Mizzima
✔
47.7K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
ဂန့်ဂေါနယ်က စစ်ရေးအချက်အချာကျတဲ့ စစ်တပ်စခန်းကုန်းကို ယောနကစစ်ကြောင်း တိုက်ခိုက်
=========================

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်က စစ်ကောင်စီစခန်းကုန်းတခုကို ယောကာကွယ်ရေးတပ်(YDF)ရဲ့ ယောနကစစ်ကြောင်းက သြဂုတ်လ ၂၁ ရက်နေ့ နံနက်ပိုင်းမှာ ၀င်ရောက်တိုက်ခိုက်ခဲ့ပါတယ်။

စစ်ကောင်စီတပ်ရဲ့ အမှတ်(၂၃) ကာကွယ်ရေး ပစ္စည်းစက်ရုံနဲ့ နှစ်မိုင်အကွာမှာရှိပြီး စစ်ရေးဗျူဟာအချက်အချာကျတဲ့ စခန်းကုန်းဖြစ်တာကြောင့် တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ YDF ပြန်ကြားရေးအဖွဲ့၀င်တဦးက ပြောပါတယ်။

အဲဒီ့တိုက်ပွဲမှာ တပ်ကြပ်ကြီးအပါအ၀င် စစ်ကောင်စီတပ်ဖွဲ့၀င် သုံးဦးသေဆုံးခဲ့ပြီး သေနတ်နှစ်လက်နဲ့ အသုံးအဆောင်ပစ္စည်းအချို့သိမ်းဆည်းနိုင်ခဲ့တယ်လို့ ၎င်းကဆိုပါတယ်။ ကာကွယ်ရေးတပ်ဖွဲ့ဘက်မှာအထိအခိုက်မရှိခဲ့ဘူးလို့ YDF က သတင်းထုတ်ပြန်ထားပါတယ်။

YDFအနေနဲ့ ယောဒေသအပါအဝင် နိုင်ငံတဝှမ်းလုံး ဖက်ဒရယ်ဒီမိုကရေစီစနစ်ပေါ်ပေါက်ရေးအတွက် ဆက်လက်တိုက်ပွဲဝင်သွားမှာဖြစ်ကြောင်း ပြည်သူလူထုကို သတင်းစကားပါးပါတယ်။

တင်ဆက်/ တည်းဖြတ် - ရောင်နီ

https://youtu.be/Kis7fziYR3o

-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍16🥰2😁1
ကုန်စျေးနှုန်းတက် ဒေါ်လာစျေးတက် မြန်မာ့စီးပွားရေး ဘယ်လဲ ဘာလဲ | Exclusive Interview
=========================

မြန်မာနိုင်ငံ၏ အခြေခံစားသောက်ကုန်များအပါအဝင် ကုန်စျေးနှုန်း၊ ဒေါ်လာစျေး ရွှေစျေးများ အလွန်အမင်းမြင့်တက်နေမှုများဖြစ်နေချိန်တွင် မြန်မာ့စီးပွားရေးနှင့်ပတ်သက်၍ အမေရိကန်နိုင်ငံနေ မြန်မာပညာရှင်သုံးဦးနှင့် တွေ့ဆုံမေးမြန်းခန်းဖြစ်သည်။ ကယ်လီဖိိုးနီးယားပြည်နယ် တက္ကသိုလ် ဆာကရာမန်တိုမှ ဘောဂဗေဒပညာရှင် ဒေါက်တာမင်းမင်းသော်၊ တက္ကဆက်တက္ကသိုလ် ရီရို ဂရန်ဒီဗယ်လီမှ ဒေါက်တာ ဒင်းဂိုင်းနှင့် ကိုလံဘီယာတက္ကသိုလ် ပြည်သူ့မူဝါဒဆိုင်ရာလေ့လာသူ ဇော်တူးဆိုင်းတို့ကို မဇ္ဈိမ၏ သီးသန့်အင်တာဗျူးတွင်မေးမြန်းထားသည်။

https://youtu.be/Av6OqzARAtM

#Mizzima Exclusive Interview
#မြန်မာ့စီးပွားရေး
#စစ်ကောင်စီ
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍8🍌1
​​အိန္ဒိယနွယ်ဖွား အမေရိကန်နိုင်ငံသား အလားအလာကောင်းသော အမေရိကန်သမ္မတလောင်းဖြစ်ကြောင်း အီလွန်မက်စ်ခ် ပြောကြား 
========================

အမေရိကန် သမ္မတရွေးကောက်ပွဲအတွက် ရီပါပလစ်ကန်ပါတီတွင်း ကိုယ်စားလှယ်လောင်း ရွေးကောက်ပွဲတွင် ဒေါ်နယ်ထရမ့်ပ်နှင့် ယှဉ်ပြိုင်မည့် အိန္ဒိယနွယ်ဖွား အမေရိကန်နိုင်ငံသား လွှတ်တော်အမတ် ဗစ်ဗက် ရာမဆွာမိအား အီလွန်မက်စ်ခ်က ချီးကျူးခဲ့ပြီး ၎င်းသည် အလွန်အလားအလာကောင်းသည့် သမ္မတလောင်းတစ်ယောက်ဖြစ်ကြောင်း ဩဂုတ် ၁၈ ရက်တွင် ပြောဆိုလိုက်သည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍6👏2🤮1
သြဂုတ်လ (၂၃) ရက်၊ ဗုဒ္ဓဟူးနေ့ ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
===================

ဒီကနေ့ည နားဆင်ရမယ့် အစီစဉ်တွေကတော့

ခုခံတော်လှန်စစ် အောင်ပွဲဟာ စစ်ရေးအရ မဟာမိတ်စုဖွဲ့နိုင်မှုအပေါ်မှာ အများကြီး မူတည်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီးလက ပြောဆိုလိုက်တဲ့သတင်းနဲ့အတူ စစ်တပ်အာဏာသိမ်းပြီးနောက် KNU၊ CNF နဲ့ ABSDF လက်နက်ကိုင်အဖွဲ့သုံးဖွဲ့က အန်စီအေ လမ်းကြောင်းကို သွေဖယ်ပြီး စစ်တပ်ကို ပြန်တိုက်နေတယ်လို့ စစ်ကောင်စီပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြော လိုက်တဲ့သတင်းအပါအဝင် တခြားစိတ်ဝင်စားဖွယ် ပြည်တွင်းသတင်းတွေနဲ့ နောက်ဆုံးရ နိုင်ငံတကာသတင်းတွေကို နားဆင်ကြရမှာပါ။

အဲ့ဒီနောက်မှာတော့ ဒီကနေ့အတွက် သတင်းသုံးသပ်ချက်အစီအစဉ်ကို နားဆင်ရဖို့ရှိသလို မဇ္ဈိမနဲ့ The Call ခေါ်သံ အွန်လိုင်းမဂ္ဂဇင်းတို့ ပူးပေါင်းတင်ဆက်တဲ့ “နွေဦးခေါ်သံ” အနုပညာကဏ္ဏ ကို လည်း နားဆင်ရမှာဖြစ်ပါတယ်။

https://youtu.be/l4_dYJ3H1vQ

#eveningradio
#mizzimaradio
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U
👍5👏2🤮1
​​အီရန်အပေါ် အမေရိကန်၏ ဒဏ်ခတ်ပိတ်ဆို့မှုကို ဘယ်တော့မှ အသိအမှတ် မပြုဟု မလေးရှား ပြော
==========================

အီရန်အပေါ် အမေရိကန်၏ ဒဏ်ခတ်ပိတ်ဆို့မှုအား မလေးရှားနိုင်ငံက ကန့်ကွက်ဆန့်ကျင်ကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဇမ်ဘရီ အဒူ ကာဒါးက ထုတ်ဖော်ပြောဆိုပြီး ကုန်သွယ်မှု ပိတ်ပင်ခြင်းကို မိမိတို့နိုင်ငံက ဘယ်တော့မှ အသိအမှတ်ပြုမည်မဟုတ်ဟု ဆိုသည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😁7👍2🔥1🤣1
နွေဦးခေါ်သံ
============

မဇ္ဈိမနဲ့ The Call ခေါ်သံ အွန်လိုင်းမဂ္ဂဇင်းတို့ ပူးပေါင်းတင်ဆက်တဲ့ “နွေဦးခေါ်သံ” အနုပညာကဏ္ဍလာပါပြီ။ ဒီအစီအစဉ်က The Call ခေါ်သံ အွန်လိုင်းမဂ္ဂဇင်းမှာ ဖော်ပြခဲ့တဲ့ ကဗျာ၊ ဆောင်းပါး စတဲ့ အနုပညာလက်ရာများကို The Call ဝိုင်းတော်သူ ဝိုင်းတော်သားတွေ ခံစား ရွတ်ဆို တင်ဆက်ထားတာ နားဆင်ကြရအောင်ပါရှင်။

ဒီတစ်ပတ်မှာတော့

- ဆောင်းပါးရှင် SWY ရဲ့ ပြည်သူ့အားလျှင်အဓိက ဆိုတဲ့ ဆောင်းပါး

- ကဗျာဆရာရွက်စိမ်းရဲ့ မောစ့်ကုတ်နဲ့အဖြူရောင်လူတွေဆိုတဲ့စကားပြေကဗျာ

- စကောလယ်တော ခွေးသတိပြု ဝတ္ထုတို ကိုနားဆင်ကြရမှာပါ။

https://youtu.be/PTFbrBl6qHc

#thecall
#နွေဦးခေါ်သံ
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
❤7👍4🔥1😁1
​​နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၂၃ ဩဂုတ် ၂၀၂၃) 
===================

ပဲခူးအရှေ့ခြမ်းမြို့နယ်များတွင် စစ်ရေးအရှိန်မြှင့်နေသလို အကြမ်းဖက်စစ်ကောင်စီမှ ၎င်းတို့၏ အကျင့်တိုင်း ခံရပြီဆိုလျှင် ရွာများကိုမီးရှို့ ပြည်သူကို သတ်ဖြတ်မှုများလုပ်လာနေ သည့်အတွက် ပြည်သူများအနေဖြင့် စစ်ကိုင်းတိုင်းမကွေးတိုင်းများလို မဖြစ်အောင် ပြည်သူများအနေဖြင့် ကြိုတင်ပြင်ဆင်ထားသင့်သည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍11🔥5😁2👎1
​​NUG ကို အရူးဟုရည်ညွန်းပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်း ပြော
====================

မဇ္စျိမ။ ။အရူးပြောသည့် စကားများသည် မှန်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကို ရည်ညွှန်း ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုလိုက်သည်။

ဩဂုတ်လ ၂၂ ရက်နေ့က ပြုလုပ်ခဲ့သည့် စစ်ကောင်စီ၏သတင်းစာရှင်းလင်းပွဲတွင် “ နေပြည်တော်အနီး တွင် တိုက်ပွဲများဖြစ်ပွားနေခြင်း၊ ပဲခူးတွင် ရထားလမ်း မိုင်းခွဲခံရခြင်းနှင့် မီဒီယာအချို့တွင် နေပြည်တော် သို့လမ်းများဆီဆို၍ တိုက်ပွဲများဖော်ဆောင်မည်ဟုတဖက်အဖွဲ့အစည်းက ပြောကြားထားသည့်အပေါ် မည်သို့ တုန့်ပြန့်ချင်ကြောင်း” သတင်းထောက်တဦး၏ မေးမြန်းမှုကိုပြန်လည်ဖြေကြားရာတွင် ယင်းသို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။

“ တခါတလေကျလည်း အရူးပြောတဲ့ စကားက မှန်တော့မှန်တယ် နေပြည်တော်သို့လမ်းများဆီ ဆိုတာ တော့ မှန်တယ်။ ဘာမှန်လည်းဆိုတာ ခင်ဗျားလည်း မြင်နေတာပဲလေ။ ဘုရားကြီးကို လာဖူးတာ အနယ် နယ်အရပ်ရပ်ကလာဖူးတာ။ တကယ်မှန်တယ်၊ တခါတလေ အဲဒီအရူးတွေပြောတာ တကယ်မှန်တယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေး၀န်ကြီး ဦးရည်မွန်က“လမ်းအားလုံး နေပြည်တော်သို့” အမည်ဖြင့် စစ်ရေးစီမံချက်ကိုအကောင်အထည်ဖော်ကာ ယခုနှစ်အတွင်း စစ်ကောင်စီတပ်ကို စစ်ရေးအရ သိသိသာသာ အသာစီးယူနိုင်ရန် မျှော်မှန်းထားကြောင်း ဇွန်လအတွင်းက Myanmar Now သတင်းဌာနကို ပြောကြားခဲ့သည်။

ထိုသို့ “လမ်းအားလုံး နေပြည်တော်သို့” ဆိုသည့် စကားစုအပေါ် စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်း ထွန်းက မကြာသေးမီကဖွင့်လှစ်ခဲ့သည့် နေပြည်တော်ရှိ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးထံ အနယ် နယ်အရပ်ရပ်မှ ပြည်သူများလာရောက်ဖူးမျှော်နေသည့်ဖြစ်စဥ်နှင့် ချိတ်ဆက် ပြောဆို သွားခြင်း ဖြစ်သည်။

“ကယားပြည်နယ် လာတာတွေ့ရတယ်။ တနင်္သာရီတိုင်းဘက်ကလည်းလာတာတွေ့ရတယ်။ အနယ်နယ် အရပ်ရပ်က ဘုရားဖူးတွေလာ တာတွေ့ရတယ်။ အဲဒီတော့ သူတို့ပြောတဲ့ နေပြည်တော်သို့ လမ်းများဆီ ဆိုတာ အဲဒီတချက်ကတော့ မှန်တယ်” ဟု ဆိုသည်။
စစ်ကောင်စီပြောခွင့်ပုဂ္ဂိုလ်က ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ပျဥ်းမနားမြို့နယ် ဘို့မသံတောင်တွင်တိုက်ပွဲ ဖြစ်ပွားခဲ့သည်မှာ မှန်ကန်သော်လည်း နေပြည်တော်နှင့် ဝေးကြောင်း ၎င်းက တုံ့ပြန်ပြောကြားသည်။

“ နေပြည်တော်နားတဝိုက် ဘို့မ သံတောင်တိုက်ပွဲက မှန်ပါတယ်။ တိုက်ပွဲဖြစ်ခဲ့တာ ရှိပါတယ်။ ဒီနဲ့ ဝေး ပါတယ်။ နေပြည်တော်နဲ့ဆိုရင်အရှေ့တောင်ပေါ့။ ပြောရမယ်ဆိုရင် ပဲခူးတိုင်း၊ ကရင်ပြည်နယ်၊ ကယား ပြည်နယ် ဆက်စပ်နယ်မြေပေါ့ အဲဒီဟာနဲ့တော့ ဆက်စပ်မှုရှိပါတယ်” ဟု ဆိုသည်။

ယင်းအပြင် ရန်ကုန်-မန္တလေးရထားလမ်း မိုင်းဆွဲတိုက်ခိုက်ခံရသည်မှာလည်းမှန်ကန်ပြီး လက်ရှိတွင် ပြန် လည်ပြင်ဆင်ပြီးသည့်အတွက် ရထားများ ပြန်လည်ပြေးဆွဲနေပြီဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

ယင်း တိုက်ခိုက်မှုများကို PDF များနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက လုပ်ဆောင်ခြင်းဖြစ်ပြီး အများပြည်သူအသုံးပြုနေသည့် ရထားလမ်းနှင့်ကားလမ်းများအား ဖောက်ခွဲမှုသည် အကြမ်းဖက် လုပ်ရပ် သာ ဖြစ်ကြောင်းလည်း ဆိုသည်။

ထိုသို့ တိုက်ခိုက်မှုများသည် အစိုးရကို ထိခိုက်စေမည်မဟုတ်ပဲ ပြည်သူလူထုကိုသာ ထိခိုက်စေမည်ဖြစ် ကြောင်းလည်း စစ်ကောင်စီပြောခွင့်ရပုဂ္ဂိုလ်က ပြောဆိုသွားခဲ့သည်။

စစ်ကောင်စီ၏ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ်ဇော်မင်းထွန်းသည် အမျိုးသားညီညွတ်ရေအစိုးရ(NUG) အား အနူကြီးဟု သတင်းစာရှင်းလင်းပွဲများ၌ပြောဆိုခဲ့သလို သမိုင်းနှင့်ပတ်သက်၍လည်း အချက်အလက် လွဲမှားစွာ ပြောဆိုလေ့ရှိသူဖြစ်သည်။

စာတည်း။ ။စောဖေ
#စစ်ကောင်စီ၏ပြောခွင့်ရပုဂ္ဂိုလ်
#သတင်းစာရှင်းလင်းပွဲ
#နေပြည်တော်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍22😁11🖕8💩3🤬2
သြဂုတ်လ (၂၄) ရက်၊ ကြာသပတေးနေ့ မနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
====================

ဒီကနေ့ မနက် နားဆင်ရမယ့် အစီစဉ်တွေကတော့ ...

မြန်မာနိုင်ငံကထွက်ပြေးလာတဲ့ ရိုဟင်ဂျာတွေကို နေရပ်ပြန်ပို့ရေးဟာ ဘင်္ဂလားဒေ့ရှ်အစိုးရရဲ့ ဦးစားပေးအစီအစဉ် ဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးကပြောဆိုလိုက်တဲ့သတင်းနဲ့အတူ နိုင်ငံတစ်ဝန်းက ပြည်သူ့ ကာကွယ်ရေး တပ်ရင်း တပ်ဖွဲ့တွေကို တိုက်ခိုက်ရေး ဒရုန်း လေးရာကျော် ဖြန့်ဝေထားပြီး ဖြစ်တယ်လို့ အမျိုးသားညီညွှတ်ရေး အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ဩဂုတ်လ၂၃ ရက်နေ့မှာ ထုတ်ပြန်လိုက် တဲ့သတင်း အပါအဝင် တခြား စိတ်ဝင်စားဖွယ် ပြည်တွင်းသတင်းတွေနဲ့ နောက်ဆုံးရ နိုင်ငံတကာသတင်းတွေကို နားဆင်ကြရမှာပါ။

အဲ့ဒီနောက်မှာတော့ ဒီကနေ့အတွက် သတင်းသုံးသပ်ချက်အစီအစဉ်ကို နားဆင်ရဖို့ရှိသလို မဇ္ဈိမနဲ့ The Call ခေါ်သံ အွန်လိုင်းမဂ္ဂဇင်းတို့ ပူးပေါင်းတင်ဆက်တဲ့ “နွေဦးခေါ်သံ” အနုပညာကဏ္ဏ ကို လည်း နားဆင်ရမှာဖြစ်ပါတယ်။

https://youtu.be/5VhUUZgopag?si=X_-FkIVip7cHFi0m

#morningradio
#mizzimaradio
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍8😁1🤮1
U.S. Open Cup ဆီမီးဖိုင်နယ် ပွဲပြီးရလဒ်
=================

စင်စင်နာတီ ၃-၃ အင်တာမိုင်ယာမီ

L. Acosta 18' Campana 68', 90+7'
B. Vazquez 53' Martinez 93'
Kubo 114'

ပင်နယ်တီအဆုံးအဖြတ်မှာ ၄-၅ ဂိုးဖြင့် အင်တာမိုင်ယာမီအသင်း အနိုင်ရပြီး U.S. Open Cup ဗိုလ်လုပွဲကို တက်ရောက်သွားခဲ့ပြီဖြစ်ပါတယ်။

Photos: Twitter

#USOpenCup
#cinvmia
👍8❤1🔥1
မဇ္ဈိမအတွက် ဗွီအိုအေ သတင်းလွှာ (သြဂုတ်လ ၂၄ ရက်၊ ၂၀၂၃ ခုနှစ်) | VOA On Mizzima
=======================

ရီပတ်ဘလစ်ကန်သမ္မတလောင်း ပထမစကားစစ်ထိုးပွဲ စတင်၊ လူမှုကွန်ယက်မှာ လူကြည့်များတဲ့ တမိနစ်သတင်းတိုများ၊ ဒီလို စိတ်ဝင်စားစရာ ဆောင်းပါးတွေအပြင် နောက်ဆုံးရ ငွေလဲနှုန်း၊ ရွှေဈေးနဲ့ စက်သုံးဆီဈေးတွေကိုလည်း ၂၀၂၃ ခုနှစ်၊ သြဂုတ်လ ၂၄ ရက်၊ မဇ္ဈိမအတွက် ဗွီအိုအေ အစီအစဉ်မှာ ကြည့်ရှုနိုင်ပါတယ်။

https://youtu.be/wta_QxFcIhg?si=oEPGrU2TbOTLjUbO

#မဇ္ဈိမအတွက်ဗွီအိုအေ
#MizzimaTV
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍4🤮2
​​Deliver Us from Evil(2020)
============

ဒီတစ်ခေါက်မှာကတော့ ကြမ်းကြမ်းရမ်းရမ်းအမျိုးအစားနှစ်သက်သူတွေအတွက်အကြိုက်တွေ့စေမယ့် Action/Crime အမျိုးအစားဇာတ်ကားပါ...

ဂင်အင်နမ်ဆိုသူဟာ လျှို့ဝှက်ထောက်လှမ်းရေးအေဂျင်စီအဖွဲ့ဖျက်သိမ်းပြီးတဲ့အချိန်တခြားနိုင်ငံတွေမှာ ကြေးစားလူသတ်သမားအဖြစ်ရပ်တည်နေသူပါ

တစ်ရက်မှာတော့ အနားမယူခင်နောက်ဆုံးအနေနဲ့မစ်ရှင်တစ်ခု လုပ်ဆောင်ပြီးချိန် ..
မထင်မှတ်ထားတဲ့ ကိစ္စတစ်ခုပေါ်လာခဲ့ပါတယ်ထိုင်းနိုင်ငံမှာ ဇနီးဖြစ်သူအသတ်ခံရပြီး သမီးဖြစ်သူပြန်ပေးဆွဲခံလိုက်ရတာပါ

သမီးဖြစ်သူနောက်ကို အသည်းအသန််လိုက်ရင်းကနေ...သူလုပ်ခဲ့တဲ့နောက်ဆုံးအလုပ်ကနေ အန္တရာယ်ပေါ်လာတဲ့အခါ

ကြမ်းကြမ်းရမ်းရမ်းရိုက်ကူးထားတဲ့ အက်ရှင်ရုပ်ရှင်တစ်ကားဖြစ်တဲ့အပြင်နာမည်ကြီးမင်းသားနှစ်လက် ပါဝင်သရုပ်ဆောင်ထားတာကြောင့်စောင့်မျှော်အားပေးကြပါဦးခင်ဗျာ...

ဒီဇာတ်ကားလေးကို Mizzima + Channel မှာ စောင့်မျှော်ကြည့်နိုင်ပါပြီ။

Mizzima+ Channel တွင် ပြသနေသည့်အချိန်မှာပဲ Mizzima TV App တွင်လည်း Live stream တိုက်ရိုက်ကြည့်ရှုနိုင်တာမို့ Mizzima TV Application လေးကို download လုပ်ပြီးကြည့်လိုက်ကြရအောင်

App ဒေါင်းလော့လုပ်ရန် -
https://bit.ly/44WaGEU

#New ပြသမည့်ရက်။ ။ ၂၄.၈.၂၀၂၃
ပြသမည့် အချိန် ။ ။ မနက် (၁၀:၀၀)နာရီ
ပြန်လည်ပြသမည့်အချိန်။ ။ ည (၁၀:၃၀) နာရီ

(Mizzima Media ကနေ သတင်းချန်နယ် သီးသန့် အဖြစ် Mizzima TV အပြင်၊ သတင်း နှင့် ဖျော်ဖြေရေး ချန်နယ် အဖြစ် Mizzima + တို့အား PSI စလောင်းများ၊ နှစ်ပေ စလောင်းများ နှင့် ရှစ်ပေ စလောင်း များမှ တစ်ဆင့် နေ့စဉ် နံနက် ၆ နာရီ မှ ည ၁၂ နာရီအထိ ထုတ်လွှင့်ပြသနေပါသည်)။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U”
👍6🔥1
​​24.8.2023 (Thursday) တွင် ထုတ်လွှင့်တင်ဆက်ပြသမည့် အစီအစဉ်
====================

Highlight

ပညာရေးမြို့တော်က စိန်ခေါ်သံများ (ညနေ - ၇ နာရီ)
India Movie -Pataakha(ည- ၈ နာရီ)
Korea Movie - Deliver Us From Evil (ည- ၁၀ နာရီခွဲ)

Mizzima+ channel တွင် ပြသနေ့သည့် အချိန်မှာပဲ Mizzima App တွင်လည်း Live Stream တိုက်ရိုက်ကြည့်ရှုနိုင်ပါသည်။

#mizzimatv
👍5🔥1