Mizzima
✔
47.4K subscribers
33.8K photos
2.57K videos
36 files
76.7K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
ယင်းမာပင်မြို့ ရွှေနွယ်သွေး သပိတ်စစ်ကြောင်း
===============

ကိုခင်မောင်
(မဇ္ဈိမ)။ ။စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်မှ ရွှေနွယ်သွေးသပိတ်စစ်ကြောင်းသည် ယနေ့ သြဂုတ်လ ၂၆ ရက်နေ့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်ကို ဆက်လက်ချီတက်ဆန္ဒပြခဲ့ကြသည်။

သပိတ်စစ်ကြောင်းသည် ဒေသတွင်းနယ်မြေမငြိမ်သက်မှုကြားမှ “သွေးမအေးတဲ့ ရွှေနွယ်သွေး”စာတန်းနှင့် "ကြောက်ရွံ့မှုမရှိတော်လှန်လို့ အနာဂတ်ကိုဖန်တီးစို့" စာတန်းတို့ကို ကိုင်ဆောင်ပြီး ညနေခင်းဆည်းဆာ စစ်အာဏာရှင်ဆန့်ကျင်ရေး ၇၇၀ ရက်မြောက်အဖြစ် ချီတက်သပိတ်မှောက်ခြင်းဖြစ်သည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#ယင်းမာပင်မြို့နယ်
#ရွှေနွယ်သွေး

ဓာတ်ပုံ။ ။ သွေးမအေးတဲ့ ရွှေနွယ်သွေး သပိတ်စစ်ကြောင်း

Website Link - http://www.mizzimaburmese.com/article/132624

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍13❤3😁2
​​MOD အောက်ပြန်ရောက် တပ်ရင်း ၄ ရင်း ကိစ္စ “ဒွိဟမပွားကြရန်” ဗိုလ်နဂါး ပြော
======================

မင်းထက်
(မဇ္ဈိမ) ။ ။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ကာကွယ်ရေးဝန်ကြီးဌာန (MOD) ၏ COC အောက် ပြန်ရောက်သွားသည့်ကိစ္စ ၎င်းတို့၏ တော်လှန်ရေးတပ်မတော်အတွက် “အားလျှော့သွားခြင်းမဟုတ်” သည့်အပြင် “ဒွိဟမပွားကြရန်”လည်း ဗိုလ်နဂါးက ပြောကြားလိုက်သည်။

ယင်းမာပင်ခရိုင် တပ်ရင်း အမှတ် (၃)၊ (၄) ၊ (၅) နှင့် (၆) တပ်ရင်း လေးရင်းသည် ဗိုလ်နဂါးဦးဆောင်သော မြန်မာ့တော်ဝင်နဂါးတပ်တော် (MRDA) သို့မဟုတ် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) နှင့် မသက်ဆိုင်ဘဲ MOD တွင်သာ ဆက်လက်ရပ်တည်မည်ဟု ထိုတပ်ရင်း လေးရင်းက ထုတ်ပြန်သည်။

ယနေ့ ဩဂုတ်လ ၂၆ ရက်နေ့တွင် တပ်ရင်းမှူး လေးဦးက အသီးသီးလက်မှတ် ရေးထိုးကာ ပူးတွဲကြေညာချက် ထုတ်ပြန်လိုက်ခြင်းဖြစ်ပြီး အဆိုပါ ထုတ်ပြန်ချက်အပေါ် ဗိုလ်နဂါးက ၎င်း၏ လူမှုကွန်ရက်မှတဆင့် ထိုသို့ တုံ့ပြန်လိုက်ခြင်း ဖြစ်သည်။

“ကျနော်တို့သွားမယ့် တော်လှန်ရေးတပ်မတော်မှာ အားလျော့သွားခြင်းမဟုတ်ပါ၊ ဒီဘက်မှာ ပူးပေါင်းလာတဲ့ မြို့နယ် ၁၀ ခုအထက်မှ Local အင်အားများဖြင့် ဆက်လက်တိုးနေဆဲပါ၊ MOD ဌာနမှ ယမန်နေ့က ထုတ်ပယ်ထားသည့် ရင်း လေးရင်းကို ပြန်လည်စာရင်းသွင်းခြင်းသာ ဖြစ်ပါတယ်” ဟု ဗိုလ်နဂါးက ယနေ့တွင် လူမှုကွန်ရက်၌ ရေးသားထားသည်။

ပုလဲမြို့နယ်တွင် အခြေပြုလှုပ်ရှားသော မြန်မာ့တော်ဝင် နဂါးတပ်တော် (MRDA)၏ တပ်ရင်း လေးရင်းကို ဗိုလ်နဂါးက NUG အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန (MOD) ၏ COC အောက်သို့ ပေးအပ်ခဲ့သည်။

NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ကမှု MRDA က ပေးသည့် တပ်ရင်းလေးရင်းကို PDF တပ်ရင်းများအဖြစ် ထောက်ပံ့ကူညီမှုများ ဆောင်ရွက်ခဲ့ကြောင်း RFA သတင်းဌာနနှင့် အင်တာဗျူး တခုတွင် ပြောဆိုထားသည်။

အဆိုပါ တပ်ရင်း လေးရင်းသည် မြေပြင်စစ်ရေးလှုပ်ရှားရာတွင် MOD ၏ COC ‌အောက်တွင်ထက် နဂါးတပ်တော် MRDA အဖြစ်ပဲ လှုပ်ရှားဆောင်ရွက်နေခြင်းကြောင့် MRDA အနေဖြင့်သာ သီးသန့်ရပ်တည်ရန် MOD က ထုတ်ပယ်လိုက်သည်။

ထိုယင်းမာပင်ခရိုင် တပ်ရင်းလေးရင်းအနေဖြင့် NUG ကာကွယ်ရေးဌာန၏ ထိန်းချုပ်အောက်တွင် ဆက်လက်ရပ်တည်လိုပါက ဗိုလ်နဂါးက ၎င်းဦးဆောင် ဝယ်ယူထားသော တိုက်ပွဲဝင် လက်နက်ခဲယမ်းများကို အပ်နှံရမည်ဟု ဆုံးဖြတ်ခဲ့ရာ ယင်းအပေါ် တပ်ရင်းလေးရင်းက သဘောတူခဲ့ကြောင်း ယနေ့ထုတ်ပြန်ချက်တွင် ပြောထားသည်။
ထိုသို့ဆုံးဖြတ်ပြီးနောက် NUG ကာကွယ်ရေးဌာကလည်း ထိုတပ်ရင်းလေးရင်းကို MOD လက်အောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်ရင်းများအဖြစ် ဆက်လက်အသိ အမှတ်ပြုကြောင်း ဩဂုတ်လ ၂၂ ရက်နေ့တွင် အကြောင်းပြန်ခဲ့သည်။

"ထိုရင်း လေးရင်းမှ ရဲဘော်များပင် တော်လှန်ရေးတပ်မတော်တွင် ပူးပေါင်းပါဝင်လာဆဲဖြစ်ပါ၍ ပြည်သူများ ဒွိဟမပွားကြစေရန် လေးစားစွာတင်ပြအပ်ပါတယ်" ဟု MRDA ခေါင်းဆောင် ဗိုလ်နဂါးက ရေးသားထားသည်။

နွေဦးတော်လှန်ရေး၌ လက်နက်ကိုင်ခုခံမှု အားကောင်းရာ အညာဒေသ စစ်ကိုင်းတိုင်းတွင် ခေတ်မီလက်နက်များ တပ်ဆင်ထားသော အာဏာသိမ်း စစ်တပ်နှင့် အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာသော NUG အစိုးရ လက်အောက်ခံ PDF များ၊ Local PDF တို့အကြား တိုက်ပွဲများ နေ့စဉ် ဖြစ်ပွားနေသည်။

စာတည်း။ ။ နောင်နောင်
စာမူတည်းဖြတ်။ ။ သန့်ဇော်(သန်လျင်)
ဓာတ်ပုံ- MRDA ခေါင်းဆောင် ဗိုလ်နဂါး

“Supported by the Staying Resilient Amidst Multiple Crises in Southeast Asia initiative of SEA Junction in partnership with CMB Foundation”

#ယင်းမာပင်ခရိုင်
#တပ်ရင်းလေးရင်း
#MOD
#‌ဗိုလ်နဂါး
#Mizzima
#Hardnews
👍28❤7🤣3🥰2😁1
စနေနေ့ညရဲ့ ဘွန်ဒက်စ်လီဂါပွဲစဉ် (၂) ရလဒ်များ
===================

Bochum 1 - 1 Borussia Dortmund

Darmstadt 1 - 4 Union Berlin

FC Cologne 1 - 2 Wolfsburg

FC Heidenheim 2 - 3 Hoffenheim

Freiburg 1 - 0 Werder Bremen

Borussia Monchengladbach 0 - 3 Bayer Leverkusen

#Bundesliga
#Footballnews

Photo - Twitter
👍10❤1🔥1