ဖရူဆိုတွင် စစ်ကောင်စီတပ်က တိုက်ပွဲမရှိဘဲ ဒရုန်းဖြင့်ဗုံးကြဲမှုကြောင့် ကလေးငယ် ၃ ဦး ထိခိုက်ဒဏ်ရာရ
=================
001
(မဇ္စျိမ)။ ။ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်အရှေ့ဘက်ခြမ်းရှိ ကျေးရွာတရွာအား စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်သဖြင့် ကလေးငယ်သုံးဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က ယနေ့ ဩဂုတ်လ ၂၄ ရက်တွင် ထုတ်ပြန်သည်။
ဩဂုတ်လ ၂၃ ရက်နေ့က စစ်ကောင်စီ၏ အမှတ်(၁၄)တန်းမြင့် စစ်လေ့ကျင့်ရေးကျောင်းဖက်မှနေ၍ အဆို ပါကျေးရွာအား ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။
တိုက်ခိုက်မှုကြောင့် အသက် ၁၀ နှစ်၊ ကိုးနှစ်နှင့် ရှစ်နှစ်အရွယ် ကလေးငယ်သုံးဦး ထိခိုက်ဒဏ်ရာများ ရရှိ ခဲ့ပြီး ကျေးရွာအတွင်းမှ နေအိမ်တလုံးလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။
“ကလေးတွေက အိမ်နားမှာ သူ့ဟာသူဆော့နေကြတာ။ အဲဒီအချိန်မှာ စစ်ကောင်စီတပ်က ဒရုန်းနဲ့ဗုံးချ တယ်။ ကလေးတွေအနားမှာ ကျပေါက်ပြီးတော့ ထိသွားတာ။ တယောက်က နည်းနည်းလေးစိုးရိမ်ရတယ် ဗျ။ ဗုံးစက တင်ပါးထဲအထိဝင်သွားတော့ နည်းနည်းလေးစိုးရိမ်ရတဲ့အနေအထားရှိတယ်” ဟု KNDF ဗဟိုသတင်းနှင့် ပြန်ကြားရေးဌာနကပြောသည်။
စစ်ကောင်စီတပ်ဖွဲ့များအနေဖြင့် တိုက်ပွဲဖြစ်ပွားခြင်းမရှိသော အရပ်သားပြည်သူများနေထိုင်ရာ ကျေးရွာ များသို့ မကြာခဏ လက်နက်ကြီးဖြင့်ပစ်ခတ်ခြင်း၊ ဒရုန်းဖြင့် ဗုံးကြဲခြင်းများပြုလုပ်ပြီး အရပ်သားများအား ရန်သူသဖွယ်ပစ်မှတ်ထားကာ ရည်ရွယ်ချက်ရှိရှိတိုက်ခိုက်၍ စစ်ရာဇဝတ်မှုများကို ပေါ်ပေါ်ထင်ထင် ကျူး လွန်လျက်ရှိကြောင်း KNDF က ဆိုထားသည်။
ကရင်နီပြည်နယ်အတွင်း စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုလည်း လုပ်ဆောင်နေပြီး ဩဂုတ် လ ၂၃ ရက်နေ့ညပိုင်းက ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းရှိ တိုက်ပွဲနှင့်မသက်ဆိုင်သည့် နေရာတခု ကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်သွားပြီး ထိခိုက်ဒဏ်ရာရရှိသူ မရှိခဲ့ကြောင်း KNDF ထံမှ သိရသည်။
ကရင်နီပြည်နယ်၊ ဒီးမော့ဆို-ဖရူဆိုလမ်းမကြီးတလျှောက်တွင် စစ်ကောင်စီတပ်နှင့် ကရင်နီပူးပေါင်းအဖွဲ့ များအကြား ဩဂုတ်လ ၂ ရက်မှစပြီး ယနေ့ ၂၄ ရက်နေ့အထိ တိုက်ပွဲများပြင်းထန်နေကြောင်း သိရသည်။
Photo - ဖရူဆို အရှေ့ခြမ်းတွင် ဩဂုတ်လ ၂၃ ရက်နေ့ စစ်ကောင်စီက ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ပြီးနောက် မြင်ကွင်း (KNDF)
စာတည်း။ ။စောဖေ
#ကရင်နီပြည်နယ်
#ဖရူဆိုမြို့နယ်
#ဒရုန်းဖြင့်ဗုံးကြဲ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

🤬4❤1🔥1
This media is not supported in your browser
VIEW IN TELEGRAM
ဖူကူရှီးမားရေထုတ်လွှတ်မှုနဲ့ ပတ်သက်ပြီး ဂျပန်အစားအစာတင်သွင်းမှုအချို့ကို တားမြစ်ဖို့ ဟောင်ကောင်ဆုံးဖြတ်
#mizzimaplushd #internationalnews #mizzima #mizzimanews #mizzimadailynews #myanmarnews #todaynews #newsupdate #Reels #Shorts

🔥1
မုံရွာမြို့တွင် ကင်းပုန်းဝပ်နေသည့် စစ်ကောင်စီတပ်သားများ အလစ်အငိုက် ပစ်ခတ်ခံရပြီး ၂ဦးသေဆုံး
==================
ပါခွီး
(မဇ္စျိမ) ။ ။ စစ်ကိုင်းတိုင်း ၊ မုံရွာမြို့ စက်မှုဇုန်တွင် ကင်းပုန်းဝပ်နေသည့် စစ်ကောင်စီတပ်သားများကို ကားပေါ်မှ အလစ်အငိုက်ပစ်ခတ်ခဲ့သဖြင့် နှစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိသွားကြောင်း မုံရွာ နတ်ဆိုးအဖွဲ့က ယနေ့ ဩဂုတ်လ ၂၄ရက်တွင် ထုတ်ပြန်သည်။
မုံရွာမြို့ကို လှည့်ပတ်စစ်ဆေးနေသည့် စစ်ကောင်စီတပ် ပတ်ကင်းသည် စက်မှုဇုန် ၊ ဇီဇဝါလမ်း ဘုံဆွမ်းလောင်း အနီးတွင် အထိုင်ချ ကင်းပုန်းစောင့်နေသည်မှာ သုံးရက်ခန့်ရှိပြီဖြစ်ကြောင်း သတင်းရရှိသဖြင့် ဩဂုတ်လ ၂၃ရက် နေ့လယ် ၂နာရီ ၃၀ မိနစ်အချိန်တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
“ လွန်ခဲ့တဲ့ သုံးလေးရက်ကတည်းက ရောက်နေတယ်လို့သတင်းရပြီး စုံစမ်းအတည်ပြု ဗျူဟာဆင်ပြီးပစ်ခတ်ခဲ့တာပါ ။ သေဆုံးဒဏ်ရာရတာကတော့ မျက်မြင်တွေ့ရတာ ဖြစ်ပါတယ်” ဟု မုံရွာ နတ်ဆိုးတာဝန်ရှိသူက မဇ္စျိမကို ပြောသည်။
အင်အား ၃၀ ဝန်းကျင်ခန့်ရှိသော စစ်ကောင်စီတပ်သားများ ပတ်လည် ကင်းပုန်းဝပ်နေသည့် နေရာကို ကားဖြင့်ဖြတ်သန်း၍ ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်သားများက ပြန်လည်ပစ်ခတ်သောလည်း ကာကွယ်ရေးတပ်ဖွဲ့ဝင်များဘက်တွင် အထိအခိုက်မရှိကြောင်း ဆိုသည်။
အဆိုပါတိုက်ခိုက်မှုကို မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) ၊ Guardian Forces နှင့် မုံရွာ နတ်ဆိုး တပ်ရင်းတို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
တော်လှန်ရေးကာလ အချိန်ကြာမြင့်လာသည့်နှင့်အမျှ ပြည်သူများ သွေးအေးမသွားစေရန်နှင့် ရရာဘက်ပေါင်းစုံမှ ပါဝင်လာနိုင်စေရန် မြို့တွင်း မစ်ရှင်များ ဖော်ဆောင်ရခြင်းဖြစ်ကြောင်း ဆိုသည်။
၎င်းအပြင် တောတွင်းနှင့် ကျေးရွာဘက်များတွင် စစ်ကြောင်း အလုံးအရင်းဖြင့် ထိုးပြီး ကာကွယ်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားချိန်များတွင် မြို့တွင်းစ၍ မြို့ရှောင်လမ်းများအထိ ၎င်းတို့ သွားလာမှုအဆင်ပြေစေရန် ကင်းပုန်း ၊ ပတ်ကင်းများနေရာ ယူထားတတ်သော စစ်ကောင်စီတပ်သားများကို တိုက်ခိုက်ခြင်းအားဖြင့် ဘေးကျပ်နံကျပ် ဖြစ်စေနိုင်ကြောင်း မုံရွာနတ်ဆိုး အဖွဲ့ တာဝန်ရှိသူက ပြောသည်။
စာတည်း။ ။အောင်ကျော်ဖြိုး
https://youtube.com/shorts/nUmC8ZAWYIE?si=P3ZpU5XVXkRwpp69
#Mizzima
#မုံရွာနတ်ဆိုး
#မုံရွာမြို့ စက်မှုဇုန်

YouTube
မုံရွာမြို့တွင် ကင်းပုန်းဝပ်နေသည့် စစ်ကောင်စီတပ်သားများ အလစ်အငိုက် ပစ်ခတ်ခံရပြီး ၂ဦးသေဆုံး
ပါခွီး (မဇ္စျိမ) ။ ။ စစ်ကိုင်းတိုင်း ၊ မုံရွာမြို့ စက်မှုဇုန်တွင် ကင်းပုန်းဝပ်နေသည့် စစ်ကောင်စီတပ်သားများကို ကားပေါ်မှ အလစ်အငိုက်ပစ်ခတ်ခဲ့သဖြင့် နှစ်ဦးသေဆုံ...
👍10👏2🔥1
အင်ဒိုနီးရှားတွင် ဖြိုခွင်းခြင်းများကြောင့် ခွေးသားရောင်းသူများ ရှေ့ရေးအတွက် စိုးရိမ်
=======================
Mechio Restaurant ပိုင်ရှင် လီနာဂျင်းတင်းသည် ခွေးသားဟင်းလျာ၊ ခွေးသား အသားကင်နှင့် ခွေးသားစွပ်ပြုတ်ကဲ့သို့သော အစားအသောက်များ ရောင်းချအသက်မွေးပြီး သူ့မ ကလေးနှစ်ဦးကိုပင် ပုဂ္ဂလိကကျောင်း၌ ထားနိုင်နေသူဖြစ်သည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
=======================
Mechio Restaurant ပိုင်ရှင် လီနာဂျင်းတင်းသည် ခွေးသားဟင်းလျာ၊ ခွေးသား အသားကင်နှင့် ခွေးသားစွပ်ပြုတ်ကဲ့သို့သော အစားအသောက်များ ရောင်းချအသက်မွေးပြီး သူ့မ ကလေးနှစ်ဦးကိုပင် ပုဂ္ဂလိကကျောင်း၌ ထားနိုင်နေသူဖြစ်သည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🔥1
This media is not supported in your browser
VIEW IN TELEGRAM
ဆီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်းမှာ ရုရှားရဲ့တိုက်ခိုက်မှုအတွင်း အရပ်သား ၂ ဦးသေဆုံး
#mizzimaplushd #internationalnews #mizzima #mizzimanews #mizzimadailynews #myanmarnews #todaynews #newsupdate #Reels #Shorts
#mizzimaplushd #internationalnews #mizzima #mizzimanews #mizzimadailynews #myanmarnews #todaynews #newsupdate #Reels #Shorts
🔥2
ဟင်္သာတမြို့ အာဇာနည်ဗိမာန်ရှေ့တွင် စစ်ကောင်စီလက်အောက်ခံများက အများသုံးအိမ်သာဆောက်လုပ်
❤1
ဟင်္သာတမြို့ အာဇာနည်ဗိမာန်ရှေ့တွင် စစ်ကောင်စီလက်အောက်ခံများက အများသုံးအိမ်သာဆောက်လုပ်
=================
မင်းထက်
(မဇ္စျိမ)။ ။ဧရာဝတီတိုင်း၊ ဟင်္သာတမြို့ရှိ အာဇာနည်ဗိမာန်အရှေ့တွင် စစ်ကောင်စီလက်အောက်ခံများက အများသုံးအိမ်သာဆောက်လုပ်နေသည့်အတွက် မြို့ပေါ်ဒေသခံများ မကျေမနပ်ဖြစ်နေကြသည်ဟု သိရသည်။
ဟင်္သာတမြို့၊ ဥယျာဥ်မြောက် ၊ဟင်္သာတရုပ်အဝိုင်းအနီး၊ အထက(၅) အရှေ့တွင်ရှိသည့် အာဇာနည်ပန်းခြံအတွင်းမှ အာဇာနည်ဗိမာန်ရှေ့တွင် အများသုံးအိမ်သာ ဆောက်လုပ်နေခြင်းဖြစ်သည်။
အဆိုပါ အများသုံးအိမ်သာအား ဆောက်လုပ်ရန်စီစဥ်ခဲ့သူများမှာ မြို့နယ်စည်ပင်ဝန်ထမ်းများ၊ ထွေအုပ်ဝန်ထမ်းများနှင့် အခြားဌာနများဆိုင်ရာဝန်ထမ်းများဖြစ်ပြီး ဟင်္သာတမြို့ပေါ်ရှိ ဆောက်လုပ်ရေး ကုမ္ပဏီတခုအား ငွေကြေးပေးကာ ဆောက်လုပ်ခိုင်းထားသည်ဟု ဒေသခံတဦးကပြော သည်။
"အာဇာနည်ဗိမာန်ရှေ့မှာ အများသုံးအိမ်သာဆောက်တယ်ဆိုတာ တော်တော်မသင့်တော်တဲ့ကိစ္စပါ။ ပန်းခြံရဲ့အုတ်တံတိုင်းတွေကိုပါ အကုန်ဖြိုချပြီးဆောက်နေတာ။ မြို့ခံတွေကတော့ ဘယ်သူမှမကျေနပ်ကြဘူး။ဒါပေမဲ့ ဒီအချိန်မှာ ဘာမှပြောလို့မရတော့ ဒီတိုင်းကြည့်နေကြရတာပေါ့"ဟု ဒေသခံကဆိုသည်။
ထိုသို့ မြို့နေပြည်သူများအကြား ဝေဖန်မှုများမြင့်တက်နေပြီး ပြစ်တင်ပြောဆိုမှုများရှိနေသော်လည်း စစ်ကောင်စီလက်အောက်ခံများဦးဆောင်ကာ အများသုံးအိမ်သာကို ဆက်လက်ဆောက် လုပ်နေသည်ဟု ဒေသခံများ၏ပြောပြချက်အရ သိရသည်။
၁၉၈၈ နောက်ပိုင်း စစ်အစိုးရလက်ထက်တွင် ဟင်္သာတမြို့၌ လက်ရှိရှိနေသည့် အောက်လင်းမီးအိမ်ပုံစံ အာဇာနည်ဗိမာန်အား သံချောင်းများဖြင့်အကွက်လုပ်ကာရံကာ အုန်းဆံကြိုးများတွင် အပင်များစိုက်ပြီး မြန်မာပြည်မြေပုံ ပုံစံပြုလုပ်ခဲ့သေးသည်။
ဒေသခံအများအပြား ဝိုင်းဝန်းကန့်ကွက်မှသာ အာဇာနည်ဗိမာန်အား ကာရံထားသည့်အရာများကို ပြန်ဖျက်ချခဲ့သည်ဟုသိရသည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#အာဇာနည်ဗိမာန်
#ဟင်္သာတမြို့
“Supported by the Staying Resilient Amidst Multiple Crises in Southeast Asia initiative of SEA Junction in partnership with CMB Foundation”

👍4❤1🤬1
လ၏ တောင်ဝင်ရိုးစွန်းအနီး အာကာသယာဉ် ဆင်းသက်နိုင်သည့် ပထမဆုံးနိုင်ငံ အိန္ဒိယ ဖြစ်လာ
=====================
အိန္ဒိယသည် လ၏ တောင်ဝင်ရိုးစွန်းနေရာအနီး အာကာသယာဉ်တစင်းကို အောင်မြင်စွာ ဆင်းသက်နိုင်သည့် ပထမဆုံးနိုင်ငံ ဖြစ်လာခဲ့သည်။ ယင်းက ကမ္ဘာ့ လူဦးရေအများဆုံး နိုင်ငံနှင့် ထိုနိုင်ငံ၏ ရည်မှန်းချက် ကြီးမားသော အာကာသ ပရိုဂရမ်အတွက် သမိုင်းဝင် အောင်မြင်မှုတခုလည်း ဖြစ်သည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
=====================
အိန္ဒိယသည် လ၏ တောင်ဝင်ရိုးစွန်းနေရာအနီး အာကာသယာဉ်တစင်းကို အောင်မြင်စွာ ဆင်းသက်နိုင်သည့် ပထမဆုံးနိုင်ငံ ဖြစ်လာခဲ့သည်။ ယင်းက ကမ္ဘာ့ လူဦးရေအများဆုံး နိုင်ငံနှင့် ထိုနိုင်ငံ၏ ရည်မှန်းချက် ကြီးမားသော အာကာသ ပရိုဂရမ်အတွက် သမိုင်းဝင် အောင်မြင်မှုတခုလည်း ဖြစ်သည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍4😁1
Pataakha (2018)
===========
ဘတ်ကီ နဲ့ ချွတ်ကီဟာ ရာဂျတ်စ်သန်ဆိုတဲ့မြို့လေးမှာနေကြတဲ့ ညီအစ်မ ၂ ယောက်ပါ သူတို့တွေက အခိုးခံရတဲ့ဆေးလိပ်ကအစ အဖြဲခံရတဲ့အ၀တ်အစားတွေအထိပါ အချင်းချင်း ရန်ဖြစ်တတ်ကြတဲ့သူတွေပါ သူတို့ရဲ့အိမ်နီးနားချင်းဖြစ်သူ ဒစ်ပါက သူတို့ ၂ ယောက်ရန်ဖြစ်အောင်မြှောက်ပေးလေ့ရှိပြီး သူတို့ရဲ့အဖေဖြစ်သူ ဘာပူကတော့ သူတို့ညီအစ်မ ၂ ယောက် အဆင်ပြေအောင် နည်းမျိုးစုံနဲ့ကြိုးစားနေတဲ့သူပါ သို့သော်လည်း သူတို့တွေ အိမ်ထောင်ကျခဲ့ရပြီးတဲ့နောက်မှာတော့ ညီအစ်မသံယောဇဉ်က ဘယ်လောက်အရေးပါလဲဆိုတာ သိခဲ့ရပါတယ် ဘတ်ကီနဲ့ချွတ်ကီတို့ သူတို့ရဲ့ဆက်ဆံရေးကို ဘယ်လိုပြန်ပြုပြင်မလဲဆိုတာ ရာ်မောဖွယ်ကြည့်ရှုရမှာပဲဖြစ်ပါတယ်.....
ဒီဇာတ်ကားလေးကို Mizzima + Channel မှာ စောင့်မျှော်ကြည့်နိုင်ပါပြီ။
Mizzima+ Channel တွင် ပြသနေသည့်အချိန်မှာပဲ Mizzima TV App တွင်လည်း Live stream တိုက်ရိုက်ကြည့်ရှုနိုင်တာမို့MizzimaTV Application လေးကို download လုပ်ပြီးကြည့်လိုက်ကြရအောင်
App ဒေါင်းလော့လုပ်ရန် - https://bit.ly/44WaGEU
#New ပြသမည့်ရက်။ ။၂၄.၈.၂၀၂၃
ပြသမည့် အချိန် ။ ။ ည (၈:၀၀)နာရီ
ပြန်လည်ပြသမည့်ရက်။ ။ ၂၅.၈.၂၀၂၃
အချိန်။ ။ နေ့လည် (၂:၀၀) နာရီ
(Mizzima Media ကနေ သတင်းချန်နယ် သီးသန့် အဖြစ် Mizzima TV အပြင်၊ သတင်း နှင့် ဖျော်ဖြေရေး ချန်နယ် အဖြစ် Mizzima + တို့အား PSI စလောင်းများ၊ နှစ်ပေ စလောင်းများ နှင့် ရှစ်ပေ စလောင်း များမှ တစ်ဆင့် နေ့စဉ် နံနက် ၆ နာရီ မှ ည ၁၂ နာရီအထိ ထုတ်လွှင့်ပြသနေပါသည်)။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U"

👍3🔥1
Wanted Hong Kong activists in Britain decry 'harassment'
===================
https://youtu.be/KtfXW7Z14vU?si=izmxLXW1MwSh9kU0

Hong Kong activists Nathan Law and Christopher Mung are among Hong Kong's most wanted after police in July announced bounties of HK$1 million ($128,000) on eight democratic activists living abroad. Living in Britain, the two are accused under a sweeping national…
🔥1
အင်းတော်မြို့ စစ်ခုံရုံးမှ ဒေသခံပြည်သူ ၄ ဦးကို သေဒဏ်ချ
==================
ကိုခင်မောင်
(မဇ္စျိမ)။ ။ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကသာခရိုင် အင်းတော်မြို့ စစ်ခုံရုံးမှ ဒေသခံပြည်သူ လေးဦးကို သေဒဏ်ချမှတ်လိုက်သည်ဟု Indaw Revolution – IR အဖွဲ့မှ သြဂုတ်လ ၂၃ရက်တွင် သတင်းထုတ်ပြန်သည်။
အဆိုပါ သေဒဏ်ချမှတ်ခံရသူ လေးဦးကို အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၄၉(က)၊ ၅၂(က)တို့ဖြင့် တရားစွဲဆိုခဲ့ပြီး ဩဂုတ်လ ၁၈ရက်နေ့တွင် ပြစ်ဒဏ်ချမှတ်ခဲ့ခြင်းဟု ဆိုသည်။
သေဒဏ်ချမှတ်ခံရသူများသည် မုံရွာ- မြစ်ကြီးနား ခရီးသယ်တင်ကားမောင်းသည့် ကိုဇော်မျိုးထွန်း(ခ)တိုနီ၊ ထီးချိုင့်မြို့နယ်ဘက်မှ ကိုကျော်စွာဝင်း(ခ)ကျော်စွာနှင့် မမြင့်မြင့်အေး(ခ)အေးအေးဖြစ်ပြီး ကိုအောင်ကျော်ကျော်မိုး(ခ)လားလားသည် အင်းတော်မြို့ ရေတွင်းကုန်းရပ်ကွက်နေသူ တို့ဖြစ်ကြောင်း Indaw Revolution – IR အဖွဲ့ထံမှ သိရသည်။
ကိုဇော်မျိုးထွန်း(ခ)တိုနီဆိုသူသည် ပြီးခဲ့သည့် ဧပြီလအတွင်းက ကားမောင်းနေရင်း အင်းတော်စစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးခံခဲ့ရပြီး ကိုကျော်စွာဝင်း(ခ)ကျော်စွာ၊ မြင့်မြင့်အေး(ခ)မအေးအေး နှင့် အောင်ကျော်ကျော်(ခ)လားလားတို့သည် ဇွန်လပိုင်းလောက်တွင် အင်းတော်မြို့ထဲတွင်ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြသည်။
“ကျော်စွာဝင်းနဲ့ မြင့်မြင့်အေးကို အင်းတော်မြို့ထဲ လမ်းမှာပဲ ဆိုင်ကယ်ရပ်ခိုင်းပြီး စစ်ဆေး ဖမ်းဆီးလိုက်တာလို့ သိရပါတယ်။ ထီးချိုင့်နယ်ဘက်ကလူတွေလို့ သိရပါတယ်။ ကိုဇော်မျိုးထွန်း (ခ) တိုနီဆိုတဲ့တယောက်က စံရတီယာဉ်လိုင်းမှာ ကားမောင်းနေရင်း အင်းတော်မြို့အဝင်မှာ ဖမ်းခံလိုက်ရတာ၊ လူကိုဖမ်း၊ ကားကိုသိမ်းဆည်းလိုက်ပြီး စကစတွေက အဲ့ကားနဲ့ ကင်းလှည့်တာတွေလုပ်ခဲ့တယ်။ အောင်ကျော်ကျော်မိုးကိုလည်း မြို့ထဲမှာပဲ ဖုန်းတွေစစ်ရင်း ဖမ်းမိတာလို့ သိရတယ်။” ဟု Indaw Revolution – IR အဖွဲ့ထံမှ တာဝန်ရှိသူက မဇ္စျိမသို့ပြောသည်။
အင်းတော်မြို့နယ်တွင် နေ့စဉ်နှင့်အမျှ ဖမ်းဆီခံရမှုများရှိနေပြီး တသက်တကျွန်းချမှတ်ခံရသည့် ပြည်သူ ၁၀ဦးထက်မနည်း ရှိကြောင်းလည်း ယင်းအဖွဲ့တာဝန်ရှိသူက ပြောသည်။
ထိုသို့ စစ်ကောင်စီတပ်၏ ဖမ်းဆီးမှုများ၊ ပြစ်ဒဏ်ချမှတ်မှုများ အကြောင်းစုံသိရှိနိုင်ရန် မဇ္စျိမအနေဖြင့် ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။
အဆိုပါ သေဒဏ်ချမှခံရသူ လေးဦးနှင့် ပတ်သက်ပြီး PDF များအတွက် လက်နက်ခဲယမ်းများ ဝယ်ယူရောင်းချခြင်း၊ သယ်ယူပို့ဆောင်ခြင်းနှင့် စစ်ကောင်စီကို PDF များအကြောင်း တိုင်ကြားရန် ပျက်ကွက်ခဲ့ခြင်းတို့ကြောင့် ပြီးခဲ့သည့် ဩဂုတ်လ ၁၈ ရက်နေ့တွင် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၄၉ (က) နှင့် ၅၂ (ခ) တို့ဖြင့် သေဒဏ်ချမှတ်ခဲ့သည်ဟု စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ် Fifty Two News တွင်ဖော်ပြထားသည်။
အင်းတော်မြို့တွင် မြို့အဝင်အထွက်နေရာများ၌ စစ်ကောင်စီတပ်များမှ နေ့စဉ် စစ်ဆေးမှုများရှိနေပြီး ဖုန်းများ၊ messageများ ဓာတ်ပုံများပါ စစ်ဆေးသည့်အတွက် အနယ်နယ်အရပ်ရပ်က ပြည်သူများ အင်းတော်မြို့ပေါ် အသွားအလာ ဂရုစိုက်ကြရန် Indaw Revolution – IRမှ အသိပေးထားသည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#အင်းတော်မြို့
#စစ်ခုံရုံး
#IndawRevolution

🤬6👍4❤1🔥1
မြိတ်မြို့က စွန့်ဦးတီထွင် အုန်းဆံမျှင်အလှပန်းအိုးတွေ ဈေးကွက်မှာ စတင်ဖြန့်ချီနေ (ရုပ်/သံ)
=========================
ကိုရွှေမြိတ် - တနင်္သာရီတိုင်း မြိတ်မြို့၊ ဘလောက်စုရပ်ကွက်မှာ နေထိုင်နေတဲ့ ဦးသန်းဇော်ဟာ စွန့်ပစ်ပစ္စည်းတွေကို ဖန်တီးမှု လက်ရာတွေအဖြစ် ပြုလုပ်နေရာ အခုတခေါက်မှာတော့ အုန်းဆံမျှင်ကနေ အလှပန်းအိုးတွေကို တီထွင် ထုတ်လုပ်နေပါတယ်။
ဦးသန်းဇော်ဟာ ၂၀၁၇ တုန်းကလည်း တခါသုံး ထမင်းဘူး၊ တခါသုံး ပန်းကန်တွေကို ကွမ်းသီးဖတ် (ဒေသ အခေါ် ဘုတ်ဖတ်) တွေကို အသုံးပြုပြီးတော့ စတင် ဖန်တီး ထုတ်လုပ်ခဲ့တာပါ။ ဒါကြောင့် သူ့ကို စွန့်ဦး တီထွင်သူ အဖြစ် လူသိများကြပါတယ်။
သတင်း။ ရိုက်ကူး/တင်ဆက်/တည်းဖြတ် = ကိုရွှေမြိတ်
https://youtu.be/c2Yc1hIm6pQ?si=VwB9s1LfgQR9ewZR
#မြိတ်
#အုန်းဆံမျှင်
#စွန့်ဦးတီထွင်
#Mizzima
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U

ဦးသန်းဇော်ဟာ ၂၀၁၇ တုန်းကလည်း တခါသုံး…
ဦးသန်းဇော်ဟာ ၂၀၁၇ တုန်းကလည်း တခါသုံး…
👍4👎1🔥1
ဩဂုတ်လ ၂၄ ရက်၊ ည ၇ နာရီ The Mizzima Prime Time မဇ္စျိမ ပင်မသတင်းအစီအစဥ်
======================
-ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲဆိုခဲ့တဲ့ ဦးထွန်းမြင့်အောင် YMBA အသင်းကနေ ရာသက်ပန် ထုတ်ပယ်ခံရတဲ့အကြောင်း
-ဟိုင်းကြီးကျွန်းရေတပ်မှာ တပ်ပြေးများလာတာကြောင့် သက်ကြီးပိုင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၉၀ လောက်ပဲ ရှိတော့တယ်ဆိုတဲ့သတင်း
-UNOCHA အကြီးအကဲက အာဏာသိမ်း စစ်ခေါင်းဆောင်နဲ့တွေ့ဆုံပြီးနောက် အမျိုးသားညီညွတ်ရေးအစိုးရ NUG က ဝန်ကြီးတွေနဲ့ အွန်လိုင်းကနေ တွေ့ဆုံခဲ့တဲ့အကြောင်း
- နိုင်ငံပိုင်ဘဏ်များအပေါ် အမေရိကန်အစိုးရရဲ့ ဒဏ်ခတ်မှုကြောင့် ထိခိုက်နစ်နာကြောင်း စစ်ကောင်စီဝန်ခံလိုက်တဲ့သတင်း
-စစ်ကောင်စီတပ် လက်လွှတ်ခဲ့ရတဲ့ မြဝတီ၊ လက်ခတ်တောင်စခန်းကုန်းမှာ ဘာတွေဖြစ်ခဲ့သလဲ
-ပူတင်ကို ပုန်ကန်ခဲ့တဲ့ ဝဂ္ဂနာကြေးစားတပ်၏ အကြီးအကဲဟာ လေယာဉ်ပျက်ကျမှုကြောင့် သေဆုံးသွားပြီလို့ ရုရှားပြောလိုက်တဲ့သတင်းအပါအဝင် တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို စုစည်းတင်ဆက်ပေးပါမယ်။
https://www.youtube.com/live/O57gIMs4ug8?si=73FYfsjGne66eCnm
#7pmnews
#themizzimaprimetime
#MizzimaTV
----------------------------------------------------

————————————————————————————————————————

-ဟိုင်းကြီးကျွန်းရေတပ်မှာ တပ်ပြေးများလာတာကြောင့်…

👍7😁2
ဘုတလင်တွင် သံဃာ ၃ ပါး ပျောက်ဆုံးနေမှု ပကဖ စုံစမ်းစစ်ဆေးနေ
==================
လွှမ်းမိုး
(မဇ္စျိမ)။ ။ဘုတလင်မြို့နယ်၊ရွှေစာရေးရွာရှိသကျသီဟပြည်လုံးချမ်းသာကျောင်းတိုက်မှ သံဃာသုံးပါး ဖမ်းဆီးခံရပြီး ပျောက်ဆုံးနေသည့်ဖြစ်စဉ်ကို စစ်ဆေးနေကြောင်း ကနီမြို့နယ် ပြည်သူ့လုံခြုံရေး အဖွဲ့တာဝန်ခံ ကိုကျော်ဆန်းက ပြောသည်
သံဃာသုံးပါးသည် ကျောင်းတိုက်တွင် ရှိနေစဉ် ဩဂုတ်လ ၁၀ ရက် နေ့ညကတည်းက ပျောက်ဆုံးသွားခြင်းဟု သိရသည်။ ယနေ့ ဩဂုတ်လ ၂၄ရက်ညနေအထိ ပြန်မတွေ့သေးဘဲ မည်သည့်အဖွဲ့အစည်းက ဖမ်းဆီးသွားသည်ကိုလည်း မသိရသေးကြောင်း ဒေသခံများကပြောသည်။
“ ညပိုင်း ဘုရားရှိခိုးတဲ့ အချိန် သံဃာသုံးပါး မတွေ့တော့ လိုက်ရှာကြည့်ကြတာပေါ့ဗျာ။ ဆရာတော်တွေ နားနေခန်းတွေထဲကြည့်တော့ အခန်းက ပုံမှန်မဟုတ်ဘူး။ စာအုပ်တွေ၊ ဘီရိုတွေအကုန်မွှေနှောက် ရှာထားတဲ့ ပုံစံဖြစ်နေတာကို တွေ့ရတယ်။ နောက်မှ ဆရာတော်တွေ ဖမ်းဆီးခံရတယ်ဆိုတာ သိရတယ်” ဟု ဒေသခံတဦးကပြောသည်။
ထိုအခြေအနေအကို ဒေသခံများက ဘုတလင်နှင့်ကနီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များကို အကြောင်းကြားထားရာ တာဝန်ရှိသူများက စုံစမ်းစစ်ဆေးနေသည်။
" စုံစမ်းစစ်ဆေးမှူတွေ လုပ်နေတာလည်း ရှိပါတယ်ဗျ။ အခု အချိန်ထိတော့ ဘယ်အဖွဲ့အစည်း က ဖမ်းဆီးသွားတယ်ဆိုတာ မသိရသေးပါဘူး” ဟု ကနီမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့တာဝန်ခံ ကိုကျော်ဆန်းက မဇ္ဈိမကို ပြောသည်။
ဖမ်းဆီးခံရသည့် သံဃာတော်များမှာ ဦးစန္ဒာလောက၊ ဦးစန္ဒိမာနှင့်ကိုရင်ကြီးတပါးဖြစ်သည်။ သံဃာနှစ်ပါးမှာ စစ်မှုထမ်းဟောင်းဖြစ်ပြီး ရဟန်းဝတ်ဖြင့် တရားအားထုတ်နေသည်မှာ ဝါတော် ၁၁ ဝါ(၁၁နှစ်) ရှိနေပြီဟု သိရသည်။ကျန်ကိုရင်ကြီးသည် စိတ်ရောဂါခံစားနေရပြီး ဝါတော် ခုနစ်ဝါ ရှိပြီဟုသိရသည်။
“ ဆရာတော်ကြီးတွေက သက်တော် (၇၀) အရွယ်ကြီးတွေ ဖြစ်ကြပါတယ် ။ သင်္ကန်းစပြီးဝတ်ကတည်းက နိုင်ငံရေးဘာညာလုပ်တယ်လို့ ဘာအသံမှ မကြားရပါဘူး။ တရွာလုံးကလည်း ကြည်ညိုကြ တာ ဖြစ်ပါတယ်။ အခုတော့ အသက်ရှိသေးလား၊မရှိတော့ဘူးလား ဘာမှ မသိရသေးဘူး” ဟု ဒေသခံတဦးက ပြောသည်။
စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အချို့ကို ဆက်သွယ်မေးမြန်းရာ အဆိုပါ ဖြစ်ရပ်ကို ရှင်းရှင်းလင်းလင်းမသိရသေးဟု ဆိုသည်။ သံဃာသုံးပါး ပျောက်ဆုံးနေမှုကို မြို့နယ်အုပ်ချုပ်ရေးတာဝန်ရှိသူများနေဖြင့်လည်း စနစ်တကျ စုံစမ်းဖော်ထုတ်ပေးရန် ဒေသခံများက တောင်းဆိုထားသည်။
စာတည်း - အေးချမ်း
#mizzima
#ဘုတလင်
#သံဃာသုံးပါး
#ပျောက်ဆုံး
Photo - ပျောက်ဆုံးနေသည့် သံဃာသုံးပါးအနက် တပါးအား တွေ့ရစဉ်(ပုံဟောင်း)

👍3🤬3👏2🔥1
Media is too big
VIEW IN TELEGRAM
Aug - 24 [ 7 Pm ] The Mizzima Primetime
Mizzima Headline News
#7pmnews #themizzimaprimetime #mizzimaplushd #internationalnews #mizzima #mizzimanews #mizzimadailynews #myanmarnews #todaynews #newsupdate #Reels #Shorts

🍌1🖕1
မင်းတုန်းမြို့နယ်အတွင်း စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး သေဆုံးမှုများပြားဟုဆို
======================
ပါခွီး
(မဇ္စျိမ) ။ ။ မကွေးတိုင်းဒေသကြီး ၊ မင်းတုန်းမြို့နယ် အတွင်း စစ်ကြောင်းထိုးလာသောတပ်ဖွဲ့ကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က စောင့်ကြိုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား သေဆုံးမှုများပြားခဲ့ကြောင်း သရက်ခရိုင်ပြည်သူ့ကာကွယ်ရေး အမှတ်(၄) တပ်ရင်းက ဩဂုတ်လ ၂၄ရက် ယနေ့တွင်ထုတ်ပြန်သည်။
သရက်မြို့ ကပစ (၁၂) မှ ဩဂုတ်လ ၂၃ရက် နံနက်အစောပိုင်းတွင် ထွက်ခွာလာသည့် အင်းအား ၇၀ပါစစ်ကြောင်းသည် အင်အား၄၀ခန့်ကို ကြို့ဝတွင် နောက်ချန်ထားပြီး ဝင်လာချိန်၌ မင်းတုန်းနယ် ကြို့ဝ နှင့် ရွာသစ်အကြားတွင် မနက် ၈နာရီအချိန်တွင် စောင့်ကြိုတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
စစ်ကောင်စီတပ်များ ဝင်ရောက်လာမည်ကို ကြိုတင်ခန့်မှန်းချက်နှင့် အသင့်အနေအထားရှိပြီး ပြည်သူများ၏ သတင်းပေးချက်အရ စောင့်ကြို၍ မိုင်းဆွဲပြီး လက်နက်ကြီးငယ်များဖြင့် နှစ်နာရီနှင့် ၄၀မိနစ်ခန့် ကြာသည်အထိ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
“စစ်ကောင်စီတပ်က ၁၅ယောက်သေဆုံးတာကို တိုက်ပွဲအတွင်း မျက်မြင် တွေ့ရတာပါ ၊ ကျနော်တို့က မိုင်းဆွဲပြီး လက်နက်ကြီးနဲ့ပစ်တယ် ၊ သူတို့ကလည်း နောက်ကနေ လက်နက်ကြီးနဲ့ ပစ်ပေးနေတာရှိတယ် ၊ သေဆုံး များနိုင်တဲ့အချက်က နောက်ကနေ ပစ်ကူတဲ့လက်နက်ကြီက ကျနော်တို့ကို ကျော်ကျတာရှိတယ်၊ သူတို့တပ်ထဲကိုပြန်ကျတာရှိတယ်၊ အဲဒါကြောင့် သေဆုံးများတယ်လို့ခန့်မှန်းတာ” ဟု သရက်ခရိုင် အမှတ်(၄) တပ်ရင်း သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုမြတ် က မဇ္စျိမ ကို ပြောသည်။
နောက်ချန်တပ်မှ ပစ်ခတ်သော လက်နက်ကြီး ကျည်များသည် ရှေ့မှ တိုက်ခိုက်နေသည့် ၎င်းတို့တပ်အတွင်း ပြန်လည်ကျရောက်ပေါက်ကွဲခဲ့ပြီး စစ်ကောင်စီတပ်သား ၅၀ဦးခန့်သေဆုံးကြောင်း သတင်းပြန်လည်ကြားသိရသည် ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
တိုက်ပွဲဖြစ်ပွားသည့်နေရာအနီးရှိ ရွာသစ်ကျေးရွာအတွင်းသို့ စစ်ကောင်စီ တပ်သားများ ဝင်ရောက်ကာ ပြည်သူများ၏ နေအိမ်မှ အစားအသောက်နှင့် တန်ဖိုးရှိပစ္စည်းများ ခိုးယူနေပြီး မရှောင်တိမ်းနိုင်သော ဒေသခံ ငါးဦးကို ဖမ်းဆီးစစ်ဆေးရိုက်နှက်နေကြောင်း သိရသည်။
တချိန်ထဲတွင် မင်းတုန်းမြို့နယ် ရင်းကောက်နှင့်ပြောင်းကျေးရွာဖက်၌ စစ်ကောင်စီတပ်သား ၆၀ခန့် စစ်ကြောင်းထိုးလျက်ရှိနေပြီး ရင်းကောက်ကျေးရွာရှိ ဒေသခံများ၏ အိမ်မွေးတိရစ္ဆာန်များကို သတ်ဖြတ်စားသောက်ကာ အဖိုးတန်ပစ္စည်းများ ဖောက်ထွင်းယူလျက် ရှိနေကြာင်း သိရသည်။
ဒေသအတွင်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနိုင်သဖြင့် ပြည်သူများအနေဖြင့် ကာကွယ်ရေးတပ်ဖွဲ့များမှ ထုတ်ပြန်သော စစ်ရေးသတင်းများကို သတိဖြင့် စောင့်ကြည့်ပြီး လိုက်နာဆောင်ရွက်ကြစေလိုကြောင်း ဆိုသည်။
စစ်ကောင်စီတပ်ကို ရေရှည်တိုက်ပွဲဝင်ရန်အတွက် လိုအပ်သည့် ခဲယမ်းများကို မိဘပြည်သူများအနေဖြင့် အကူအညီပေးကြပါရန် သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုမြတ်က မေတ္တာရပ်ခံထားသည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#မင်းတုန်းမြို့နယ်
#စစ်ကောင်စီတပ်
#သရက်ခရိုင်ပြည်သူ့ကာကွယ်ရေး
Photo - သရက်ခရိုင်ပြည်သူ့ကာကွယ်ရေး အမှတ်(၄) တပ်ရင်းမှ ရဲဘော်များ

👍11😁2
ကရင်နီပြည်နယ် ပညာသင်ခွင့်ဆုံးရှုံးနေသူများအတွက် အခမဲ့ပညာရေးအစီအစဉ်ဖော်ဆောင်
==========================
ဂန္ဒမာ(မဇ္ဈိမ)။ ။ ကယန်းသမီးပျိုများ စစ်ရှောင်ကူညီရေးအသင်း (KPIST) မှ ဖွင့်လှစ်ထားတဲ့ ကရင်နီပြည်နယ်အခြေစိုက်မြေပြင်ကျောင်းများနဲ့ ကံ့ကော်လေး (KIS-အရှေ့သံလွင်) ကြားဆက်ပညာရေးကျောင်းတို့ ပူးပေါင်းကာ ပညာသင်ခွင့်ဆုံးရှုံးနေတဲ့ ကျောင်းသားကျောင်းသူများအတွက် အခမဲ့ပညာရေးအစီအစဉ်ကို ဖော်ဆောင်နေတယ်လို့ သိရပါတယ်။
ကံ့ကော်လေးကျောင်းကို ဖွင့်လှစ်တည်ထောင်ရတဲ့ ရည်ရွယ်ချက်နဲ့ပတ်သက်ပြီး ယခုရုပ်သံမှာ ကျောင်းစီမံအုပ်ချုပ်ရေးမှူးဖြစ်တဲ့ တီချယ်ဆုနဲ့ မဇ္ဈိမက ဆက်သွယ်မေးမြန်းထားပါတယ်။
စာတည်း - သန့်ဇော်(သန်လျင်)
https://youtu.be/YstvyyeU1Ww?si=wE8KmflWUMZa9CAi
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
==========================
ဂန္ဒမာ(မဇ္ဈိမ)။ ။ ကယန်းသမီးပျိုများ စစ်ရှောင်ကူညီရေးအသင်း (KPIST) မှ ဖွင့်လှစ်ထားတဲ့ ကရင်နီပြည်နယ်အခြေစိုက်မြေပြင်ကျောင်းများနဲ့ ကံ့ကော်လေး (KIS-အရှေ့သံလွင်) ကြားဆက်ပညာရေးကျောင်းတို့ ပူးပေါင်းကာ ပညာသင်ခွင့်ဆုံးရှုံးနေတဲ့ ကျောင်းသားကျောင်းသူများအတွက် အခမဲ့ပညာရေးအစီအစဉ်ကို ဖော်ဆောင်နေတယ်လို့ သိရပါတယ်။
ကံ့ကော်လေးကျောင်းကို ဖွင့်လှစ်တည်ထောင်ရတဲ့ ရည်ရွယ်ချက်နဲ့ပတ်သက်ပြီး ယခုရုပ်သံမှာ ကျောင်းစီမံအုပ်ချုပ်ရေးမှူးဖြစ်တဲ့ တီချယ်ဆုနဲ့ မဇ္ဈိမက ဆက်သွယ်မေးမြန်းထားပါတယ်။
စာတည်း - သန့်ဇော်(သန်လျင်)
https://youtu.be/YstvyyeU1Ww?si=wE8KmflWUMZa9CAi
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
YouTube
ကရင်နီပြည်နယ် ပညာသင်ခွင့်ဆုံးရှုံးနေသူများအတွက် အခမဲ့ပညာရေးအစီအစဉ်ဖော်ဆောင်
ဂန္ဒမာ(မဇ္ဈိမ)။ ။ ကယန်းသမီးပျိုများ စစ်ရှောင်ကူညီရေးအသင်း (KPIST) မှ ဖွင့်လှစ်ထားတဲ့ ကရင်နီပြည်နယ်အခြေစိုက်မြေပြင်ကျောင်းများနဲ့ ကံ့ကော်လေး (KIS-အရှေ့သံလွင်) ကြားဆက်ပညာရေးကျောင်းတို့ ပူးပေါင်းကာ ပညာသင်ခွင့်ဆုံးရှုံးနေတဲ့ ကျောင်းသားကျောင်းသူများအတွက် …
👍6😁2❤1🔥1
ဒီးမော့ဆိုမြို့နယ် ကွိုင်ငံရေထွက်အား တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က လေယာဥ်ဖြင့် ဗုံးကြဲ
👍5🤬2🔥1😁1