စစ်ကောင်စီတပ်က မျက်စိအထူးကုဆရာဝန်ကို ဖမ်းပြီး ဆေးခန်းနှင့်နေအိမ်ကို ချိပ်ပိတ်
🤬7🔥1👏1

========================
007
(မဇ္စျိမ) ။ ။ စစ်ကောင်စီသည် မန္တလေးမြို့က မျက်စိအထူးကုဆရာဝန်ကြီးဥ်ီးမြသန်းနှင့် မိသားစုဝင်နှစ်ဦးတို့ကို PDF ထောက်ပံ့ကြောင်းစွပ်စွဲချက်ဖြင့် ဖမ်းဆီးပြီး နေအိမ်ကိုပါချိပ်ပိတ်လိုက်ကြောင်း ဆရာဝန်ကြီးမိသားစုနှင့် နီးစပ်သည့်အသိုက်အဝန်းထံမှ သိရသည်။
"လော်ဘီတွေလက်ထောက်ချပြီး နာရီပိုင်းပဲရှိသေးတယ်၊ စကစ(စစ်ကောင်စီတပ်ဖွဲ့)တွေက ဆရာကြီးနဲ့သူ့အမျိုးသမီးကို ဆရာကြီးရဲ့ကွန်ဒိုမှာဝင်ဖမ်းတယ်၊ ဆရာကြီးရဲ့သားကိုပါ တခါတည်းဖမ်းခေါ်သွားတာ၊ ဆရာကြီးအမျိုးသမီးက တက္ကသိုလ်ပါမောက္ခ CDM ပါ" ဟု နီးစပ်သည့်အသိုက်အဝန်းမှ အမည်မဖော်လိုသူတဦးက ပြောသည်။
သြဂုတ် ၂၃ ရက်မွန်းလွဲပိုင်းက ဆရာဝန်ကြီးနှင့်မိသားစုနေထိုင်ရာ ကွန်ဒိုတိုက်ခန်းတွင် ဝင်ရောက်ဖမ်းဆီးသွားခြင်းဖြစ်ပြီး ဆရာဝန်ကြီးဦးမြသန်းနှင့်အတူ ဇနီးဖြစ်သူ ဒေါ်မြင့်မြတ်ခိုင်(မန္တလေးအဝေးသင်တက္ကသိုလ်ပါမောက္ခ)နှင့် သားဖြစ်သူဦးရန်နောင်ထွန်းတို့ကို ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း သိရသည်။
"
ဖမ်းသွားပြီး ချက်ချင်းပဲ ချိပ်ပိတ်တယ်၊ မျက်စိစမ်းသပ်ခန်းဖွင့်ထားတဲ့ အနောက်ကျုံးကအိမ်ရယ်၊ အဲဒီဘေးက ကွန်ဒိုတိုက်ခန်းရယ်ကို ချိပ်လာပိတ်တယ်၊ မြို့နယ်ထွေအုပ်နဲ့ ရဲတွေလည်း ပါတယ်၊ စစ်တိုင်းမှူးရဲ့ပီအေနဲ့အဖွဲ့လည်းပါတယ်၊ ထုံးစံအတိုင်းပဲ PDF ထောက်ပံ့လို့ဆိုပြီး စွပ်စွဲထားတယ်၊ တကယ်က ဆရာကြီးဇနီး CDM လုပ်ထားတာအပေါ် မကျေနပ်ဖြစ်ပြီး ယုတ်မာတာ" ဟု လုံခြုံရေးအရ အမည်မဖော်လိုသူတဦးက ပြောသည်။
ဆရာဝန်ကြီးတို့မိသားစုသုံးဦးအား စစ်ကောင်စီကို ဝါဒဖြန့်ပေးနေသည့် တယ်လီဂရမ်ချန်နယ်များက ဖော်ပြလာပြီးနောက် ဝင်ရောက်ဖမ်းဆီးခဲ့ကာ ၎င်းတို့ပိုင်ဆိုင်သော မန္တလေးတိုင်း အောင်မြေသာစံမြို့နယ်၊ လမ်း ၈၀ နှင့် ၂၄ လမ်းထောင့်ရှိ 'တက်နေလင်း' မျက်စိမျက်မှန်စမ်းသပ်ခန်း ဖွင့်လှစ်ထားသည့် နေအိမ်အပြင် ကွန်ဒိုတိုက်ခန်းကိုပါ ချိပ်ပိတ်သွားခြင်းဖြစ်သည်။
မန္တလေးမြို့တွင် ပြီးခဲ့သည့် သြဂုတ်လ ၁၇ ရက်နေ့ကလည်း မဟာအောင်မြေမြို့နယ် ၊ လမ်း ၈၀ နှင့် ၃၇ လမ်းထောင့်ရှိ Golden Gate ကိုယ်ပိုင်အထက်တန်းကျောင်းပိုင်ရှင်နှင့် ဆရာ၊ ဆရာမခြောက်ဦးတို့ကို PDF ထောက်ပံ့ကြောင်း စွပ်စွဲချက်ဖြင့် စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးပြီး ကျောင်းကိုပါ ချိပ်ပိတ်လိုက်သည့် ဖြစ်စဥ်တခု ဖြစ်ပွားခဲ့သေးသည်။
အလားတူပင် စစ်ကောင်စီက ချမ်းအေးသာစံမြို့နယ် ၊ လမ်း ၃၀၊ လမ်း ၈၀ နှင့် ၈၁ လမ်းကြားရှိ 'အောင်မြန်မာစာရေးကိရိယာ ရောင်းဝယ်ရေး' လုပ်ငန်းရှင် အမျိုးသမီးနှင့် သမီးသုံးဦးတို့ကိုလည်း PDF ထောက်ပံ့ကြောင်း စွပ်စွဲချက်ဖြင့်ပင် ဖမ်းဆီးပြီး နေအိမ်အဆောက်အဦကိုပါ ချိပ်ပိတ်ခဲ့သေးသည်။
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)
#မန္တလေးတိုင်း
#စစ်ကောင်စီတပ်
#ဖမ်းဆီးမှု
#ချိပ်ပိတ်
#Hardnews
ပုံအညွှန်း-မျက်စိအထူးကုဆရာဝန်ကြီးမိသားစုသုံးဦးကိုဖမ်းဆီးပြီး ဆေးခန်းနှင့်ကွန်ဒိုကို စကစကချိပ်ပိတ်ခဲ့သည်(ဓာတ်ပုံ CJ)
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။
https://bit.ly/2VhJ12U

🤬10🔥4👍1👏1
ယင်းမာပင်မြို့ရွှေနွယ်သွေးသပိတ်စစ်ကြောင်း ချီတက်ဆန္ဒပြ
==================
ကိုခင်မောင်
(မဇ္ဈိမ) ။ ။စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်မှ ရွှေနွယ်သွေးသပိတ်စစ်ကြောင်းသည် ယနေ့ သြဂုတ်လ ၂၅ ရက်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆက်လက်ချီတက် ဆန္ဒပြခဲ့ကြသည်။
သပိတ်စစ်ကြောင်းသည် “သွေးမအေးတဲ့ ရွှေနွယ်သွေး”စာတန်းနှင့် " အာဇာနည်မျိုး သေရိုးမရှိ" စာတန်းတို့ကို ကိုင်ဆောင်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ၇၆၉ ရက်မြောက်အဖြစ် ချီတက်သပိတ်မှောက်ကြခြင်း ဖြစ်သည်။
#စစ်ကိုင်းတိုင်း
#ယင်းမာပင်မြို့နယ်
#စစ်အာဏာရှင်ဆန့်ကျင်ရေး
#ချီတက်ဆန္ဒပြ
Website Link - http://www.mizzimaburmese.com/article/132590
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

👍5🥰4❤2🔥1😁1
ထိုင်း-ကရင်နီနယ်စပ်တိုက်ပွဲတွင် ကာကွယ်ရေးတပ်ဖွဲ့က လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ
👍9👏4😁1🥴1
ထိုင်း-ကရင်နီနယ်စပ်တိုက်ပွဲတွင် ကာကွယ်ရေးတပ်ဖွဲ့က လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ
==================
ဂျူချန်း
(မဇ္ဈိမ) ။ ။ ထိုင်း-ကရင်နီနယ်စပ်၊ ဆိုးတရှားမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ကာကွယ်ရေးတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး ကာကွယ်ရေးတပ်ဖွဲ့ဝင်များက လက်နက်ခဲယမ်းများ သိမ်းဆည်းရမိသည်ဟု ကရင်နီတပ်မတော် (KA) တပ်ရင်း(၂)က ယနေ့ ဩဂုတ်လ ၂၅ ရက်တွင် ထုတ်ပြန်သည်။
စစ်ကောင်စီတပ်စခန်းများကို လုံခြုံရေး အင်အားဖြည့်ရန် ဆင်းလာသည့် စစ်ကောင်စီတပ်ဖွဲ့ စစ်ကြောင်းအား ကရင်နီတော်လှန်ရေး ပူးပေါင်းတပ်က ကြားဖြတ်တိုက်ခိုက်ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဩဂုတ်လ ၂၃ ရက်တွင် ထိုင်း-ကရင်နီနယ်စပ်ရှိ စစ်ကောင်စီတပ်ခန်း ပွိုင့် (၃၂၂၂) နှင့် ပွိုင့် (၂၈၈၈) တို့ကို ရိက္ခာပို့ရန်နှင့် လုံခြုံရေးအင်အားဖြည့်တင်းရန် စစ်ကူဆင်းလာသည့် ခမရ(၅၁၉) နှင့် ခမရ(၃၃၄)တို့ပါဝင်သည့် စစ်ကောင်စီတပ်ဖွဲ့စစ်ကြောင်းကို ကရင်နီတပ်မတော်( KA )နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ နှစ်နာရီခန့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဖော်ပြထားသည်။
ထို့နောက် ဩဂုတ်လ ၂၄ ရက်တွင် နယ်မြေရှင်းလင်းစဉ် စစ်ကောင်စီတပ်ဖွဲ့၏ လက်နက်ခဲယမ်းများကို သိမ်းဆည်းရမိခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ရုပ်အလောင်း ၁၂ လောင်းကို တွေ့ရှိရသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါ တိုက်ပွဲအတွင်း KA ဘက်မှ ရဲဘော်သုံးဦးလည်း မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
ထိုတိုက်ပွဲအတွင်း ၆၀ မမ ပြောင်းရှည် နှစ်လက်၊ ပြောင်းတို နှစ်လက်၊ ငါးကြင်းမြီး တလက်၊ MA4 နှစ်လက်၊ MA3 ငါးလက်၊ MA2 ငါးလက်၊ MA1 သုံးလက်၊ 9 mm တလက်၊ ၆ဝ မမ ဗုံးသီး ၂၃ လုံး၊ RPG-7 ဗုံးသီး ၃၀ လုံး၊ 40 မမ ဗုံးသီး ၁၄၂ လုံး၊ စွပ်ဗုံး ၃၈ လုံး၊ လက်ပစ်ဗုံး ၄၇ လုံး၊ ၁၈မိုင်း နှစ်လုံး၊ ၁၄မိုင်း ၃ဝ လုံး၊ ကျည်အိမ် ၇၄ ခု၊ ၅.၅၆ ကျည် ၁၂,ဝဝဝ တောင့်၊ ၇.၇၂ ကျည် ၆၀၀ တောင့် နှင့် ဆက်သွယ်ရေးစက်ကြီး သုံးလုံးတို့ကို သိမ်းဆည်းရမိခဲ့ကြောင်း KA တပ်ရင်း(၂)က ထုတ်ပြန်ထားသည်။
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။ သန့်ဇော်(သန်လျင်)
#ကရင်နီပြည်နယ်
#စစ်ကောင်စီတပ်
#တိုက်ပွဲဖြစ်ပွား
ဓါတ်ပုံ-KA တပ်ရင်း(၂)
ပုံစာ-ဩဂုတ် ၂၃ ရက်နေ့ ထိုင်း-ကရင်နီနယ်စပ်တိုက်ပွဲတွင် သိမ်းဆည်းရမိသည့် လက်နက်များ

👍16👏4😁2❤1🤮1
စစ်တပ် လေကြောင်းတိုက်ခိုက်မှု ကျောက်ကြီး ဒေသခံသေဆုံး
======================
YT
(မဇ္ဈိမ) ။ ။ ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်တွင် စစ်ကောင်စီတပ်က လေကြောင်းမှတိုက်ခိုက်မှုကြောင့် ဒေသခံတဦးသေဆုံးပြီး KNLA ပူးပေါင်းတပ်ဖွဲ့မှ ရဲဘော်တဦး ဒဏ်ရာရခဲ့ကြောင်း KNU ဗဟိုက ယနေ့ ဩဂုတ်လ ၂၅ ရက်နေ့တွင် ထုတ်ပြန်သည်။
ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၃) အုပ်ချုပ်နယ်မြေဖြစ်သည့် ကျောက်ကြီးမြို့နယ်အတွင်း သဲသောမူသဲသောခွားကျေးရွာကျေးလက်ဆေးပေးခန်းကို ယမန်နေ့ ဩဂုတ်လ ၂၄ ရက်နေ့၊ နေ့လည် ၁ နာရီ ၃၀ မိနစ်ခန့်တွင် စစ်ကောင်စီတပ်က ဂျက်လေယာဉ်နှစ်စီးဖြင့် ဗုံးခြောက်လုံးကြဲချ တိုက်ခိုက်ခဲ့ခြင်းဟု ထုတ်ပြန်ထားသည်။
တိုက်ခိုက်မှုကြောင့် အသက် ၂၈ နှစ်အရွယ်ဒေသခံ စောဘဘယ်စယ်ဖိုးဆိုသူ ဗုံးစထိမှန်သေဆုံးခဲ့ရပြီး KNLA ပူးပေါင်းတပ်မှ အသက် ၂၃ နှစ်အရွယ် ရဲဘော်မေတ္တာဒဏ်ရာရခဲ့သည်ဟု သိရသည်။ ဆေးပေးခန်းအဆောက်အအုံအချို့ လည်းပျက်စီးခဲ့ကြောင်း KNU က ထုတ်ပြန်ထားသည်။
" သေသွားတာက ဗိုက်ကြီးသည်ရဲ့ယောင်္ကျား။ သူ့မိန်းမ ဆေးခန်းလာပြတာ။ ဒဏ်ရာရတာက PDF လို့ပြောတယ်။ ကျွန်တော်တို့မသိဘူး။ တိုက်ပွဲ မရှိပါဘူး" ဟု ဒေသတွင်း သတင်းရင်းမြစ်တဦးက မဇ္ဈိမကိုပြောသည်။
လက်ရှိကာလတွင် KNU တပ်မဟာ (၃) နယ်မြေအတွင်းရှိ ကျောက်ကြီးမြို့နယ်နှင့် မုန်းမြို့နယ်အတွင်း KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်အကြား တိုက်ပွဲများ ဖြစ်ပွားနေသည်။
တိုက်ပွဲဖြစ်သည့် အချိန်တိုင်းတွင် စစ်ကောင်စီတပ်သည် လူထုအပေါ် ပစ်မှတ်ထား၍ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှု၊ နေအိမ်မီးရှို့ဖျက်ဆီးမှုများကို ပြုလုပ်နေသည်ဟု ဒေသခံများကပြောသည်။
KNU တပ်မဟာ (၃) နယ်မြေတွင် ပြီးခဲ့သည့် ဩဂုတ်လ ပထမအပတ်မှစ၍ စစ်ကောင်စီတပ်၏ ပစ်ခတ်မှု၊ အကြောင်းမဲ့ ဖမ်းဆီးသတ်ဖြတ်မှုများကြောင့် ဒေသခံ ကိုးဦိးသေဆုံး၍ တဦး ဒဏ်ရာရခဲ့ကြောင်း သိရသည်။
စာတည်း - အေးချမ်း
#mizzima
#ကျောက်ကြီးမြို့နယ်
#လေကြောင်းတိုက်ခိုက်မှု
#KNLA
#knu
ပုံအညွှန်း- လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ဒဏ်ရာရသူအား ဆေးကုသပေးနေစဉ် (ဓါတ်ပုံ- KNU)

👍8😁2🤬2🤮2👏1
စည်းရိုးပရောဂျက်မှ ရရှိလက်နက်များ KNDF ထံ အပ်နှံ
=================
ဂျူချန်း
(မဇ္ဈိမ)။ ။ ကရင်နီအမျိုးသားများကာကွယ် ရေးတပ်မတော် KNDF ဗျူဟာအမှတ်(၄) အတွက် ပြုလုပ်ခဲ့သည့် စည်းရိုး-The Fence ပရောဂျက်မှ ရရှိခဲ့သည့် လက်နက်များကို KNDF ရဲဘော်များထံသို့ ယနေ့ ဩဂုတ်လ ၂၅ ရက်နေ့တွင် စစ်အခမ်းအနားဖြင့် အပ်နှံလိုက်သည်။
ကျပ်သိန်း ၁၀,၀၀၀ ရရှိရေးကြိုးစားခဲ့သည့် စည်းရိုး-The Fence ရန်ပုံငွေရှာဖွေရေးအစီအစဉ်ကို ပြီးခဲ့သည့် မတ်လ ၂၀ ရက်နေ့မှ ဧပြီလ ၁၆ ရက်နေ့အထိ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ပရောဂျက်အောင်မြင်ခဲ့ပြီး KNDF ဗျူဟာ (၄) တွင်ပါဝင်သည့် KNDF တပ်ရင်း (၁)၊ တပ်ရင်း (၅)၊ တပ်ရင်း (၆) နှင့် တပ်ရင်း (၇) တို့ထံ လက်နက်များ အပ်နှံခဲ့ခြင်းဖြစ်ကြောင်းစည်းရိုး-The Fence ပရောဂျက်က သတင်းထုတ်ပြန်သည်။
လက်နက်များအပ်နှံသည့်အခမ်းအနားသို့ KNDF ဒုစစ်ဦးစီးချုပ်မာဝီတက်ရောက်ခဲ့ပြီး စည်းရိုးပရောဂျက်နည်းတူ အခြားကမ်ပိန်းများကိုလည်း အားဖြည့်ကူညီကြရန် တိုက်တွန်းထားသည်။
“ပရောဂျက်က အောင်မြင်ခဲ့တယ်။ အောင်မြင်ပြီး ရလာတဲ့ငွေတွေဘယ်ရောက်လို့ရောက်ကုန်လဲဆိုတာမျိုးမဖြစ်ရလေအောင် ပွင့်လင်းမြင်သာစွာနဲ့ ကျနော်တို့ ရဲဘော်တွေလက်ထဲကို စစ်အခမ်းအနားနဲ့ အပ်နှင်းခဲ့ပါပြီ။ ကျနော်တို့ KNDF ကို ပံ့ပိုးရခြင်းဟာ အချည်းအနှီးမဖြစ်စေရဘူးလို့ ကျနော်တို့ အာမခံကတိထပ်လောင်းပေးအပ်ပါတယ်” ဟု KNDF ဒုစစ်ဦးစီးချုပ်မာဝီ က ၎င်း၏ လူမှုကွန်ရက် စာမျက်နှာတွင် ဖော်ပြထားသည်။
ပရောဂျက်ကို မြန်မာ၊ ထိုင်း၊ မလေး ရှား၊ စင်္ကာပူ၊ ကိုးရီးယား၊ ဂျပန်၊ ထိုင်ဝမ်၊ ဟောင်ကောင်၊ အမေရိကန်၊ ကနေဒါ၊ ဩစတေးလျ၊ UK၊ ဥရောပ နိုင်ငံများနှင့် အာရပ်စော်ဘွားများပြည်ထောင်စု စသည့်နိုင်ငံအသီးသီးမှ အလှူရှင်များ ပါဝင်လှူဒါန်းခဲ့ကြောင်း သိရသည်။
လက်ရှိတွင် KNDF ဗျူဟာအမှတ်(၆) မှ စစ်ရေးချုပ် ခူးရီးဒူဦးဆောင်ပြီး “ကရင်နီပြည်ရောက် မအလ တပ်မ ပျောက်” ဟူသော ကမ်ပိန်းကို ဩဂုတ်လ ၂၃ ရက်နေ့မှ စက်တင်ဘာလ ၂၃ ရက်နေ့အထိ ကျပ်သိန်း ၁၀,၀၀၀ ရရှိရန် ရည်ရွယ်ပြုလုပ်နေသည်။ ပြည်သူများအနေဖြင့် ပါဝင်အားဖြည့်ပေးကြရန် တော်လှန်ရေးအင်အားစုက တိုက်တွန်းထားသည်။
စာတည်း - အေးချမ်း
#mizzima
#KNDFဗျူဟာအမှတ်(၄)
#စည်းရိုး-The Fenceပရောဂျက်
#လက်နက်များအပ်နှံ
ပုံ - KNDF ထံ လက်နက်အပ်နှံပွဲအခမ်းအနား
Photo/စည်းရိုး-The Fence

❤14👍3👏3😁2🔥1