စည်းရိုးပရောဂျက်မှ ရရှိလက်နက်များ KNDF ထံ အပ်နှံ
=================
ဂျူချန်း
(မဇ္ဈိမ)။ ။ ကရင်နီအမျိုးသားများကာကွယ် ရေးတပ်မတော် KNDF ဗျူဟာအမှတ်(၄) အတွက် ပြုလုပ်ခဲ့သည့် စည်းရိုး-The Fence ပရောဂျက်မှ ရရှိခဲ့သည့် လက်နက်များကို KNDF ရဲဘော်များထံသို့ ယနေ့ ဩဂုတ်လ ၂၅ ရက်နေ့တွင် စစ်အခမ်းအနားဖြင့် အပ်နှံလိုက်သည်။
ကျပ်သိန်း ၁၀,၀၀၀ ရရှိရေးကြိုးစားခဲ့သည့် စည်းရိုး-The Fence ရန်ပုံငွေရှာဖွေရေးအစီအစဉ်ကို ပြီးခဲ့သည့် မတ်လ ၂၀ ရက်နေ့မှ ဧပြီလ ၁၆ ရက်နေ့အထိ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ပရောဂျက်အောင်မြင်ခဲ့ပြီး KNDF ဗျူဟာ (၄) တွင်ပါဝင်သည့် KNDF တပ်ရင်း (၁)၊ တပ်ရင်း (၅)၊ တပ်ရင်း (၆) နှင့် တပ်ရင်း (၇) တို့ထံ လက်နက်များ အပ်နှံခဲ့ခြင်းဖြစ်ကြောင်းစည်းရိုး-The Fence ပရောဂျက်က သတင်းထုတ်ပြန်သည်။
လက်နက်များအပ်နှံသည့်အခမ်းအနားသို့ KNDF ဒုစစ်ဦးစီးချုပ်မာဝီတက်ရောက်ခဲ့ပြီး စည်းရိုးပရောဂျက်နည်းတူ အခြားကမ်ပိန်းများကိုလည်း အားဖြည့်ကူညီကြရန် တိုက်တွန်းထားသည်။
“ပရောဂျက်က အောင်မြင်ခဲ့တယ်။ အောင်မြင်ပြီး ရလာတဲ့ငွေတွေဘယ်ရောက်လို့ရောက်ကုန်လဲဆိုတာမျိုးမဖြစ်ရလေအောင် ပွင့်လင်းမြင်သာစွာနဲ့ ကျနော်တို့ ရဲဘော်တွေလက်ထဲကို စစ်အခမ်းအနားနဲ့ အပ်နှင်းခဲ့ပါပြီ။ ကျနော်တို့ KNDF ကို ပံ့ပိုးရခြင်းဟာ အချည်းအနှီးမဖြစ်စေရဘူးလို့ ကျနော်တို့ အာမခံကတိထပ်လောင်းပေးအပ်ပါတယ်” ဟု KNDF ဒုစစ်ဦးစီးချုပ်မာဝီ က ၎င်း၏ လူမှုကွန်ရက် စာမျက်နှာတွင် ဖော်ပြထားသည်။
ပရောဂျက်ကို မြန်မာ၊ ထိုင်း၊ မလေး ရှား၊ စင်္ကာပူ၊ ကိုးရီးယား၊ ဂျပန်၊ ထိုင်ဝမ်၊ ဟောင်ကောင်၊ အမေရိကန်၊ ကနေဒါ၊ ဩစတေးလျ၊ UK၊ ဥရောပ နိုင်ငံများနှင့် အာရပ်စော်ဘွားများပြည်ထောင်စု စသည့်နိုင်ငံအသီးသီးမှ အလှူရှင်များ ပါဝင်လှူဒါန်းခဲ့ကြောင်း သိရသည်။
လက်ရှိတွင် KNDF ဗျူဟာအမှတ်(၆) မှ စစ်ရေးချုပ် ခူးရီးဒူဦးဆောင်ပြီး “ကရင်နီပြည်ရောက် မအလ တပ်မ ပျောက်” ဟူသော ကမ်ပိန်းကို ဩဂုတ်လ ၂၃ ရက်နေ့မှ စက်တင်ဘာလ ၂၃ ရက်နေ့အထိ ကျပ်သိန်း ၁၀,၀၀၀ ရရှိရန် ရည်ရွယ်ပြုလုပ်နေသည်။ ပြည်သူများအနေဖြင့် ပါဝင်အားဖြည့်ပေးကြရန် တော်လှန်ရေးအင်အားစုက တိုက်တွန်းထားသည်။
စာတည်း - အေးချမ်း
#mizzima
#KNDFဗျူဟာအမှတ်(၄)
#စည်းရိုး-The Fenceပရောဂျက်
#လက်နက်များအပ်နှံ
ပုံ - KNDF ထံ လက်နက်အပ်နှံပွဲအခမ်းအနား
Photo/စည်းရိုး-The Fence
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

❤14👍3👏3😁2🔥1
This media is not supported in your browser
VIEW IN TELEGRAM
ရွှေကျင်-ညောင်လေးပင်လမ်းပိုင်းတွင် PDF များက ပြည်သူများအား သတ်ဖြတ်ခြင်းမရှိ
အပြည့်အစုံဖတ်ရန် t.ly/ve13_
#misinformation_buster #Fake_News #Royal_Peacock_Column #reels #shorts

👍10🤮2🥴2
စစ်ကောင်စီအကျဉ်းထောင်က ပြန်လွတ်လာတဲ့ ရဲ CDM နဲ့ အင်တာဗျူး
====================
မင်းထက်
(မဇ္ဈိမ) ။ ။"ညွှန်မှူးရုံးအဖွဲ့တွေဝင်လာပြီး ကျွန်တော်တို့ကို လောက် လေး ဂွနဲ့ပစ်တယ်၊ ရင်ဘတ်တွေ မှန်တယ်၊ ဗိုက်တွေမှန်တယ်။ကျွန်တော့်အစ်ကိုက မင်းခွေး ကိုက်တော့မခံနဲ့ကွာတဲ့၊ နောက်ထပ်လုပ်စရာတွေရှိ သေးတယ်၊ ဝမ်းလျားမှောက် ပေးလိုက်ပါတဲ့၊ မှောက်ပေးလိုက်ရတယ်၊ အဲ့မှာ ကျွန်တော်တို့ကို လည်ပင်းတွေ တက်နင်း၊ ခေါင်းတွေဖြတ်ကန်ပြီးတော့ လက်ထိပ်ခတ်တယ်ပေါ့"ဟု ရဲ CDM ကိုတာရာလင်းက မဇ္ဈိမကို ပြောပါတယ်။
ဧရာဝတီတိုင်း၊ ကြံခင်းမြို့နယ်၊ တလိုင်းကွင်းကျေးရွာမှာ နေထိုင်ပြီး ကြံခင်းမြို့မရဲစခန်းမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ရဲဲဒုတပ်ကြပ်တာရာလင်းနဲ့ အစ်ကိုဖြစ်သူ ရဲတပ်သားသူရိန်လင်းတို့ ညီအစ်ကိုနှစ်ဦးဟာ စစ်တပ်အာဏာသိမ်းပြီး နောက်တရက်ဖြစ်တဲ့ ဖေဖော်ဝါရီလ ၂ ရက်နေ့က လူမှုကွန်ယက်မှာ စစ်အာဏာရှင်အလိုမရှိကြောင်း ရေးသားခဲ့ကြပါတယ်။
ဒါကြောင့် ဖေဖော်ဝါရီလ ၃ ရက်နေ့မှာ နှစ်ယောက်လုံး ဖမ်းဆီးခံခဲ့ကြရပါတယ်။ သူတို့နှစ်ဦးထဲက ညီဖြစ်သူ ကိုတာရာလင်းဟာ အခုနှစ် ဩဂုတ်လ ၁ ရက်နေ့မှာ စစ်ကောင်စီရဲ့ အကျဉ်းထောင်ကနေ ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။ အစ်ကိုဖြစ်သူ ကိုသူရိန်လင်းကတော့ ဆက်လက်ထိန်းသိမ်း ခံထားရဆဲပါ။
ထောင်က လွတ်မြောက်လာတဲ့ ရဲဒုတပ်ကြပ်တာရာလင်းရဲ့ အတွေ့အကြုံနဲ့ ရှေ့ဆက်လုပ်ဆောင်သွားမယ့် အခြေအနေတွေအပေါ် မဇ္စျိမက ဆက်သွယ်မေးမြန်းထားပါတယ်။
ရုပ်သံတည်းဖြတ် = နောင်နောင်
“Supported by the Staying Resilient Amidst Multiple Crises in Southeast Asia initiative of SEA Junction in partnership with CMB Foundation”
https://youtu.be/UJKlT7I_tgA?si=6R8SWLB9HBDtfP6U
#ရဲတပ်ကြပ်တာရာလင်း
#ပထမဆုံးအဖမ်းခံ
#Mizzima
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
====================
မင်းထက်
(မဇ္ဈိမ) ။ ။"ညွှန်မှူးရုံးအဖွဲ့တွေဝင်လာပြီး ကျွန်တော်တို့ကို လောက် လေး ဂွနဲ့ပစ်တယ်၊ ရင်ဘတ်တွေ မှန်တယ်၊ ဗိုက်တွေမှန်တယ်။ကျွန်တော့်အစ်ကိုက မင်းခွေး ကိုက်တော့မခံနဲ့ကွာတဲ့၊ နောက်ထပ်လုပ်စရာတွေရှိ သေးတယ်၊ ဝမ်းလျားမှောက် ပေးလိုက်ပါတဲ့၊ မှောက်ပေးလိုက်ရတယ်၊ အဲ့မှာ ကျွန်တော်တို့ကို လည်ပင်းတွေ တက်နင်း၊ ခေါင်းတွေဖြတ်ကန်ပြီးတော့ လက်ထိပ်ခတ်တယ်ပေါ့"ဟု ရဲ CDM ကိုတာရာလင်းက မဇ္ဈိမကို ပြောပါတယ်။
ဧရာဝတီတိုင်း၊ ကြံခင်းမြို့နယ်၊ တလိုင်းကွင်းကျေးရွာမှာ နေထိုင်ပြီး ကြံခင်းမြို့မရဲစခန်းမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ရဲဲဒုတပ်ကြပ်တာရာလင်းနဲ့ အစ်ကိုဖြစ်သူ ရဲတပ်သားသူရိန်လင်းတို့ ညီအစ်ကိုနှစ်ဦးဟာ စစ်တပ်အာဏာသိမ်းပြီး နောက်တရက်ဖြစ်တဲ့ ဖေဖော်ဝါရီလ ၂ ရက်နေ့က လူမှုကွန်ယက်မှာ စစ်အာဏာရှင်အလိုမရှိကြောင်း ရေးသားခဲ့ကြပါတယ်။
ဒါကြောင့် ဖေဖော်ဝါရီလ ၃ ရက်နေ့မှာ နှစ်ယောက်လုံး ဖမ်းဆီးခံခဲ့ကြရပါတယ်။ သူတို့နှစ်ဦးထဲက ညီဖြစ်သူ ကိုတာရာလင်းဟာ အခုနှစ် ဩဂုတ်လ ၁ ရက်နေ့မှာ စစ်ကောင်စီရဲ့ အကျဉ်းထောင်ကနေ ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။ အစ်ကိုဖြစ်သူ ကိုသူရိန်လင်းကတော့ ဆက်လက်ထိန်းသိမ်း ခံထားရဆဲပါ။
ထောင်က လွတ်မြောက်လာတဲ့ ရဲဒုတပ်ကြပ်တာရာလင်းရဲ့ အတွေ့အကြုံနဲ့ ရှေ့ဆက်လုပ်ဆောင်သွားမယ့် အခြေအနေတွေအပေါ် မဇ္စျိမက ဆက်သွယ်မေးမြန်းထားပါတယ်။
ရုပ်သံတည်းဖြတ် = နောင်နောင်
“Supported by the Staying Resilient Amidst Multiple Crises in Southeast Asia initiative of SEA Junction in partnership with CMB Foundation”
https://youtu.be/UJKlT7I_tgA?si=6R8SWLB9HBDtfP6U
#ရဲတပ်ကြပ်တာရာလင်း
#ပထမဆုံးအဖမ်းခံ
#Mizzima
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
YouTube
စစ်ကောင်စီအကျဉ်းထောင်က ပြန်လွတ်လာတဲ့ ရဲ CDM နဲ့ အင်တာဗျူး
မင်းထက် (မဇ္ဈိမ) ။ ။ "ညွှန်မှူးရုံးအဖွဲ့တွေဝင်လာပြီး ကျွန်တော်တို့ကို လောက် လေး ဂွနဲ့ပစ်တယ်၊ ရင်ဘတ်တွေ မှန်တယ်၊ ဗိုက်တွေမှန်တယ်။ကျွန်တော့်အစ်ကိုက မင်းခွေး ကိုက်တော့မခံနဲ့ကွာတဲ့၊ နောက်ထပ်လုပ်စရာတွေရှိ သေးတယ်၊ ဝမ်းလျားမှောက် ပေးလိုက်ပါတဲ့၊ မှောက်ပေးလိုက်ရတယ်၊…
👍19❤9😁2🤮1
အလင်းဝင်ရဲက ရရှိဆုငွေကို ခွဲဝေလှူ
================
ကိုခင်မောင်
(မဇ္စျိမ) ။ ။ ချင်းပြည်နယ်၊တီးတိန်မြို့တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံ လက်နက်နှင့်အတူ အလင်းဝင်လာသောကြောင့် ဆုကြေးငွေကျပ်သိန်း၅၀ရခဲ့သည့် ရဲတပ်သားက ၁၂သိန်းကျပ်ကို ခရစ်ယာန်အသင်းတော်ထံ ပြန်လည်လှူဒါန်းခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် သြဂုတ်လ ၂၀ရက်နေ့က တီးတိန်မြို့မရဲစခန်းမှ ရဲတပ်သား နှစ်ဦးသည် လက်နက်ခဲယမ်းအချို့နှင့်အတူ အလင်းဝင်လာခဲ့ရာPDF- Zoland ကတဦးလျှင် ကျပ်သိန်း ၅၀စီ ဆုချီးမြှင့်ခဲ့သည်။ ရဲတပ်သားတဦးက သူရရှိငွေထဲမှ ကျပ် ၁၂သိန်းကို ခရစ်ယာန်အသင်းတော်တခုထံသို့ လှူဒါန်းခဲ့ကြောင်း သိရသည်။
“ သူက ကယားပြည်နယ်ကပါဗျ။ပြီးတော့ ခရစ်ယာန်ဘာသာဝင်တစ်ယောက်ဖြစ်ပါတယ်။ သူလှူဒါန်းချင်တဲ့ အဲ့ဒီအသင်းတော်ဆီကို ကျွန်တော်တို့က တစ်ဆင့် လှူဒါန်းပေးခဲ့တာပါ” ဟု PDF- Zolandမှ တာဝန်ရှိသူတဦးက မဇ္စျိမကို ပြောသည်။
အဆိုပါ ရဲတပ်သားနှစ်ဦးသည် MA-3 သေနတ်နှစ်လက်၊ ကျည်ဘောက် ရှစ်ခု၊ ကျည်တောင့် ၂၀၀ကျော် ယူဆောင်လာကာ အလင်းဝင်လာခဲ့သောကြောင့် ဆုကြေးငွေရရှိခဲ့ခြင်းဖြစ်သည်။
ပြည်သူ့ဘက်သို့ ရပ်တည်ကူးပြောင်းလိုသော စစ်ကောင်စီလက်အောက်ခံများအားလက်ကမ်းကြိုဆိုနေမည်ဖြစ်ကြောင်းလည်း PDF- Zolandက အသိပေးထားသည်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနကလည်း စစ်ကောင်စီလက်အောက်ခံများအနေဖြင့် နီးစပ်ရာ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)များအပြင် ပြည်သူ့ရင်ခွင် ခိုလှုံရေး Telegram Channel @MyanmarPeople သို့ ဆက်သွယ်၍ ပြည်သူနှင့်ပူးပေါင်းရန် တိုက်တွန်းထားသည်။
စာတည်း - အေးချမ်း
#mizzima
#တီးတိန်မြို့နယ်
#အလင်းဝင်ရဲတပ်သား
#ခရစ်ယာန်အသင်းတော်
#PDF- Zoland
Photo/PDF Zoland
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
================
ကိုခင်မောင်
(မဇ္စျိမ) ။ ။ ချင်းပြည်နယ်၊တီးတိန်မြို့တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံ လက်နက်နှင့်အတူ အလင်းဝင်လာသောကြောင့် ဆုကြေးငွေကျပ်သိန်း၅၀ရခဲ့သည့် ရဲတပ်သားက ၁၂သိန်းကျပ်ကို ခရစ်ယာန်အသင်းတော်ထံ ပြန်လည်လှူဒါန်းခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် သြဂုတ်လ ၂၀ရက်နေ့က တီးတိန်မြို့မရဲစခန်းမှ ရဲတပ်သား နှစ်ဦးသည် လက်နက်ခဲယမ်းအချို့နှင့်အတူ အလင်းဝင်လာခဲ့ရာPDF- Zoland ကတဦးလျှင် ကျပ်သိန်း ၅၀စီ ဆုချီးမြှင့်ခဲ့သည်။ ရဲတပ်သားတဦးက သူရရှိငွေထဲမှ ကျပ် ၁၂သိန်းကို ခရစ်ယာန်အသင်းတော်တခုထံသို့ လှူဒါန်းခဲ့ကြောင်း သိရသည်။
“ သူက ကယားပြည်နယ်ကပါဗျ။ပြီးတော့ ခရစ်ယာန်ဘာသာဝင်တစ်ယောက်ဖြစ်ပါတယ်။ သူလှူဒါန်းချင်တဲ့ အဲ့ဒီအသင်းတော်ဆီကို ကျွန်တော်တို့က တစ်ဆင့် လှူဒါန်းပေးခဲ့တာပါ” ဟု PDF- Zolandမှ တာဝန်ရှိသူတဦးက မဇ္စျိမကို ပြောသည်။
အဆိုပါ ရဲတပ်သားနှစ်ဦးသည် MA-3 သေနတ်နှစ်လက်၊ ကျည်ဘောက် ရှစ်ခု၊ ကျည်တောင့် ၂၀၀ကျော် ယူဆောင်လာကာ အလင်းဝင်လာခဲ့သောကြောင့် ဆုကြေးငွေရရှိခဲ့ခြင်းဖြစ်သည်။
ပြည်သူ့ဘက်သို့ ရပ်တည်ကူးပြောင်းလိုသော စစ်ကောင်စီလက်အောက်ခံများအားလက်ကမ်းကြိုဆိုနေမည်ဖြစ်ကြောင်းလည်း PDF- Zolandက အသိပေးထားသည်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနကလည်း စစ်ကောင်စီလက်အောက်ခံများအနေဖြင့် နီးစပ်ရာ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)များအပြင် ပြည်သူ့ရင်ခွင် ခိုလှုံရေး Telegram Channel @MyanmarPeople သို့ ဆက်သွယ်၍ ပြည်သူနှင့်ပူးပေါင်းရန် တိုက်တွန်းထားသည်။
စာတည်း - အေးချမ်း
#mizzima
#တီးတိန်မြို့နယ်
#အလင်းဝင်ရဲတပ်သား
#ခရစ်ယာန်အသင်းတော်
#PDF- Zoland
Photo/PDF Zoland
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
❤19👍8😁4👏2
နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၂၅ ဩဂုတ် ၂၀၂၃)
===================
စစ်ကောင်သည် ဝေဖန်ရေးသာရုံဖြင့် ပုဒ်မကြီးကြီးတပ်ကာ တရားဥပဒေကို လက်တစ်လုံးခြား လုပ်ပြီး သေဒဏ်ချမှတ်သည်အထိ အငြိုးဖြင့် ဖိနှိပ်နေသည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
===================
စစ်ကောင်သည် ဝေဖန်ရေးသာရုံဖြင့် ပုဒ်မကြီးကြီးတပ်ကာ တရားဥပဒေကို လက်တစ်လုံးခြား လုပ်ပြီး သေဒဏ်ချမှတ်သည်အထိ အငြိုးဖြင့် ဖိနှိပ်နေသည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍11❤4😁1🤮1
မျက်မှောက်မြန်မာ့စီးပွားရေးအခြေအနေသုံးသပ်ချက်
================
စစ်တပ်အာဏာသိမ်းပြီးနောက်မှာ ကိုဗစ်ကပ်ရောဂါနဲ့ ပြည်တွင်းစစ်ကြောင့် ပြည်သူလူထုရဲ့ စားဝတ်နေရေးဟာ တဖြည်းဖြည်းကျပ်တည်းဆင်းရဲလာပါတယ်။
ကုန်စျေးနှုန်းတွေ တနေ့တခြားကြီးမြင့်လာပါတယ်။
ဒါပေမဲ့စစ်ကောင်စီကတော့ စီးပွားရေးတိုးတက်နေတယ်လို့ပြောနေတုန်းပါပဲ။
တကဲ့မြေပြင်အခြေအနေက ဘယ်လိုရှိနေပါသလဲ။
မျက်မှောက်မြန်မာ့စီးပွားရေးအခြေအနေသုံးသပ်ချက်ကို ကိုသိမ်းမြတ်တင်ပြထားပါတယ်။
ဒီတပတ်သုံးသပ်ချက်အစီအစဉ်မှာကိုသိမ်းမြတ်တင်ပြထားပါတယ်။
https://youtu.be/zhvxgR9f4fU?si=qgjnRZmVgZzYiP9W
#analysis
#insights
#indepthanalysis

တကဲ့မြေပြင်အခြေအနေက…

👍16🔥3🥰2🤮1
National Unity Government (NUG)၏ PVTV Channel မှ ၂၀၂၃ ခုနှစ် သြဂုတ်လ ၂၅ ရက်ထုတ်လွှင့်မှုများ
====================
https://youtu.be/Q3lXr5pfFtk?si=8ufHC0AD2KqtKMCm
#PVTV
#MizzimaTV

-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို…

👍13🍌2🤮1
အပြောင်းအရွှေ့ မပိတ်ခင် တစ်ပတ်ကျန်ရှိနေချိန်မှာပင် စံချိန်တင် သုံးစွဲထားတဲ့ ပရီးမီးယားလိဂ်ကလပ်များ
=================
ပရီးမီးယားလိဂ်ကလပ်အသင်းတွေဟာ ဒီနွေရာသီအပြောင်းအရွှေ့ဈေးကွက်မှာ ကစားသမားတွေအတွက် စံချိန်တင်ပေါင် ၁.၉၅ ဘီလီယံသုံးစွဲခဲ့ပြီး ဒါဟာ နောက်ဆုံးပိတ်ရက်မတိုင်ခင် တစ်ပတ် ကျန်ရှိနေသေးတာဖြစ်တယ်။
Deloitte ရဲ့ ခွဲခြမ်းစိတ်ဖြာမှုအရ အရင်နှစ်နွေရာသီက သုံးစွဲခဲ့တဲ့ ပေါင် ၁.၉၂ ဘီလီယံ စံချိန်ကို ကျော်တက်သွားခဲ့ပြီးပြီဖြစ်တယ်လို့ သိရပါတယ်။
ကလပ်အသင်းတွေဟာ လာမယ့်ရက်တွေမှာ ပေါင် ၂ ဘီလီယံအထိ သုံးစွဲသွားဖွယ်ရှိနေတယ်လို့ အစီရင်ခံစာက ဆိုပါတယ်။
Photo: Twitter
#PremierLeague
#transferwindow

👍11😁1
ပရီးမီးယားလိဂ်ပွဲစဉ် (၃) ရလဒ်
ချယ်လ်ဆီး ၃-၀ လူတန်
စတာလင် ၁၇'၊ ၆၈
နီကိုလတ် ဂျက်ဆင် ၇၅'
တခြားဥရောပထိပ်တန်းလိဂ်ရလဒ်များ
လာလီဂါပွဲစဉ် (၃) ရလဒ်
ဆယ်လ်တာဗီဂို ဝ-၁ ရီးယဲလ်မက်ဒရစ်
လက်စ်ပါးမက် ဝ-၀ ဆိုစီဒက်
ဘွန်ဒက်စ်လီဂါပွဲစဉ် (၂) ရလဒ်
လိုက်ပ်ဇစ် ၅-၁ စတုဂတ်
လီဂူဝမ်း ပွဲစဉ် (၃) ရလဒ်
နန့်စ် ၃-၃ မိုနာကို
Photos: Twitter
#PremierLeague
#LaLiga
#Bundesliga
#Ligue
ချယ်လ်ဆီး ၃-၀ လူတန်
စတာလင် ၁၇'၊ ၆၈
နီကိုလတ် ဂျက်ဆင် ၇၅'
တခြားဥရောပထိပ်တန်းလိဂ်ရလဒ်များ
လာလီဂါပွဲစဉ် (၃) ရလဒ်
ဆယ်လ်တာဗီဂို ဝ-၁ ရီးယဲလ်မက်ဒရစ်
လက်စ်ပါးမက် ဝ-၀ ဆိုစီဒက်
ဘွန်ဒက်စ်လီဂါပွဲစဉ် (၂) ရလဒ်
လိုက်ပ်ဇစ် ၅-၁ စတုဂတ်
လီဂူဝမ်း ပွဲစဉ် (၃) ရလဒ်
နန့်စ် ၃-၃ မိုနာကို
Photos: Twitter
#PremierLeague
#LaLiga
#Bundesliga
#Ligue
👍11❤2🔥1