Mizzima
✔
47.5K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
စစ်ကောင်စီ စစ်ကြောင်းကြောင့် ကနီမြို့နယ် ဒေသခံထောင်ချီ တိမ်းရှောင်
👍3🤬2🔥1😁1
စစ်ကောင်စီ စစ်ကြောင်းကြောင့် ကနီမြို့နယ် ဒေသခံထောင်ချီ တိမ်းရှောင်
=======================

KMN
(မဇ္စျိမ)။ ။ စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် ကျောက်ကုန်းရွာဘက်မှ ကနီမြို့နယ်ဘက်သို့ ယမန်နေ့ ဩဂုတ်လ၂၅ ရက် ညကစ၍ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကြောင့် ကျေးရွာကိုးရွာခန့်မှ ဒေသခံထောင်ချီတိမ်းရှောင်နေရကြောင်း ကနီမြို့နယ်သပိတ်ဦးဆောင်သူတဦးက ပြောကြားသည်။

ကနီမြို့နယ် ကျောက်ကုန်းကျေးရွာနှင့် အနီးဝန်းကျင်ရှိ ကျေးရွာများကို စစ်ကြောင်းထိုးနေပြီးအနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ) ကလည်း လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ကြောင်းသိရသည်။
"မနေ့ညကစပြီး ညတွင်းချင်း စစ်ဘေးတိမ်းရှောင်နေရတာပါ။ဒီနေ့အထိပြည်သူတွေပြေးနေရဆဲပါပဲ" ဟု ကနီမြို့နယ်သပိတ်ဦးဆောင်သူ က ပြောကြားသည်။

စစ်ကောင်စီစစ်ကြောင်းထိုးခြင်းကြောင့် ကနီမြို့နယ် ချင်းတွင်းမြစ်ကမ်းဘေးရှိ ကျေးရွာကိုးရွာခန့်မှ ဒေသခံပြည်သူ ထောင်ချီ စစ်ဘေး လွတ်ကင်းရာ ထွက်ပြေး တိမ်းရှောင် နေကြရပြီး စားနပ်ရိက္ခာ၊အမိုးအကာများ လိုအပ်နေကြောင်းသိရသည်။

စစ်ကောင်စီ စစ်ကြောင်းသည် စစ်ကိုင်းတိုင်း ကနီမြို့နယ် နှင့် ယင်းမာပင် မြို့အနယ်အစပ်ရှိ ကျေးရွာများသို့ စစ်ကြောင်းထိုးနေခြင်းဖြစ်ပြီး ဌင်းကျေးရွာများအနီးတွင် သြဂုတ်လ ၁၈ ရက်နေ့မှ စ၍ ၂၄ ရက်နေ့ထိ စစ်ကောင်စီ စစ်ကြောင်းနှင့်တိုက်ပွဲများဖြစ်ပွားခဲ့ပြီး စစ်သား ၂၀ ခန့်သေဆုံးကာ တပ်စိတ်မှူး တဦးကို အရှင်ဖမ်းဆီးမိခဲ့ကြောင်း Dragon Brothers Task Force က သတင်း ထုတ်ပြန်ထားသည်။

စာတည်း။ ။ ‌အောင်ကျော်ဖြိုး

#Mizzima
#စစ်ဘေးရှောင်
#ကနီမြို့နယ်

ပုံအညွှန်း- ကနီမြို့နယ်တွင် ဩဂုတ်လ ၂၅ ရက်နေ့ညက တွေ့ရသည့် စစ်ဘေးရှောင်များ။(ဓာတ်ပုံ- Pyae Aung Naing Kani)

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤬6👍4❤1🔥1😁1
Media is too big
VIEW IN TELEGRAM
ကြက်သားအုန်းနို့ခေါက်ဆွဲ | Chef Eve's Easy Thai Cooking Show | Ep - 27
.
Watch more detail- https://youtu.be/jsErrmyTJQQ

#အုန်းနို့ခေါက်ဆွဲ #ChefEve’s #mizzimaplushd #internationalnews #mizzima #mizzimanews #mizzimadailynews #myanmarnews #todaynews #newsupdate #Reels #Shorts
👍2🖕1
ကြက်သားအုန်းနို့ခေါက်ဆွဲ နဲ့ မုန့်လက်ကောက် | Chef Eve's Easy Thai Cooking Show | Ep - 27
=================

ဒီတစ်ပတ်မှာတော့ Chef Eve ရဲ့ ကြက်သားအုန်းနို့ခေါက်ဆွဲ နဲ့ မုန့်လက်ကောက် ချက်ပြုတ်ပုံကို တင်ဆက်ပေးမှာပဲ ဖြစ်ပါတယ်။

Easy Thai Cooking Show အစီအစဥ်မှာ ထိုင်း စားဖိုမှူး Chef Eve ကနေ ရိုးရှင်းပြီး ကိုယ်တိုင် အလွယ်တကူ လိုက်လုပ်နိုင်မယ့် ထိုင်းမြောက်ပိုင်း အစားအစာတွေကို ပြင်ဆင်ချက်ပြုတ်ပြသသွားမယ့် အစီစဉ်ပဲဖြစ်ပါတယ်။

ဒီအစီစဉ်ကိုတော့ အပတ်စဉ် စနေနေ့ ညနေ ၆ နာရီမှာ Mizzima + Channel ကနေ ကြည့်ရှုနိုင်ပါပြီ။ တီဗီကနေ မကြည့်ရှုလိုက်ရတဲ့ ပရိသတ်တွေကတော့ Mizzima+Youtube နဲ့ Mizzima Application တို့ကနေ ကြည့်ရှုနိုင်ပါပြီ။

https://youtu.be/jsErrmyTJQQ?si=Q-rKxe47yvn5iQpO

#EasyThaiCookingShow
#ChefEve
#NorthernThailandFood
#ThaiFood

-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U
👍4🔥1
ဩဂုတ်လ (၂၆) ရက်၊ စနေနေ့ ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
===============

ဒီကနေ့ညမှာတော့

ထိုင်း-ကရင်နီနယ်စပ်တိုက်ပွဲမှာ ကာကွယ်ရေးတပ်ဖွဲ့က လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိတဲ့သတင်းနဲ့အတူ

ရိုဟင်ဂျာတွေ ဂုဏ်သိက္ခာရှိစွာ နေရပ်ပြန်နိုင်ရေးကို ဆက်လက်ထောက်ပံ့မယ်လို့ ကုလသမဂ္ဂ ကတိပြုတဲ့သတင်းအပါအဝင်

နောက်ဆုံးရပြည်တွင်းသတင်းတွေ၊ တစ်ပတ်အတွင်း နိုင်ငံတကာ၊ အားကစားနဲ့ စီးပွားရေး သတင်းတွေကိုနားဆင်ကြရမှာပါ။

အဲ့ဒီနောက်မှာတော့ အပတ်စဉ်တင်ဆက်နေကျဖြစ်တဲ့ သံစဉ့်အိမ်အစီအစဉ်ကို တင်ဆက်သွားမှာပါ။

နောက်ဆုံးမှာတော့ တိုင်းရင်းသားတွေရဲ့အသံကို စုစည်းတင်ဆက်ပေးနေတဲ့ BNI ရေဒီယိုအစီအစဉ်ကိုလည်း ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။

https://youtu.be/6l3qkbTBVng?si=3JMOgFUY1dd86sRi

#Eveningradio
#mizzimaradio
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍8😁3
Media is too big
VIEW IN TELEGRAM
မုန့်လက်ကောက် | Chef Eve's Easy Thai Cooking Show | Ep - 27

Watch more detail- https://youtu.be/jsErrmyTJQQ

#မုန့်လက်ကောက် #ChefEve’s #mizzimaplushd #internationalnews #mizzima #mizzimanews #mizzimadailynews #myanmarnews #todaynews #newsupdate #Reels #Shorts
👍3🖕1
​​နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၂၆ ဩဂုတ် ၂၀၂၃) 
===================

စစ်ကောင်စီလက်ထက် နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုများ ထပ်မံနှုတ်ထွက်မှုများနှင့် အထွေထွေကုန် ဈေးနှုန်းကြီးမြင့်မှုများကြောင့် ပြည်သူလူထုအနေဖြင့် အထွေထွေကျပ်တည်းမှုများဖြင့် ရင်ဆိုင်ရ ဖွယ်ရှိနေပြီး လူမှုဘဝများသည် အရှေ့တောင်အာရှတွင် အနိမ့်ကျဆုံးရောက် ရှိလာနိုင်ဖွယ် ရှိနေသည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍9😁2🤬2
ဒေါ်လာကို ၆လ ထက်ပိုပြီး ကိုင်ဆောင်ပါက အရေးယူမည်ဟု စစ်ကောင်စီကြေညာတဲ့ သတင်း | Weekend News Roundup
====================

ဒီအစီအစဥ်မှာ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း Mizzima က ထုတ်လွှင့်ခဲ့တဲ့ သတင်းတွေထဲက စိတ်၀င်စားဖွယ်နဲ့ အရေးကြီးသတင်းတွေကို ရွေးချယ်ပြီး ပြန်လည် ထုတ်လွှင့်ပေးသွားမှာပါ။

−အာဆီယံအလှည့်ကျဥက္ကဌသက်တမ်းမကုန်ခင် မြန်မာအရေးဖြေရှင်းဖို့ အင်ဒိုနီးရှားကို APHR တိုက်တွန်းတဲ့သတင်း

−ကျန်းမာရေးဆိုင်ရာ ဆေးရုံ၊ ဆေးခန်းတွေနဲ့ ပြည်သူလူထုကို ပစ်မှတ်ထား တိုက်ခိုက်နေတဲ့ အာဏာသိမ်း စစ်ကောင်စီတပ်ကို အရေးယူပေးဖို့ တောင်းဆိုတဲ့သတင်း

−ထိုင်ဝမ်ကိုပြင်းထန်တဲ့သတိပေးမှုအဖြစ် တရုတ်က ကျွန်းတစ်ဝိုက်မှာ စစ်ရေးလေ့ကျင့်မှုတွေပြုလုပ်တဲ့သတင်း

−အမေရိကန် တောင်ကိုရီးယားနဲ့ ဂျပန်ခေါင်းဆောင်တွေရဲ့ ထိပ်သီးဆွေးနွေးပွဲ ပူးတွဲထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး တရုတ်ကန့်ကွက် တဲ့သတင်း

−ဒေါ်လာကို ၆လ ထက်ပိုပြီး လက်ဝယ်ကိုင်ဆောင်ပါက အရေးယူမည်ဟု စစ်ကောင်စီကြေညာတဲ့ သတင်း

−ထိုင်းဘတ်ငွေဈေးဂယက်ကြောင့် စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ တော်လှန်ရေးအတွက် လက်နက်ခဲယမ်းဝယ်ယူဖို့ ခက်ခဲလာဟုဆို တဲ့သတင်း

https://youtu.be/wvSj97EFBRs?si=Bm-bKj_5PMnIY4-K

#weekendnewsroundup
#mizzimatv
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍17🤣4❤2🎉2🔥1
​​စစ်ကောင်စီတပ်သားများ လုံခြုံရေးယူထားသည့် ရပ်ကွက်ရုံး ဗုံးပစ်တိုက်ခိုက်ခံရ
====================

007
(မဇ္ဈိမ) ။ ။ မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ လုံခြုံရေးယူပေးထားသည့် ရတနာဘုမ္မိအရှေ့ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး ယနေ့ ဩဂုတ်လ ၂၆ရက် နေ့လယ် ၁ နာရီခန့်က ဗုံးပစ် တိုက်ခိုက်ခံလိုက်ရကြောင်း ဒေသခံများထံကသိရသည်။

“ရပ်ကွက်ရုံးမှာ တပ်စွဲထားတဲ့စစ်သားတွေကို၊ ဆိုင်ကယ်နဲ့လာတဲ့ နှစ်ယောက်က ဗုံးနဲ့လှမ်းထုပြီးထွက်ပြေးသွားတာ၊ တယောက်ထိတယ်၊ စစ်သားလား ရဲလားတော့ မသိရသေးဘူး၊ ဆေးရုံကားတစီးနဲ့ လာသယ်သွားတယ်” ဟု ဒေသခံတဦးက ပြောသည်။

မဟာအောင်မြေမြို့နယ် ၈၂ လမ်း၊ ၃၆ လမ်းနှင့် ၃၇ လမ်းကြားရှိ ရတနာဘုမ္မိ အရှေ့ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို ဆိုင်ကယ်စီးအမျိုးသားနှစ်ဦးက လက်လုပ်ဗုံးဖြင့် ပစ်ပေါက်ထွက်ပြေးသွားခြင်းဖြစ်ကြောင်း နယ်မြေခံရဲတပ်ဖွဲ့နှင့် နီးစပ်သည့်အသိုက်အဝန်းထံမှ သိရသည်။

“မှန်ကာပါတဲ့ ဆိုင်ကယ်စီးဦးထုပ် ဆောင်းထားတဲ့လူနှစ်ယောက်က၊ အနက်ရောင်ဆိုင်ကယ်နဲ့ရောက်လာပြီး၊ ခပ်လှမ်းလှမ်းကနေ လှမ်းပစ်သွားတာပါ” ဟု နီးစပ်သူတဦးက ပြောသည်။

ရုံးအစောင့် စစ်ကောင်စီတပ်သားတဦး လဲကျသွားသည်ကို မြင်တွေ့လိုက်ရကြောင်း ဒေသခံများကဆိုသော်လည်း ပစ်ပေါက်လိုက်သော လက်လုပ်ဗုံးသည် ရုံးအရှေ့အုတ်တံတိုင်းအနီး ကျရောက်ပေါက်ကွဲ့ခြင်းသာဖြစ်ကြောင်း လူပစ္စည်းထိခိုက်ပျက်စီးမှု မရှိကြောင်း စစ်ကောင်စီကိုဝါဒဖြန့်ပေးနေသည့် သတင်းများက ထုတ်ပြန်ထားသည်။

မည်သည့်အဖွဲ့အစည်းက လုပ်ဆောင်သွားခြင်းဖြစ်ကြောင်း မသိရသေးဘဲ တိုက်ခိုက်မှုဖြစ်စဉ်အပြီးတွင် စစ်ကောင်စီတပ်ဖွဲ့က မန္တလေးမြို့တွင်းသွားလာနေသော ဆိုင်ကယ်များအား တင်းကျပ်စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း ဒေသခံများက ဆိုသည်။

မန္တလေးမြို့တွင် ယခုလ ၁ ရက်နေ့မှ ယနေ့အထိ၊ စစ်ကောင်စီ၏နေရာ ၁၀ ခုထက်မနည်း တိုက်ခိုက်ခံထားရပြီး ယင်းနေရာများအနက် ခုနစ်နေရာကို ဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေးပြောက်ကျားတပ်ဖွဲ့ တခုဖြစ်သော No More Dectatorship People Defence Force အဖွဲ့က လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

စာတည်း။ ။ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။ သန့်ဇော်(သန်လျင်)

#မန္တလေးတိုင်း
#မဟာအောင်မြေမြို့နယ်
#အုပ်ချုပ်ရေးမှူးရုံး
#ဗုံးပစ်တိုက်ခိုက်မှု

ပုံအညွှန်း-ရတနာဘုမ္မိအရှေ့ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး။(ဓာတ်ပုံ-CJ)

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍12👏4🥱2❤1
​​Time To Hunt
=============

ကိုရီးယားပိုက်ဆံ တန်ဖိုးထိုးကျပြီး တိုင်းပြည် ပျက်နေချိန်မှာ ဖောက်ထွင်းမှုနဲ့ ထောင်ကလွတ်လာတဲ့ ဂျွန်ဆော့ ..
အရာရာကို ဒေါ်လာ ပေးဝယ်နေရတဲ့ ခေတ်ပျက်ကြီးမှာ ထိုင်ဝမ်ကိုသွားပြီး ဘဝသစ် ပြန်စဖို စိတ်ကူးခဲ့တဲ့ "ဂျွန်ဆော့"..
“ဂီဟွန်း"နဲ့ "ဂျန်းဟို"တို ငယ်ပေါင်းကြီးဖော် သူငယ်ချင်းသုံးယောက် ..
ဒေါ်လာ‌တွေနဲ့ လည်ပတ်နေတဲ့ လောင်းကစားအိမ် တစ်လုံးကို သူတို လက်နက်တွေနဲ့ ဝင်စီးခဲ့ပြီး၊ အစီအစဉ်အတိုင်း အောင်မြင်ခဲ့သလို CCTV မှတ်တမ်းတွေ သိုလှောင်ထားတဲ့ ဟာ့ဒရိုက်ဗ်ကိုပါ
ဖြုတ်ယူလာခဲ့ပေမဲ့ သူတို မသိခဲ့တာက ဟာ့ဒရိုက်ဗ်ထဲမှာ VIP တွေရဲ့ လူသိမခံနိုင်တဲ့ လျှိဝှက်ဒေတာတွေ ရှိနေတာကိုပါ…
သူတို အိပ်မက်အတိုင်း ထိုင်ဝမ်ကိုသွားဖို ပြင်ဆင်နေချိန်မှာပဲ သူတိုနောက်ကနေ သေမင်းတမန် အရိပ်လို လိုက်နေပြီဆိုတာ သိလိုက်ရချိန်မှာတော့.....
အချင်းချင်း အသက်ပေးချစ်ကြတဲ့ လူငယ်လေးသုံးယောက်နဲ့ သေမင်းတမန် "ဟန်"ရဲ့ အသက်‌ကြေး အမဲလိုက်ပွဲ စတင်ခဲ့ပါတော့တယ်
Mizzima + တွင် ပြသနေသည့် အချိန်မှာပဲ Mizzima App တွင်လည်း live stream ကြည့်ရှုနိုင်ပါသည်။

ပြသမည့်ရက်။ ။ 26.8.2023
#New ပြသမည့် အချိန် ။ ။ မနက် (၁၀:၀၀ )နာရီ
#Replay ပြန်လည်ပြသမည့်အချိန်။ ။ည (၁၀:၃၀ ) နာရီ

(Mizzima Media ကနေ သတင်းချန်နယ် သီးသန့် အဖြစ် Mizzima TV အပြင်၊ သတင်း နှင့် ဖျော်ဖြေရေး ချန်နယ် အဖြစ် Mizzima + တို့အား PSI စလောင်းများ၊ နှစ်ပေ စလောင်းများ နှင့် ရှစ်ပေ စလောင်း များမှ တစ်ဆင့် နေ့စဉ် နံနက် ၆ နာရီ မှ ည ၁၂ နာရီအထိ ထုတ်လွှင့်ပြသနေပါသည်)။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U #MizzimaTV
👍7🔥1
ယင်းမာပင်မြို့ ရွှေနွယ်သွေး သပိတ်စစ်ကြောင်း
===============

ကိုခင်မောင်
(မဇ္ဈိမ)။ ။စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်မှ ရွှေနွယ်သွေးသပိတ်စစ်ကြောင်းသည် ယနေ့ သြဂုတ်လ ၂၆ ရက်နေ့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်ကို ဆက်လက်ချီတက်ဆန္ဒပြခဲ့ကြသည်။

သပိတ်စစ်ကြောင်းသည် ဒေသတွင်းနယ်မြေမငြိမ်သက်မှုကြားမှ “သွေးမအေးတဲ့ ရွှေနွယ်သွေး”စာတန်းနှင့် "ကြောက်ရွံ့မှုမရှိတော်လှန်လို့ အနာဂတ်ကိုဖန်တီးစို့" စာတန်းတို့ကို ကိုင်ဆောင်ပြီး ညနေခင်းဆည်းဆာ စစ်အာဏာရှင်ဆန့်ကျင်ရေး ၇၇၀ ရက်မြောက်အဖြစ် ချီတက်သပိတ်မှောက်ခြင်းဖြစ်သည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#ယင်းမာပင်မြို့နယ်
#ရွှေနွယ်သွေး

ဓာတ်ပုံ။ ။ သွေးမအေးတဲ့ ရွှေနွယ်သွေး သပိတ်စစ်ကြောင်း

Website Link - http://www.mizzimaburmese.com/article/132624

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍13❤3😁2
​​MOD အောက်ပြန်ရောက် တပ်ရင်း ၄ ရင်း ကိစ္စ “ဒွိဟမပွားကြရန်” ဗိုလ်နဂါး ပြော
======================

မင်းထက်
(မဇ္ဈိမ) ။ ။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ကာကွယ်ရေးဝန်ကြီးဌာန (MOD) ၏ COC အောက် ပြန်ရောက်သွားသည့်ကိစ္စ ၎င်းတို့၏ တော်လှန်ရေးတပ်မတော်အတွက် “အားလျှော့သွားခြင်းမဟုတ်” သည့်အပြင် “ဒွိဟမပွားကြရန်”လည်း ဗိုလ်နဂါးက ပြောကြားလိုက်သည်။

ယင်းမာပင်ခရိုင် တပ်ရင်း အမှတ် (၃)၊ (၄) ၊ (၅) နှင့် (၆) တပ်ရင်း လေးရင်းသည် ဗိုလ်နဂါးဦးဆောင်သော မြန်မာ့တော်ဝင်နဂါးတပ်တော် (MRDA) သို့မဟုတ် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) နှင့် မသက်ဆိုင်ဘဲ MOD တွင်သာ ဆက်လက်ရပ်တည်မည်ဟု ထိုတပ်ရင်း လေးရင်းက ထုတ်ပြန်သည်။

ယနေ့ ဩဂုတ်လ ၂၆ ရက်နေ့တွင် တပ်ရင်းမှူး လေးဦးက အသီးသီးလက်မှတ် ရေးထိုးကာ ပူးတွဲကြေညာချက် ထုတ်ပြန်လိုက်ခြင်းဖြစ်ပြီး အဆိုပါ ထုတ်ပြန်ချက်အပေါ် ဗိုလ်နဂါးက ၎င်း၏ လူမှုကွန်ရက်မှတဆင့် ထိုသို့ တုံ့ပြန်လိုက်ခြင်း ဖြစ်သည်။

“ကျနော်တို့သွားမယ့် တော်လှန်ရေးတပ်မတော်မှာ အားလျော့သွားခြင်းမဟုတ်ပါ၊ ဒီဘက်မှာ ပူးပေါင်းလာတဲ့ မြို့နယ် ၁၀ ခုအထက်မှ Local အင်အားများဖြင့် ဆက်လက်တိုးနေဆဲပါ၊ MOD ဌာနမှ ယမန်နေ့က ထုတ်ပယ်ထားသည့် ရင်း လေးရင်းကို ပြန်လည်စာရင်းသွင်းခြင်းသာ ဖြစ်ပါတယ်” ဟု ဗိုလ်နဂါးက ယနေ့တွင် လူမှုကွန်ရက်၌ ရေးသားထားသည်။

ပုလဲမြို့နယ်တွင် အခြေပြုလှုပ်ရှားသော မြန်မာ့တော်ဝင် နဂါးတပ်တော် (MRDA)၏ တပ်ရင်း လေးရင်းကို ဗိုလ်နဂါးက NUG အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန (MOD) ၏ COC အောက်သို့ ပေးအပ်ခဲ့သည်။

NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ကမှု MRDA က ပေးသည့် တပ်ရင်းလေးရင်းကို PDF တပ်ရင်းများအဖြစ် ထောက်ပံ့ကူညီမှုများ ဆောင်ရွက်ခဲ့ကြောင်း RFA သတင်းဌာနနှင့် အင်တာဗျူး တခုတွင် ပြောဆိုထားသည်။

အဆိုပါ တပ်ရင်း လေးရင်းသည် မြေပြင်စစ်ရေးလှုပ်ရှားရာတွင် MOD ၏ COC ‌အောက်တွင်ထက် နဂါးတပ်တော် MRDA အဖြစ်ပဲ လှုပ်ရှားဆောင်ရွက်နေခြင်းကြောင့် MRDA အနေဖြင့်သာ သီးသန့်ရပ်တည်ရန် MOD က ထုတ်ပယ်လိုက်သည်။

ထိုယင်းမာပင်ခရိုင် တပ်ရင်းလေးရင်းအနေဖြင့် NUG ကာကွယ်ရေးဌာန၏ ထိန်းချုပ်အောက်တွင် ဆက်လက်ရပ်တည်လိုပါက ဗိုလ်နဂါးက ၎င်းဦးဆောင် ဝယ်ယူထားသော တိုက်ပွဲဝင် လက်နက်ခဲယမ်းများကို အပ်နှံရမည်ဟု ဆုံးဖြတ်ခဲ့ရာ ယင်းအပေါ် တပ်ရင်းလေးရင်းက သဘောတူခဲ့ကြောင်း ယနေ့ထုတ်ပြန်ချက်တွင် ပြောထားသည်။
ထိုသို့ဆုံးဖြတ်ပြီးနောက် NUG ကာကွယ်ရေးဌာကလည်း ထိုတပ်ရင်းလေးရင်းကို MOD လက်အောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်ရင်းများအဖြစ် ဆက်လက်အသိ အမှတ်ပြုကြောင်း ဩဂုတ်လ ၂၂ ရက်နေ့တွင် အကြောင်းပြန်ခဲ့သည်။

"ထိုရင်း လေးရင်းမှ ရဲဘော်များပင် တော်လှန်ရေးတပ်မတော်တွင် ပူးပေါင်းပါဝင်လာဆဲဖြစ်ပါ၍ ပြည်သူများ ဒွိဟမပွားကြစေရန် လေးစားစွာတင်ပြအပ်ပါတယ်" ဟု MRDA ခေါင်းဆောင် ဗိုလ်နဂါးက ရေးသားထားသည်။

နွေဦးတော်လှန်ရေး၌ လက်နက်ကိုင်ခုခံမှု အားကောင်းရာ အညာဒေသ စစ်ကိုင်းတိုင်းတွင် ခေတ်မီလက်နက်များ တပ်ဆင်ထားသော အာဏာသိမ်း စစ်တပ်နှင့် အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာသော NUG အစိုးရ လက်အောက်ခံ PDF များ၊ Local PDF တို့အကြား တိုက်ပွဲများ နေ့စဉ် ဖြစ်ပွားနေသည်။

စာတည်း။ ။ နောင်နောင်
စာမူတည်းဖြတ်။ ။ သန့်ဇော်(သန်လျင်)
ဓာတ်ပုံ- MRDA ခေါင်းဆောင် ဗိုလ်နဂါး

“Supported by the Staying Resilient Amidst Multiple Crises in Southeast Asia initiative of SEA Junction in partnership with CMB Foundation”

#ယင်းမာပင်ခရိုင်
#တပ်ရင်းလေးရင်း
#MOD
#‌ဗိုလ်နဂါး
#Mizzima
#Hardnews
👍28❤7🤣3🥰2😁1