စစ်ကောင်စီအကျဉ်းထောင်က ပြန်လွတ်လာတဲ့ ရဲ CDM နဲ့ အင်တာဗျူး
====================
မင်းထက်
(မဇ္ဈိမ) ။ ။"ညွှန်မှူးရုံးအဖွဲ့တွေဝင်လာပြီး ကျွန်တော်တို့ကို လောက် လေး ဂွနဲ့ပစ်တယ်၊ ရင်ဘတ်တွေ မှန်တယ်၊ ဗိုက်တွေမှန်တယ်။ကျွန်တော့်အစ်ကိုက မင်းခွေး ကိုက်တော့မခံနဲ့ကွာတဲ့၊ နောက်ထပ်လုပ်စရာတွေရှိ သေးတယ်၊ ဝမ်းလျားမှောက် ပေးလိုက်ပါတဲ့၊ မှောက်ပေးလိုက်ရတယ်၊ အဲ့မှာ ကျွန်တော်တို့ကို လည်ပင်းတွေ တက်နင်း၊ ခေါင်းတွေဖြတ်ကန်ပြီးတော့ လက်ထိပ်ခတ်တယ်ပေါ့"ဟု ရဲ CDM ကိုတာရာလင်းက မဇ္ဈိမကို ပြောပါတယ်။
ဧရာဝတီတိုင်း၊ ကြံခင်းမြို့နယ်၊ တလိုင်းကွင်းကျေးရွာမှာ နေထိုင်ပြီး ကြံခင်းမြို့မရဲစခန်းမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ရဲဲဒုတပ်ကြပ်တာရာလင်းနဲ့ အစ်ကိုဖြစ်သူ ရဲတပ်သားသူရိန်လင်းတို့ ညီအစ်ကိုနှစ်ဦးဟာ စစ်တပ်အာဏာသိမ်းပြီး နောက်တရက်ဖြစ်တဲ့ ဖေဖော်ဝါရီလ ၂ ရက်နေ့က လူမှုကွန်ယက်မှာ စစ်အာဏာရှင်အလိုမရှိကြောင်း ရေးသားခဲ့ကြပါတယ်။
ဒါကြောင့် ဖေဖော်ဝါရီလ ၃ ရက်နေ့မှာ နှစ်ယောက်လုံး ဖမ်းဆီးခံခဲ့ကြရပါတယ်။ သူတို့နှစ်ဦးထဲက ညီဖြစ်သူ ကိုတာရာလင်းဟာ အခုနှစ် ဩဂုတ်လ ၁ ရက်နေ့မှာ စစ်ကောင်စီရဲ့ အကျဉ်းထောင်ကနေ ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။ အစ်ကိုဖြစ်သူ ကိုသူရိန်လင်းကတော့ ဆက်လက်ထိန်းသိမ်း ခံထားရဆဲပါ။
ထောင်က လွတ်မြောက်လာတဲ့ ရဲဒုတပ်ကြပ်တာရာလင်းရဲ့ အတွေ့အကြုံနဲ့ ရှေ့ဆက်လုပ်ဆောင်သွားမယ့် အခြေအနေတွေအပေါ် မဇ္စျိမက ဆက်သွယ်မေးမြန်းထားပါတယ်။
ရုပ်သံတည်းဖြတ် = နောင်နောင်
“Supported by the Staying Resilient Amidst Multiple Crises in Southeast Asia initiative of SEA Junction in partnership with CMB Foundation”
https://youtu.be/UJKlT7I_tgA?si=6R8SWLB9HBDtfP6U
#ရဲတပ်ကြပ်တာရာလင်း
#ပထမဆုံးအဖမ်းခံ
#Mizzima
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

YouTube
စစ်ကောင်စီအကျဉ်းထောင်က ပြန်လွတ်လာတဲ့ ရဲ CDM နဲ့ အင်တာဗျူး
မင်းထက် (မဇ္ဈိမ) ။ ။ "ညွှန်မှူးရုံးအဖွဲ့တွေဝင်လာပြီး ကျွန်တော်တို့ကို လောက် လေး ဂွနဲ့ပစ်တယ်၊ ရင်ဘတ်တွေ မှန်တယ်၊ ဗိုက်တွေမှန်တယ်။ကျွန်တော့်အစ်ကိုက မင်းခွေး ကိုက်တော့မခံနဲ့ကွာတဲ့၊ နောက်ထပ်လုပ်စရာတွေရှိ သေးတယ်၊ ဝမ်းလျားမှောက် ပေးလိုက်ပါတဲ့၊ မှောက်ပေးလိုက်ရတယ်၊…
👍19❤9😁2🤮1
အလင်းဝင်ရဲက ရရှိဆုငွေကို ခွဲဝေလှူ
================
ကိုခင်မောင်
(မဇ္စျိမ) ။ ။ ချင်းပြည်နယ်၊တီးတိန်မြို့တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံ လက်နက်နှင့်အတူ အလင်းဝင်လာသောကြောင့် ဆုကြေးငွေကျပ်သိန်း၅၀ရခဲ့သည့် ရဲတပ်သားက ၁၂သိန်းကျပ်ကို ခရစ်ယာန်အသင်းတော်ထံ ပြန်လည်လှူဒါန်းခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် သြဂုတ်လ ၂၀ရက်နေ့က တီးတိန်မြို့မရဲစခန်းမှ ရဲတပ်သား နှစ်ဦးသည် လက်နက်ခဲယမ်းအချို့နှင့်အတူ အလင်းဝင်လာခဲ့ရာPDF- Zoland ကတဦးလျှင် ကျပ်သိန်း ၅၀စီ ဆုချီးမြှင့်ခဲ့သည်။ ရဲတပ်သားတဦးက သူရရှိငွေထဲမှ ကျပ် ၁၂သိန်းကို ခရစ်ယာန်အသင်းတော်တခုထံသို့ လှူဒါန်းခဲ့ကြောင်း သိရသည်။
“ သူက ကယားပြည်နယ်ကပါဗျ။ပြီးတော့ ခရစ်ယာန်ဘာသာဝင်တစ်ယောက်ဖြစ်ပါတယ်။ သူလှူဒါန်းချင်တဲ့ အဲ့ဒီအသင်းတော်ဆီကို ကျွန်တော်တို့က တစ်ဆင့် လှူဒါန်းပေးခဲ့တာပါ” ဟု PDF- Zolandမှ တာဝန်ရှိသူတဦးက မဇ္စျိမကို ပြောသည်။
အဆိုပါ ရဲတပ်သားနှစ်ဦးသည် MA-3 သေနတ်နှစ်လက်၊ ကျည်ဘောက် ရှစ်ခု၊ ကျည်တောင့် ၂၀၀ကျော် ယူဆောင်လာကာ အလင်းဝင်လာခဲ့သောကြောင့် ဆုကြေးငွေရရှိခဲ့ခြင်းဖြစ်သည်။
ပြည်သူ့ဘက်သို့ ရပ်တည်ကူးပြောင်းလိုသော စစ်ကောင်စီလက်အောက်ခံများအားလက်ကမ်းကြိုဆိုနေမည်ဖြစ်ကြောင်းလည်း PDF- Zolandက အသိပေးထားသည်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနကလည်း စစ်ကောင်စီလက်အောက်ခံများအနေဖြင့် နီးစပ်ရာ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)များအပြင် ပြည်သူ့ရင်ခွင် ခိုလှုံရေး Telegram Channel @MyanmarPeople သို့ ဆက်သွယ်၍ ပြည်သူနှင့်ပူးပေါင်းရန် တိုက်တွန်းထားသည်။
စာတည်း - အေးချမ်း
#mizzima
#တီးတိန်မြို့နယ်
#အလင်းဝင်ရဲတပ်သား
#ခရစ်ယာန်အသင်းတော်
#PDF- Zoland
Photo/PDF Zoland
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
================
ကိုခင်မောင်
(မဇ္စျိမ) ။ ။ ချင်းပြည်နယ်၊တီးတိန်မြို့တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံ လက်နက်နှင့်အတူ အလင်းဝင်လာသောကြောင့် ဆုကြေးငွေကျပ်သိန်း၅၀ရခဲ့သည့် ရဲတပ်သားက ၁၂သိန်းကျပ်ကို ခရစ်ယာန်အသင်းတော်ထံ ပြန်လည်လှူဒါန်းခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် သြဂုတ်လ ၂၀ရက်နေ့က တီးတိန်မြို့မရဲစခန်းမှ ရဲတပ်သား နှစ်ဦးသည် လက်နက်ခဲယမ်းအချို့နှင့်အတူ အလင်းဝင်လာခဲ့ရာPDF- Zoland ကတဦးလျှင် ကျပ်သိန်း ၅၀စီ ဆုချီးမြှင့်ခဲ့သည်။ ရဲတပ်သားတဦးက သူရရှိငွေထဲမှ ကျပ် ၁၂သိန်းကို ခရစ်ယာန်အသင်းတော်တခုထံသို့ လှူဒါန်းခဲ့ကြောင်း သိရသည်။
“ သူက ကယားပြည်နယ်ကပါဗျ။ပြီးတော့ ခရစ်ယာန်ဘာသာဝင်တစ်ယောက်ဖြစ်ပါတယ်။ သူလှူဒါန်းချင်တဲ့ အဲ့ဒီအသင်းတော်ဆီကို ကျွန်တော်တို့က တစ်ဆင့် လှူဒါန်းပေးခဲ့တာပါ” ဟု PDF- Zolandမှ တာဝန်ရှိသူတဦးက မဇ္စျိမကို ပြောသည်။
အဆိုပါ ရဲတပ်သားနှစ်ဦးသည် MA-3 သေနတ်နှစ်လက်၊ ကျည်ဘောက် ရှစ်ခု၊ ကျည်တောင့် ၂၀၀ကျော် ယူဆောင်လာကာ အလင်းဝင်လာခဲ့သောကြောင့် ဆုကြေးငွေရရှိခဲ့ခြင်းဖြစ်သည်။
ပြည်သူ့ဘက်သို့ ရပ်တည်ကူးပြောင်းလိုသော စစ်ကောင်စီလက်အောက်ခံများအားလက်ကမ်းကြိုဆိုနေမည်ဖြစ်ကြောင်းလည်း PDF- Zolandက အသိပေးထားသည်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနကလည်း စစ်ကောင်စီလက်အောက်ခံများအနေဖြင့် နီးစပ်ရာ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)များအပြင် ပြည်သူ့ရင်ခွင် ခိုလှုံရေး Telegram Channel @MyanmarPeople သို့ ဆက်သွယ်၍ ပြည်သူနှင့်ပူးပေါင်းရန် တိုက်တွန်းထားသည်။
စာတည်း - အေးချမ်း
#mizzima
#တီးတိန်မြို့နယ်
#အလင်းဝင်ရဲတပ်သား
#ခရစ်ယာန်အသင်းတော်
#PDF- Zoland
Photo/PDF Zoland
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
❤19👍8😁4👏2
နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၂၅ ဩဂုတ် ၂၀၂၃)
===================
စစ်ကောင်သည် ဝေဖန်ရေးသာရုံဖြင့် ပုဒ်မကြီးကြီးတပ်ကာ တရားဥပဒေကို လက်တစ်လုံးခြား လုပ်ပြီး သေဒဏ်ချမှတ်သည်အထိ အငြိုးဖြင့် ဖိနှိပ်နေသည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
===================
စစ်ကောင်သည် ဝေဖန်ရေးသာရုံဖြင့် ပုဒ်မကြီးကြီးတပ်ကာ တရားဥပဒေကို လက်တစ်လုံးခြား လုပ်ပြီး သေဒဏ်ချမှတ်သည်အထိ အငြိုးဖြင့် ဖိနှိပ်နေသည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍11❤4😁1🤮1
မျက်မှောက်မြန်မာ့စီးပွားရေးအခြေအနေသုံးသပ်ချက်
================
စစ်တပ်အာဏာသိမ်းပြီးနောက်မှာ ကိုဗစ်ကပ်ရောဂါနဲ့ ပြည်တွင်းစစ်ကြောင့် ပြည်သူလူထုရဲ့ စားဝတ်နေရေးဟာ တဖြည်းဖြည်းကျပ်တည်းဆင်းရဲလာပါတယ်။
ကုန်စျေးနှုန်းတွေ တနေ့တခြားကြီးမြင့်လာပါတယ်။
ဒါပေမဲ့စစ်ကောင်စီကတော့ စီးပွားရေးတိုးတက်နေတယ်လို့ပြောနေတုန်းပါပဲ။
တကဲ့မြေပြင်အခြေအနေက ဘယ်လိုရှိနေပါသလဲ။
မျက်မှောက်မြန်မာ့စီးပွားရေးအခြေအနေသုံးသပ်ချက်ကို ကိုသိမ်းမြတ်တင်ပြထားပါတယ်။
ဒီတပတ်သုံးသပ်ချက်အစီအစဉ်မှာကိုသိမ်းမြတ်တင်ပြထားပါတယ်။
https://youtu.be/zhvxgR9f4fU?si=qgjnRZmVgZzYiP9W
#analysis
#insights
#indepthanalysis

တကဲ့မြေပြင်အခြေအနေက…

👍16🔥3🥰2🤮1
National Unity Government (NUG)၏ PVTV Channel မှ ၂၀၂၃ ခုနှစ် သြဂုတ်လ ၂၅ ရက်ထုတ်လွှင့်မှုများ
====================
https://youtu.be/Q3lXr5pfFtk?si=8ufHC0AD2KqtKMCm
#PVTV
#MizzimaTV

-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို…

👍13🍌2🤮1
အပြောင်းအရွှေ့ မပိတ်ခင် တစ်ပတ်ကျန်ရှိနေချိန်မှာပင် စံချိန်တင် သုံးစွဲထားတဲ့ ပရီးမီးယားလိဂ်ကလပ်များ
=================
ပရီးမီးယားလိဂ်ကလပ်အသင်းတွေဟာ ဒီနွေရာသီအပြောင်းအရွှေ့ဈေးကွက်မှာ ကစားသမားတွေအတွက် စံချိန်တင်ပေါင် ၁.၉၅ ဘီလီယံသုံးစွဲခဲ့ပြီး ဒါဟာ နောက်ဆုံးပိတ်ရက်မတိုင်ခင် တစ်ပတ် ကျန်ရှိနေသေးတာဖြစ်တယ်။
Deloitte ရဲ့ ခွဲခြမ်းစိတ်ဖြာမှုအရ အရင်နှစ်နွေရာသီက သုံးစွဲခဲ့တဲ့ ပေါင် ၁.၉၂ ဘီလီယံ စံချိန်ကို ကျော်တက်သွားခဲ့ပြီးပြီဖြစ်တယ်လို့ သိရပါတယ်။
ကလပ်အသင်းတွေဟာ လာမယ့်ရက်တွေမှာ ပေါင် ၂ ဘီလီယံအထိ သုံးစွဲသွားဖွယ်ရှိနေတယ်လို့ အစီရင်ခံစာက ဆိုပါတယ်။
Photo: Twitter
#PremierLeague
#transferwindow

👍11😁1
ပရီးမီးယားလိဂ်ပွဲစဉ် (၃) ရလဒ်
ချယ်လ်ဆီး ၃-၀ လူတန်
စတာလင် ၁၇'၊ ၆၈
နီကိုလတ် ဂျက်ဆင် ၇၅'
တခြားဥရောပထိပ်တန်းလိဂ်ရလဒ်များ
လာလီဂါပွဲစဉ် (၃) ရလဒ်
ဆယ်လ်တာဗီဂို ဝ-၁ ရီးယဲလ်မက်ဒရစ်
လက်စ်ပါးမက် ဝ-၀ ဆိုစီဒက်
ဘွန်ဒက်စ်လီဂါပွဲစဉ် (၂) ရလဒ်
လိုက်ပ်ဇစ် ၅-၁ စတုဂတ်
လီဂူဝမ်း ပွဲစဉ် (၃) ရလဒ်
နန့်စ် ၃-၃ မိုနာကို
Photos: Twitter
#PremierLeague
#LaLiga
#Bundesliga
#Ligue
ချယ်လ်ဆီး ၃-၀ လူတန်
စတာလင် ၁၇'၊ ၆၈
နီကိုလတ် ဂျက်ဆင် ၇၅'
တခြားဥရောပထိပ်တန်းလိဂ်ရလဒ်များ
လာလီဂါပွဲစဉ် (၃) ရလဒ်
ဆယ်လ်တာဗီဂို ဝ-၁ ရီးယဲလ်မက်ဒရစ်
လက်စ်ပါးမက် ဝ-၀ ဆိုစီဒက်
ဘွန်ဒက်စ်လီဂါပွဲစဉ် (၂) ရလဒ်
လိုက်ပ်ဇစ် ၅-၁ စတုဂတ်
လီဂူဝမ်း ပွဲစဉ် (၃) ရလဒ်
နန့်စ် ၃-၃ မိုနာကို
Photos: Twitter
#PremierLeague
#LaLiga
#Bundesliga
#Ligue
👍11❤2🔥1
သြဂုတ်လ( ၂၆ )ရက်၊ စနေနေ့ မနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
====================
ဒီကနေ့ မနက် နားဆင်ရမယ့် အစီစဉ်တွေကတော့ ...
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှာ တာဝန်ထမ်းဆောင်ဖို့လာတဲ့ စစ်ကောင်စီပြည်သူ့စစ်တပ်ဖွဲ့ဝင် ၁၄ ဦးကို ဩဂုတ်လ ၂၄ ရက်နေ့ မနက်ပိုင်းက ဖမ်းဆီးလိုက်တယ်လို့ ဆားလင်းကြီးမြို့နယ်အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ထုတ်ပြန်လိုက်တဲ့သတင်းနဲ့အတူ ရေစကြိုမြို့နယ်မှာ ဩဂုတ်လ ၂၅ ရက်နေ့မနက် အစောပိုင်းက ပျူစောထီးတွေလိုက်ပါလာတဲ့ကားကို တိုက်ခိုက်ရာ ပျူ ခြောက်ဦးသေဆုံးပြီး သေနတ်ငါးလက်နဲ့ ကျည်တွေသိမ်းဆည်းနိုင်ခဲ့တယ်လို့ရေစကြို ပကဖ ကပြောဆိုလိုက်တဲ့သတင်း အပါအဝင် တခြား စိတ်ဝင်စားဖွယ် ပြည်တွင်းသတင်းတွေနဲ့ နောက်ဆုံးရ နိုင်ငံတကာ သတင်း တွေကို နားဆင်ကြရမှာပါ။
သတင်းတွေအပြီးမှာတော့ ဒီကနေ့အတွက် သတင်းသုံးသပ်ချက်အစီအစဉ်ကို နားဆင်ရဖို့ ရှိပါတယ်။ အဲ့ဒီနောက်မှာတော့ အပတ်စဉ်တင်ဆက်နေကျဖြစ်တဲ့ Insight Myanmar အစီအစဉ်ကိုနားဆင်ရမှာပါ။
https://youtu.be/M0JbzcaJrC0?si=Beoae9ExP-_N3g_m
#Morningradio
#Mizzimaradio
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှာ တာဝန်ထမ်းဆောင်ဖို့လာတဲ့ စစ်ကောင်စီပြည်သူ့စစ်တပ်ဖွဲ့ဝင် ၁၄ ဦးကို ဩဂုတ်လ ၂၄ ရက်နေ့ မနက်ပိုင်းက ဖမ်းဆီးလိုက်တယ်လို့ ဆားလင်းကြီးမြို့နယ်အခြေစိုက်…

👍16😁2❤1🤮1
26.8.2023 (Saturday) ထုတ်လွှင့်တင်ဆက်ပြသမည့် အစီအစဉ်
========================
Highlight
Cele City (ညနေ - ၄ နာရီ)
India Movie - Vakeel Saab (ည-၈နာရီ)
Korea Movie - Time to Hunt ( ည- ၁၀ နာရီခွဲ)
Mizzima+ channel တွင် ပြသနေ့သည့် အချိန်မှာပဲ Mizzima App တွင်လည်း Live Stream တိုက်ရိုက်ကြည့်ရှုနိုင်ပါသည်။
#mizzimatv

👍8😁1
Vakeel Saab
==============
မိသားစုကို ထောက်ပံ့ဖို တစ်ရပ်တစ်ကျေးကနေ မြိုမှာ အလုပ်လာလုပ်ကြတဲ့ "ပါလာဗီ".. "ဇာရီနာ" နဲ့ "ဒေဗီယာ"ဆိုတဲ့ မိန်းကလေးသုံးယောက်။ တစ်နေ့ ရုံးပါတီပွဲက အပြန်မှာ "ဗမ်စီ"တို သူငယ်ချင်းတစ်သိုက်နဲ့ ကားကြုံလိုက်မိရာက အဖြစ်အပျက် တစ်ခုကြောင့် ပြင်းထန်တဲ့ စွဲချက်တွေနဲ့ သူ(မ)တို အမှုဖွင့်ခံခဲ့ရပါတယ်။
ဗမ်စီဟာ လွှတ်တော်အမတ်ရဲ့ သားဖြစ်နေခဲ့တာကြောင့် သူ(မ)တိုဘက်က အမှုလိုက်ပေးမယ့် ရှေ့နေတစ်ဦးမှ မရှိခဲ့ချိန်မှာ အများက vakeel Saab (ရှေ့နေဆရာ) လို အားကိုးတကြီး ခေါ်ကြတဲ့ "ဆာတီယာဒေ့ဗ်" က မတရားမှုကို ကြည့်မနေနိုင်လို ဒီအမှုကို သူ လိုက်ပေးဖို ဆုံးဖြတ်ခဲ့ပါတယ်။
တစ်ဖက်က ကျောထောက်နောက်ခံ အင်အားကြီးတဲ့ လွှတ်တော်အမတ်နဲ့ သူတို ငှားထားတဲ့ တရားလိုရှေ့နေ "နန္ဒဂိုပယ်လ်"ရဲ့ အမျိုးမျိုးသော တိုက်ခိုက်မှုတွေ၊ အောက်တန်းကျကျ ထိုးနှက်မှုတွေကို ပညာသားပါပါ တုံပြန်ရင်း "ပါလာဗီ"တို မိန်းမသားတွေအတွက် တရားမျှတမှု ရှာဖွေမယ့် ရှေ့နေဆရာ "ဆာတီယာ"။
ဒီဇာတ်ကားဟာ မင်းသားကြီး အမီတာဘက်ချမ်းရဲ့ နာမည်ကျော် "Pink" ဇာတ်ကားကို Telugu ဗားရှင်းနဲ့ ပြန်လည်ပုံဖော်ထားတာ ဖြစ်ပြီး၊ တောင်ပိုင်းကားတွေရဲ့ ရိုးရာ အက်ရှင်ခန်းတွေကိုပါ ထည့်သွင်းရိုက်ထားတာကြောင့် ပရိသတ်ကြီးကို မတူညီတဲ့ ရသတစ်မျိုးနဲ့ ဆွဲဆောင်နိုင်ဦးမှာမို အတူရှုစား အားပေးလိုက်ရအောင်လားရှင်။
ဒီဇာတ်ကားလေးကို Mizzima + HD Channel မှာ စောင့်မျှော်ကြည့်နိုင်ပါပြီ။
Mizzima + တွင် ပြသနေသည့် ဇာတ်ကားများကို Mizzima App တွင်လည်း live stream ကြည့်ရှုနိုင်ပါသည်။
#New ပြသမည့်ရက် ။ ။ 26.7.2023
ပြသမည့်အချိန်။ ။ ည (၈:၀၀) နာရီ
Replay ပြသမည့်ရက် ။ ။ 27.7.2023
ပြသမည့်အချိန်။ ။ နေ့လည် (၂:၀၀) နာရီ
(Mizzima Media ကနေ သတင်းချန်နယ် သီးသန့် အဖြစ် Mizzima TV အပြင်၊ သတင်း နှင့် ဖျော်ဖြေရေး ချန်နယ် အဖြစ် Mizzima + တို့အား PSI စလောင်းများ၊ နှစ်ပေ စလောင်းများ နှင့် ရှစ်ပေ စလောင်း များမှ တစ်ဆင့် နေ့စဉ် နံနက် ၆ နာရီ မှ ည ၁၂ နာရီအထိ ထုတ်လွှင့်ပြသနေပါသည်)။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U"

👍16🤣2
တရုတ်တွင် အစိုးရဝန်ထမ်းများ စီးပွားရေးကျဆင်းမှု၏ နောက်ဆုံးသားကောင်ဖြစ်လာ၊ စားသုံးမှုနှင့် ပို့ကုန်သွင်းကုန်ကဏ္ဍပါ ထိခိုက်
======================
တရုတ်ကွန်မြူနစ်ပါတီသည် အလုပ်သမားများ၏ ဝင်ငွေကို တိုးမြှင့်ပေးရန်နှင့် အိမ်အသုံးစရိတ် ဖူလုံစေရန် မကြာသေးမီက ကတိပြုခဲ့သော်လည်း အဆိုပါမူဝါဒရည်မှန်းချက်သည် ကြီးမားသော ပြဿနာတစ်ခုဖြစ်သည့် စီးပွားရေးနှေးကွေးမှုကို ရင်ဆိုင်နေရသည်။
တရုတ်နိုင်ငံ၏ အကျင့်ပျက်ခြစားမှုနှိမ်နင်းရေး ထိပ်တန်းစောင့်ကြည့်ရေးအဖွဲ့သည် အဆိုပါပြဿနာကို ကိုင်တွယ်ဖြေရှင်းရန် ဒေါ်လာ ၅၇ ထရီလီယံတန်ဖိုးရှိ ငွေကြေးကဏ္ဍတွင် အနောက်တိုင်းနေထိုင်မှုပုံစံ ဖြုန်းတီးလက်ဖွာမှုကို ဖယ်ရှားပစ်မည်ဟု ကတိပြုခဲ့သည်။ သို့သော် ရလဒ်မှာ ပြဿနာဖြစ်လာသည်။
ဘဏ္ဍာရေးကုမ္ပဏီများနှင့် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့များသည် ရန်ပုံငွေပြတ်လပ်မှုကို ကိုင်တွယ်ဖြေရှင်းရန် ၎င်းတို့၏ဝန်ထမ်းများ၏ လစာနှင့်အပိုဆုကြေးများကို ဖြတ်တောက်ခဲ့သည်။ အချို့သော ဆေးရုံများ၊ ကျောင်းများနှင့် ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းများကလည်း ထိုနည်းအတိုင်း လုပ်ဆောင်ခဲ့ကြသည်။
ယခုတစ်ကြိမ်တွင် သန်းပေါင်းများစွာသော နိုင်ငံ့ဝန်ထမ်းများသည် လစာများ ဆိုးဆိုးရွားရွားဖြတ်တောက်ခံရကာ တရုတ်ပြည်သူအများအပြားသည် စီးပွားရေးကျပ်တည်းမှု၏ အရင်းအမြစ်အသစ်ကို ရင်ဆိုင်နေရသည်။
တရုတ်နိုင်ငံတွင် တစ်ဖက်သတ် လုပ်အားခဖြတ်တောက်မှုများသည် တရားမဝင်ပေ။ တချို့သော လုပ်ငန်းခွင်များတွင် လုပ်ငန်းစွမ်းဆောင်ရည်ဆိုင်ရာနှင့်တခြားသော အပိုဆုကြေးများပေးခြင်းကို ရပ်ဆိုင်းလိုက်ပြီး တချို့က ဝန်ထမ်းများကို လစာထုတ်ပေးချိန်နောက်ကျကာ အချိန်ပိုဆင်းခိုင်းမှုများလည်း ရှိသည်။
နိုင်ငံ့ဝန်ထမ်းများအား လစာဖြတ်တောက်ခြင်းအကြောင်းများသည် ၂၀၂၁ ခုနှစ်တွင် မီဒီယာ၌ ပျံ့နှံ့လာခဲ့သည်။ ထိုအချိန်မှစ၍ အစိုးရဝန်ထမ်းအများအပြားသည် လစာဖြတ်တောက်ခံရခြင်းများကို လူမှုမီဒီယာတွင် မျှဝေခဲ့ကြသည်။ ကွမ်တုန်းပြည်နယ်သည် ပြည်သူ့ဝန်ထမ်းများ၏လစာမှ ၂၅ ရာခိုင်နှုန်းကို ဖြတ်တောက်နေသည်ဟူသော ပို့စ်သည် အင်တာနက်တွင် ပျံ့နှံ့ခဲ့သည်။
ကွမ်တုန်းဒေသန္တရအစိုးရက ထိုကိစ္စနှင့်ပတ်သက်ပြီး အတည်မပြုခဲ့သလို ငြင်းဆိုခြင်းလည်း မရှိပေ။ ဌာနများစွာသည် ဝန်ထမ်းများကို လစာပေးရန် ချေးငွေယူနေကြရသည်ဟု အစိုးရဝန်ထမ်းများက ပြောသည်။ ထိုမျှမကသေးဘဲ ငွေကြေးအကျပ်ရိုက်နေသော ပြည်နယ်နှင့် ဒေသန္တရာအစိုးရများသည် ပြည်သူပိုင်ကျောင်းများကို လေလံဆွဲခြင်းနှင့် ပင်စင်လစာများကို သိသိသာသာဖြတ်တောက်ခြင်းများ လုပ်ဆောင်ခဲ့ကြသည်။
ပြည်သူများက ထိုဒုက္မများအတွက် တရုတ်အစိုးရ၏ ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒကို အပြစ်တင်နေကြသည်။ ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့များသည် အသွားအလာပိတ်ဆို့မှု၊ အစုလိုက်အပြုံလိုက် ဓာတ်ခွဲစမ်းသပ်မှုနှင့် ဗဟိုချုပ်ကိုင်သော သီးခြားခွဲထားစောင့်ကြည့်မှုများအတွက် ကြီးမားသည့်ကုန်ကျစရိတ်များ၏ဒဏ်ကို ခံစားနေရဆဲဖြစ်သည်။
အမေရိကန်ဗဟိုဘဏ်နှင့် ဥရောပနှင့် အာရှရှိ ဗဟိုဘဏ်များက စံချိန်တင် ငွေကြေးဖောင်းပွမှုကို တည်ငြိမ်စေရန် အတိုးနှုန်းများ မြှင့်တင်ပြီးနောက် တရုတ်၏ ပို့ကုန်ဝယ်လိုအား ကျဆင်းလာခြင်းကြောင့် တရုတ်နိုင်ငံ၏ ပို့ကုန်သည် ယမန်နှစ်နှင့် နှိုင်းယှဉ်ပါက ဇူလိုင်လတွင် ၁၄ ဒသမ ၅ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။
ဥရောပ ၂၇ နိုင်ငံသို့ တင်ပို့မှုမှာလည်း အမေရိကန်ဒေါ်လာ ၄၂ ဒသမ ၄ ဘီလီယံသာရှိကာ ယမန်နှစ်ကထက် ၃၉ ဒသမ ၅ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။ ပို့ကုန်ကျဆင်းမှုသည် ကိုဗစ်-၁၉ ကပ်ရောဂါစတင်ဖြစ်ပွားကတည်းက အဆိုးရွားဆုံးဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုစီးပွားရေးအချက်အလက်များတွင် ဖော်ပြထားသည်။
သွင်းကုန်မှာ ဇွန်လက ၆ ဒသမ ၈ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး ဇူလိုင်တွင် အမေရိကန်ဒေါ်လာ ၂၀၁ ဒသမ ၂ ဘီလီယံအထိရောက်ရှိကာ ၁၂ ဒသမ ၄ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။ စီးပွားရေးကျဆင်းမှုသည် အလုပ်အကိုင်ဈေးကွက်အပြင် စက်ရုံအလုပ်ရုံများကိုပါ ထိခိုက်ခဲ့ပြီး စီမံချက်များပြင်ဆင်ရန် အာဏာရကွန်မြူနစ်ပါတီကို ဖိအားများတိုးစေခဲ့သည်။
တရုတ်အာဏာပိုင်များသည် စီးပွားရေးအတွက် ရုန်းကန်နေရသဖြင့် အကူအညီတောင်းရန် ပုဂ္ဂလိကဏ္ဍကို အာရုံစိုက်လာသည်။ ခေါင်းဆောင်များသည် စွန့်ဦးတီထွင်သူများအတွက် အထောက်အပံ့ပေးမည့်အလားအလာ ရှိသည်။ သို့သော် အခွန်လျှော့ချမှု သို့မဟုတ် အစိုးရထံမှ အကူအညီအထောက်အပံ့များနှင့်ပတ်သက်ပြီး ကြေညာချက်တစ်စုံတစ်ရာ မထုတ်ပြန်ခဲ့ပေ။ ကြွေးမြီများကို စီမံခန့်ခွဲရန်နှင့် နိုင်ငံ၏စီးပွားရေး ပြန်လည်ဦးမော့လာမှုကို ပံ့ပိုးပေးရန် ဒေသန္တရအစိုးရများ၏စွမ်းရည်အပေါ် လေ့လာသုံးသပ်သူများက သံသယ ရှိနေဆဲဖြစ်သည်။

👍16😁4👏1