Mizzima
✔
47.5K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
ပရီးမီးယားလိဂ်ပွဲစဉ် (၃) ရလဒ်

ချယ်လ်ဆီး ၃-၀ လူတန်

စတာလင် ၁၇'၊ ၆၈
နီကိုလတ် ဂျက်ဆင် ၇၅'

တခြားဥရောပထိပ်တန်းလိဂ်ရလဒ်များ

လာလီဂါပွဲစဉ် (၃) ရလဒ်

ဆယ်လ်တာဗီဂို ဝ-၁ ရီးယဲလ်မက်ဒရစ်
လက်စ်ပါးမက် ဝ-၀ ဆိုစီဒက်

ဘွန်ဒက်စ်လီဂါပွဲစဉ် (၂) ရလဒ်

လိုက်ပ်ဇစ် ၅-၁ စတုဂတ်

လီဂူဝမ်း ပွဲစဉ် (၃) ရလဒ်

နန့်စ် ၃-၃ မိုနာကို

Photos: Twitter

#PremierLeague
#LaLiga
#Bundesliga
#Ligue
👍11❤2🔥1
သြဂုတ်လ( ၂၆ )ရက်၊ စနေနေ့ မနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
====================

ဒီကနေ့ မနက် နားဆင်ရမယ့် အစီစဉ်တွေကတော့ ...

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှာ တာဝန်ထမ်းဆောင်ဖို့လာတဲ့ စစ်ကောင်စီပြည်သူ့စစ်တပ်ဖွဲ့ဝင် ၁၄ ဦးကို ဩဂုတ်လ ၂၄ ရက်နေ့ မနက်ပိုင်းက ဖမ်းဆီးလိုက်တယ်လို့ ဆားလင်းကြီးမြို့နယ်အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ထုတ်ပြန်လိုက်တဲ့သတင်းနဲ့အတူ ရေစကြိုမြို့နယ်မှာ ဩဂုတ်လ ၂၅ ရက်နေ့မနက် အစောပိုင်းက ပျူစောထီးတွေလိုက်ပါလာတဲ့ကားကို တိုက်ခိုက်ရာ ပျူ ခြောက်ဦးသေဆုံးပြီး သေနတ်ငါးလက်နဲ့ ကျည်တွေသိမ်းဆည်းနိုင်ခဲ့တယ်လို့ရေစကြို ပကဖ ကပြောဆိုလိုက်တဲ့သတင်း အပါအဝင် တခြား စိတ်ဝင်စားဖွယ် ပြည်တွင်းသတင်းတွေနဲ့ နောက်ဆုံးရ နိုင်ငံတကာ သတင်း တွေကို နားဆင်ကြရမှာပါ။

သတင်းတွေအပြီးမှာတော့ ဒီကနေ့အတွက် သတင်းသုံးသပ်ချက်အစီအစဉ်ကို နားဆင်ရဖို့ ရှိပါတယ်။ အဲ့ဒီနောက်မှာတော့ အပတ်စဉ်တင်ဆက်နေကျဖြစ်တဲ့ Insight Myanmar အစီအစဉ်ကိုနားဆင်ရမှာပါ။

https://youtu.be/M0JbzcaJrC0?si=Beoae9ExP-_N3g_m

#Morningradio
#Mizzimaradio
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍16😁2❤1🤮1
​​26.8.2023 (Saturday) ထုတ်လွှင့်တင်ဆက်ပြသမည့် အစီအစဉ်
========================

Highlight

Cele City (ညနေ - ၄ နာရီ)
India Movie - Vakeel Saab (ည-၈နာရီ)
Korea Movie - Time to Hunt ( ည- ၁၀ နာရီခွဲ)

Mizzima+ channel တွင် ပြသနေ့သည့် အချိန်မှာပဲ Mizzima App တွင်လည်း Live Stream တိုက်ရိုက်ကြည့်ရှုနိုင်ပါသည်။

#mizzimatv
👍8😁1
​​Vakeel Saab
==============

မိသားစုကို ထောက်ပံ့ဖို တစ်ရပ်တစ်ကျေးကနေ မြိုမှာ အလုပ်လာလုပ်ကြတဲ့ "ပါလာဗီ".. "ဇာရီနာ" နဲ့ "ဒေဗီယာ"ဆိုတဲ့ မိန်းကလေးသုံးယောက်။ တစ်နေ့ ရုံးပါတီပွဲက အပြန်မှာ "ဗမ်စီ"တို သူငယ်ချင်းတစ်သိုက်နဲ့ ကားကြုံလိုက်မိရာက အဖြစ်အပျက် တစ်ခုကြောင့် ပြင်းထန်တဲ့ စွဲချက်တွေနဲ့ သူ(မ)တို အမှုဖွင့်ခံခဲ့ရပါတယ်။

ဗမ်စီဟာ လွှတ်တော်အမတ်ရဲ့ သားဖြစ်နေခဲ့တာကြောင့် သူ(မ)တိုဘက်က အမှုလိုက်ပေးမယ့် ရှေ့နေတစ်ဦးမှ မရှိခဲ့ချိန်မှာ အများက vakeel Saab (ရှေ့နေဆရာ) လို အားကိုးတကြီး ခေါ်ကြတဲ့ "ဆာတီယာဒေ့ဗ်" က မတရားမှုကို ကြည့်မနေနိုင်လို ဒီအမှုကို သူ လိုက်ပေးဖို ဆုံးဖြတ်ခဲ့ပါတယ်။

တစ်ဖက်က ကျောထောက်နောက်ခံ အင်အားကြီးတဲ့ လွှတ်တော်အမတ်နဲ့ သူတို ငှားထားတဲ့ တရားလိုရှေ့နေ "နန္ဒဂိုပယ်လ်"ရဲ့ အမျိုးမျိုးသော တိုက်ခိုက်မှုတွေ၊ အောက်တန်းကျကျ ထိုးနှက်မှုတွေကို ပညာသားပါပါ တုံပြန်ရင်း "ပါလာဗီ"တို မိန်းမသားတွေအတွက် တရားမျှတမှု ရှာဖွေမယ့် ရှေ့နေဆရာ "ဆာတီယာ"။

ဒီဇာတ်ကားဟာ မင်းသားကြီး အမီတာဘက်ချမ်းရဲ့ နာမည်ကျော် "Pink" ဇာတ်ကားကို Telugu ဗားရှင်းနဲ့ ပြန်လည်ပုံဖော်ထားတာ ဖြစ်ပြီး၊ တောင်ပိုင်းကားတွေရဲ့ ရိုးရာ အက်ရှင်ခန်းတွေကိုပါ ထည့်သွင်းရိုက်ထားတာကြောင့် ပရိသတ်ကြီးကို မတူညီတဲ့ ရသတစ်မျိုးနဲ့ ဆွဲဆောင်နိုင်ဦးမှာမို အတူရှုစား အားပေးလိုက်ရအောင်လားရှင်။

ဒီဇာတ်ကားလေးကို Mizzima + HD Channel မှာ စောင့်မျှော်ကြည့်နိုင်ပါပြီ။

Mizzima + တွင် ပြသနေသည့် ဇာတ်ကားများကို Mizzima App တွင်လည်း live stream ကြည့်ရှုနိုင်ပါသည်။

#New ပြသမည့်ရက် ။ ။ 26.7.2023
ပြသမည့်အချိန်။ ။ ည (၈:၀၀) နာရီ
Replay ပြသမည့်ရက် ။ ။ 27.7.2023
ပြသမည့်အချိန်။ ။ နေ့လည် (၂:၀၀) နာရီ

(Mizzima Media ကနေ သတင်းချန်နယ် သီးသန့် အဖြစ် Mizzima TV အပြင်၊ သတင်း နှင့် ဖျော်ဖြေရေး ချန်နယ် အဖြစ် Mizzima + တို့အား PSI စလောင်းများ၊ နှစ်ပေ စလောင်းများ နှင့် ရှစ်ပေ စလောင်း များမှ တစ်ဆင့် နေ့စဉ် နံနက် ၆ နာရီ မှ ည ၁၂ နာရီအထိ ထုတ်လွှင့်ပြသနေပါသည်)။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U"
👍16🤣2
​​တရုတ်တွင် အစိုးရဝန်ထမ်းများ စီးပွားရေးကျဆင်းမှု၏ နောက်ဆုံးသားကောင်ဖြစ်လာ၊ စားသုံးမှုနှင့် ပို့ကုန်သွင်းကုန်ကဏ္ဍပါ ထိခိုက်
======================

တရုတ်ကွန်မြူနစ်ပါတီသည် အလုပ်သမားများ၏ ဝင်ငွေကို တိုးမြှင့်ပေးရန်နှင့် အိမ်အသုံးစရိတ် ဖူလုံစေရန် မကြာသေးမီက ကတိပြုခဲ့သော်လည်း အဆိုပါမူဝါဒရည်မှန်းချက်သည် ကြီးမားသော ပြဿနာတစ်ခုဖြစ်သည့် စီးပွားရေးနှေးကွေးမှုကို ရင်ဆိုင်နေရသည်။

တရုတ်နိုင်ငံ၏ အကျင့်ပျက်ခြစားမှုနှိမ်နင်းရေး ထိပ်တန်းစောင့်ကြည့်ရေးအဖွဲ့သည် အဆိုပါပြဿနာကို ကိုင်တွယ်ဖြေရှင်းရန် ဒေါ်လာ ၅၇ ထရီလီယံတန်ဖိုးရှိ ငွေကြေးကဏ္ဍတွင် အနောက်တိုင်းနေထိုင်မှုပုံစံ ဖြုန်းတီးလက်ဖွာမှုကို ဖယ်ရှားပစ်မည်ဟု ကတိပြုခဲ့သည်။ သို့သော် ရလဒ်မှာ ပြဿနာဖြစ်လာသည်။ 
ဘဏ္ဍာရေးကုမ္ပဏီများနှင့် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့များသည် ရန်ပုံငွေပြတ်လပ်မှုကို ကိုင်တွယ်ဖြေရှင်းရန် ၎င်းတို့၏ဝန်ထမ်းများ၏ လစာနှင့်အပိုဆုကြေးများကို ဖြတ်တောက်ခဲ့သည်။ အချို့သော ဆေးရုံများ၊ ကျောင်းများနှင့် ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းများကလည်း ထိုနည်းအတိုင်း လုပ်ဆောင်ခဲ့ကြသည်။

ယခုတစ်ကြိမ်တွင် သန်းပေါင်းများစွာသော နိုင်ငံ့ဝန်ထမ်းများသည် လစာများ ဆိုးဆိုးရွားရွားဖြတ်တောက်ခံရကာ တရုတ်ပြည်သူအများအပြားသည် စီးပွားရေးကျပ်တည်းမှု၏ အရင်းအမြစ်အသစ်ကို ရင်ဆိုင်နေရသည်။

တရုတ်နိုင်ငံတွင် တစ်ဖက်သတ် လုပ်အားခဖြတ်တောက်မှုများသည် တရားမဝင်ပေ။ တချို့သော လုပ်ငန်းခွင်များတွင် လုပ်ငန်းစွမ်းဆောင်ရည်ဆိုင်ရာနှင့်တခြားသော အပိုဆုကြေးများပေးခြင်းကို ရပ်ဆိုင်းလိုက်ပြီး တချို့က ဝန်ထမ်းများကို လစာထုတ်ပေးချိန်နောက်ကျကာ အချိန်ပိုဆင်းခိုင်းမှုများလည်း ရှိသည်။

နိုင်ငံ့ဝန်ထမ်းများအား လစာဖြတ်တောက်ခြင်းအကြောင်းများသည် ၂၀၂၁ ခုနှစ်တွင် မီဒီယာ၌ ပျံ့နှံ့လာခဲ့သည်။ ထိုအချိန်မှစ၍ အစိုးရဝန်ထမ်းအများအပြားသည် လစာဖြတ်တောက်ခံရခြင်းများကို လူမှုမီဒီယာတွင် မျှဝေခဲ့ကြသည်။ ကွမ်တုန်းပြည်နယ်သည် ပြည်သူ့ဝန်ထမ်းများ၏လစာမှ ၂၅ ရာခိုင်နှုန်းကို ဖြတ်တောက်နေသည်ဟူသော ပို့စ်သည် အင်တာနက်တွင် ပျံ့နှံ့ခဲ့သည်။ 

ကွမ်တုန်းဒေသန္တရအစိုးရက ထိုကိစ္စနှင့်ပတ်သက်ပြီး အတည်မပြုခဲ့သလို ငြင်းဆိုခြင်းလည်း မရှိပေ။ ဌာနများစွာသည် ဝန်ထမ်းများကို လစာပေးရန် ချေးငွေယူနေကြရသည်ဟု အစိုးရဝန်ထမ်းများက ပြောသည်။ ထိုမျှမကသေးဘဲ ငွေကြေးအကျပ်ရိုက်နေသော ပြည်နယ်နှင့် ဒေသန္တရာအစိုးရများသည် ပြည်သူပိုင်ကျောင်းများကို လေလံဆွဲခြင်းနှင့် ပင်စင်လစာများကို သိသိသာသာဖြတ်တောက်ခြင်းများ လုပ်ဆောင်ခဲ့ကြသည်။

ပြည်သူများက ထိုဒုက္မများအတွက် တရုတ်အစိုးရ၏ ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒကို အပြစ်တင်နေကြသည်။ ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့များသည် အသွားအလာပိတ်ဆို့မှု၊ အစုလိုက်အပြုံလိုက် ဓာတ်ခွဲစမ်းသပ်မှုနှင့် ဗဟိုချုပ်ကိုင်သော သီးခြားခွဲထားစောင့်ကြည့်မှုများအတွက် ကြီးမားသည့်ကုန်ကျစရိတ်များ၏ဒဏ်ကို ခံစားနေရဆဲဖြစ်သည်။

အမေရိကန်ဗဟိုဘဏ်နှင့် ဥရောပနှင့် အာရှရှိ ဗဟိုဘဏ်များက စံချိန်တင် ငွေကြေးဖောင်းပွမှုကို တည်ငြိမ်စေရန် အတိုးနှုန်းများ မြှင့်တင်ပြီးနောက် တရုတ်၏ ပို့ကုန်ဝယ်လိုအား ကျဆင်းလာခြင်းကြောင့် တရုတ်နိုင်ငံ၏ ပို့ကုန်သည် ယမန်နှစ်နှင့် နှိုင်းယှဉ်ပါက ဇူလိုင်လတွင် ၁၄ ဒသမ ၅ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။

ဥရောပ ၂၇ နိုင်ငံသို့ တင်ပို့မှုမှာလည်း အမေရိကန်ဒေါ်လာ ၄၂ ဒသမ ၄ ဘီလီယံသာရှိကာ ယမန်နှစ်ကထက် ၃၉ ဒသမ ၅ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။ ပို့ကုန်ကျဆင်းမှုသည် ကိုဗစ်-၁၉ ကပ်ရောဂါစတင်ဖြစ်ပွားကတည်းက အဆိုးရွားဆုံးဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုစီးပွားရေးအချက်အလက်များတွင် ဖော်ပြထားသည်။

သွင်းကုန်မှာ ဇွန်လက ၆ ဒသမ ၈ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး ဇူလိုင်တွင် အမေရိကန်ဒေါ်လာ ၂၀၁ ဒသမ ၂ ဘီလီယံအထိရောက်ရှိကာ ၁၂ ဒသမ ၄ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။ စီးပွားရေးကျဆင်းမှုသည် အလုပ်အကိုင်ဈေးကွက်အပြင် စက်ရုံအလုပ်ရုံများကိုပါ ထိခိုက်ခဲ့ပြီး စီမံချက်များပြင်ဆင်ရန် အာဏာရကွန်မြူနစ်ပါတီကို ဖိအားများတိုးစေခဲ့သည်။

တရုတ်အာဏာပိုင်များသည် စီးပွားရေးအတွက် ရုန်းကန်နေရသဖြင့် အကူအညီတောင်းရန် ပုဂ္ဂလိကဏ္ဍကို အာရုံစိုက်လာသည်။ ခေါင်းဆောင်များသည် စွန့်ဦးတီထွင်သူများအတွက် အထောက်အပံ့ပေးမည့်အလားအလာ ရှိသည်။ သို့သော် အခွန်လျှော့ချမှု သို့မဟုတ် အစိုးရထံမှ အကူအညီအထောက်အပံ့များနှင့်ပတ်သက်ပြီး ကြေညာချက်တစ်စုံတစ်ရာ မထုတ်ပြန်ခဲ့ပေ။ ကြွေးမြီများကို စီမံခန့်ခွဲရန်နှင့် နိုင်ငံ၏စီးပွားရေး ပြန်လည်ဦးမော့လာမှုကို ပံ့ပိုးပေးရန် ဒေသန္တရအစိုးရများ၏စွမ်းရည်အပေါ် လေ့လာသုံးသပ်သူများက သံသယ ရှိနေဆဲဖြစ်သည်။
👍16😁4👏1
ဒီတစ်ပတ်ရဲ့My india အစီအစဉ်မှာ
=============

၃ ရက်ကြာကြာမြင့်တဲ့ ရာဂျာပွဲတော်နဲ့အိုဒီရှာရဲ့မြင်ကွင်း

၇၁ ကြိမ်မြောက် Miss World အလှမယ်ပြိုင်ပွဲကြီးလက်ခံကျင်းပတော့မယ့် အိန္ဒိယနိုင်ငံ

အိန္ဒိယ၏ သရက်သီးပျော့ဖတ်ဈေးကွက်က ကမ္ဘာ့အကြီးဆုံးအစားအစာနှင့် အဖျော်ယမကာလုပ်ငန်းအချို့အတွက်
ကုန်ကြမ်းများထောက်ပံ့

ကမ္ဘာ့နိုင်ငံအသီးသီးက ဖွံ့ဖြိုးတိုးတက်မှုသတင်းတွေနဲ့ အခြားသတင်းတွေပါဝင်တဲ့ World In Focus အစီအစဉ်နဲ့တကွ
အခြားစိတ်ဝင်စားစရာ အစီအစဉ်ကောင်းများကို တင်ဆက်ပေးမှာပဲဖြစ်ပါတယ်။

https://youtu.be/JQ1sx_UXtpU?si=d9gjKWXKfnl3eJKT

#Myindia 
#mizzima
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍3🔥2
"ကုလသမဂ္ဂဟာ ရိုဟင်ဂျာအရေးကို ပိုပြီး ကြိုးစား အားထုတ်စေချင်တယ်" ရိုသင်းသင်းလှိုင် (မြန်မာမွတ်စ်လင်မ် တော်လှန်ရေးအင်အားစု) 
=================

မောင်ခက်နွေ
(မဇ္ဈိမ)။  ။ ကုလသမဂ္ဂရဲ့ ရိုဟင်ဂျာအရေးကိုကိုင်တွယ်ပုံဟာ ထိရောက်မှုရှိတာထက် ပိုပြီးကြိုးစား အားထုတ်စေချင်တယ်လို့ ရိုသင်းသင်းလှိုင် ကဆိုပါတယ်။ 

အခုတပတ် မဇ္ဈိမရဲ့ Weekly Interview အစီအစဉ်မှာတော့ စစ်အာဏာရှင်တော်လှန်ရေးမှာ ရခိုင်က ရိုဟင်ဂျာအင်အားစုရဲ့ သဘောထား အစစ်အမှန်က ဘာတွေပါလဲ၊ ရိုဟင်ဂျာအရေး ကုလသမဂ္ဂက ကိုင်တွယ်နေတာ ထိရောက်ရဲ့လားဆိုတာကို မြန်မာမွတ်စလင်တော်လှန်ရေး အင်အားစုရဲ့ အဖွဲ့ဝင်ရေးရာတာဝန်ခံ တစ်ဦးလည်ဖြစ်၊ ပြောရေးဆိုခွင့်ရှိသူတစ်ဦးဖြစ်တဲ့ မရိုသင်းသင်းလှိုင်ကို ဆက်သွယ်မေးမြန်းထားပါတယ်။ 

တင်ဆက်၊တည်းဖြတ် - မောင်ခက်နွေ 

https://youtu.be/2JJGagY_tN8?si=XmElXx2TIhlcRBkx

#weeklyinterviews
#mizzimatv
#rohingya
#ကုလသမဂ္ဂ 
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍9😁2
​​ရိုဟင်ဂျာများ ဂုဏ်သိက္ခာရှိစွာ နေရပ်ပြန်နိုင်ရေးအား ဆက်လက်ထောက်ပံ့မည်ဟု ကုလသမဂ္ဂ ကတိပြု 
===================•=

ရိုဟင်ဂျာ ဒုက္ခသည်များ ဆန္ဒအလျောက် ဘေးကင်းစွာဖြင့် ဂုဏ်သိက္ခာရှိရှိ ရေရှည်မြဲသော နေရပ်ပြန်နိုင်ရေးအတွက် အခြေအနေများ ဖန်တီးနိုင်ရေး ကြိုးပမ်းအားထုတ်မှုများကို ဆက်လက်ထောက်ပံ့သွားမည်ဖြစ်ကြောင်း ကုလသမဂ္ဂက သောကြာနေ့တွင် ပြောသည်။ 

“ရိုဟင်ဂျာပြည်သူတွေဟာ ပြည်တွင်းနဲ့ ပြည်ပမှာ နေရပ်ရွှေ့ပြောင်းနေရဆဲ ဖြစ်တယ်၊ ဘင်္ဂလားဒေ့ရှ်မှာဆိုရင် တစ်သန်းလောက် ရှိနေတယ်”ဟု အတွင်းရေးမှူးချုပ်၏ ပြောခွင့်ရသူ ဖလိုရန်စီယာ ဆိုတို နီနိုက မြန်မာနိုင်ငံမှ ရိုဟင်ဂျာများ အစုလိုက် ထွက်ခွာမှု ခြောက်နှစ်မြောက်အဖြစ် ထုတ်ပြန်ချက်၌ ပြောထားသည်။
👍9😁2
​​ဖားကန်တွင် စစ်ကောင်စီတပ်က ပြည်သူ ၁၀၀ ကျော်ကို လူသားဒိုင်းအဖြစ် ဖမ်းဆီး 
==============

အဂမ်

(မဇ္ဈိမ)။   ။ ကချင်ပြည်နယ် ၊ ဖားကန့်မြို့နယ် ၊နန့်ယားကျေးရွာတွင် ဩဂုတ်လ ၂၄ရက်၌ စစ်ကောင်စီ၏ တပ်မ (၃၃) လက်အောင်ခံ အမှတ် (၁၂) ခြေမြန်တပ်ရင်းက ပြည်သူ ၁၀၀ ကျော်ကို လူသားဒိုင်းအဖြစ် ဖမ်းဆီးသွားကြောင်း သိရသည်။

ကျောက်ထုကျေးရွာ၊ အွန်ကထောင်ကျေးရွာနှင့် ခင်တောင်ကျေရွာများမှ ဒေသခံများသည် နန့်ယားကျေးရွာတွင် စစ်ရှောင်နေစဥ် ထိုသို့ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။ 
စစ်ရှောင်များအပါအဝင် နန့်ယားကျေးရွာအထက် ဖားကန့်သွားရာလမ်းပိုင်းတွင် ပိတ်မိနေသည့် ခရီးသည်များနှင့် ယာဥ်မောင်းများလည်း လူသားဒိုင်းအဖြစ် ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။ 

“ ဘုရားကျောင်းမှာ စစ်ရှောင်နေတဲ့သူတွေကို ဘုရားကျောင်းတံခါးတွေ ဆောင့်ကန်ဖွင့်ပြီး ခေါ်သွားတာ။ အရွယ် ကောင်းယောကျ်ားတွေ တော်တော်လေးပါသွားတယ်” ဟု သတင်းရင်းမြစ်က ပြောသည်။

ယမန်နေ့ည ၈နာရီခန့်က စစ်ကောင်စီတပ်ဖွဲ့စစ်ကြောင်းသည် ဖားကန့်မြို့သို့တက်လာစဥ် စုစုပေါင်း အယောက် ၁၀၀ကျော်အား ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်ဟု ဆိုသည်။

ပြီးခဲ့သော ဩဂုတ်လ ၂၂ ရက်နေ့က မြစ်ကြီးနား - ဖားကန့်လမ်းပေါ်ရှိ မအူပင်ရေကာတာကျေးရွာကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့အား ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က တိုက်ခိုက်ခဲ့သည့်အတွက် နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေခဲ့ခြင်း ဖြစ်သည်။

တိုက်ပွဲဖြစ်ပွါးပြီးနောက် KIA က နန့်ယားအထက် ဖားကန့်သွားရာလမ်းပိုင်းတွင် ပိတ်ဆို့နေရာယူထားသည့်အတွက် လက်ရှိအချိန်ထိ စစ်ရေးတင်းမာနေပြီးအဆိုပါလမ်းတလျှောက် ဖြတ်သန်းသွားလာခွင့် ပိတ်ပင်ထားရာ နန့်ယားကျေးရွာတွင် ခရီးသည်များနှင့် ယာဉ်မောင်းများ ပိတ်မိနေခြင်းဖြစ်သည်ဟု သိရသည်။

ယနေ့နံနက်အစောပိုင်းမှစ၍ မြစ်ကြီးနားမြို့ဘက်သို့ ပြန်ဆင်းသည့် လမ်းပိုင်းကိုသာ ဖွင့်ထားပြီး ဖားကန့်ဘက်သို့တက်သည့် လမ်းပိုင်းအား လက်ရှိအချိန်အထိ ပိတ်ထားဆဲ ဖြစ်သည်ဟု သိရသည်။

စာတည်း။   ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး

#ကချင်ပြည်နယ်
#ဖားကန့်မြို့နယ်
#စစ်ကောင်စီတပ်
#လူသားဒိုင်း

ဓာတ်ပုံ- ဖားကန့်ဒေသ ဆိုင်းဖရာရွာသာတွေကို စစ်တပ်က ပေါ်တာစွဲသွားတုန်း ကေအိုင်အေက တိုက်လိုက်လို့ ပြန်လွတ်လာစဉ် (ပုံဟောင်း)

------------------------ 
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍7😁2🤬2😢1
​​ဆန်နှင့် ကြက်ဥ များ ငွေကျပ် ၁၀၀ ဖြင့် ရောင်းမည်
===================

ကီရာ

(မဇ္ဈိမ)။ ။ ဆန်တစ်ပြည်လျှင် ၁၀၀ကျပ် နှင့် ကြက်ဥ ၁၀လုံးပါ တစ်ကတ်လျှင် ၁၀၀ကျပ် နှုန်းဖြင့် ဩဂုတ် ၂၇ရက်နေ့ နံနက် ၁၁နာရီမှ စ၍ သက်န်းကျွန်းမြို့နယ် ဘဝမြင့်မှတ်တိုင်အနီးရှိ Aladdin Men Fashion ဆိုင်တွင် ရောင်းချပေးမည်ဖြစ်ကြောင်း သိရသည်။

ဆန် ၃၅၀ပြည်နှင့် ကြက်ဥ အလုံး ၂၀၀၀ တို့ကို မကုန်မချင်း ရောင်းချပေးသွားမည်ဖြစ်ပြီး လူတစ်ဦးလျှင် ကြိုက်နှစ်သက်ရာ ပစ္စည်းတစ်မျိုးကို ငွေကျပ် ၁၀၀ဖြင့် ရွေးချယ်ဝယ်ယူနိုင်မည်ဖြစ်သည်။

အဆိုပါ ရောင်းချပေးမှုနှင့် ပတ်သက်၍ “ အခက်အခဲကာလမှာ ကိုယ့်ထက်ခက်ခဲတဲ့ သူတွေကို တတ်နိုင်တဲ့ဘက်က ကူညီချင်ရုံသက်သက်ပါ”ဟု Aladdin Men Fashion ဆိုင်၏ တာဝန်ရှိသူက ပြောသည်။

ယခု ငွေကျပ်၁၀၀ဖြင့် ရောင်းချပေးခြင်းကို ဂျပန်မှ မိတ်ဆွေတစ်ဦးကကြက်ဥ ၁၅၀၀ မတည်ပေးခဲ့သည်ဟု ၎င်းက ဆက်လက်ပြောခဲ့ပြီး ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်ကလည်း ငွေကျပ်၁၀၀ဖြင့် ရောင်းချပေးသည့် အစီအစဉ်ကို နှစ်ကြိမ် လုပ်ဆောင်ခဲ့ကြောင်း သိရသည်။ 

၎င်းတို့၏ လူမူကွန်ရက် စာမျက်နှာတွင်လည်း နောက်ထပ် ဆက်လက်ရောင်းချပေးနိုင်ရန် လာရောက် ဝယ်ယူမည့်သူများအနေဖြင့် ရုတ်ရုတ်သဲသဲ မဖြစ်ရန်အတွက် စနစ်တကျ တန်းစီဝယ်ယူပေးရန်လိုအပ်ကြောင်း အသိပေး ထုတ်ပြန်ထားသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima
#ဆန် 
#ကွကျဥ

“Supported by the Staying Resilient Amidst Multiple Crises in Southeast Asia initiative of SEA Junction in partnership with CMB Foundation”

ပုံအညွှန်း- Aladdin Men Fashion ဆိုင်တွင် တင်ထားသည့် ကြော်ငြာဓာတ်ပုံ(ဓာတ်ပုံ- လူမှုကွန်ရက်)

------------------------ 
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍20🤣2❤1
"မြန်မာ့နွေဦးတော်လှန်ရေး နိုင်ငံတကာညီလာခံ" ကျင်းပမည် (ရုပ်/သံ)
==================

ရွှေနွယ်
အမေရိကန်နိုင်ငံ နယူးယောက်ပြည်နယ် ဘတ်ဖဲလိုးမြို့တွင် နွေဦးတော်လှန်ရေး၏ ပြည်သူ့အင်အားစု ပထမဆုံးသောညီလာခံ "မြန်မာ့နွေဦးတော်လှန်ရေး နိုင်ငံတကာညီလာခံ” ကို ကျင်းပမည်ဖြစ်ကြောင်း ညီလာခံပြောခွင့်ရသူ ဦးကိုကိုလေးက မဇ္ဈိမကိုပြောသည်။

ညီလာခံကို ဘတ်ဖဲလိုးမြို့တွင် ဩဂုတ်လ ၂၆ ရက်နှင့် ၂၇ ရက်နေ့တို့၌ အမေရိကန်စံတော်ချိန် မနက် ၉ နာရီမှ ညနေ ၅ နာရီအထိ နှစ်ရက်ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။

အဆိုပါညီလာခံကို ဖိတ်ကြားထားသည့် နိုင်ငံတကာမှ မြန်မာ့အရေး၊ နွေဦးတော်လှန်ရေး တက်ကြွလှုပ်ရှားကြသည့် မြန်မာပြည်ဖွားများ တက်ရောက်ကြမည်ဖြစ်ပြီး မြေပြင်၌ရော အွန်လိုင်းမှပါ ကျင်းပမည်ဟုဆိုသည်။

အမျိုးသားညီညွတ်ရေးအစိုးရ NUGနှင့်အတူ နွေဦးတော်လှန်ရေးကိုအားဖြည့်ကူညီရန် ပြန့်ကျဲနေသောပြည်သူ့အင်အားများကို စုဖွဲ့ခြင်းဖြစ်ပြီး ပြည်သူ့အားဖြင့် စစ်အာဏာရှင်စနစ်ကိုအပြီးတိုင်တိုက်ထုတ်နိုင်ရန် ရည်ရွယ်ကြောင်း သိရသည်။

https://youtu.be/BQV8yiw9jLo?si=jCHXAHwhoRDH1vAD

#နွေဦးတော်လှန်ရေး
#ညီလာခံ
#NUG
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍11😁2