Mizzima
✔
47.7K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
​​တရုတ်နိုင်ငံမှာ ကျင်းပသည့် စက်ရုပ်ပြိုင်ပွဲ၌ နောက်ဆုံးပေါ်နည်းပညာများအား တင်ဆက်ပြသ
====================

#MizzimaTV
#hightech&gadget
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🔥4👍3
​​မင်းတပ်ဆေးရုံဝန်းထဲမှ လူနာတင်ကား ပျောက်ဆုံးနေဟုဆို
=================

မဇ္ဈိမ။ ။ချင်းပြည်နယ်၊မင်းတပ်မြို့ပေါ်၌ စစ်ကောင်စီက လုံခြုံရေးတင်းကြပ်ထားသည့်ကြားမှ ခရိုင်ပြည်သူ့ဆေးရုံဝန်းထဲမှ လူနာတင်ကားတစီးသည် ပြီးခဲ့သည့်ဩဂုတ်လ၂၀ရက်ညက ပျောက်ဆုံးသွားကြောင်း ဒေသခံများက‌ ပြောသည်။

မင်းတပ်မြို့တွင်း၌ မီးသတ်ကုန်း၊ အထက(၂) စာသင်ကျောင်းအပါအဝင် ဌာနဆိုင်ရာ ရုံးများနှင့်မြို့အဝင်အထွက်ဂိတ်များ၌ စစ်ကောင်စီတပ်ဖွဲ့ဝင်များ စောင့်ကြပ်နေသည့်ကြားမှ ဆေးရုံဝန်းထဲမှ လူနာတင်ကားတစီးကို လူငယ်တစုက မောင်းနှင်ယူဆောင်သွားခြင်းဟု သိရသည်။မင်းတပ်ဆေးရုံဝန်းထဲ၌ လူနာတင်ကားနှစ်စီးရှိပြီး တစီးမောင်းနှင်ယူဆောင်သွားခြင်းဟု ဒေသခံတဦးကပြောသည်။

" ဒီတိုင်းလမ်းမကြီးအတိုင်းအရှေ့ပြင်ဂိတ်ကနေမောင်းသွားတာ။ဂိတ်မှာတော့ပစ်ခတ်မှုတွေရှိတယ်။ ဒါပေမယ့်ကားတော့ပါသွားတယ်" ဟု ၎င်းက‌ ပြောသည်။

ဆေးရုံကားပျောက်ဆုံးသွားပြီးသည့်နောက် မင်းတပ်ခရိုင်ပြည်သူ့ဆေးရုံအပါအဝင်ဌာနဆိုင်ရာရုံးအချို့ကို ပိတ်ထားရန် စစ်ကောင်စီအရာရှိက နှုတ်မိန့်ဖြင့်ညွှန်ကြားထားသည်ဟု ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။

လက်ရှိတွင် မင်းတပ်မြို့ပေါ်၌ ဒေသခံကာကွယ်ရေးတပ်များနှင့်စစ်ကောင်စီတပ်ဖွဲ့ နေ့တိုင်းနီးပါးပစ်ခတ်မှုများရှိနေသည်။ မင်းတပ်မြို့အ‌‌ခြေစိုက် ခလရ ၂၇၄မှလည်း ကျေးရွာများဘက်သို့ လက်နက်ကြီးများပစ်ခတ်နေပြီး လေကြောင်းပစ်ကူလည်းတောင်းခံထားသည်ဟု ဒေသခံသတင်းရင်းမြစ်များထံမှသိရသည်။ ထို့အပြင် ‌မကွေးတိုင်းကျောက်ထုမြို့ဘက်မှ စစ်ကောင်စီယာဉ်တန်းသည် မင်းတပ်မြို့သို့ ‌ဦးတည်နေ၍ ဒေသခံများ စစ်ရေးသတိရှိကြရန် မင်းတပ်မြို့မှ ချင်းကာကွယ်ရေးရဲဘော်များက သတိပေးထားသည်။

စာတည်း - အေးချမ်း

#mizzima
#မင်းတပ်ဆေးရုံ
#လူနာတင်ကား
#ပျောက်ဆုံး

Photo - မင်းတပ်မြို့၊ ခရိုင်ပြည်သူ့ဆေးရုံအား တွေ့ရစဉ်

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍19😁5❤1
National Unity Government (NUG)၏ PVTV Channel မှ ၂၀၂၃ ခုနှစ် သြဂုတ်လ ၂၄ ရက်ထုတ်လွှင့်မှုများ
===================

https://youtu.be/XInB_L0Lzmo?si=77pJjqHtj9gwJist

#PVTV
#MizzimaTV
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
❤10👍6🤮2🍌1
This media is not supported in your browser
VIEW IN TELEGRAM
Nature Article | ရေကညွတ်က သင့်ကျန်းမာရေးအတွက် ဘာတွေကောင်းကျိုးပြုသလဲ?

Watch more detail - https://youtu.be/z0cMupCTdKM

#naturearticle #စကားဝိုင်း #naturearticleshorts #reels
👍3🌭3
​​ဟိုက်ပါဆောနစ်ဒုံးကျည်များ တပ်ဆင်သွားမည့် USS Zumwalt သင်္ဘော
====================

#MizzimaTV
#hightech&gadget
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍9
​​"A Resistance"
============

ကိုရီးယားနိုင်ငံရဲ့ နာမည်ကျော် လွတ်လပ်ရေးကြိုးပမ်းမှု လှုပ်ရှားသူတစ်ယောက်ရဲ့ ထောင်တွင်းဘဝအကြောင်းကို သရုပ်ဖော်ရိုက်ကူးထားတဲ့ သမိုင်းနောက်ခံ ဒရာမာဇာတ်ကားအမျိုးအစား ဖြစ်ပါတယ်...

ကိုရီးယားနိုင်ငံကို ဂျပန်တွေသိမ်းပိုက်ပြီးနောက်ပိုင်းမှာ ကိုရီးယားလူမျိုးတွေက ပြည်တွင်းကရော ပြည်ပကပါ နည်းမျိုးစုံနဲ့ တော်လှန်ခဲ့ကြတယ်...

အဲ့ဒီတော်လှန်ရေးမှာ အသက် ၁၇ နှစ်အရွယ် ကျောင်းသူတစ်ယောက်ဖြစ်တဲ့ ယူဂွမ်ဆွန်းလည်း ပါဝင်ခဲ့ပြီး အဖမ်းခံခဲ့ရကာ နိုင်ငံရေးအကျဥ်းသား ဖြစ်သွားခဲ့တယ်... ၁၀ ပေပတ်လည်အခန်းထဲမှာ လူ အယောက် ၂၀ လောက်ထည့်ထားတဲ့အတွက် အိပ်ရင်တောင် အလှည့်ကျနဲ့ အိပ်ရသလို နည်းမျိုးစုံနဲ့ ဖိနှိပ်ထားတဲ့ အကျဥ်းထောင်ထဲမှာ အလျှော့မပေးဘဲ ရရာနည်းလမ်းနဲ့ ဆက်ပြီး တော်လှန်တိုက်ပွဲဝင်ခဲ့သလို နောက်ဆုံးထွက်သက်အထိ ဂျပန်တွေကို ဦးမညွှတ်ဘဲ ဆန့်ကျင်ခဲ့တယ်

ဒီဇာတ်လမ်းလေးမှာ သူမရဲ့ ထောင်တွင်းဘဝ အဖြစ်အပျက်တွေကို ခံစားကြည့်ရှုရမှာပါ...

မင်းသမီး ဂိုအာဆောင်း အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်"
ဒီဇာတ်ကားလေးကို Mizzima + Channel မှာ စောင့်မျှော်ကြည့်နိုင်ပါပြီ။

Mizzima+ Channel တွင် ပြသနေသည့်အချိန်မှာပဲ Mizzima TV App တွင်လည်း Live stream တိုက်ရိုက်ကြည့်ရှုနိုင်တာမို့ Mizzima TV Application လေးကို download လုပ်ပြီးကြည့်လိုက်ကြရအောင်

App ဒေါင်းလော့လုပ်ရန် - https://bit.ly/44WaGEU

#New ပြသမည့်ရက်။ ။ ၂၅.၈.၂၀၂၃
ပြသမည့် အချိန် ။ ။ မနက် (၁၀:၀၀)နာရီ
ပြန်လည်ပြသမည့်အချိန်။ ။ ည (၁၀:၃၀) နာရီ

(Mizzima Media ကနေ သတင်းချန်နယ် သီးသန့် အဖြစ် Mizzima TV အပြင်၊ သတင်း နှင့် ဖျော်ဖြေရေး ချန်နယ် အဖြစ် Mizzima + တို့အား PSI စလောင်းများ၊ နှစ်ပေ စလောင်းများ နှင့် ရှစ်ပေ စလောင်း များမှ တစ်ဆင့် နေ့စဉ် နံနက် ၆ နာရီ မှ ည ၁၂ နာရီအထိ ထုတ်လွှင့်ပြသနေပါသည်)။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U”
👍10
​​25.8.2023 (Friday) တွင် ထုတ်လွှင့်တင်ဆက်ပြသမည့် အစီအစဉ်
===================

Highlight

ပညာရေးမြို့တော်က စိန်ခေါ်သံများ (ညနေ - ၇ နာရီ)
India Movie - Bell Bottom (ည- ၈ နာရီ)
Korea Movie - A resistance (ည- ၁၀ နာရီခွဲ)

Mizzima+ channel တွင် ပြသနေ့သည့် အချိန်မှာပဲ Mizzima App တွင်လည်း Live Stream တိုက်ရိုက်ကြည့်ရှုနိုင်ပါသည်။

#mizzimatv
👍6
သြဂုတ်လ (၂၅)ရက်၊ သောကြာနေ့ မနက်ပိုင်း မဇ္ဈိမ ရေဒီယို အစီအစဉ်
=====================

ဒီကနေ့ မနက်နားဆင်ရမယ့် အစီစဉ်တွေတွေကတော့  ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင် မုန်းမြို့နယ်နဲ့ ကျောက်ကြီးမြို့နယ်တွေမှာ ဇူလိုင်လ ၁၈ ရက်နေ့ကနေ ဩဂုတ်လ ပထမပတ်ထိ ရွာသုံးရွာက နေအိမ် ၁၂၀ ကျော် မီးရှို့ဖျက်ဆီးခံရတယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ကပြောဆိုလိုက်တဲ့သတင်းနဲ့အတူ မြန်မာစစ်တပ်အတွက် လေယာဉ်ဆီ ဝယ်ယူမှုနဲ့ ဖြန့်ချိမှုမှာ တာဝန်ရှိတဲ့ လူပုဂ္ဂိုလ်နဲ့ ကုမ္ပဏီတွေကို အမေရိကန် အစိုးရက ပိတ်ဆို့အရေးယူမှုအသစ်တွေ ထပ်မံချမှတ်လိုက် တဲ့သတင်း အပါအဝင် တခြား စိတ်ဝင်စားဖွယ် ပြည်တွင်းသတင်းတွေနဲ့ နောက်ဆုံးရ နိုင်ငံတကာသတင်းတွေကို နားဆင်ကြရမှာပါ။

အဲ့ဒီနောက်မှာတော့ စီးပွားရေးသတင်းတွေနဲ့ ဒီကနေ့အတွက် သတင်းသုံးသပ်ချက်အစီအစဉ်ကို နားဆင် ရဖို့ရှိသလို နေပျော်တဲ့ ဘ၀ကို ရနိုင်မယ့် နည်းလမ်းတွေနဲ့ပတ်သတ်တဲ့ ကျန်းမာရေးအကြောင်း ပြောပြထားတဲ့ ကျန်းမာသုတ လူမှုဘဝ အစီအစဉ်ကို နားဆင်ရမှာဖြစ်ပါတယ်။ 

https://youtu.be/bYa11lbIwTM?si=bfGdmy20MlglziJX
 
#Mizzimaradio
#Morningradio
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍7😢1
ရေကညွတ်ရဲ့ အကျိုးကျေးဇူးများ
==============

-ရေကညွတ်က သင့်ကျန်းမာရေးအတွက် ဘာတွေအကျိုးပြုမလဲ ?

-ရေကညွတ်မှာ ပါဝင်တဲ့ အစွမ်းသတ္တိတွေက ဘာတွေလဲ ?

-ရေကညွတ်မှာရှိတဲ့ လျှို့ဝှက်ချက် အကျိုးအာနိသင်တွေက ဘာတွေလဲ ?

အစရှိတဲ့ အကြောင်းအရာတွေကို ဒီအစီအစဉ်ကနေ တင်ဆက်ပေးသွားမှာပါ ......

https://youtu.be/z0cMupCTdKM?si=u-rClxQv1QxaBmI0

#Nature
#NatureArticle
#VideoNews
#MizzmaTV
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍7🌭1
​​ရိုဟင်ဂျာ လူမျိုးတုန်းသတ်ဖြတ်ခံရမှု ၆ နှစ်ပြည့်ပွဲ နယ်စပ်တွင် ပြုလုပ်
===================

မဇ္ဈိမ
ရခိုင်မြောက်ပိုင်းက ရိုဟင်ဂျာများ လူမျိုးတုန်း သတ်ဖြတ်ခံရမှု (၆) နှစ်ပြည့်၊ နှစ်ပတ်လည်ပွဲအခမ်းအနားကို ထိုင်း- မြန်မာ နယ်စပ်တနေရာတွင် ယနေ့ ဩဂုတ်လ ၂၄ ရက်နေ့ ညပိုင်းတွင် ကျင်းပခဲ့သည်။
နှစ်ပတ်လည်နေ့ အခမ်းအနားကို “Never Again Coup and Genocide” ခေါင်းစဉ်ဖြင့် ကျင်းပခဲ့ခြင်း ဖြစ်သည်။

ခေတ်သစ် လူ့သမိုင်းတွင် အမည်းစက်ဖြစ်ခဲ့သည့် လူမျိုးတုန်း သတ်ဖြတ်မှု၊ စစ်ကျွန်စနစ်ကို အသက်သွင်းသည့် အာဏာသိမ်းမှု၊ လူမျိုးကြီးဝါဒနှင့် ခွဲခြားဆက်ဆံမှုများကို ရပ်တန့်ပြီး ထပ်မဖြစ်အောင် ကြိုးစားပြုပြင်ရန် ရည်ရွယ်ပြီး နှစ်ပတ်လည်နေ့ကို ကျင်းပခြင်း ဖြစ်ကြောင်း ဦးဆောင်သူများက ပြောသည်။

“မြန်မာနိုင်ငံမှာ ဒီမိုကရေစီရေးအတွက် တိုက်ပွဲဝင်ဖို့ မြန်မာအားလုံးနဲ့ စည်းလုံးညီညွတ်မှု ရှိသင့်ပါတယ်” ဟု People's Empowerment Foundation ၏ ဥက္ကဋ္ဌ Khun Chalida က အဆိုပါအခမ်းအနားတွင် ပြောကြားခဲ့သည်။

“NUG (အမျိုးသားညီညွတ်ရေးအစိုးရ) က ရိုဟင်ဂျာကိစ္စနဲ့ ပတ်သက်ပြီး ကြေညာချက်တခု ထွက်လာတာကို မြင်ချင်ပါတယ်” ဟု ၎င်းက ဆိုသည်။

မွတ်ဆလင်လူနည်းစုများသည် “မြန်မာနိုင်ငံ၏ နိုင်ငံသားများထဲမှ တဦးဖြစ်သည်” ဟု ရှုမြင်ပြီး ရိုဟင်ဂျာပြဿနာကို NUG မှ ဦးစားပေးအဖြစ် လုပ်ဆောင်မည်ဟု မျှော်လင့်ကြောင်း Khun Chalida က ပြောသည်။

ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် ဩဂုတ်လ ၂၅ ရက်နေ့တွင် မြန်မာစစ်တပ်၏ ကြမ်းတမ်းသော နယ်မြေရှင်းလင်းမှုကြောင့် ရခိုင်မြောက်ပိုင်းက သိန်းနှင့်ချီသော ရိုဟင်ဂျာများသည် တဘက်ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ထွက်ပြေးခဲ့ကြရသည်။

ထိုလုပ်ရပ်နှင့် ပတ်သက်ပြီး ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအပေါ် အပြည်ပြည် ဆိုင်ရာ တရားရုံး (ICJ) တွင် လူမျိုးတုန်း သတ်ဖြတ်မှုဖြင့် ၂၀၁၉ ခုနှစ်တွင် တရားစွဲဆိုခဲ့သည်။

လက်ရှိအချိန်ထိ ထိုအမှုကို ရင်ဆိုင်နေရဆဲ ဖြစ်သည်။
မြန်စစ်တပ်က ရိုဟင်ဂျာများအပေါ် ကျူးလွန်သော အဆိုပါ အကြမ်းဖက်လုပ်ရပ်သည် လူမျိုးတုံးသတ်ဖြတ်မှုနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုမြောက်ကြောင်း အမေရိကန်အစိုးရက ၂၀၂၂ ခုနှစ် မတ်လအတွင်း တရားဝင် ကြေညာခဲ့သည်။

စာတည်း။ ။ နောင်နောင်
ဓာတ်ပုံ- ထိုင်း- မြန်မာ နယ်စပ်တနေရာတွင် ယနေ့ကျင်းပသော ရိုဟင်ဂျာများ လူမျိုးတုန်း သတ်ဖြတ်ခံရမှု (၆) နှစ်ပြည့်ပွဲ မြင်ကွင်း

#ရိုဟင်ဂျာ
#၅နှစ်ပြည့်
#Mizzima
👍17👏1🤡1🤣1
ခေါင်းစဉ်မျိုးစုံနဲ့ သတင်းစာရှင်းလင်းပွဲတွေလုပ်ပြီး ပြည်သူကို လှည့်စားနေတဲ့ စစ်ကောင်စီ
=======================

စစ်ကောင်စီက အကြမ်းဖက်လို့ကြေညာထားတဲ့ NUG ၊ PDF တွေနဲ့ တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်း သွားစရာ အကြောင်းမရှိဘူးလို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက သြဂုတ် ၂၂ ရက်နေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုလိုက်ပါတယ်။
NUG ၊ PDF တွေအနေနဲ့ အကြမ်းဖက်လုပ်ရပ်တွေကို မလုပ်တော့ပါဘူးလို့ ကမ္ဘာသိဝန်ခံမှသာ တွေ့ဆုံ ဆွေးနွေးမယ်လို့ သူက ဆိုပါတယ်။

https://youtu.be/kumeMxNSVbc?si=sNdYnQTj85xeJ9Vi

#politics
#Newsfeature
#Mizzima
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍7😁5🔥1
မဇ္ဈိမအတွက် ဗွီအိုအေ သတင်းလွှာ( သြဂုတ်လ ၂၅ ရက်၊ ၂၀၂၃ ) | VOA On Mizzima
======================

ပထမရီပတ်ဗလစ်ကန်စကားစစ်ထိုးပွဲ သုံးသပ်ချက်နဲ့ ကပ်ရောဂါလွန် ထိုင်းစီးပွားရေးလုပ်ငန်းအခြေအနေ၊ ဒီလို စိတ်ဝင်စားစရာ နိုင်ငံတကာသတင်းဆောင်းပါးတွေနဲ့ နောက်ဆုံးရ ငွေကြေးဈေးကွက် သတင်းတွေကို ၂၀၂၃ ခုနှစ်၊ သြဂုတ်လ ၂၅ ရက်၊ မဇ္ဈိမအတွက် ဗွီအိုအေ အစီအစဉ်မှာ ကြည့်ရှုနိုင်ပါတယ်။

https://youtu.be/HBLMnmKjA9I?si=NZ6DjJDT4EAATnso

#VOA
#mizzimatv
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
😁2👍1
​​စီးပွားရေးဆက်ဆံမှု ခိုင်မာစေရေး အိန္ဒိယနှင့်အာဆီယံ ထပ်လောင်းကတိပြု
=======================

အိန္ဒိယနှင့် အာဆီယံတို့သည် ဩဂုတ်လ ၂၁ ရက်က အင်ဒိုနီးရှားနိုင်ငံ ဆီမာရန်းမြို့၌ ပြုလုပ်သော စီးပွားရေးဝန်ကြီးများ အစည်းအဝေးတွင် နှစ်ဖက်အဖွဲ့အကြား ဆက်ဆံရေး ခိုင်မာစေရေးနှင့် တိုးမြှင့်ရေးဆိုင်ရာ ကတိကဝတ်များကို အလေးပေးဆွေးနွေးခဲ့ကြောင်း အိန္ဒိယစီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍4
ပထမရီပတ်ဗလစ်ကန်စကားစစ်ထိုးပွဲ သုံးသပ်ချက် | VOA On Mizzima
==================

လာမယ့်နှစ် သမ္မတ ရွေးကောက်ပွဲအတွက် ပထမဆုံးကျင်းပတဲ့ ရီပတ်ဗလစ်ကန် ပါတီတွင်း သမ္မတလောင်းတွေရဲ့ စကားစစ်ထိုးပွဲကို Winsconsin ပြည်နယ် Milwaukee မြို့ မှာ ကျင်းပပြီး ကိုယ်စားလှယ်လောင်း ၈ ယောက် ပါဝင် ဆွေးနွေးပွဲပါတယ်။ လူထုစစ်တမ်းတွေမှာ ရှေ့ဆုံးက ပြေးနေတဲ့ သမ္မတဟောင်း Donald Trump ပါဝင်ခြင်း မရှိပေမဲ့လည်း သူနဲ့ပတ်သက်တဲ့ သဘောထားမှတ်ချက်တွေက စကားစစ်ထိုးပွဲရဲ့ အဓိက အကြောင်းအရာတွေထဲက တခုဖြစ်ခဲ့ပါတယ်။ လေ့လာသူတွေကတော့ လက်ရှိ ယှဉ်ပြိုင်နေသူတွေဟာ သမ္မတဟောင်း Donald Trump ကိုကျော်ပြီး ပါတီကိုယ်စားပြု သမ္မလောင်းဖြစ်နိုင်ဖို့ မလွယ်ဘူးလို့ သုံးသပ်ပါတယ်။ VOA သတင်းထောက် Steve Herman ရဲ့ သတင်းပေးချက်နဲ့အတူ ဦးသိန်းထိုက်ဦး တင်ဆက်ထားပါတယ်။

https://youtu.be/ZdMIRxI_Sd8?si=hnjroDLV4-o7KtrR
  
#VOA
#mizzimatv
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍10🔥1
​​ကိုင်လီယန် အမ်ဘာပေ - ရီးယဲလ်မက်ဒရစ်နည်းပြ အန်ဆယ်လော့တီက ပီအက်စ်ဂျီတိုက်စစ်မှူးအတွက် နွေရာသီအပြောင်းအရွှေ့ကို ၁၀၀ ရာခိုင်နှုန်း ပယ်ချ
=====================

ရီးယဲလ်မက်ဒရစ်အသင်းနည်းပြ ကာလို အန်ဆယ်လော့တီဟာ ဒီနွေရာသီမှာ ပဲရစ်စိန့်ဂျာမိန်းမှ တိုက်စစ်မှူး ကိုင်လီယန် အမ်ဘာပေကို ခေါ်ယူဖို့ အစီအစဉ်မရှိဘူးလို့ ပြောဆိုလိုက်ပါတယ်။

အသက် ၂၄ နှစ်အရွယ် အမ်ဘာပေဟာ ပီအက်စ်ဂျီနဲ့ စာချုပ်သက်တမ်းတိုးဖို့ ငြင်းဆိုထားပြီး လာလီဂါအသင်းဆီး ပြောင်းရွှေ့နိုင်မယ်လို့ ထင်ကြေးပေးမှုတွေ ထွက်ပေါ်နေခဲ့တာပါ။
ပီအက်စ်ဂျီတို့ဟာ လာမယ့်နှစ်မှာ သူ့ရဲ့စာချုပ်သက်တမ်းကုန်ဆုံးချိန်မှာ သူ့ကို အလွတ်နဲ့ လက်လွတ်ဆုံးရှုံးရမယ့် အန္တရာယ်ထက် ပြင်သစ်အသင်းခေါင်းဆောင်ကို ရောင်းချဖို့ လမ်းဖွင့်ထားခဲ့တယ်လို့ ယုံကြည်ရပါတယ်။

အမ်ဘာပေရဲ့ အပြောင်းအရွှေ့နဲ့ပတ်သက်လို့ မေးမြန်းရာမှာ အန်ဆယ်လော့တီက "No၊ ကျနော် အဲဒါကို ၁၀၀ ရာခိုင်နှုန်း ပယ်ချပါတယ်"လို့ ပြောပါတယ်။

"ကျနော်တို့ရဲ့ လူစာရင်းက ပိတ်သိမ်းသွားပြီလို့ ကျနော် ထင်ပါတယ်။ ကျနော်တို့ရဲ့ကစားသမားတွေက ကျနော်တို့ရဲ့ရာသီအတွက် စဉ်းစားနေပါတယ်။"လို့ သူက ထည့်သွင်းပြောဆိုခဲ့ပါတယ်။
အမ်ဘာပေဟာ လော်ရီယန့်နဲ့ ကစားခဲ့တဲ့ ကလပ်ရဲ့ ရာသီအဖွင့်ပွဲစဉ်မှာ လူစာရင်းကနေ ချန်လှပ်ခံခဲ့ရပေမယ့် ပြီးခဲ့တဲ့ အပတ်က ပီအက်စ်ဂျီနဲ့ တူးလူးတို့ ၁-၁ သရေကျခဲ့တဲ့ ပွဲမှာ လူစားလဲဝင်ရောက်လာပြီးနောက် ပင်နယ်တီတစ်လုံးသွင်းယူခဲ့ပါတယ်။

အယ်-ဟီလာအသင်းဟာ အမ်ဘာပေကို ကမ္ဘာ့စံချိန်တင်ပေါင် ၂၅၉ သန်းနဲ့ ကမ်းလှမ်းခဲ့ရပြီးနောက် ဇူလိုင်လမှာ ပီအက်စ်ဂျီက ဆော်ဒီအာရေးဗီးယားကလပ်ကို ကစားသမားနဲ့ ဆွေးနွေးပြောဆိုခွင့်ပေးခဲ့ပါတယ်။

ပီအက်စ်ဂျီနဲ့ ပြင်သစ်တိုက်စစ်ကစားသမား ကိုင်လီယန် အမ်ဘာပေအတွက် အယ်လ်ဟီလာအသင်း 'ပေါင် ၂၅၉ သန်း' ကမ်းလှမ်းမှုပြုလုပ်

ပီအက်စ်ဂျီနဲ့ စာချုပ်သက်တမ်းတိုးဖို့ ငြင်းဆိုခဲ့ပြီးနောက် အမ်ဘာပေရဲ့ အနာဂတ်ဟာ သံသယကြီးစရာဖြစ်နေ

ပီအက်စ်ဂျီဥက္ကဌ နာဆာ အယ်လ်ခါလိုင်ဖီကတော့ ဘာမှ မရဘဲ တိုက်စစ်မှူးကို ထွက်ခွာခွင့်ပြုမှာမဟုတ်ဘူးလို့ အခိုင်အမာပြောဆိုထားပြီး အမ်ဘာပေကို မူလမျှော်မှန်းထားတဲ့အတိုင်း သူ့ရဲ့လက်ရှိစာချုပ်ကို တစ်နှစ်သက်တမ်းတိုးစာချုပ် ချုပ်ဆိုနိုင်ဖွယ်ရှိတယ်လို့ ယူဆနေပါတယ်။

ဒီစာချုပ်က၂၀၂၅ အထိ ရှိမှာဖြစ်ပြီး ပီအက်စ်ဂျီက အမ်ဘာပေကို လာမယ့် နွေရာသီမှသာ ရီးယဲလ်ထံ ရောင်းချခွင့်ပြုမှာဖြစ်ပါတယ်။
အမ်ဘာပေဟာ ၂၀၁၇ မှာ မိုနာကိုကနေ ပီအက်စ်ဂျီကို ယူရိုသန်း ၁၈၀ (ပေါင် ၁၆၅.၇ သန်း)နဲ့ မပြောင်းရွှေ့ခင် ကနဦးမှာ အငှားနဲ့ သွားရောက်ခဲ့ပြီး သူဟာ ၂၆၁ ပွဲမှာ ကလပ်စံချိန်တင် ၂၁၃ ဂိုးသွင်းယူထားပါတယ်။
👍9
ကပ်ရောဂါလွန် ထိုင်းစီးပွားရေးလုပ်ငန်းအခြေအနေ | VOA On Mizzima
===================

ထိုင်းနိုင်ငံရဲ့ စီပွားရေးလုပ်ငန်းတွေအနေနဲ့ ကိုဗစ်ကာလနောက်ပိုင်း ပြန်ပြီး ဦးမော့လာနိုင်အောင် အဖက်ဖက်က ကြိုးစားနေပေမယ့် အခုချိန်ထိ တချို့လုပ်ငန်းတွေမှာ ဆုံးရှုံးမှုတွေ များလာတာကြောင့် ပိတ်သိမ်းလိုက်ရတာတွေရှိလာပါတယ်။ ဒီအခြေအနေတွေက ထိုင်းမှာ အလုပ်လုပ်နေကြတဲ့ မြန်မာစီးပွားရေး လုပ်ငန်းရှင်တွေ အလုပ်သမားတွေမှာရော ဘယ်လောက်ထိ သက်ရောက်မှုတွေရှိနေပါလဲ။ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်ကနေ မညိုညိုလွင် သတင်းပေးပို့ထားပါတယ်။

https://youtu.be/LsWJDkteRxY?si=ghMOSCqt_rHEir1Q

#VOA
#mizzimatv
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍6
ကမ္ဘောဒီးယားဝန်ကြီးချုပ်သစ်က အလှမ်းကျယ်တဲ့ တိုးတက်မှုတွေအတွက် ကတိပြုခဲ့ပေမဲ့ ရေရာတဲ့အစီအမံတွေ ချမပြခဲ့
===================

https://youtu.be/FDEpni2I16s?si=oQypOk7dhwJnpeV8

#InternationalNews
#Mizzima
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍7😁3🔥1
ဩဂုတ်လ (၂၅) ရက်၊ မွန်းတည့် ၁၂ နာရီ Mizzima News Hour မဇ္စျိမသတင်းအစီအစဥ်
=========================

00:55- ဘုတလင်မှာ သံဃာ ၃ ပါး ပျောက်ဆုံးနေလို့ ပကဖ စုံစမ်းစစ်ဆေးနေတဲ့ သတင်း

02:08- ကရင်နီပြည်မှာ ပညာသင်ခွင့်ဆုံးရှုံးနေသူတွေအတွက် အခမဲ့ပညာရေးအစီအစဉ်ဖော်ဆောင်နေတဲ့ သတင်း

04:49- မြိတ်မြို့က စွန့်ဦးတီထွင် အုန်းဆံမျှင်အလှပန်းအိုးတွေ ဈေးကွက်မှာ စတင်ဖြန့်ချီနေတဲ့ သတင်းနဲ့

09:15- ရွေးကောက်ပွဲဝင်ဖို့အတွက် အီးယူကော်မရှင်ဒုဥက္ကဌ ရာထူးမှနုတ်ထွက်တဲ့သတင်းအပါအဝင် တခြား အရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်း တွေကို တင်ဆက်ပေးသွားမှာပါ။

https://youtu.be/2TEIrrmDdmc?si=keEnHoxObqNLkE3W

#12pmnews
#Mizzimanewshour
#mizzimatv
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍8😁1