ဟွန်ဆန်ရဲ့သားကို ကမ္ဘောဒီးယားလွှတ်တော်အမတ်တွေက ခေါင်းဆောင်သစ်အဖြစ်ရွေးချယ်ခဲ့
=====================
https://youtu.be/_wNo8B4i-Ag?si=kEebi0m1czvM5RhS
#International
#MizzimaTV
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

YouTube
ဟွန်ဆန်ရဲ့သားကို ကမ္ဘောဒီးယားလွှတ်တော်အမတ်တွေက ခေါင်းဆောင်သစ်အဖြစ်ရွေးချယ်ခဲ့
ဟွန်ဆန်ရဲ့သားကို ကမ္ဘောဒီးယားလွှတ်တော်အမတ်တွေက ခေါင်းဆောင်သစ်အဖြစ်ရွေးချယ်ခဲ့
#International
#MizzimaTV
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး…

👍4🤣1
This media is not supported in your browser
VIEW IN TELEGRAM
ဖူကူရှီးမား ရေထုတ်လွှတ်မှုနဲ့ပတ်သက်ပြီး ပို့ကုန်ကန့်သတ်ချက် ရုတ်သိမ်းပေးဖို့ ဂျပန်ဝန်ကြီးချုပ် တိုက်တွန်း
#mizzimaplushd #internationalnews #mizzima #mizzimanews #mizzimadailynews #myanmarnews #todaynews #newsupdate #Reels #Shorts

👍5🤮2
This media is not supported in your browser
VIEW IN TELEGRAM
August - 24 [12 Pm] Mizzima News Hour
Mizzima Headline News
#12pmnews #mizzimanewshour #mizzimaplushd #internationalnews #mizzima #mizzimanews #mizzimadailynews #myanmarnews #todaynews #newsupdate #Reels #Shorts

👍4😁1🍌1
ဖူကူရှီးမားရေထုတ်လွှတ်မှုနဲ့ပတ်သက်ပြီးပို့ကုန်ကန့်သတ်ချက်ရုတ်သိမ်းပေးဖို့ဂျပန်ဝန်ကြီးချုပ်တိုက်တွန်း
==================
https://youtu.be/Ol2WeJBE7I4?si=S5TYz8CV_stUX8aP

ဖူကူရှီးမားရေထုတ်လွှတ်မှုနဲ့ပတ်သက်ပြီး ပို့ကုန်တင်သွင်းခွင့်ကန့်သတ်ချက်တွေကို ရုတ်သိမ်းပေးဖို့ ဂျပန်ဝန်ကြီးချုပ်တိုက်တွန်း
#International
#MizzimaTV
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့…

👍5🔥1
This media is not supported in your browser
VIEW IN TELEGRAM
တောင်တရုတ်ပင်လယ်တွင်းက ကင်းစခန်းသို့ ထောက်ပံ့ရေးတွေ ပြန်လည်လုပ်ဆောင်နိုင်ခဲ့ကြောင်း ဖိလစ်ပိုင်ပြော
#mizzimaplushd #internationalnews #mizzima #mizzimanews #mizzimadailynews #myanmarnews #todaynews #newsupdate #Reels #Shorts #Philipine

👍6🔥1
သြဂုတ်လ ၂၄ ရက်၊ မွန်းတည့် ၁၂ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
=======================
01:00-UNOCHA အကြီးအကဲက အာဏာသိမ်း စစ်ခေါင်းဆောင်နဲ့တွေ့ဆုံပြီးနောက် NUG ဝန်ကြီးများနဲ့ အွန်လိုင်းမှတွေ့ဆုံတဲ့ သတင်း
03:44- NUG ကို အရူးဟု ရည်ညွန်းပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်း ပြောတဲ့သတင်း
05:49-ဂန့်ဂေါနယ်က စစ်ရေးအချက်အချာကျတဲ့ စစ်တပ်စခန်းကုန်းတိုက်ခိုက်ခံရမှု ၃ဦးသေဆုံးပြီး သေနတ်တွေသိမ်းဆည်းရရှိတဲ့သတင်း
09:56-မြိတ်မှာ စက်သုံးဆီအကန့်အသတ်နဲ့ သာ ရရှိတဲ့သတင်းအပါအဝင် တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။
https://youtu.be/xX6cjyObbJg?si=vaxQA6MT0JgkuJWz
#12pmnews
#Mizzimanewshour
#MizzimaTV
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U

05:49-ဂန့်ဂေါနယ်က စစ်ရေးအချက်အချာကျတဲ့ စစ်တပ…

👍11😁1🍌1
စစ်ကောင်စီတပ် လက်လွှတ်ခဲ့ရတဲ့ လက်ခတ်တောင်စခန်းကုန်းမှာ ဘာတွေဖြစ်ခဲ့လဲ (ရုပ်/သံ)
======================
ဟန်ထူးဇော်
(မဇ္ဈိမ) ။ ။ ကရင်ပြည်နယ် မြဝတီမြို့အနီးရှိ စစ်ကောင်စီနဲ့ ကရင်နယ်ခြား စောင့်တပ်တို့ ပူတွဲစခန်းထိုင်ထားတဲ့ လက်ခတ်တောင် စခန်းကုန်းကို ဇူလိုင်လ၂၁ရက်နေ့မှ ကော်ဘရာစစ်ကြောင်းနဲ့ ကျားသစ်နက်စစ်ကြောင်းက တိုက်ခိုက်သိမ်းယူခဲ့ပါတယ်။
လက်လွတ်ခဲ့ရတဲ့ အဲဒီစစ်စခန်းကို စစ်ကောင်စီတပ်က အင်အားအများအပြားနဲ့ ၁၀ကြိမ်ကျော် စစ်ကြောင်းထိုးခဲ့ပေမယ့် အကျအဆုံးများပြီး ဆုတ်ခွါထွက်ခဲ့ရတာပါ။
အဲဒီတိုက်ပွဲမှာ စစ်ကောင်စီတပ်က လက်နက်ကြီးအများအပြား ပစ်ခတ်ကာ လေကြောင်းပစ်ကူ (၁၀) ကြိမ်ကျော်ပြုလုပ်ခဲ့ပါတယ်။
တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့တဲ့ လက်ခတ်တောင် တာဝါတိုင်စခန်းကုန်း အခြေနေကို မဇ္ဈိမသတင်းထောက် ဟန်ထူးဇော်က ရှေ့တန်းကို သွားရောက် ရိုက်ကူးတင်ဆက်ထားပါတယ်။
ရိုက်ကူး= ငြိမ်းချမ်း
တင်ဆက် = ဟန်ထူးဇော်
https://youtu.be/lCxeYA0ln3E?si=zZBM4Rokug3qUYnG
#လက်ခတ်တောင်
#စခန်းကုန်း
#မြဝတီ
#Mizzima
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
======================
ဟန်ထူးဇော်
(မဇ္ဈိမ) ။ ။ ကရင်ပြည်နယ် မြဝတီမြို့အနီးရှိ စစ်ကောင်စီနဲ့ ကရင်နယ်ခြား စောင့်တပ်တို့ ပူတွဲစခန်းထိုင်ထားတဲ့ လက်ခတ်တောင် စခန်းကုန်းကို ဇူလိုင်လ၂၁ရက်နေ့မှ ကော်ဘရာစစ်ကြောင်းနဲ့ ကျားသစ်နက်စစ်ကြောင်းက တိုက်ခိုက်သိမ်းယူခဲ့ပါတယ်။
လက်လွတ်ခဲ့ရတဲ့ အဲဒီစစ်စခန်းကို စစ်ကောင်စီတပ်က အင်အားအများအပြားနဲ့ ၁၀ကြိမ်ကျော် စစ်ကြောင်းထိုးခဲ့ပေမယ့် အကျအဆုံးများပြီး ဆုတ်ခွါထွက်ခဲ့ရတာပါ။
အဲဒီတိုက်ပွဲမှာ စစ်ကောင်စီတပ်က လက်နက်ကြီးအများအပြား ပစ်ခတ်ကာ လေကြောင်းပစ်ကူ (၁၀) ကြိမ်ကျော်ပြုလုပ်ခဲ့ပါတယ်။
တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့တဲ့ လက်ခတ်တောင် တာဝါတိုင်စခန်းကုန်း အခြေနေကို မဇ္ဈိမသတင်းထောက် ဟန်ထူးဇော်က ရှေ့တန်းကို သွားရောက် ရိုက်ကူးတင်ဆက်ထားပါတယ်။
ရိုက်ကူး= ငြိမ်းချမ်း
တင်ဆက် = ဟန်ထူးဇော်
https://youtu.be/lCxeYA0ln3E?si=zZBM4Rokug3qUYnG
#လက်ခတ်တောင်
#စခန်းကုန်း
#မြဝတီ
#Mizzima
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
YouTube
စစ်ကောင်စီတပ် လက်လွှတ်ခဲ့ရတဲ့ လက်ခတ်တောင်စခန်းကုန်းမှာ ဘာတွေဖြစ်ခဲ့လဲ
ဟန်ထူးဇော် (မဇ္ဈိမ) ။ ။ ကရင်ပြည်နယ် မြဝတီမြို့အနီးရှိ စစ်ကောင်စီနဲ့ ကရင်နယ်ခြား စောင့်တပ်တို့ ပူတွဲစခန်းထိုင်ထားတဲ့ လက်ခတ်တောင် စခန်းကုန်းကို ဇူလိုင်လ၂၁ရက်နေ့မှ ကော်ဘရာစစ်ကြောင်းနဲ့ ကျားသစ်နက်စစ်ကြောင်းက တိုက်ခိုက်သိမ်းယူခဲ့ပါတယ်။
လက်လွတ်ခဲ့ရတဲ့ အဲဒီစစ်စခန်းကို…
လက်လွတ်ခဲ့ရတဲ့ အဲဒီစစ်စခန်းကို…
👍17👏2😁2
တရုတ်၀မ်ပေါင်ကုမ္ပဏီတွင် တာဝန်ကျနေသည့် ရဲတပ်သား သေနတ် ၂ လက်ဖြင့် PDF ထံ အလင်း၀င်
❤13👏3😁2
တရုတ်၀မ်ပေါင်ကုမ္ပဏီတွင် တာဝန်ကျနေသည့် ရဲတပ်သား သေနတ် ၂ လက်ဖြင့် PDF ထံ အလင်း၀င်
==================
ရောင်နီ
(မဇ္စျိမ)။ ။စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်တွင် စစ်ကောင်စီလက်အောက်ခံ ရဲတပ်သားတဦး သေနတ် နှစ်လက်ဖြင့် ကာကွယ်ရေးတပ်ဖွဲ့ထံ အလင်း၀င်လာကြောင်း သတင်းရရှိသည်။
ဆားလင်းကြီးမြို့နယ်ရှိ တရုတ်၀မ်ပေါင်ကုမ္ပဏီတွင် တာ၀န်ကျနေသည့် ရဲတပ်သားတဦးသည် ယနေ့ သြဂုတ်လ ၂၄ ရက်နေ့ နံနက်ပိုင်းတွင် သမန်းကျားကာကွယ်ရေးတပ်ဖွဲ့ထံ လက်နက်ချ အလင်း၀င်လာ ခြင်းဖြစ်သည်။
“သူက အာဏာသိမ်းပြီးတဲ့နောက် ရဲစုဆောင်းရေးမှာပါသွားတဲ့သူလို့ သိရတယ်။ အရင်ကလည်း CDM ဝင်ဖို့ကြိုးစားခဲ့ဖူးပေမယ့် မအောင်မြင်ဘဲ ထိပ်တုံးတွေဘာတွေ ခတ်တာခံခဲ့ရတယ်လို့ ပြောတယ်။ အချိန် ကြာလာပြီး သူ့ကို နည်းနည်းလေးမရိပ်မိတဲ့ အခြေအနေရောက်မှ ဒီကနေ့မှာ သေနတ်နှစ်လက်ယူပြီး CDM ၀င်လာတာပါ”ဟု ဆားလင်းကြီးမြို့နယ် သတင်းမှန်ပြန်ကြားရေးတာ၀န်ရှိသူတဦးက မဇ္စျိမကိုပြော သည်။
ကာကွယ်ရေးတပ်ဖွဲ့ထံ အလင်း၀င်လာသူမှာ အသက် ၂၀ ၀န်းကျင်အရွယ်ရှိပြီး စစ်ကောင်စီလက်အောက် ခံရဲတပ်ဖွဲ့တွင် တပ်သားအဆင့်ရှိသူဖြစ်သည်။
၎င်းနှင့်အတူ အူဇီတလက်၊ G3 တလက်၊ ကျည်ဘောက်တခု၊ 7.62 ကျည် ၁၀ တောင့်၊ 9mm ကျည် ကိုး တောင့်နှင့် စကားပြောစက်တလုံးယူဆောင်လာပြီ ဆားလင်းကြီးမြို့နယ် သမန်းကျားပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ထံ အပ်နှံခဲ့ကြောင်း သိရသည်။
ကာကွယ်ရေးတပ်ဖွဲ့ထံလက်နက်ချကာ အလင်း၀င်ရောက်လာသည့်ရဲတပ်သားအကြောင်း အသေးစိတ် ကို ဆက်လက်ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း ဆားလင်းကြီးမြို့နယ် သတင်းမှန်ပြန်ကြားရေး တာ၀န် ရှိသူက ဆိုသည်။
“ ရဲတပ်သားကတော့ လုံခြုံတဲ့နေရာကို ရောက်သွားပါပြီ။ လောလောဆယ်ကတော့ ကျွန်တော်တို့အနေနဲ့ သူ့အကြောင်းကို ဘာမှမထုတ်ပြန်ထားသေးဘူး၊ နေရပ်တွေ ဘာတွေပေါ့။ သူတို့မိသားစုရဲ့လုံခြုံရေး ရှိသေးတော့လေ။ သူတို့ မိသားစု တခြားတနေရာကို ရောက်သွားပြီဆိုမှ အပြည့်အစုံကို တင်ပြသွားမှာပါ” ဟု ၎င်းက ပြောသည်။
ဆားလင်းကြီးမြို့နယ်ရှိ တရုတ်၀မ်ပေါင်ကုမ္ပဏီမှ စစ်ကောင်စီတပ်သားတဦး ကာကွယ်ရေးတပ်ဖွဲ့ထံ လက်နက်များနှင့် အလင်း၀င်လာခြင်းမှာ အာဏာသိမ်းပြီးနောက်ပိုင်း ပထမဆုံးအကြိမ် ဖြစ်ကြောင်း သိရ သည်။
ကာကွယ်ရေးတပ်ဖွဲ့ထံ အလင်းဝင်ရောက်လာသည့် ရဲတပ်သားကို ဆုကြေးငွေများချီးမြင့်နိုင်ရန်အတွက် ရန်ပုံငွေလိုအပ်ချက်ရှိနေပြီး မိဘပြည်သူများအနေဖြင့် အလှုငွေများထည့်ဝင်လှုဒါန်းပေးကြပါရန်လည်း ဆားလင်းကြီးမြို့နယ်သတင်းမှန်ပြန်ကြားရေးက မေတ္တာရပ်ခံထားသည်။
တရုတ်၀မ်ပေါင်ကုမ္ပဏီသည် ဆားလင်းကြီးမြို့နယ်ရှိ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို စစ် ကောင်စီတပ်ပိုင် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်နှင့် ဖက်စပ်လုပ်ကိုင်နေသည့် ကုမ္ပဏီ ဖြစ်သည်။
ကုမ္ပဏီ၀င်းအတွင်း စစ်ကောင်စီတပ် စခန်းချတပ်စွဲထားကာ အနီးတဝိုက်ရှိ ကျေးရွာများကို စစ်ကြောင်း ထိုးခြင်း၊ ကုမ္ပဏီအတွင်းမှ လက်နက်ကြီးဖြင့်ပစ်ခတ်ခြင်းများ ပြုလုပ်လေ့ရှိကြောင်း ဒေသခံများထံမှ သိရသည်။
လက်ရှိတွင် တရုတ်၀မ်ပေါင်ကုမ္ပဏီအနီးတဝိုက်နေရာများကို စစ်ကောင်စီတပ်က အင်အားအများအပြား ဖြင့် ပိတ်ဆို့စစ်ဆေးနေကာ ထွက်ပြေးသွားသည့် ရဲတပ်သားကို လိုက်လံရှာဖွေနေကြောင်း သိရသည်။
စာတည်း။ ။စောဖေ
#ဆားလင်းကြီးမြို့နယ်
#တရုတ်၀မ်ပေါင်ကုမ္ပဏီ
#ရဲတပ်သား
#အလင်းဝင်

👍14😁2
ဝဂ္ဂနာကြေးစားတပ်၏ အကြီးအကဲ လေယာဉ်ပျက်ကျမှုကြောင့် သေဆုံးသွားဟု ရုရှား ပြော
=======================
ရုရှားစစ်တပ်ခေါင်းဆောင်များကို ဖြုတ်ချရန် ပြီးခဲ့သည့် ဇွန်လက ကြိုးပမ်းခဲ့သည့် ဝဂ္ဂနာကြေးစားတပ်၏ ခေါင်းဆောင် ယက်ဗ်ဂျီနီ ပရီဂိုဇင်သည် ဩဂုတ် ၂၃ ရက်က ပျက်ကျသွားသည့် လေယာဉ်တစင်းပေါ်တွင် လိုက်ပါသွားကြောင်းနှင့် ထိုလေယာဉ်ပျက်ကျမှုကြောင့် လိုက်ပါသွားသူအားလုံး သေဆုံးကြောင်း ရုရှား တာဝန်ရှိသူများက ပြောသည်။
ယက်ဗ်ဂျီနီ ပရီဂိုဇင်၏ အချိန်တိုတောင်းသော ပုန်ကန်မှုက ရုရှားသမ္မတ ဗလာဒီမာ ပူတင်အတွက် အာဏာရပြီးနောက်ပိုင်း အကြီးမားဆုံး ရင်ဆိုင်ရသည့် စိန်ခေါ်မှုအဖြစ် ရှုမြင်ခံရသည်။
ယင်းနောက်ပိုင်း ဝဂ္ဂနာတပ်ဖွဲ့နှင့် ခေါင်းဆောင်ဖြစ်သူတို့၏ ကံကြမ္မာအပေါ်တွင် မသေချာမရေရာမှုတို့ ဖြစ်လာခဲ့သည်။

👍9
ဟိုင်းကြီးကျွန်းရေတပ်တွင် တပ်ပြေးများလာသဖြင့် သက်ကြီးပိုင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၉၀ ခန့်သာရှိတော့ဟုဆို
==================
မင်းထက်
(မဇ္စျိမ)။ ။ဧရာဝတီတိုင်း၊ ဟိုင်းကြီးကျွန်းရေတပ်စခန်းတွင် တပ်မှထွက်ပြေးသူများလာသဖြင့် သက်ကြီးပိုင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၉၀ ခန့်သာရှိတော့ကြောင်း စစ်ကောင်စီတပ်နှင့်နီးစပ်သူများထံမှ သိရသည်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း အဆိုပါရေတပ်စခန်းမှ ထွက်ပြေးသည့်တပ်ပြေးများ များလာသည့်အတွက် အင်အားနည်းလာခြင်းဖြစ်သည်ဟု စစ်ကောင်စီနှင့်နီးစပ်သူက ပြောသည်။
"လူမသိသူမသိ တပ်ကထွက်ပြေးတာတွေ အများကြီးရှိတယ်။ ကိုကိုးကျွန်းကိုလည်း ဟိုင်းကြီးရေတပ်က အလှည့်ကျသွားထိုင်ရတယ်။ အဲ့တာတွေကြောင့် အခုသက်ကြီးရွယ်အိုတွေနဲ့ အိုနာကျိုးကန်းတွေပဲ ရှိတော့တယ်။တိုက်ပွဲဘာညာဖြစ်လာရင် ခံတောင်ပစ်ရဲမှာမဟုတ်ဘူး၊ အကုန်ပြေးမဲ့ရုပ်တွေ။ အဲ့တာကြောင့် ထပ်မပြေးအောင် ရေတပ်ချုပ်လာပြီး စည်းရုံးလိုက်၊ မင်းအောင်လှိုင်ကလာပြီး စည်းရုံးလိုက် လုပ်နေရတာပေါ့"ဟု ၎င်းကဆိုသည်။
ဟိုင်းကြီးရေတပ်မှ ထွက်ပြေးသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့သည် ၎င်းတို့ထွက်ပြေးစဥ် လက်နှက်ငယ်များကိုပါယူဆောင်သွားခြင်းမျိုးရှိသည်ဟုသိရသည်။ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်က ဟိုင်းကြီးကျွန်းရေတပ်မှ စစ်ကောင်စီတပ် သားနှစ်ဦး လက်နက်နှင့်အတူထွက်ပြေးခဲ့သည့်အတွက် စစ်ကောင်စီတပ်များ ပိုက်စိတ်တိုက် လိုက်လံဖမ်းဆီးခဲ့သည်။
ယင်းပြင် ယခုနှစ် သြဂုတ်လ ပထမပတ်အတွင်းက အဆိုပါ ရေတပ်စခန်းမှ စစ်ကောင်စီတပ်သား သုံးဦး ထပ်မံထွက် ပြေးသွားခဲ့သည့်အတွက် မြို့အဝင်အထွက်ဂိတ်များနှင့် ရေကြောင်းထွက်ပေါက်များတွင် ပိတ်ဆို့ရှာဖွေမှုများပြု လုပ်ခဲ့သေးသည်။
ယခင်က ဟိုင်းကြီးကျွန်းရေတပ်စခန်းတွင် ရေတပ်ဗျူဟာ (၄)မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပရခ(ပမ္မဝတီ ရေတပ်စခန်းဌာနချုပ်)မှ စစ်ကောင်စီတပ်ဖွဲ့ဝင် စုစုပေါင်းအင်အား ၃၀၀ ကျော်ခန့်ရှိသည်ဟု သိရသည်။
စစ်အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ်နှင့် ၂၀၂၂ ခုနှစ်အတွင်း ဟိုင်းကြီးကျွန်းရေတပ်စခန်းမှ ထွက်ပြေးသည့် တပ်ပြေးအများအပြားရှိခဲ့ပြီး ၂၀၂၃ ခုနှစ်တွင်လည်း အဆိုပါရေတပ်စခန်းမှ ထွက်ပြေးသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ ဦးခန့်ရှိသည်ဟု ဟိုင်းကြီးကျွန်းတွင်နေထိုင်သူတဦးက ပြောသည်။
စစ်အာဏာသိမ်းပြီး နှစ်နှစ်ကျော်ကာလအတွင်း CDM လှုပ်ရှားမှုတွင် ပူးပေါင်းပါဝင်လာသည့် ရဲနဲ့ စစ်သား စုစုပေါင်း ၁၆,၀၀၀ ဝန်းကျင်ရှိပြီဖြစ် ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ၂၀၂၃ ခုနှစ် ဧပြီလတွင်ထုတ်ပြန်ထားသည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#NUG
#CDM
#ဟိုင်းကြီးကျွန်း
#Hardnews
#“Supported by the Staying Resilient Amidst Multiple Crises in Southeast Asia initiative of SEA Junction in partnership with CMB Foundation”
ဓာတ်ပုံ - ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလက စစ်ခေါင်းဆောင် ဟိုင်းကြီးကျွန်းရေတပ်စခန်းသို့လာရောက်စဥ်

😁9👍7
လျှပ်စစ်မီး ပုံမှန်မရရှိခြင်းကိုဝေဖန်သည့် တေးသံရှင်ဗျူဟာ ထောင်ဒဏ် ၂၀ နှစ် ချမှတ်ခံရ
=========================
ဂျူချန်း
(မဇ္ဈိမ)။ ။စစ်ကောင်စီလက်ထက်တွင် လျှပ်စစ်မီးပုံမှန်မရရှိခြင်းကို ဝေဖန်ခဲ့သည့် တေးသံရှင်ဗျူဟာအား အင်းစိန်ထောင်အတွင်းရှိ အထူးတရားရုံးက ထောင်ဒဏ် ၂၀ နှစ် ချမှတ်လိုက်ကြောင်း ၎င်း၏မိသားစု ထံမှ သိရသည်။
“ဒီနေ့(ဩဂုတ်လ၂၃)မှာ အမိန့်ချလိုက်တာ ဟုတ်ပါတယ်။ ကျနော်ကိုယ်တိုင်က တရားခွင်မှာ စီရင်ချက်ချ တဲ့နေရာမှာ မရှိတဲ့လူပါ၊ သူများကြားသလိုပဲ ကြားရတာပါ” ဟု ဗျူဟာ၏ဖခင်ဖြစ်သူ တေးရေးနိုင်မြန်မာ ကမဇ္ဈိမကိုပြောသည်။
မေလ ၂၃ ရက်နေ့ ညပိုင်းတွင် တေးသံရှင်ဗျူဟာက ၎င်း၏ လူမှုကွန်ရက်တွင် စစ်ကောင်စီလက်ထက်၌ လျှပ်စစ်မီးရရှိခြင်းအခြေအနေကို အရပ်သားအစိုးရလက်ထက်နှင့်နှိုင်းယှဉ်၍ ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ ပြီး နောက် မေလ ၂၄ ရက်နေ့ စစ်ကောင်စီက နေအိမ်သို့လာရောက်ဖမ်းဆီးသွားခဲ့သည်။
တေးသံရှင်ဗျူဟာ ဖမ်းဆီးခံရပြီးနောက် တစ်ပတ်ခန့်ကြာသည်အထိ မိသားစုနှင့် အဆက်အသွယ်မရခဲ့ ပေ။ ယင်းနောက် ဖမ်းဆီးခံရပြီးသုံးလအကြာ ဩဂုတ် ၂၃ ရက်နေ့တွင် အင်းစိန်ထောင်တွင်းရှိ အထူး တရားရုံးမှ ရာဇသတ်ကြီးပုဒ်မ ၅၀၅(က)အပြင် နိုင်ငံအကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄(က) တို့ဖြင့် ထောင် ဒဏ် နှစ် ၂၀ ချမှတ်လိုက်ခြင်းဖြစ်ပြီး မိသားစုနှင့်လည်းတွေ့ခွင့်မရကြောင်း ဇနီးဖြစ်သူ မခင်ချစ်ကြည်က ပြည်တွင်းမီဒီယာများတွင် ဖြေကြားထားသည်။
စစ်ကောင်စီအနေဖြင့် မူလက တေးသံရှင်ဗျူဟာကို အမြင့်ဆုံးထောင်ဒဏ်သုံးနှစ်အထိသာ ချမှတ်နိုင် သည့် ပုဒ်မ ၅၀၅(က)ဖြင့်သာ စွဲဆိုခဲ့သော်လည်း အမြင့်ဆုံးထောင်ဒဏ် အနှစ် ၂၀ အထိ ချမှတ်နိုင်သည့် ပုဒ်မ ၁၂၄(က)ဖြင့် တရားစွဲဆိုလိုက်ခြင်းသည် အငြိုးကြီးစွာ ရည်ရွယ်ချက်ရှိရှိဖြင့် ပြစ်ဒဏ်ချမှတ်ခြင်းဖြစ် ကြောင်း ဥပဒေပညာရှင်တဦးကသုံးသပ်သည်။
“သာမာန်ရိုးရိုးအမှုလို့မရှုမြင်ဘဲ အမြင့်ဆုံးပုဒ်မနဲ့ စွဲလိုက်တဲ့သဘောပေါ့။ စွဲဆိုတဲ့ပုဒ်မကတော့ ပြင်းထန် တယ်။ တကယ်ဆိုရင် ဒါမဖြစ်သင့်ဘူးပေါ့နော်။ ၁၂၄ နဲ့ကျတော့ ပစ်မှုနဲ့ ပစ်ဒဏ်မမျှဘူး” ဟု ဥပဒေပညာ ရှင်တစ်ဦးကမဇ္ဈိမကိုပြောသည်။
စစ်တပ်မှအာဏာသိမ်းလိုက်ပြီးနောက် မြန်မာနိုင်ငံတွင် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် ဆုံးရှုံးလာပြီး စစ်ကောင်စီက၎င်းတို့အား မထောက်ခံသူများကို ဖမ်းဆီးခြင်းများ ဆောင်ရွက်လျက်ရှိသည်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှ ၂၀၂၃ ခုနှစ် ဩဂုတ်လ ၂၃ ရက်နေ့ထိ ဖမ်းဆီးခံခဲ့ရသူ ၂၄,၄၁၀ ဦးရှိပြီး ၁၉,၈၉၅ ဦး ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက် ၇,၁၇၅ ဦးသည် ထောင်ဒဏ်ချမှတ်ခြင်းခံ ထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)က ထုတ်ပြန်ထားသည်။
စာတည်း။ ။စောဖေ
#တေးသံရှင်ဗျူဟာ
#အင်းစိန်ထောင်
#အထူးတရားရုံး

😢9👍8🔥2🤬2😁1
သြဂုတ်လ ၂၄ ရက်၊ မွန်းလွဲ ၂ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
========================
-စစ်တပ်အတွက် လေယာဉ်ဆီဝယ်ပေးတဲ့ ကုမ္ပဏီတွေကို အမေရိကန်ထပ်မံ အရေးယူတဲ့သတင်း
-ဧရာဝတီတိုင်း မြို့နယ် ၆ ခုမှ PDF ၁၀ ဦး အလင်းဝင်လာတယ်လို့ စစ်ကောင်စီဝါဒဖြန့်တဲ့သတင်း
-အွန်လိုင်းမှတဆင့် လိမ်လည်မှုကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို တရုတ်၊ မြန်မာ၊ လာအို၊ ထိုင်း ၄
နိုင်ငံပူးတွဲချေမှုန်းမယ်ဆိုတဲ့သတင်း
-နိုင်ငံကိုပြန်လာတဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်းသက်ဆင် ထောင်ဒဏ်ချမှတ်ခံရပြီးနောက် ဆေးရုံတက်တဲ့သတင်းအပါအဝင် တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။
https://youtu.be/BTqsS5EH-sY?si=kZV5NDzdyP66I5uU
#2pmnews

01:04-စစ်တပ်အတွက် လေယာဉ်ဆီဝယ်ပေးတဲ့ ကုမ္ပဏီတွေကို အမေရိကန်ထပ်မံ အရေးယူတဲ့သတင်း
04:07-ဧရာဝတီတိုင်း မြို့နယ် ၆ ခုမှ PDF ၁၀ ဦး အလင်းဝင်လာတယ်လို့ စစ်ကောင်စီဝါဒဖြန့်တဲ့သတင်း
05:50-အွန်လိုင်းမှတဆင့် လိမ်လည်မှုကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို တရုတ်၊ မြန်မာ၊ လာအို၊…

👍7🤣2
UNOCHA အကြီးအကဲက အာဏာသိမ်း စစ်ခေါင်းဆောင်နဲ့တွေ့ဆုံပြီးနောက် NUG ဝန်ကြီးများနဲ့ အွန်လိုင်းမှတွေ့ဆုံ
===============
အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့ လူသားချင်း စာနာထောက်ထား ရေး နှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးတို့ဟာ ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံး (UNOCHA) ရဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ လက်ထောက်အတွင်းရေးမှူးချုပ်နဲ့ အရေးပေါ် ကယ်ဆယ်ရေးဆိုင်ရာ ညှိနှိုင်းရေးမှူး Mr Martin Griffiths နဲ့ သြဂုတ် ၂၁ ရက်မှာ အွန်လိုင်းကတဆင့် တွေ့ဆုံခဲ့ကြတယ်လို့ ထုတ်ပြန်ထားပါတယ်။
သြဂုတ် ၁၅ ရက်နေ့က UNOCHA အကြီးအကဲ မစ္စတာ မာတင်ဂရစ်ဖစ်ဟာ နေပြည်တော်သို့သွားရောက်ကာ အာဏာသိမ်းစစ်ခေါင်းဆောင်နဲ့တွေ့ဆုံခဲ့တာဖြစ်ပါတယ်။
ယင်းတွေ့ဆုံမှုအပြီး NUG နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့ရာ UN အဖွဲ့အစည်းများအနေဖြင့် စစ်ကောင်စီနဲ့သာ ဆက်ဆံမှုပြုလုပ်ခြင်းမျိုးမဟုတ်ဘဲ အမျိုးသားညီညွတ်ရေး အစိုးရအပါအဝင် တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းများ၊ မြေပြင်ရှိ အရပ်ဖက်လူ့အဖွဲ့ အစည်းများနှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများ၊ ပုဂ္ဂိုလ်များအားလုံးနှင့် ပွင့်လင်းမြင်သာစွာ ဆက်ဆံသည့် တန်းတူညီမျှမှုရှိသည့် ဆက်ဆံရေးအား ကျင့်သုံးသွားရန် လိုအပ်ကြောင်းကို NUG ဝန်ကြီးများက တိုက်တွန်းပြောကြားခဲ့ပြီးနောက် အခုလိုတွေ့ဆုံခဲ့တာဖြစ်ပါတယ်။
အမျိုးသား ညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးတွေက ကုလသမဂ္ဂ အဖွဲ့အစည်းတွေအနေနဲ့ စစ်ကောင်စီက လူသားချင်း စာနာထောက်ထားမှု အကူအညီတွေကို ကြိုးကိုင်ပြီး လက်နက်သဖွယ် အသုံးချ နေမှုကို ထောက်ကူပေးနေပြီး မြန်မာပြည်သူလူထုကတော့ စစ်ကောင်စီရဲ့ ဖန်တရာတေနေတဲ့ လိမ်စဉ်တွေ ကို ကောင်းစွာ နားလည်သဘောပေါက်ကြတယ်ဆိုပြီး ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီဟာတရားဝင်မှု ရရှိရေးအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေး လုပ်ငန်း စဉ်တွေကို အလွဲ သုံးစားလုပ်ဖို့ အမြဲစဉ်းစားနေတာကို သတိပြုဖို့ လိုအပ်တယ်လို့လည်း ပြည်ထောင်စုဝန်ကြီး သတိပေးပြောကြားခဲ့တယ်လို့ သိရပါတယ်။
ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာညှိနှိုင်းရေးရုံး(UNOCH A)အကြီးအကဲရဲ့ မြန်မာခ ရီးစဉ်ဟာ ပြည်သူတွေအတွက် တစုံတရာအကျိုးမဖြစ်စေဘဲ စစ်ကောင်စီအတွက် အသုံးချခံခဲ့ရတဲ့ခ ရီးစဉ်သာဖြစ်တယ်လို့ ပြည်တွင်းနဲ့ နိုင်ငံတကာအဖွဲ့အစည်းပေါင်း ၅၁၄ ဖွဲ့က ဩဂုတ်လ ၂၂ ရက် ရက်နေ့ထုတ်ပြန်ပါတယ်။
တရားဝင်ကိုယ်စားပြုသူတွေ၊အရပ်ဖက်အဖွဲ့အစည်းတွေနဲ့တွေ့ဆုံပြီးသာ ဆောင်ရွက်သင့်တယ်လို့လည်း ထောက်ပြထားပါတယ်။
ကုလသမဂ္ဂရဲ့ ၂၀၂၃ ခုနှစ် ဇူလိုင် (၃၁) ရက်အထိ နောက်ဆုံးကိန်းဂဏန်းများအရ မြန်မာနိုင်ငံတစ်ဝန်း ပြည်တွင်းနေရပ်စွန့်ခွာသူဦးရေ ၁ ဒသမ ၉ သန်းကျော်ရှိလာပြီ ဖြစ်ပြီး ယင်းအနက် လူဦးရေ ၁ ဒသမ ၆ သန်းနီးပါးမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ စစ်အာဏာသိမ်းယူမှုအပြီး ဖြစ်ပေါ်လာသော ပဋိပက္ခနဲ့ မလုံခြုံမှုများကြောင့် နေရပ်စွန့်ခွာထွက်ပြေးကြရသူများဖြစ်ကြောင်း သိရပါတယ်။
https://youtu.be/u1KLCnc9zDE?si=bhe6Ch6Xmk5iU-d1
#Political News

အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့ လူသားချင်း စာနာထောက်ထား ရေး နှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးတို့ဟာ ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံး (UNOCHA) ရဲ့ လူသားချင်း…
👍16😁1🤮1
India's lunar spacecraft lands safely near the Moon's little-explored south pole, sparking wild celebrations and applause among technicians guiding the mission. India has become the first nation to land a spacecraft, the Chandrayaan-3, on the Moon’s south pole. Prime Minister Narendra Modi joined the celebrations via live broadcast from the sidelines of the BRICS diplomatic summit in South Africa. This was a historic triumph for the world's most populous nation and its ambitious, cut-price space programme.
https://youtu.be/k2jSX6q4fXU?si=Xi14B38UZQOuDhMM
https://youtu.be/k2jSX6q4fXU?si=Xi14B38UZQOuDhMM
YouTube
'India is on the Moon!' Celebrations after spacecraft lands safely
India's lunar spacecraft lands safely near the Moon's little-explored south pole, sparking wild celebrations and applause among technicians guiding the mission. India has become the first nation to land a spacecraft, the Chandrayaan-3, on the Moon’s south…
👍4😁2
စစ်တပ်အတွက် လေယာဉ်ဆီဝယ်ပေးတဲ့ ကုမ္ပဏီတွေကို အမေရိကန်ထပ်မံ အရေးယူ
===============
မြန်မာစစ်တပ်အတွက် လေယာဉ်ဆီ ဝယ်ယူမှုနဲ့ ဖြန့်ချိမှုမှာ တာဝန်ရှိတဲ့ လူပုဂ္ဂိုလ်နဲ့ ကုမ္ပဏီတွေကို အမေရိကန် အစိုးရက ပိတ်ဆို့အရေးယူမှုအသစ်တွေ ထပ်မံချမှတ်လိုက်ပါတယ်။
စစ်ကောင်စီအတွက် လေယာဉ်ဆီ တင်သွင်းဖြန့်ဖြူးပေးနေတဲ့ Shoon Energy ကုမ္ပဏီနဲ့ ကုမ္ပဏီ ပိုင်ရှင် ဒေါ်ခင်ဖြူဝင်း၊ အမေရိကန် အစိုးရက အရင် ပိတ်ဆို့အရေးယူမှု ချမှတ်ထားပြီးသား ဖြစ်တဲ့ Asia Sun ကုမ္ပဏီ အုပ်စုထဲက ကုမ္ပဏီ ၁၁ ခုရဲ့ ပိုင်ရှင် ဦဇော်မင်းထွန်းတို့ကို ပိတ်ဆို့အရေးယူတဲ့ စာရင်းမှာ ထည့်သွင်းလိုက်ကြောင်း ဩဂုတ် ၂၃ ရက်နေ့က ကြေညာပါတယ်။
ဒါ့အပြင် အခု ပိတ်ဆို့အရေးယူမှုစာရင်းထဲမှာ ပါဝင်တဲ့ ဒေါ်ခင်ဖြူဝင်း တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ပြီးဖြစ်စေ ပိုင်ဆိုင်တဲ့ P.E.I Energy နဲ့ PEIA ကုမ္ပဏီတွေကိုလည်း ပိတ်ဆို့အရေးယူတဲ့ စာရင်းထဲမှာ ထည့်သွင်းကြောင်း ကြေညာလိုက်တာ ဖြစ်ပါတယ်။
အမေရိကန် ပြည်ထောင်စုအနေနဲ့ မြန်မာနိုင်ငံမှာ လေယာဉ်ဆီ တင်ပို့ရောင်းချတဲ့ လုပ်ငန်းလုပ်ကိုင်နေသူတွေကို ပိတ်ဆို့အရေးယူမှုတွေ တိုးချဲ့ ချမှတ်နေပြီး၊ မနေ့က ကြေညာချက်မှာလည်း မြန်မာစစ်တပ်အတွက် လေယာဉ်ဆီ ဝယ်ယူမှုနဲ့ ဖြန့်ဖြူးရောင်းချမှုအတွက် တာဝန်ရှိသူ နှစ်ဦးနဲ့ လုပ်ငန်း သုံးခုကို ပိတ်ဆို့အရေးယူတဲ့ စာရင်းမှာ ထည့်သွင်းလိုက်တာ ဖြစ်တဲ့အကြောင်း၊ ဒီလို ပိတ်ဆို့အရေးယူမှုတွေ တိုးချဲ့လိုက်ခြင်းအားဖြင့် စစ်ကောင်စီကို ပိုမိုဖိအားပေးရာရောက်ပြီး၊ မြန်မာပြည်သူတွေအတွက်လည်း ကူညီရာရောက်တဲ့အကြောင်း အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရ မက်သရူး မေလာက ပြောပါတယ်။
အကြမ်းဖက်စစ်ကောင်စီက ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ စတင်ကာ ပြည်သူများကို သတ်ဖြတ်မှုများ အရှိန်အဟုန်မြှင့်တင် သတ်ဖြတ်နေတဲ့ အတွက် အမေရိကန်ပြည်ထောင်စုက ပြင်းထန်တဲ့ စီးပွားရေးပိတ်ဆို့မှုများကို ဆက်တိုက် ချမှတ်နေတာဖြစ်ပါတယ်။
အာဏာသိမ်းပြီး ကိုယ့်ပြည်သူကို ဖိနှိပ်သတ်ဖြတ်နေတဲ့ စစ်ကောင်စီကို ဖိအားပေးတဲ့ အနေနဲ့ အမေရိကန် ဒေါ်လာအပါအဝင် နိုင်ငံခြားငွေသုံးစွဲနေတဲ့ စစ်ကောင်စီရဲ့ ဘဏ်နှစ်ခုကို အရေးယူပိတ်ဆို့ ဒဏ်ခတ်ကြောင်း အမေရိကန်အစိုးရ ဘဏ္ဍာရေး ဝန်ကြီးဌာနက ၂၀၂၃ ဇွန်လ ၂၁ ရက်နေ့မှာ ကြေညာခဲ့တာပါ။
ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ ဗုဒ္ဓဟူးနေ့က မြန်မာ့အရေး တံခါးပိတ်ဆွေးနွေးခဲ့ရာမှာလည်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက စစ်တပ်အပေါ် လေယာဉ်သုံးလောင်စာဆီနဲ့ ငွေကြေးတွေဖြတ်တောက်ဖို့ အဖွဲ့ဝင်နိုင်ငံတွေကို ထပ်မံတောင်းဆိုထားပါတယ်။
လူ့အသက်တွေ ထပ်မံမဆုံးရှုံးဖို့နဲ့ ဒေသတွင်းမတည်ငြိမ်မှုတွေ ရပ်တန့်နိုင်ရေးအတွက် အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ နောက်ဆက်တွဲ အရေးယူမှုတွေ စတင်ဆောက်ရွက်ဖို့ ဦးကျော်မိုးထွန်းက ပန်ကြားခဲ့ပါတယ်။
မြန်မာလူထုရဲ့ အသံကို နားထောင်ပြီး လုံခြုံရေးကောင်စီ အနေနဲ့ အရေးပါ တဲ့ ဆုံးဖြတ်ချက်တွေကို ချမှတ်ဖို့ သံအမတ်ကြီးက တောင်းဆိုခဲ့ပါတယ်။ မြန်မာပြည်သူလူထုရဲ့ အသက်တွေကိုကယ်တင်နိုင်ဖို့ အချိန်မကျန်တော့ကြောင်း ဦးကျော်မိုးထွန်းက ထပ်မံသတိပေးခဲ့ပြီး မနှစ်က လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်ချက် အပြီးမှာလည်း စစ်အာဏာရှင်တွေဟာ လူထုအပေါ် ရက်စက်ကြမ်းကြုတ်မှုတွေ ဆက်လက်ကျူးလွန်နေကြောင်း ထောက်ပြခဲ့ပါတယ်။
https://youtu.be/v1xO1iA4jhU?si=INLmRlsX6P41aGVg

စစ်ကောင်စီအတွက် လေယာဉ်ဆီ တင်သွင်းဖြန့်ဖြူးပေးနေတဲ့ Shoon Energy ကုမ္ပဏီနဲ့ ကုမ္ပဏီ ပိုင်ရှင် ဒေါ်ခင်ဖြူဝင်း၊…

👍17👏2🔥1🤣1
ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲဆိုခဲ့သည့် ဦးထွန်းမြင့်အောင် YMBA အသင်းမှ ရာသက်ပန် ထုတ်ပယ်ခံရ
===============
ကီရာ
(မဇ္ဈိမ)။ ။ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို တရားဆွဲဆိုခဲ့သည့် ညီညီ ခေါ် ဦးထွန်းမြင့်အောင်သည် ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်း (YMBA)၏ အသင်းဝင်အဖြစ်မှ ရာသက်ပန် ထုတ်ပယ်ခံရသည်။
သြဂုတ်လ ၂၂ ရက်က ၎င်း၏ လူမှုကွန်ရက်မှတဆင့် “ဘုန်းကြီးကားဖြင့် ကေတီဗီ သွားကဲကြသည့် ညီအစ်ကိုမောင်နှမ တသိုက် သောက်လဲသောက် ဆိုလဲဆို ကလဲကပေါ့”ဟု ရေးသားထားခဲ့သည်။
ထိုသို့လူမှုကွန်ရက်ပေါ်တင်ပြီး နောက်ရက် သြဂုတ်လ ၂၃ ရက်တွင် “ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်း (YMBA) အသင်းဝင်အမှတ် _ ရာ/၄၈၉၈ ဦးထွန်းမြင့်အောင် (နိုင်ငံသားမှတ်ပုံတင်အမှတ် -၁၂/မရက(နိုင်)—————)သည် ဤအသင်းကြီး၏ အကျိုးစီးပွားကို ထိခိုက်စေသော အကြောင်းကိစ္စများ လုပ်ဆောင်နေကြောင်း တွေ့ရှိရသဖြင့် YMBA အလုပ်အမှုဆောင်အဖွဲ့၏ အထူးအစည်းအဝေးဆုံးဖြတ်ချက် (၁)အရ အထက်ပါ ဦးထွန်းမြင့်အောင်အား ၂၀၂၃ခုနှစ် သြဂုတ်လ ၂၃ရက်နေ့မှ စ၍ ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်း (YMBA) ရာသက်ပန် အသင်းဝင်အဖြစ်မှ ထုတ်ပယ်လိုက်သည်”ဟု ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်း (YMBA)က ထုတ်ပြန်ခဲ့သည်။
ဦးထွန်းမြင့်အောင်သည် လူမှုကွန်ရက်ပေါ်တင်ရာတွင် လုံခြုံစိတ်ချရသော Music Zoneကို ၎င်းတို့ကဲဖို့ အထူးစီစဉ်ပေးပါသော အေးမြင့်သာယာ အုပ်ချုပ်ရေးမှူးအစ်ကိုကြီးကို အထူးကျေးဇူးတင်ကြောင်းနှင့် အဆိုပါ ကေတီဗီသို့ သွားရောက်ကြသူများမှာ ဦးထွန်းမြင့်အောင် ၊ နောင်နောင်၊ ဒေါ်ကရင်မ၊ ဒေါ်ယွန်းနှင့် ဒေါ်ယဉ်မင်းပိုက်တို့ ဖြစ်ကြောင်း အမည်များ ရေးသားထားခဲ့ပြီး ၎င်းတို့ သီချင်းဆို ကခုန်နေသည့် ခုနစ်မိနစ်ကျော် ဗီဒီယို နှင့် သုံးမိနစ်ကျော်ဗီဒီယိုကို ပူးတွဲတင်ထားခဲ့သည်။
ထိုဗီဒီယိုအား အများက ဝိုင်းဝန်းဝေဖန်၍ “ဘုန်းကြီးကားဖြင့် ကေတီဗီသွားကဲကြသည်” ဆိုသော စာသားကို ၎င်းက ပြန်လည်ပြင်ဆင်ရေးသားခဲ့သည်။
ဦးထွန်းမြင့်အောင်သည် ၂၀၁၅ အထွေထွေရွေးကောက်ပွဲ မတိုင်မီက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ( နေပြည်တော် )၏ အတွင်းရေးမှူးအဖြစ် တာဝန်ယူခဲ့သူတစ်ဦးဖြစ်ပြီး ရန်ပွဲတစ်ခုကြောင့် ထောင်ကျခဲ့ရာမှ NLD ပါတီနှင့် အဆက်အသွယ် ပြတ်တောက်ခဲ့သူဖြစ်သည်။ ၎င်းသည် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်က သဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေဖောက်ဖျက်မှုဖြင့် တရားစွဲ အမှုဖွင့်ခဲ့ပြီး ထိုလုပ်ဆောင်မှုသည် နိုင်ငံရေး၊ အမျိုးသားရေးတွင် သမိုင်းလှရန် ၊သမိုင်းကျန်ရန်အတွက်ဟု ၎င်းကိုယ်တိုင် ပြောဆိုခဲ့သည်။
ထို့အပြင် ၎င်းသည် ဦးခေါင်းကို သေနတ်ဖြင့် ပစ်ခတ်ခံရမှုနှင့် နေအိမ် ဗုံးခွဲ ခံရမှုကိုလည်း ကြုံတွေ့ခဲ့ရပြီး ၎င်းနှင့် ၎င်းမိသားစုများအား စစ်ကောင်စီက လုံခြုံရေးပေးရန် တောင်းဆိုခဲ့သော်လည်း ရရှိခြင်း မရှိခဲ့ကြောင်း ၎င်းကိုယ်တိုင် ပြောဆိုထားခဲ့သည်။
သို့သော် လတ်တလောတွင် ဦးထွန်းမြင့်အောင်သည် ပြည်ထဲရေးအစောင့်အရှောက်ဖြင့် နေထိုင်နေသူတစ်ဦးဖြစ်ပြီး ပြည်ထဲရေးကို ပိုင်နိုင်နေသည့်အတွက် အမျိုးဘာသာကို ပြန်လည်စော်ကားနေသူတစ်ဦးဖြစ်သည်ဟု ဝေဖန်ခံနေရသည်။
ဦးထွန်းမြင့်အောင်သည်” လူကြီး တစ်ဦး ၁,၀၀၀ များလို့လား များလည်း ဘာဖြစ်လဲ။ ၁၀,၀၀၀ လည်း ဘာဖြစ်လဲ ။ ဗလီဆောက်နေတာ မဟုတ်ဘူး ။ ကုလားကို ကျွေးနေတာ မဟုတ်ဘူး ။ ဘင်္ဂလီကို ကျွေးနေတာ မဟုတ်ဘူး။ ဘင်္ဂလီအတွက် လုပ်ပေးနေတာ မဟုတ်ဘူး ။ ကိုယ့်ဘာသာ ဒီဘုရားအတွက်ပဲ သွားမှာ ဘာတွေ လာဖောင်းထုနေတာလဲ “ဟု မာရဝိဇယဘုရား ဝင်ကြေးကောက်တာနဲ့ ပတ်သက်၍ Live လွင့်ပြောဆိုခဲ့သည့် အမျိုးသားရေး ၊ ဘာသာရေး အစွန်းရောက်သူလည်း ဖြစ်သည်။
ပြီးခဲ့သည့် ဇူလိုင်လတွင်လည်း ညီညီ(ခ) ဦးထွန်းမြင့်အောင် ဦးဆောင်သည့် အဖွဲ့သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ နေပြည်တော်သို့ ၎င်းတို့၏ လုံခြုံရေးအကာအကွယ်ပေးရန် အသနားခံစာများကို လဝ(လျှို့ဝှက်) ပေးပို့ခဲ့ကြသေးသည်။
စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima
#YMBA
#ဦးထွန်းမြင့်အောင်
“Supported by the Staying Resilient Amidst Multiple Crises in Southeast Asia initiative of SEA Junction in partnership with CMB Foundation

👍11👏4❤2😁2🔥1