Mizzima
✔
47.6K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
ဥရောပထိပ်တန်းလိဂ်ရလဒ်များ

လာလီဂါပွဲစဉ် (၃) ရလဒ်များ

Cadiz 1 - 1 Almeria

Granada 3 - 2 Mallorca

Sevilla 1 - 2 Girona

အီတလီ စီးရီးအေပွဲစဉ်(၂) ရလဒ်များ

Frosinone 2 - 1 Atalanta

Monza 2 - 0 Empoli

AC Milan 4 - 1 Torino

Verona 2 - 1 Roma

ပြင်သစ်လီဂူဝမ်း ပွဲစဉ်ရလဒ်များ

Nantes 3 - 3 Monaco

Marseille 2 - 0 Brest

Paris Saint-Germain 3 - 1 Lens

#Footballnews
Photo - Twitter
👍7❤1🔥1
ဩဂုတ်လ (၂၇) ရက်၊ တနင်္ဂနွေနေ့ မနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
==================

ဒီကနေ့မနက်မှာတော့ .............

ပုသိမ်ထောင်အကြမ်းဖက်ခံရမှုမှာ ရိုက်နှက်ခံခဲ့ရတဲ့ နိုင်ငံရေးအကျဥ်းသား ၃၃ ဦးကို ထောင်အာဏာပိုင်တွေကတရားစွဲတဲ့သတင်းနဲ့အတူ

ကန့်ဘလူခရိုင်ရှိ စစ်ဘေးရှောင်ကလေးတွေမှာ အရေပြားရောဂါလက္ခဏာ အဖြစ်များနေတဲ့ သတင်းအပါအဝင်

နောက်ဆုံးရပြည်တွင်းသတင်းတွေ၊ တပတ်အတွင်း အားကစား၊ စီးပွားရေးနဲ့ နိုင်ငံတကာသတင်းတွေကိုနားဆင်ကြရမှာပါ။

အဲ့ဒီနောက်မှာတော့ အပတ်စဉ်ကဏ္ဍအဖြစ် “သံစဉ့်အိမ်” အစီအစဉ်ကို ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။

https://youtu.be/NN0vOioC_C0?si=JCz4bW7tbim6lSow

#Morningradio
#Mizzimaradio
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍10😁1
ဩဂုတ် ၂၇ ရက်နေ့ ရုပ်သံသတင်းအစီအစဉ်
==============

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဩဂုတ် ၂၇ ရက်နေ့မှာ ရန်ကုန်ခေတ်သစ်သတင်းဌာရဲ့ This Week ရုပ်သံအစီအစဉ်ကို ထုတ်လွှင့် သွားမှာဖြစ်ပါတယ်။ဒီအစီအစဉ်မှာ တစ်ပတ်အတွင်း မြန်မာနိုင်ငံမှာ ဖြစ်ပေါ်ခဲ့တဲ့ သတင်းတွေထဲကမှ ထူးခြားတဲ့ သတင်းတွေကို ရွေးချယ်ကောက်နုတ်သုံးသပ် တင်ဆက်ပေး ထားတာလည်း ဖြစ်ပါတယ်။

https://youtu.be/yBapUAtfkKk?si=Si9TaWkt9gAN2bMx

#ရန်ကုန်ခေတ်သစ်
#thisweek
#mizzimatv
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍10🤮1
South Asia Today အစီအစဉ်
===============

ဒီတပတ် South Asia Today အစီအစဉ်မှာတင်ဆက်မဲ့အကြောင်းအရာတွေကတော့

ပညာရေးနဲ့ အလုပ်ကို တားမြစ်မှုတို့ကြောင့်တာလီဘန်တို့ရဲ့ စိန်ခေါ်မှုအသစ်များကို ရင်ဆိုင်နေရတဲ့ အာဖဂန်အမျိုးသမီးများ
အစိုးရက ဆရာဝန်တို့ရဲ့အငြိမ်းစားယူရမဲ့ အသက်အရွယ်ကို တိုးမြှင့်လိုက်တဲ့အပေါ် ဂယ်ဂစ်ဘယ်တီစတန်မှ လူငယ်ဆရာဝန်များ စုစည်းဆန့်ကျင် အိန္ဒိယနိုင်ငံ အလာပက်ဇ်ဟာမြို့ရဲ့ နှစ်စဉ် မြွေလှေပြိုင်ပွဲ
မြောက်ကိုရီးယားဟာနျူကလီးယားစစ်ပွဲအတွက် မဟာမိတ်တို့ရဲ့ စစ်ရေးလေ့ကျင့်မှုကို ဝေဖန် ရှုတ်ချ အာရှတစ်ခွင်က ထူးခြားတဲ့အကြောင်းအရာများကို သိရှိနိုင်မဲ့Asia Watch ကဏ္ဍတွေကို တင်ဆက်သွားမှာပါ။

https://youtu.be/MtZpg9v3X6M?si=636M7uw6c9zc42Qt

#southasiatoday
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍9🤮1
​​My Annoying Brother
===========

ဒီဇာတ်ကားကတော့ ကိုရီးယားနိုင်ငံရဲ့ နာမည်ကြီးတွေဖြစ်တဲ့ Jung Seok..Do Kyung Soo နဲ့မင်းသမီးချောလေး Park Shin Hye တို့ ပါဝင်ရိုက်ကူးထားတဲ့၂၀၁၆ ခုနှစ် ထွက်ရှိထားတဲ့ နာမည်ကြီးဇာတ်ကားတစ်ကားပဲ ဖြစ်ပါတယ်

ဒူယောင်ဟာ နိုင်ငံလက်ရွေးစင်အားကစားသမားတစ်ယောက်ပါ ....
တစ်နေ့မှာ သူဟာ အမှတ်မထင်ပဲ ပြိုင်ပွဲယှဉ်ပြိုင်ရင်းနဲ့ ထိခိုက်မိရာက မျက်စိကွယ်သွားခဲ့ပါတယ် သူ့မှာ ဂိုဒူရှစ် ဆိုတဲ့ လိမ်လည်မှုတွေနဲ့ ထောင်ကျနေတဲ့အကိုတစ်ယောက်ရှိပါတယ်...

ဂိုဒူ‌ယောင်ဟာ မျက်စိကွယ်သွားပြီးစောင့်ရှောက်ပေးဖို့ လူလိုလာတဲ့ အတွက်ကြောင့်သူ့အကိုဟာ သူ့ကို အကြောင်းပြပြီးထောင်ကလွတ်လာခဲ့ပါတယ်

တဖက်မှာလည်း ဂိုဒူယောင် ကို အရင်ကတည်းကလေ့ကျင့်ပေးနေတဲ့ နည်းပြ ဆူဟွန် ကလည်း သူ့ကို မသန်စွမ်း အားကစား အဖွဲ့ထဲကို ဝင်ပြီး ပြန်ပြီးလေ့ကျင့်ဖို့ကိုတိုက်တွန်းနေပါတယ်

တဖြည်းဖြည်း အနေကြာလာတဲ့ အခါမှာတော့ ဂိုဒူရှစ်တစ်ယောက် သူ့ညီလေးကို သံယောဇဉ်ဖြစ်လာခဲ့ပါတယ် ဒါပေမယ့် မထင်မှတ်ထားတဲ့ ကံကြမ္မာတစ်ခု ဝင်လာပါတော့တယ် …

အကို ကြီးဟာ သူ့ညီလေးကို ရဲရဲဝံဝံနေထိုင်ပြီးအောင်မြင်မှု့တွေ ရဖို့အတွက် ဂျူဒိုကို ပြန်ပြီး ကစားခိုင်းခဲ့ပါတယ်

ဒါနဲ့ပဲ ဂိုဒူယောင် တစ်ယောက်ဟာ နည်းပြနဲ့အတူလက်တွဲပီးမသန်စွမ်း အားကစားအဖွဲ့ထဲကို ဝင်ရောက် လေ့ကျင့်မှု့တွေလုပ်ပြီးတဲ့အခါ ဂျူဒို ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတော့တယ်
သူဟာ သူ့အကိုဆီကို ရွှေတံဆိပ်ယူပြီး ပြန်လာခဲ့မယ်ဆိုပြီးလည်းပြောခဲ့ပါသေးတယ်…

ဒါပေမယ့် သူ့မသိလိုက်တဲ့ သူ့အကိုကြီးရဲ့ အခြေအနေက ဘာဖြစ်မလဲ ညီအကိုနှစ်ယောက်ရဲ့ သံယောဇဉ်ကို ဝမ်းနည်းစရာလေး ဖြစ်အောင် ရိုက်ကူးထားတဲ့ကားလေးမို့ အမြန်ဆုံးရှူစားလိုက်ပါ။
ဒီဇာတ်ကားလေးကို Mizzima + Channel မှာ စောင့်မျှော်ကြည့်နိုင်ပါပြီ။

Mizzima+ Channel တွင် ပြသနေသည့်အချိန်မှာပဲ Mizzima TV App တွင်လည်း Live stream တိုက်ရိုက်ကြည့်ရှုနိုင်တာမို့ Mizzima TV Application လေးကို download လုပ်ပြီးကြည့်လိုက်ကြရအောင်

App ဒေါင်းလော့လုပ်ရန် - https://bit.ly/44WaGEU

#New ပြသမည့်ရက်။ ။ ၂၇.၈.၂၀၂၃
ပြသမည့် အချိန် ။ ။ မနက် (၁၀:၀၀)နာရီ
ပြန်လည်ပြသမည့်အချိန်။ ။ ည (၁၀:၃၀) နာရီ

(Mizzima Media ကနေ သတင်းချန်နယ် သီးသန့် အဖြစ် Mizzima TV အပြင်၊ သတင်း နှင့် ဖျော်ဖြေရေး ချန်နယ် အဖြစ် Mizzima + တို့အား PSI စလောင်းများ၊ နှစ်ပေ စလောင်းများ နှင့် ရှစ်ပေ စလောင်း များမှ တစ်ဆင့် နေ့စဉ် နံနက် ၆ နာရီ မှ ည ၁၂ နာရီအထိ ထုတ်လွှင့်ပြသနေပါသည်)။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U”
👍11🤮1
​​စစ်ရေးအမိန့်ဖီဆန်မှုဖြင့် စစ်ကောင်စီ တပ်ရင်းမှူးအချို့ ဖမ်းဆီး ထောင်ချခံနေရ
====================

002
(မဇ္ဈိမ)။ ။ စစ်ရေးအမိန့်ဖီဆန်မှုဖြင့် စစ်ကောင်စီ တပ်ရင်းမှူးအချို့ ဖမ်းဆီး ထောင်ချခံနေရသည်ဟု ပြည်သူ့ပန်းတိုင်အဖွဲ့က ထုတ်ပြန်သည်။

စစ်ကောင်စီတပ် ဗိုလ်ချုပ်များက အတင်းအကျပ် ဖိအားပေးထိုးစစ်ဆင်ခိုင်းနေသော်လည်း အောက်ခြေစစ်မြေပြင်တွင် စစ်ရေးအထိနာကာ ကျဆုံးမှု များလာ၍ စစ်ရေးအမိန့်ဖီဆန်ခြင်း၊ တပ်ပျက်ထွက်ပြေးခြင်း များလာသည်ဟု ယင်းအဖွဲ့က သြဂုတ်လ ၂၆ ရက်က ထုတ်ပြန်ထားသည်။

ကရင်ပြည်နယ် လက်ခတ်တောင်တွင် ထိုးစစ်ဆင်နေသည့် စစ်ကောင်စီ တပ်မ(၄၄)လက်အောက်ခံ ခမရ(၂)တပ်ရင်းမှ တပ်ရင်းမှူး အာကာအောင် (စတသ-၄၆) နှင့် ဒုတပ်ရင်းမှူး ကျော်သူမောင် (စတသ-၄၇) တို့ နှစ်ဦးသည် စစ်ရေးအမိန့် ဖီဆန်မှုဖြင့် ဖမ်းဆီးထိန်းသိမ်းအရေးယူခံထားရသည်ဟု ပြည်သူ့ပန်းတိုင်အဖွဲ့က ဆိုသည်။

ထို့ပြင် ယခုနှစ် ဇွန်လအစောပိုင်းက စစ်ကိုင်းတိုင်း ကသာဒေသ အတွင်း ထိုးစစ်ဆင်နေသည့် မကွေးအခြေစိုက် တပ်မ(၈၈) လက်အောက်ခံ ခမရ(၃၀၁) မှ ယာယီတပ်ရင်းမှူး ဗိုလ်မှူးဇေယျာထွန်း(စတသ-၄၆) သည် စစ်ရေးအမိန့် ငြင်းဆန်ခဲ့သဖြင့် ထောင်ဒဏ်နှစ် ၂၀ ချမှတ်ခံခဲ့ရသည်။

" ဇေယျာထွန်းသည် ယာယီတပ်ရင်းမှူးအဖြစ် ရာထူးတိုးပေးပြီး အသေခံခိုင်းသည်ကို ငြင်းဆန်ပြီး ထောင်ဒဏ်ကိုရွေးချယ်ခဲ့သည့် လုပ်ရပ်အဖြစ် တပ်တွင်းမှာ လှုပ်ခတ်သွားစေခဲ့ပါတယ်" ဟု ပြည်သူ့ပန်းတိုင်က ထုတ်ပြန်သည်။

အလားတူ ကချင်ပြည်နယ်၊ လိုင်ဇာ နမ့်ဆန်ယန်ဒေသကို ထိုးစစ်ဆင်သည့် စစ်ကောင်စီတပ် ခလရ(၁၂)၊ ခလရ(၁၃)၊ ခမရ(၄၁၁)၊ ခလရ(၃၇) နှင့် ခမရ(၃၇၈) တပ်ရင်းများမှ တပ်ရင်းမှူးများလည်းဟာ စစ်ဆင်ရေးအမိန့်ဖီဆန်မှုဖြင့် ဖမ်းဆီးချုပ်နှောင်အရေးယူခံထားရသည်ဟု ဆိုသည်။

" နမ့်ဆန်ယန်စစ်ဆင်ရေး နဲ့ တပ်မ(၁၁) လက်အောက်ခံတပ်များရဲ့ စစ်ရေးအမိန့်ဖီဆန်မှုများ ဆက်တိုက်ပေါ်ပေါက်လာပြီးနောက် ကစထမှူး နဲ့ မြောက်ပိုင်းစစ်တိုင်းမှူးတို့ကိုပါ ခေါ်ယူထိန်းသိမ်း အရေးယူတာတွေ ဖြစ်ပေါ်ခဲ့သည်အထိ တပ်တွင်းအကွဲအပြဲတွေ ကြုံတွေ့လာခဲ့ပါတယ်" ဟု ပြည်သူ့ပန်းတိုင်အဖွဲ့က ဆိုသည်။

စိတ်ဓာတ်နှင့် စွမ်းဆောင်ရည် တိုးတက်လာသည့် တော်လှန်ရေး တပ်ဖွဲ့များ၏တန်ပြန်ထိုးစစ်များကြောင့် စစ်ကောင်စီတပ်ဖွဲ့များမှာ ၂၀၂၃ ခုနှစ်တွင် စစ်ရေးကျရှုံးမှုများ ဆက်တိုက် ကြုံတွေ့လာခဲ့ရ ခြင်းဖြစ်သည်ဟု CDM စစ်သားများဖြင့်စုဖွဲ့ထားသည့် ပြည်သူ့ပန်းတိုင်က သုံးသပ်သည်။

" ကရင်နီမြေမှာ ထိုးစစ်ဆင်လာတဲ့ အကြမ်းဖက်စစ်တပ် တပ်မ(၅၅)၊ (၆၆) တပ်တွေဟာ စစ်ကြောင်းပြုတ်လုနီးပါး ကျဆုံးတာ၊ အရှင်ဖမ်းဆီးခံရတာ ဆက်တိုက်ကြုံတွေ့ခဲ့ရပါတယ်။ ယခုရက်ပိုင်းအတွင်း ဒီမော့ဆို-ဖရူဆို ကို ထိုးစစ်ဆင်လာတဲ့ တပ်မ(၅၅) လက်အောက်ခံ စစ်ကောင်စီတပ်နဲ့ KNDF တပ်တွေ တိုက်ပွဲဖြစ်ပွားရာမှာ စစ်ကောင်စီတပ်သား ၇၀ ကျော် သေဆုံးပြီး၊ လက်နက်အများအပြား သိမ်းဆည်းရရှိခဲ့ပါတယ်။ တပ်မ(၅၅) လက်အောက်ခံ ခလရ(၃)နှင့် ခမရ (၁၁၂) တပ်ရင်းတွေဟာ တပ်ရင်းပြုတ်သည်အထိ ကရင်နီမြေမှာ အကျအဆုံး များခဲ့ရပါတယ်" ဟု ပြည်သူ့ပန်းတိုင်က ဆိုသည်။

နိုင်ငံအနှံ့ စစ်ရေးရှုံးနိမ့်မှုများလာခြင်းနှင့် စစ်မြေပြင်တွင် အကျအဆုံးများလာ‌ခြင်းကြောင့် တပ်မှ စွန့်ခွာထွက်ပြေး မှုနှင့် အစုလိုက်အပြုံလိုက် ပြည်သူ့ထံပူးပေါင်းဝင်လာရောက်တာတွေ များပြားလာသည်ဟု သိရသည်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ စာရင်းများအရ ဩဂုတ်တလအတွင်းမှာပင် ပြည်သူ့ရင်ခွင်သို့ ပူးပေါင်းဝင်ရောက် လာသူ ဦးရေ ၅၀ ကျော်ရှိခဲ့ပြီး ဧပြီလမှ ဇူလိုင်လထိ လေးလအတွင်း ဗိုလ်မှူးအဆင့်အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀၀ နီးပါးအထိ ပူးပေါင်းဝင်ရောက်လာခဲ့သည်။

စာတည်း။ ။အောင်ကျော်ဖြိုး

#စစ်ရေးအမိန့်ဖီဆန်မှု
#တပ်ရင်းမှူး
#ဖမ်းဆီးထောင်ချခံရ

ပုံအညွှန်း - စစ်ရေးအမိန့် ဖီဆန်မှုဖြင့် ထောင်ဒဏ်နှစ်(၂၀) ချမှတ်ခံရသည့် ယာယီတပ်ရင်းမှူး ဗိုလ်မှူးဇေယျာထွန်း(ဓာတ်ပုံ-ပြည်သူ့ပန်းတိုင်အဖွဲ့ )

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍25😁3❤2
ရွှေဘိုတွင် ပြည်သူ့စစ်အဖွဲ့ မိုင်းဖြင့်တိုက်ခိုက်ခံရ၍ ၄ ဦး ဒဏ်ရာရ
===================

ပါခွီး
(မဇ္စျိမ)။ ။ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ မြင်းချင်းကျေးရွာအနီးတွင် ပြည်သူ့စစ်အဖွဲ့ မိုင်းထောင်တိုက်ခိုက် ခံရမှုကြောင့် လေးဦးဒဏ်ရာရရှိသွားကြောင်း မဟူရာရွှေဘိုသား ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်သည်။

မြင်းချင်းကျေးရွာအနောက်ဖက်ရှိ ၎င်းတို့ကင်းစောင့်လေ့ရှိသည့်နေရာကို ဖမ်းဆီးရမိထားသော ပြည်သူ့ စစ်အဖွဲ့ဝင်မြင့်လင်း၏ ပြောပြချက်အရမိုင်းထောင်ခဲ့ပြီး ဩဂုတ်လ ၂၆ ရက် နံနက် ၇ နာရီခန့်က ဖောက်ခွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“မိုင်းထိလို့ ပြည်သူ့စစ်လေးယောက် ရွှေဘိုဆေးရုံရောက်နေတယ်။ အဲဒီအထဲက ခေါင်းဆောင်ပုဇွန် အခြေ အနေစိုးရိမ်ရတယ်လို့ သိရတယ်” ဟု မဟူရာရွှေဘိုသားအဖွဲ့ တာဝန်ရှိသူက မဇ္စျိမကိုပြောသည်။

မြင်းချင်းကျေးရွာမှ ထွက်လာသော ပြည်သူ့စစ် ၁၀ ဦးကို နှစ်နေရာတွင် အသင့်ထောင်ထားသည့် မိုင်းများ ဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ပုဇွန်အပါအဝင် လေးဦးထိ ခိုက်ဒဏ်ရာရခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

ဖောက်ခွဲတိုက်ခိုက်ခံရပြီးနောက် နောက်ချန်ကင်းယူနေသူများက လက်နက်ငယ်များဖြင့် ပတ်ဝန်းကျင်သို့ ရမ်းသန်းပစ်ခတ်ပြီး ဒဏ်ရာရရှိသူများကိုဆိုင်ကယ်ဖြင့်တင်ကာ ရွာမှတဆင့် ဆေးရုံသို့ ကားဖြင့်ပို့ဆောင် ခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို မဟူရာရွှေဘိုသား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ဗိုလ်မိကျောင်း ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့၊ ရွှေဘိုမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့(ပလဖ)၊ ဒေါင်းမာန်၊ ဗိုလ်မဟာ၊ Snake Eyes ၊ ဒေါင်းစစ် သည်၊ HG Fighter ၊ ရွှေဘိုစွန်ရဲ၊ Flying Dragon Force ၊ Bo Ba Taw ၊ ဇေယျာသွေးနှင့် ရွှေဘိုအားမာန် တပ်ဖွဲ့များ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။

ဩဂုတ်လ ၂၄ ရက်နေ့က မြင်းချင်းကျေးရွာတောင်ဘက် ဖက်သန်းကုန်းတွင် ကင်းပုန်းဝပ်ရန်လာသည့် ပြည်သူ့စစ်လေးဦးကို မဟူရာရွှေဘိုသား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် မဟာမိတ်များမှ သတင်းအရ စောင့်ကြိုဖမ်းဆီးရာ ပြည်သူ့စစ်အဖွဲ့ဝင်မြင့်လင်းဆိုသူကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

စာတည်း။ ။စောဖေ

https://youtu.be/OWNtmvHeafY?si=u_HOO8bGjsqVHafL

#စစ်ကိုင်းတိုင်း
#ရွှေဘိုမြို့နယ်
#ပြည်သူ့စစ်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍21❤3👏1😁1
စလင်းတွင် စစ်ကောင်စီတပ်က မီးရှို့သဖြင့် ရွာလုံးကျွတ်ပြာကျ
===================

MTO (မဇ္ဈိမ)။ ။မကွေးတိုင်း၊ စလင်းမြို့နယ်၊ ကျွဲဦးကျေးရွာကို စစ်ကောင်စီတပ်က မီးရှို့သည့်အတွက် ရွာလုံး ကျွတ် မီးလောင်ပျက်စီးသွားကြောင်း စလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။

ဩဂုတ်လ ၁၈ ရက်နေ့ မွန်လွဲပိုင်းတွင် ကျွဲဦးကျေးရွာသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီစစ်တပ်နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားပြီးနောက် နေအိမ် ၁၅၀ ခန့်ကိုမီးရှို့ ဖျက်ဆီးသွားခြင်းဖြစ် ကြောင်း စလင်းပကဖတာဝန်ခံ ဗိုလ်ပျံလွှားက ပြောသည်။

“စစ်ကြောင်းထိုးပြီး ရွာထဲမဝင်ခင် တိုက်ပွဲဖြစ်တယ်။ ပြီးတော့ ရွာထဲကိုဝင်ပြီးမီးရှို့တယ်။ ရွာအဖျားက အိမ်တွေကို အရင်ရှို့ပြီး တောအစပ်မှာခိုနေတာ။ ကျနော်တို့ ဝင်ပြီးမီးငြှိမ်းတော့ သူတို့ပြန်ရောက်လာပြီး နောက်ထပ် တိုက်ပွဲဖြစ်တယ်။ အဲ့ဒါလည်းပြီးရော ရွာထဲက အိမ်တွေအကုန်မီးရှို့သွားတာ” ဟု ၎င်းက ဆို သည်။

စစ်ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီးလက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း များပြုလုပ်နိုင်ခဲ့သောကြောင့် ထိခိုက်ဒဏ်ရာရသူများပြားပြီး သေဆုံးသူများလည်းရှိကြောင်း ဗိုလ်ပျံလွှား က ဆက်ပြောသည်။

“ သူတို့တလမ်းလုံးလည်း မိုင်းမိလာတာ။ ရွာထဲကတိုက်ပွဲမှာလည်း ကျတော်တို့ဘက်က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ဦးအောင်တိုက်ခိုက်နိုင်ခဲ့တယ်။ ဒဏ်ရာရသူတွေကို ဖောကားနဲ့လာသယ်ရတယ်လို့ သိထားတယ်။ ၃၀ လောက်ထိခိုက်ဒဏ်ရာရသွားပြီး အဲဒီထဲက ၂၀ လောက်သေတယ်လို့ ကြားတယ်။ အသေးစိတ်တော့ အတည်မပြုနိုင်သေးဘူး” ဟု ပြောသည်။

ကျွဲဦးကျေးရွာသို့ဝင်ရောက်မီးရှို့ချိန်တွင် ဒေသခံများကို ဘေးလွတ်ရာသို့ ပို့ဆောင်ပေးထားပြီးဖြစ်သည့် အတွက် အရပ်သားထိခိုက်မှု တစုံတရာမရှိကြောင်း ဗိုလ်ပျံလွှားက ဆိုသည်။

“သူတို့(စစ်ကောင်စီတပ်) စစ်ကြောင်းထိုးဖို့ အင်အားစုနေပြီဆိုကတည်းက ဒေသခံတွေကို နီးစပ်ရာ တော တွေထဲမှာ ဆောက်ပေးထားတဲ့ စစ်ရှောင်စခန်းတွေကိုပို့ထားတဲ့အတွက် အရပ်သားထိခိုက်တာတော့ မရှိဘူး” ဟု ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့သည် စလင်းမြို့နယ် ငလှိုင်တွင်းရွာတွင် အင်အား ၃၀ ကျော်လခန့်ဖြင့် တပ်စွဲထားပြီး ခလရ (၂၅၃)၊ (၂၅၄)၊ (၂၅၅) တပ်များမှ တပ်ဖွဲ့ဝင်များနှင့်ပူးပေါင်းက စစ်ကြောင်းထိုးလေ့ရှိကြောင်း သိရ သည်။

စာတည်း။ ။စောဖေ

https://youtu.be/TWoCM4U7RT0?si=qJHoPZnPJi0VeuCj

#မကွေးတိုင်း
#စလင်းမြို့နယ်
#ကျွဲဦးကျေးရွာ
#ရွာလုံးကျွတ်ပြာကျ
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍16😱2🤬2😢2❤1
​​သိမ်ဇရပ်မြို့သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ မိုင်းခွဲ တိုက်ခိုက်
===================

YT
(မဇ္ဈိမ)။ ။မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့ပေါ်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီ တပ်ဖွဲ့ကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း Kyaikhto Revolution Force (KRF)မှ ဩဂုတ်လ ၂၆ ရက်တွင် ထုတ်ပြန်ထားသည်။

စစ်ကောင်စီလက်အောက်ခံ ခမရ(၂၀၇)မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပျူစောထီးများပါဝင်သည့် စစ် ကြောင်းအား မိုင်းခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့မှ နှစ်ဦးသေဆုံးကာ နှစ်ဦးဒဏ်ရာရရှိသည် ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“သူတို့က ရွာလေးရပ်ကွက်ထဲ ဝင်တာ။ သင်္ချိုင်းနားမှာ ရှေ့ထွက်တိုက်မိုင်း ထောင်ထားတာ။ အဲ့ဒီနေရာမှာ နင်းမိတာပါ”ဟု တပ်မဟာ (၁) KNLA သတင်းရင်းမြစ်က မဇ္ဈိမကိုပြောသည်။
ဩဂုတ်လ ၂၄ ရက်နေ့ ည ၉ နာရီက အင်အား ၃၀ ခန့်ပါ စစ်ကောင်စီတပ်ဖွဲ့နှင့် ပျူစောထီးပူး‌ပေါင်း စစ်ကြောင်းကို တပ်မဟာ(၁) KNLA ၊ KRF ၊ ABSDF ပူးပေါင်းတပ်ဖွဲ့က မိုင်းထောင်ဖောက်ခွဲတိုက်ခိုက် ခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။

ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က ထောင်သောမိုင်းသည် နင်းမိ၊ ထိမိရုံနှင့် အလိုအလျောက် ပေါက်ကွဲနိုင် သည့် မိုင်းအမျိုးအစား မဟုတ်ကြောင်း၊ ပစ်မှတ်စက်ကွင်းအတွင်း ရောက်လာချိန်မှ ခွဲရသည့် မိုင်းအမျိုး အစားဖြစ်သည်ဟု သထုံခရိုင် PDF တာဝန်ခံက ပြောသည်။
မိုင်းခွဲတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဘက်က လက်နက်ကြီးများဖြင့် ပစ်ခတ်သည့်အတွက် KNU တပ်မဟာ (၁) တပ်ရင်း (၃) နယ်မြေအတွင်းသို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုရှိခဲ့သည် ဟု ဆိုသည်။

လက်ရှိတွင် သိမ်ဇရပ်အခြေစိုက် ခမရ(၂၀၇)နှင့် အမြောက်တပ် (၃၁၀) တို့မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ သည် လမ်းသွားလမ်းလာပြည်သူများအား စစ်ဆေးမှု ယခင်ထက် ပိုမိုပြုလုပ်လာကြောင်း၊ မသင်္ကာပါက လက်ကိုင်ဖုန်းအတွင်းရှိ ဓါတ်ပုံနှင့် တယ်လီဂရမ်ကိုပါ စစ်ဆေးနေကြောင်း ဈေးရောင်းဝယ်သူတစ်ဦးထံက သိရသည်။
ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၁) တပ်ရင်း (၃) အုပ်ချုပ်နယ်မြေအတွင်းရှိ ကျေးရွာများ သို့ စစ်ကောင်စီတပ်ဖွဲ့က စစ်ကြောင်းထိုးခြင်း၊ အဝေးမှလက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းတို့ကို မကြာ ခဏ ပြုလုပ်လေ့ရှိကြောင်း သိရသည်။

စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ

#မွန်ပြည်နယ်
#ကျိုက်ထိုမြို့နယ်
#စစ်ကောင်စီတပ်
#မိုင်းခွဲတိုက်ခိုက်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍21👏2🔥1
​​ဒီးမော့ဆို - ဖရူဆိုလမ်းမကြီးတလျှောက် ၁ လနီးပါးကြာ တိုက်ပွဲများဖြစ်ပွားနေပြီး ကျေးရွာတချို့ မီးရှို့ခံရ
==================

001
(မဇ္စျိမ)။ ။ ကရင်နီပြည်နယ်၊ ဒီးမော့ဆို - ဖရူဆို လမ်းမကြီးတလျှောက် စစ်ကောင်စီတပ်နှင့် ကရင်နီပူးပေါင်းအဖွဲ့များအကြား ဩဂုတ်လ ၂ ရက်နေ့မှ စ၍ ယနေ့ ဩဂုတ်လ ၂၇ ရက်နေ့အထိ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး လမ်းမကြီးဘေးရှိ ကျေးရွာတချို့ မီးရှို့ခံရမှုများရှိကြောင်း ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDF ထံက သိရသည်။

“တိုက်ပွဲဖြစ်နေတာကတော့ ၂ ရက်နေ့ကစဖြစ်တာပေါ့။ အဲ့ဒီလမ်းကြောင်းပေါ် ရွာတွေဘက်မှာဖြစ်နေတာ။ ဒါပေမဲ့ ဒီနောက်ပိုင်းက ခုနကပြောတဲ့ ထီးပေါ်ဆိုတို့ ဒေါညင်းခူတို့မှာ တိုက်ပွဲပိုပြင်းထန်လာတာပေါ့။ အဲ့ဒီဘက်ကို စစ်ကောင်စီတွေက ရောက်လာတာပေါ့။ အဓိကကတော့ ရှေ့နှစ်ရက်သုံးရက်လောက်စပြီး တိုက်ပွဲပြင်းထန်တဲ့အထဲမှာမှ စစ်ကောင်စီက တောက်လျှောက် အဲ့ဒီရွာထဲမှာရှိတဲ့ အိမ်တွေကို မီးရှို့တာမျိုးလုပ်တယ်”ဟု KNDF ဗဟိုသတင်းနှင့် ပြန်ကြားရေးဌာန တာဝန်ရှိသူတဦးက ပြောသည်။

စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် ဖရူဆိုမြို့နယ်၊ ထီးပေါ်ဆိုကျေးရွာရှိ နေအိမ်ငါးလုံးနှင့် ဒေါညင်းခူကျေးရွာရှိ နေအိမ် နှစ်လုံး ပျက်စီးခဲ့ကြောင်း KNDF က ဩဂုတ်လ ၂၆ ရက်နေ့က ထုတ်ပြန်ထားသည်။

ကရင်နီပြည်နယ်ရှိ တော်လှန်ရေးပူးပေါင်းတပ်များ၏ ဝိုင်းဝန်းခုခံတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်မှာ အထိနာနေသဖြင့် ပြည်သူများ၏ အိုးအိမ်များကို မီးရှို့ဖျက်ဆီးခြင်းဖြစ်ကြောင်း KNDF ၏ ထုတ်ပြန်ချက်တွင် ထည့်သွင်းပြောဆိုထားသည်။

ဒီးမော့ဆိုမှ ဖရူဆိုဘက်သို့ ဦးတည်ပြီး ပြည်ထောင်စုလမ်းမကြီးအတိုင်း စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီ၏ တပ်မ ၅၅ လက်အောက်ခံတပ်များနှင့် ကရင်နီပူးပေါင်းအဖွဲ့များအကြား တိုက်ပွဲများ ပြင်းထန်နေသည်မှာ တလနီးပါးကြာမြင့်လာပြီဖြစ်ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုများလည်း ပြုလုပ်နေကြောင်း သိရသည်။

“နေ့စဉ်ကတော့ သူတို့ လေကြောင်းသုံးပြီး တိုက်ခိုက်တာမျိုးတွေရှိတယ်။ အဓိကကတော့ တိုက်ပွဲထဲမှာ လာသုံးတာမျိုးပေါ့။ တိုက်ပွဲထဲမှာ လာပြီး ပစ်တာမျိုးတွေ နောက် ဗုံးကြဲတာမျိုးတွေရှိတယ်”ဟု KNDF က ဆိုသည်။

ကရင်နီပြည်နယ်တွင် အာဏာသိမ်းကာလ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ ၂၀၂၃ ခုနှစ် ဇူလိုင်လကုန်အထိ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၅၇၀ ကျော်ပြုလုပ်ထားပြီး ဘာသာရေးအဆောက်အအုံပျက်စီးမှု ၃၉ လုံးနှင့် လူနေအိမ်ပျက်စီးမှု ၁,၆၀၀ ကျော်ရှိကြောင်း တိုးတက်သောကရင်နီပြည်သူ့အင်အားစု PKPF ကထုတ်ပြန်ထားသည်။

ယခု သြဂုတ်လအတွင်းတွင်လည်း ဖရူဆိုမြို့နယ်၊ ထီးသော်ကူးကျေးရွာရှိ သနားခြင်းမယ်တော်ဘုရားကျောင်း လေကြောင်းမှ ဗုံးကြဲခံရပြီး ထိခိုက်ပျက်စီးမှုများရှိခဲ့သည်။

စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima
#တစ်လနီးပါးကြာ တိုက်ပွဲဖြစ်
#ကရင်နီပြည်နယ်

ပုံအညွှန်း - ဖရူဆိုမြို့နယ်ရှိ နေအိမ်တလုံး သြဂုတ်လအတွင်း မီးရှို့ခံထားရမှု မြင်ကွင်း (ဓာတ်ပုံ-KNDF)

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍11🔥2😢2
​​ပြည်တွင်းဆန်ဈေးနှုန်း မြင့်တက်နေ၍ ပြည်ပဆန်တင်ပို့မှု ယာယီကန့်သတ်ရန် စီစဉ်
========================

ပြည်တွင်း၌ ဆန်ဈေးနှုန်းများ မြင့်တက်မှုကို ထိန်းချုပ်ရန်အတွက် ပြည်ပသို့ ဆန်တင်ပို့မှုများကို ယာယီ ကန့်သတ်ရန် စီစဉ်လျက် ရှိကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ တာဝန်ရှိသူတစ်ဦးက ဩဂုတ် ၂၅ ရက်တွင် ရိုက်တာကို ပြောသည်။

ကမ္ဘာလုံးဆိုင်ရာ ဆန် ထောက်ပံ့ရောင်းချမှု ကျပ်တည်းနေစဉ် ကမ္ဘာ့ ဆန်တင်ပို့မှု အများဆုံးနိုင်ငံဖြစ်သည့် အိန္ဒိယကလည်း ပြည်ပ ဆန်တင်ပို့မှုများအပေါ် ကန့်သတ်ထားသည်။

“ဒီလကုန်ကစပြီးတော့ ပြည်ပ ဆန်တင်ပို့မှုတွေကို ၄၅ ရက်လောက် ကျွန်တော်တို့ ယာယီ ကန့်သတ်သွားပါမယ်” ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ အကြီးတန်းအဖွဲ့ဝင်တစ်ဦးက ရိုက်တာကို ပြောသည်။ ပြည်တွင်းဆန်ဈေးနှုန်းများ မြင့်တက်မှုကြောင့် အာဏာပိုင်များဘက်က ပြည်ပတင်ပို့မှုများအပေါ် ကန့်သတ်ရန် အကြောင်းဖန်လာခဲ့ခြင်း ဖြစ်သည်ဟု ၎င်းက ဆိုသည်။

မြန်မာသည် ဆန်တင်ပို့မှုတွင် ကမ္ဘာ့ ပဉ္စမမြောက် အများဆုံး တင်ပို့သူ နိုင်ငံဖြစ်ပြီး တစ်နှစ်လျှင် ဆန် မက်ထရစ်တန် ၂ သန်းကျော် ရောင်းချကြောင်း အမေရိကန် စိုက်ပျိုးရေးဌာန၏ ဒေတာအချက်အလက်များတွင် ဖော်ပြသည်။

အိန္ဒိယသည် ပြီးခဲ့သည့်လက ဘာစမာတီ မဟုတ်သော ဆန်ဖြူ တင်ပို့မှုများအပေါ် ပိတ်ပင်ခဲ့ပြီး ကမ္ဘာ့ဈေးကွက်ထံ တင်ပို့ရောင်းချမှုများကို တန်ချိန် ၁၀ သန်းခန့် သို့မဟုတ် ၂၀ ရာခိုင်နှုန်း လျော့ကျစေခဲ့သည်။

“မြန်မာက ဆန်ဈေးကွက်မှာ အိန္ဒိယ ဒါမှမဟုတ် ထိုင်းလိုမျိုး အဓိက တင်ပို့ရောင်းချသူတော့ မဟုတ်ဘူး။ ဒါပေမယ့် ဈေးကွက်ကို ထောက်ပံ့ရောင်းချမှုတွေ တင်းကျပ်နေတဲ့အချိန်မှာ ဒီ ကန့်သတ်မှုတွေက ဖြစ်လာပါတယ်” ဟု မွန်ဘိုင်း အခြေစိုက် ကုန်သည်တဦးက ပြောသည်။

“ဒါက ဈေးကွက်ထဲမှာ ဈေးတက်မယ့် အရိပ်လက္ခဏာကို ဖြစ်စေမှာဖြစ်သလို ဝယ်လက်တွေရဲ့ စိုးရိမ်ပူပန်မှုတွေကိုလည်း မြင့်တက်စေပါလိမ့်မယ်” ဟု ၎င်းက ပြောသည်။

ဆန် ပြည်ပတင်ပို့မှုများအပေါ် ကန့်သတ်ရန် အိန္ဒိယက ဆုံးဖြတ်ပြီးနောက် ထိုင်း၊ ဗီယက်နမ် အပါအဝင် အဓိက ဆန်တင်ပို့သူနိုင်ငံများ ကမ်းလှမ်းရောင်းချသည့် ကမ္ဘာ့ဆန်ဈေးနှုန်းများက မြင့်တက်သွားခဲ့သည်။
👍20🔥2🤬1
​​ထိပ်တန်းသံတမန်ကို နိုင်ငံမှ ထွက်ခွာခိုင်းသည့် စစ်ကောင်စီ၏ လုပ်ရပ်ကို အရှေ့တီမော ပြစ်တင်ရှုတ်ချ
================

မြန်မာနိုင်ငံဆိုင်ရာ အရှေ့တီမော၏ အဆင့်မြင့်သံအရာရှိကို နိုင်ငံမှ ထွက်ခွာရန် စစ်ကောင်စီက ညွှန်ကြားခဲ့ကြောင်း အရှေ့တီမော အစိုးရက ပြောကြားပြီး စစ်ကောင်စီ၏ ထိုလုပ်ရပ်ကို ပြစ်တင်ရှုတ်ချကြောင်း ထုတ်ပြန်ချက်တစ်ရပ် ထုတ်ပြန်ပြောဆိုသည်။
အရှေ့တီမောသည် မြန်မာစစ်ကောင်စီကို ကျယ်ကျယ်လောင်လောင် ဝေဖန်သည့် နိုင်ငံတနိုင်ငံလည်း ဖြစ်သည်။

၂၀၂၁ ခုနှစ် အာဏာသိမ်းခဲ့သည့် မြန်မာစစ်ကောင်စီက ထိုကိစ္စနှင့်ပတ်သက်ပြီး ထုတ်ပြန်ပြောဆိုမှု လုပ်ထားခြင်း မရှိသေးသလို ရိုက်တာ၏ မှတ်ချက်တောင်းခံမှုကို စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူက လက်တလော တုံ့ပြန်ဖြေကြားခြင်း မရှိသေးပေ။

“အရှေ့တီမောအနေဖြင့် မြန်မာတွင် ဒီမိုကရေစီ စနစ် မူလအတိုင်း ပြန်လည်ဖြစ်ပေါ်ရေး ကြိုးပမ်းမှုတိုင်းကို ထောက်ခံအားပေးခြင်း၏ အရေးကြီးမှုကို ထပ်လောင်း ပြောဆိုပြီး မြန်မာပြည်သူများနှင့်အတူ တသားတည်း ရှိကြောင်း ထုတ်ဖော်သလို မြန်မာတွင် လူ့အခွင့်အရေးကို လေးစားလိုက်နာရန်နှင့် အကျပ်အတည်းအတွက် ငြိမ်းချမ်းပြီး အပြုသဘောဆောင်သည့် ဖြေရှင်းနည်း ရှာဖွေရေး စစ်ကောင်စီကို တိုက်တွန်းကြောင်း” အရှေ့တီမောအစိုးရက ဩဂုတ် ၂၆ ရက် ညနေပိုင်း ထုတ်ပြန်ချက်တွင် ပြောသည်။

အရှေ့တီမော နိုင်ငံရေးသမားများသည် မြန်မာအာဏာသိမ်းစစ်အုပ်စုအပေါ် ဟောဟောဒိုင်းဒိုင်း ဝေဖန်ထားသလို အရှေ့တီမော၏ သမ္မတ ဟိုဆေး ရာမို့စ်-ဟော်တာသည်လည်း စစ်အုပ်စုကို ဆန့်ကျင်သည့် မြန်မာအမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ထိပ်တန်းကိုယ်စားလှယ်တဦးနှင့် တွေ့ဆုံခဲ့သည်။

နိုင်ငံရှိ အရှေ့တီမော၏ သံရုံးတာဝန်ရှိသူများ စက်တင်ဘာ ၁ ရက် နောက်ဆုံးထားထွက်ခွာရန် စစ်ကောင်စီက ညွှန်ကြားထားသည်ဟု NUG လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက ဖေ့ဘွတ်ခ်တွင် ရေးသားသည်။

၂၀၂၁ အာဏာသိမ်းမှုကို ဆန့်ကျင်သည့်အနေဖြင့် နိုင်ငံအများအပြားသည် မြန်မာတွင် သံအမတ်ကြီးများအစား သံရုံးယာယီတာဝန်ခံများကိုသာ ထားရှိသည်။ လက်ရှိအချိန်အထိ မြန်မာစစ်အုပ်စုက သံတမန်များကို နှင်ထုတ် သို့မဟုတ် ငြင်းဆန်ခြင်းက ကြုံတောင့်ကြုံခဲဖြစ်သည်။
👍31😁4