Mizzima
✔
47.5K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
ဩဂုတ်လ (၂၅) ရက် ၊ ည ၇ နာရီ The Mizzima Primetime မဇ္စျိမပင်မသတင်းအစီအစဥ်
=====================

- ထွက်သွားတဲ့ ရင်းနှီးမြှုပ်နှံမှုတွေထက် ပြန်ဝင်လာတဲ့ ရင်းနှီးမြှပ်နှံမှုက ပိုများကြောင်း စစ်ကောင်စီဝန်ကြီးပြောတဲ့သတင်း

− ကြံခင်းမြို့နယ်မှာ ရိုဟင်ဂျာ ၂၇ ဦးကို စစ်ကောင်စီတပ် ဖမ်းဆီးထားတဲ့ သတင်း

− ယာယီဘေလီတံတားခင်းပြီးဖြစ်တာကြောင့် မြဝတီ-ကော့ကရိတ်သွားအာရှလမ်းကို ပြန်လည်ဖြတ်သန်းခွင့်ပြုတဲ့သတင်း

− တာချီလိတ်ကနေ ရန်ကုန်ကို ထွက်ခွာတဲ့ လေယာဉ်ပေါ်မှာ ကလေးမီးဖွားတဲ့သတင်း

− ရန်ကုန် မြောက်ဒဂုံမှာ တ‌ည်ဆောက်ဆဲ နဂါးရုံဘုရားပြိုကျပြီး ပန်းရံလုပ်သား ၂ဦး ဒဏ်ရာရတဲ့သတင်းနဲ့

− မီဇိုရမ်ပြည်နယ်အတွင်းရှိ မြန်မာစစ်ဘေးရှောင်စခန်းတွေမှာ ရိက္ခာအခက်ကြုံနေတဲ့သတင်းအပါအဝင် တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးပါမယ်။

https://www.youtube.com/live/oavzN-OgRL0?si=K05seLaGE5yEVqlA

#7pmnews
#themizzimaprimetime
#MizzimaTV
----------------------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍6❤3🔥1🍌1
Media is too big
VIEW IN TELEGRAM
ယူကရိန်းအလံပါတဲ့ အင်္ကျီနဲ့ နိုင်ငံခြားသူအမျိုးသမီးဟာ မြန်မာပြည်ကိုခြေချလာတယ်ဆိုပြီး ဘာသာရေးအကြောင်းပြ သတင်းမှားတစ်ခု ပျံ့နေပါတယ်။

အပြည့်အစုံဖတ်ရန် - t.ly/Y7LuW

#Misinformation_Buster #Fake_News #Ukraine #KNDF #reels #shorts
👍8🔥1🤮1
ရွှေဘိုတွင် ပြည်သူ့စစ်အဖွဲ့ကို PDF တိုက်ခိုက်၊ ၁ဦး အရှင်ဖမ်းမိ
===================

ပါခွီး (မဇ္စျိမ) ။ ။ စစ်ကိုင်းတိုင်း ၊ ရွှေဘိုမြို့နယ်၊ဖက်သမ်းကုန်းရွာတွင် ကင်းပုန်းလာဝပ်သည့် ပြည်သူ့ စစ်အဖွဲ့ကို စောင့်ကြိုတိုက်ခိုက်ခဲ့ရာ တဦးအရှင်ဖမ်းမိခဲ့ကြောင်း မဟူရာရွှေဘိုသားတပ်ဖွဲ့က ထုတ်ပြန်သည်။

ရွှေဘိုမြို့နယ် မြစ်ချင်းရွာမှ ပြည်သူ့စစ်အဖွဲ့ဝင်လေးဦးက ကင်းပုန်းဝပ်ရန်လာရောက်စဥ် ဩဂုတ်လ ၂၄ရက် မနက် ၁၁နာရီ ၃၀မိနစ်အချိန်တွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“ဖက်သမ်းကုန်းမှာ အမြဲလိုလို ကင်းပုန်းလာဝပ်တာကို အတွင်းလူ(ဖရဲသီး)က သတင်းပေးပို့လာတဲ့အတွက် သွားစောင့်ပြီး ပစ်ခတ်ဖမ်းဆီးခဲ့တာပါ” ဟု မဟူရွာရွှေဘိုသားတပ်ဖွဲ့ တာဝန်ရှိသူက မဇ္စျိမကိုပြောသည်။

တိုက်ခိုက်မှုအတွင်း ပြည်သူ့စစ်အဖွဲ့မှမြင့်လင်း ဆိုသူကို အရှင်ဖမ်းမိခဲ့ပြီး သုံးဦးသည် ထွက်ပြေးသွားကြောင်းသိရသည်။မြင့်လင်းအား ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ခံ ရွှေဘိုခရိုင်တပ်ရင်း(၄) နှင့် မြင်းချင်းကျေးရွာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံသို့ ဗိုလ်မိကျောင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို မဟူရာရွှေဘိုသားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ဗိုလ်မိကျောင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊ ရွှေဘိုမြို့နယ်ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ ၊ ဒေါင်းမာန်၊ ဒေါင်းစစ်သည် ၊ Shwebo Federal Army ၊ ရွှေဘိုအားမာန် ၊ ဘိုမဟာ၊ snake Eyes ၊ ရွှေဘိုစွန်ရဲ ၊ ဇေယျာသွေး ၊ Flying Dragon Force ပြည်သူ့ကာကွယ်ရေးမဟာမိတ်ညီနောင်များမှ ပူးပေါင်းလုပ်‌ဆောင်ခဲ့ခြင်းဟု သိရသည်။တော်လှန်ရေးညီနောင်များအနေဖြင့် စစ်ကောင်စီနှင့် ၎င်းတို့၏ ဒေါက်တိုင်များကို အမြစ်ဖြတ်ချေမှုန်းသွားမည်ဖြစ်ကြောင်း ၎င်းတို့က အသိပေးထားသည်။

စာတည်း - အေးချမ်း

https://youtu.be/B39xp51f16I?si=2JCsg3hLclEgAC53

#mizzima
#ရွှေဘို
#ပြည်သူ့စစ်အဖွဲ့
#တိုက်ခိုက်
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U
👍12🔥2🥰2👏2❤1
ခင်ဦးမြို့နယ်မှာ စစ်‌ကောင်စီတပ်ဖွဲ့ စစ်ကြောင် ထိုးနေလို့ ဒေသခံတွေ ဘေးလွတ်ရာကို တိမ်းရှောင်နေရ
==================

MTO (မဇ္ဈိမ)။ ။ စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် မြောက်ဘက်ခြမ်းနဲ့ အနောက်တောင်ခြမ်းမှာရှိတဲ့ ကျေးရွာတွေကို စစ်ကောင်စီတပ်ဖွဲ့က ဒီကနေ့ ဩဂုတ်လ ၂၅ ရက် မနက်ပိုင်းမှာ စစ်ကြောင်းထိုးနေလို့ ကျေးရွာ ၁၀ ရွာက ဒေသခံ ၈,၀၀၀ ကျော် ဘေးလွတ်ရာကို ထွက်ပြေးနေရတယ်လို့ ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ကိုနေသူရက ပြောပါတယ်။

တည်းဖြတ် ၊ တင်ဆက် MTO

https://youtu.be/AEWfijuobq4?si=TmMDk7m4TymM52TO

-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍5🔥2🤬2❤1😁1
​​ရွှေကျင်-ညောင်လေးပင်လမ်းပိုင်းတွင် PDF များက ပြည်သူများအား သတ်ဖြတ်ခြင်းမရှိ
======================

JC
(မဇ္ဈိမ) ။ ။ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်ရှိ ရွှေကျင်-ညောင်လေးပင်လမ်းပိုင်းတွင် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့(PDF)များက လမ်းသွားလမ်းလာပြည်သူများအား စစ်ဆေးခြင်း၊ သတ်ဖြတ်ခြင်းများလုပ် ဆောင်နေကြောင်း ဖြန့်ဝေနေသည်။ ယင်းမှာ မှားယွင်းနေသည်။

“People Media” တယ်လီဂရမ်ချန်နယ်က ဩဂုတ်လ ၁၂ ရက်နေ့တွင် “မင်းကိုနိုင်ရဲ့ အုပ်စုဖြစ်တဲ့ ဒီငြိမ်း လင်းအဖွဲ့က ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၊ ရွှေကျင်-ညောင်လေးပင်လမ်းပိုင်းမှာ ပြည်သူ တွေကို သတ်ဖြတ်တာ၊ ယာဉ်တွေကို စစ်ဆေးတာတွေ လုပ်ဆောင်လျက်ရှိနေပါတယ်” ဟု (မူရင်း အရေး အသားတိုင်း) ဓာတ်ပုံသုံးပုံဖြင့် ဖြန့်ဝေထားသည်။ ထိုအကြောင်းသည် တယ်လီဂရမ်နှင့် ဂရု(ပ်) ၁၇ ခုတွင် ထပ်ဆင့်ဖြန့်ဝေထားပြီး ကြည့်ရှုသူ ၆၀,၀၀၀ ကျော်ရှိနေပြီဖြစ်သည်။ အလားတူ ဖေ့စ်ဘုတ်တွင်လည်း ပျံ့နှံ့လျက်ရှိသည်။

မဇ္ဈိမ၏ အချက်အလက်စစ်ဆေးသူများမှ စစ်ဆေးခဲ့ရာတွင် ထိုအကြောင်းသည် တစိတ်တပိုင်း မှားယွင်း နေသည့် သတင်းတု ဖြစ်သည်။

သတင်းမှား၌ဖော်ပြထားသည့်ဓာတ်ပုံများသည် ဩဂုတ်လ ၁၁ ရက်နေ့က နယ်ထိန်းရဲတစ်ဦးအား သတင်း အရ ရွှေကျင်-ညောင်လေးပင်လမ်းပိုင်းတနေရာတွင် ဖမ်းဆီးရမိခဲ့ကြောင်း Royal Peacock Column မှ ထုတ်ပြန်ထားသည့် ဗီဒီယိုဖိုင်ထဲမှ ဒီငြိမ်းလင်းပါဝင်သည့်နေရာများအား စခရင်ရှော့(Screenshot) ယူ ထားခြင်းဖြစ်သည်။

Royal Peacock Column မှ သတင်းနှင့် ပြန်ကြားရေးတာဝန်ရှိသူအား မဇ္ဈိမကထိုအကြောင်းအရာ နှင့်ပတ်သက်၍မေးမြန်းရာ ဖမ်းဆီးရမိသည့် ညောင်လေးပင်မြို့နယ်၊ မဒေါက်မြို့ရဲစခန်းမှ နယ်ထိန်းရဲ အောင်ကိုကိုနိုင်အား သက်ဆိုင်ရာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းမှ ထိန်းသိမ်းထားကြောင်း ပြောသည်။

အဆိုပါ လမ်းပိုင်းတွင် အမှတ်(၂)စစ်ဒေသခွဲ၊ တောင်ပိုင်းတိုင်းစစ်ဒေသ၏ ရိုးမဗျူဟာစစ်ကြောင်းများဖြစ် သော Royal Peacock Column၊ Spring Warriors Column ၊ ၃၇၀၂ တပ်ရင်းများမှ ကာကွယ်ရေးတပ်ဖွဲ့ ဝင်များ လမ်းလုံခြုံရေးယူကာ စစ်ဆေးဆောင်ရွက်ခြင်းဖြစ်ပြီး ပြည်သူများမှလည်း စစ်ဆေးမှုတွင် ကြည် ဖြူစွာ ပူးပေါင်းပါဝင်ကြကြောင်း Royal Peacock Column သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူက ပြော သည်။
ထိုလမ်းပိုင်းစစ်ဆေးသည့်အကြောင်းကို သတင်းဌာနများတွင်လည်းဖော်ပြထားကြပြီး သတင်းမှားတွင် ဖော်ပြသကဲ့သို့ ပြည်သူများအား သတ်ဖြတ်ခြင်း မရှိပေ။

လင့် - https://fb.watch/mAEm2TzuxW/
ဤအကြောင်းအရာနှင့်ပတ်သက်၍ “ရွှေကျင်ညောင်လေးပင်က နယ်ထိန်းရဲအဖမ်းခံရပြီးနောက် ပြည်သူ တွေကို PDF ခြိမ်းခြောက်လို့ စစ်ကောင်စီလော်ဘီတွေ သတင်းမှားဖြန့်” ဟု သံလွင်တိုင်းမ်သတင်းဌာနက လည်း အချက်အလက်စစ်ဆေးထားသည်။

လင့် - https://shorturl.at/fnrAK
ထို့ကြောင့် ဒီငြိမ်းလင်းဦးဆောင်သည့် PDF တပ်ဖွဲ့က ရွှေကျင်-ညောင်လေးပင်လမ်းပိုင်း၌ လမ်းစစ်ဆေး ခြင်း ဆောင်ရွက်ခဲ့သော်လည်း ပြည်သူများအား ခြိမ်းခြောက်သတ်ဖြတ်နေသည်ဆိုခြင်းမှာ သတင်းမှား သာဖြစ်သည်။

မဇ္ဈိမ၏သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟုသံသယရှိသည့် အချက်အလက်များ၊ သတင်းဆောင်း ပါးများ၊ သတင်းမှားများကို ယခုလင့် - https://bit.ly/3x5qnf5 သို့ ဝင်ရောက်ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါသည်။

စာတည်း။ ။စောဖေ

#Misinformation_Buster
#Fake_News
#ဒီငြိမ်းလင်း
#royal_peacock_column
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍9❤2😁2🔥1
တောင်ပြုံးပွဲတော် ကျင်းပမည်
😁8👍3
တောင်ပြုံးပွဲတော် ကျင်းပမည်
===============

008
မန္တလေး(မဇ္ဈိမ)။ ။မန္တလေးတိုင်း၊ မတ္တရာမြို့နယ် တောင်ပြုံးကျေးရွာတွင် လေးနှစ်နီးပါး ကိုဗစ်ကြောင့် ပွဲကျင်းပခွင့် ရပ်နားထားခဲ့ရသည့် တောင်းပြုံးမင်းနှစ်ပါးပွဲတော်ကို ဝါခေါင်လဆန်း ၈ရက်(ဩဂုတ် ၂၄)မှစတင်ကာ ဝါခေါင်လဆန်း ၁၅ရက်(ဩဂုတ် ၃၀)နေ့အထိ ကျင်းပသွားမည်ဖြစ်သည်။

မြန်မာနိုင်ငံတွင် အစည်ကားဆုံးပွဲတော်များထဲတွင် တခုပါဝင်ပြီး နတ်ကိုးကွယ်ယုံကြည်သူအများစု လာရောက်ကြခြင်းဖြစ်သည်။
“အရင်ကလည်း ပိတ်ထားတယ် ဆိုပေမယ့် ပွဲတော်ရက်ကတော့ ရိုးရာအတိုင်း လာ ပသ နေကြတာပဲ၊ မြန်မာပြည်အနှံ့က ဆိုင်တဲ့သူ လာရတာပဲ။အခုကတော့ အဝေးကသူတွေက အကြောင်းအမျိုးမျိုးကြောင့် မလာနိုင်ကြပါဘူး။ အခုတောင် ပွဲစတာနဲ့ အမြင်ပဲလေ နန်းကြီးပေါ် ပန်းဆက်နေတာ အပြည့်ပဲ။”ဟု နန်းထိန်းတဦးက ပြောသည်။

ယခင်က ပွဲတော်ရက်အတွင်း လာရောက်သူအများစုသည် တောင်ပြုံးကျေးရွာတွင် အဆောင်များ၌ အခကြေးငွေပေးနေထိုင်သူများရှိသလို သက်ဆိုင်ရာ နတ်နန်းများတွင်လည်း တည်းခိုကြသူများရှိကြောင်းသိရသည်။ ယခုနှစ်တွင် စစ်ကောင်စီ၏ တင်းကျပ်ထားမှုကြောင့် ညအိပ်လာရောက်သူ မရှိသလောက် နည်းပါးကြောင်း ဒေသခံ တဦးကပြောသည်။

“ပွဲတော် ကျင်းပခွင့်ရတယ်ဆိုတော့ ပျော်တာပေါ့။ မျှော်တာပေါ့ဗျာ၊ ရွာက ဒီပွဲမျှော်တာလေ။ ကျွန်တော်တို့က အိမ်ငှားစားတာပေါ့ ၊ ပွဲတော်ရက်အတွင်းလေ၊ အဲလိုဆိုတော့ အဆောင်လေးတွေ ပြင်ရဆင်ရတာပေါ့၊ ပြင်လည်းပြီးရော အဝေးဧည့်သည် လက်ခံရင် အိမ်ရှင်တာဝန်တွေ ဘာတွေ ဖြစ်လာတော့ အခက်တွေ့ရော၊ နယ်စုံ လူစုံလာမှာလေ။ အရင် ရိုးရာအတွက်ရော အပျော်သဘောရော လာကြတာ။”ဟု ဒေသခံတဦးကပြောသည်။

တောင်းပြုံးကျေးရွာအတွင်း နတ်နန်းများစွာရှိပြီး ယခုလိုပွဲတော်အချိန်တွင် နတ်နန်းအသီးသီး၌ နတ်ဒိုးသံများ ညံနေပြီး ယခုနှစ်တွင် နတ်နန်းများ၌ ဆိုင်းဝိုင်းများမရှိဘဲ ယခင်က ပွဲတော်ကာလ၌ နာမည်ကြီး ဇာတ်အဖွဲ့များ၊ ကြည့်ချင်ပွဲများဖြင့် စည်ကားခဲ့ကြောင်းသိရသည်။

တောင်ပြုံးပွဲတော်သည် ဝါခေါင် လဆန်း ၁၁ရက်၊ ၁၂ရက်နှင့်၁၃ရက်နေ့တို့တွင် အစည်ကားဆုံးနေ့ဖြစ်ပြီး ထိုနေ့များသည် မင်းနှစ်ပါး ချိုးရေတော်သုံးသည့်နေ့နှင့် ထိန်ခုတ်သည့်နေ့များဖြစ်ကြောင်း သိရသည်။

ယခုနှစ်တောင်ပြုံးပွဲတော်တွင် ဆိုင်ကယ်အပ်နှံခ တစီး ၁,၀၀၀ မှ ၂,၅၀၀ ကျပ်အထိဖြစ်ပြီး ကားတစီး ၃,၀၀၀ မှ ၅,၀၀၀ ကျပ်အထိ အသီးသီးရှိကြောင်းသိရသည်။

တောင်ပြုံးပွဲတော်သို့ လာရောက်ကြသည့်သူများတွင် တောင်ပြုံးကျေးရွာ အဝင်မုခ်ဦး မရောက်ခင် ဆိုင်ကယ်တစီး ၁,၀၀၀ ကျပ် ကားတစီး ၅,၀၀၀ ကျပ်ကို ဝါးလုံးတား ကောက်ခံနေကြောင်းပြီး မန္တလေး-မတ္တရာလမ်းမှ တောင်ပြုံးကျေးရွာသို့ အဝင်လမ်းတလျှောက်တွင်လည်း ပိုက်ဆံကြဲပါဗျို့ ဟုဆိုကာ ဆိုင်ကယ်၊ ကားနောက်ကို အုပ်စုလိုက် လိုက်ပြီး ပိုက်ဆံတောင်းသူများကြောင့် ယာဉ်ကြောပိတ်ဆို့ခြင်းနှင့် ယာဉ်မတော်တဆမှုများ ဖြစ်ပေါ်မည်ကို ဒေသခံတချို့က စိုးရိမ်ကြောင်းသိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#မတ္တရာမြို့နယ်
#တောင်ပြုံးပွဲတော်
#နတ်နန်း

ပုံစာ-တောင်ပြုန်းပွဲတော် ၂၀၂၃ခုနှစ် ဩဂုတ် ၂၅ရက်မြင်ကွင်း

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😁7👍6
​​ကစားသမားကို အနမ်းပေးမှုကြောင့် ရာထူးမှ နုတ်ထွက်ဖို့ စပိန်ဘောလုံးအဖွဲ့ချုပ် အကြီးအကဲ ရူဘီယာလက်စ် ငြင်းဆို
=================

လူးဝစ် ရူဘီယာလက်စ်ဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ကျင်းပခဲ့တဲ့ အမျိုးသမီး ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ သူ့ရဲ့အပြုအမူကြောင့် စပိန်ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌရာထူးကနေ နုတ်ထွက်ဖို့ ငြင်းဆိုလိုက်ပါတယ်။

အင်္ဂလန်ကို ၁-၀ ဂိုးနဲ့ အနိုင်ရပြီးနောက်မှာ အသက် ၄၆ နှစ်ရှိ ရူဘီယာလက်စ်ဟာ တိုက်စစ်မှူး ဂျနီ ဟာမိုဆိုရဲ့နှုတ်ခမ်းကို နမ်းခဲ့တာပါ။
ဒါ့အပြင် အစောပိုင်းက သူဟာ နောက်ဆုံး ပွဲသိမ်းဝီစီမှုချိန်မှာ အောင်ပွဲခံနေစဉ် ပေါင်ကြားကို ကိုင်ပြီး မဖွယ်မရာပြုလုပ်ခဲ့ပါသေးတယ်။

“ကျနော် နုတ်ထွက်မှာ မဟုတ်ပါဘူး၊ နုတ်ထွက်မှာ မဟုတ်ပါဘူး။ လူမှုရေးအရ လုပ်ကြံမှု ဖြစ်ပွားနေတာပါ။”လို့ သူက အဖွဲ့ချုပ်မှ အရေးပေါ် ခေါ်ယူတဲ့ အထူး အထွေထွေ ညီလာခံမှာ ပြောခဲ့ပါတယ်။
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA)က ကြာသပတေးနေ့မှာ သူ့ကို စည်းကမ်းပိုင်းဆိုင်ရာ စုံစမ်းစစ်ဆေးမှုတွေ မပြုလုပ်ခင် ရူဘီယာလက်စ်ဟာ နမ်းခဲ့တဲ့အတွက် တနင်္လာနေ့မှာ တောင်းပန်ခဲ့ပါတယ်။

စပိန်ရှိ ကျယ်ပြန့်စွာ ထွက်ပေါ်နေတဲ့ သတင်းတွေအရ ရူဘီယာလက်စ်ဟာ သူ့ရဲ့ နုတ်ထွက်မှုကို သောကြောနေ့မှာ ကြေညာမယ်လို့ သိရပါတယ်။ ဒါပေမယ့် အဲဒီအစား "အဆုံးအထိ တိုက်ပွဲဝင်မယ်"လို့ သူက ဆိုပါတယ်။
👍7🔥2😁1
​​မြန်မာ့အရေး ကုလလုံခြုံရေးကောင်စီအဖွဲ့ဝင် ၁၃ နိုင်ငံ၏ ကြေညာချက် ဘက်လိုက်မှုရှိဟု စစ်ကောင်စီထုတ်ပြန်
=================

001
(မဇ္စျိမ) ။ ။ အရပ်သားများအား သတ်ဖြတ်ခြင်းနှင့် လေကြောင်းတိုက်ခိုက်ခြင်းကို ပြင်းပြင်းထန်ထန်ရှုတ်ချကြောင်း ကုလသမဂ္ဂလုံခြုံရေးကောင်စီအဖွဲ့ဝင် ၁၃ နိုင်ငံ၏ မြန်မာ့အရေး ပူးတွဲကြေညာချက်အား ဘက်လိုက်မှုရှိကြောင်း စစ်ကောင်စီက ဩဂုတ်လ ၂၄ ရက်နေ့ကထုတ်ပြန်သည်။

မြန်မာနိုင်ငံ၏ အခြေအနေနှင့် ပတ်သက်ပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီက ဩဂုတ်လ ၂၃ ရက်တွင် တံခါးပိတ်ဆွေးနွေးပွဲ ကျင်းပခဲ့ပြီး တရုတ်နှင့် ရုရှားမပါဝင်ဘဲ ကျန်အဖွဲ့ဝင် ၁၃ နိုင်ငံက ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့သည်။

ပြီးခဲ့သည့် လများအတွင်း မြန်မာနိုင်ငံတဝန်းတွင် ရက်စက်သော အကြမ်းဖက်မှုများ ဆက်လက်ဖြစ်ပေါ်နေသည်ကို မြင်တွေ့ခဲ့ရကြောင်း၊ အရပ်သားများကို သတ်ဖြတ်ခြင်းနှင့် အထူးသဖြင့် လေကြောင်း တိုက်ခိုက်မှုများကို ဆက်လက်အသုံးပြုခြင်းတို့အတွက် ပြင်းထန်စွာ ရှုတ်ချပြီး နိုင်ငံတကာဥပဒေကို လေးစားလိုက်နာရန်နှင့် အရပ်သားများကို အကာအကွယ်ပေးရန် လိုအပ်ကြောင်း ကုလလုံခြုံရေးကောင်စီအဖွဲ့ဝင် ၁၃ နိုင်ငံက တောင်းဆိုခဲ့သည်။

အဆိုပါ လုံခြုံရေးကောင်စီအဖွဲ့ဝင် ၁၃ နိုင်ငံ၏ ထုတ်ပြန်ချက်မှာ မြန်မာနိုင်ငံနှင့် ပတ်သက်၍ ဝင်ရောက်စွက်ဖက်ခြင်းဖြစ်ပြီး မှန်ကန်မှုမရှိသည့် ဖော်ပြချက်များ ပါရှိနေကြောင်း စစ်ကောင်စီလက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

စစ်ကောင်စီအနေဖြင့် လိုအပ်သည့် လုံခြုံရေးဆိုင်ရာ အရေးယူမှုများကို အတတ်နိုင်ဆုံး ထိန်းသိမ်းဆောင်ရွက်လျက်ရှိသည်ဟု စစ်ကောင်စီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ လိုအပ်နေသည့်လူပေါင်း ၁၈ သန်းကျော်ရှိပြီး လူဦးရေ နှစ်သန်းသည် အိုးမဲ့အိမ်မဲ့ဖြစ်လျက် ၁၅ သန်းကျော်မှာ စားနပ်ရိက္ခာ မလုံလောက်မှုနှင့် ကြုံတွေ့နေရကြောင်း ကုလလုံခြုံရေးကောင်စီ၏ ထုတ်ပြန်ချက်အပေါ်တွင်လည်း ကိန်းဂဏန်းများ အဆမတန်ဖောင်းပွနေသည်ဟု စစ်ကောင်စီက တုံ့ပြန်ထားသည်။

လူသားချင်းစာနာမှု လိုအပ်သူများအရေအတွက်ကို တွက်ချက်ရာတွင် ဖွံ့ဖြိုးရေးအကူအညီလိုအပ်သူများကိုပါ ထည့်သွင်းထားသည်ဟု ဆိုသည်။

မြန်မာနိုင်ငံ၏ အခြေအနေသည် ပြည်တွင်းရေးသာဖြစ်ကြောင်း၊ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်အဆို ၂၆၆၉ တွင် နိုင်ငံရေးသွတ်သွင်းမှုများ ပါဝင်ကြောင်း၊ လူသားချင်းစာနာထောက်ထားမှုနှင့် လူ့အခွင့်အရေး ကိစ္စရပ်များသည် အခြားကုလသမဂ္ဂရုံးများ၏ လုပ်ပိုင်ခွင့်များတွင် ပါဝင်ပြီးဖြစ်၍ လုံခြုံရေးကောင်စီတွင် ဆွေးနွေးခြင်းသည်ဆီလျော်မှုမရှိကြောင်း စစ်ကောင်စီက ထုတ်ပြန်သည်။

အဆိုပါ ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ကြေညာချက်ကို အယ်လ်ဘေးနီးယား၊ ဘရာဇီး၊ အီကွေဒေါ၊ ပြင်သစ်၊ ဂါဘွန်၊ ဂါနာ၊ ဂျပန်၊ မော်လတာ၊ မိုဇမ်ဘစ်၊ ဆွစ်ဇာလန်၊ အာရပ်စော်ဘွားများပြည်ထောင်စု၊ အမေရိကန်ပြည်ထောင်စုနှင့် ဗြိတိန်နိုင်ငံတို့က ပူးတွဲထုတ်ပြန်ခဲ့ကြခြင်း ဖြစ်သည်။

စစ်ကောင်စီအနေဖြင့် မြန်မာနိုင်ငံနှင့် ပတ်သက်ပြီး ချမှတ်ထားသည့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်အမှတ် ၂၆၆၉ ကို အကောင်အထည်ဖော်ရာတွင် လုံလောက်သည့် တိုးတက်မှုမရှိကြောင်း ကုလလုံခြုံရေးကောင်စီအဖွဲ့ဝင် ၁၃ နိုင်ငံက ထောက်ပြခဲ့ကြသည်။

စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)

#ကုလသမဂ္ဂလုံခြုံရေးကောင်စီ
#စစ်ကောင်စီ

Photo - ကုလသမဂ္ဂလုံခြုံရေးကောင်စီအဖွဲ့ဝင်များအား သြဂုတ်လ ၂၃ ရက်နေ့က တွေ့ရစဥ် (French Embassy in Myanmar)

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍9❤4👏2🤣2
စစ်ကောင်စီတပ်က မျက်စိအထူးကုဆရာဝန်ကို ဖမ်းပြီး ဆေးခန်းနှင့်နေအိမ်ကို ချိပ်ပိတ်
🤬7🔥1👏1
စစ်ကောင်စီတပ်က မျက်စိအထူးကုဆရာဝန်ကို ဖမ်းပြီး ဆေးခန်းနှင့်နေအိမ်ကို ချိပ်ပိတ်
========================

007
(မဇ္စျိမ) ။ ။ စစ်ကောင်စီသည် မန္တလေးမြို့က မျက်စိအထူးကုဆရာဝန်ကြီးဥ်ီးမြသန်းနှင့် မိသားစုဝင်နှစ်ဦးတို့ကို PDF ထောက်ပံ့ကြောင်းစွပ်စွဲချက်ဖြင့် ဖမ်းဆီးပြီး နေအိမ်ကိုပါချိပ်ပိတ်လိုက်ကြောင်း ဆရာဝန်ကြီးမိသားစုနှင့် နီးစပ်သည့်အသိုက်အဝန်းထံမှ သိရသည်။

"လော်ဘီတွေလက်ထောက်ချပြီး နာရီပိုင်းပဲရှိသေးတယ်၊ စကစ(စစ်ကောင်စီတပ်ဖွဲ့)တွေက ဆရာကြီးနဲ့သူ့အမျိုးသမီးကို ဆရာကြီးရဲ့ကွန်ဒိုမှာဝင်ဖမ်းတယ်၊ ဆရာကြီးရဲ့သားကိုပါ တခါတည်းဖမ်းခေါ်သွားတာ၊ ဆရာကြီးအမျိုးသမီးက တက္ကသိုလ်ပါမောက္ခ CDM ပါ" ဟု နီးစပ်သည့်အသိုက်အဝန်းမှ အမည်မဖော်လိုသူတဦးက ပြောသည်။

သြဂုတ် ၂၃ ရက်မွန်းလွဲပိုင်းက ဆရာဝန်ကြီးနှင့်မိသားစုနေထိုင်ရာ ကွန်ဒိုတိုက်ခန်းတွင် ဝင်ရောက်ဖမ်းဆီးသွားခြင်းဖြစ်ပြီး ဆရာဝန်ကြီးဦးမြသန်းနှင့်အတူ ဇနီးဖြစ်သူ ဒေါ်မြင့်မြတ်ခိုင်(မန္တလေးအဝေးသင်တက္ကသိုလ်ပါမောက္ခ)နှင့် သားဖြစ်သူဦးရန်နောင်ထွန်းတို့ကို ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း သိရသည်။
"
ဖမ်းသွားပြီး ချက်ချင်းပဲ ချိပ်ပိတ်တယ်၊ မျက်စိစမ်းသပ်ခန်းဖွင့်ထားတဲ့ အနောက်ကျုံးကအိမ်ရယ်၊ အဲဒီဘေးက ကွန်ဒိုတိုက်ခန်းရယ်ကို ချိပ်လာပိတ်တယ်၊ မြို့နယ်ထွေအုပ်နဲ့ ရဲတွေလည်း ပါတယ်၊ စစ်တိုင်းမှူးရဲ့ပီအေနဲ့အဖွဲ့လည်းပါတယ်၊ ထုံးစံအတိုင်းပဲ PDF ထောက်ပံ့လို့ဆိုပြီး စွပ်စွဲထားတယ်၊ တကယ်က ဆရာကြီးဇနီး CDM လုပ်ထားတာအပေါ် မကျေနပ်ဖြစ်ပြီး ယုတ်မာတာ" ဟု လုံခြုံရေးအရ အမည်မဖော်လိုသူတဦးက ပြောသည်။

ဆရာဝန်ကြီးတို့မိသားစုသုံးဦးအား စစ်ကောင်စီကို ဝါဒဖြန့်ပေးနေသည့် တယ်လီဂရမ်ချန်နယ်များက ဖော်ပြလာပြီးနောက် ဝင်ရောက်ဖမ်းဆီးခဲ့ကာ ၎င်းတို့ပိုင်ဆိုင်သော မန္တလေးတိုင်း အောင်မြေသာစံမြို့နယ်၊ လမ်း ၈၀ နှင့် ၂၄ လမ်းထောင့်ရှိ 'တက်နေလင်း' မျက်စိမျက်မှန်စမ်းသပ်ခန်း ဖွင့်လှစ်ထားသည့် နေအိမ်အပြင် ကွန်ဒိုတိုက်ခန်းကိုပါ ချိပ်ပိတ်သွားခြင်းဖြစ်သည်။

မန္တလေးမြို့တွင် ပြီးခဲ့သည့် သြဂုတ်လ ၁၇ ရက်နေ့ကလည်း မဟာအောင်မြေမြို့နယ် ၊ လမ်း ၈၀ နှင့် ၃၇ လမ်းထောင့်ရှိ Golden Gate ကိုယ်ပိုင်အထက်တန်းကျောင်းပိုင်ရှင်နှင့် ဆရာ၊ ဆရာမခြောက်ဦးတို့ကို PDF ထောက်ပံ့ကြောင်း စွပ်စွဲချက်ဖြင့် စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးပြီး ကျောင်းကိုပါ ချိပ်ပိတ်လိုက်သည့် ဖြစ်စဥ်တခု ဖြစ်ပွားခဲ့သေးသည်။

အလားတူပင် စစ်ကောင်စီက ချမ်းအေးသာစံမြို့နယ် ၊ လမ်း ၃၀၊ လမ်း ၈၀ နှင့် ၈၁ လမ်းကြားရှိ 'အောင်မြန်မာစာရေးကိရိယာ ရောင်းဝယ်ရေး' လုပ်ငန်းရှင် အမျိုးသမီးနှင့် သမီးသုံးဦးတို့ကိုလည်း PDF ထောက်ပံ့ကြောင်း စွပ်စွဲချက်ဖြင့်ပင် ဖမ်းဆီးပြီး နေအိမ်အဆောက်အဦကိုပါ ချိပ်ပိတ်ခဲ့သေးသည်။

စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)

#မန္တလေးတိုင်း
#စစ်ကောင်စီတပ်
#ဖမ်းဆီးမှု
#ချိပ်ပိတ်
#Hardnews

ပုံအညွှန်း-မျက်စိအထူးကုဆရာဝန်ကြီးမိသားစုသုံးဦးကိုဖမ်းဆီးပြီး ဆေးခန်းနှင့်ကွန်ဒိုကို စကစကချိပ်ပိတ်ခဲ့သည်(ဓာတ်ပုံ CJ)

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။
https://bit.ly/2VhJ12U
🤬10🔥4👍1👏1