Mizzima
✔
47.7K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
ရေဦးမြို့နယ် ကျောက်တိုင်ကျေးရွာအနီး တိုက်ပွဲတွင် စစ်သား ၃ ဦးသေဆုံး
===================

လွှမ်းမိုး
(မဇ္ဈိမ)။ ။စစ်ကိုင်းတိုင်း ၊ ရေဦးမြို့နယ် ၊ အောင်သာပျူရွာမှ ရိက္ခာရှာ ထွက်လာသည့် စစ်ကောင်စီတပ်နှင့် ပျူစောထီး ပူးပေါင်းအဖွဲ့ကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက ချုံခိုတိုက်ခိုက်ခဲ့ပြီး စစ်သား သုံးဦးသေဆုံးကာ ပျူစောထီး နှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း မြန်မာ့တော်ဝင်နဂါးတပ်တော် (MRDA) စေတန် တပ်ခွဲထံမှ သိရသည်။

အဆိုပါ တိုက်ပွဲသည် ဩဂုတ်လ ၂၂ ရက် နေ့လယ် ၂ နာရီ အချိန်တွင် ဖြစ်ပွားခဲ့ပြီး မိနစ် ၄၀ ခန့်အကြာ အပြန်အလှန် ပစ်ခတ်ခဲ့ကြောင်း စေတန်တပ်ခွဲမှူးက ပြောသည်။

“ စစ်သားနှင့်ပျူ အင်အား ၂၀ လောက်ကို သာလွန်အင်အားနဲ့ ချုံခို တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ မျက်မြင် စစ်သား သုံးဦးသေဆုံးပြီး ပျူစစ်သား နှစ်ဦး ပြင်းထန်ဒဏ်ရာ ရရှိခဲ့တယ် “ ဟု ၎င်းတပ်ခွဲမှူးက ဆိုသည်။

တိုက်ပွဲ ဖြစ်ပွားနေစဉ်အတွင်း အောင်သာပျူကျေးရွာမှ ၆၀ မမ လက်နက်ကြီးများ ၊ စက်လတ်များဖြင့် ပစ်ကူပေးခဲ့သည့်အတွက် ဒေသကာကွယ်ရေး ရဲဘော်များ ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို MRDA စေတန်တပ်ခွဲ ၊ ကန့်ဘလူ ခရိုင် ပ.က.ဖ ၊TGYR ၊ ဗေဒါကြီး အဖွဲ့နှင့် ဒေသခံ မဟာမိတ်တပ်ဖွဲ့တို့ ပူးပေါင်း၍ တိုက်ခိုက်ခဲ့ပြီး ဒေသကာကွယ်ရေး ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ထိုကဲ့သို့ အောင်သာ ပျူစောထီးကျေးရွာမှ စစ်ကောင်စီတပ်နှင့် ပျူစောထီး ပူးပေါင်းတပ်ဖွဲ့များ၏ ရန်ကြောင့် ၎င်းကျေးရွာနှင့်နီးစပ်သည့် ကျောက်တိုင်ကျေးရွာမှ ဒေသခံပြည်သူများ စစ်ရှောင်နေရကြောင်းသိရသည်။

https://youtube.com/shorts/Xtdze-XQQG4?si=HMDfX1fRzSCKWZM6

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#ပျူစောထီးကျေးရွာ
#စစ်ကောင်စီတပ်
#ရေဦးမြို့နယ်
#Hardnews
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
❤9👍5😁2
Media is too big
VIEW IN TELEGRAM
အွန်လိုင်းမှတဆင့် လိမ်လည်မှုကျူးလွန်တဲ့ရာဇဝတ်မှုများကို တရုတ် မြန်မာ လာအို ထိုင်း ၄ နိုင်ငံပူးတွဲချေမှုန်းမည်ဟုဆို

Watch more detail - https://youtu.be/yknub9163MM

#အွန်လိုင်း#ရာဇဝတ်မှု#ချေမှုန်းမည် #mizzimaplushd #internationalnews #mizzima #mizzimanews #mizzimadailynews #myanmarnews #todaynews #newsupdate #Reels #Shorts
❤5👏1
ရေပြာစစ်ဆေးရေးဂိတ်ကို ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဝင်ရောက်ပစ်ခတ်၊ တာဝန်ကျရဲများ ထွက်ပြေး
==================

MTO (မဇ္ဈိမ)။ ။မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ရေပြာကျေးရွာ စစ်ဆေးရေးဂိတ်ကို ဒေသကာကွယ်ရေးတပ်ဖွဲ့များ ဝင်ရောက်တိုက်ခိုက်ရာ တာဝန်ကျရဲတပ်ဖွဲ့ဝင်များထွက်ပြေးသွား ဆိုင်ကယ်နှစ်စီးနှင့် သေနတ်တလက် သိမ်းဆည်းနိုင်ခဲ့ကြောင်း မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။

ရေပြာစစ်ဆေးရေးဂိတ်အား ဩဂုတ်လ ၂၂ ရက်နေ့ နံနက်အစောပိုင်းက သွားရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ရဲတပ်သားများထွက်ပြေးသွားကြောင်း မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ခေါင်းဆောင် ဗိုလ်လက် ယာက ပြောသည်။

“ရဲစခန်းရှေ့မှာဂိတ်ချထားတာ ငါးယောက်၊ ခြောက်ယောက်လောက်ရှိတယ်။ ကျနော်တို့လည်းဝင်ပစ်ရော ဆိုင်ကယ်တွေပါထားပြီး စခန်းထဲကိုဝင်ပြေးသွားတာ၊ ရဲတစ်ကောင်တော့ သေသွားတယ်”ဟု ၎င်းက ပြော သည်။

ရဲတပ်ဖွဲ့ဝင်များထွက်ပြေးသွားသည့်အတွက် ၎င်းတို့ကျန်ခဲ့သည့် ဆိုင်ကယ်နှစ်စီး၊ G3 သေနတ်တလက်၊ ဖုန်းတလုံး၊ ကျည် ၁၇၁ တောင့်နှင့် စစ်အသုံးအဆောင်ပစ္စည်းများသိမ်းဆည်နိုင်ခဲ့ကြောင်း သိရသည်။

ရေပြာစစ်ဆေးရေးဂိတ်သည် လမ်းသွားလမ်းလာခရီးသွားပြည်သူများထံမှ အတင်းအဓမ္မ ငွေကောက်ခံနေ သည့် စစ်ဆေးရေးဂိတ်ဖြစ်ကြောင်း ဗိုလ်လက်ယာက ဆိုသည်။

ယခုတိုက်ခိုက်မှုကို ASTF (Pauk)တပ်ဖွဲ့၊ မြိုင် ပကဖ ရင်း(၁) စိတ် (၁၈)၊ NPRF တပ်ဖွဲ့ ၊ Fire Revolution Group (ခရိုင်ရင်း ၁၆) ၊ ပခုက္ကူမြို့ပြပြောက်ကျားတပ်ဖွဲ့၊ ဗိုလ်ဗျတ္တနှင့် နွေဦးလေပွေတပ်ဖွဲ့၊ Justic Fighter တပ်ဖွဲ့ ၊ ကင်ဒိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊ အဆိုတော်တပ်ဖွဲ့ ၊ ဆိုင်ကလုန်းပြောက်ကျားတပ်ဖွဲ့၊ ဗိုလ်လရောင်တပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စာတည်း။ ။စောဖေ

https://youtu.be/-q_DsV0xFEM?si=EIzc7CqDEtwnOftN

#မကွေးတိုင်း
#ပေါက်မြို့နယ်
#ရေပြာစစ်ဆေးရေးဂိတ်
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U
👍15🔥2👏2
​​MIZZIMA JOB ANNOUNCEMENT
===============

"Breaking Boundaries with words: Join Mizzima as an Experienced Journalist"

Are you an accomplished journalist with a knack for crafting compelling narratives in English? Do you have a passion for telling stories that resonate with readers? If you're ready to take your journalistic expertise to new heights, we invite you to be part of our dynamic team!

How to Apply:
Send your application to hrdepartment@mizzima.com with the subject line: " Journalist Application - [Your Name]". We welcome applications until [15 September 2023].
👍4🔥1
This media is not supported in your browser
VIEW IN TELEGRAM
ပါကစ္စတန်မှာ ချိုင့်ဝှမ်းတစ်ခုကိုကူးတဲ့ ကေဘယ်ကားမတော်တဆမှုမှ လူ ၈ ဦးကို ကယ်ဆယ်နိုင်ခဲ့

#mizzimaplushd #internationalnews #mizzima #mizzimanews #mizzimadailynews #myanmarnews #todaynews #newsupdate #Reels #Shorts #Pakistan
👍8🔥1😁1
​​ပြုပြင်ပြောင်းလဲရေး ၄ နှစ်တာကို ဖော်ဆောင်မည်ဟု ထိုင်းဝန်ကြီးချုပ်သစ် ကတိပေး
======================

ထိုင်းနိုင်ငံတွင် ယခင် စစ်အာဏာသိမ်းမှုနှင့် ဆက်စပ်သည့် စစ်တပ်လိုလားသော ပါတီများပါ ပါဝင်သော အငြင်းပွားဖွယ် ညွန့်ပေါင်းအဖွဲ့၏ အကြီးအကဲအဖြစ် ဝန်ကြီးချုပ်သစ်က ထိုင်းဘုရင့်တိုင်းပြည်အား ပြုပြင်ပြောင်းလဲရေး လေးနှစ်တာကို ဖော်ဆောင်သွားမည်ဟု ဗုဒ္ဓဟူးနေ့တွင် စိတ်ပိုင်းဖြတ် ပြောဆိုသည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍7😁6
​​ဟင်္သာတတွင် ဘုန်းကြီး ၂ ပါး စကားများရန်ဖြစ်ရာမှ ဓားခုတ်မှုဖြစ်ပွား
======================

မင်းထက်
(မဇ္စျိမ)။ ။ဧရာဝတီတိုင်း၊ ဟင်္သာတမြို့၊ မြဝတီရပ်ကွက်ရှိ ရန်ကြီးအောင် ဘုန်းတော်ကြီးကျောင်းတွင် ဘုန်းကြီးနှစ်ပါး စကားများရန်ဖြစ်ရာမှ ဓားခုတ်မှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ဩဂုတ်လ ၂၃ ရက်နေ့ နံနက် ၉ နာရီခန့်က ရန်ကြီးအောင်ဘုန်းကြီးကျောင်းအိပ်ဆောင်၌ ဘုန်းကြီးသုံးပါး အတူရှိနေစဉ် သက်တော် ၅၈ နှစ်ရှိဘုန်းကြီးက သက်တော် ၅၆ နှစ်ရှိဘုန်ကြီးအား ဓားဖြင့်ခုတ်ခဲ့ခြင်းဖြစ် သည်ဟု ဒေသခံတဦးကပြောသည်။

အဆိုပါ ဘုန်းကြီးနှစ်ပါးသည် သြဂုတ်လ ၂၂ ရက်နေ့ ညပိုင်းက အိပ်ဆောင်ပေါ်၌ စကားများရန်ဖြစ်ခဲ့ကြ ပြီး သြဂုတ်လ ၂၃ ရက်နေ့နံနက် အာရုံဆွမ်းစားပြီးချိန်၌ ထပ်မံစကားများရန်ဖြစ်ရာမှ ဓားခုတ်မှုဖြစ်ပွားခဲ့ ခြင်းဖြစ်ကြောင်း ဒေသခံကပြောသည်။
ဓားဖြင့်ခုတ်သည့် ဘုန်းကြီးမှာ ဦးဝိမလ(လူအမည် ဦးဝင်းနိုင်)ဖြစ်ပြီး အခုတ်ခံရသည့်ဘုန်းကြီးမှာ ဦးဝိမလ (လူအမည် ဦးလှသိန်း)ဖြစ်ကြောင်း သိရသည်။

“၂၂ ရက်နေ့က စကားများရန်ဖြစ်ထားတာကို အခဲမကျေလို့ ၂၃ ရက်နေ့မှာ ထပ်ဖြစ်တာပါ။ သက်တော် ၅၈ နှစ်ရှိတဲ့ဘုန်းကြီးက ထင်းခွဲတဲ့ဓားနဲ့ခုတ်တာ ခြောက်ချက်လောက်ထိသွားတယ်၊ စိုးရိမ်ရတယ်လို့ သိရ တယ်” ဟု ဒေသခံက ပြောသည်။

အခင်းဖြစ်ပွားပြီးနောက် စစ်ကောင်စီလက်အောက်ခံ ရဲများရောက်ရှိလာပြီး ဓားခုတ်မှုကျူးလွန်သည့် ဘုန်းကြီးဦးဝိမလ(လူအမည် ဦးဝင်းနိုင်)အား လူဝတ်လဲကာဖမ်းဆီးခေါ်ဆောင်သွားကာ ဒဏ်ရာရသည့် ဘုန်းကြီးအား ဟင်္သာတဆေးရုံသို့ ပို့ဆောင်ခဲ့သည်။
ဓားခုတ်မှုကျူးလွန်သည့် ဘုန်းကြီး ဦးဝိမလ(လူအမည် ဦးဝင်းနိုင်)အား ဟင်္သာတမြို့မရဲစခန်း၌ ဖမ်းဆီး ထားသည်ဟုသိရပြီး ရာဇသတ်ကြီးပုဒ်မ ၃၂၆/၂၉၅(က)ဖြင့် အမှုဖွင့်အရေးယူထားကြောင်း ရဲတပ်ဖွဲ့နှင့် နီး စပ်သူများက ပြောသည်။

ဓာတ်ပုံ - ကိုဇော်မင်း
(ဓားခုတ်မှုကျူးလွန်သည့်ဘုန်းကြီးအား ဟင်္သာတမြို့မရဲစခန်းက ဖမ်းဆီးထားစဥ်)
စာတည်း။ ။စောဖေ
“Supported by the Staying Resilient Amidst Multiple Crises in Southeast Asia initiative of SEA Junction in partnership with CMB Foundation

#ဧရာဝတီတိုင်း
#ဟင်္သာတမြို့
#ဓားခုတ်မှု
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍12🔥2
အရာတော်တွင် ရိက္ခာတင်ဆောင်လာသည့် စစ်ကောင်စီတပ် ကား ၃ စီးကို မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်
===================

မောင်ခက်နွေ
(မဇ္ဈိမ) ။ ။စစ်ကိုင်းတိုင်း၊ အရာတော်မြို့တွင်ရှိသည့် စ.ခ.တ (၁၀) တပ်ကိုလာသည့် စစ်ကောင်စီတပ်၏ ၁၂ ဘီးကား သုံးစီးကို သြဂုတ်လ ၂၀ ရက်နေ့က မိုင်းဆွဲတိုက်ခိုက်ခဲ့သည်ဟု Danger Force LPDF က ယမန်နေ့က ထုတ်ပြန်သည်။

ဩဂုတ်လ ၂၀ ရက် ညနေ ၄ နာရီ ၄၂ မိနစ်ခန့်က မုံရွာ - အရာတော် လမ်းပိုင်း၌ ကင်းပုန်းဝပ်ပြီး အရာတော် စ.ခ.တ အမှတ် (၁၀)တပ်သို့ ပြန်လာသည့် စစ်တပ်၏ ရိက္ခာတင်ဆောင်ထားသည့် ၁၂ ဘီး ကား သုံးစီးကို ပင်လုံဆီဆိုင်အနီးအရောက်တွင် ပဒေသာမိုင်း ကိုးလုံးအပြင် လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Danger Force LPDF ရဲ့ တာဝန်ရှိသူတဦးဖြစ်သည့် ရဲဘော်မောင်းလေးက မဇ္ဈိမကို ဆိုသည်။

"စ.ခ.တ (၁၀)တပ်က အရာတော်မြို့ရဲ့ အရှေ့ဘက်မှာတည်ရှိတာ၊ တိုက်ပွဲက ၁၀ မိနစ်ပဲကြာတယ်။ အရာတော်မြို့ရဲ့ အရှေ့ဘက်မှာတည်ရှိတဲ့ စ.ခ.တ (၁၀)တပ်ကို ပြန်လာတဲ့ စစ်ကောင်စီတပ်တွေ”ဟု ရဲဘော်မောင်းလေးက ပြောသည်။

ထိုတိုက်ခိုက်မှုတွင် တပ်ကြပ်ကြီးနှင့် ဒုတပ်ကြပ် အပါဝင် တပ်သား ၁၇ ဦးသေဆုံးပြီး အရာရှိဗိုလ်တဦး အရာတော်ဆေးရုံတွင်ဆေးကုသမှုခံယူနေရသည်ဟု ဆက်လက်ရှင်းပြသည်။

“ သြဂုတ်လ ၂၁ ရက်နဲ့ ၂၂ ရက် နေ့မှာ သေဆုံးသွားတဲ့ တပ်ကြပ်ကြီး ၊ ဒုတပ်ကြပ် အပါဝင် တပ်သား ၁၇ ဦးကို အရာတော်သုသာန်မှာ သေနတ်ဖောက်ပြီး မီးသင်္ဂြိုဟ်ခဲ့တယ်။ အဲ့တာကို တပ်တွင်းဖရဲသီးတဦးနဲ့အရာတော်မြို့ခံတွေဆီက သတင်းပြန်ရတယ်”ဟု သူက ဆိုသည်။

တိုက်ခိုက်မှုကို Danger Force LPDF ၊ Ayadaw Rocket တပ်ဖွဲ့နှင့် လင်းယုန် တပ်ဖွဲ့တို့ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်ဘက်က လက်နက်ကြီး ၊ လက်နက်ငယ်များဖြင့် ရမ်းသန်းပစ်ခတ်ခဲ့ပေမယ့် လည်း တော်လှန်ရေးရဲဘော်တွေအနေဖြင့် အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့တယ်ဟု ဆိုသည်။

စာတည်း - သန့်ဇော်(သန်လျင်)

https://youtube.com/shorts/ke1T2uBK4q0?si=tkMs4DI0Y9F68rwA

#mizzima
#LPDF
#အရာတော်မြို့
#ပဒေသာမိုင်း
Video - Danger Force LPDF
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍10👏4😁2
This media is not supported in your browser
VIEW IN TELEGRAM
ရွေးကောက်ပွဲဝင်ဖို့အတွက် အီးယူကော်မရှင်ဒုဥက္ကဌ ရာထူးမှနုတ်ထွက်

#mizzimaplushd #internationalnews #mizzima #mizzimanews #mizzimadailynews #myanmarnews #todaynews #newsupdate #Reels #Shorts
😁1
တရုတ်ကိုယ်စားလှယ်အဖွဲ့ ကချင်အစိုးရအဖွဲ့နှင့် တွေ့ဆုံရန် တိတ်တဆိတ်ရောက်ရှိ
❤4🔥3
တရုတ်ကိုယ်စားလှယ်အဖွဲ့ ကချင်အစိုးရအဖွဲ့နှင့် တွေ့ဆုံရန် တိတ်တဆိတ်ရောက်ရှိ
=====================

အဂမ်
(မဇ္ဈိမ)။ ။ အထူးလုံခြုံရေးအဖွဲ့ဖြင့် ရောက်ရှိလာသည့် တရုတ်နိုင်ငံ နုကျန်းပြည်နယ်ခွဲ အစိုးရကိုယ်စားလှယ်အဖွဲ့သည် စစ်ကောင်စီလက်အောက်ခံ ကချင်ပြည်နယ်အစိုးရအဖွဲ့နှင့် တိတ်တဆိတ်တွေ့ဆုံရန် ယနေ့ သြဂုတ်လ ၂၄ ရက် နံနက်ပိုင်း ရောက်ရှိလာကြောင်း သိရသည်။

၎င်းကိုယ်စားလှယ်အဖွဲ့သည် ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံးဆိုက်ရာ မြစ်ကြီးနားမြို့သို့ အထူးလေယာဥ်ဖြင့် ရောက်ရှိလာခြင်းဖြစ်ကြောင်း ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် အဆင့်မြင့်အရာရှိတဦးက အတည်ပြုပြောဆိုသည်။

စစ်ကောင်စီ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် အထူးတလည်ရင်းနှီးသည့် ဆက်ဆံရေးရှိသူ သူဌေး ဦးေလာချမ်းပိုင် ပိုင်ဆိုသည့် မြစ်ကြီးနားမြို့ မြို့လယ်ရှိ ရတနာတက်ချမ်းဟိုတယ်တွင် ထိုကိုယ်စားလှယ်အဖွဲ့ တည်းခိုမည်ဖြစ်ကြောင်း မဇ္ဈိမက မြေပြင်သတင်းအချက်အလက်များအရ စုံစမ်းသိရှိထားသည်။

နုကျန်းပြည်နယ်ခွဲသည် ယူနန်ပြည်နယ်၏ အုပ်ချုပ်ရေးအောက်တွင်ရှိပြီး နယ်စပ်ကုန်သွယ်ရေးကိစ္စများနှင့် ပတ်သက်၍ လာရောက်တွေ့ဆုံသည်ဟုသာ သိရှိထားကြောင်း အမည်မဖော်လိုသူ ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင်က ဆိုသည်။

ထိုကိုယ်စားလှယ်အဖွဲ့နှင့် အတူပါလာသည့် လုံခြုံရေးအဖွဲ့အပြင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကလည်း လက်နက်အပြည့်အစုံ တပ်ဆင်ထားသည့် တပ်ရင်းနှစ်ရင်းထက်မနည်းသော အင်အားဖြင့် လုံခြုံရေးယူပေးထားကြောင်း သိရသည်။

ကချင်ပြည်နယ်အစိုးရအဖွဲ့နှင့် နုကျန်းပြည်နယ်ခွဲ အစိုးရကိုယ်စားလှယ်အဖွဲ့တို့၏ အသေးစိတ်တွေ့ဆုံဆွေးနွေးချက်များကို မဇ္ဈိမက စုံစမ်နေဆဲဖြစ်သည်။

တရုတ်နိုင်ငံ ယူနန်ပြည်နယ်တွင် ခရိုင် ၁၆ ခုရှိသည့်အနက် ခြောက်ခရိုင်သည် မြန်မာနိုင်ငံနှင့် ထိစပ်နေသည်။ ထိုခရိုင်ခြောက်ခုမှာ - နုကျန်း လီစူး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရခရိုင်၊ ဘောင်ရှန်းခရိုင် ၊ ဒယ်ဟုန်ဂျိမ်းဖော ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရခရိုင်၊ လင်ခေါင့် ဖူအာရ်ခရိုင်၊ ရှိရှောင်ပါးနား(ရှမ်း) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရခရိုင် တို့ဖြစ်သည်။ ထိုပြင် မြန်မာနိုင်ငံ ဗန်းမော်၊ မိုးမောက်နှင့် မန်စီ မြို့နယ်များသည် တရုတ်နိုင်ငံ ယူနန်ပြည်နယ်ရှိ ဘောင်ရှန်း၊ဒယ်ဟုန်ဂျိမ်းဖောခရိုင်တို့ဖြင့် နယ်နမိတ်ခြင်းထိစပ်လျက်ရှိသည်။

နုကျန်းနဲ့ လီစူး ခရိုင်ကတော့ ကချင်အထူးဒေသ (၁) ဖြစ်သည့် ချီဖွေ ပန်ဝါ၊ ဆော့လော်၊ ခေါင်လန်ဖူး စသည့်မြို့ နယ်များသည် ယူနန်ပြည်နယ် နုကျန်းလီစူး ခရိုင်နှင့် ထိစပ်လျက်ရှိသည်။ ကချင်အထူးဒေသ (၁)တွင် တရုတ်နိုင်ငံက အလုံးစုံရင်း နှီးမြုပ်နှံမှုဖြင့် မြေရှားသတ္တုကို အကြီးအကျယ် ထုတ်ယူလျက်ရှိသည်။

စာတည်း။ ။ အောင်ကျော်ဖြိုး

#Mizzima
#နုကျန်းပြည်နယ်ခွဲ အစိုးရကိုယ်စားလှယ်အဖွဲ့
#ကချင်ပြည်နယ်အစိုးရအဖွဲ့
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍4❤3😁3💩3🔥2
​​ပုဂ္ဂလိက ဘဏ်များနှင့် ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများတွင် ၂၀,၀၀၀ တန်များ သုံးစွဲခြင်းမပြုရန် NUG တားမြစ်
===================

001
(မဇ္စျိမ)။ ။ စစ်ကောင်စီက ထုတ်ဝေသည့် ကျပ် ၂ ၀,၀၀၀ တန် ငွေစက္ကူများကို ပုဂ္ဂလိက ဘဏ်များနှင့် ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများတွင် သုံးစွဲခြင်းမပြုလုပ်ရန် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့က ယနေ့ ဩဂုတ်လ ၂၄ ရက်နေ့တွင် တားမြစ်မိန့် ထုတ်ပြန်သည်။

အကြမ်းဖျက်မှုတိုက်ဖျက်ရေးဥပဒေ အခန်း ၁၂ တွင် ဖော်ပြထားသည့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုဆိုင်ရာ ပြစ်မှုများအား တားဆီးနှိမ်နင်းရန်ရည်ရွယ် ထုတ်ပြန်ခြင်းဖြစ်ပြီး လိုက်နာဆောင်ရွက်ခြင်းမရှိပါက အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနှင့် အညီ တားဆီးနှိမ်နင်းအပြစ်ပေး အရေးယူသွားမည်ဖြစ်ကြောင်း ဆိုထားသည်။

အဆိုပါ ငွေစက္ကူများအား လက်ဝယ်ထားရှိခြင်း၊ အရောင်းအဝယ်ပြုလုပ်ခြင်း၊ တနည်းနည်းဖြင့် လွှဲပြောင်းခြင်းတို့သည် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုဆိုင်ရာ ပြစ်မှုများကို ကျူးလွန်ရာရောက်ကြောင်း NUG က အသိပေးထားသည်။

စစ်ကောင်စီ၏ ကျပ် ၂၀,၀၀၀ တန်များမှာ လက်ရှိတွင် စျေးကွက်ထဲသို့ ပျံ့နှံ့လာခြင်းမရှိသေးသော်လည်း ယခုလကုန်တွင် စစ်ကောင်စီ၏ ဝန်ထမ်းများအား လစာအဖြစ် ထုတ်ပေးရန်အစီအစဥ်ရှိကြောင်း နေပြည်တော်ဝန်ထမ်းအသိုင်းအဝိုင်းတွင် သတင်းထွက်ပေါ်နေသည်။

စစ်ကောင်စီ ထိုငွေစက္ကူ လက်ထဲ ရောက်ရှိလာပါက လုံခြုံရေးအရ သုံးစွဲရမည်သာဖြစ်ကြောင်း အသေးစားလုပ်ငန်းတခု၏ ပိုင်ရှင်ကပြောသည်။

"ကိုယ်က ပစ္စည်းရောင်းတယ်။ သူက၂၀,၀၀၀ တန်နဲ့ချေတယ်။ ဒီ၂၀,၀၀၀ တန်ကို မသုံးနဲ့လို့ပြောထားလို့ဆိုရင် အဲ့ဒီလူက သွားတိုင်ရင် ဂျေး(ထောင်)အောင်းသွားရမှာပေါ့။ အဲ့တာကို ဘယ်သူဖြေရှင်းပေးမှာလဲ"ဟု ၎င်းကဆိုသည်။

နေပြည်တော်အတွင်း ရပ်ကွက်စျေးဆိုင်ငယ် ဖွင့်လှစ်ရောင်းချနေသည့် လုံခြုံရေးအရ အမည်မဖော်လိုသည့် အမျိုးသမီးတဦးကမူ ၎င်းအနေဖြင့် စစ်ကောင်စီ၏ ၂၀,၀၀၀ တန်ကို သုံးစွဲသွားမည်မဟုတ်ကြောင်းဆိုသည်။

ထိုငွေစက္ကူအသစ်အား စစ်ကောင်စီက နေပြည်တော်တွင် တည်ထားသည့် ဗုဒ္ဓရုပ်ပွားတော် တည်ဆောက်ပြီးစီးမှုနှင့် စစ်ကောင်စီ၏ ဆင်ဖြူတော် တနှစ်မြောက်မွေးနေ့ အထိမ်းအမှတ်အနေဖြင့် ဇူလိုင်လ ၃၁ ရက်နေ့တွင် စတင်ထုတ်ဝေခဲ့ပြီး ကနဦးအနေဖြင့် ဗဟိုဘဏ် - နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးဘဏ်ခွဲတို့တွင် ဟောင်းနွမ်းငွေစက္ကူများနှင့် တန်ဖိုးတူလဲလှယ်ပေးမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

စစ်ကောင်စီက ထုတ်ဝေသည့် ၎င်းငွေစက္ကူများကို တရားမဝင်ငွေစက္ကူများဖြစ်ကြောင်း NUG ၊ ကြားကာလ ဗဟိုဘဏ်က ထုတ်ပြန်ကြေညာထားသည်။

ထို့ကြောင့် ပြည်တွင်းငွေကြေးလည်ပတ်စီးဆင်းမှုတွင် အဓိကကျသော အခန်းကဏ္ဍတွင် ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်နေသော ပုဂ္ဂလိကဘဏ်များနှင့် ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများအနေဖြင့် လက်ဝယ်ထားခြင်း၊ အရောင်းအဝယ်ပြုလုပ်ခြင်း၊ တနည်းနည်းဖြင့် လွှဲပြောင်းခြင်းများ မပြုလုပ်ရန် တားမြစ်မိန့်ထုတ်ပြန်ခြင်းဖြစ်ကြောင်း NUGက ဆိုထားသည်။

ပြည်သူများအနေဖြင့် အဆိုပါ တရားမဝင် ငွေစက္ကူများကို ငွေကြေးလည်ပတ်မှုတွင် အသိအမှတ်ပြုလက်ခံသုံးစွဲသောဘဏ်များနှင့် ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများအား အထောက်အထားနှင့်တကွ NUG ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့သို့ အသိပေးတိုင်ကြားရန် NUG ကတိုက်တွန်းထားသည်။

စာတည်း။ ။ အောင်ကျော်ဖြိုး

#Mizzima
#ကျပ်၂၀,၀၀၀တန် ငွေစက္ကူ
#တရားမဝင
်
ပုံအညွှန်း- စစ်ကောင်စီ ထုတ်ဝေမည့်ကျပ် ၂ သောင်းတန် ငွေစက္ကူ(ဓာတ်ပုံ- လူမှုကွန်ရက်)

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍17🤣3
​​အွန်လိုင်းလိမ်လည်မှု ကျူးလွန်သည့် သံသယရှိသူ ၂ ဦးကို မြန်မာဘက်မှ တရုတ်သို့ လွှဲအပ်
=====================

တရုတ်နိုင်ငံသားများကို ပစ်မှတ်ထားသည့် အွန်လိုင်းလိမ်လည်မှုများတွင် ပါဝင်ပတ်သက်သည်ဟု သံသယရှိသည့် အမျိုးသားနှစ်ဦးကို မြန်မာစစ်ကောင်စီတာဝန်ရှိသူတို့က တရုတ်အာဏာပိုင်တို့ထံ လွှဲပြောင်းပေးခဲ့ကြောင်း စစ်အုပ်စုထိန်းချုပ်သည့် မီဒီယာက ဩဂုတ် ၂၄ ရက်တွင် ဖော်ပြသည်။

ရာဇဝတ်မှုကျူးလွန်သည့် အဖွဲ့များသည် တရုတ်နှင့် အခြားနိုင်ငံများမှ နိုင်ငံသားများကို သွေးဆောင် သို့မဟုတ် ပြန်ပေးဆွဲပြီး ထိုသူတို့ကို မြန်မာနိုင်ငံ မြောက်ပိုင်းနှင့် အရှေ့ပိုင်း နယ်စပ်များတလျောက်ရှိ ဥပဒေမဲ့ နယ်မြေများသို့ ပို့ဆောင်ကာ အွန်လိုင်းမှတဆင့် လိမ်လည်ရိုက်စားလုပ်မှုများတွင် အတင်းအကျပ် ခိုင်းစေလျက် ရှိကြောင်း စွပ်စွဲခံထားရသည်။

ရိုက်စားသမားများသည် ပုံမှန်အားဖြင့် ၎င်းတို့၏ တနိုင်ငံသားချင်း ဖြစ်သူများကို ပစ်မှတ်ထားကာ သီတင်းပတ်များကြာ လက်သပ်မွေးပြီးမှ အတုအယောင် ရင်းနှီးမြှုပ်နှံမှု ပလက်ဖောင်းများနှင့် အခြားသော လှည့်ကွက်များ၌ ငွေများ ထည့်ဝင်လာစေရန် မြှောက်ပင့်ချော့မော့ နားချလျက် လိမ်လည်မှု ကျူးလွန်ကြခြင်းဖြစ်သည်။
👏2👍1🔥1🤮1🍌1
မြိုင်မြို့နယ် ပျူ ရွာ ၂ ရွာ နှင့် ရဲစခန်းကို ဒရုန်းဖြင့်တိုက်ခိုက်
==================

MTO
(မဇ္ဈိမ)။ ။ မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းရှိ တွင်းမပျူရွာ ၊သရက်ကန်ပျူရွာ နှင့် ကိုင်းတောမ ရဲစခန်းတို့ကို မောင်းသူမဲ့ဒရုန်းများဖြင့် အီနာဂါဗုံးသီးများ ကြဲချ တိုက်ခိုက်ခဲ့ကြောင်း ဓားမဆိုင်းတပ်မတော်မှ သတင်းထုတ်ပြန်ထားသည်။

ယင်းတိုက်ခိုက်မှု သုံးခုလုံးကို ဩဂုတ်လ ၂၁ ရက်နေ့ တရက်တည်းတွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး သေဆုံးမှုရှိ မရှိ မသိရပေမယ့် ထိခိုက်ဒဏ်ရာရရှိမှုနဲ့ အဆောက်အဦများ ပျက်စီးခဲ့ကြောင်း ဓားမဆိုင်းတပ်မတော်မှ ဗိုလ်ထွဋ်ခေါင်က ပြောသည်။

၎င်းက “ တွင်းမ ပျူရွာကို ဒရုန်းနဲ့ အီနာဂါ ကိုးလုံးထိ ကြဲချတိုက်ခိုက်ခဲ့တယ်။ သေဆုံးမှုတော့ မသိရသေးဘူး၊ ဒဏ်ရာရတာတွေ သူတို့နေတဲ့ အဆောက်အဦတွေ ပျက်စီးတာတွေတော့ရှိတယ်” ဟု ပြောသည်။

တွင်းမရွာကို တိုက်ခိုက်ပြီးနောက် တွင်းမရွာထဲမှ လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်မှုများရှိသော်လည်း ကာကွယ်ရေးတပ်ဖွဲ့ဘက်တွင် အထိအခိုက်မရှိကြောင်း ဗိုလ်ထွဋ်ခေါင်က ဆိုသည်။

အလားတူ သရက်ကန်ပျူရွာကိုလည်း ဒရုန်းဖြင့် အီနာဂါ ၁၂ လုံးထိကြဲချ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပျူစောထီးများ ထိခိုက်ဒဏ်ရာရရှိမှုများရှိနိုင်ပြီး သေဆုံးမှုအခြေအနေကိုတော့ မသိရသေးကြောင်း ဓားမဆိုင်းတပ်မတော်က ဆိုသည်။

ထို့အပြင် မြိုင်မြို့နယ် ကိုင်းတောမရဲစခန်းကိုလည်း ဒရုန်းဖြင့်အီနာဂါ သုံးလုံး ကြဲချတိုက်ခိုက်ခဲ့ပြီး ထိခိုက်မှုအခြေအနေကို စုံစမ်းဆဲဖြစ်ကြောင်း ဗိုလ်ထွဋ်ခေါင်က ဆိုသည်။

ယခုတိုက်ခိုက်မှုများကို Super Fighter PDF (ရေစကြို)နှင့် ရေစကြိုမြို့နယ်ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ ယင်းမာပင်ခရိုင်တပ်ရင်း(၂၈)ဓားမဆိုင်းတပ်မတော် ၊ Independence Army(IA) ၊ အလင်းတန်းပြောက်ကျား တပ်ဖွဲ့(မြိုင်) ၊ မြိုင်မြို့နယ်ဂဠုန်ပြည့်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ခွဲ(၂)တို့ပူးပေါင်း၍ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

စာတည်း - သန့်ဇော်(သန်လျင်)

https://youtu.be/tHUk4OLQn-Y?si=sRXz1Ne4OQVzE7ti

#mizzima
#PDF
#မြိုင်မြို့နယ်
#ဒရုန်း
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👏10👍5🔥2❤1👎1
သြဂုတ်လ ၂၄ ရက်၊ ညနေ ၄ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
=====================

01:08-ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲဆိုခဲ့တဲ့ ဦးထွန်းမြင့်အောင် YMBA အသင်းမှ ရာသက်ပန် ထုတ်ပယ်ခံရတဲ့သတင်း

03:57-မုံရွာမှ ကိုယ်ဝန်ဆောင်အမျိုးသမီးသတ်ဖြတ်ခံရမှု ပါဝင်သူ ၇ဦးကို သေဒဏ်အပါ ပုဒ်မ ၃ခုနဲ့ NUG တရားရုံးမှာ စွဲဆိုတဲ့သတင်း

06:49-UNOCHA အကြီးအကဲက အာဏာသိမ်း စစ်ခေါင်းဆောင်နဲ့တွေ့ဆုံပြီးနောက် NUG ဝန်ကြီးများနဲ့အွန်လိုင်းမှတွေ့ဆုံတဲ့သတင်း

09:34-လျှပ်စစ်မီး ပုံမှန်မရရှိခြင်းကိုဝေဖန်တဲ့ တေးသံရှင်ဗျူဟာ ထောင်ဒဏ် ၂၀ နှစ် ချမှတ်ခံရတဲ့သတင်း အပါအဝင် တခြားအရေးကြီးသတင်းတွေနဲ့ စိတ်စားဖွယ်သတင်းတွေကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။

https://youtu.be/JS7oN2cBPN8?si=dxKyU0SKxXaDxVf0

#4pmnews
#Mizzimanewshour
#MizzimaTV
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍8🔥1😁1🍌1
​​ငွေဆောင်တွင် ပြည်သူ့စစ်ဖွဲ့ရန် စစ်ကောင်စီကြိုးပမ်း
==================

မင်းထက်
(မဇ္စျိမ)။ ။ ပုသိမ်မြို့နယ်၊ငွေဆောင်ကမ်းခြေဒေသမှ ကျေးရွာများတွင် ပြည်သူ့စစ်ဖွဲ့ရန်အတွက် စစ်ကောင်စီက ဖိအားပေးခြိမ်းခြောက်ခြင်း၊ ငွေကြေးပေးစည်းရုံးခြင်းများပြုလုပ်နေကြောင်းဒေသခံများထံမှသိရသည်။

ပြီးခဲ့သည့် သြဂုတ်လ ၂၂ နေ့က ငွေဆောင်မြို့နယ်ခွဲ၊ ငွေဆောင်ကမ်းခြေမှ သဇင်ကျေးရွာအုပ်စု၊ သစ်ဖြူရွာစုသို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များရောက်ရှိလာပြီး ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရွာသူ၊ရွာသားများကို အစည်းအဝေးခေါ်ကာ ပြည်သူ့စစ်ဖွဲ့စည်းရန် ဖိအားပေးခဲ့ကြောင်း ဒေသခံတဦးကပြောသည်။

"တရွာကို ပြည်သူ့စစ်ငါးယောက်မဖြစ်မနေပေးရမယ်။ မပေးနိုင်ရင် သူတို့ကိုယ်တိုင် ဝင်ဆွဲမယ်လို့လည်းခြိမ်းခြောက်သွားတယ်" ဟု ၎င်းကဆိုသည်။

စစ်ကောင်စီက ထိုသို့ဖိအားပေးခြိမ်းခြောက်နေသည့်အတွက် ကျေးရွာနေပြည်သူများ စိုးရိမ်နေကြသည်ဟုသိရသည်။
ထို့အပြင် သြဂုတ်လ ၂၁ ရက်နေ့ကလည်း ငွေဆောင်မြို့နယ်ခွဲ၊ ဆင်မကျေးရွာအုပ်စု၊ညောင်အုပ်ကျေးရွာသို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ရဲများနှင့် ထွေအုပ်ဝန်ထမ်းများလာရောက်ပြီး အစည်းအဝေးလုပ်ကာ ပြည်သူ့စစ်ဖွဲ့ရန် ဖိအားပေးခဲ့သည်ဟု သိရသည်။

ပြည်သူ့စစ်ဖွဲ့ပါက ကျေးရွာအုပ်စုတစုလျှင် လစဥ် ထောက်ပံ့ငွေ ကျပ်သိန်း၃၀ပေးမည်ဟု စည်းရုံးကာ ၁၀သိန်းကျပ်သာ ပေးသွားကြောင်း ဒေသခံတဦးကပြောသည်။

"ကျန်တဲ့ပိုက်ဆံကို တောထဲမှာ မီးသွေးဖုတ်၊သစ်ခိုးခုတ်နေတဲ့လူတွေဆီက လိုင်းကြေးရမှထပ်ပေးမယ်လို့ပြောတယ်။ ဆယ်သိန်းပေးပြီး လာစည်းရုံးတာပါ"ဟု ယင်းဒေသခံကဆိုသည်။

ငွေဆောင်ဒေသတွင် စစ်ကောင်စီက ယခင်ကလည်း ပြည်သူ့စစ်ဖွဲ့ရန် ကြိုးစားခဲ့ဖူးပြီး ၎င်းတို့ မျှော်လင့်သလောက် အောင်မြင်ခဲ့ခြင်းမရှိ၍ ယခုထပ်မံကြိုးစားခြင်းဟု ဒေသခံများကပြောသည်။
ဒေသတွင်း နိုင်ငံရေးတက်ကြွလှုပ်ရှားသူတဦးက "နိုင်ငံအနှံ့မှာ စစ်သားတွေအများကြီးသေနေတော့ အရံအင်အားတွေစုနေတာလို့ထင်ပါတယ်။ဒါတွေကိုကြည့်ရင် စစ်တပ်ပြိုလဲတော့မယ်ဆိုတာသိသာနေပါပြီ။သူတို့မှာ အင်အားအများကြီးရှိသေးရင် ဒီလိုတွေလုပ်စရာအကြောင်းကိုမရှိပါဘူး" ဟုဝေဖန်သုံးသပ်သည်။

စစ်ကောင်စီတပ်သည် စစ်ကိုင်းတိုင်းအပါအဝင်အညာဒေသ တိုက်ပွဲများ၌ ပြည်သူ့စစ်များ၊ ပျူစောထီးများကို စစ်ကြောင်းရှေ့တွင်ထားကာ တိုက်ခိုက်နေသည်ဟု သိရသည်။

မြန်မာနိုင်ငံအနှံ့အပြားတွင် ဘက်ပေါင်းစုံ စစ်မျက်နှာဖွင့်ထားရသော စစ်ကောင်စီတပ်သည် ယခုအခါ အင်အားချိနဲ့နေပြီး တပ်တွင်းဖွဲ့စည်းပုံလည်း ယိုယွင်းနေပြီဟု အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယအတွင်းဝန် ဦးမောင်မောင်ဆွေက ဩဂုတ်လ၂၂ရက်က ပြုလုပ်ခဲ့သည့် မဇ္ဈိမနှင့် အင်တာဗျူးတွင် ပြောထားသည်။

စာတည်း - အေးချမ်း
“Supported by the Staying Resilient Amidst Multiple Crises in Southeast Asia initiative of SEA Junction in partnership with CMB Foundation”

#ငွေဆောင်
#ပြည်သူ့စစ်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤬5🔥4❤3👍3