံသို့ပြန်လည်ရောက်ရောက်ချင်း ထောင်ချခံရ
================

https://youtu.be/xRJwgVEt7Eg

#InternationalNews
#Mizzima
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍4😁2
​​ကျောက်တံခါးနှင့်ပဲနွယ်ကုန်းမြို့တွင် စစ်တပ်၏ လက်နက်ကြီးကြောင့် အရပ်သား ၂ဦးသေဆုံးဟုဆို
===================

ရွှေနွယ်

(မဇ္ဈိမ)။ ။ပဲခူးတိုင်း၊ကျောက်တံခါးမြို့နယ်တွင် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်နေသောကြောင့် နှစ်ရက်အတွင်း အရပ်သားပြည်သူ နှစ်ဦး သေဆုံးခဲ့သည်ဟု ကျောက်တံခါးမြို့နယ်မြေပြင်သတင်းရင်းမြစ်ထံမှ သိရသည်။

ကျောက်တံခါးမြို့၊ သူဌေးကုန်းရွာအနီးတွင်တပ်စွဲထားသော စစ်ကောင်စီတပ်က ဩဂုတ်လ ၂၁ ရက်နေ့ ည ၁၀ နာရီအချိန်ခန့်တွင် လက်နက်ကြီးဖြင့် ပစ်ခတ်သောကြောင့် ရွာအတွင်း နေအိမ်တလုံးပေါ် ကျရောက်ပေါက်ကွဲခဲ့သည်ဟု သိရသည်။ ထိုပစ်ခတ်မှုကြောင့် သူဌေးကုန်းရွာမှ သမဝါယမအသင်းဝန်ထမ်း ဦးမြင့်အောင် အသက် (၆၀) နှစ် ဒဏ်ရာရပြီး သေဆုံးခဲ့သည်ဟု ဒေသခံများကပြောသည်။

ဩဂုတ်လ ၂၂ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင်လည်း ကျောက်တံခါးမြို့နယ်၊ ပဲနွယ်ကုန်းမြို့၊ဇရပ်ခင်ကျေးရွာ ရေထိန်းတံခါးဘက်မှ စစ်ကောင်စီတပ်ဖွဲ့က လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သောကြောင့် ဒေသခံတဦးသေဆုံး၍ တဦးဒဏ်ရာအပြင်းအထန်ရရှိကြောင်း မြေပြင်သတင်းရင်းမြစ်၏ပြောဆိုချက်အရသိရသည်။ သေဆုံးသူမှာ ဦးတင်ထွေး အသက် (၆၀) နှစ်ဖြစ်ပြီး ပြင်းထန်ထိခိုက်ဒဏ်ရာရသူမှာ ကိုမင်း အသက် (၄၀) နှစ်ဖြစ်သည်။

ကျောက်တံခါးမြို့နယ်အတွင်း စစ်ရေးတင်းမာနေပြီး စစ်ကောင်စီတပ်သည် မြေပြင်မှ စစ်ကြောင်းမထိုးရဲဘဲ လက်နက်ကြီးဖြင့် မကြာခဏပစ်ခတ်နေသည်ဟုကျောက်တံခါးမြို့နယ် ပြည်သူကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတဦးကပြောသည်။

“သူတို့ကရွာထဲဝင်လာတာနဲ့ အသေထွက်ပဲထွက်နေရတော့ ဝင်မလာရဲကြတော့ဘူး။ အဲ့တော့ လက်နက်ကြီးတွေနဲ့ရမ်းပစ်တယ်။ သူတို့အထိုင်ချနေတဲ့ နေရာတွေ၊တပ်တွေကနေပြီးတော့” ဟု ၎င်းက ဆိုသည်။

ကျောက်တံခါးမြို့နယ်သည် ရန်ကုန်−မန္တလေးလမ်းဟောင်းပေါ်တွင် တည်ရှိပြီး လမ်းပိုင်း၏ အရှေ့ဘက်ခြမ်းကျေးရွာများတွင် စစ်ကောင်စီတပ်နှင့် ကာကွယ်ရေးတပ်ဖွဲ့များကြားတိုက်ပွဲပြင်းထန်နေသည်။

စာတည်း - အေးချမ်း
#mizzima
#ကျောက်တံခါးမြို့
#ပဲနွယ်ကုန်းမြို့
#လက်နက်ကြီး
#အရပ်သားသေဆုံး
--------------------- 
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤬7👍2❤1🔥1
ခုခံတော်လှန်စစ် အောင်ပွဲဟာ စစ်ရေးအရ မဟာမိတ်စုဖွဲ့နိုင်မှုအပေါ်မှာ အများကြီး မူတည်နေကြောင်း NUG ယာယီသမ္မတ ပြော
=================

ခုခံတော်လှန်စစ် အောင်ပွဲဟာ စစ်ရေးအရ မဟာမိတ်စုဖွဲ့နိုင်မှုအပေါ်မှာ အများကြီး မူတည်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီးလက ပြောပါတယ်။

ဩဂုတ် ၂၂ ရက် ပြုလုပ်တဲ့ NUG အစိုးရအဖွဲ့ အစည်းအဝေးမှာ ခုလိုပြောလိုက်တာ ဖြစ်ပြီး တော်လှန်ရေးအောင်ပွဲအတွက် စဉ်းစားရမယ့် အခြေခံသဘောတရားတွေထဲမှာ လူထုထောက်ခံမှု ရရှိရေးနဲ့ မဟာမိတ် စုဖွဲ့နိုင်မှုဟာလည်း အရေးကြီးတယ်လို့ သူက ဆိုပါတယ်။

ဒါ့အပြင် စစ်ရေးမှာ သတင်းလက်ဦးမှု ရယူရေးဟာ အလွန်အရေးကြီးသလို ရန်သူစစ်ကောင်စီရဲ့ စစ်ရေးအရှိုက်ကို ထိုးနှက်နိုင်ဖို့အတွက် အတွင်းသတင်း အခိုင်အမာ ရရှိရေးဟာ အထူးအရေးကြီးတယ်လို့ လည်း ယာယီသမ္မတ ဒူဝါလရှီးလကပြောပါတယ်။

တော်လှန်ရေးမှာအောင်ပွဲများ ရနိုင်ရန်အတွက် လူထုထောက်ခံမှုရရန် လိုပြီး လူထုထောက်ခံမှုရစေရန် အလုပ်ဖြင့် သက်သေပြကြရန်နဲ့ မဟာမိတ်စုဖွဲ့နိုင်ရန် အရေးကြီးကြောင်း ၊အခုဆိုရင် နွေဦးတော်လှန်ရေးဟာ ၂ နှစ်ကျော် ၃ နှစ်အတွင်းကို ရောက်ရှိလာပြီး ဒီနေရာမှာ အထူးအလေးထားရမယ့် အရေးကိစ္စတွေက ပထမဆုံးအချက်အနေနဲ့က လူထုထောက်ခံမှု ဖြစ်တယ်လို့ဆိုပါတယ်။

နောက်ထပ် ဒုတိယအနေနဲ့ အရေးကြီးတာကတော့ မဟာမိတ်စုဖွဲ့နိုင်မှု ဖြစ်ပြီး နွေဦးတော်လှန်ရေးမှာ လူမျိုးစု လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ မဟာမိတ်ဆက်ဆံရေးကို ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်အပေါ် အခြေခံပြီး စနစ်တကျ တည်ဆောက်ထားတာကြောင့် ဒါကို ပိုပြီး စည်းနှောင်အားကောင်းတဲ့ မဟာမိတ်ဆက်ဆံရေး ဖြစ်ထွန်းအောင် လုပ်ဆောင်ထားဖို့ လိုအပ်တယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားထားပါတယ်။

ဒါ့အပြင် နွေဦးတော်လှန်ရေးဟာ လက်နက်ကိုင်လမ်းစဉ်တခုတည်းကို ကိုင်စွဲ လျှောက်လှမ်းနေတာ မဟုတ်ကြောင်းနဲ့ နိုင်ငံရေးနည်းကိုလည်း လူထုတိုက်ပွဲ အခြေခံ မဟာဗျူဟာနဲ့ ကျယ်ကျယ်ပြန့်ပြန့် လျှောက်လှမ်းနေတာဖြစ်ကာ ပြည်သူကို နေ့စဉ် နှိပ်စက်ညှဉ်းဆဲနေတဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်တွေနဲ့ လုပ်ငန်းစဉ်တွေကို အသေးစိတ် ထောက်လှမ်းနိုင်မယ့် ထောက်လှမ်းရေးယန္တရားကို NUG အစိုးရအနေနဲ့ အစောပိုင်း ကာလကတည်းက ဖွဲ့စည်းတည်ဆောက်ထားပြီး ဖြစ်တယ်လို့လည်း ယာယီသမ္မတ ဒူဝါလရှီးလက ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီရဲ့ အဆိုးဆုံး အကြမ်းဖက်တာခံခဲ့ရတဲ့ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းထဲက မြန်မာပြည်အထက်ပိုင်း လမ်းပိုင်းတွေရဲ့ ၉၀ ရာခိုင်နှုန်းကို PDF တွေက ထိန်းချုပ်ထားနိုင်ပြီလို့ NUG အစိုးရက သတင်းစာရှင်းလင်းပွဲမှာ ပြောထားပြီး လက်ရှိ မြေပြင်မှာ အကြမ်းဖက်ခံနေရတဲ့ ကျေးရွာတွေဟာ စစ်ကောင်စီနဲ့ PDF တွေ နှစ်ဖက်စလုံး မထိန်းချုပ်နိုင်သေးတဲ့ ကြားနယ်မြေတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ လူထုနဲ့ တစ်သားတည်း နေထိုင်ရန်နဲ့ လူထုကို ဦးဆောင်ရာမှာ ဖြောင့်ဖြောင့်မတ်မတ်ရှိရန် အထူးလိုအပ်ကြောင်းလည်း ယာယသမ္မတ ဒူဝါလရှီးလက မိန့်ခွန်းထဲမှာထည့်သွင်းပြောကြားသွားပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရဘက်ကလည်း နယ်စပ်ဒေသတွေတင် မဟုတ်ဘဲ စစ်ကောင်စီစိုးမိုးထားတဲ့ နေပြည်တော်၊ မန္တလေး၊ ပဲခူး၊ ရန်ကုန် နဲ့ ဧရာဝတီတိုင်းနယ်မြေတွေအထိကို ဝင်ရောက်တိုက်ပွဲဝင်ဖို့ စီမံချက်ထားရှိတယ်လို့ NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြောထားပါတယ်။

ဒေသအားလုံးမှာ PDF တပ်ဖွဲ့တွေရှိနေပြီး နယ်စပ်ဒေသတင် မဟုတ်ဘဲ ရန်သူ့စိုးမိုးနယ်မြေထဲကို နက်နက်ရှိုင်းရှိုင်းထိုးဖောက် ဝင်ရောက်တိုက်ပွဲဝင်ဖို့ စီမံချက်ထားရှိတယ်လို့ ကာကွယ်ရေးဝန်ကြီးက ပြောကြားထားပါတယ်။
 
https://youtu.be/JJ81Jz5XMyI

#PoliticalNews 
#Mizzima
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍13❤1🤮1
သြဂုတ်လ ၂၃ ရက်၊ မွန်းတည့် ၁၂ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
======================

-အကြမ်းဖက်လုပ်ရပ်တွေကို ကျူးလွန်နေတဲ့စစ်ကောင်စီက NUG၊ PDF နဲ့
တွေ့ဆုံဆွေးနွေးဖို့မရှိဘူးလို့ပြောတဲ့သတင်း 

-စစ်ကောင်စီ ဖွဲ့စည်းပုံနဲ့ COC ပျက်ယွင်း‌နေပြီလို့ NUGနဲ့ တော်လှန်ရေးအင်အားစုတွေ ပြောတဲ့သတင်း 

-ပေါက်မှာ ရဲတပ်ဖွဲ့ တိုက်ခိုက်ခံရ ၁ ဦးသေဆုံးပြီး လက်နက်ခဲယမ်းအချို့ ကာကွယ်ရေးအဖွဲ့ရရှိတဲ့သတင်း 

-မနက် ၁၁ နာရီအထိ ရရှိထားတဲ့ ငွေလဲနှုန်း၊ ရွှေဈေး၊ စက်သုံးဆီဈေးနဲ့စားအုန်းဆီဈေးတွေ အပါအဝင် တခြားအရေးကြီး သတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးမှာဖြစ်ပါတယ်။

https://youtu.be/kXcoaRXQa1c

#12pmnews
#Mizzimanewshour
#MizzimaTV 
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍6❤1🍌1
This media is not supported in your browser
VIEW IN TELEGRAM
ဖိလစ်ပိုင်ရဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုအတွင်း ဩစတြေးလျရဲ့ အကြီးဆုံးစစ်သင်္ဘောတစ်စင်း ဖြန့်ကျက်ထား

#Internationalnews #Philipines #Austria #mizzimaplushd #internationalnews #mizzima #mizzimanews #mizzimadailynews #myanmarnews #todaynews #newsupdate #Reels #Shorts
👍6🔥1
Media is too big
VIEW IN TELEGRAM
၁၅ နှစ်ကြာ ပြည်နှင်ဒဏ်ခံရပြီး ထိုင်းဝန်ကြီးချုပ်ဟောင်းသက်ဆင် ထိုင်းသို့ ပြန်လည်ရောက်ရောက်ချင်းထောင်ချခံရ

#Internationalnews #Thailand #mizzimaplushd #internationalnews #mizzima #mizzimanews #mizzimadailynews #myanmarnews #todaynews #newsupdate #Reels #Shorts
👍1😁1
လက်နက်ကိုင် ၃ ဖွဲ့က NCA လမ်းကြောင်းကို သွေဖည်ပြီး စစ်တပ်ကို ပြန်တိုက်နေဟု စစ်ကောင်စီပြော
=================

စစ်တပ်အာဏာသိမ်းပြီးနောက် KNU၊ CNF နဲ့ ABSDF လက်နက်ကိုင်အဖွဲ့သုံးဖွဲ့က အန်စီအေ လမ်းကြောင်းကိုသွေဖယ်ပြီး စစ်တပ်ကို ပြန်တိုက်နေတယ်လို့ စစ်ကောင်စီ စစ်ကောင်စီပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

NCA ဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေက အဆိုပြုရေးဆွဲခဲ့တာဖြစ်ပြီး တပ်မတော်အနေနဲ့ NCA လမ်းကြောင်းနဲ့ ပတ်သက်လာရင် အမြဲတမ်းထိန်းသိမ်းဆောင်ရွက်နေတာဖြစ်တယ်လို့လည်းဆိုပါတယ်။

ပြီးခဲ့တဲ့ အရပ်သားအစိုးရလက်ထက်မှာ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA ကို လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၁၀ ဖွဲ့ ရှိခဲ့ပြီး KNU/KNLA-PC၊ PNLO၊ DKBA၊ LDU၊ ALP၊ NMSP နဲ့ RCSS အဖွဲ့ ၇ ဖွဲ့က စစ်ကောင်စီနဲ့ တွေ့ဆုံဆွေးနွေးတာတွေ ဆက်လုပ်နေပါတယ်။

ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ချင်းအမျိုးသားတပ်ဦး (CNF)နဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(ABSDF)တို့ကတော့  စစ်တပ်ကို တိုက်နေတယ်လို့ ်ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

NCA စာချုပ်ဟာ စစ်တပ်အာဏာစသိမ်းကတည်းက ပျက်သွားပြီဖြစ်တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) ပြောကြားထားပြီး ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ကတော့  အန်စီအေလမ်းကြောင်းကို ဆက်လက် ကိုင်စွဲသွားမယ်လို့ ကြေညာထားပါတယ်။

ခုခံတော်လှန်စစ်ကို ကူညီပံ့ပိုးပေးနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA၊ ကရင်အမျိုးသားအစည်းအရုံး KNU၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီKNPP နဲ့ ချင်းအမျိုးသားတပ်ဦး CNF တို့ကို မတရားအသင်းကြေညာမလားလို့ မေးမြန်းမှုအပေါ် ဗိုလ်ချုပ်ဇော်မင်းထွန်းက ယတိပြတ်မဖြေဘဲ သူတို့လုပ်ရပ်အပေါ်မှာပဲ မူတည်တယ်လို့ ပြောပါတယ်။

ငြိမ်းချမ်းရေးဆွေးနွေးမှုအနေနဲ့ ၂၀၂၁ ခုနှစ် မတ်လကနေ ၂၀၂၃ ခုနှစ် ဇူလိုင်လ ၂၇ ရက်နေ့အထိ ဆွေးနွေးမှုပေါင်း ၁၁၉ ကြိမ်အထိရှိခဲ့ပြီး ငြိမ်းချမ်းရေးဆွေးနွေးခဲ့မှုမှာ NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ဆွေးနွေးမှု ၇၁ ကြိမ်၊ NCA လက်မှတ်မရေးထိုးထားတဲ့ အဖွဲ့တွေနဲ့ ဆွေးနွေးမှု ၂၅ ကြိမ်ရှိခဲ့ကြောင်း ထုတ်ပြန်ပြောဆိုချက်အရ သိရှိရပါတယ်။

ဒါ့ပြင် နိုင်ငံရေးပါတီများအပါအဝင် ဘာသာရေးခေါင်းဆောင်၊ ငြိမ်းချမ်းရေးအကျိုးဆောင် Stateholder အဖွဲ့တွေနဲ့ ဆွေးနွေးမှု ၂၃ကြိမ်ရှိခဲ့တယ်လို့ ပြောဆိုထားပါတယ်။

ယခု ၆လအတွင်း ဇူလိုင်လ ၂၇ရက်နေ့အထိ ငြိမ်းချမ်းရေးဆွေးနွေးမှုပေါင်း ၂၂ကြိမ်ပြုလုပ်ခဲ့ပြီးဖြစ်တယ်လို့လည်း သတင်းထုတ်ပြန်ထားတာဖြစ်ပါတယ်။
 
 https://youtu.be/ymkUZF2olKk

#PoliticalNews
#Mizzima
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U
👍8😁8🤣2
Media is too big
VIEW IN TELEGRAM
အကြမ်းဖက်လုပ်ရပ်တွေကို ကျူးလွန်နေတဲ့စစ်ကောင်စီက NUG၊ PDF နဲ့ တွေ့ဆုံဆွေးနွေးဖို့မရှိဘူးလို့ပြော

Watch more detail - https://youtu.be/fGGsvpSK9Yo

#PoliticalNews #mizzimaplushd #internationalnews #mizzima #mizzimanews #mizzimadailynews #myanmarnews #todaynews #newsupdate #Reels #Shorts
😁5❤2👍2
​​ကြံခင်းမြို့နယ်တွင် ထိတွေ့တိုက်ပွဲဖြစ်ပြီး PDF ၂ ဦးကျဆုံးခဲ့ဟု စစ်တပ်လော်ဘီများသတင်းလွှင့်
=======================

မင်းထက်
(မဇ္စျိမ)။ ။ဧရာဝတီတိုင်း၊ ကြံခင်းမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့များနှင့် PDF များ ထိတွေ့တိုက်ပွဲဖြစ်ပြီး PDF နှစ်ဦးကျဆုံးခဲ့ကြောင်း စစ်ကောင်စီတပ်လော်ဘီ တယ်လီဂရမ်ချန်နယ်များ၌ သတင်းလွှင့်နေသည်ကို တွေ့ရသည်။

ကြံခင်းမြို့နယ်၊ သရက်စမ်းကျေးရွာ အနောက်ဘက် သစ်တောကြိုးဝိုင်းအတွင်း စစ်ကောင်စီတပ်မှနယ်မြေရှင်းလင်းစဉ် PDF အင်အား ၂၀ ခန့်နှင့် စစ်ကောင်စီတပ်ဖွဲ့များ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု စစ်ကောင်စီလော်ဘီ တယ်လီဂရမ်ချန်နယ်များ၌ ယနေ့ သြဂုတ်လ ၂၃ ရက် နံနက်ပိုင်းကဖော်ပြထားခြင်းဖြစ်သည်။

စစ်ကောင်စီတပ်ဖွဲ့များက PDF စခန်းအား သိမ်းပိုက်ရရှိခဲ့ပြီး မီးရှို့ဖျက်ဆီးခဲ့ကြောင်း ၊ PDF တပ်ဖွဲ့ဝင် နှစ်ဦးကို အသေဖမ်းဆီးရမိပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်း ဓာတ်ပုံများနှင့် တကွဖော်ပြထားသည်ကိုလည်း တွေ့ရသည်။

စစ်တပ်လော်ဘီ တယ်လီဂရန်ချယ်နယ်များ၌ ဖော်ပြထားသည့် သတင်းအချက်အလက်များနှင့်ပတ်သက်၍ ဟင်္သာတခရိုင်အတွင်းရှိ တော်လှန်ရေးအင်အားစုများအား ဆက်သွယ်မေးမြန်းရာ ၎င်းတို့အနေဖြင့် အဆိုပါအချက်အလက်များအား အတည်ပြုနိုင်ခြင်းမရှိသေးဟု မဇ္စျိမကိုပြောသည်။

ကြံခင်းနှင့်မြန်အောင်မြို့နယ်များရှိ တောင်ခြေကျေးရွာများတွင် နေထိုင်သည့် ဒေသခံများကမူ ပြီးခဲ့သည့် ဇူလိုင် လ ၁၉ ရက်နေ့မှစကာ တောအုပ်များအတွင်းမှ လက်နက် ကြီးသံများ ညအချိန်ကြားရကြောင်း၊ ထိတွေ့တိုက်ပွဲဖြစ်၊ မဖြစ် အတည်မပြုနိုင်ကြောင်း ပြောသည်။

"ရိုးမထဲမှာ တိုက်ပွဲဖြစ်လား မဖြစ်လားတော့ ဘယ်သူမှမသိရဘူး။ စစ်တပ်ကစစ်ကြောင်းထိုးပြီး လက်နက်ကြီးနဲ့ရမ်းသန်းပစ်နေတာတွေတော့ ရှိတယ်။ ဒေသခံတွေကို တောထဲအဝင်မခံတော့ ဘာမှမသိရဘူးဖြစ်နေတာပါ"ဟု ဒေသခံတဦးက ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့များ၏ ဦးတည်ရာမဲ့ ပစ်ခတ်နေမှုများကြောင့် တောင်ခြေကျေးရွာများတွင်နေထိုင်သည့် ဒေသခံအချို့ ဘေးလွတ်ရာသို့ ရှောင်တိမ်းနေရသည်ဟု ဒေသခံကဆက်လက်ပြောသည်။
လက်ရှိတွင် ကြံခင်းမြို့နယ်၊ ခုံကြီးကျေးရွာအုပ်စု၊ ခုံကြီးချောင်း၊ ကြို့ပင်စုကျေးရွာအုပ်စု ဖားတချဥ်းချောင်း၊ ပိုးစုကြီးကျေးရွာအုပ်စု ပန်းတော့ချောင်း၊ သစ်ဆိမ့်ကိုင်းအုပ်စု ကွန်ချောင်းဆည်တို့တွင် စစ်ကောင်စီတပ်ဖွဲ့များ အထိုင်ချတပ်စွဲထားသည်ဟု သိရသည်။

ယင်းပြင် မြန်အောင်မြို့နယ် မျှင်ဝါးတောင်ကျေးရွာအုပ်စုရှိ မမြဆည်ရေလှောင်တမံ၊ မဲဇလီစမ်းကျေးရွာ၊ မြန်အောင်နှင့် အင်္ဂပူမြို့နယ်ကြားရှိ ဘန့်ဘွေးကုန်းနှင့် အင်္ဂပူမြို့နယ်အတွင်းရှိ ကညင်ဆည်တို့တွင်လည်း စစ်ကောင်စီတပ်ဖွဲ့များ အထိုင်ချတပ်စွဲထားသည်ဟု ဒေသခံများကပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လအတွင်းက ကြံခင်းမြို့နယ်အတွင်းရှိ PDF စခန်းတခုနှင့် လက်နက်ခဲယမ်းများအား စစ်ကောင်စီတပ်ဖွဲ့များက သိမ်းဆည်းရမိခဲ့ကြောင်း စစ်တပ်လော်ဘီ တယ်လီဂရန်ချန်နယ်များ၌ ရေးသားဖော်ပြခဲ့သေးသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#ကြံခင်းမြို့နယ်
#PDF
#တယ်လီဂရန်

#“Supported by the Staying Resilient Amidst Multiple Crises in Southeast Asia initiative of SEA Junction in partnership with CMB Foundation”

---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍3🔥1👏1🤮1
​​MIZZIMA JOB ANNOUNCEMENT
=================

"Breaking Boundaries with words: Join Mizzima as an Experienced Journalist"

Are you an accomplished journalist with a knack for crafting compelling narratives in English? Do you have a passion for telling stories that resonate with readers? If you're ready to take your journalistic expertise to new heights, we invite you to be part of our dynamic team!

How to Apply:
Send your application to hrdepartment@mizzima.com with the subject line: " Journalist Application - [Your Name]". We welcome applications until [15 September 2023].
🤮1
Media is too big
VIEW IN TELEGRAM
ခုခံတော်လှန်စစ် အောင်ပွဲဟာ စစ်ရေးအရ မဟာမိတ်စုဖွဲ့နိုင်မှုအပေါ်မှာ အများကြီး မူတည်နေကြောင်း NUG ယာယီသမ္မတ ပြော

Watch more detail - https://youtu.be/JJ81Jz5XMyI

#PoliticalNews
#reels
#shorts
#MizzimaTV
👍10❤1👏1🤮1
သြဂုတ်လ ၂၃ ရက်၊ မွန်းလွဲ ၂ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
=====================

01:07-ငွေကြေးဖောင်းပွမှုကို ထိန်းချုပ်ပေမယ့်လည်း ဈေးနှုန်းမြင့်တက်နေဆဲလို့ စစ်ကောင်စီ ညည်းတွားတဲ့သတင်း

03:05- “သတင်းအချက်အလက်တွေက စစ်ကောင်စီကိုအရေးယူဖို့အတွက် အရေးပါတဲ့ အခန်းကဏ္ဍဖြစ်တယ်”လို့ NUG သမ္မတရုံးပြောတဲ့သတင်း

07:59-ခုခံတော်လှန်စစ် အောင်ပွဲဟာ စစ်ရေးအရ မဟာမိတ်စုဖွဲ့နိုင်မှုအပေါ်မှာ အများကြီး မူတည်နေကြောင်း NUG ယာယီသမ္မတ ပြောတဲ့သတင်း

11:21-နိုင်ငံအနှံ့မှာ ပြည်သူ့ထောက်ပံ့ငွေနဲ့ ဒရုန်း အစင်း ၄၀၀ ကျော် ပို့ဆောင်ထားကြောင်း NUG ထုတ်ပြန်တဲ့သတင်းအပါအဝင်တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။

https://youtu.be/AcHoySJO5qo

#2pmnews
#Mizzimanewshour
#MizzimaTV
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍6🍌1
This media is not supported in your browser
VIEW IN TELEGRAM
သုံးနှစ်အတွင်း ပထမဆုံးအဖြစ် မြောက်ကိုရီးယားရဲ့ နိုင်ငံတကာလေယာဉ် ဘေဂျင်းသို့ဆင်းသက်

#Internationalnews #mizzimaplushd #internationalnews #mizzima #mizzimanews #mizzimadailynews #myanmarnews #todaynews #newsupdate #Reels #Shorts
❤2