Mizzima
✔
47.7K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
ဒီးမော့ဆိုမြို့နယ် ကွိုင်ငံရေထွက်အား တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က လေယာဥ်ဖြင့် ဗုံးကြဲ
👍5🤬2🔥1😁1
ဒီးမော့ဆိုမြို့နယ် ကွိုင်ငံရေထွက်အား တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က လေယာဥ်ဖြင့် ဗုံးကြဲ
==================

ကိုဇာနည်
(မဇ္စျိမ)။ ။ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ကွိုင်ငံကျေးရွာအနီးရှိ ကွိုင်ငံရေထွက်အား တိုက်ပွဲဖြစ်ပွား ခြင်းမရှိဘဲ စစ်ကောင်စီတပ်က သြဂုတ်လ ၂၃ ရက်နေ့ ည ၁၀ နာရီတွင် တိုက်လေယာဥ်ဖြင့် ဗုံးကြဲတိုက် ခိုက်ခဲ့ကြောင်း ဒေသခံများကပြောသည်။

စစ်ကောင်စီတပ်မှ တိုက်လေယာဥ်ဖြင့်ဗုံးကြဲမှုကြောင့် လူအထိအခိုက်မရှိသော်လည်း သစ်ပင်နှင့် တံတား များပျက်စီးခဲ့သည်ဟု ဆိုသည်။

“တိုက်ပွဲမရှိဘဲ ည ၁၀ နာရီဝန်းကျင်လောက်မှာ ဗုံးလာကြဲသွားတယ်။ လူအထိအခိုက်တော့ မရှိဘူး။ ရေ ထွက်ပေါက်နားမှာရှိတဲ့ ကက်သလစ်ဘာသာဝင်တွေရဲ့ ဇာရပ်တဆောင်နဲ့တံတားတစင်းရယ်၊ သစ်ပင် တွေ ပျက်စီးသွားတယ်” ဟု ဒေသခံတဦးက ပြောသည်။
အဆိုပါ ကွိုင်ငံရေထွက်သည် သဘာဝလှိုင်ဂူအတွင်းမှ ရေထွက်နေခြင်းဖြစ်ပြီး ပတ်ဝန်းကျင်ရှိ သစ်တော များကို ဒေသခံများကထိန်သိမ်းထားကာ အဏာမသိမ်းခင်က အများပြည်သူ လာရောက်လည်ပတ်အပန်း ဖြေသည့် နေရာဖြစ်သည်။

ယခုလက်ရှိတွင် ကွိုင်ငံရေထွက်အနီးတဝိုက်၌ ဒီးမော့ဆိုမြို့နယ်မှဒေသခံများ လာရောက်စစ်ဘေးရှောင် နေကြပြီး စစ်ကောင်စီတပ်မှ တိုက်လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် လုံခြုံရေးအခြေအနေ စိုးရိမ် နေကြကြောင်း သိရသည်။

စာတည်း။ ။စောဖေ

#ကရင်နီပြည်နယ်
#ကွိုင်ငံရေထွက်
#ဒီးမော့ဆိုမြို့နယ်
#စစ်ဘေးရှောင်

“Supported by the Staying Resilient Amidst Multiple Crises in Southeast Asia initiative of SEA Junction in partnership with CMB Foundation”

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤬6👍5🔥2😁1
​​နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၂၄ ဩဂုတ် ၂၀၂၃)
=======================

အမေရိကန်၏ စီးပွားရေး ဒဏ်ခတ်မှုများသည် စစ်ကောင်စီကိုသာမက စစ်ကောင်စီ ဆက်နွယ် ပတ်သက်သူများကိုပါ ဒဏ်ခတ်အရေးယူလာသည့်အတွက် အကြမ်းဖက်စစ်အုပ်စုကို ထောက်ပံ့ ပံ့ပိုးသူများအနေဖြင့် ပြည်သူဘက်မှာရပ်တည်မလား သို့မဟုတ် မိမိစီးပွားရေးအထိခံပြီး အကြမ်းဖက်စစ်အုပ်စုဘက်တွင် ရပ်တည်မလားဆိုသည်ကို ဆုံးဖြတ်ရမည်ဖြစ်သည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍11😁1🤮1
သြဂုတ်လ (၂၄)ရက်၊ ကြာသပတေးနေ့ ညပိုင်း မဇ္ဈိမ ရေဒီယို အစီအစဉ်
=====================

ဒီကနေ့ည နားဆင်ရမယ့် အစီစဉ်တွေကတော့ ... မြန်မာနိုင်ငံမှာ ဖြစ်ပွားနေဆဲ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူတွေ စဉ်ဆက်မပြတ် ရှိနေသလို လူသားချင်း စာနာမှုဆိုင်ရာ လိုအပ်ချက်တွေလည်း ဆက်လက်မြင့်တက်နေတယ်လို့ ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UNOCHA) ကထုတ်ပြန်လိုက်တဲ့ သတင်းနဲ့အတူ စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ ဩဂုတ်လ ၁၀ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီး သတ်ဖြတ်မှုမှာ ပါဝင်သူ ခုနစ်ဦးကို သေဒဏ်ချမှတ်နိုင်တဲ့ပုဒ်မအပါအဝင် ပုဒ်မ သုံးခုနဲ့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ တရားရုံးမှာ တရားစွဲဆိုလိုက်တဲ့သတင်း အပါအဝင် တခြားစိတ်ဝင်စားဖွယ် ပြည်တွင်းနဲ့  နိုင်ငံတကာ သတင်းတွေကို နားဆင်ကြရပါမယ်။ 
  
အဲ့ဒီနောက်မှာတော့ စီးပွားရေးသတင်းတွေနဲ့ ဒီကနေ့အတွက် သတင်းသုံးသပ်ချက်အစီအစဉ်ကို နားဆင်ရဖို့ရှိသလို နေပျော်တဲ့ ဘ၀ကို ရနိုင်မယ့် နည်းလမ်းတွေနဲ့ပတ်သတ်တဲ့ ကျန်းမာရေးအကြောင်းပြောပြထားတဲ့ ကျန်းမာသုတ လူမှုဘဝ အစီအစဉ်ကို နားဆင်ရမှာဖြစ်ပါတယ်။  

....................................................
မဇ္ဈိမရေဒီယို ညနေပိုင်းအစီအစဉ်ကို မတ်လ ၂၆ ရက်နေ့ကစပြီး Frequency ပြောင်းလဲထုတ်လွှင့်နေတာဖြစ်တဲ့အတွက် ယခင်ဖမ်းယူနေကျ လှိုင်းတိုမီတာ ၁၆ မီတာ ၊ ၁၇.၇၃ မီဂါဟဇ်ကနေ လှိုင်းတိုမီတာ ၁၃ မီတာ၊ ၂၁.၇၁ မီဂါဟဇ်ကို ပြောင်းလဲဖမ်းယူနားဆင်ကြဖို့အတွက် မေတ္တာရပ်ခံအပ်ပါတယ်။
ဖမ်းယူနားဆင်နိုင်မယ့်အချိန်ကတော့ ထုတ်လွှင့်နေကျဖြစ်တဲ့ မြန်မာစံတော်ချိန် ညနေ ၆ နာရီခွဲကနေ ၇ နာရီခွဲအတွင်း ဖမ်းယူနားဆင်နိုင်မှာပဲဖြစ်ပါတယ်။

https://youtu.be/kpz2TW2PZiM?si=HCzR6-zdc8JUWCJX

#Mizzimaradio
#Eveningradio
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍6🔥2😁1
​​ရန်ကုန်တွင် ဧည့်စာရင်းစစ်ဆေးရာ၌ လူ့အခွင့်အရေးချိုးဖောက်မှုများပါ စစ်ကောင်စီ ကျူးလွန်
========================

ဂန္ဒမာ
(မဇ္ဈိမ)။ ။ ရန်ကုန်တွင် သြဂုတ်လ ဒုတိယပတ်ကစ၍ ညဘက်တွင် ဧည့်စာရင်းစစ်ဆေးတင်းကျပ်မှုများ ပိုပိုပြုလုပ်လာပြီး စစ်ကောင်စီတပ်နှင့် လက်အောက်ခံအဖွဲ့များက လူ့အခွင့်အရေးချိုးဖောက်မှုများကိုပါ ကျူးလွန်လာကြောင်း မြို့နေလူထုထံက သိရသည်။

ဧည့်စာရင်းစစ်ရာတွင် အသက်မပြည့်သေးသည့် ကလေးငယ်များကိုပါ မိဘနှင့်အတူ တပါတည်း ဖမ်းဆီးကm အချုပ်ခန်းတွင် ထားရှိခြင်း၊ အထုတ်အပိုးများကို လှန်လှောရှာဖွေခြင်း၊ ဖုန်းတွင်းအချက်အလက်များကို ရှာဖွေခြင်း၊ အဝတ်ဗီဒိုတွင်းရှိ အဝတ်များကို ၎င်းတို့ယူဆောင်လာသည့် CCTV မှတ်တမ်းနှင့် တိုက်စစ်ခြင်း အစရှိသည်တို့ ပြုလုပ်နေကြောင်း သိရသည်။

"ဧည့်စစ်ရင် ဧည့်စာရင်းမှာပါတဲ့လူစာရင်းနဲ့ အိမ်မှာရှိတဲ့လူစာရင်းကို တိုက်စစ်တယ်။ အခုက မိသားစုဝင်တွေရဲ့ဖုန်းတွေ၊ မသင်္ကာတဲ့ အိတ်တွေ အထုတ်အပိုးတွေ၊ သေတ္တာက အစ စစ်တဲ့အခြေအနေတွေဖြစ်လာတယ်။ အရင်နဲ့မတူတဲ့ပုံစံတွေလုပ်လာတာ တစတစဖြစ်လာတယ်" ဟု ရန်ကုန်မြို့နေ ဒေသခံက ပြောပြသည်။

ထိုသို့ဧည့်စာရင်းစစ်ဆေးရာ၌ ဧည့်စစ်အဖွဲ့အနေဖြင့် မသင်္ကာသည့်လူကိုတွေ့ပါက ချက်ချင်းဖမ်းဆီးမှုပြုလုပ်ပြီး ဖမ်းခံရသူများထဲတွင် အသက်မပြည့်သည့် ကလေးအရွယ်များရှိပါကလည်း မိဘနှင့်အတူ တပါတည်း ဖမ်းဆီးကာ တစ်ညတာ အချုပ်ခန်းတွင်း၌ ထားရှိသည့် ဖြစ်စဉ်များလည်းရှိသည်။

ထို့အပြင် ဧည့်စစ်ရာ၌ မြို့နယ်တွင်း ရိုးရိုးစစ်ဆေးပါက နေအိမ်အတွင်းသို့ဝင်၍ ဧည့်စာရင်းစာရွက်အချက်အလက်၊ မှတ်ပုံတင်၊ စစ်ဆေးခံရသူ၏ ဖုန်းတွင်းအချက်အလက်ဒေတာများကို ခွင့်ပြုချက်မရှိ စစ်ဆေးပြီး တော်လှန်ရေးနှင့်ဆက်နွှယ်နေသော တိုင်ကြားချက်အရစစ်ဆေးပါက နေအိမ်အတွင်းသို့ ဝင်ကာ လက်ကိုင်ဖုန်းသိမ်းခြင်း၊ ဧည့်စာရင်းတိုင်ထားခြင်း ရှိမရှိ စစ်ဆေးခြင်း၊ နေအိမ်အတွင်းရှာဖွေခြင်း၊ အဝတ်ဗီဒိုမှ အဝတ်များဖြင့် CCTV မှတ်တမ်းများဖြင့် တိုက်ဆိုင် စစ်ဆေးမှုများပြုလုပ်ကြောင်း မြေပြင်တော်လှန်ရေးအင်အားစုတခု၏ ပြောပြချက်အရသိရသည်။

"ဒီ ရပ်ကွက်နဲ့ကျေးရွာအုပ်စုအုပ်ချုပ်ရေးဥပဒေကို ပြန်ပြီးတော့ပြင်ဆင်ဖြည့်စွက်ပြဋ္ဌာန်းတာနဲ့ပတ်သက်လို့ ဥပဒေပါ အခွင့်အရေးတွေထပ် ကျော်လွန်ပြီးတော့ လွန်လွန်ကဲကဲလုပ်ကိုင် ဆောင်ရွက်နေတာတွေသည် ဥပဒေနဲ့ အညီမဟုတ်ဘူး ။ နိုင်ငံသားတွေရဲ့ နိုင်ငံသားအခွင့်အရေးတွေ ပုဂ္ဂလိကလွတ်လပ်မှုနဲ့ လုံခြုံမှု အခွင့်အရေးတွေကို ထိပါးစော်ကားနေခြင်းပဲ ဖြစ်တယ်လို့ပဲ သုံးသပ်ရှုမြင်လို့ ရပါတယ်" ဟု စစ်ကောင်စီတပ်၏ လူ့အခွင့်အရေးချိုးဖောက်ခြင်းနှင့် ပတ်သက်၍ မဇ္ဈိမ၏ သတင်းရင်းမြစ် ရှေ့နေတဦးက ပြောသည်။

၁၉၁၆ ခုနှစ်တွင် ပြည်ထောင်စုလွှတ်တော်မှ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ၌ ပါသည့် နိုင်ငံတော်အခြေခံမူနှင့် နိုင်ငံသားများ၏ အခွင့်အရေးဆိုင်ရာ ပြဌာန်းချက်များကို အသေးစိတ် ကာကွယ်ပြုပြင်ထား‌သော နိုင်ငံသားများ၏ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကာကွယ်ပေးရေး ဥပဒေပါပြဌာန်းချက်များတွင် အဓိက အရေးကြီးသည့် ပုဒ်မ ၅ ၊ ပုဒ်မ ၇ ၊ ပုဒ်မ ၈ စသည်ကိုလည်း နိုင်ငံ‌တော်စီမံအုပ်ချုပ်‌ရေးကောင်စီ(နစက) အနေဖြင့် ယခုအရေးပေါ်ကာလ အခြေအနေတွင် ယာယီရပ်ဆိုင်းကြောင်း ကြေညာထားသဖြင့် ၎င်းတို့ အနေဖြင့် နိုင်ငံသားများ၏အခွင့်အရေးကို စိတ်တိုင်းကျ ချိုးဖောက်နိုင်သလိုဖြစ်နေကြောင်း ရှေ့နေက ဆက်ပြောသည်။

အထူးသဖြင့်မြို့ပြမှာနေသည့် ပြည်သူများနှင့် အထက်အညာဒေသမှာရှိသည့် ပြည်သူများက ၎င်းတို့၏နေအိမ်များ၊ ဥစ္စာပစ္စည်းများနှင့်ပတ်သက်၍ မည်သည့်တရားဥပဒေ၏ အကာအကွယ်စောင့်ရှောက်မှုမှ မရဘဲ အချိန် မရွေး မီးရှို့ဖျက်ဆီးခံရခြင်း၊ လုယက်ခံရခြင်း၊ ရွာလုံးကျွတ် မီးရှို့ခံရပြီး စစ်ကောင်စီတပ်သားများလိုချင်သည့် ပစ္စည်းမျညးကိုသိမ်းယူသွားခြင်း စသည်အားဖြင့် အလွန် ဆိုးရွားတဲ့အခြေအနေနှင့်ကြုံတွေ့နေသည်ကို တွေ့မြင်ရသည်။

ရန်ကုန်မြို့တွင်လည်း ဩဂုတ်လ ၁၇ ရက်နှင့် ၁၈ ရက်ညပိုင်းတို့၌ မြို့နယ်အတော်အများသို့ အင်အားသုံးဝင်ရောက်ကာ ဧည့်စာရင်းစစ်ဆေးခြင်းများပြုလုပ်ခဲ့ပြီး ယခု ဩဂုတ်လ စတုတ္ထပတ်အထိ ဧည့်စစ်မှုများဖြင့် တင်းကျပ်စစ်ဆေးနေကြောင်း သိရသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima
#ဧည့်စာရင်းစစ်
#လူ့အခွင့်အရေးချိုးဖောက်

ပုံအညွှန်း- စစ်ကောင်စီလက်အောက်ခံ ရဲနှင့် စစ်သားများ ဧည့်စာရင်းစစ်ဆေးနေစဥ် (ဓာတ်ပုံ-ပုံအဟောင်း)

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤬12👍11❤2🖕2🔥1
​​ကုန်းရေနှစ်သွယ်ပံ့ပိုးရေးအတွက် S-100 လစ်ဒါဒရုန်းများအား အသုံးချနေသည့် သြစတြေးလျနိုင်ငံ
======================

#MizzimaTV
#hightech&gadget
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
❤5👍5🔥2
​​ယင်းမာပင်မြို့မှ ၇၆၈ ရက်မြောက် ရွှေနွယ်သွေးသပိတ်စစ်ကြောင်း(ပုံသတင်း)
===================

ကိုခင်မောင်
(မဇ္ဈိမ)။ ။စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်မှ ရွှေနွယ်သွေးသပိတ်စစ်ကြောင်းသည် ယနေ့ သြဂုတ်လ ၂၄ ရက်နေ့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်ကို ဆက်လက်ချီတက်ဆန္ဒပြခဲ့ကြသည်။
သပိတ်စစ်ကြောင်းသည် ဒေသတွင်းနယ်မြေမငြိမ်သက်မှုကြားမှ “သွေးမအေးတဲ့ ရွှေနွယ်သွေး”စာတန်းကို ကိုင်ဆောင်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ၇၆၈ ရက်မြောက်အဖြစ် ချီတက်သပိတ်မှောက်ခြင်းဖြစ်သည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍11❤2🔥1😁1
​​ရုတ်ခြည်းအေးခဲမှုကြောင့် ပျောက်ကွယ်သွားခဲ့သည့် ဥရောပတိုက်မှ ပထမဆုံးလူသားများ
=====================

#MizzimaTV
#hightech&gadget
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍11🔥2
ဘင်္ဂလားဒေ့ရှ့်က ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေမှာ သွေးလွန်တုပ်ကွေး ဖြစ်ပွားနေ (ရုပ်/သံ)
=================

မဇ္ဈိမ - ဘင်္ဂလားဒေ့ရှ်က ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေမှာ သွေးလွန်တုပ်ကွေးရောဂါတွေ ဖြစ်ပွားနေတယ်လို့ ရိုဟင်ဂျာ ဒုက္ခသည်တွေက မဇ္ဈိမကို ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ရိုဟင်ဂျာ ဒုက္ခသည်စခန်း ၃၄ ခု ရှိပြီး  စခန်းအားလုံးနီးပါးမှာ သွေးလွန်တုပ်ကွေးရောဂါတွေ ဖြစ်ပွားနေတာလို့ ဆိုပါတယ်။

ဒုက္ခသည်စခန်းတွေမှာ လူပြည့်ကျပ်စွာ နေထိုင်နေရတာ၊ သန့်ရှင်းမှု မရှိတဲ့ သောက်သုံးရေတွေကို သုံးစွဲနေရတာကြောင့်ဖြစ်တယ်လို့ ရိုဟင်ဂျာ ဒုက္ခသည်တွေက ပြောပါတယ်။

https://youtu.be/rYkO6J0RPwQ?si=yxlNq89C4pMnmQVY

#သွေးလွန်တုပ်ကွေး
#Rohingya
#Ep8
#Mizzima
#ရိုဟင်ဂျာ
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍8😢4🔥2❤1😁1
​​အစ္စရေးနိုင်ငံ တဲလ်အဗစ်မြို့၌ ပထမဆုံး အပေါ့စားရထားလိုင်းစနစ်အား ဖွင့်လှစ်
=================

#MizzimaTV
#hightech&gadget
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🔥4
စပိန်ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌကို ဖီဖာက စည်းကမ်းပိုင်းဆိုင်ရာ အရေးယူမှုနဲ့ အမှုဖွင့်
====================

စပိန်ဘောလုံးအဖွဲ့ချုပ်ဥက္ကဌ လူးဝစ် ရူဘီယာလက်စ်ကို ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်က စည်းကမ်းပိုင်းဆိုင်ရာ အရေးယူမှုနဲ့ ကြာသပတေးနေ့မှာ အမှုဖွင့်လိုက်ပါတယ်။

အမျိုးသမီးကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ စပိန်က အင်္ဂလန်ကို အနိုင်ရပြီးနောက် ရူဘီယာလက်စ်ဟာ စပိန်တိုက်စစ်မှူး ဂျနီ ဟာမိုဆိုရဲ့ နှုတ်ခမ်းကို နမ်းခဲ့တာကြောင့်ပါ။

သူဟာ နောက်ဆုံးပွဲသိမ်းဝီစီမှုတ်ချိန်မှာ အောင်ပွဲခံရင်း သူ့ရဲ့ ပေါင်ကြားထဲ လက်နှိက်ဆုပ်ကိုင်ကာ မဖွယ်မရာလည်း ပြုလုပ်ခဲ့ပါတယ်။

ဒီလုပ်ရပ်တွေဟာ ရိုင်းစိုင်းတဲ့ အပြုအမူနဲ့ သန့်ရှင်းတဲ့ ကစားပွဲနဲ့ ပတ်သက်လို့ ယင်းစည်းကမ်းဥပဒေပါ ပုဒ်မ ၁၃ ကို ချိုးဖောက်ခြင်းရှိမရှိကို ဖီဖာက ရှာဖွေကြည့်ရှုမှာဖြစ်ပါတယ်။

စပိန်အမျိုးသမီးဘောလုံးလိဂ် Liga F ကလည်းရူဘီယာလက်စ်ကို ရာထူးကနေ ထုတ်ပယ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။
အသက် ၄၆ နှစ်ရှိ ရူဘီယာလက်စ်ဟာ မတောင်းပန်ခင် အစပိုင်းမှာ သူ့ရဲ့ ဝေဖန်ခံရမှုတွေကို တိုက်ခိုက်ခဲ့ပါသေးတယ်။ ဒါပေမယ့်လည်း နောက်ပိုင်းမှာ သူ့ရဲ့အပြုအမူအပေါ် ဝေဖန်မှုတွေက လျော့ပါးသွားခြင်းမရှိပါဘူး။
😁9🔥1
​​တရုတ်နိုင်ငံမှာ ကျင်းပသည့် စက်ရုပ်ပြိုင်ပွဲ၌ နောက်ဆုံးပေါ်နည်းပညာများအား တင်ဆက်ပြသ
====================

#MizzimaTV
#hightech&gadget
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🔥4👍3
​​မင်းတပ်ဆေးရုံဝန်းထဲမှ လူနာတင်ကား ပျောက်ဆုံးနေဟုဆို
=================

မဇ္ဈိမ။ ။ချင်းပြည်နယ်၊မင်းတပ်မြို့ပေါ်၌ စစ်ကောင်စီက လုံခြုံရေးတင်းကြပ်ထားသည့်ကြားမှ ခရိုင်ပြည်သူ့ဆေးရုံဝန်းထဲမှ လူနာတင်ကားတစီးသည် ပြီးခဲ့သည့်ဩဂုတ်လ၂၀ရက်ညက ပျောက်ဆုံးသွားကြောင်း ဒေသခံများက‌ ပြောသည်။

မင်းတပ်မြို့တွင်း၌ မီးသတ်ကုန်း၊ အထက(၂) စာသင်ကျောင်းအပါအဝင် ဌာနဆိုင်ရာ ရုံးများနှင့်မြို့အဝင်အထွက်ဂိတ်များ၌ စစ်ကောင်စီတပ်ဖွဲ့ဝင်များ စောင့်ကြပ်နေသည့်ကြားမှ ဆေးရုံဝန်းထဲမှ လူနာတင်ကားတစီးကို လူငယ်တစုက မောင်းနှင်ယူဆောင်သွားခြင်းဟု သိရသည်။မင်းတပ်ဆေးရုံဝန်းထဲ၌ လူနာတင်ကားနှစ်စီးရှိပြီး တစီးမောင်းနှင်ယူဆောင်သွားခြင်းဟု ဒေသခံတဦးကပြောသည်။

" ဒီတိုင်းလမ်းမကြီးအတိုင်းအရှေ့ပြင်ဂိတ်ကနေမောင်းသွားတာ။ဂိတ်မှာတော့ပစ်ခတ်မှုတွေရှိတယ်။ ဒါပေမယ့်ကားတော့ပါသွားတယ်" ဟု ၎င်းက‌ ပြောသည်။

ဆေးရုံကားပျောက်ဆုံးသွားပြီးသည့်နောက် မင်းတပ်ခရိုင်ပြည်သူ့ဆေးရုံအပါအဝင်ဌာနဆိုင်ရာရုံးအချို့ကို ပိတ်ထားရန် စစ်ကောင်စီအရာရှိက နှုတ်မိန့်ဖြင့်ညွှန်ကြားထားသည်ဟု ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။

လက်ရှိတွင် မင်းတပ်မြို့ပေါ်၌ ဒေသခံကာကွယ်ရေးတပ်များနှင့်စစ်ကောင်စီတပ်ဖွဲ့ နေ့တိုင်းနီးပါးပစ်ခတ်မှုများရှိနေသည်။ မင်းတပ်မြို့အ‌‌ခြေစိုက် ခလရ ၂၇၄မှလည်း ကျေးရွာများဘက်သို့ လက်နက်ကြီးများပစ်ခတ်နေပြီး လေကြောင်းပစ်ကူလည်းတောင်းခံထားသည်ဟု ဒေသခံသတင်းရင်းမြစ်များထံမှသိရသည်။ ထို့အပြင် ‌မကွေးတိုင်းကျောက်ထုမြို့ဘက်မှ စစ်ကောင်စီယာဉ်တန်းသည် မင်းတပ်မြို့သို့ ‌ဦးတည်နေ၍ ဒေသခံများ စစ်ရေးသတိရှိကြရန် မင်းတပ်မြို့မှ ချင်းကာကွယ်ရေးရဲဘော်များက သတိပေးထားသည်။

စာတည်း - အေးချမ်း

#mizzima
#မင်းတပ်ဆေးရုံ
#လူနာတင်ကား
#ပျောက်ဆုံး

Photo - မင်းတပ်မြို့၊ ခရိုင်ပြည်သူ့ဆေးရုံအား တွေ့ရစဉ်

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍19😁5❤1
National Unity Government (NUG)၏ PVTV Channel မှ ၂၀၂၃ ခုနှစ် သြဂုတ်လ ၂၄ ရက်ထုတ်လွှင့်မှုများ
===================

https://youtu.be/XInB_L0Lzmo?si=77pJjqHtj9gwJist

#PVTV
#MizzimaTV
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
❤10👍6🤮2🍌1
This media is not supported in your browser
VIEW IN TELEGRAM
Nature Article | ရေကညွတ်က သင့်ကျန်းမာရေးအတွက် ဘာတွေကောင်းကျိုးပြုသလဲ?

Watch more detail - https://youtu.be/z0cMupCTdKM

#naturearticle #စကားဝိုင်း #naturearticleshorts #reels
👍3🌭3
​​ဟိုက်ပါဆောနစ်ဒုံးကျည်များ တပ်ဆင်သွားမည့် USS Zumwalt သင်္ဘော
====================

#MizzimaTV
#hightech&gadget
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍9